← Chapters

အဋ္ဌမအလွှာ မျိုးနွယ်ခြားနှစ်ယောက်...

Vol. 22 Ch. 341

အဋ္ဌမအလွှာ မျိုးနွယ်ခြားနှစ်ယောက်...

Vol. 22 Ch. 341

" မင်းရဲ့ ခွန်အားက မင်းရဲ့ အကိုကြီးထက် အများကြီး ပိုသန်မာတယ်။ အဲ့ဒီကိစ္စနဲ့ ပက်သက်ပြီး ငါစိတ်ပူစရာမလိုဘူး။ " ချီခွန်ကြယ်သခင်က ပြုံးလိုက်သည်။

အဋ္ဌမအလွှာ စဦးအဆင့်နှင့် အဋ္ဌမအလွှာ နှောင်းပိုင်းအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်များနှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ခြင်းက အန်နန်ကြယ်မဟာမိတ်တွင် အလွန်ရှားလေသည်။ အသက်တစ်ရာမပြည့်သေးသူများကိုသာ စဉ်းစားလျှင် လူသားမျိုးနွယ်တွင် အနည်းငယ်သာ ရှိပေလိမ့်မည်။

ချီခွန်ကြယ်သခင်က လင်းယွမ်၏ အသက်က တငယ်တမ်းတွက်လျှင် နှစ်ပေါင်းတစ်ထောင်ကျော်ပြီဖြစ်ကြောင်း လင်းယွမ် လျှောက်နေသောလမ်းမှာ သူကိုယ်တိုင်ဖောက်ထွင်းထားကြောင်း မသိသေးပေ။

ထို့ကြောင့် ကြီးမြတ်သူ ရှချင်က လင်းယွမ်ကို လူသားမျိုးနွယ်သမိုင်းတစ်လျှောက် အဆင့်တစ်ဆယ်မှ နှစ်ဆယ်အတွင်း ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

" ဒါပေမယ့် နယ်စပ်ကြယ်နယ်မြေတစ်ခုမှာ ခွန်အားတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ မင်းမှာ ယုံကြည်ရတဲ့ လက်အောက်ခံတွေလည်း ရှိရမယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။

မလှမ်းမကမ်းတွင် ပုံရိပ်နှစ်ခုပေါ်လာသည်။ တစ်ယောက်မှာ နီညိုရောင်အသားအရေရှိပြီး တစ်ယောက်က နားရွက်ချွန်၍ မျက်လုံးစိမ်းများဖြင့် လူသားဆင့်ကဲပြောင်းလဲသူများမဟုတ်သည်မှာ ထင်ရှားလေသည်။

" ကြယ်သခင် " ထိုနှစ်ယောက်က ချီခွန်ကြယ်သခင်ကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

" ဒီနေ့ကစပြီး မင်းတို့ ငါ့တပည့်နောက်ကို လိုက်ရမယ်။ " ချီခွန်ကြယ်သခင်က လင်းယွမ်ကို ညွှန်ပြပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့ " ပုံရိပ်နှစ်ခုက လင်းယွမ်ဆီသို့ လျှောက်လာကြသည်။

" သူတို့လား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ထိုနှစ်ယောက်က အဋ္ဌမအလွှာ သက်ရှိများဖြစ်ပြီး ယခုမှ တက်လှမ်းလာသူများမဟုတ်ကြပေ။

" ဒီနှစ်ယောက်က ငါ့ရဲ့ အစေခံတွေပဲ။ လူသားဆင့်ကဲပြောင်းလဲသူတွေ မဟုတ်ကြဘူး။ တစ်ယောက်က ဟုန်ပိ အဋ္ဌမအလွှာ အလယ်အဆင့်၊ တစ်ယောက်က လုယန် အဋ္ဌမအလွှာ နှောင်းပိုင်းအဆင့်။ " ချီခွန်ကြယ်သခင်က ရှင်းပြလိုက်သည်။

" သူတို့ရဲ့ သစ္စာရှိမှုနဲ့ ပက်သက်ပြီး ဘာပြဿနာမှမရှိဘူး။ သူတို့အကူအညီနဲ့ဆို အနည်းဆုံးတော့ မင်း နယ်စပ်ကြယ်နယ်မြေမှာ အရမ်းဝန်ပိမှာမဟုတ်တော့ဘူး။ " ချီခွန်ကြယ်သခင်က သာမန်အတိုင်း ပြောလိုက်သည်။

