← Chapters

ဆေးနှင့်အဆိပ်ဆိုတာ ခွဲခြားမရ

Vol. 27 Ch. 391

ဆေးနှင့်အဆိပ်ဆိုတာ ခွဲခြားမရ

Vol. 27 Ch. 391

"ဘယ်လိုလဲ။ ကျုပ်ဒီပညာကို တတ်သွားတာလား"

"အင်း...တတ်သွားသလိုမျိုးပါပဲ"

နတ်မယ် လုယန်အမေးကို ပြန်ဖြေဖို့ သင့်တော်သည့်စကားလုံး ရှာမတွေ့။

"ဒါက စကြာဝဠာလက်ဝါးနဲ့တော့တူတယ်။ ဒါပေမယ့် အရွယ်အစားက မမှန်သေးဘူး"

နတ်မယ် လက်နှစ်ဘက်ဖြင့် အရွယ်အစားကိုပုံစံလုပ်ပြသည်။‌ေ

"ဒါက ရွာတစ်ရွာလောက်ပဲရှိတာ။ 'ရွာလက်ဝါး'လို့ ခေါ်ရမယ်ထင်တယ်"

လုယန် သူ့လက်ဝါးထဲမှ လေဟာနယ်ကို ပြန်ကြည့်သည်။ တကယ်သိပ်မကြီးလှ။

"ရွာလက်ဝါးတဲ့လား။ ဒါတော့ မဟုတ်သေးပါဘူး"

လုယန် လက်မခံချင်။

"လေဟာနယ်က သေးပေးမယ့် ဒါလည်း စကြာဝဠာပဲလေ။ ကြည့်ပါ၊ ကြယ်လေးတွေတောင် လှည့်ပတ်နေတယ်လေ။ 'အသေးစားစကြာဝဠာလက်ဝါး'လို့ ခေါ်သင့်ပါတယ်"

လုယန်စကားကြောင့် နတ်မယ် နှာခေါင်းရှုံ့သွားသည်။

"ဟား...ကြယ်တွေလိုဟန်ဆောင်ထားတဲ့ သဲမှုန်တွေပါ"

နတ်မယ် လုယန်လက်ဝါးဆီ လေတစ်ချက် ညင်သာစွာမှုတ်ထုတ်လိုက်သည်။ 'ကြယ်မှုန်'များ ချက်ချင်းပြန့်ကျဲပျောက်ကွယ်သွားသည်။

ဘယ်လိုမှ မတတ်သာတော့သဖြင့် လုယန် ဝန်ခံလိုက်ရသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း ရွာလက်ဝါးပဲပေါ့။ အနည်းဆုံးတော့ ဒါလည်း လေဟာနယ်ပညာပါပဲ"

နာမည်ပေးသည့်ပြဿနာကို မပြောတော့ဘဲ ရွာလက်ဝါးကို ကောင်းကောင်းအသုံးပြုနိုင်အောင် စတင်လေ့လာသည်။

"စကြာလဠာလက်ဝါးအစစ်က တစ်လောကလုံးကို ဖျက်ဆီးနိုင်တယ်။ လူတွေ ခုခံနိုင်စွမ်းမရှိဘူး။ ဒီတော့ ရွာလက်ဝါးလည်း ဒီသဘောတရားမျိုးပဲဖြစ်သင့်တယ်"

နတ်မယ်လှုပ်ရှားပုံကို တုပ၍ ညာလက်ကိုအောက်သို့ဖိချလိုက်သည်။

"ရွာလက်ဝါး"

"ဝှီး"

ရွာတစ်ရွာအရွယ်အစား ကြီးမားသည့်လက်ဝါတစ်ခု ကောင်းကင်မှဆင်းလာသည်။ ကြောက်စရာဖိအားမျိုးကို သယ်ဆောင်လာသည်။ ရုပ်ခန္ဓာဖိအားထက် စိတ်ဖိအားသက်ရောက်မှုက ပိုပြင်းထန်သည်။

