← Chapters

အထူးသက်ရှိများ....

Vol. 22 Ch. 342

အထူးသက်ရှိများ....

Vol. 22 Ch. 342

လင်းယွမ်က အာကာသယာဉ်ကို သိမ်းဆည်းပြီး ခန်းမထဲသို့ ပြန်လာလိုက်သည်။

" ထွက်ခွာဖို့ အချိန်ကျပြီ။ "

" ယန်စိတ်ဝိညာဉ် " အတွေးတစ်ချက်နှင့်အတူ လင်းယွမ်နှင့် မျက်နှာချင်းဆိုင်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

" အခုကစပြီး မင်းက ဒီမှာနေရမယ်။ ပြီးတော့ ဒီသွေးစက်..." လင်းယွမ်က ယန်စိတ်ဝိညာဉ်ကို ညွှန်းကြားရင်း သွေးအဆီအနှစ် တစ်စက်ကို ပေးလိုက်သည်။

ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းက လင်းယွမ်အား သူ၏ သွေးအဆီအနှစ်တိုင်းကို ထိန်းချုပ်နိုင်စေခဲ့သည်။ အကြောင်းမှာ ၎င်းတို့အတွင်း သူ၏ စိတ်ဝိညာဉ်အနှစ်သာရများ ပါဝင်နေသော်ကြောင့် ဖြစ်၏။

" နဂါးငွေ့တန်းကြယ်နယ်မြေကို သွားရင် ဘယ်ရတနာတွေ ယူသွားရမလဲ။ " လင်းယွမ်က စဉ်းစားလိုက်သည်။

ပထမနှင့် အရေးကြီးဆုံးမှာ ကြီးမြတ်သူရှချင်ပေးထားသော စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲဖြစ်၏။ ထိုရတနာက ကြီးမြတ်သူတစ်ယောက်၏ ရှေ့တွင် သူ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် လင်းယွမ်၏ အကြီးမားဆုံး အကာအကွယ်ဖြစ်လေသည်။ သူက ၎င်းကို ကိုယ်နှင့်မကွာ ဆောင်ထားရပေလိမ့်မည်။

" အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာ ရေစက်..."

" ပြီးတော့ အဋ္ဌမအလွှာ ချပ်ဝတ်..." လင်းယွမ်က ခနစဉ်းစားပြီး ထိုပစ္စည်းနှစ်ခုကို ရွေးချယ်လိုက်သည်။

လင်းယွမ်က စိတ်ဝိညာဉ်ကာကွယ်မှုအပိုင်းကို အမြဲတမ်း အလေးထားခဲ့သည်။

" ယွမ်ရှန်းကျင်း...." အတွေးတစ်ချက်နှင့်အတူ ခေါင်းလောင်းပုံသဏ္ဍန် လက်နက်တစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။

ထိုခေါင်းလောင်းလက်နက်က လက်ဝါးအရွယ်သာ ရှိသော်လည်း ၎င်းမှ ထွက်ပေါ်နေသော အော်ရာက အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာများထက် သာလွန်နေသည်။

" ဒါကို မယူသွားတော့ဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

အကြောင်းရင်က နှစ်ချက်ရှိ၏။ ပထမတစ်ချက်မှာ သူက ယခုမှ အဋ္ဌမအလွှာကို တက်လှမ်းထားခြင်းကြောင့် ယွမ်ရှန်းကျင်းကို သူ၏ အဆင့်နှင့် လိုက်လျောညီထွေဖြသ်အောင် ပျိုးထောင်ရန် အချိန်လိုအပ်လေသည်။

ဒုတိယအချက်မှာ အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာ၊ အဋ္ဌမအလွှာ ချပ်ဝတ်နှင့် နတ်ဆိုးကျောက်စိမ်းအမှတ်အသား၏ အားဖြည့်မှုတို့ဖြင့် လင်းယွမ်၏ ကာကွယ်မှုက အမြင့်ဆုံးရောက်နေပြီဟု ပြောနိုင်လေသည်။

အဋ္ဌမအလွှာ တားဆီးမရသူနှင့် ရင်ဆိုင်ရလျှင်တောင် အိုရင်ကဲ့သို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြင့် မသေနိုင်ဘဲ ခံနိုင်ရည်ရှိပေလိမ့်မည်။

ထို့ကြောင့် လင်းယွမ်က ယွမ်ရှန်းကျင်းကို ယူသွားသည်ဖြစ်စေ မယူသွားသည်ဖြစ်စေ များစွာ ကွာခြားမှုရှိမည် မဟုတ်ပေ။

" နဂါးငွေ့တန်းကြယ်နယ်မြေရဲ့ လက်ရှိအခြေအနေက..." လင်းယွမ်က အချက်အလက်များကို စတင်လေ့လာလိုက်သည်။

