← Chapters

အဋ္ဌမအလွှာသို့ တက်လှမ်းခြင်း....

Vol. 22 Ch. 331

အဋ္ဌမအလွှာသို့ တက်လှမ်းခြင်း....

Vol. 22 Ch. 331

သွေးနီရောင်နန်းတော်အတွင်း ချီခွန်ကြယ်သခင်က ပထမတပည့်ကို ညွှန်ကြားနေသည်။

အဋ္ဌမအလွှာသို့ တက်လှမ်းခဲ့သည့် ပထမတပည့်က ကြယ်နယ်မြေတစ်ခုကို ဦးဆောင်ရတော့မည်ဖြစ်ရာ သတိထားရမည့်အရာများနှင့် အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ရမည့် နည်းလမ်းများအား ချီခွန်ကြယ်သခင်က ပြောပြနေသည်။

" ဆရာ စိတ်ချပါ။ ကျွန်တော်သတိထားပါမယ်။ " ပထမတပည့်က ချီခွန်ကြယ်သခင်ကို ပြောလိုက်သည်။

" ငါတပည့်တွေထဲမှာ နောက်ထပ် ဘယ်သူကအဋ္ဌမအလွှာကို ရောက်နိုင်မလဲမသိဘူး။ " ချီခွန်ကြယ်သခင်က ခံစားချက်များနှင့် သက်ပြင်းချလိုက်သည်။

" ဒုတိယတပည့်လား တတိယတပည့်လား ဒါမှမဟုတ် အငယ်ဆုံး တပည့်လေးလား။ " ပထမတပည့်က ခန့်မှန်းကြည့်လိုက်သည်။

ချီခွန်ကြယ်သခင်၏ တပည့်များထဲတွင် ထိုသုံးယောက်သာ သတ္တမအလွှာတွင် ရှိကြလေသည်။

" ဘယ်သူဖြစ်မယ်လို့ မင်းထင်လဲ။ " ချီခွန်ကြယ်သခင်က စိတ်ဝင်တစားမေးလိုက်၏။

" ပါရမီအရဆိုရင်တော့ ညီငယ်လေးက အသန်မာဆုံးပဲ။ ဒါပေမယ့် အဋ္ဌမအလွှာကို တက်လှမ်းဖို့က နှစ်ပေါင်းများစွာ စုစည်းဖို့ လိုအပ်တဲ့ စိတ်စွမ်းအားက အရေးကြီးဆုံးပဲ။ ဒုတိယညီလေးက လုံလောက်လုနီးပါး ဖြစ်နေပြီ။ သူက ဘုရင်အဆင့်ကို ရောက်ရင် အတွင်းကမ္ဘာကို ဖွင့်ပြီး အဋ္ဌမအလွှာကို တက်လှမ်းလို့ရပြီ။ " ပထမတပည့်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူက အငယ်ဆုံးတပည့်ကို အထင်သေးခြင်းမဟုတ်ဘဲ စိတ်စွမ်းအားကို စုစည်းရန် အချိန်များစွာ လိုအပ်လေသည်။ အငယ်ဆုံးတပည့်က ယခုမှ အသက်တစ်ရာပင် မပြည့်သေးပေ။

" မင်းပြောတာ အဓိပ္ပါယ်ရှိတယ်။ " ချီခွန်ကြယ်သခင်က ခနစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။

" ဒါပေမယ့်..." ချီခွန်ကြယ်သခင်က စကားမဆုံးမီ တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အံ့အားသင့်စွာဖြင့် တစ်နေရာသို့ ကြည့်လိုက်သည်။

" တစ်ယောက်ယောက်က အဋ္ဌမအလွှာကို တက်လှမ်းသွားပြီလား။ " ပထမတပည့်ကလည်း ခံစားမိပြီး အော်ရာအရင်းအမြစ်ကို ကြည့်လိုက်သည်။

လင်းယွမ်က အတွင်းကမ္ဘာ၏ ကျယ်ပြန့်မှုကို ဖုံးကွယ်ထားနိုင်သော်လည်း သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်လှမ်းခြင်းက မူလနိယာမများ၏ အတက်အကျများ ပါဝင်နေသောကြောင့် ဖုံးကွယ်၍ မရပေ။

