← Chapters

ကြယ်နယ်မြေရွေးချယ်ခြင်း...

Vol. 22 Ch. 339

ကြယ်နယ်မြေရွေးချယ်ခြင်း...

Vol. 22 Ch. 339

ယွမ်ရှန်းကျင်းကအမှန်တကယ် တန်ဖိုးကြီးပြီး ကြီးထွားခြင်းဂုဏ်သတ္တိများ ပိုင်ဆိုင်သော်လည်း ၎င်းကို ကြီးမြတ်သူအဆင့်ထိ မြင့်တင်နိုင်ရန် အရင်းအမြစ် မည်မျှမြှုပ်နှံရမည်ကို မသိနိုင်ပေ။

စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲက ကြီးမြတ်သူအဆင့် ရတနာဖြစ်နိုင်လေသည်။ မဟုတ်လျှင် ကြီးမြတ်သူတစ်ယောက်၏ တိုက်ခိုက်မှုကို ခနတာ ခုခံနိုင်မည်မဟုတ်ပေ။

ကြီးမြတ်သူတစ်ယောက်က အချိန်နိယာမကို အပြည့်အဝ ကျွမ်းကျင်ထားပြီး အဋ္ဌမအလွှာဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို တုန့်ပြန်ချိန်ပင် မရအောင် သတ်ဖြတ်နိုင်သော်လည်း ထိုရတနာက အချိန်အတိုင်းအတာတစ်ခုကို အတင်းအကျပ် ရရှိစေနိုင်လေသည်။ ထိုအချိန်အတွင်း လင်းယွမ်က ကိုယ့်ကိုကိုယ် ဖျက်ဆီးရန် ရွေးချယ်နိုင်လေသည်။

သူက ကြီးမြတ်သူတစ်ယောက်၏ မှတ်ဉာဏ်ညစ်ညမ်းခြင်းကို မခံရသရွေ့ ကြီးမြတ်သူများ၏ ပြန်လည်ရှင်သန်ခြင်းစွမ်းရည်အောက်တွင် သေခြင်းဆိုသည်မှာ ခဏတာ အိပ်စက်ခြင်းမျှသာဖြစ်၏။

" ယန်စိတ်ဝိညာဉ်က ချီခွန်ပင်မကြယ်မှာ ရှိနေရင် ငါ ကြီးမြတ်သူတစ်ယောက်နဲ့ ကြုံတွေ့ပြီး ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်ရင်တောင် ပြန်လည်ရှင်သန်ဖို့ ကြီးမြတ်သူတွေကို မလိုအပ်ဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ရှင်သန်နေခြင်းက ပိုကောင်းလေသည်။

စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲကို သန့်စင်ပြီးနောက် လင်းယွမ်က နောက်ထပ်ကိစ္စများကို စဉ်းစားလိုက်သည်။

၎င်းက နယ်စပ်ကြယ်နယ်မြေတစ်ခုကို ရွေးချယ်ပြီး နှစ်ပေါင်းငါးရာ တာဝန်ယူရန်ဖြစ်သည်။

" အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအများစုက နှစ်ပေါင်းငါးရာထက် အများကြီးပိုပြီး တာဝန်ယူကြတယ်။ ဥပမာ ဆရာဆိုရင် အဋ္ဌမအလွှာကို ရောက်ပြီးကတည်းက ခုချိန်ထိ ချီခွန်ကြယ်နယ်မြေကို တာဝန်ယူနေတာပဲ။ "

" ဘယ်နယ်မြေကို ရွေးချယ်ရမလဲဆိုတာ မြေပုံကြည့်ရမယ်။ " လင်းယွမ်က လုသားမျိုးနွယ်မဟာမိတ်၏ ပိုင်နက်မြေပုံကို ကြည့်လိုက်သည်။

