← Chapters

ကြီးမြတ်သူရှချင်....

Vol. 22 Ch. 335

ကြီးမြတ်သူရှချင်....

Vol. 22 Ch. 335

" ငါ့ရဲ့ လက်ရှိ နားလည်မှုနှုန်းနဲ့ဆို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ဖို့ဆိုရင် အများဆုံး လအနည်းငယ်ပဲ လိုလိမ့်မယ်။ "

လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကလည်း သူ၏ အဆင့်ပေါ်တွင် မူတည်လေသည်။

အကယ်၍ လင်းယွမ်က သာမန်လူတစ်ယောက်ဖြစ်လျှင် အပင်တစ်ပင် သို့မဟုတ် ပန်းတစ်ပွင့်ကို လေ့လာခြင်းဖြင့် သာမန်သိုင်းပညာများကို နားလည်ပေလိမ့်မည်။ သို့သော် လင်းယွမ်က အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လျှင် အသက်နိယာမနှင့် ပက်သက်သော ထိုးထွင်းသိမြင်မှုများကို ရရှိနိုင်လေသည်။

အလားတူပင် အဋ္ဌမအလွှာသို့ တက်လှမ်းပြီးနောက် လင်းယွမ်၏ နားလည်နိုင်စွမ်းက အခြားအဆင့်တစ်ခုသို့ ရောက်သွားခဲ့သည်။

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ပြီးတော့ ငါက နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ သာမန်အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ ၆၆၆၆မျိုးဆိုရင်ရော။ ဒါမှမဟုတ် ၉၉၉၉မျိုးဆိုရင်ရော။ " လင်းယွမ်က တွေးလိုက်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်များနှင့် အဓိကအဖွဲ့ဝင်များ၏ အသုံးဝင်ပုံကို သူမသိသော်လည်း အဖွဲ့ဝင်အဆင့် မြင့်လေ အကျိုးအမြတ် ပိုများနိုင်သည်ကိုတော့ သိလေသည်။

အဖွဲ့ဝင်အဆင့်မြင့်လာခြင်းက အကျိုးအမြတ်များ ရသည်ဖြစ်စေ မရသည်ဖြစ်စေ လင်းယွမ်က သိုင်းတာအို၏ အဋ္ဌမအလွှာကို အားဖြည့်ရန် ဤနေရာသို့ လာပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဆက်လက် လေ့လာရပေလိမ့်မည်။

ကောင်းကင်၏ တစ်ဖက်တွင် ပုံရိပ်အချို့က လင်းယွမ်ကို ကြည့်နေကြသည်။

" အဲ့ဒါ ချီခွန်မျိုးနွယ်ရဲ့ ရှစ်စန်းတောင်ထိပ်သခင်လား။ သူက မကြာသေးခင်ကမှ အဋ္ဌမအလွှာကို တက်လှမ်းသွားတာမလား။ "

" အသက်တစ်ရာမပြည့်လင် အဋ္ဌမအလွှာ။ ချီခွန်က တကယ် ကံကောင်းတာပဲ။ "

" အဋ္ဌမအလွှာကို ဒီလောက် မြန်မြန် ကျင့်ကြံနိုင်တာ တခြားအခွင့်အရေးတွေ ပါဝင်နေတာ ဖြစ်နိုင်မလား။ "

ပုံရိပ်များက အချင်းချင်း စကားပြောနေပြသည်။ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများအနေဖြင့် သူတို့၏ အာရုံကို ဆွဲဆောင်နိုင်သူမှာ ရှားလေသည်။

ယခင် အသက်တစ်ရာမပြည့်မီ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူအနေဖြင့် လင်းယွမ်က အနည်းငယ်သာ အာရုံစိုက်ခြင်း ခံခဲ့ရသည်။ ရှားပါးသော်လည်း သတ္တမအလွှာက နဝမအလွှာနှင့် အလှမ်းကွာနေဆဲ ဖြစ်သည်။

ယခု လင်းယွမ်က အဋ္ဌမအလွှာသို့ ရောက်သွားပြီး နဝမအလွှာနှင့် အလှမ်းဝေးနေလျှင်တောင် သူတို့၏ အာရုံစိုက်မှုနှင့် ထိုက်တန်လေသည်။

" ငါတို့ လူသားမျိုးနွယ်ရဲ့ ဒီမျိုးဆက်မှာ အသက်တစ်သောင်းအောက် လူတွေကြယး ကြီးမြတ်သူတွေရဲ့ မျိုးဆက်တွေနဲ့ အထူးအမွေအနှစ်ကို ဆက်ခံထားတဲ့သူတွေပဲ ယှဉ်နိုင်မယ်မဟုတ်လား။ " ပုံရိပ်တစ်ခုက ပြောလိုက်သည်။

