ဒူးထောက်ရခြင်း
Vol. 22 Ch. 282
ဦးနှောက်ရှိသူတိုင်း.ကုချင်ကန်သည် ဓားအစောင့်အရှောက်ရာထူးကို လိုချင်နေသဖြင့် ကပ်ဘေးတံတိပ်ငရဲ၏ လူတစ်ယောက်ဟု ဝန်ခံမည်မဟုတ်ကြောင်း သိနိုင်၏။ သူမက ဓားအစောင့်အရှောက်ဖြစ်လိုလျှင် ဒူးထောက်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိသည်အထိ ယွမ်ရှောင်သည် ဖိအားပေးခဲ့ပြီး မောက်မာသူများကို ပို၍မောက်မာပြလိုက်ခြင်းပင်။
"မြေး သခင်လေးယွမ် စိတ်တိုင်းကျ တောင်းပန်လိုက်ပါ"
ထိုအချိန်တွင် အဝေးရှိ အရိုးခြောက်စောင့်ရှောက်သူထံမှ စကားသံထွက်ပေါ်လာကာ သူ၏ အာဏာစက်သည် ကုမျိုးနွယ်၏ ပင်မထောက်တိုင်ဖြစ်သည်။ သူက အဆင့်အတန်းအားဖြင့် အမည်ခံ ဓားအင်မော်တယ်လောက် မမြင့်မားသော်လည်း လေးစားခံ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သောကြောင့် လူငယ်တပည့်များမှာ ယင်ကောင် မျိုချလိုက်မိသည့်အလား မျက်နှာများ ရှုံ့မဲ့ကုန်သည်။ ပြိုင်ဘက်ကင်း ပါရမီရှင်ဟု ကျော်ကြားဖူးသော ကုချင်ကန်မှာ ယွမ်ရှောင်ထံ တစ်လှမ်းချင်း ချဥ်းကပ်လာကာ အလွယ်တကူ လုပ်ကြံ သတ်ဖြတ်နိုင်သည့် သုံးပေအကွာ၌ ရပ်တန့်လိုက်၏။ သူမ၏ အပြုအမူက ယွမ်ရှောင်ကို ခြောက်လှန့်ရည်ရွယ်သော်လည်း တစ်ဖက်လူသည် နောက်ဆုတ်သွားရမည့်အစား လက်နှစ်ဖက်နောက်ပစ်၍ စိုက်ကြည့်နေသောကြောင့် မအောင်မြင်ခဲ့ပေ။ သူ၏ လှောင်ပြုံးက သူမကို အရှက်ရစေပြီး ဓားကျင့်ကြံသူများစွာ တိတ်ဆိတ်နေစဥ် ဒူးထောက်၍ လက်နှစ်ဖက်ဖြင့် မြေပြင်ကို ထိကပ်ကာ သုံးကြိမ် ဦးချလိုက်ရ၏။
"ဒုန်း ဒုန်း ဒုန်း"
သိမ်မွေ့သော ဦးချသံများက လူတိုင်း၏ နားထဲတွင် ဗုံသံပမာ ကျယ်လောင်၍ ချင်ကန်မှာ အပြင်လူတစ်ယောက်အဖြစ် သတ်မှတ်မခံလိုသောကြောင့် အရှက်ကွဲခံခဲ့ရ၏။ ၎င်းကား အမည်ခံ ဓားအင်မော်တယ် တစ်ယောက်ကို အထင်သေးခြင်း၏ ရလဒ်ဖြစ်သည်။ ကုမျိုးနွယ်၏ အမွေခံဖြစ်ကာ အနာဂတ်၏ အသန်မာဆုံး ဓားသမားအဖြစ် ကျော်ကြားသော ကပ်ဘေးတံဆိပ်ငရဲ၏ မိဖုရားမှာ ဓားအပျက်အစီးနယ်မြေသို့ ရောက်ရောက်ချင်း လူငယ်တစ်ယောက်ကို ဦးချခဲ့ရ၏။ ၎င်းသတင်းများ ပျံ့နှံ့သွားလျှင် ငရဲကိုးထပ်တစ်ခွင် ကပ်ဘေးတံဆိပ်ငရဲအပေါ် အထင်သေးရှုံ့ချကြပေလိမ့်မည်။ သို့ရာတွင် သူမက ဓားအပျက်အစီးနယ်မြေ၏ ရာထူးကို လောဘတက်နေသောကြောင့် ယွမ်ရှောင် ပြင်ဆင်ပေးထားသည့် တွင်းနက်ကြီးပင်။
"အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးယွမ်"
သုံးကြိမ်ဦးချပြီးနောက် သူမသည် ယွမ်ရှောင်ကို လူသတ်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မလိုအပ်ဘူး။ ဒါပေမယ့် မင်းလို မိန်းမတစ်ယောက်ကို ကြိုက်နေတဲ့ ကပ်ဘေးတံဆိပ်ငရဲ ခေါင်းဆောင်က တကယ့်ကို အမြင်မရှိတာပဲ"
သူက ဦးညွှတ်နေစဥ် ထွက်ပေါ်လာသော ရင်ဘတ်ပြားပြားကို ရည်ရွယ်ပြီး လှောင်ပြောင်လိုက်သောအခါ အချိန်ခဏအကြာတွင်မှ ကုချင်ကန် နားလည်သွားခဲ့သည်။ လူပုံအလယ်တွင် စော်ကားခံလိုက်ရခြင်းကြောင့် ဒေါသတကြီး ဖြစ်နေသော်လည်း ကြီးကြပ်သူများနှင့် ဓားအစောင့်အရှောက် စောင့်ကြပ်နေသဖြင့် သည်းခံနေရုံသာ တတ်နိုင်၏။ ယွမ်ရှောင်၏ စကားကြောင့် မုမျိုးနွယ်ဝင်များနှင့် ဘက်တော်သားများမှာ စိတ်ထဲမှ အမှန်တကယ် လျှာစောင်းထက်သူဟု မှတ်ချက်ချလိုက်မိသည်။
"ကောင်းပြီ။ လစ်လိုက်တော့၊ နောက်တစ်ခါ ဘာလုပ်လုပ် ခေါင်းသုံး"
ယွမ်ရှောင်က လက်တစ်ဖက်ယမ်း၍ မောင်းထုတ်လိုက်ပြီး ဤအကွာအဝေးတွင် ကုချင်ကန် လှုပ်ရှားလိုက်လျှင် မည်သူမှ ကာကွယ်ပေးရန် မလွယ်ကူသော်လည်း အလျှော့ပေးရမည့်အစား ရန်စနေသဖြင့် ဖိအားများသွားစေခဲ့သည်။ သူမက မျှော်လင့်ထားသည့်အတိုင်း နောက်ဆုတ်သွားကာ ကပ်ဘေးတံဆိပ်ငရဲ၏ ကျင့်ကြံသူများထံ လှမ်းသွားသဖြင့် သမီးဖြစ်သူ ဖုတိမှာ မခံမရပ်နိုင် ဖြစ်နေ၏။
"အမေ ဒီလောက်နီးကပ်နေတာတောင် ဘာကြောင့် မသတ်လိုက်ရတာလဲ"
"ငါသာ သူ့ကို အခုသတ်လိုက်ရင် စစ်ပွဲဖြစ်လာလိမ့်မယ်။ မင်းနဲ့ ရီချင်းဖန်လည်း ပေါင်းဖက်နိုင်မှာ မဟုတ်ဘူး"
ကုချင်ကန်၏ အမြင်တွင် အောင်မြင်မှုကြီးကြီးမားမား ရလိုလျှင် ဂုဏ်သိက္ခာကို လျစ်လျူရှုထားရန် လိုအပ်ကာ သေခြင်းနှင့် ရှင်ခြင်းသာ အရေးကြီးပေသည်။
"မရဘူး။ သူက အမေ့ကို စော်ကားခဲ့တယ်။ နောက်ထပ် နည်းနည်းလေးတောင် သည်းမခံနိုင်ဘူး"
ဖုတိက လည်ပင်း သွေးကြောများ ထောင်ထလာသည်အထိ အံကြိတ်ထားကာ ပတ်ဝန်းကျင် အပူချိန် မြင့်တက်လာ၍ မောက်မာငယ်ရွယ်သူတစ်ယောက်အဖို့ သည်းခံနိုင်စရာ မဟုတ်ချေ။ ထို့ကြောင့် သူမသည် အနားရှိ ရီချင်းဖန်ထံ တစ်ချက် စိုက်ကြည့်ကာ အင်မော်တယ် ဓားပြိုင်ပွဲ၌ ယွမ်ရှောင်ကို သတ်လိုက်လျှင် မည်သူမှ အပြစ်တင်မည် မဟုတ်ဟု အကြံထုတ်ခဲ့သည်။ ရီချင်းဖန်က ကုချင်ကန်၏ တပည့်အပြင် သမက်လောင်းလည်း ဖြစ်သောကြောင့် ယွမ်ရှောင်ကို သတ်၍ လက်စားချေနိုင်ခဲ့လျှင် သိက္ခာဆည်နိုင်ပေလိမ့်မည်။