" ညီငယ်လေးလား။ " ပထမတပည့်က မျက်လုံးများ ပြူးကျယ်သွားသည်။ အဆင့်ချိုးဖျက်နေသည့် အော်ရာအရင်းအမြစ်က ရှစ်စန်းတောင်ထိပ်မှ လာခြင်းဖြစ်သည်။

လက်ရှိ ရှစ်စန်းတောင်ထိပ်၌ လင်းယွမ်တစ်ယောက်သာ အဋ္ဌမအလွှာသို့ တက်လှမ်းနိုင်စွမ်းရှိလေသည်။ သတ္တမအလွှာ အစောင့်များက အဋ္ဌမအလွှာသို့ တက်လှမ်းတော့မည်ဆိုလျှင် ကြယ်သခင်ကို ကြိုတင်အစီရင်ခံရလေသည်။

" ဟမ်...." ပထမတပည့်က ပါးစပ်အဟောင်းသား ဖြစ်သွား၏။

သူ၏ ဆရာနှင့်အတူ နောက်ထပ် အဋ္ဌမအလွှာသို့ တက်လှမ်းမည့်သူကို ခန့်မှန်းနေစဉ် အငယ်ဆုံးတပည့်က ချက်ချင်း အဋ္ဌမအလွှာသို့ တက်လှမ်းသွားတာလား။ ၎င်းက အဓိကအချက်မဟုတ်ပေ။ အဓိကအချက်မှာ အငယ်ဆုံးတပည့်က အသက်ဘယ်လောက်ရှိသေးလို့လဲ။ သူက မကြာသေးမီကမှ သတ္တမအလွှာကို ရောက်ခဲ့ပြီး ယခု အဋ္ဌမအလွှာသို့ ရောက်သွားခဲ့သည်။

" ငါ့ရဲ့ ဒီတပည့်က..." ချီခွန်ကြယ်သခင်က အတွေးထဲတွင် နစ်မြုပ်သွားသည်။

ပထမတပည့်က နောက်ထပ် အဋ္ဌမအလွှာသို့ တက်လှမ်းမည့်သူမှာ ဒုတိယတပည့်ဖြစ်နိုင်သည်ဟု ပြောချိန်တွင် သူက ထိုသို့မထင်ခဲ့ပေ။ ပထမတပည့်နှင့် ယှဉ်လျှင် ချီခွန်ကြယ်သခင်က လင်းယွမ်၏ ကျင့်ကြံမှုအရှိန်နှင့် အဋ္ဌမအလွှာ အထွတ်အထိပ်နီးပါးရှိသော အတွင်းကမ္ဘာရှိသည်ကို သိနေခဲ့သည်။ ထိုမျှ ကျယ်ပြန့်သော အတွင်းကမ္ဘာဖြင့် ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားတို့က တဖြည်းဖြည်း သန်မာလာပေလိမ့်မည်။

သို့သော် ချီခွန်ကြယ်သခင်၏ အမြင်တွင် လင်းယွမ်က အဋ္ဌမအလွှာသို့ ဝင်ရောက်ခဲ့လျှင်တောင် ဆယ်စုနှစ်အချို့ သို့မဟုတ် ရာစုနှစ်အနည်းငယ်တော့ ကြာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခု သူက အောင်မြင်သွားခဲ့သည်။

လင်းယွမ်၏ အဋ္ဌမအလွှာသို့ တက်လှမ်းခြင်းက ထွက်ပေါ်လာပြီး ချီခွန်ပင်မကြယ်တစ်ခုလုံး စတင်သက်ရောက်လာသည်။ မကြာသေးမီက စီနီယာအကိုကြီး အဋ္ဌမအလွှာသို့ တက်လှမ်းချိန်တွင် လင်းယွမ်က အဝေးမှပင် ခံစားခဲ့ရသည်။ အကြောင်းမျိ သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်လှမ်းခြင်းက မူလနိယာမများ၏ လှုပ်ရှားမှုကို ဖြစ်ပေါ်စေပြီး ဖုံးကွယ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