နယ်စပ်ကြယ်နယ်မြေတစ်ခုကို ရွေးချယ်ပြီးနောက် အဋ္ဌမအလွှာဆင့်ကဲပြောင်းလဲသူက ၎င်းကို အမည်ပေးပိုင်ခွင့်ရှိလေသည်။ ဥပမာ ချီခွန်ကြယ်နယ်မြေကို ချီခွန်ကြယ်သခင် တာဝန်ယူမှ အမည်ပေးခဲ့ခြင်းဖြစ်သည်။

" အဲ့ဒီနေရာပဲ။ " လင်းယွမ်က မြေပုံပေါ်ရှိ နေရာတစ်ခုကို အာရုံစိုက်လိုက်သည်။

လင်းယွမ်က မြေပုံ၏ အစွန်အဖျားရှိ လူသားမျိုးနွယ်ပိုင်နက်ထဲသို့ ယခုမှရောက်လာသော ကြယ်နယ်မြေတစ်ခုကို ကြည့်ပြီး ဆုံးဖြတ်လိုက်သည်။

လူသားမျိုးနွယ်က အချိန်တိုင်း နယ်မြေများချဲ့ထွင်နေပြီး ကြယ်စနစ်များစွာကို ၎င်း၏ နယ်မြေထဲသို့ နေ့စဉ် ပေါင်းထည့်နေသည်။

ထိုကြယ်နယ်မြေများနှင့် ကြယ်စနစ်များကို လူသားမျိုးနွယ်သို့ ချောမွေ့စွာ ပေါင်းစည်ရန်အတွက် ၎င်းတို့ကို ကြီးကြပ်ရန် အင်အားကြီးသူများ လိုအပ်လေသည်။ ၎င်းက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဆိုလျှင် လုံလောက်လေသည်။

ကြယ်စကြာဝဠာတွင် မျိုးနွယ်များကြား စစ်ပွဲများတွင် အမြင့်ဆုံးကန့်သတ်ချက်က အဋ္ဌမအလွှာဖြစ်၏။ မကြယသေးမီက အင်းဆက်မျိုးနွယ်ကို တန်ပြန်တိုက်ခိုက်သည့် အဖြစ်အပျက်မျိုး ဖြစ်ပွားမှသာ နဝမအလွှာ သို့မဟုတ် ထိုထက်မြင့်သော ဆင့်ကဲပြောင်းလဲသူများကို စစ်မြေပြင်သို့ စေလွှတ်လေသည်။

သို့သော် ထိုအခြေအနေမျိုးက အလွန်ရှားပါးလေသည်။ ထိုအချိန်က အင်းဆက်မျိုးနွယ်မှာ ကြီးမြတ်သူ၏ အလောင်းကို လက်ဝါးကြီးအုပ်ချင်သောကြောင့်သာ ဖြစ်သည်။

သူတို့က လူသားမျိုးနွယ်၏ ဒေါသကို ဆွခဲ့ကြသည်။ အင်းဆက်မျိုးနွယ်ကလည်း အခြေအနေကို ကောင်းစွာသိပြီး လူသားမျိုးနွယ်၏ ရှင်းလင်းရေးကို ပြင်းထန်စွာ မခုခံခဲ့ပေ။

ထို့ကြောင့် ပုံမှန်စစ်ပွဲများတွင် အဋ္ဌမအလွှာက အမြင်ဆုံးတိုက်ခိုက်ရေးစွမ်းအားဖြစ်သည်။ နဝမအလွှာနှင့် ဒကမအလွှာများက မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကြီးများတွင်ပင် ပေါ်လာရန် ခက်ခဲလေသည်။

" အဲ့ဒီကြယ်နယ်မြေက ကြယ်စနစ်ဆယ့်နှစ်ခုရှိပြီး ကနဦးစစ်တမ်းတွေအရ လူသားတွေ ပုံမှန်နေထိုင်နိုင်တဲ့ အသက်ဂြိုလ်က ၁.၅သန်းရှိတယ်။ ပြီးတော့ ရင်းမြစ်ဂြိုလ်အမျိုးမျိုးက ဆယ်ဘီလီယံကျော်ရှိတယ်။ "