"ပြိုင်ပွဲမှာ လူသတ်တာကို မတားမြစ်ထားဘူး။ ချင်းဖန်က ပြိုင်ပွဲရဲ့ပထမ ဖြစ်ဖူးပေမယ့် ပြည့်စုံအဆင့် တာအိုနှလုံးသားနယ်ပယ်ပဲ ရှိနေသေးတယ်။ သူက ယွမ်ရှောင်ကို မယှဥ်နိုင်မှာ စိုးရိမ်ရတယ်။ သေချာပေါက် အသတ်ခံရလိမ့်မယ်"
အနားတွင် ရပ်နေသော ကုရွှမ်က စဥ်းစားခန်းဝင်၍ ခေါင်းယမ်းပြလိုက်သည်။
"ချင်းဖန် အရှုံးပေးလိုက်၊ ဒီကောင့်ကို သခင်လေးလင်း ကိုင်တွယ်ပါစေ။ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်အကြားမှာ ပြဿနာတွေ ရှိထားတယ်။.သခင်လေးလင်းက သေချာပေါက် ညှာတာမှာမဟုတ်ဘူး"
သူက ရီချင်းဖန်ကို ဖြောင်းဖျလိုက်ပြီး အင်မော်တယ် ဓားအဆင့်သတ်မှတ်၏ ထိပ်ဆုံး ဓားသမားသည် မတိုက်ခိုက်ဘဲ အရှုံးပေးလိုက်ရလျှင် တာအိုနှလုံးသား ထိခိုက်သွားနိုင်ချေရှိသည်။ သေခြင်းတရားနှင့် စွန့်စား၍ တိုက်ခိုက်မည့်အစား နောက်ဆုတ်လိုက်လျှင် ဓားကျင့်ကြံသူတစ်ယောက်သည် အတွင်းစိတ်နတ်ဆိုး ဖြစ်ပေါ်လာကာ အနာဂတ် ပျက်စီးသွားပေလိမ့်မည်။ ထိုအချိန်တွင် ထိပ်ဆုံး အဆင့်လေးခုကို သတ်မှတ်ထားပြီးဖြစ်ကာ ယွမ်ရှောင်၊ လင်းချန်၊ ရီချင်းဖန်နှင့် လူငယ်ဓားသမားတစ်ယောက်ဖြစ်သည်။ အများစုက ရီချင်းဖန်အပေါ် ကြီးကြီးမားမား မျှော်လင့်နေကြပြီး အမည်ခံဓားအင်မော်တယ် နှစ်ယောက် ထွက်မပေါ်လာခင်ကဆိုလျှင် ဓားအပျက်အစီးနယ်မြေ လူငယ်များ၏ စံပြဓားသမား ဖြစ်ခဲ့ဖူး၏။ အသက်ဆယ့်လေးနှစ်ဖြင့် သူက ပြိုင်ပွဲ၏ အဆင့်တစ်ကို ဆွတ်ခူးခဲ့ပြီး သုံးနှစ်ဆက်တိုက် အောင်ပွဲခံခဲ့ကာ မီးအဆင့် ဓားဝိညာဥ်ပိုင်ဆိုင်ထားသဖြင့် ချင်ကန်ပြီးလျှင် ဓားအစောင့်အရှောက်ရာထူးပင် ရနိုင်ချေရှိသည်။ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်၏ ထူးချွန်သော ပါရမီအောက်တွင် ဤလူငယ်လေးမှာ တိုက်ခိုက်မည့်အစား အရှုံးပေးရန် ဖိအားပေးခံနေရသဖြင့် စိတ်ဓာတ်ကျစရာပင်။
"မရဘူး အစ်ချင်းဖန်။ အမေအတွက် ဒီကောင့်ကို သတ်ပြီး သိက္ခာဆယ်ပေးရမယ်"
ဖုတိက ခေါင်းမာစွာ တရစပ် တိုက်တွန်းနေသဖြင့် ရီချင်းဖန်လည်း နောက်ဆုတ်ရန် မစဥ်းစားတော့ပေ။
"မရဘူး"
ကုချင်းကန်နှင့် ကုရွှမ်သည် ပြိုင်တူ ငြင်းဆန်ကာ လေသံ တင်းမာနေကြ၏။
"ငါ ရီချင်းဖန် အရှုံးပေးပြီး အဆင့်လေးနေရာကို လက်ခံပါတယ်"
ထို့ကြောင့် ရီချင်းဖန်သည် စိတ်လေးစွာဖြင့် ကျန်းမုထံ သွားရောက်ကာ ခံရခက်နေဟန်ဖြင့် အရှုံးပေးလိုက်ရသည်။