" ဆရာ...ဒါက အရမ်တန်ဖိုးကြီးလွန်းတယ်။ " လင်းယွမ်က ရိုးသားစွာ ပြောလိုက်သည်။

သစ္စာစောင့်သိသော အဋ္ဌမအလွှာ မျိုးနွယ်ခြားနှစ်ယောက်ကို မိမိလက်အောက်တွင် ထားနိုင်ခြင်းမှာ လင်းယွမ်က သူ၏ ခံစားချက်များကို ဖော်ပြရန်ပင် မတတ်နိုင်ခဲ့ပေ။ ကောင်းမှုအမှတ်ရှုထောင့်မှ ကြည့်လျှင်တောင် အဋ္ဌမအလွှာမျိုးနွယ်ခြားနှစ်ယောက်က ကောင်းမှုအမှတ် နှစ်သန်း တန်ဖိုးရှိလေသည်။

အမှန်တွင် အသက်ရှင်နေသော အဋ္ဌမအလွှာများက ကောင်းမှုအမှတ် တစ်သန်းထက် တန်ဖိုးကြီးလေသည်။ အကြောင်းမှာ အဋ္ဌမအလွှာတစ်ယောက်က မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တပ်စွဲထားလျှင် ကောင်းမှုအမှတ်များစွာ စုဆောင်းနိုင်လေသည်။ အခြားအကျိုးအမြတ်များကို ထည့်မတွက်ရသေးပေ။

" ငါ့ကို လုပ်ရိုးလုပ်စဉ်တွေ လုပ်မနေနဲ့။ ငါ့ရဲ့ ခွန်အားနဲ့ ငါသူတို့ကို လိုဦးမယ်လို့ မင်းထင်လား။ " ချီခွန်ကြယ်သခင်က လင်းယွမ်ကို ကြည့်ပြီးပြောလိုက်သည်။

" ဒါပေမယ့်..." လင်းယွမ်က အနည်းငယ် မသက်မသာဖြစ်နေသည်။

အဋ္ဌမအလွှာ၏ တားဆီးမရသော အခြေအနေနှင့် ချီခွန်ကြယ်သခင်က အဋ္ဌမအလွှာ အလယ်အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့် လက်အောက်ခံများကို မလိုအပ်ပေ။ သူတို့ကို မလိုအပ်ဟု ပြောသည်မှာ သူတို့တွင် တန်ဖိုးမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ ထိုအဋ္ဌမအလွှာနှစ်ယောက်ကို စစ်မြေပြင်တွင် သာမန်အတိုင်း ချထားလိုက်လျှင် ချီခွန်ကြယ်သခင်အတွက် ကြီးမားသော အကျိုးအမြတ်များ ရနိုင်လေသည်။

" ဒါပေမယ့်တွေ မလိုဘူး။ သူတို့ကို ခေါ်သွားလိုက်။ " ချီခွန်ကြယ်သခင်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " အခုပြန်တော့။ ပြဿနာတစ်ခုခုရှိရင် VR ကမ္ဘာမှာ ငါ့ကို ဆက်သွယ်လိုက်။ "

" ကျေးဇူးတင်ပါတယ် ဆရာ...." လင်းယွမ်က ချီခွန်ကြယ်သခင်ကို အရိုအသေပေးလိုက်သည်။

လင်းယွမ်တွင် ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ ရှိသော်လည်း ယင်စိတ်ဝိညာဉ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုစည်းမှုအရှိန်ကို မြှင့်တင်နိုင်ရန် စစ်မြေပြင်များမှ ထာဝရလေဟာနယ်အက်ကြောင်းများသို့ သွားနေရန် လိုအပ်လေသည်။ ယန်စိတ်ဝိညာဉ်ကလည်း အသက်အာမခံချက်အတွက် ချီခွန်ပင်မကြယ်တွင် ထားခဲ့ရပေလိမ့်မည်။

သူကိုယ်တိုင်ကသာ နယ်စပ်ကြယ်နယ်မြေသို့ သွားပြီး အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော် အဋ္ဌမအလွှာ လက်အောက်ခံနှစ်ယောက်နှင့် အရာအားလုံးကို ရိုးရှင်းစွာ ညွှန်ကြားနေရုံသာ ဖြစ်သည်။

ရှစ်စန်းတောင်ထိပ်တွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် မျိုးနွယ်ခြားနှစ်ယောက်ဖြစ်သော ဟုန်ပိနှင့် လုယန်တို့ ရပ်နေကြသည်။

" ကိုယ်ကိုကိုယ် မိတ်ဆက်ကြပါ။ " လင်းယွမ်က ပြောလိုက်သည်။

" တောင်ထိပ်သခင် ကျွန်တော်က ဟုန်ပိလို့ခေါ်ပါတယ်။ " နီညိုရောင်အသားအရေနှင့် မျိုးနွယ်ခြားက ပြောလိုက်သည်။