သို့သော် လက်ဝါးက မြေပြင်မရောက်မီ တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားသည်။

လုယန် အသက်ကိုပင်ပန်းကြီးစွာ ရှူရှိုက်နေရသည်။ ဝိညာဉ်ချီများကို အသဲအသန်စုပ်ယူနေရသည်။ ရေနစ်သူတစ်ယောက် ကမ်းစပ်ကိုရောက်လာချိန် အသက်ရှူနေရသည်နှင့်တူသည်။

ရွာလက်ဝါးစွမ်းအားကို တမင်ဖျက်သိမ်းခဲ့ခြင်းမဟုတ်။ လက်ဝါးအသွင်ကိုထိန်းထားဖို့ သူ့ဝိညာဉ်စွမ်းအားက မလုံလောက်သေးသောကြောင့်ဖြစ်သည်။

"ဒီပညာသုံးဖို့ အခုလေလောဆယ် နင့်အတွက် ခက်ခဲနေဦးမှာပဲ'

နတ်မယ် ခေါင်းခါသည်။ ဤရွာလက်ဝါးသည်ပင် ရွှေသန္ဓေအလတ်တန်းဆင့်တစ်ယောက် စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေသည်။

သို့သော် ပြောခဲ့သလိုပင် ထိုလက်ဝါးကို အပြည့်အဝတ်ထုတ်သုံးနိုင်လျှင် ရွှေသန္ဓေအဆင့်တွင် ဘယ်သူမှ ခုခံနိုင်မည်မဟုတ်။

ရွှေသန္ဓေအဆင့်မှ ပါရမီအထူးဆုံးကျင့်ကြံသူများပင် ကာကွယ်တားဆီးနိုင်ဖို့ မသေချာ။

လုယန် နည်းလမ်းတစ်ခု ချက်ချင်းတွေးမိသည်။

"ရွာလက်ဝါးကို ထုတ်သုံးနေတဲ့အချိန် ငါ့ဝိညာဉ်စွမ်းအားကိုဖြည့်ဖို့ ဆေးလုံးတွေသုံးလို့ရနိုင်တယ်"

တင်ပျဉ်ခွေထိုင်ချ၍ ပုံမှန်အခြေအနေပြန်ရောက်အောင် နာရီဝက်ကျင့်ကြံသည်။ စိတ်ကိုတည်ငြိမ်အောင် စုစည်းပြီး နောက်ထပ်လက်ဝါးချက်ထုတ်ရန် အသင့်ပြင်သည်။

မဟာအားဖြည့်ဆေး အပြည့်ပါသည့် ဆေးဘူးတစ်ခုထုတ်လိုက်သည်။ ထိုဆေးလုံးများကို ဟိုအရင်ကတည်းက သုံးဖူးထားသဖြင့် ကျွမ်းကျင်နေပြီဖြစ်သည်။

ဆေးတစ်လုံး ပါးစပ်ထဲပစ်ထည့်၍ 'ရွာလက်ဝါး'ကို နောက်တစ်ကြိမ် ပြန်အသက်သွင်းသည်။

လက်ဝါးက မြေပြင်ကိုမရောက်မီ ပျောက်သွားပြန်သည်။ လုယန် မြေပေါ်လဲကျသွားပြီး ဟောဟဲလိုက်နေသည်။

"ဆေးတစ်လုံးနဲ့ မလုံလောက်ဘူး"

နောက်ထပ်နာရီဝက်အကြာတွင် သူဆေးသုံးလုံးသောက်သည်။ ရွာလက်ဝါးကို ပြန်အသက်သွင်းသည်။

လက်ဝါးရိပ်က လေထဲတွင်ပျောက်သွားပြန်သည်။

"ဆေးသုံးလုံးလည်း မရသေးဘူးလား"

