ကြေးခွံတစ်ရာ ဒန်တန်
Vol. 22 Ch. 273-a
သွေးရောင် ဓားက လခြမ်းပမာ တဝီဝီလည်ပတ်၍ နတ်ဆိုးလေပြင်း သွေးလခြမ်း ဓားကွက်ဖြင့် ယွမ်ရှောင်၏ လည်မျိုထံ တိုးဝင်လာသည်။ ၎င်းက ကျန်းရန်၏ အထူးတိုက်ကွက်ဖြစ်ကာ ပြည့်စုံသည်အထိ ထပ်ကာထပ်ကာ လေ့ကျင့်ထားသည့်အပြင် ဒေါသတကြီးတိုက်ခိုက်လာကာ အသက်သေလျှင်ပင် ဖုန်းရောင်လင်အတွက် လက်စားချေရန် အစွမ်းကုန်ထုတ်သုံးထားခဲ့သည်။
"အား"
မုရှောင်လုံသည် ယွမ်ရှောင်နှင့် ဝမ်းကွဲဖြစ်သူကို မိတ်ဆက်ပေးနေစဥ် ဤသို့တိုက်ခိုက်လာမည်ဟု ထင်မထားသောကြောင့် ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးရန် ကြိုးစားလိုက်သော်လည်း အနီးကပ်တိုက်ကွက်ဖြစ်ရာ အချိန်မမီတော့ပေ။ ယွမ်ရှောင်က ကြယ်ပြာနှင့် စိတ်ချင်းဆက်သွယ်နေသော်လည်း မျက်ဝန်းများ ထက်ရှသွားကာ မျက်နှာထားမပြောင်းလဲဘဲ လက်ချောင်းများဖြင့် လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။ လေထဲတွင် စွမ်းအင်ဝဲတစ်ခု ဖြစ်တည်လာပြီး ဓားမြှောင်မှာ တစ်ချက်တုန်ခါသွားကာ အရှိန်နှေးသွားခဲ့၏။ ၎င်းသည် ကွမ်ရှုတောက်၏ ဝူကျိတာအိုသိုင်းကို မွမ်းမံထားခြင်းဖြစ်ကာ လက်ရှိ ချီစွမ်းအင်ဖြင့် အပြည့်အဝထုတ်ဖော်ရန် မလုံလောက်သော်လည်း ဓားမြှောင်တိုက်ကွက်အား တန်ပြန်ရန် လုံလောက်ပေသည်။
သူက ဓားအော်ရာ တစ်သောင်းကျော်နှင့် ကောင်းကင်သင်္ချိုင်းဓားကို ဆွဲထုတ်၍ လျှပ်တပြက်ပိုင်းချလိုက်သောအခါ လေပြင်းဓားဝိညာဥ်မှာ ဘန်းခနဲ မြည်ဟီး၍ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။
"မဟုတ်ဘူး"
ကျန်းရန်မှာ ထိတ်လန့်မှုနှင့် နာကျင်မှုကြောင့် မျက်နှာပျက်နေစဥ် ရွှေရောင်ဓားတစ်ချက် ကျရောက်လာ၍ အဝေးသို့ လွင့်ထွက်သွားကာ အရိုးအားလုံးကျိုးကြေ၍ အသားပုံပမာ ပြိုကျသွား၏။ တိုက်ခိုက်လိုက်သူမှာ ပန်းပင်များကို ပေါင်းသင်နေသော မုတလုံဖြစ်ကာ ဤသို့ ဖြစ်လာမည်ဟု မျှော်လင့်မထားသဖြင့် ယွမ်ရှောင်ကို ကာကွယ်ရန် အားကုန်ထုတ်သုံးလိုက်သောကြောင့် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
"နတ်ဆိုးကောင် မင်းသေရမယ်"
ကျန်းရန်က ယွမ်ရှောင်ကို နောက်ဆုံးထွက်သက်၌ ကျိန်ဆဲပြီး မြေပြင်အထက်တွင် အသက်ပျောက်သွားသည်။
"သခင်လေးယွမ် အဆင်ပြေရဲ့လား"
မုတလုံက အပြေးတစ်ပိုင်းရောက်ရှိလာကာ စိုးရိမ်တကြီးဖြင့် လက်မောင်းကို ဆုပ်ကိုင်၍ မျက်နှာဖြူဖပ်ဖြူရော်ဖြင့် မေးလာသည်။
"ပြေပါတယ်။ ကလေးတစ်ယောက်က ဘာလုပ်နိုင်မှာလဲ"
