← Chapters

ချီခွန်မျိုးနွယ်၏ ကြေညာချက်....

Vol. 22 Ch. 333

ချီခွန်မျိုးနွယ်၏ ကြေညာချက်....

Vol. 22 Ch. 333

လင်းယွမ်က ဆဋ္ဌမအလွှာ အထွတ်အထိပ် သို့မဟုတ် သတ္တမအလွှာသို့ တက်လှမ်းချိန်တွင် သူ၏ အတွင်းကမ္ဘာကို ဖန်တီးခဲ့သော်လည်း အခြားအဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် မတိုက်ခိုက်ဖူးပေ။

ယခု စီနီယာအကိုကြီးက စတင်ပြောဆိုလာသောကြောင့် သူက သဘာဝအတိုင်း ငြင်းဆန်မည်မဟုတ်ပေ။

" ညီငယ်လေး မင်းသတိထားသင့်တယ်။ ငါက မကြာသေခင်ကမှ အဋ္ဌမအလွှာကို ရောက်ခဲ့ပေမယ့် အရင်ကတည်းက ရင်းနှီးပြီးသားပဲ။ " စီနီယာအကိုကြီးက သတိပေးလိုက်သည်။

၎င်းက သူ၏ ညီငယ်လေးနှင့် တန်းတူဖြစ်ရန် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နိုင်လေသည်။ အချိန်အနည်းငယ်အတွင်း ညီငယ်လေး၏ ပါရမီစွမ်းရည်များနှင့် သူက သေချာပေါက် နောက်ကျကျန်ခဲ့ပေလိမ့်မည်။

ဝုန်း.....

စီနီယာအကိုကြီးက အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ကမ္ဘာစွမ်းအားက ပတ်ဝန်းကျင်ကို လွှမ်းခြုံလာသည်။ ကြောက်စရာကောင်းသော ကမ္ဘာစွမ်းအား၏ ဖိနှိပ်မှုက ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများကို အလွယ်တကူ ချေမှုန်းပစ်နိုင်လေသည်။

" ဟင် " စီနီယာအကိုကြီးက သူ၏ ကမ္ဘာစွမ်းအားကို ထုတ်ဖော်ပြီး လင်းယွမ်ကို ဖိနှိပ်လိုက်သောအခါ သူက တွင်းနက်ကြီးတစ်ခုကို ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

ဝုန်း....

စီနီယာအကိုကြီး၏ ကမ္ဘာစွမ်းအားထက် များစွာ သာလွန်သော စွမ်းအားတစ်ခုက လင်းယွမ်ကို ဗဟိုပြု၍ ပေါက်ကွဲလာပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

" ငါ..." စီနီယာအကိုကြီး၏ အမူအရာက ပြောင်းလဲသွားပြီး ထိုစွမ်းအားက အဆုံးမရှိသကဲ့သို့ ခံစားလိုက်ရသည်။ ထိုစွမ်းအားအောက်တွင် သူ၏ ကမ္ဘာစွမ်းအားက လုံးဝ လွှမ်းမိုးခံလိုက်ရသည်။

" ရပ် ရပ် ရပ်..." စီနီယာအကိုကြီးက လျင်မြန်စွာ အော်လိုက်သည်။

" ဒီလိုကမ္ဘာစွမ်းအားမျိုး..." စီနီယာအကိုကြီးက ယုံကြည်ရန် ခက်ခဲနေသည်။ သူ၏ ကမ္ဘာစွမ်းအားကို ချေမှုန်းခဲ့သော စွမ်းအားက ကမ္ဘာစွမ်းအားဖြစ်သည်ကို သိခဲ့သော်လည်း သူ၏ စွမ်းအားထက် များစွာ ပိုမိုအားကောင်းနေသည်။

ချီခွန်ကြယ်သခင်၏ ဖိအားမျိုးမရှိလျှင်တောင် အခြားအဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် သာလွန်လေသည်။

" ညီငယ်လေး မင်းရဲ့ အတွင်းကမ္ဘာက စွမ်းအားကြီးလွန်းတယ်။ "

ကမ္ဘာစွမ်းအားက အတွင်းကမ္ဘာကို ကိုယ်စားပြုလေသည်။ လင်းယွမ်၏ ကမ္ဘာစွမ်းအားက သူ့ထက် များစွာ အားကောင်းနေခြင်းမှာ သူ၏ အတွင်းကမ္ဘာက မည်မျှနက်ရှိုင်းသည်ကို ဖော်ပြနေသည်။ သို့သော် လင်းယွမ်က မကြာသေးမီကမှ အဆင့်တက်ခဲ့တာမဟုတ်လား။