လုယန် အံကြိတ်လိုက်သည်။ အောင်မြင်ဖို့အတွက် မဟာအားဖြည့်ဆေး ဘယ်နှလုံးကုန်မည်မသိ။

ငါးလုံး။

ခြောက်လုံး။

ခုနစ်လုံး။

ရှစ်လုံး။

ကိုးလုံး။

ဆယ်လုံး။

နောက်ဆုံးတွင် ကောက်ချက်တစ်ခုချလိုက်သည်။ ရွာလက်ဝါးသုံးနိုင်ဖို့ မဟာအားဖြည့်ဆေး ပါးစပ်အပြည့်ထိုးထည့်ဖို့လိုလောက်သည်။

သို့သော် ပြဿနာတစ်ခုပေါ်လာပြန်သည်။ ပါးစပ်ထဲတွင်ပြည့်သိပ်နေသဖြင့် ဆေးအားလုံးကို တစ်ပြိုင်တည်းမျိုချဖို့ခက်သည်။ တစ်လုံချင်းမျိုချလျှင်လည်း အလျင်မီ‌အောင် ဝိညာဉ်စွမ်းအားဖြည့်နိုင်မည်မဟုတ်။

"အင်း... သတ္တမအကြီးအကဲကို အကူအညီ‌တောင်းမှထင်တယ်"

သတ္တမအကြီးအကဲသည် အလယ်ပိုင်းတိုက်နယ်တွင် အထင်ရှားဆုံး ဆေးပညာရှင်ဖြစ်သည်။ ဝိညာဉ်စွမ်းအားချက်ချင်းဖြည့်နိုင်မည့် ဆေးလုံးကို သေချာပေါက် သူဖန်တီးနိုင်လိမ့်မည်။

ထို့ပြင် လက်ဆောင်ပေးထားသည့် မူထန်မြက် ကျေးဇူးဖြင့် အကြီးအကဲကသူ့ကို ဆေးသုံးကြိမ် အခမဲ့ဖော်စပ်ပေးမည်ဟု ကတိပေးထားသည်။

လုယန် အချိန်ဆိုင်းမနေတော့။

ဆေးသန့်စင်နေသည့် သတ္တမအကြီးအကဲကို သူသွားတွေ့သည်။ သင်းပျံ့သည့်ဆေးနံ့များ လေထဲတွင်ပြည့်နေသည်။ သန့်စင်မှုအဆိပ်ကင်းမှုတို့၏ လက္ခဏာဖြစ်သည်။

"ဟားဟား၊ ငါသေချာဖော်စပ်ထားတဲ့ အဆင့်ချိုးဖျက်ဆေးလုံး အောင်မြင်သွားပြီကွ"

သတ္တမအကြီးအကဲ ဝမ်းသာအားရရယ်မောနေသည်။ ဆေးလုံးအသစ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။

"ဂုဏ်ယူပါတယ် အကြီးအကဲ"

အနှောက်အယှက်မပေးဘဲ ခပ်လှမ်းလှမ်းမှကြည့်နေခဲ့သည့်လုယန် လက်ဆုပ်အရိုအသေပြုလိုက်သည်။ ဆေးသန့်စင်မှုပြီးဆုံးသွားသဖြင့် သူရှေ့တိုးလာသည်။

"ဪ..လုယန်။ မင်းရွှေသန္ဓေအဆင့်ပဲရှိသေးတာ ဆိုးလိုက်တာကွာ။ ငါ့ရဲ့အဆင့်ချိုးဖျက်ဆေးလုံးအသစ်ကို မင်းစမ်းကြည့်လို့မရသေးဘူး။ ဒီလိုဆေးမျိုး ဘယ်သူမှမတီထွင်ဖူးလောက်သေးဘူးကွ"

လုယန် ခဏတုံ့ဆိုင်းသွားသည်။ သူကြားဖူးသလောက် ရွှေသန္ဓေအဆင့်သို့ တိုးမြှင့်ပေးနိုင်သည့်ဆေးလုံးများသည် ဟိုအရင်ကတည်းကရှိခဲ့သည်။