ယွမ်ရှောင်နှင့်ကြယ်ပြာသည် ဒန်တန်ပြဿနာကို ဖြေရှင်းနိုင်တော့မည်ဖြစ်သောကြောင့် စိတ်ထဲ၌ ကြိတ်ခွီနေကြသဖြင့် စိတ်ကောင်းဝင်နေသည်။
"သခင်လေးယွမ်ကို ကာကွယ်ပေးဖို့ ကျရှုံးခဲ့ပါတယ်။ ကျေးဇူးပြုပြီး အပြစ်ပေးပါ"
မုတလုံက စိတ်အေးသွားကာ မုရှောင်လုံနှင့်အတူ ဒူးထောက်၍ တောင်းပန်စကားဆို၏။
"မလိုအပ်ပါဘူး။ ရပ်ပါ"
ယွမ်ရှောင်က လက်ကာပြ၍ ထရပ်စေလိုက်သောအခါ ထိုသားအမိမှာ ဦးညွှတ်၍ မတ်တပ်ရပ်ခဲ့ကြသည်။
"ကျန်းမုရဲ့ ကလေးက ဘာကြောင့် ရူးရူးမိုက်မိုက် လုပ်ရတာလဲ။ ဒီကိစ္စကို သေချာစုံစမ်းပြီး ဖြေရှင်းပေးပါမယ်"
မုတလုံက ကျန်းရန်၏ အလောင်းကို စိုက်ကြည့်ကာ အာမခံလိုက်သည်။ သူမ၏ ခင်ပွန်း ကွယ်လွန်သွားသဖြင့် ကျန်းမျိုးနွယ်နှင့် အဆက်အဆံ မရှိတော့သော်လည်း မုရှောင်လုံနှင့် ကျန်းရန်မှာ ရင်းနှီးသူများ ဖြစ်ကြ၏။
"တလုံ အလောင်းကို အရင်ယူလိုက်။ ကျန်းမုကို ဖမ်းချုပ်ပြီး ဒီနေရာကို ခေါ်လာခဲ့"
ထိုအချိန်၌ ဓားအစောင့်အရှောက် ရောက်ရှိလာကာ လေးနက်စွာ အမိန့်ပေးသည်။
"ဒါက ကျန်းမုနဲ့တော့ မဆိုင်လောက်ပါဘူး။ တစ်ယောက်ယောက်က ချောက်ချလိုက်တာ နေမှာပါ"
"ဒါကို စုံစမ်းပြီးရင် သိရမှာပေါ့"
မုတလုံက ကန့်ကွက်ချင်သော်လည်း ဓားအစောင့်အရှောက်မှ ချွင်းချက်မပေးခဲ့ပေ။
"ခဏလောက်နေပါဦး"
ယွမ်ရှောင်က ဖန်ဆင်းရှင်မျိုးစေ့ကို ဝါးမျိုရန် အကြောင်းပြချက်တစ်ခု ပေးကာ ဓားဖြင့် ကျန်းရန်၏ ခန္ဓာကိုယ်အပေါ် ထိုးစိုက်လိုက်သည်။
"သခင်လေးယွမ် တစ်ခုခု ရှာတွေ့လို့လား"
"မတွေ့ဘူး"
ထို့နောက် သူက သဲလွန်စရှာမတွေ့ကြောင်း ပခုံးတွန့်ပြ၍ အလောင်းကို သယ်ထုတ်သွားရန် အချက်ပြလိုက်သည်။
"ဒီကိစ္စကြောင့် သခင်လေးကို ကာကွယ်ပေးဖို့ ကြီးကြပ်သူတွေ ထပ်လွှတ်ပေးပါမယ်"
"မိန်းကလေး ချောချောငယ်ငယ်လေးတွေဆို ပိုကောင်းတယ်"
ဒန်တန်ပြဿနာ ဖြေရှင်းပြီးဖြစ်သောကြောင့် စိတ်ကောင်းဝင်နေသဖြင့် ဓားအစောင့်အရှောက်ကိုပင် သူက စနောက်နေသည်။ သူ့အတွက် သက်တော်စောင့်များ မလိုအပ်သော်လည်း တစ်နေကုန်ကပ်တွယ်နေမည်ဆိုလျှင် လူအိုကြီးများအစား မိန်းမလှလေးများသာ ဖြစ်ရပေလိမ့်မည်။
"ကြီးကြပ်သူတစ်ယောက် ဖြစ်လာဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ တလုံက အငယ်ဆုံးပဲ"
ဓားအစောင့်အရှောက်က ခေါင်းကုတ်၍ စိတ်ပျက်လက်ပျက် ညည်းညူသည်။
"ဒါဆိုရင် ထားလိုက်ပါ"
ယွမ်ရှောင်၏ စိတ်အေးလက်အေး ဖြစ်နေသော အမူအရာကြောင့် ဓားအစောင့်အရှောက်မှာ သက်ပြင်းချလိုက်မိသည်။
"နတ်ဆိုးကောင်ဆိုတာ ဘာကို ဆိုလိုတာလဲ"