စီနီယာအကိုကြီးက ခန စိတ်ရှုပ်ထွေးသွားသည်။

" မင်းရဲ့ ညီငယ်လေးက သူ့စွမ်းအားအကုန်ထုတ်တာမဟုတ်ဘူး။ " ချီခွန်ကြယ်သခင်က ပြောပြီး ခေါင်းခါလိုက်သည်။

အဋ္ဌမအလွှာသို့ မရောက်ခင်ကပင် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်တစ်သိန်းကျော်ရှိလေသည်။ ယခုအခါ အနည်းဆုံး နှစ်ဆတိုးလာပေလိမ့်မည်။ အတွင်းကမ္ဘာ မိုင်နှစ်ရာကျော်သာ ရှိသော စီနီယာအကိုကြီးနှင့် ရင်ဆိုင်ရာတွင် လင်းယွမ်က သူ၏ စွမ်းအားအကုန် ထုတ်ခဲ့ပါက စီနီယာအကိုကြီး၏ ဘဝမှာ မတွေးရဲစရာပင် ဖြစ်သည်။

" အစွမ်းကုန်မထုတ်ဘူးလား။ " စီနီယာအကိုကြီးက စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ၏ ဆရာက သူ့ကို လိမ်မည်မဟုတ်သောကြောင့် လင်းယွမ်က ယခုမှအဆင့်တက်ထားလျှင်တောင် သူ့ထက် သာလွန်မည်မှာ သေချာလေသည်။

" ကောင်းပြီ။ တပည့်လေး မင်းက အခု အဋ္ဌမအလွှာနဲ့ ရင်းနှီးအောင် လုပ်လိုက်ဦး။ ကျန်တာ နောက်မှဆွေးနွေးတာပေါ့။ " ချီခွန်ကြယ်သခင်က အကြံပေးလိုက်သည်။

" ပြီးတော့ မင်း အဋ္ဌမအလွှာ တက်လှမ်းသွားတဲ့အကြောင်းကို ကြေညာဖို့ ငါ တစ်ယောက်ကို ခိုင်းလိုက်မယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။

အထူးသဖြင့် သူ၏ မိတ်ဆွေဟောင်းများက အဋ္ဌမအလွှာသို့ တက်လှမ်းသွားသူမှာ ရှစ်စန်းတောင်ထိပ်သခင် ဟုတ် မဟုတ် အတည်ပြုရန် မက်ဆေ့ချ်များ ဆက်တိုက်ပို့နေကြလေသည်။

" ကျေးဇူးတင်ပါတယ် ဆရာ။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

လင်းယွမ် အဋ္ဌမအလွှာသို့ တက်လှမ်းသည့်သတင်းက ချီခွန်မျိုးနွယ်၏ ကြေညာချက်ကြောင့် အတည်ပြုနိုင်သွားသည်။ အဓိကအားဖြင့် ဖုံးကွယ်ရန် မလိုအပ်ပေ။ အထွတ်အထိပ်မျိုးနွယ်များထဲမှ တစ်ခုအနေဖြင့် လူသားမျိုးနွယ်က ပြန်လည်ရှင်သန်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

ပဉ္စမအလွှာထိ အသက်အနှစ်သာရက မလုံလောက်သေးသောကြောင့် ပြန်လည်ရှင်သန်ခြင်း စံနှုန်းများနှင့် မကိုက်ညီသေးပေ။ ထို့ကြောင့် လျို့ဝှက်ထားရန် လိုအပ်လေသည်။ သူတို့သေလျှင် အစစ်အမှန် သေခြင်းဖြစ်၏။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ပြန်လည်ရှင်သန်စေရန် ကြီးမြတ်သူများအတွက် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။

အင်အားကြီးမျိုးနွယ်များမှ ပါရမီရှင်များက သတိထားရန် လိုအပ်လေသည်။ အကြောင်းမှာ သူတို့၏ မျိုးနွယ်တွင် ကြီးမြတ်သူများ မရှိသောကြောင့် ဖြစ်သည်။ သူတို့က ပြန်လည်ရှင်သန်ရန် လိုအပ်လျှင် အထွတ်အထိပ်မျိုးနွယ်များထံ အကူအညီ တောင်းရပေလိမ့်မည်။

" ချီခွန်မျိုးနွယ်က ကြေညာပြီးသွားပြီ။ အဋ္ဌမအလွှာကို တက်လှမ်းသွားတာ တကယ် ရှစ်စန်းတောင်ထိပ်သခင်ပဲ။"