နဂါးငွေ့တန်းကြယ်နယ်မြေက မူလတွင် အရိပ်မျိုးနွယ်၏ နယ်မြေများ ဖြစ်သည်။ အရိပ်မျိုးနွယ်က အထွတ်အထိပ်မျိုးနွယ်လက်အောက်မှ အင်အားကြီးမျိုးနွယ်တစ်ခု ဖြစ်သည်။

အရိပ်မျိုးနွယ်ကို အနိုင်ယူပြီးနောက် လူသားမျိုးနွယ်က လင်းယွမ်ကြီးကြပ်ရမည့် ကြယ်နယ်မြေအပါအဝင် ကျယ်ပြန့်သော နယ်မြေများကို သိမ်းပိုက်ခဲ့သည်။ နဂါးငွေ့တန်းကြယ်နယ်မြေအတွင်း အရိပ်မျိုးနွယ်မှလွဲ၍ အထူးသက်ရှိမျိုးနွယ်များနှင့် တစ်ကိုယ်တော်မျိုးနွယ်ခြားသန်မာသူများ ရှိနေခဲ့သည်။

ထိုအထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူအချို့က စကြာဝဠာလျို့ဝှက်နယ်မြေတစ်ခု သို့မဟုတ် ကြယ်စနစ်များကို လွှမ်းမိုးထားကြသည်။ အရိပ်မျိုးနွယ်ရှိစဉ်ကလည်း ထိုအထူးသက်ရှိများ သို့မဟုတ် မျိုးနွယ်ခြားသန်မာသူအချို့နှင့် ကောင်းစွာပေါင်းသင်းခဲ့ပြီး အချင်းချင်း ကျူးကျော်မှုများ မရှိခဲ့ပေ။

ယခု အရိပ်မျိုးနွယ်ကို အနိုင်ယူပြီး နဂါးငွေ့တန်းကြယ်နယ်မြေက လူသားမျိုးနွယ်၏ လက်ထဲသို့ ရောက်သွာယပြီဖြစ်သောကြောင့် ထိုအထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူအချို့အား မည်သို့ ကိုင်တွယ်ရမည်ကို လင်းယွမ်က ဆုံးဖြတ်ရမည်ဖြစ်သည်။

" အဓိက အထူးသက်ရှိမျိုးနွယ်ကိုးခု၊ မျိုးနွယ်ခြားသန်မာသူ ဆယ့်သုံးယောက်။ "

လင်းယွမ်က အချက်အလက်များကို စစ်ဆေးနေပြီး ထိုမျိုးနွယ်စုများက လူသားမျိုးနွယ်အပေါ် ရန်လိုသော အပြုအမူများ မရှိကြသည်ကို တွေ့ရလေသည်။

" သူတို့ကို ဘယ်လိုကိုင်တွယ်မလဲ။ "

အရိပ်မျိုးနွယ်က သူတို့ကို ထိခိုက်ခြင်းမရှိဘဲ ထားခဲ့ခြင်းကြောင့် သူတို့ကို တိုက်ရိုက်ဖြေရှင်းခြင်းက ပြဿနာရှိနိုင်သည်ဟု လင်းယွမ်က ခံစားမိလေသည်။ ထိုအထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများက ကိုင်တွယ်ရန် ခက်ခဲခြင်း သို့မဟုတ် ကြီးမားသော နောက်ခံရှိခြင်းတို့ကြောင့် အရိပ်မျိုးနွယ်က မထိပါးရဲခြင်းဖြစ်နိုင်လေသည်။

" အချိန်ကျရင် သူတို့ သဘောထားကို သိရမှာပဲ။ " လင်းယွမ်က ခနစဉ်းစားလိုက်ပြီး သူလုပ်ဆောင်ရမည့် အစီအစဉ်အပေါ် ယုံကြည်မှုရှိသွားသည်။

လူသားမျိုးနွယ် နယ်မြေများ၏ အစွန်းပိုင်း ကြယ်နယ်မြေတစ်ခုတွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခုက ဂြိုလ်များကို တစ်လုံးပြီး တစ်လုံး ဝါးမျိုနေသည်။

" ကျေနပ်တယ်။ အရမ်းကျေနပ်တယ်.... ဒီစကြာဝဠာထဲက အရာအားလုံးက ငါ့ရဲ့ အစားအစာဖြစ်ဖို့ ရည်ရွယ်ထားတာပဲ။ "

" အရင် အရိပ်မျိုးနွယ် တာဝန်ယူထားတုန်းက ငါ သတိထားနေရပေမယ့် အခု သူတို့က ရှုံးနိမ့်ပြီး ဒီကြယ်နယ်မြေက ထွက်သွားပြီဆိုတော့ ဒီဂြိုလ်တွေအားလုံးက ငါ့ဟာပဲ။ "