လင်းယွမ်က ကြယ်နယ်မြေ၏ အချက်အလက်များကို အသေးစိတ် ကြည့်ရှုလိုက်သည်။ ကနဦးစစ်တမ်းများသာ ပြုလုပ်ထားသောကြောင့် အချက်အလက်များစုက တိကျသေချာမှုမရှိသော်လည်း နားလည်ရန် လုံလောက်လေသည်။ အားလုံးခြုံကြည့်လျှင် သူရွေးချယ်လိုက်သော ကြယ်နယ်မြေက ချီခွန်ကြယ်နယ်မြေထက် တစ်ဝက်ပိုကြီးလေသည်။ အသက်ဂြိုလ်အရေအတွက်ကို ကြည့်ရုံနှင့် သိနိုင်လေသည်။

ထို့အပြင် အရေးကြီးဆုံးမှာ ထိုကြယ်နယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မျိုးနွယ်ခြားများထဲတွင် အထွတ်အထိပ်မျိုးနွယ်များ မပါဝင်သောကြောင့် ပိုမိုလုံခြုံလေသည်။

" နောင်အနာဂတ်မှာ ဒီနေရာက ငါနှစ်ပေါင်းငါးရာ ဒါမှမဟုတ် ဒီထက်ပိုပြီး တာဝန်ယူမယ့် နေရာဖြစ်လာလိမ့်မယ်။ " လင်းယွမ်က မြေပုံပေါ်ရှိ ကြယ်နယ်မြေကို ရှုထောင့်ပေါင်းစုံမှ စစ်ဆေးခဲ့သည်။

" တစ်ခါတည်း လျှောက်ထားလိုက်မယ်။ " လင်းယွမ်က ခနစဉ်းစားပြီးနောက် ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်ပြီး တိုက်ရိုက်လျှောက်ထားလိုက်သည်။

" လျှောက်ထားခြင်းကို လက်ခံလိုက်ပါပြီ။ မကြာခင် ဝန်ထမ်းတစ်ယောက်က သင့်ရဲ့ ခွန်အားကို စစ်ဆေးဖို့ ဆက်သွယ်လာပါလိမ့်မယ်။ " ဉာဏ်ပညာနတ်ဘုရားက တည်ငြိမ်သောအသံနှင့် ပြောလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ချီခွန်မျိုးနွယ်က လင်းယွမ် အဋ္ဌမအလွှာသို့ ရောက်သွားသည့်အကြောင်းကို ကြေညာထားသော်လည်း ကြယ်နယ်မြေတစ်ခုကို တာဝန်ယူလိုလျှင် လူသားမျိုးနွယ်ထံမှ တရားဝင်အတည်ပြုချက်ကို လိုအပ်လေသည်။ ၎င်းက ချီခွန်မျိုးနွယ်ကို သံသယဝင်ခြင်းကြောင့်မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းတစ်ခုသာ ဖြစ်သည်။

ကြီးမြတ်သူများ၏ တပည့်များပင် အဋ္ဌမအလွှာသို့ တက်လှမ်းပြီးနောက် ထိုလုပ်ထုံးလုပ်နည်းကို လက်ခံရလေသည်။

" ငါ မထွက်ခွာခင် ဆရာက သူ့ကို လာတွေ့ဖို့ ပြောထားတယ်။ " လင်းယွမ်က ချီခွန်ကြယ်သခင်ဆီမှ မက်ဆေ့ချ်တစ်စောင် လက်ခံလိုက်ရသည်။

မဟာတောင်ထိပ်သခင်ကလည်း မထွက်ခွာခင် ချီခွန်ကြယ်သခင်ထံ သွားရောက်တွေ့ဆုံခဲ့သည်။ ၎င်းမှာ ချီခွန်ကြယ်သခင်က နယ်စပ်ကြယ်နယ်မြေများ၏ ပြဿနာများကို ရင်ဆိုင်ရန် နည်းလမ်းများ သို့မဟုတ် ရတနာများကို ပေးခြင်း ဖြစ်ပေလိမ့်မည်။