" ဘုရားရေ ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာကို ရောက်သွားတာ အသက်ဘယ်လောက်တောင် ရှိသေးလို့လဲ။ "

" ငါ ရှစ်စန်းတောင်ထိပ်သခင်အရွယ်တုန်းက ပထမအလွှာနဲ့ ဒုတိယအလွှာမှာ တိုင်ပတ်နေတုန်းပဲ။ "

အချို့က ချီခွန်မျိုးနွယ်မှ မကြေညာသေးမီ အဋ္ဌမအလွှာသို့ တက်လှမ်းသွားခဲ့သူမှာ ရှစ်စန်တောင်ထိပ်သခင်ဖြစ်သည်ကို သံသယဝင်ခဲ့ကြသည်။ သို့သော် ယခုတော့ အတည်ပြုပြီးသွားပြီဖြစ်သည်။

ဝမ်ယန်ကြယ်နယ်မြေ။

ဝမ်ယန်တော်ဝင်သားတော်က ချီခွန်မျိုးနွယ်၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေသည်။ ကြေညာချက် ထုတ်ပြန်သည်နှင့် သူက ချက်ချင်း သိသွားခဲ့သည်။

" ရှစ်စန်းတောင်ထိပ်သခင်က တကယ်ပဲ အဋ္ဌမအလွှာကို တက်လှမ်းသွားခဲ့တာလား။ " ဝမ်ယန်တော်ဝင်သားတော်က ရေရွတ်လိုက်၏။ သူက စောင့်ဆိုင်းနေချိန်တွင် ၎င်းကို လက်ခံလုနီးပါး ဖြစ်ခဲ့သည်။ ယခု ကြေညာချက်ကို မြင်သောအခါ အရာအားလုံး သေချာသွားခဲ့သည်။

" အရှင် အဆင်ပြေရဲ့လား။ " အကြီးအကဲက စိုးရိမ်တကြီး မေးလိုက်သည်။

ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာသို့ တက်လှမ်းသွားသည်ကို သိရချိန်တွင် သူကိုယ်တိုင်လည်း မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ ရှစ်စန်းတောင်ထိပ်သခင်ကို ယှဉ်ပြိုင်နေသော ဝမ်ယန်တော်ဝင်သားတော်ဆိုလျှင် ပြောစရာပင် မလိုပေ။

" အရှင် အရှင်က ရှစ်စန်းတောင်ထိပ်သခင်ကို လိုက်ယှဉ်နေဖို့ မလိုပါဘူး။ တစ်ခါတစ်လေ အဲ့လိုပါရမီရှင်တွေက ကျိုးကြောင်းမဆီလျော်ဘူး။ " အကြီးအကဲက ဝမ်ယန်တောင်ဝင်သားတော်ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

" ငါနားလည်တယ်။ " ဝမ်ယန်တော်ဝင်သားတော်က သက်ပြင်းချလိုက်သည်။

ရှစ်စန်းတောင်ထိပ်သခင်က သတ္တမအလွှာ ဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်နေလျှင်တောင် ဝမ်ယန်တော်ဝင်သားတော်က ဖိအားများကို ခံစားရပေလိမ့်မည်။ သို့သော် ယခု ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာသို့ တက်လှမ်းသွားသောအခါ သူ၏ ဝန်ထုပ်ဝန်ပိုးများ ပေါ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယခုမှစ၍ သူက ရှစ်စန်းတောင်ထိပ်သခင်ကို မှီရန် ကြိုးစားခြင်းက အဓိပ္ပါယ်မရှိတော့ပေ။ အကြောင်းမှာ သူ မှီနိုင်မည်မဟုတ်ပေ။

ချီခွန်ပင်မကြယ်။

ပထမတောင်ထိပ်တွင် အဖွဲ့ဝင်သစ် ဖန်ယုက ချီခွန်မျိုးနွယ်၏ ကြေညာချက်ကို ကြည့်ပြီး တိတ်ဆိတ်သွားသည်။

ဖန်ယုက တိတ်ဆိတ်စွာ ထိုင်လျက် ကြေညာချက်ကို အကြိမ်ကြိမ် ဖတ်နေသည်။ " ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာသို့ တက်လှမ်းသွားပြီ" ဟူသော စကားလုံးများက သူ၏ စိတ်ထဲတွင် အဆက်မပြတ် ပေါ်လာနေသည်။