ထိုကြီးမားသော ပုံရိပ်ကြီးက သွေးနီရောင်ရေဘဝဲတစ်ကောင်ဖြစ်ပြွး ၎င်း၏ လက်တံများစွာဖြင့် ဂြိုလ်တစ်ခုကို ဝန်းရံပြီး ရက်အနည်းငယ်အတွင်း စားသုံးပစ်လေ့ရှိသည်။

" ဒီရင်းမြစ်ဂြိုလ်တွေက နည်းနည်း အစာချေရခက်တာ နှမြောစရာပဲ။ အသက်ဂြိုလ်တွေသာ ဆိုရင်တော့.... " သွေးနီရောင်ရေဘဝဲက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဘီလီယံပေါင်းများစွာ သက်ရှိများပြည့်နှက်နေသော အသက်ဂြိုလ်တစ်လုံးကို တစ်ပြိုင်နက် ဝါးမြိုခြင်း၊ မရေတွက်နိုင်သော အသက်နှင့် စိတ်ဝိညာဉ်များ။ သွေးနီရောင်ရေဘဝဲက ၎င်းကို တွေးမိရုံနှင့် စိတ်လှုပ်ရှားသွားသည်။

" ရှာကြည့်ရအောင် ဒေသခံဂြိုလ်အချို့ကို ရှာတွေ့ရင် အကောင်းဆုံးပဲ။ " သွေးနီရောင်ရေဘဝဲက ၎င်း၏ ကြီးမားသော စိတ်အသိကို ဖြန့်ကျက်ပြီး အရပ်မျက်နှာ အမျိုးမျိုးသို့ ပျံ့နှံ့စေလိုက်သည်။

အရိပ်မျိုးနွယ်က သူတို့၏ မျိုးနွယ်ဝင်များနှင့်အတူ ဆုတ်ခွာသွားခြင်းမှာ သေချာလေဆသည်။ ထိုမျှကြီးမားသော ကြယ်နယ်မြေတ်င မတွေ့ရသေးသော အသက်ဂြိုလ်များ ရှိနေနိုင်လေသည်။

လအချို့ကြာပြီးနောက် သွေးနီရောင်ရေဘဝဲက အသက်ဂြိုလ်များကို စိတ်ကျေနပ်စွာ ဝါးမျိုနေသည်။ မရေတွက်နိုင်သော သက်ရှိများက သွေးနီရောင်ရေဘဝဲအတွက် အာဟာရဖြစ်စေပြီး ပျှော်ရွှင်မှုက စိတ်ဝိညာဉ်ကိုပင် တုန်ရီသွားစေခဲ့သည်။

" ဟားဟားဟား အရင်ဆုံး ခနလောက် အစာချေလိုက်ဦးမယ်။ " သွေးနီရောင်ရေဘဝဲက အလွန်ကြီးမားသော ဂြိုလ်အတွင်းသို့ ပြန်သွားပြီး သူက ထိုနေရာတွင် အိပ်စက်ခြင်း လေ့ကျင့်ခြင်းများ ပြုလုပ်လေ့ရှိသည်။

သွေးနီရောင်ရေဘဝဲ၏ ပုံသဏ္ဍန်က လျင်မြန်စွာ ကျုံ့ဝင်သွားပြီး လက်ဆယ်ဖက်ကျော်ရှိသော သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

" အိုတု ပြန်လာပြီလား။ " ကြီးမားသော ဂြိုလ်ကြီး၏ တစ်ဖက်တွင် တောင်ကြီးတစ်လုံးက စိတ်ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။

ထိုတောင်ကြီးက အထူးသက်ရှိတစ်မျိုးဖြစ်ကာ သွေးနီရောင်ရေဘဝဲနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး မကြာခဏ ဆက်သွယ်လေ့ရှိသည်။

" ဒီတစ်ခါ ဂြိုလ်ဘယ်နှစ်လုံး စားခဲ့လဲ။ " ဧရာမအကောင်ကြီးက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

" ဆယ်နှစ်လုံးကျော်လောက်ပဲ။ ဒါပေမယ့် အဲ့ဒီရင်းမြစ်ဂြိုလ်တွေက အစာကြေဖို့ အရမ်းခက်တယ်။ ဒါကြောင့် အသက်ဂြိုလ်နည်းနည်းပဲ စားလိုက်တယ်။ အဲ့ဒီခံစားချက်က..." သွေးနီရောင်ရေဘဝဲက ပျော်ရွှင်စွာ ပြောဆိုလိုက်သည်။

" အသက်ဂြိုလ်တွေလား။ " ဧရာမအသားတောင်ကြီးက ရေရွတ်လိုက်သည်။

" ငါအစာချေပြီးတဲ့အချိန်ထိစောင့်။ ပြီးရင် ငါ့နောက်လိုက်ခဲ့။ ငါတို့နှစ်ယောက် အသက်ဂြိုလ်တွေကို အတူတူဝါးမျိုကြမယ်။ " သွေးနီရောင်ရေဘဝဲက ပြောလိုက်သည်။