နယ်စပ်ကြယ်နယ်မြေများတွင် အခြေအနေများက ရှုပ်ထွေးလေသည်။ လူသားမျိုးနွယ်က မျိုးနွယ်ခြားများကို မောင်းထုတ်ခဲ့ကြသော်လည်း ပြဿနာများစွာ ကျန်နေသေးသည်။

ဥပမာ အထူးသက်ရှိများ ဖြစ်သည်။ ၎င်းတို့က သူတို့မွေးဖွားလာချိန်မှစ၍ ထိုနေရာတွင် နေထိုင်ခဲ့ပြီး လူသားမျိုးနွယ်ကို ရန်လိုခြင်းလည်း မရှိပေ။ လူသားမျိုးနွယ်က ထိုကြယ်နယ်မြေများကို သိမ်းပိုက်ပြီးနောက် ထိုအထူးသက်ရှိများအား မည်သို့ ကိုင်တွယ်ရမည်က စဉ်းစားရခက်သော အရာဖြစ်၏။

နှစ်ရက်အကြာတွင် လူသားမျိုးနွယ်၏ တရားဝင်ဝန်ထမ်းများက ချီခွန်ပင်မကြယ်သို့ ရောက်လာကြိသည်။

" ရှစ်စန်းတောင်ထိပ်သခင်။ "

ဝန်ထမ်းနှစ်ယောက်မှာ တစ်ယောက်က ထွားကြိုင်းပြီး တစ်ယောက်က ပိန်လေသည်။

" ဒါက လုပ်ထုံးလုပ်နည်းတစ်ခုပါပဲ။ ရှစ်စန်းတောင်ထိပ်သခင် နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ " ပိန်ပိန်နှင့် ဝန်ထမ်းက ပြုံး၍ ပြောလိုက်သည်။

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက ထိုလုပ်ထုံးလုပ်နည်းကို သဘောမကျဖြစ်နိုင်သော်လည်း စည်းကမ်းက စည်းကမ်းဖြစ်၏။ ကြယ်နယ်မြေတစ်ခုကို ဦးဆောင်မည့်လူက လုပ်ငန်းစဉ်များစွာကို ဆောင်ရွက်ရန် လိုအပ်သည်မှာ သဘာဝပင်ဖြစ်သည်။

" နားလည်ပြီ။ " လင်းယွမ်က အနည်းငယ်မျှ စိတ်အနှောက်အယှက်မဖြစ်ပေ။

" ရှစ်စန်းတောင်ထိပ်သခင် ဒီသလင်းလုံးကို ဖြတ်ပြီး ကမ္ဘာစွမ်းအားကို အသက်သွင်းပေးပါ။ " ထွားကြိုင်းသော ဝန်ထမ်းက လင်းယွမ်၏ ရှေ့တွင် ကြည်လင်သော သလင်းလုံးတစ်ခုကို ချပေးလိုက်သည်။

" ကောင်းပြီ။ " လင်းယွမ်က ကမ္ဘာစွမ်းအားမျှင်တစ်ခုကို သလင်းလုံးထဲသို့ ပို့လွှတ်လိုက်သည်။

သလင်းလုံးက အနည်းငယ် တုန်ခါသွားပြီး ရွှေရောင်အလင်းအချို့ ထွက်ပေါ်လာသည်။

" ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ကမ္ဘာစွမ်းအားမှာ ဘာပြဿနာမှ မရှိပါဘူး။ " ပိန်ပိန်နှင့် ဝန်ထမ်းက ပြောလိုက်သည်။ သူ၏ သူငယ်အိမ်များက ကျဉ်းမြောင်းသွားပြီး သူ၏ အဖော်ကို တစ်ချက်ကြည့်လိုက်သည်။

