← Chapters

အရက်ဂျိုးများ

Vol. 22 Ch. 273-b

အရက်ဂျိုးများ

Vol. 22 Ch. 273-b

"ဟေ့ မင်းတို့နှစ်ယောက် လာကြဦး။ ပြောစရာရှိတယ်။ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်က အကျင့်စရိုက်ချင်း ကွဲပြားပေမယ့် အကြိုက်တော့ တူပုံရတယ်"

ဓားအစောင့်အရှောက်သည် မုတလုံနှင့် မုရှောင်လုံကို ခေါ်၍ ခြံဝန်းအပြင်ဘက် ထွက်သွားကာ သက်ပြင်းချလိုက်၏။

"အဖေက ဘာကိုပြောချင်တာလဲ"

မုတလုံက ဇဝေဇဝါဖြစ်သွားဟန်ဖြင့် မေးသည်။

"သူက လျော်ကြေးအတွက် ဘာကိုလိုချင်တာလဲ ဆိုတာ နားမလည်ဘူးလား"

"ဟင့်အင်"

မုသားအမိက ချက်ချင်းပင် ပြိုင်တူ ခေါင်းယမ်းလိုက်ကြသည်။

"ရှင်းပါတယ်။ သူက နှုတ်ခမ်းထောင့်ကို လက်နဲ့သပ်ပြပြီး တစ်ခုခုကို ဆုပ်ကိုင်ထားတဲ့ပုံ လုပ်ပြတယ်။ သူ လိုချင်တာကို ခန့်မှန်းဖို့ လွယ်ပါတယ်"

ဓားအစောင့်အရှောက်က ရှက်ရွံ့နေဟန်ဖြင့် လက်ဟန်တစ်ခု လုပ်ပြ၍ အံကြိတ်ကာ တစ်လုံးချင်း ပြောလိုက်၏။

"အာ၊ အဖေ ပြောချင်တာက သူ့အတွက် လျော်ကြေးအနေနဲ့ မိန်းမတစ်ယောက် လိုချင်တာလား"

မုတလုံက တုံ့ဆိုင်းသွားသည်။

"ရိုးရိုးမိန်းမတောင် မဟုတ်ဘူး။ ကြည့်ရတာ သူက ရှောင်လုံကို ရေအတူချိုးဖို့ လိုချင်နေပုံပဲ"

ဓားအစောင့်အရှောက်သည် စိတ်ပျက်လက်ပျက်ဖြင့် မုရှောင်လုံကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။

"မဖြစ်နိုင်ဘူး။ ရှောင်လုံက အသက်ဆယ့်လေးနှစ်ပဲ ရှိသေးတယ်။ အရမ်းငယ်သေးလို့ ဒီလိုကိစ္စတွေ နားလည်မှာ မဟုတ်ဘူး"

မုတလုံက စိုးရိမ်တကြီး တားမြစ်လိုက်သော်လည်း ဓားအစောင့်အရှောက်မှ နှစ်သိမ့်ပေးခဲ့သည်။

"ငါလည်း ဒါကို စိုးရိမ်နေတာပဲ။ မစိုးရိမ်နဲ့၊ မင်းအတွက် အဘိုးက သခင်လေးယွမ်နဲ့ ဆွေးနွေးပေးမယ်"

"နေပါဦး။ အဘိုးနဲ့ အမေက သမီးရဲ့ ခံစားချက်ကို မတွေးပေးကြဘူးလား"

မုရှောင်လုံက ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။

"ဒီကိစ္စကို လက်ခံပါတယ်။ အဘိုးတို့က သမီး မြင့်တက်လာမယ့် အခွင့်အရေးကို ပိတ်ပင်နေကြတာပဲ"

ထို့နောက် သူမသည် ခွင့်ပြုချက်ကိုပင် မစောင့်တော့ဘဲ ရွှေရောင်ရေကန် ရှိရာသို့ အလျင်အမြန် ပြေးထွက်သွားရာ အဘိုးနှင့် မိခင်ဖြစ်သူမှာ အကြည့်ချင်းဖလှယ်၍ မင်သက်ကုန်သည်။

"အထက်ကို တက်နိုင်မယ့် အခွင့်အရေး ဟုတ်လား"

"ဒီနေ့ခေတ် ကလေးတွေက ဒီလောက်အထိ ပွင့်လင်းနေကြပြီလား။.ကြည့်ရတာ ငါပဲ ခေတ်နောက်ကျနေပြီ ထင်ပါတယ်"

ဓားအစောင့်အရှောက်က ခေါင်းတခါခါဖြင့် သက်ပြင်းချနေသကဲ့သို့ မုတလုံလည်း အူကြောင်ကြောင် ဖြစ်နေခဲ့သည်။

