← Chapters

လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအား...

Vol. 22 Ch. 345

လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအား...

Vol. 22 Ch. 345

" ကြယ်သခင် ကျွန်တော် ပင်မကြယ်အကြောင်း မိတ်ဆက်ပေးပါရစေ။ " ချွန်းပိုက ချက်ချင်း ပြောလိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်က အလွန်ကျယ်ဝန်းပြီး သက်ဆိုင်ရာအချက်အလက်များကို ကြိုတင်သိရှိထားသော်လည်း ထိုမျှကြီးမားသော ကြယ်တစ်လုံးအကြောင်း အရာအားလုံးကို မှတ်တမ်းတင်ထားရန် မဖြစ်နိုင်ပေ။

ပင်မကြယ်ကို အကြမ်းဖျင်း လှည့်ပတ်ကြည့်ရှုပြီးနောက် ချွန်းပိုနှင့် ကျားလီတို့က လင်းယွမ်ကို ခမ်းနားထည်ဝါသော နန်းတော်တစ်ခုထဲသို့ ခေါ်ဆောင်သွားကြသည်။

" ဂြိုလ်ရဲ့ အဆင့်နှစ်ပြင်ဆင်မှုက ပြီးခါနီးပြီမဟုတ်လား။ " လင်းယွမ်က မေးလိုက်သည်။

နဂါးငွေ့တန်းကြယ်နယ်မြေ၏ အဆင့်နှစ်ပြင်ဆင်မှုက လင်းယွမ် စကြာဝဠာသလင်းကျောက်များ ပေးချေလိုက်သည်နှင့် အနီးရှိ ကြယ်မဟာမိတ်၏ ဆင့်ကဲပြောင်းလဲသူများက ချက်ချင်း ရောက်လာကြပြီး ပြင်ဆင်မှုကို စတင်ခဲ့ကြသည်။

" ဟုတ်ကဲ့။ ဂြိုလ်ရဲ့ ပြင်ဆင်မှုက နောက်ဆုံးအဆင့်ကို ရောက်သွားပြီ မကြာခင် ပြီးတော့မှာပါ။ " ချွန်းပိုက ချက်ချင်း ပြန်ဖြေလိုက်သည်။

ပင်မကြယ်ပေါ်ရှိ ဂြိုလ်ကာကွယ်ရေးစနစ်က ပို၍ သန်မာသည်နှင့် လင်းယွမ်က လုံခြုံမှုကို ပို၍ ခံစားရလေသည်။

" တော်တော်မြန်တာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ခရီးသွားချိန်မှ လွဲ၍ ဂြိုလ်ပြင်ဆင်မှုက အများဆုံး သုံးလေးနှစ်လောက်သာ ကြာလေသည်။ ထိုမျှတိုတောင်းသော အချိန်အတွင်း ထိုဂြိုလ်ကို အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအများစုအား တားဆီးနိုင်သည့် တားမြစ်နယ်မြေအဖြစ် ပြောင်းလဲနိုင်ခြင်းက လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

" ကြယ်သခင်အတွက် အလုပ်လုပ်နေတာ ဘယ်သူက နှောင့်နှေးရဲမှာလဲ။ " ကျားလီက ဘေးမှ ပြောလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်က သာမန်ကြယ်သခင်တစ်ယောက် မဟုတ်ပေ။ သူက ချီခွန်ကြယ်သခင်၏ တပည့်တစ်ယောက်ဖြစ်ရုံသာမက လူသားမျိုးနွယ်၏ အကန့်အသတ်မရှိ အလားအလာများနှင့် ထိပ်တန်းပါရမီရှင်တစ်ယောက်လည်း ဖြစ်၏။