ချီခွန်ပင်မကြယ်ပေါ်ရှိ ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက ရုတ်ရုတ်သဲသဲဖြစ်သွ းသည်။

" နောက်ထပ် တောင်ထိပ်သခင်တစ်ယောက်က အဋ္ဌမအလွှာကို ရောက်သွားပြန်ပြီလား။ "

"မဟာတောင်ထိပ်သခင်က မကြာသေးခင်ကမှ အဋ္ဌမအလွှာကို တက်လှမ်းသွားတာ အခု နောက်ထိပ်တောင်ထိပ်သခင်တစ်ယောက်က နောက်ကလိုက်လာတာလား။ "

" ငါတို့ချီခွန်ကြယ်နယ်မြေက အင်အားကြီးပုဂ္ဂိုလ်တွေ ဆက်တိုက်ထွက်ပေါ်လာတာပဲ။ "

ချီခွန်ပင်မကြယ်ပေါ်ရှိ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက အံ့အားသင့်ကုန်ကြ၏။

" ထူးဆန်းတယ်။ ငါ မကြာသေးခင်က ဒုတိယ၊ တတိယတောင်ထိပ်သခင်တို့နဲ့ တွေ့ခဲ့သေးတယ်။ သူတို့က ခရီးထွက်တော့မှာမလို့ ချီခွန်ပင်မကြယ်မှာ မရှိလောက်တော့ဘူး။ "

" ဒါဆို အခု ပင်မကြယ်မှာ သတ္တမအလွှာက ရှစ်စန်းတောင်ထိပ်သခင်တစ်ယောက်ပဲ ရှိတော့တယ်လေ။ "

" ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာကို တက်လှမ်းသွားတာဖြစ်နိုင်လား။ "

ထိုခန့်မှန်းချက်က ဆင့်ကဲပြောင်းလဲသူများကို စိတ်ရှုပ်သွားစေခဲ့သည်။ ရှစ်စန်းတောင်ထိပ်သခင်က မကြားသေးမီက သတ္တမအလွှာသို့ ရောက်ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုအချိန်တိုအတွင်း အဋ္ဌမအလွှာကို ဘယ်လိုလုပ်ရောက်နိုင်မှာလဲ။ ကျင့်ကြံတာက စားသောက်တာလောက် လွယ်လို့လား။

သို့သော် ဒုတိယနှင့် တတိယတောင်ထိပ်သခင်များ မရှိသောကြောင့် အဋ္ဌမအလွှာသို့ တက်လှမ်းသွားသူက ရှစ်စန်းတောင်ထိပ်သခင် ဖြစ်နိုင်ချေများလေသည်။

သတ္တမအလွှာ ဘုရင်အဆင့်များက အဋ္ဌမအလွှာသို့ ချိုးဖျက်နိုင်ချေရှိသော်လည်း သူတို့က အစောင့်တစ်ယောက်အဆင့်တက်တော့မည်ဆိုလျှင် ကြယ်သခင်က တက်လှမ်းခြင်းဂြိုလ်သို့ စေလွှတ်ပြီး ချီခွန်ပင်မကြယ်ပေါ်တွင် အဆင့်တက်ခွင့်မပြုပေ။ ဖြစ်နိုင်ချေအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက် ရှစ်စန်းတောင်ထိပ်သခင်သာ အခြေအနေများနှင့် ကိုက်ညီလေသည်။

" ငါ ဒုတိယနဲ့ တတိယတောင်ထိပ်သခင်တို့ကို ဆက်သွယ်ပြီးပြီ။ သူတို့ အခု ပင်မကြယ်မှာမရှိဘူး။ " သတ္တမအလွှာ ဘုရင်အဆင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပြောလိုက်သည်။

ထိုစကားများ ပြောပြီးသည်နှင့် ဆူဆူညံညံ ဖြစ်သွားကြသည်။ အကြောင်းမှာ ၎င်းက အဋ္ဌမအလွှာသို့ တက်လှမ်းသွားသော ဆင့်ကဲပြောင်းလဲသူက ရှစ်စန်းတောင်ထိပ်သခင်ဖြစ်သည်ဟု ပြောလိုက်သလိုပင် ဖြစ်နေသည်။