"ဒီအကြောင်းကို မင်းနဲ့ ဆွေးနွေးမလို့ပါပဲ။ ဓားအပျက်အစီးနယ်မြေကို မင်း စိတ်ပျက်သွားလောက်တယ်"
"ပြောသာပြောပါ"
ယွမ်ရှောင်ရှေ့မှောက်တွင် ဓားအစောင့်အရှောက်က ပြောသင့်မပြောသင့် ချင့်ချိန်နေပုံပေါ်သည်။ ထို့နောက် ကောလဟာလသတင်းများ ပြန့်နေကြောင်း အသေးစိတ်သိလိုက်ရသောအခါ ယင်ကောင်မျိုချလိုက်မိသကဲ့သို့ မျက်နှာ ရှုံ့မဲ့သွား၏။
"ဒီအကြောင်းပြောနေတဲ့ လူတွေက တကယ်နှုတ်ပိတ်ခံလိုက်ရတာလား"
သူက စုံစမ်းသည်။
"ဟုတ်ပါတယ်။ ဒါပေမယ့် ငါ လုပ်တာ မဟုတ်ဘူး"
"စိတ်ဝင်စားစရာပဲ။ ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ကောလဟာလနဲ့ ဖျက်ဆီးပြီး တစ်ဖက်ကနေ အကွက်ချတယ်။ နှစ်ဖက်လုံးကနေ ခပ်ကြမ်းကြမ်း ကစားပြီး မြောင်းထဲ ပို့ချင်နေတာလား"
ယွမ်ရှောင်က အမြဲတမ်း တည်ငြိမ်အေးဆေးသူဖြစ်သော်လည်း တစ်ဖက်လူ၏ အကြံအစည်ကြောင့် ဒေါသထွက်နေပုံရသည်။ တစ်စုံတစ်ယောက်က ကျန်းရန်၏ တုံးအမှုကို အခွင့်ကောင်းယူကာ အသတ်ခံရရန် စေလွှတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်
"ထားလိုက်ပါ။ ဒီလောက်တုံးအနေရင် အသက်ရှင်နေရင်တောင် ကြာကြာခံမှာမဟုတ်ဘူး။ မင်းကို ခပ်စောစော ရေပန်းလမ်း ပို့ပေးလိုက်တာပေါ့။ နောက်ဘဝမှာ ခေါင်းသုံးဆိုရင် ဂျွမ်းပဲ ထိုးမနေနဲ့"
သူက ကိုယ်တွင်းမှ ကြေးခွံတစ်ရာ ဒန်တန်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
"သခင်လေးယွမ် ဒီအကြံက တကယ်အောက်တန်းကျလွန်းတယ်။ ကျုပ် သတိမထားမိတာ တောင်းပန်ပါတယ်"
ဓားအစောင့်အရှောက်၏ မျက်လုံးများတွင် ဒေါသမီး တဟုန်းဟုန်း တောက်လောင်နေသည်။
"မစိုးရိမ်နဲ့။ ခင်ဗျားက ဒဲ့တိုးဆန်တဲ့ လူဖြောင့်တစ်ယောက်ဆိုတော့ ဘယ်ခန့်မှန်းနိုင်ပါ့မလဲ။ ဓားသမားတစ်ယောက်အနေနဲ့ သူများပါးစပ်မှာ လမ်းဆုံးနေစရာ မလိုဘူး။ တကယ့်အမှန်တရားက ဓားနဲ့ ဖော်ထုတ်ပေးရတယ်"
ယွမ်ရှောင်က ပခုံးတစ်ချက်တွန့်၍ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သူက ကောင်းကင်နယ်မြေတွင် အကြံအစည်ပေါင်းစုံ လှည့်ကွက်မျိုးစုံနှင့် ရင်ဆိုင်ဖူးသော်လည်း ဓားကျင့်ကြံသူများ ကောက်ကျစ်ယုတ်မာနေသဖြင့် စိတ်ပျက်သွားရ၏။ သို့ရာတွင် လူသားများ၏ နှလုံးသားက ဤအတိုင်းပင် ဖြစ်ကာ လူကြီးလူကောင်းတစ်ယောက်ပင် လူယုတ်မာတစ်ယောက်အဖြစ် အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။
"မင်း မစိုးရိမ်ဘူးလား"
ဓားအစောင့်အရှောက်က မေးခွန်းထုတ်သည်။