ကြီးမြတ်သူများ၏ မျိုးနွယ်များက မွေးဖွားချိန်မှစ၍ ဂရုစိုက် ပျိုးထောင်ခြင်းခံရပြီး မမွေးဖွားမီကလည်း လေဟာနယ်၏ မူလရင်းမြစ်အတွင်း၌ အိပ်စက်ခဲ့ရာ သဘာဝအတိုင်း လေဟာနယ်နိယာမကို နားလည်ကြပြီး အခြားနိယာမများနှင့်လည်း နီးစပ်ကြသည်။ သူတို့ကသာ လင်းယွမ်နှင့် နှိုင်းယှဉ်နိုင်ကြပေလိမ့်မည်။

လျို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုတွင် မီးခိုးရောင် မြူခိုးများ လွှမ်းခြုံထားသော ပုံရိပ်တစ်ခုက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။

" အသက်တစ်ရာမပြည့်ခင် အဋ္ဌမအလွှာကို ဝင်ရောက်သွားတာလား။ စိတ်ဝင်စားစရာပဲ။ "

" စိတ်ဝင်စားစရာပဲ။ " ထိုပုံရိပ်၏ ရှေ့တွင် မြင်ကွင်းများ တဖျတ်ဖျတ် လင်းလက်သွားသည်။

" အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာတဲ့ ဒုတိယနည်းလမ်းကို မင်းက သိနေတာလား။ " ပုံရိပ်၏ စိတ်ထဲတွင် ခန့်မှန်းချက်များ ဖြစ်ပေါ်လာသည်။

မျိုးနွယ်ခြားတွေနဲ့ ဆက်စပ်နေတာလား။

ရွေးချယ်ခံလား။

စကြာဝဠာမူလရင်းမြစ်က လမ်းညွှန်တာလား။

" ဉာဏ်ပညာနတ်ဘုရား။ " ပုံရိပ်၏ အသံက ပဲ့တင်ထပ်သွားပြီး ပတ်ဝန်းကျင်၏ မိုင်ထရီလီယံပေါင်းများစွာကို တုန်ခါသွားစေသည်။

" လေးစားရပါသော ကြီးမြတ်သူ အမိန့်ပေးစရာရှိပါသလား။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။

" ငါ အဲ့ဒီလူငယ်လေးကို VR ကမ္ဘာမှာ တွေ့ဖို့ စဉ်းစားထားတယ်။ ဘာပြဿနာမှမရှိဘူးမဟုတ်လား။ " ပုံရိပ်က သာမန်အတိုင်း ပြောလိုက်သည်။

" လေးစားရပါသော ကြီးမြတ်သာ အဲ့ဒီနိုင်ငံသားက လူသားမျိုးနွယ်အတွက် အရမ်းအရေးကြီးပါတယ်။ သူဖန်တီးခဲ့တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အနာဂတ်မှာ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖြစ်လာနိုင်ချေရှိပါတယ်။ "

ဉာဏ်ပညာနတ်ဘုရားက သတိပေးလိုက်သည်။

" စိတ်မပူပါနဲ့။ ငါ့ကန့်သတ်ချက်ငါ သိပါတယ်။ " ပုံရိပ်က ပြောလိုက်သည်။

ချီခွန်ပင်မကြယ်တွင် လင်းယွမ်က လေ့လာဆင်ခြင်မှုကို အဆုံးသတ်လိုက်သည်။

" အဋ္ဌမအလွှာကို ရောက်သွားတော့ စိတ်ဝိညာဉ်ဖိအားကလည်း အဋ္ဌမအလွှာကို မြင့်တက်လာတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ထိုခန္ဓာကိုယ်အစိတ်အပိုင်းမှ စိတ်ဝိညာဉ်ဖိအားက လေ့လာဆင်ခြင်သူ၏ ကိုယ်ပိုင်စိတ်စွမ်းအားနှင့် ခွန်အားအပေါ်တွင် မူတည်လေသည်။

အဋ္ဌမအလွှာမပြောနှင့် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူကလည်း နဝမအလွှာ စိတ်ဝိညာဉ်ဖိအားကို ခံစားရပေလိမ့်မည်။