အလုပ်သမားများက သူ၏ ပင်မကြယ်ကို ပြင်ဆင်ရန် အတွက် အပြည့်အဝ အားထုတ်ခဲ့ကြပြီး အနည်းငယ်မျှ ပေါ့ဆရဲခြင်းမရှိကြပေ။ အဓိကအကြောင်းရင်းမှာ လင်းယွမ်က စကြာဝဠာသလင်းကျောက်တစ်သိန်းကို ပေးချေလိုက်ခြင်းကြောင့် ဖြစ်သည်။

" ပင်မကြယ်ကို စီမံခန့်ခွဲရာမှာ မင်းတို့ကို ကူညီပေးမယ့် ငါ့ရဲ့ လက်အောက်ခံနှစ်ယောက်ရှိတယ်။ " လင်းယွမ်က သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

ချီခွန်ကြယ်သခင် လက်အောင်ပေးလိုက်သော ဟုန်ပိနှင့် လုယန်တို့နှစ်ယောက်က အဋ္ဌမအလွှာသို့ ရောက်နေရုံသာမက ဂြိုလ်များကို စီမံခန့်ခွဲရာတွင်လည်း အတွေ့အကြုံများ ရှိကြလေသည်။

ဂြိုလ်တစ်လုံးကို ကောင်းစွာ စီမံခန့်ခွဲရန် အထူးသဖြင့် ကြယ်နယ်မြေ၏ စီးပွားရေးနှင့် နိုင်ငံရေးဗဟိုချက်ဖြစ်သော ပင်မကြယ်ကို စီမံခန့်ခွဲရာတွင် သိသာသော ဦးဆောင်နိုင်စွမ်းကို လိုအပ်လေသည်။

" ကောင်းပါပြီ။ " ချွန်းပိုနှင့် ကျားလီတို့က ကန့်ကွက်ခြင်းမရှိပေ။

ကြယ်နယ်မြေတစ်ခုကို ဦးဆောင်ရမည့် လင်းယွမ်အတွက် သူယုံကြည်စိတ်ချရသော လက်အောက်ခံများကို နေရာချထားခြင်းမှာ ပုံမှန်သာဖြစ်၏။

လင်းယွမ်က သူ၏ လူများကို မထားဘဲ သူတို့ကို အပြည့်အဝ ယုံကြည်ခဲ့လျှင် ချွန်းပိုနှင့် ကျားလီတို့က စိုးရိမ်ပူပန်နေရပေလိမ့်မည်။

အတွင်းကမ္ဘာထဲတွင် ဟုန်ပိနှင့် လုယန်တို့က အံ့အားသင့်နေကြသည်။ ငါးနှစ် ငါးနှစ်ဟူသော အချိန်က သူတို့အတွက် တစ်ရေးအိပ်ရုံလောက်သာ ဖြစ်သည်။

သို့သော် အဋ္ဌမအလွှာနှစ်ယောက်၏ စောင့်ကြည့်မှုအောက်တွင် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်သုံးသိန်းနီးပါးမှ မိုင်ခုနှစ်သိန်းထိ ပေါက်ကွဲတိုးတက်လာခဲ့သည်။ မိုင်လေးသိန်းအပြည့် ကျယ်ပြန့်လာခဲ့သည်။

ဟုန်ပိနှင့် လုယန်တို့က သူတို့၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ကြသည်။ မူလတွင် သူတို့က လင်းယွမ်မှာ ယခုမှ အဋ္ဌမအလွှာသို့ ရောက်သော်လည်း လေဟာနယ်ရတနာအချို့ကို မှီခို၍ သူ၏ အတွင်းကမ္ဘာက မိုင်သုံးသိန်းနီးပါးအထိ ရောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု တွေးနေကြသည်။

ကြယ်စကြာဝဠာတွင် ရတနာအချို့က အတွင်းကမ္ဘာတစ်ခု ဖန်တီးရာတွင် များစွာ အထောက်အကူ ပြုနိုင်လေသည်။ သို့သော် ထိုရတနာများကို အသုံးပြုရာတွင် အဆင့်များစွာ ရှိလေသည်။