ထိုသွေးနီရောင်ရေဘဝဲက အနီးနားရှိဂြိုလ်များကို ရှာဖွေနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်လေသည်။ မဟုတ်လျှင် ကျယ်ပြန့်သော အာကာသထဲတွင် အသက်ဂြိုလ်များကို အလွယ်တကူ ရှာတွေ့နိုင်မည်မဟုတ်ပေ။

" ထားလိုက်တော့။ အိုတု မင်းလည်း နောက်ကျ ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ လိုလိမ့်မယ်။ " အသားတောင်ကြီးက ပြောလိုက်သည်။

" ထိန်းချုပ်ရမယ်။ ဘာလို့ထိန်းချုပ်ရမှာလဲ။ " သွေးနီရောင်ရေဘဝဲက နားလည်စွာ မေးလိုက်သည်။

" ဒီနယ်မြေက အရိပ်မျိုးနွယ်ဆုတ်ခွာသွားတဲ့ နယ်မြေပဲ။ အရိပ်မျိုးနွယ်က ဘယ်သူ့ကို ရှုံးနိမ့်ခဲ့လဲဆိုတာ မင်းသိမှာပေါ့။ ဟုတ်တယ်မလား။ " အသားတောင်ကြီးက ပြောလိုက်သည်။ " မကြာခင်မှာ လူသားမျိုးနွယ်က ကြယ်သခင်တစ်ယောက် ဒီကြယ်နယ်မြေကို အုပ်ချုပ်ဖို့ လာမယ်လို့ ငါသတင်းရထားတယ်။ "

" ဘယ်ကြယ်သခင်လဲ။ " သွေးနီရောင်ရေဘဝဲက မေးလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင် " အသားတောင်ကြီးက ပြန်ဖြေလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင်... " သွေးနီရောင်ရေဘဝဲ အိုတုက ခနစဉ်းစားပြီး သူ၏ ခေါင်းကို ခါလိုက်သည်။ " တစ်ခါမှမကြားဖူးဘူး။ "

အထူးသက်ရှိမျိုးနွယ်အနေဖြင့် သူက လူသားမျိုးနွယ်၏ နာမည်ကြီး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများအားလုံးကို ကြားဖူးလေသည်။ အထူးသဖြင့် ဝမ်ယန်ကြယ်သခင်နှင့် ဓားကိုးလက်ကြယ်သခင်တို့ကဲ့သို့ အဋ္ဌမအလွှာ တားဆီးမရသူများက နာမည်ကျော်ကြားပြီး လူသိများလေသည်။

သို့သော် နဂါးငွေ့တန်းကြယ်သခင်။ သွေးနီရောင်ရေဘဝဲ အိုတုက သူ့အကြောင်းကို အမှန်တကယ် မကြားဖူးပေ။

" မှန်တယ်။ မင်းသူ့အကြောင်းကို မကြားဖူးလောက်ဘူး။ " အသားတောင်ကြီးက အိုတုကို ကြည့်ပြီး ပြောလိုက်သည်။ " အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က အခုမှ အဋ္ဌမအလွှာကို တက်လှမ်းလာတဲ့ ဆင့်ကဲပြောင်းလဲသူပဲ။ သူ့ရဲ့ ဆရာက ချီခွန်ကြယ်သခင်လေ။ "

" ချီခွန်ကြယ်သခင် " သွေးနီရောင်ရေဘဝဲ အိုတုက တုန်လှုပ်သွားသည်။

အဋ္ဌမအလွှာ တားဆီးမရသူများက ထူးခြားသော စကြာဝဠာစွမ်းအားတစ်မျိုးစီကို ပိုင်ဆိုင်ကြသည်။ အထူးသဖြင့် ချီခွန်ကြယ်သခင်ကဲ့သို့ ကြောက်စရာကောင်းသော တာဆီးမရသူတစ်ယောက်ဆိုလျှင် ပို၍ပင် ထူးခြားပေလိမ့်မည်။ သူ့ကို မမြင်ဖူးလျှင်တောင် သူ့အကြောင်း မသိစရာအကြောင်းမရှိပေ။

" အဲ့ဒီ နဂါးငွေ့တန်းကြယ်သခင်က တော်တော်နာမည်ကြီးတယ်။ အသက်တစ်ရာမပြည့်ခင် အဋ္ဌမအလွှာကို တက်လှမ်းခဲ့ပြီး သူက လူသားမျိုးနွယ်ရဲ့ ဒီမျိုးဆက်ထဲမှာ ထိပ်တန်းပါရမီရှင်ပဲ။ "

All Chapters