လင်းယွမ်က ခန်းမထဲမှ အပြင်ထွက်ပြီး လမ်းလျှောက်ရန် ပြင်ဆင်နေစဉ် ဉာဏ်ပညာနတ်ဘုရား၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

" လေးစားရပါသော အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် တစ်စုံတစ်ယောက်က သင့်ကို တွေ့ချင်နေပါတယ်။ "

" ငါ့ကို တွေ့ချင်တာလား။ " လင်းယွမ်က ရပ်တန့်သွားပြီး နားမလည်နိုင်ဖြစ်သွား၏။

ဉာဏ်ပညာနတ်ဘုရားက အခြားတစ်ယောက်အတွက် သတင်းပို့ပေးသည်ကို သူက တစ်ခါမှ မမြင်ဖူးခဲ့ပေ။ အနည်းဆုံး သူ့လို အဆင့်ခုနှစ်နိုင်ငံသားတစ်ယောက်ပင် ဉာဏ်ပညာနတ်ဘုရားကို ထိုသို့လုပ်ရန် အမိန့်ပေးနိုင်မည်မဟုတ်ပေ။

" ဘယ်သူလဲ။ " လင်းယွမ်က မေးလိုက်သည်။

" ကြီးမြတ်သူ "

" ကြီးမြတ်သူတစ်ယောက်က ငါ့ကို တွေ့ချင်တာလား။ " လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။ အကြောင်းမှာ ကြီးမြတ်သူများက လူသားမျိုးနွယ်၏ ထောက်တိုင်များ ဖြစ်ကြသောကြောင့် ဖြစ်သည်။

ယနေ့ လူသားမျိုးနွယ်ကို နတ်ဘုရားသုံးပါးက ဦးဆောင်ပြီး ကြီးမြတ်သူကိုးယောက်၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားများ၏ အထောက်အပံ့ဖြင့် မျိုးနွယ်စုပေါင်းများစွာကို ရှင်းလင်းနိုင်ခဲ့သည်။

" ဟုတ်ပါတယ်။ သင့်ကို တွေ့ချင်တဲ့ ကြီးမြတ်သူရဲ့ နာမည်က ရှချင်ပါ။ " ဉာဏ်ပညာနတ်ဘုရားက ပြန်ဖြေသည်။

" ကြီးမြတ်သူ ရှချင် " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။

ကြီးမြတ်သူ ရှချင်က လူသားမျိုးနွယ်၏ တတိယမြောက် ကြီးမြတ်သူဖြစ်ပြီး လူသားမျိုးနွယ်ပိုင်နက်၏ အရှေ့မြောက်ပိုင်တွင် ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကို စောင့်ကြပ်၍ အထွတ်အထိပ်မျိုးနွယ်နှစ်ခုကို ရင်ဆိုင်နေသည်။

" ငါ သူ့ကို ဘယ်လိုတွေ့ရမှာလဲ။ " လင်းယွမ်က မေးလိုက်သည်။

" VR ကမ္ဘာမှာ တွေ့ရမှာပါ။ " ဉာဏ်ပညာနတ်ဘုရားက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ကြီးမြတ်သူတစ်ယောက်က သူ့ကို တွေ့ဆုံလိုခြင်းမှာ လင်းယွမ်၏ မျှော်လင့်ချက်အတွင်း ရှိနေသည်။ သူ၏ ခွန်အားက ဆက်တိုက် တိုးတက်လာသည်နှင့်အမျှ ကြီးမြတ်သူတစ်ယောက်၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာလေသည်။

အဋ္ဌမအလွှာအောက်ရှိ ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာတို့တွင် ကြီးမြတ်သူများက သတိမပြုမိကြသော်လည်း အဋ္ဌမအလွှာက လးသားမျိုးနွယ်၏ အရေးပါသော အဆင့်အတန်း တစ်ခု ဖြစ်လေသည်။

ထို့အပြင် လင်းယွမ်က အသက်တစ်ရာမပြည့်မီ အဋ္ဌမအလွှာသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။ ကြီးမြတ်သူတစ်ယောက်က လင်းယွမ်ကို အာရုံမစိုက်ခဲ့လျှင်တောင် သူက အဋ္ဌမအလွှာ၏ တားဆီးမရသောအဆင့် သို့မဟုတ် နဝမအလွှာသို့ ရောက်သည်နှင့် ကြီးမြတ်သူတစ်ယောက်နှင့် တွေ့ဆုံရပေလိမ့်မည်။

လျို့ဝှက်ဆန်းကြယ်သော VR ကမ္ဘာတွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာပြီး သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