" အဆင့်တက်တာက ချောချောမွေ့မွေ့ပဲ။ "

" သူက အခု အဋ္ဌမအလွှာကို ဝင်ရောက်သွားပြီ။ "

သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်လှမ်းရာတွင် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို မဖြတ်ကျော်နိုင်ခြင်း၊ အတွင်းကမ္ဘာကို မဖွင့်လှစ်နိုင်ခြင်း စသည်အခက်အခဲများ ရှိသည်ကို သိထားကြသည်။၎င်းတို့ထဲမှ တစ်ခုခုဖြစ်ခဲ့လျှင် အဆင့်တက်ခြင်းလက္ခဏာများက ရပ်တန့်သွားပေလိမ့်မည်။

သို့သော် ယခု သူတို့ခံစားမိသော အဆင့်တက်ခြင်း အော်ရာက အံ့မခန်းချောမွေ့နေပြီး စမ်းချောင်းတစ်ခုကဲ့သို့ ရပ်တန့်ခြင်းမရှိဘဲ စီးဆင်းနေသည်။

" အဋ္ဌမအလွှာကို တက်လှမ်းတာက တကယ် ရှစ်စန်းတောင်ထိပ်သခင်ဖြစ်ရင် သူ့ရဲ့ အလားအလာက ကြောက်စရာကောင်းလွန်းတယ်။ "

" အနာဂတ်မှာ သူက နဝမအလွှာကို မချိုးဖျက်နိုင်ရင်တောင် အဋ္ဌမအလွှာမှာ ကြယ်သခင်လိုမျိုး ပြိုင်ဘက်ကင်းတည်ရှိမှု ဖြစ်လာလိမ့်မယ်။ "

အတွေ့အကြုံနည်းသော သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် ရှစ်စန်းတောင်ထိပ်သခင်၏ အနာဂတ် အနိမ့်ဆုံးကန့်သတ်ချက်က ချီခွန်ကြယ်သခင်ကဲ့သို့ အဋ္ဌမအလွှာတွင် ပြိုင်ဘက်ကင်းဖြစ်လာမည်ကို မြင်နိုင်လေသည်။ အမြင့်ဆုံးကန့်သတ်ချက်ကတော့ မသေချာပေ။ နဝမအလွှာ သို့မဟုတ် ဒသမအလွှာပင် ဖြစ်နိုင်လေသည်။

ချီခွန်မျိုးနွယ်မှ နောက်ထပ် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာသည့်သတင်းက မုန်တိုင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအားလုံးသို့ စတင်ပျံ့နှံ့သွားသည်။

အထူးသဖြင့် ထိုအဋ္ဌမအလွှာက အငယ်ဆုံး ရှစ်စန်းတောင်ထိပ်သခင်ဖြစ်နိုင်သည်ဟူသောကြောင့် ပြင်းထန်သော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဝမ်ယန်ကြယ်နယ်မြေ။

ကြယ်တစ်လုံး၏ မျက်နှာပြင်ပေါ်တွင် အကြီးအကဲတစ်ယောက် ပေါ်လာသည်။

" အရှင် အရှင်..." အကြီးအကဲက အလောတကြီး ခေါ်လိုက်သည်။

လွန်ခဲ့သော ဆယ်နှစ်နီးပါးက ဝမ်ယန်တော်ဝင်သားတော်မှာ သူ၏ အသက်ကို စွန့်စားကာ ကြယ်တစ်လုံး၏ အူတိုင်အတွင်း ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သူ၏ မွေးရာပါအလားအလာကို အပြည့်အဝ အသုံးချပြီး သတ္တမအလွှာသို့ အမြန်ဆုံး တက်လှမ်းကာ ချီခွန်မျိုးနွယ်မှ ရှစ်စန်းတောင်ထိပ်သခင်ကို မှီနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် ကြယ်၏ နက်ရှိုင်းသော အတွင်းပိုင်းမှ မီးခိုးရောင်သလင်းကျောက်တစ်ခု ပျံထွက်လာသည်။ သလင်းကျောက်က အကြီးအကဲ၏ ရှေ့တွင် အရည်ပျော်သွားပြီး ဝမ်ယန်တော်ဝင်သားတော် ထွက်ပေါ်လာသည်။