"ဘာတွေ ဖြစ်နေတာလဲ"
"ဓားအပျက်အစီးနယ်မြေရဲ့ စံပြဓားသမားက သခင်လေးယွမ်ကို ကြောက်နေတာလား"
"ငါတို့ရဲ့ ထိပ်တန်းပါရမီရှင်က ထာဝရဓားကို ခုနစ်ကြိမ် ပဲ့တင်ထပ်စေခဲ့ပြီး နေမင်းကောင်းကင် သခင်လေး အဆင့်အတန်းမျိုး ရထားပေမယ့် စိတ်ပျက်စရာပဲ။ ဓားတာအို ပျက်စီးသွားနိုင်တယ်"
သူ၏ကြေညာချက်သည် ဓားအပျက်အစီးနယ်မြေတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေကာ တီးတိုးစကားသံတိုင်းသည် နှလုံးသားကို ဓားထက်ထက်များပမာ ထိုးဖောက်လာနေခဲ့သည်။
"ရီချင်းဖန် မင်း အရှုံးပေးစရာမလိုဘူး။ ငါ မင်းကို မသတ်ဘူးဆိုရင်ရော သတ္တိမွေးပြီး လာတိုက်ခိုက်စမ်းပါ"
ယွမ်ရှောင်က ထိုအရှုံးပေးချက်ကို လက်မခံဘဲ ကမ်းလှမ်းလိုက်သည်။
"မလိုပါဘူး။ ဗိုလ်လုပွဲရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် သခင်လေးယွမ်"
ရီချင်းဖန်က ဦးညွှတ်၍ ငြင်းဆန်၏။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မင်းတို့တွေ ငါ့ကို သတ်ချင်နေတယ်မလား။ အခွင့်အရေးတစ်ခု ပေးမယ်။ မင်းနဲ့အတူ ရုန်းကျင့်ကြံသူတွေ ပူးပေါင်းပြီး တိုက်ခိုက်လို့ရတယ်။ ပြိုင်ပွဲရဲ့ အသက်ကန့်သတ်ချက်ကို မကျော်တဲ့ လူတိုင်း ပါဝင်နိုင်တယ်"
ယွမ်ရှောင်၏ စကားက လူအုပ်ကို အာရုံစိုက်လာစေကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ယုံကြည်ချက် ရှိကြောင်း ထင်ရှားသည်။ ရှေးခေတ်ဟောင်းကတည်းက ပြိုင်ဆိုင်လာကြသော ကျင့်ကြံသူမျိုးနွယ်နှစ်ခု၊ လက်ရှိတွင် ရုန်းကျင့်ကြံသူများက ဓားကျင့်ကြံသူများထက် ပို၍ အစွမ်းထက်နေသောကြောင့် ထာဝရဓားအကျဥ်းထောင်ကို ဖိနှိပ်ထားကြ၏။ ယခုအခါ သူက ရီချင်းဖန်နှင့် ရုန်းကျင့်ကြံဥများကို ပူးပေါင်းတိုက်ခိုက်ရန် ခွင့်ပြုပေးလိုက်သောကြောင့် ဓားကျင့်ကြံသူမျိုးနွယ်အတွက် ဂုဏ်တက်စရာပင်။ ဖုတိနှင့် အပေါင်းအပါများသည် ကပ်ဘေးတံတိပ်ငရဲတွင် ထိပ်တန်းပါရမီရှင်များချည်းဖြစ်သည်။
"သခင်လေးယွမ် တကယ်ပြောတာလား"
ကုချင်ကန်ရော ကုရွှမ်ပါ တုံ့ပြန်မလာခင် ဖုတိသည် ရီချင်းဖန်နှင့် ရင်ဘောင်တန်းရပ်ကာ ရှေ့ထွက်လာခဲ့သည်။
"ပြင်ဆင်ချိန်နှစ်နာရီ ပေးမယ်။ မင်း ကြိုက်သလောက် ခေါ်လာခဲ့။ အကုန်လုံးနဲ့ တိုက်ခိုက်ပေးမယ်"
ယွမ်ရှောင်က ခေါင်းညိတ်၍ ထီမထင်ဟန် ပြုံးကာ စိန်ခေါ်လိုက်လေသည်။