ရွှေရောင်ရေကန်၏ ဆေးရည်များကို စုပ်ယူလိုက်သောကြောင့် ခဏအတွင်း ယွမ်ရှောင်၏ ကြေးခွံတစ်ရာ ဒန်တန်သည် ထူးထူးခြားခြား ရွှေရောင်တောက်ပလာကာ သွေးကြောများထံ စွမ်းအင်များ ပို့ဆောင်ပေးနိုင်သည်။ အင်မော်တယ်ကျောက်စိမ်းများကို ဝါးမျို၍ သားရဲလေး ပြန်လည်ထုတ်လုပ်ပေးထားသော ကောင်းကင်တာအိုဆေးလုံးများဖြင့် အဆင့်တက်ရန် အချိန် ကျရောက်လာ၏။ ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်ကို လည်ပတ်လိုက်သောအခါ ဆေးလုံးများ မြင့်မြတ် ချီစွမ်းအင်အဖြစ် ပြောင်းလဲကာ ကျင့်ကြံဆင့် လျင်မြန်စွာ မြင့်တက်လာနေခဲ့သည်။ ဖန်ဆင်းရှင်မျိုးစေ့ တစ်ခုက အထူးလက်ဆောင်ဖြစ်သောကြောင့် သူ့အနေဖြင့် ထာဝရဓားအကျဥ်းထောင်ရှိ အခြားမျိုးစေ့များကို စုပ်ယူဝါးမျိုရန် မစောင့်နိုင်တော့ပေ။

"သခင်လေး ယွမ်ကို ရေချိုးပေးပါရစေ"

ရေကန်အတွင်း စကားသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသောကြောင့် ယွမ်ရှောင်သည် အလန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လှပသော မိန်းမငယ်လေးကို မြင်လိုက်ရသည်။ သူမက ခန္ဓာကိုယ်အထက်တွင် ဇာပဝါလေးတစ်ခုသာ ခြုံလွှမ်းထားသဖြင့် ငယ်ရွယ်နုပျိုသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ဝိုးတဝါး ထွက်ပေါ်နေ၏။

"ရှောင်လုံ ဒီကို ဘာလာလုပ်တာလဲ"

သူ၏ မျက်နှာက အရောင်ပြောင်းသွားကာ သူတော်စင်တစ်ယောက် မဟုတ်သောကြောင့် ဤမျှလှပသော ပန်းဖူးကလေးနှင့် ရေကန်တစ်ခုအတွင်း ရှိနေသောအခါ စိတ်ထိန်းနေရသည်။

"စိတ်မပူပါနဲ့။ အဘိုးက ရှင်းပြပြီးပါပြီ။ သခင်လေးအတွက် ဒါကို လုပ်ပေးချင်ပါတယ်။ အခုကစပြီး တစ်ဘဝလုံး အခစားဝင်ပါမယ်"

မုရှောင်လုံသည် အရှက်သည်းနေဟန်ဖြင့် ရေရွတ်လိုက်သော်လည်း မျက်လုံးများ တဖြတ်ဖြတ် တောက်ပနေသည်။

"ဒီအဘိုးကြီး ရူးသွားတာလား။ ငါ ပြောချင်တာ ဒီလို မဟုတ်ဘူးလေ"

"ဒါပေမယ့် လျော်ကြေးအဖြစ် ညီမလေးကို လိုချင်တယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား"

"ငါ ဘယ်တုန်းကမှ မပြောဖူးပါဘူး"

ယွမ်ရှောင်က မျက်လုံးအပြူးသားနှင့် ငြင်းဆန်လိုက်သောအခါ မုရှောင်လုံသည် မိုးကြိုးထိမှန်သွားသကဲ့သို့ တောင့်တင်းသွားကာ မျက်ရည်လည်ရွဲဖြင့် ချက်ချင်း ထွက်ပြေးသွားခဲ့သည်။

"ငါ ပြောလိုက်တာက ရွှေရောင်နွေဦး သေရည်ပါဟ။ ဒီအဘိုးကြီး ဘာတွေ သဘောပေါက်နေတာလဲ"

ထိုလက်ဟန်အမူအရာမှာ သေရည်အိုးကို မော့သောက်လိုက်ဟန် ဖြစ်သောကြောင့် သူကိုယ်တိုင်ပင် ကြောင်တက်တက် ဖြစ်သွားခဲ့သည်။

"မင်းက တိုက်ရိုက် ပြောလိုက်သင့်တာ"

ကြယ်ပြာက မျက်လုံးများလှန်ကြည့်၍ အပြစ်တင်လိုက်သည်။

"ငါက အရက်စွဲနေတယ်ဆိုတာ လူမသိစေချင်ဘူးဟ"