" ကျွန်တော်ရဲ့ ခွန်အားက အဋ္ဌမအလွှာ အလယ်အဆင့်ရှိပြီး မီးနဲ့ လေဟာနယ်နိယာမနောက်လိုက်ပါတယ်။ ကျွန်တော်ရဲ့ အတွင်းကမ္ဘာက မိုင် ၉၈၀၀ ရှိပါတယ်။ " ဟုန်ပိက လျင်မြန်စွာ ပြောလိုက်သည်။

" တောင်ထိပ်သခင် ကျွန်တော်က လုယန်ပါ။ " ဘေးမှ အစိမ်းရောင်မျက်လုံးများနှင့် မျိုးနွယ်ခြားက ပြောလိုက်သည်။ " ကျွန်တော်က အဋ္ဌမအလွှာ နှောင်းပိုင်းအဆင့်ဖြစ်ပြီး အသက်နိယာမကို ကျွမ်းကျင်ပါတယ်။ ကျွန်တော်ရဲ့ အတွင်းကမ္ဘာက မိုင် ၃၂၀၀၀ ရှိပါတယ်။ "

" အကယ်၍ တောင်ထိပ်သခင်က တစ်ခုခုကြောင့် ဒဏ်ရာရခဲ့ရင် စိတ်ဝိညာဉ်မပြိုလဲသရွေ့ ကျွန်တော်က လုံးဝကယ်နိုင်တယ်လို့ မပြောဝံ့ပေမယ့် ခနတော့ အချိန်ဆွဲပေးထားနိုင်ပါတယ်။ "

" အသက်နိယာမ " လင်းယွမ်က လုယန်ကို ကြည့်လိုက်သည်။

အသက်နိယာမ၊ အချိန်နှင့်လေဟာနယ်နိယာမတို့က ကြယ်စကြာဝဠာ၏ အခြေခံနိယာမများဖြစ်ကြသည်။ လက်ရှိ လင်းယွမ်က အသက်နိယာမအပေါ် နားလည်မှုမှာ အခြေခံထက် အနည်းငယ်သာ ပိုသာလေသည်။

" ငါနားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ပုံမှန်အချိန်တွေမှာတော့ မင်းတို့က ငါ့ရဲ့ အတွင်းကမ္ဘာထဲမှာ နေရလိမ့်မယ်။ " လင်းယွမ်က အတွေးများက လှုပ်ရှားသွားပြီး ထိုနှစ်ယောက်ကို အတွင်းကမ္ဘာထဲသို့ စုပ်ယူလိုက်သည်။

သူ၏ အတွင်းကမ္ဘာတွင် လင်းယွမ်က ဖန်ဆင်းရှင်နှင့်တူပြီး ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို အလွယ်တကူ စုစည်းနိုင်လေသည်။

" ဒီတစ်ခါ ဆရာက ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

ဟုန်ပိနှင့် လုယန်တို့၏ အကူအညီနှင့် လင်းယွမ်က အလွန်သက်သာသွားပြီဖြစ်သည်။ ကြယ်နယ်မြေတစ်ခုကို တည်ထောင်ပြီး နိုင်ငံသားဘီလီယံပေါင်းများစွာကို အုပ်ချုပ်ကသည်မှာ ဘက်ပေါင်းစုံမှ ကိစ္စများစွာ ပါဝင်လေသည်။ အရည်အချင်းရှိသော လက်ထောက်နှစ်ဦးရှိခြင်းက လင်းယွမ်ကို စိုးရိမ်မှုများစွာမှ ကင်းဝေးစေသည်။

" သခင်မှာထားတဲ့ အေအဆင့် အာကာသယာဉ် ရောက်လာပါပြီ။ " AI လက်ထောက်၏ အသံက ထွက်ပေါ်လာသည်။

လင်းယွမ် ယခင်ဝယ်ယူခဲ့သော အာကာသယာဉ်က သာမန်ယာဉ်တစ်ခုသာ ဖြစ်ပြီး စွမ်းဆောင်ရည်မှာလည်း သာမန်သာ ဖြစ်သည်။ ၎င်းတို့၏ အချိန်လေဟာနယ်ဥမင်များ၏ အကွာအဝေးနှင့်ကြာချိန်က အေအဆင့်၊ ဘီအဆင့် ယာဉ်များကို မယှဉ်နိုင်ပေ။

လင်းယွမ်က ထိုအချိန်က အာကာသယာဉ်၏ စွမ်းဆောင်ရည်များကို အလေးမထားခဲ့ခြင်းမှာ စီးနင်းသူများက သူ၏ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ ဖြစ်နေသောကြောင့်ဖြစ်၏။