သို့သော် လွန်ခဲ့သော ငါးနှစ်အတွင်း အဖြစ်အပျက်များက အဋ္ဌမအလွှာ မျိုးနွယ်ခြားနှစ်ယောက်၏ သံသယများကို ဖျက်ဆီးသွားခဲ့သည်။

လင်းယွမ်၏ အတွင်းကမ္ဘာက နေ့စဉ် လစဉ် နှစ်စဉ် ကျယ်ပြန့်လာသည်ကို တစ်ဆင့်ပြီးတစ်ဆင့် စောင့်ကြည့်ခဲ့ကြပြီး ယခု မိုင်ခုနှစ်သိန်းသို့ ရောက်သွားသည်ကို မြင်တွေ့ခဲ့ရသည်။

အတွင်းကမ္ဘာကို ဖန်တီးစဉ်က ရတနာများကို အသုံးပြုပြီး အရွယ်အစားကို မြှင့်တင်ခြင်းက လင်ခံနိုင်သော အရာဖြစ်သည်။ သို့သော် နောက်ပိုင်းချဲ့ထွင်နိုင်ရန် လေဟာနယ်နိယာမကို နားလာ်မှုအပေါ်တွင် များစွာ မူတည်နေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် လွန်ခဲ့သော ငါးနှစ်အတွင်း လင်းယွမ်၏ အတွင်းကမ္ဘာချဲ့ထွင်မှုက သူ၏ လေဟာနယ်အပေါ် နားလည်နိုင်စွမ်းပေါ်တွင် မူတည်နေသည်။

ဟုန်ပိနှင့် လုယန်တို့က မိုင်ခုနှစ်သိန်းကျယ်သော အတွင်းကမ္ဘာများကို မြင်ဖူးခဲ့ကြသည်။ ချီခွန်ကြယ်သခင်၏ အတွင်းကမ္ဘာက ပို၍ပင် ကြီးမားလေသည်။

သို့သော် ငါးနှစ်အတွင်း အတွင်းကမ္ဘာက မိုင်သုံးသိန်းမှ မိုင်ခုနှစ်သိန်းထိ တိုးလာခြင်းမှာ သူတို့မမြင်ဖူးသော အရာဖြစ်သည်။

လေဟာနယ်၏ နှစ်သက်ခြင်းခံရသော ကြယ်ပင်လယ်ခွန်များပင် အတွင်းကမ္ဘာနှင့် မွေးဖွားလာကြသော်လည်း ပင်မလေဟာနယ်ပုံစံများကို နားလည်ရာတွင် ထိုကဲ့သို့ တိုးတက်မှုမျိုး မစွမ်းဆောင်နိုင်ကြပေ။

ဟုန်ပိနှင့် လုယန်တို့နှစ်ယောက်က လင်းယွမ်မှာ သူ၏ အချိန်များကို သိုင်းတာအို၏ အဋ္ဌမအလွှာကို ဖန်တီးခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအား လေ့လာခြင်းတို့ကိုလည်း ပြုလုပ်သည်ကို မသိကြပေ။

အကယ်၍ လင်းယွမ်ကသာ လေဟာနယ်နိယာမကို လေ့လာမှုတွင် အပြည့်အဝ အာရုံစိုက်ခဲ့လျှင် သူ၏ အတွင်းကမ္ဘာကျယ်ပြန်မှုက ယခုထက် ပို၍ တိုးတက်လာပေလိမ့်မည်။

" ဟင် တောင်ထိပ်သခင်က ငါ့တို့ကို အပြင်ထွက်လာခိုင်းတာလား။ "

" ငါတို့ နဂါးငွေ့တန်းကြယ်နယ်မြေကို ရောက်နေပြီ။ "