သူက ဓားအစောင့်အရှောက်၏ သေရည်များကို မောင်ပိုင်စီးချင်နေသော်လည်း ပေါ်တင်ထုတ်မပြောလိုချေ။ သူက ရယ်ရအခက် ငိုရအခက်ဖြင့် ဆက်လက်ကျင့်ကြံနေခဲ့ပြီး နာရီဝက်အကြာတွင် သူတော်စင်နယ်ပယ် အခြေတည်အဆင့်သို့ ရောက်ရှိလာသည်။ ကြေးခွံတစ်ရာ ဒန်တန်က အမှန်တကယ် သိုလှောင်နိုင်စွမ်း မြင့်မားပြီး ဆက်လက်ကျင့်ကြံရန် ကူညီထောက်ပံ့ပေးနိုင်ခဲ့၏။

"ရှောင်လုံ ဘာဖြစ်တာလဲ"

မျက်ရည်လည်ရွဲဖြင့် ပြေးထွက်လာသော မုရှောင်လုံကြောင့် မိခင်ဖြစ်သူမှာ ရင်ထိတ်သွားခဲ့သည်။

"မေမေကြောင့်ပဲ"

"ဘာလို့လဲ"

"သခင်လေးယွမ် လိုချင်တာက သမီး မဟုတ်ဘူး။ မေမေတဲ့"

ထို့နောက် သူမသည် အသည်းကွဲနေဟန်ဖြင့် အဝေးသို့ ထွက်ပြေးပျောက်ကွယ်သွား၏။

"အဟွတ် အဟွတ် မင်း သွားသင့်တယ်နော်"

ဓားအစောင့်အရှောက်က ချောင်းတစ်ချက်ဟန့်၍ သမီးဖြစ်သူကို တိုက်တွန်းသည်။

"တကယ် အဆင်ပြေပါ့မလား"

မုတလုံက အနည်းငယ် တုန်ရီနေသည်။

"ဘာအဆင်မပြေစရာ ရှိလဲ။ ကျန်းချန် ကွယ်လွန်သွားတာ ဆယ်နှစ်ကျော်ပြီ။ မင်းလည်း ပျော်သင့်ပါတယ်။ ရှောင်လုံပြောတာ မှန်တယ်။ သခင်လေးယွမ်က အထက်ကိုတက်ဖို့ အခွင့်အရေးတစ်ခုပဲ"

ဓားအစောင့်အရှောက်က သိမ်မွေ့စွာ တိုက်တွန်းလိုက်သော်လည်း ရုတ်တရက်ဆန်လွန်းသဖြင့် သူမမှာ တွန့်ဆုတ်နေမိသည်။

"မင်းစိတ်ကြိုက် ဆုံးဖြတ်ပါ။ ငါ ဖိအား မပေးချင်ဘူး"

မုတလုံမှာ အချိန်တစ်ခုကြာ စဥ်းစားပြီးနောက် အတိတ်မှ မှတ်ဉာဏ်များကို မျိုသိပ်ရင်း ရွှေရောင်ရေကန်ထံ လှမ်းကြည့်လိုက်မိသည်။ ထိုအချိန်တွင် ယွမ်ရှောင်သည် ဧကရာဇ်နယ်ပယ်အထိ အဆင့်တက်သွားခဲ့ပြီး အသက်ပြင်းပြင်းရှူ၍ ဒန်တန်အတွင်းမှ မြင့်မြတ်ချီများကို အာရုံခံနေသည်။ ထိုအချိန်တွင် ရေမျက်နှာပြင် လှုပ်ရှားသွားကာ နှင်းပမာ ဖြူဖွေးသော အသားအရေနှင့် မိန်းမတစ်ယောက် ရောက်လာသောကြောင့် လနီမှာ မျက်လုံးများ အဆမတန် ပြူးထွက်လာ၏။

"နည်းတာကြီးတွေ မဟုတ်ဘူး။ အနီးကပ်ကြည့်လိုက်ရင် အတော် တောက်ပနေတာပဲဟ"

လနီက တအံ့တသြ ရေရွတ်လိုက်သဖြင့် ယွမ်ရှောင် မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ ဒန်တန်ပင် တုန်ခါသွားကာ သွေးများ ပွက်ပွက်ဆူလာသည်။ သူက သွေးအန်လုနီးပါး ဖြစ်သွားကာ အပြစ်ကင်းစင်သော ကိုယ်လုံးတီးပုံရိပ်တစ်ခု ရှေ့သို့ ရောက်ရှိနေခြင်းပင်။

