လက်ဆောင်ပေးလာသူ တစ်ယောက်
Vol. 22 Ch. 272
ယွမ်ရှောင်သည် သိုလှောင်အိတ်အတွင်းမှ နှင်းဖြူရောင် ကျောက်စိမ်းတစ်ခုကို ထုတ်ယူ၍ စစ်ဆေးလိုက်သောအခါ သာမန်ကျောက်တုံးများနှင့် မတူဘဲ အရွယ်အစားသေးငယ်သော်လည်း မျက်နှာပြင်ပေါ်တွင် အစင်းကြောင်းများ ရှိနေ၏။ ၎င်းတွင် ချီစွမ်းအင်များ ကြွယ်ဝပြီး ကျောက်မျက်ရတနာတစ်ခုထက် ပိုကာ ကျင့်ကြံသူများကို လောကကြီး၏ စွမ်းအား စုပ်ယူရန် ကူညီပေးနိုင်သည်။ သို့သော် ထိုကျောက်တုံးများမှာ သားရဲလေးအတွက် အဆာပြေမုန့်ဖြစ်ကာ ခဏအတွင်းမှာပင် လနီ၏ လျှာသည် ဖြတ်ခနဲ ရောက်ရှိလာကာ ရစ်ပတ်ဆွဲယူသွားသည်။ ၎င်းက အင်မော်တယ်ကျောက်စိမ်းကို ဂျွတ်ခနဲ ဝါးစားကာ ဆာလောင်မြွတ်သိပ်နေဟန်ဖြင့် ထပ်မံတောင်းဆိုလာခဲ့သည်။
"ကောင်းကင်နယ်မြေက ရတနာတွေ အကုန် စားပြီးတာတောင် ဗိုက်ဆာနေတုန်းလား"
ယွမ်ရှောင်က မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းကုတ်ကာ စကားဆိုလိုက်ကာ သားရဲလေးသည် အဆုံးမဲ့တွင်းနက်ကြီးပမာ တစ်နေ့တခြား တူညီလာသည်။ သူ ပိုင်ဆိုင်ထားသော အရင်းအမြစ်များကို ၎င်းက ဓားနှစ်ခြင်း အခမ်းအနားအတွင်း ဝါးမျိုပြီးဖြစ်ကာ အင်မော်တယ်ကျောက်စိမ်းများသည်လည်း မကြာခင် ပျောက်ကွယ်သွားပေတော့မည်။
"အနည်းဆုံးတော့ သုံးပစ်လိုက်တာ အကျိုးရှိပါတယ်လေ"
သူက သက်ပြင်းချ၍ သားရဲလေးသည် ဦးစားပေးဖြစ်သော ရှင်သန်ရေးအတွက် အဓိကကျသဖြင့် ဤကစားပွဲတွင် လုံလုံခြုံခြုံ ရှေ့ဆက်ရန် အရေးပါနေသည်။ ထို့ကြောင့် ၎င်းအပြင် သူကိုယ်တိုင်လည်း ကျင့်ကြံဆင့်မြင့်တက်လာရန် လိုအပ်နေပြီး ကောင်းကင်တာအိုဆေးလုံးများ ပြန်လည် ထုတ်လုပ်စေသောအခါ အရေအတွက်တစ်သိန်းမက ထွက်ပေါ်လာ၏။ ဓားနှစ်ခြင်းအခမ်းအနားသည် ထင်ထားသည်ထက် ပို၍ကြာမြင့်ခဲ့ပြီး သူ၏ ပါရမီကို အခြားသူများ သံသယဝင်စေခဲ့သောကြောင့် အချိန်ဖြုန်းနေရန် မလိုလားတော့ပေ။ အကယ်၍ သူသာ အချိန်သုံးရက်အတွင်း ကျင့်ကြံလိုက်လျှင် ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်အထိ ရောက်နိုင်သဖြင့် နှမြောစရာကောင်းလွန်း၏။ အောက်ဘုံ၏ နယ်ပယ်ရှစ်ခုသည် စွမ်းအားကိုသာ စုဆောင်း၍ ဉာဏ်အလင်းပွင့်ရန် မလိုအပ်ဘဲ ဒန်တန်၏ အခြေခံကို ခိုင်မာစေသည်။ ထိုအဆင့်များတွင် ကောင်းကင်တာအိုဆေးလုံးသည် သူ့အတွက် အကောင်းမွန်ဆုံး အရင်းအမြစ်ဖြစ်၏။