ဟုန်ပိနှင့် လုယန်တို့က လင်းယွမ်ဆီမှ သတင်းစကားကို ကြားသည်နှင့် သူတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြသည်။ သူတို့နှစ်ယောက်က ချက်ချင်း အတွင်းကမ္ဘာထဲမှ ပျောက်ကွယ်သွားကြသည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး ချွန်းပိုနှင့် ကျားလီတို့ကို ငုံ့ကြည့်နေသည်။

ထိုအချိန်တွင် ဟုန်ပိနှင့် လုယန်တို့က ခန်းမထဲတွင် ပေါ်လာကြသည်။

" သူတို့က ကြယ်သခင်ရဲ့ လက်အောက်ခံတွေလား။ "

ဟုန်ပိနှင့် လုယန်တို့ကို မြင်လိုက်ရချိန်တွင် ချွန်ပိုနှင့် ကျားလီတို့က တုန်လှုပ်သွားကြသည်။ နှစ်ယောက်လုံးက အဋ္ဌမအလွှာများ ဖြစ်ကြသည်။

အဋ္ဌမအလွှာသို့ ယခုမှ တက်လှမ်းလာသော်လည်း အဋ္ဌမအလွှာ လက်အောက်ခံနှစ်ယောက်ကို ပိုင်ဆိုင်ထားသည်။ ချွန်ပိုနှင့် ကျားလီတို့က လင်းယွမ်၏ နောက်ခံကို သတိရသွားကြသည်။ လင်းယွမ်က ချီခွန်ကြယ်သခင်၏ အချစ်ဆုံးတပည့်ပင် ဖြစ်၏။

" ဒီနေ့ကစပြီး မင်းတို့က နဂါးငွေ့တန်းကြယ်နယ်မြေအတွင်းက ကိစ္စတွေကို တာဝန်ယူရမယ်။ " လင်းယွမ်က ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ချွန်းပို၊ ကျားလီ၊ ဟုန်ပိနှင့် လုယန်တို့က ချက်ချင်း ပြန်ပြောလိုက်ကြသည်။

" ဒါနဲ့ ဒီကြယ်နယ်မြေထဲမှာ ရှိတဲ့ အထူးသက်ရှိတွေနဲ့ တစ်ကိုယ်တော်မျိုးနွယ်ခြားသန်မာသူတွေရဲ့ အသေးစိတ်အချက်အလက်တွေအပြင် အရင်က သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာ သိချင်တယ်။ အသေးစိတ်ရလေ ကောင်းလေပဲ။ " လင်းယွမ်က ပြောလိုက်သည်။

ကြယ်နယ်မြေ၏ ကြယ်သခင်ဖြစ်လာခြင်းကြောင့် လင်းယွမ်က သူ၏ ထိန်းချုပ်မှုပြင်ပတွင် ရှိသောအရာများကို သူ၏ ကြယ်နယ်မြေအတွင်း တည်ရှိခွင့်ပြုမည်မဟုတ်ပေ။ သူတို့က လင်းယွမ်၏ ဦးစားပေးအာရုံစိုက်မှုအောက်တွင် ရှိလေသည်။

" ဟုတ်ကဲ့ " ချွန်းပိုနှင့် ကျားလီတို့က ဦးညွှတ်ပြီးပြောလိုက်သည်။

ထိုလေးယောက်ထွက်သွားပြီးသောအခါ နန်းတော်ထဲတွင် လင်းယွမ်တစ်ယောက်သာ ကျန်နေခဲ့သည်။

" ငါ့ရဲ့ လက်ရှိခွန်အား.... တိုက်ခိုက်ရေးစွမ်းအားအရဆို အဋ္ဌမအလွှာရဲ့ အထွတ်အထိပ် ရောက်နေလောက်ပြီ။ အဋ္ဌမအလွှာ တားဆီးမရသူတွေအောက် အသန်မာဆုံးထဲမှာတောင် ပါနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

မိုင်ခုနှစ်သိန်းရှိသော အတွင်းကမ္ဘာနှင့်ပင် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက အဋ္ဌမအလွှာ၏ အထွတ်အထိပ်ဟု ပြောရန် လုံလောက်လေသည်။