နှစ်ယောက်လုံးက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းအားကို အတည်ပြုခဲ့ပြီး အတွေ့အကြုံများစွာ ရှိကြလေသည်။ သို့သော် ရှစ်စန်းနောင်ထိပ်သခင်၏ ကမ္ဘာစွမ်းအားက အရည်အသွေးမြင့်မားလွန်းသောကြောင့် သူတို့က အံ့အားသင့်နေရဆဲ ဖြစ်သည်။

ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာသို့ အသက်တစ်ရာမပြည့်မီ တက်လှမ်းသွားခဲ့သော်လည်း သူ၏ အခြေခံက နှစ်ပေါင်းသောင်းချီ ကျင့်ကြံထားသကဲ့သို့ ခိုင်မာလွန်းလှသည်။

" ရှစ်စန်းတောင်ထိပ်သခင် ဒီပန်းကန်ထဲကို သွေးတစ်စက်ချပေးပါ။ " ထွားကြိုင်းသော ဝန်ထမ်းက ပန်းကန်တစ်လုံးထုတ်ပြီး လင်းယွမ်ရှေ့တွင် ချပေးလိုက်သည်။

ဆင့်ကဲပြောင်းလဲသူတစ်ယောက် အဋ္ဌမအလွှာသို့ ရောက်မရောက် အနည်ပြုရန် အချက်သုံးချက်ကို စစ်ဆေးရသည်။ ပထမ ကမ္ဘာစွမ်းအား၊ ဒုတိယ ရုပ်ခန္ဓာနှင့် တတိယ စိတ်ဝိညာဉ် တို့ဖြစ်သည်။

ကမ္ဘာစွမ်းအားက အဋ္ဌမအလွှာသို့ ရောက်နေသည်ကို အတည်ပြုရန် မလုံလောက်ပေ။ အကြောင်းမှာ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူအချို့ကလည်း အဋ္ဌမအလွှာသို့ မရောက်မီ အတွင်းကမ္ဘာကို ပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။

လင်းယွမ်က ဆဋ္ဌမအလွှာ အထွတ်အထိပ် သတ္တမအလွှာသို့ ချိုးဖျက်ချိန်တွင် အတွင်းကမ္ဘာကို ဖန်တီးခဲ့ပြီး ဖြစ်သည်။ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကသာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို အဋ္ဌမအလွှာသို့ ရောက်မရောက် အတည်ပြုနိုင်လေသည်။

လင်းယွမ်က သွေးတစ်စက်ကို ထုတ်ပြီး ပန်းကန်ထဲသို့ ထည့်လိုက်သည်။ ပိန်ပိန်နှင့်ဝန်ထမ်းက အတည်ပြုပြီးနောက် သွေးစက်က လေထဲတွင် ပျောက်ကွယ်သွားသည်။

သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်ကို တတ်ကျွမ်းထားသော လင်းယွမ်က သူ၏ သွေးစက်တိုင်းကို ထိန်းချုပ်နိုင်စွမ်းရှိလေသည်။

သူ၏ ရုပ်ခန္ဓာကို အတည်ပြုပြီးနောက် လင်းယွမ်က သူ၏ စိတ်ဝိညာဉ်ကိုလည်း ဆက်လက်အတည်ပြုခဲ့သည်။ မကြာမီ ဝန်ထမ်းနှစ်ယောက်က အတည်ပြုလိုက်ကြသည်။

ရှစ်စန်းတောင်ထိပ်သခင်က အမှန်တကယ် အဋ္ဌမအလွှာသို့ ရောက်ရှိခဲ့သည်။ ဝန်ထမ်းနှစ်ယောက်က ရှစ်စန်းတောင်ထိပ်သခင်၏ ခွန်အားက သာမန်အဋ္ဌမအလွှာများထက် သာလွန်သည်ကို တွက်ဆမိခဲ့ကြသည်။

" ရှစ်စန်းတောင်ထိပ်သခင် ကျုပ်တို့ အတည်ပြုပြီးပါပြီ။ " ဝန်ထမ်းနှစ်ယောက်က အနည်းငယ် လေးစားစွာ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

All Chapters