"သခင်လေးယွမ် ငါက ဒီကိစ္စမျိုး မလုပ်တာ ဆယ်နှစ်ကျော်ပြီ။ တစ်ခုခု မှားသွားရင် ခွင့်လွှတ်ပေးပါ"

မုတလုံက သိမ်မွေ့စွာ ပြောလိုက်ပြီး ကြားရသူတိုင်းကို အရည်ပျော်ကျသွားစေနိုင်လောက်သည်။

"အစ်မတလုံ ခင်ဗျား ဘာလုပ်နေတာလဲ"

"လျော်ကြေးအတွက်လေ"

ထိုစကားကြောင့် သူက သတိလစ်မတတ်ဖြစ်သွားကာ မုရှောင်လုံ ထွက်သွားပြီးနောက် မိခင်ဖြစ်သူကို စေလွှတ်လိုက်မည်ဟု ထင်မထားပေ။

"မဟုတ်ဘူး။ ကျုပ်လိုချင်တဲ့ လျော်ကြေးက သေရည်ဗျ။ ခင်ဗျားရဲ့အဖေကို သေရည်ထပ်ပေးစေချင်တာ။ ဒီလိုမျိုး သေရည်ကို မော့သောက်ပြလိုက်တာလေ"

"အဖေရဲ့ မကောင်းတဲ့အတွေးအတွက် ငါ တောင်းပန်ပါတယ်။ ခွင့်ပြုပါဦး"

ယွမ်ရှောင်က အလျင်အမြန် ရှင်းပြလိုက်သောအခါ မုတလုံမှာ ခန္ဓာကိုယ်ကို အလောတကြီး ကာကွယ်၍ ဒေါသတကြီး ထွက်ပြေးသွားရာ မုရှောင်လုံထက် ပို၍ မြန်ဆန်နေသည်။ ရင်သပ်ရှူမောစရာ နောက်ပိုင်းအလှကြောင့် သူက အတွေးစိတ်ရိုင်းများကို ထိန်းချုပ်၍ ကျင့်ကြံခြင်း ပြန်လည်စတင်ခဲ့၏။

"တကယ် စိတ်မာတာပဲ"

ကြယ်ပြာက ခပ်ရွဲ့ရွဲ့ ချီးကျူးလိုက်သည်။

"နှမြောစရာကြီးကွာ"

လနီက ယူကြုံးမရဖြစ်နေဟန်ဖြင့် ရေရွတ်သည်။

"သူက ငါ့သေရည်ကို ထပ်လိုချင်တာလား"

အကြောင်းအရင်းအမှန်ကို သိလိုက်ရသောအခါ ဓားအစောင့်အရှောက်မှာ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

"အဖေ"

မုတလုံက သူ့ကို အေးစက်စက် စိုက်ကြည့်နေခဲ့၏။

"ငါ့ကို အရက်ငတ်အောင် ညှစ်ထုတ်နေပါလား။ ဒီအရက်သမားကတော့ကွာ"

သူကမူ သေရည်ကို နှမြောနေဟန်ဖြင့် အံကြိတ်ထားလိုက်သည်။

"ဒါဆိုရင် သမီးနဲ့ အဖေ့မြေးက သေရည်လောက် အရေးမကြီးပေါ့"

"မဟုတ်ပါဘူးကွာ။ ဒါပေမယ့် ငါ့သေရည်ကို အကုန်ပေးလိုက်ရရင် နှလုံးသားကို ဓားနဲ့ထိုးလိုက်သလိုပဲ"

ဒေါသမီးဝင်းဝင်းတောက်နေသော သမီးဖြစ်သူ၏ အကြည့်ကို သူက သတိမထားမိဘဲ နှမြောတဿ ဖြစ်နေခဲ့သည်။

"သူက သေရည်လိုချင်နေတာ အရင်ထဲက သိထားတယ်မလား။ သမီးနဲ့ မြေးကို အရက်နဲ့ လဲချင်တယ်ပေါ့။ နှလုံးသားမရှိတဲ့ အဘိုးကြီး ရှင့်ကို နောက်ဘဝ မြန်မြန်ပို့ပေးလိုက်မယ်"

ဤသို့ဖြင့် မုတလုံသည် ဓားဆွဲထုတ်၍ လိုက်လံ ခုတ်ပိုင်းနေသော်လည်း ထွက်ပြေးနေရသည့် ဓားအစောင့်အရှောက်မှာ ယွမ်ရှောင်၏ စိတ်နေစိတ်ထားကို စမ်းသပ်ရန်ဟူ၍ အကြောင်းပြနေသဖြင့် ဆွံ့အသွားစေခဲ့လေသည်။

All Chapters