ရှစ်စန်းတောင်ထိပ်သခင်၏ ဖိတ်ခေါ်မှုအား ငြင်းပယ်ခဲ့သည့်အချိန်ကို ပြန်တွေးပြီး ဖန်ယုက အနည်းငယ် မွန်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှစ်စန်းတောင်ထိပ်သခင်က သူ့ကို ရှစ်စန်းတောင်ထိပ်သို့ ဖိတ်ခေါ်ခဲ့ခြင်းမရှိလျှင် သူက ထိုခံစားချက်မျိုး ခံစားရမည်မဟုတ်ပေ။ စမ်းသပ်မှုပါဝင်သူများထဲတွင် သုံးယောက်ကသာ ရှစ်စန်းတောင်ထိပ်သခင်၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုထဲတွင် သူလည်းအပါအဝင်ဖြစ်ပြီး ထိုအချိန်ကသာ သူမငြင်းပယ်ခဲ့လျှင် သူက ရှစ်စန်းတောင်ထိပ်သခင်၏ တပည့်တစ်ယောက် ဖြစ်နေပေလိမ့်မည်။

" အဲ့ဒီတုန်းက အခြေအနေအရ ငါ့ရဲ့ ရွေးချယ်မှုက မမှားခဲ့ဘူး။ " ဖန်ယုက သူ၏ စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်လိုက်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုအတွင်း ရှစ်စန်းတောင်ထိပ်သခင်က သတ္တမအလွှာတွင်သာ ရှိနေပြီး မဟာတောင်ထိပ်သခင်မှာ အဋ္ဌမအလွှာသို့ ရောက်နေပြီဖြစ်သည်။

ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာသို့ ရောက်ရန် မျှော်လင့်ချက်ရှိနေလျှင်တောင် ၎င်းက မျှော်လင့်ချက်သာ ဖြစ်သည်။ ၎င်းထက် သေချာသော မဟာတောင်ထိပ်သခင်ကို ရွေးချယ်ခြင်းက မှားယွင်းမှုမဟုတ်ပေ။

" ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာကို ဒိလောက်မြန်မြန် ရောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ " ဖန်ယုက သက်ပြင်းချလိုက်သည်။

သူပင်မဟုတ် ချီခွန်နယ်မြေတစ်ခုလုံး အန်နန်ကြယ်မဟာမိတ်တစ်ခုလုံးက ရှစ်စန်းတောင်ထိပ်သခင် အဋ္ဌမအလွှာသို့ ရောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

" မဟုတ်ဘူး။ ငါ အဲ့ဒါကို ကြိုမြင်ခဲ့သင့်တယ်။ "

" မိုလီက ကြိုမြင်ခဲ့တာပဲ။ ငါက မဟာတောင်ထိပ်သခင်ကို ရွေးချယ်လိုက်တယ်လို့ ပြောတဲ့အချိန်မှာ အံ့ဩသွားတဲ့ သူ့ရဲ့ အမူအရာကို ငါမှတ်မိနေတုန်းပဲ။ " ဖန်ယုက ရေရွတ်လိုက်၏။

" မိုလီက ရှစ်စန်းတောင်ထိပ်သခင်မှာ အကန့်အသတ်မဲ့တဲ့ အလားအလာတွေ ရှိတာကို အစကတည်းက သိနေခဲ့တယ်။ " ဖန်ယုက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

" ဒါပေမယ့် မိုလီက သတ္တမအလွှာ ရှိတဲ့ အင်အားစုတစ်ခုကပဲ။ သူက မှားယွင်းတဲ့ ရွေးချယ်မှုလုပ်ခဲ့ရင်တောင် သက်ရောက်မှု သိပ်မရှိဘူး။ ငါကမတူဘူး။ ငါက အကောင်းဆုံး ရွေးချယ်မှုကို လုပ်ဖို့လိုတယ်။ အဲ့ဒီအချိန်တုန်းကငါ့အတွက် အကောင်းဆုံး ရွေးချယ်မှုက မဟာတောင်ထိပ်သခင်ပဲ။ " ဖန်ယုက ခေါင်းခါလိုက်သည်။

" အဲ့ဒီလိုအခွင့်အရေးမျိုး မရှိတော့ဘူး။ "

ဖန်ယုက သူ့ဘဝတွင် အကြီးမားဆုံး အခွင့်အရေးတစ်ခုကို လက်လွတ်ဆုံးရှုံးခဲ့သည်ကို နားလည်သွားသည်။ ရှစ်စန်းတောင်ထိပ်သခင်က အသက်တစ်ရာမပြည့်မီ အဋ္ဌမအလွှာသို့ တက်လှမ်းသွားခြင်းမှာ အကန့်အသတ်မဲ့သော အနာဂတ်ရှိနေသည်ကို ဖန်ယုပင် သိနေလေသည်။

All Chapters