သို့သော် ယခု သူကိုယ်တိုင်က နယ်စပ်ကြယ်နယ်မြေသို့ သွားရတော့မည်ဖြစ်သောကြောင့် အရည်အသွေးမြင့်သော အာကာသယာဉ်တစ်စီး လိုအပ်လာသည်။

ထိုအာကာသယာဉ်မျိုးက အရှိန်တွင် ကြီးမားသော အားသာချက်ရှိရုံသာမက ထွက်ပြေးခြင်းနှင့် ရှင်သန်လွတ်မြောက်ခြင်းတို့တွင်လည်း အံ့ဩစရာကောင်းသော အကျိုးသက်ရောက်မှုများ ရှိကြလေသည်။

လင်းယွမ်က ခန်းမထဲမှ ထွက်လိုက်သည်နှင့် အနက်ရောင်အာကာသယာဉ်တစ်စီးရပ်ထားသည်ကို တွေ့လိုက်ရသည်။ အပြင်မှကြည့်လျှင် ၎င်းက သာမန်အာကာသယာဉ်များနှင့် သိပ်မကွာခြားသော်လည်း ၎င်းမှ ထွက်ပေါ်နေသော အောရာက လေထုထဲတွင် သာမန်တုန်ခါမှုများကို ဖြစ်ပေါ်စေလေသည်။

အာကာသယာဉ်၏ အရွယ်အစားက မီတာငါးရာသာရှိပြီး ၎င်း၏ မျက်နှာပြင်တွင် နိယာမများ၏ အနှစ်သာရများပါဝင်သော ပုံစံများ ရေးထွင်းထားသည်။ ၎င်းတို့က အာကာသယာဉ်ကို ပိုမိုမြန်ဆန်စွာနှင့် အချိန်လေဟာနယ်ဥမင်များမှတစ်ဆင့် လွယ်ကူစွာ သွားလာနိုင်စေလေသည်။

" မဆိုးဘူး မဆိုးဘူး။ " လင်းယွမ်က စိတ်ထဲမှ ကျေနပ်သွား၏။

အာကာသယာဉ်ကို ကြေးနီရွှေဖြင့် ပြုလုပ်ထားပြီး အဋ္ဌမအလွှာ တစ်ယောက်၏ သာမန်တိုက်ခိုက်မှုက ၎င်း၏ ကာကွယ်မှုကို မချိုးဖျက်နိုင်ပေ။

" စကြာဝဠာသလင်းကျောက် ရှစ်ထောင်..."

လင်းယွမ်က ကြယ်သခင်တစ်ယောက်အနေဖြင့် ခရီးများစွာ သွားလာမည်မဟုတ်ပေ။ ထိုအာကာသယာဉ်တစ်စီးဆိုလျှင် အချိန်ကြာမြင့်စွာ အသုံးပြုရပေလိမ့်မည်။

လူသားမျိုးနွယ်တွင် အာကာသယာဉ်များဖြင့် ခရီးသွားလာခြင်းက အများဆုံးဖြစ်သည်။ နဝမအလွှာများပင် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ပြီး တာဝေးနေရာရွေ့ပြောင်းခြင်းများကို ကျွမ်းကျင်လျှင်တောင် အရေးကြီးကိစ္စမရှိလျှင် အာကာသယာဉ်များဖြင့် ခရီးသွားကြလေသည်။

တာဝေးနေရာရွေ့ပြောင်းခြင်းက ဆင့်ကဲပြောင်းလဲသူများအနေဖြင့် လေဟာနယ်နိယာမကို ပေါင်းစပ်ပြီး ချက်ချင်းဆိုသလို လေဟာနယ်လှိုင်းများနှင့်အတူ အလင်းနှစ်ရာထောင်ချီကို ဖြတ်ကျော်သွားခြင်းဖြစ်သည်။ ၎င်းက လူတစ်ယောက်၏ စိတ်နှင့် ဝိညာဉ်ကို များစွာ ပင်ပန်းစေသည်။

နဝမအလွှာများပင် အသုံးပြုပြီးနောက် ခနအနားယူရန် လိုအပ်လေသည်။ လင်းယွမ်ကို စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲပေးပို့ရန်အတွက် အလင်းနှစ်ပေါင်းများစွာကို ဖြတ်သန်းလာသော ဒုမျှော်စင်သခင် နာလန်ကဲ့သို့ အခြေအနေမျိုးကို နဝမအလွှာများ လုပ်နိုင်မည်မဟုတ်ပေ။

All Chapters