ယွမ်ရှောင်သည် အင်မော်တယ်ကျောက်စိမ်းများကို လနီ၏ခံတွင်းသို့ လောင်းထည့်ကာ ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ဖြင့် ကောင်းကင်တာအိုဆေးလုံးများအား သန့်စင်ခဲ့သည်။ လက်ရှိတွင် သူက ရုပ်ခန္ဓာသုံးခုအထိ ထိန်းချုပ်နိုင်လာပြီး ကျင့်စဥ်လမ်းကြောင်းသုံးခုတွင် ဟန်ချက်ညီညီလျှောက်လှမ်းနေခဲ့၏။
"မနက်ဖြန်ကျရင် အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်ပြိုင်ပွဲဆိုတော့ လင်းချန်လည်း အဆင့်တက်နေမှာပဲ။ မင်း ဘယ်လိုထင်လဲ"
"သူက ကောင်းကင်တာအိုဆေးလုံးတွေ မရှိပေမယ့် အတိတ်ဘဝရဲ့ မှတ်ဉာဏ်တွေ ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ အခြေခံက မင်းထက်သာလွန်တယ်။ အောက်ဘုံနယ်ပယ်ရှစ်ခု အဆင့်တက်နှုန်းက မင်းအောက် နိမ့်ကျမှာ မဟုတ်ဘူး"
သူ၏အမေးကို ကြယ်ပြာက တစ်ချက်တွေး၍ တွက်ချက်ပြခဲ့သည်။
"ငါ့မှာ နဂါးကိုးကောင် ဒန်တန်နဲ့ ကြယ်သွေးကြောတွေ ပိုင်ဆိုင်ထားတာတောင် သူ့ကို မမီဘူးလား"
သူက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
"သူ ပြန်လည်မွေးဖွားလာတဲ့ ရုပ်ခန္ဓာက အဆင့်မြင့် ဖန်ဆင်းရှင်မျိုးစေ့ကို ပိုင်ဆိုင်တယ်။ အတိတ်မှတ်ဉာဏ်နဲ့ဆိုရင် ပါရမီကို အပြည့်အဝထုတ်ဖော်နိုင်တာပေါ့။ မင်းရဲ့ နဂါးကိုးကောင်ဒန်တန်က ဒီနေရာမှာ အောက်ဆုံးအဆင့်ပဲ။ သူတို့က အဆင့်တူချင်းမှာ နတ်ဘုရားတိုက်ကြီးရဲ့ ကျင့်ကြံသူတွေထက် ဆယ်ဆလောက် ပိုသန်မာတယ်။ ရဲရှင်းချန်ရဲ့ ကြယ်သွေးကြောတွေကလည်း အပြည့်အဝ အသက်ဝင်မလာခင် မင်း လုယူတာ ခံလိုက်ရတယ်လေ"
ကြယ်ပြာက ရဲရှင်းချန်ကို အချိန်တစ်ခုပေးရန် အကြ့ပေးခဲ့သော်လည်း မလိုက်နာခဲ့သောကြောင့် စိတ်ပျက်အထင်သေးသော လေသံမျိုးဖြင့် ရှင်းပြလာခဲ့သည်။ ယွမ်ရှောင်က ကြယ်သွေးကြောများကို ကိုယ်တိုင်ပျိုးထောင်ပေးရန် လိုအပ်နေသဖြင့် နောက်ထပ်ဖန်ဆင်းရှင်မျိုးစေ့တစ်ခု ဝါးမျိုအစားထိုးရန်သာ ကြံစည်ထားခဲ့၏။ ဖန်ဆင်းရှင်မျိုးစေ့သည် မွေးရာပါ အရည်အချင်းထက် ပို၍ သာလွန်ကာ ဘိုးဘေးနတ်ဘုရားခြောက်ယောက်၏ သန့်စင်မှုဖြင့် လောကရှိ သက်ရှိအားလုံးထံ ပြန့်ကြဲရောက်ရှိခဲ့ရသည်။ ထာဝရဓားအကျဥ်းထောင်၏ ကျင့်ကြံသူများသည် နတ်ဘုရားတိုက်ကြီးထက် မွေးရာပါ အရည်အချင်း သာလွန်နေသည့်အပြင် ဖန်ဆင်းရှင်မျိုးစေ့များ လက်ဆောင်ရရှိထားကြ၏။ ကြယ်ပြာ၏ စကားကြောင့် ယွမ်ရှောင်သည် ခေါင်းကိုက်သွားခဲ့ပြီး နဂါးကိုးကောင်ဒန်တန်သည်လည်း ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်၏ မြင့်တက်လာသော စွမ်းအင်ပမာဏကို ခက်ခက်ခဲခဲ တောင့်ခံထားရ၏။ ကောင်းကင်တာအိုဆေးလုံးများစွာ၏ အာနိသင်မှာ တပြိုင်နက် စုပ်ယူလိုက်လျှင် များစွာ အလဟဿဖြစ်သွားပေလိမ့်မည်။ သူက ပြည့်စုံခြင်းအဆင့် သူတော်စင်နယ်ပယ်သို့ ရောက်ရှိသောအခါ ၎င်းမှာ ပြိုကွဲလုနီးပါး ဖြစ်လာသည်။
"ရပ်လိုက်တော့။ စွန့်စားရမှာ မတန်ဘူး"
ကြယ်ပြာက ချက်ချင်း တားမြစ်၍ သတိပေးသည်။
"ကောင်းပြီ။ ကြည့်ရတာ ငါက အခုထိ သေမျိုးလောကရဲ့ အောက်ခြေမှာ ရှိနေတုန်းပဲ"
ယွမ်ရှောင်က ခေါင်းညိတ်လိုက်ပြီး ဉာဏ်ရည်နှင့် ပါရမီသည် ပြိုင်ဘက်ကင်းဖြစ်သော်လည်း ရုပ်ခန္ဓာမှာ အာခိလိ၏ ဖနောင့်ကဲ့သို့ အားနည်းချက်ဖြစ်နေသည်။ (မှတ်ချက်။ ။ အာခိလိသည် ဂရိနတ်ဘုရားတစ်ပါးဖြစ်ကာ တစ်ခုတည်းသော အားနည်းချက် ခြေဖနောင့်မှလွဲလျှင် တစ်ကိုယ်လုံး မသေမျိုးဖြစ်သည်)
"မင်းရဲ့ ရုပ်ခန္ဓာက ဘယ်လောက်အားနည်းနေတယ်ဆိုတာ အခုသိပြီလား"
ကြယ်ပြာက ခါးသက်သက် ရယ်မော၍ စနောက်နေသည်။
"သွားစမ်းပါကွာ။ ငါလည်း အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်မှာ ဖန်ဆင်းရှင်မျိုးစေ့တွေကို အမဲလိုက်ဖို့ စီစဥ်ထားပါတယ်။ နဂါးကိုးကောင် ဒန်တန်က ရှေ့ဆက်မသွားနိုင်လောက်တော့ဘူး"
ယွမ်ရှောင်က မတ်တပ်ရပ်၍ အခန်းအပြင်ထွက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ ထာဝရဓားအကျဥ်းထောင်တွင် သူ၏ ဒန်တန်နှင့် သွေးကြောများက အားနည်းလွန်းနေပြီး ဖုန်းရောင်လင်ကို သတ်နိုင်ခဲ့သည်မှာပင် ရုတ်တရက် ဓားချက်ကြောင့် ဖြစ်၏။ ကံကောင်းစွာဖြင့် သူ၏ ဓားဝိညာဥ်က အစွမ်းထက်လာပြီး ဓားအပျက်အစီးနယ်မြေတွင် ထိပ်တန်းတစ်ယောက် ဖြစ်စေခဲ့သည်။ ခြံဝန်းအတွင်း ရွှေရောင် ဓားဝိညာဉ် ကိုင်ဆောင်ထားသော ဧကရာဇ်နယ်ပယ် မုရှောင်လုံသည် အနက်ရောင်ဝတ် လူငယ်လေးတစ်ယောက်နှင့် လက်ရည်စမ်းနေခဲ့သည်။ ထိုလူငယ်၏ ဓားဝိညာဥ်က ဆေဘာတစ်လက်နှင့် ဆင်တူပြီး ဓားစက်ကွင်းငါးခုနှင့် ဓားအော်ရာ တစ်ထောင့်ခြောက်ရာ ပိုင်ဆိုင်ထားသဖြင့် အဆင့်အတန်းတစ်ခုရှိသူ ဖြစ်နိုင်၏။