ထို့အပြင် လင်းယွမ် ကျင့်ကြံသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တိုက်ခိုက်ရေးတွင် အထူးကျွမ်းကျင်ပြီး အားနည်းသော ခွန်အားဖြင့် အားကြီးသော ပြိုင်ဘက်များကို အနိုင်ယူနိုင်လေသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှစ်ခုကို ကျော်သွားခြင်းမှာ အလားအလာအပြင် တိုက်ခိုက်ရေးစွမ်းအားကလည်း လွှမ်းမိုးနိုင်သော အားသာချက်တစ်ခု ဖြစ်သည်။

ပထမအလွှာကဏ္ဍမှ သတ္တမအလွှာကဏ္ဍ၊ ယခုလင်းယွမ်ဖန်တီးနေဆဲ ဖြစ်သော အဋ္ဌမအလွှာကဏ္ဍအထိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်တိုင်းက လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းမှ ဆင်းသက်လာခြင်းဖြစ်ပြီး အသေးစိတ်တိုင်းကို ပြည့်စုံအောင် ကြိုးစားခဲ့လေသည်။

" အဋ္ဌမအလွှာ တားဆီးမရသူတွေအောက်မှာ ငါ့ရဲ့ ပြိုင်ဘက်က နည်းလိမ့်မယ်။ အဋ္ဌမအလွှာ တားဆီးမရသူနဲ့ တွေ့ခဲ့ရင်တောင် ငါက ထိပ်တိုက်ရင်မဆိုင်ဘဲ ထွက်ပြေးခဲ့ရင် ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ " လင်းယွမ်က စဉ်းစားလိုက်သည်။

အဋ္ဌမအလွှာ တားဆီးမရသူများက စကြာဝဠာစွမ်းအားတစ်ခုကို ပိုင်ဆိုင်ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက အဋ္ဌမအလွှာထက် ကျော်လွန်လေသည်။ သို့သော် လင်းယွမ်၏ လက်ရှိကာကွယ်မှုများဖြင်ြ အိုရင်ကဲ့သို့ တစ်ချက်တည်းနှင့် ကိစ္စပြတ်သွားမည်မဟုတ်ပေ။

စိတ်ဝိညာဉ်ကာကွယ်မှုတွင် လင်းယွမ်၌ အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာ၊ နတ်ဆိုးကျောက်စိမ်းအမှတ်အသားနှင့် ၁၄၀၀၀ နီးပါး ရောက်ရှိနေသော စိတ်စွမ်းအားတို့ ရှိလေသည်။

စိတ်ဝိညာဉ်အမျိုးအစား ဆင့်ကဲပြောင်းလဲသူများနှင့် ရင်ဆိုင်ရလျှင်တောင် လင်းယွမ်က သေဆုံးခြင်းမရှိဘဲ ဆယ်ကြိမ်ကျော်လောက် ခုခံနိုင်လေသည်။

ရုပ်ခန္ဓာကာကွယ်မှုတွင် အဋ္ဌမအလွှာ ချပ်ဝတ်နှင့် ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းတို့ ရှိလေသည်။

သူ့ကိုသူ ကာကွယ်ရန် ထိုနည်းလမ်းနှစ်ခုဖြင့် လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူနှင့် ယှဉ်နိုင်မည်မဟုတ်သော်လည်း သူ့ကို သတ်ရန်လည်း လွယ်ကူမည်မဟုတ်ပေ။

ယခု နဂါးငွေ့တန်းကြယ်နယ်မြေက လူသားမျိုးနွယ်၏ ပိုင်နက်ထဲသို့ ရောက်သွားပြီဖြစ်သောကြောင့် လင်းယွမ်သာ အလိုရှိလျှင် လူသား အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများကို အချ်န်တိုအတွင်း ခေါ်ယူနိုင်လေသည်။

All Chapters