"ဘာကို စိုးရိမ်နေရမှာလဲ။ သူတို့က ကျုပ်နာမည်ကို ဖျက်ပြီး မတော်တဆ သေသွားရင် အောင်ပွဲခံချင်နေတာလဲ။ တကယ့်မေးခွန်းက ကျုပ်ကို လွယ်လွယ်လေး သတ်လို့ရမှာလား"
ယွမ်ရှောင်က အေးစက်စက်ပြုံး၍ တစ်ဖက်လူ၏ အကြံကို ထောက်ပြလိုက်၏။
"ဒါဆိုရင်တော့ အချိန်ဖြုန်းနေကြတာ သက်သက်ပဲ"
ဓားအစောင့်အရှောက်က ခေါင်းညိတ်၍ ယွမ်ရှောင်၏ တွေးခေါ်နိုင်စွမ်းကို လေးစားနေကာ ဤအကြံအစည်များသည် တဝီဝီမြည်နေသော ယင်ကောင်များအလား ဂရုစိုက်မနေဘဲ ရိုက်ထုတ်ပစ်ရန်သာ လိုအပ်သည်။
"ဒီလိုကိစ္စမျိုးကို လင်းချန် မသိဖို့ မျှော်လင့်မိတယ်"
"ဟုတ်ပါတယ်"
"ကျန်းမုကို ဖမ်းချုပ်ထားဖို့ စီစဥ်ပြီးပါပြီ"
သူတို့နှစ်ယောက် စကားကောင်းနေစဥ် မုတလုံရောက်ရှိလာကာ သတင်းပို့ခဲ့သည်။
"ဒီကောလဟာလတွေက ကုမျိုးနွယ်ရဲ့ အကြံပဲ။ ဒါပေမယ့် ကျန်းရန် ဒီလိုဖြစ်လာအောင် တစ်ယောက်ယောက် သွေးထိုးလိုက်တာ ဖြစ်ရမယ်။ အဆုံးထိ စုံစမ်းပြီး ဖြေရှင်းပေးပါမယ်"
ဓားအစောင့်အရှောက်က လေးနက်စွာ ကတိပြုသည်။
"မုမျိုးနွယ်က ကျုပ်ကို ကာကွယ်ဖို့ ပျက်ကွယ်ခဲ့တဲ့အတွက် လျော်ကြေး လိုချင်တယ်"
ယွမ်ရှောင်က ခြောက်ကပ်ကပ် ပြောလိုက်သည်။
"ဘယ်လိုလျော်ကြေးမျိုး လိုချင်တာလဲ"
ဓားအစောင့်အရှောက်သည် အပြစ်ရှိစိတ် ခံစားနေရသော မုတလုံနှင့် မုရှောင်လုံကို တစ်ချက်ကြည့်လိုက်သည်။
"ဘာလိုချင်လဲဆိုတာ ခင်ဗျား သိပါတယ်။ ခင်ဗျားရဲ့ သမီးက အမှားလုပ်ခဲ့တာဆိုတော့ ကပ်စေနည်းနေလို့ မရဘူး"
ယွမ်ရှောင်က အဓိပ္ပါယ်ပါပါ ကြည့်၍ တစ်လုံးချင်းပြောလိုက်သောကြောင့် သူ့ကို နားလည်မှုလွဲသွားစေကာ မုမိန်းကလေးနှစ်ယောက်ထံ လှမ်းကြည့်လိုက်မိသည်။
"ခင်ဗျားရဲ့ ရွှေရောင်ရေကန်ကို ကျင့်ကြံဖို့ လိုချင်တယ်"
"ပြဿနာ မရှိဘူး။ အဲ့တာကို အစွမ်းထက်အစီအရင်တစ်ခုနဲ့ ကာကွယ်ပေးထားလို့ လုံခြုံပါတယ်။ လျော်ကြေးကိစ္စကတော့ ဆွေးနွေးလို့ရမလား"
ယွမ်ရှောင်သည် ကြယ်ပြာ၏ အကြံပေးချက်အတိုင်း တောင်းဆိုလိုက်သောအခါ ဓားအစောင့်အရှောက်က ချက်ချင်း သဘောတူခဲ့ပြီး သမီးဖြစ်သူအတွက် စိတ်ထဲ လွန်ဆွဲနေပုံရသည်။
"ဘာကို ဆွေးနွေးမှာလဲ။ ခင်ဗျားမှာ ခဏလောက် အချိန်ရမယ်"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ဓားပျံစီးနင်းကာ ရွှေရောင်ရေကန်ထံ ထွက်ခွာသွားခဲ့သည်။ ၎င်းအတွင်း ခုန်ဆင်းလိုက်သောအခါ ဆေးပင်များဖြင့် စီရင်ထားသဖြင့် သူနှင့် သားရဲလေးအတွက် သုခဘုံတစ်ခုပမာ ခံစားနေရသည်။ သူက ဓားအစောင့်အရှောက်ကဲ့သို့ အဘိုးကြီးတစ်ယောက်နှင့်အတူ ရေမချိုးရသရွေ့ ရွှေရောင်ရေကန်မှာ ရေပူစမ်းအလား သက်တောင့်သက်သာ ရှိပေလိမ့်မည်။