"ဒီကလေးမှာ ဖန်ဆင်းရှင်မျိုးစေ့ ရှိတယ်"
ကြယ်ပြာက စိတ်လှုပ်ရှားစွာ သတိပေးလိုက်၏။
"ငါ သိတယ်"
ယွမ်ရှောင်၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ ဖန်ဆင်းရှင်မျိုးစေ့အပေါ် အာရုံခံနိုင်စွမ်း မြင့်မားနေပြီဖြစ်သည်။ မုမျိုးနွယ်သုံးယောက်တွင် ၎င်းတို့ရှိနေသော်လည်း သူ့အနေဖြင့် ကူညီနေသူများကိုမူ မသတ်ရက်ပေ။
"သူ့ရဲ့ ဒန်တန်က အကြေးခွံတစ်ရာ ဒန်တန်ပဲ။ အတွင်းပိုင်းမှာ အကြေးခွံတွေနဲ့ ကာကွယ်ပေးထားလို့ စွမ်းအင်ပမာဏများများ ထိန်းသိမ်းပေးထားနိုင်တယ်။ လက်ရှိမှာ မင်းအတွက် ရွေးချယ်ဖို့ အကောင်းဆုံးပဲ။ သူ့ကို ဝါးမျိုလိုက်ရင် မင်းရဲ့ အခက်အခဲ ပြေလည်သွားလိမ့်မယ်"
ယွမ်ရှောင်ကို ကြယ်ပြာက ထောက်ပြလိုက်ခြင်း.ဖြစ်သည်။
"ဒါက ဘယ်သူများလဲ"
သူက မုရှောင်လုံကို အကျိုးအကြောင်းမေးလိုက်သောအခါ တိုက်ပွဲရပ်တန့်သွားသည်။
"သခင်လေးယွမ် သူက ညီမရဲ့ဝမ်းကွဲ ကျန်းရန်ပါ"
သူမက လေးစားစွာ ချဥ်းကပ်လာ၍ ရိုရိုသေသေ ဖြေလိုက်၏။ မုမျိုးနွယ်၏ ဆွေမျိုးဖြစ်နေသောကြောင့် သူက သတ်ဖြတ်ဝါးမျိုရန် စိတ်မပါသောအခါ ကြယ်ပြာအနေဖြင့် စိတ်ပျက်သွားရသည်။ ၎င်း၏အမြင်တွင် လူသားခံစားချက်များက အရေးမပါသည့်အပြင် ဖန်ဆင်းရှင်လူဝင်စားမှာ ရက်စက်ကြမ်းတမ်းသော်လည်း ကန့်သတ်ချက်များ ရှိနေသည်။ မုတလုံက အနားတွင် ရှိနေသော်လည်း အပျက်အစီးတောင်ကြားသည် အလုံခြုံဆုံးနေရာဖြစ်သောကြောင့် များစွာ အာရုံစိုက်မနေခဲ့ဘဲ ပန်းခြံကိုသာ ဂရုတစိုက် ပေါင်းသင်နေခဲ့သည်။
"ယွမ်ရှောင်"
အခွင့်ကောင်းတစ်ခု ရလာသောကြောင့် ကျန်းရန်၏.မျက်လုံးများ နီရဲလာကာ ဖုန်းရောင်လင်၏ သေခြင်းနှင့် ကောလဟာလသတင်းများကြောင့် ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။
"နတ်ဆိုးကောင် သေစမ်း"
သူက အော်ဟစ်ကြုံးဝါး၍ သစ်သားအဆင့် လေပြင်းဓားဝိညာဥ်ကို ဓားမြှောင်အဖြစ် အသွင်ပြောင်းကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ယွမ်ရှောင်ထံ ပစ်ခတ်လိုက်လေသည်။