" ဘာလဲ " သူက မေးလိုက်၏။ " အရေးကြီးကိစ္စမဟုတ်ရင် ငါ့ကို မနှောက်ယှက်ဖို့ ပြောထားတယ်လေ။ "

ဝမ်ယန်တော်ဝင်သားတော်က မျက်မှောင်ကြုတ်သွား၏။ သူက နှစ်ပေါင်းနှစ်ရာ တံခါးပိတ်ကျင့်ကြံရန် စီစဉ်ဖားခဲ့သည်။ သို့သော် ယခု ဆယ်နှစ်မပြည့်သေးမီ သူ့ကို လာရောက်နှောက်ယှက်သောကြောင့် အလွန်မကျေမနပ်ဖြစ်သွား၏။

" အရှင် ဒါက သတင်းကောင်းပါ။ " အကြီးအကဲက ပြုံးပြီး ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် ပက်သက်သော အချက်အလက်များကို ပြောပြလိုက်သည်။

" ကြီးမြတ်သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်လား။ ငါတို့က လေ့လာနိုင်ပြီး ကြီးမြတ်သူရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ရင် ကြီးမြတ်သူတစ်ယောက် ဖြစ်လာနိုင်တယ်။ " ဝမ်ယန်တော်ဝင်သားတော်၏ မျက်လုံးများက လင်းလက်သွား၏။

၎င်းသာ အမှန်ဖြစ်လျှင် ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာခြင်းက တံခါးပိတ်ကျင့်ကြံခြင်းထက် ပိုမိုကောင်းမွန်လေသည်။

" ကြီးမြတ်သူတစ်ယောက်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ဖို့ ငါမမျှော်လင့်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ လျို့ဝှက်ချက်နည်းနည်းကို နားလည်ရုံနဲ့ ငါ သတ္တမအလွှာကို တက်လှမ်းနိုင်လိမ့်မယ်။ " ဝမ်ယန်တော်ဝင်သားတော်၏ ရင်ထဲတွင် မီးများတောက်လောင်နေသည်။

သူ၏ ခန့်မှန်းချက်အရ ကြယ်အတွင်း၌ သေလုနီးပါး အတွေ့အကြုံများကို ရင်ဆိုင်ခြင်းဖြင့် နှစ်ပေါင်းနှစ်ရာအတွင်း သတ္တမအလွှာကို ရောက်ရှိပေလိမ့်မည်။ သို့သော် ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်ကို လေ့လာခြင်းဖြင့် သူက နှစ်တစ်ရာအတွင်း သတ္တမအလွှာကို ရောက်နိုင်လေသည်။

သူက သတ္တမအလွှာသို့ ရောက်သည်နှင့် ရှစ်စန်းတောင်ထိပ်သခင်နှင့် တူညီသော နယ်ပယ်တွင် ရှိနေပြီး ယန်ကိုးပါးနတ်သွေးကြောနှင့် သူက များစွာ နောက်ကျကျန်ခဲ့မည်မဟုတ်ပေ။

ဝမ်ယန်တော်ဝင်သားတော်က မျှော်လင့်ချက်များနှင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာရန် ပြင်ဆင်တော့မည့်အချိန်တွင် အကြီးအကဲ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက နောက်ဆုံးအချက်အလက်များကို သိရှိရန် သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် အဆက်မပြတ် ချိတ်ဆက်ထားခဲ့သည်။

" အရှင်..." အကြီးအကဲက စိတ်အားထက်သန်နေသော ဝမ်ယန်တော်ဝင်သားတော်ကို ကြည့်လိုက်သည်။ " သတင်းဆိုးတစ်ခု ရှိပါတယ်။ "

" သတင်းဆိုးလား။ " ဝမ်ယန်တော်ဝင်သားတော်က အကြီးအကဲကို သာမန်အတိုင်း ကြည့်လိုက်သည်။ " ဘာသတင်းဆိုးလဲ။ "

All Chapters