အဝေးတွင် မြင့်မားသော အမျိုးသားတစ်ဦးက ရပ်နေသည်။ မြင့်မားသည်ဟု ဆိုသည်မှာ သူ၏ အရပ်က သုံးမီတာသာ ရှိသော်လည်း လင်းယွမ်အတွက်မှု အလွန်မြင့်မားသည်ဟု ခံစားနေရပြီး ကြယ်ပေါင်းထောင်သောင်းချီ ပေါင်းစပ်ထားသကဲ့သို့ ထင်ရသည်။

" ကြီးမြတ်သူ...." လင်းယွမ်က ကြီးမြတ်သူကို ကြည့်လိုက်ရာ သူ၏ စိတ်ဝိညာဉ်ပင် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ကသည်။ သူက ကြယ်စကြာဝဠာနှင့် မူလရင်းမြစ်၏ အဆုံးမရှိသော လည်ပတ်မှုကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

" လေဟာနယ်နိယာမ၊ အချိန်နိယာမ၊ မဟုတ်ဘူး။ အဲ့ဒါ အချိန်နိယာမနဲ့ လေဟာနယ်နိယာမ ပေါင်းစပ်ထားတဲ့ အချိန်နဲ့လေဟာနယ်နိယာမလား။ ပြီးတော့ အသက်နိယာမ၊ ကျိုးကြောင်းနိယာမ.... အများကြီးပဲ တကယ်အများကြီးပဲ..."

လင်းယွမ်က သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နားလည်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်သော်လည်း ထိရောက်မှု မရှိသလောက်ပင် ဖြစ်သည်။

သူတို့နှစ်ယောက်ကြား ကွာဟချက်က ကြီးမားလွန်းလှသည်။ လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ပါဝင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်နိုင်ခြင်းမှာ တစ်ဖက် လုံးဝ သေဆုံးသွားခဲ့သောကြောင့် ဖြစ်သည်။ ကြီးမြတ်သူများက ၎င်းကို လေ့လာနိုင်ရန် တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ပြီး VR ကမ္ဘာတွင် သီးခြားခွဲထားခြင်းကြောင့်သာ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက လေ့လာဆင်ခြင်နိုင်ခြင်းဖြစ်သည်။

၎င်းတို့ကို ပြုလုပ်ခြင်းမရှိဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းကို တိုက်ရိုက်ယူဆောင်လာလျှင် ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက တစ်ချက်ကြည့်ရုံနှင့် ရူးသွပ်သွားနိုင်လောက်ပေသည်။

ယခုအခါ လင်းယွမ်က ကြီးမြတ်သူ ရှချင်ကို နားလည်ရန် ကြိုးစားခြင်းက ကြယ်စကြာဝဠာ၏ လည်ပတ်မှုကို နားလည်ရန် ကြိုးစားခြင်းနှင့်တူပြီး အချိန်တိုအတွင်း သိသာသော အရာတစ်ခုကို နားလည်နိုင်ခြင်းမရှိပေ။

" စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေး။ " ကြီးမြတ်သူ ရှချင်က လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။

" ကြီးမြတ်သူကို အရိုအသေပေးပါတယ်။ " လင်းယွမ်က ချက်ချင်း ရိုသေစွာ ပြောလိုက်သည်။

" ကြောက်စရာကောင်းတယ်။ မတူညီတဲ့ နိယာမတွေကို တကယ်ပေါင်းစပ်နိုင်တာလား။ " လင်းယွမ်က ကြီးမြတ်သူ ရှချင်ထံမှ နဝမအလွှာ နှင့် ဒသမအလွှာ လမ်းကြောင်းတစ်ခုကို အနည်းငယ်မြင်တွေအလိုက်ရသည်။

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက နဝမအလွှာသို့ တက်လှမ်းရန် ပြီးပြည့်စုံသော အတွင်းကမ္ဘာကိုသာမက ပေါင်းစပ်နိယာမများကိုလည်း လိုအပ်လေသည်။ ချီခွန်ကြယ်သခင်က ထိုနေရာတွင် ပိတ်မိနေပြီး လေဟာနယ်နိယာမနှင့် မီးနိယာမတို့ကို ပြည့်စုံစွာ ပေါင်စပ်နိုင်ခြင်းမရှိသေးပေ။

သို့သော် လင်းယွမ်က ကြီးမြတ်သူရှချင်၏ ခန္ဓာကိုယ်ပေါ်တွင် နိယာမများစွာ ပေါင်းစပ်နေသည်ကို ခံစားမိလိုက်သည်။

All Chapters