သတ္တမအကြီးအကဲ ဆက်ပြောသည်။

"သာမန်ဆေးဆရာတွေဖော်စပ်တဲ့ဆေးကို ငါ့ဆေးနဲ့နှိုင်းယှဉ်လို့ မရနိုင်ဘူး။ အပြင်လောကမှာက အဆင့်ချိုးဖျက်ဆေးလုံးဆိုတာ အလှကုန်တွေလို စီးပွားဖြစ်ထုတ်တဲ့ အမှိုက်သက်သက်ပါကွာ"

"ဒါဆို အကြီးအကဲဖော်စပ်တဲ့ဆေးလုံးက..."

"တစ်ခြားလူတွေဖော်စပ်ထားတဲ့ အဆင့်ချိုးဖျက်ဆေးလုံးဆိုတာ အခြေတည်အဆင့်ကနေ ရွှေသန္ဓေအဆင့်တက်ဖို့ပဲ။ အရမ်း အဆင့်နိမ့်လွန်းတယ်။

ငါဖော်စပ်တဲ့ဆေးက အခြေတည်အဆင့်ကနေ ရွှေသန္ဓေအဆင့်တက်နိုင်ရုံမကဘူး။ နတ်ဝိညာဉ်အဆင့်ကနေ ရွှေသန္ဓေအဆင့်ကိုလည်း ပြန်ဆင်းနိုင်တယ်"

လုယန် '..."

သတ္တမအကြီးအကဲ ကျယ်ပြန့်သည့်အပြင်လောကတွင် နာမည်ကောင်းမတွင်ခြင်းအကြောင်းရင်းကို သူနားလည်လာသည်။

ကျင့်ကြံသူလောကတွင် ဆေးရှိလျှင် အဆိပ်ရှိသည်ဆိုသည့်စကား လူသိများသည်။ ဆေးပညာရှင်အများစုက အဆိပ်ဂုဏ်သတ္တိများကို နှံစပ်ကျွမ်းကျင်သည်။

သို့သော် သတ္တမအကြီးအကဲလို ဆေးရောအဆိပ်ပါ မျှတစွာကျွမ်းကျင်သူမျိုးကတော့ အတော်ရှားသည်။

ပထမဆုံးအကြိမ် ဆေးအိုးတောင်ထိပ်သို့ လာလည်စဉ်က ပြင်းထန်သည့်ဆေးနံ့ကြောင့် သူသတိလစ်သွားခဲ့သည့်အဖြစ်ကို လုယန်မှတ်တ်မိနေသည်။ သတ္တမအကြီးအကဲ၏လမ်းညွှန်မှုဖြင့် ဆေးအိုးတောင်မှ အကိုအမများ အဆိပ်‌ပညာင် ကျွမ်းကျင်လာကြသည်။ ဆေးရောအဆိပ်ပါကျွမ်းကျင်ခြင်းဖြစ်ပါသည်။

သို့သော် အဆိပ်မသင့်စေရန်ရည်ရွယ်၍ ဖော်စပ်ထားသည့်ဆေးများပင် အဆိပ်လုံးဝကင်းသည်ဟု သူတို့အာမမခံနိုင်ကြ။ 'အဆိပ်နှင့်ဆေးခွဲခြားမရ'ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားကြသူများဖြစ်သည်။

"ကံရေစက်ရှိလို့ ငါတို့ဒီနေ့တွေ့ကြတာပဲ။ ဒီထဲက ဆေးတစ်လုံးယူလိုက်ပါ"

သတ္တမအကြီးအကဲက လက်ခလယ်ကို ဖျတ်ခနဲခါလိုက်သည်။ အစိမ်းရောင်ဆေးတစ်လုံး လုယန်လက်ထဲကျလာသည်။

"မင်းငါ့ကိုလာတွေ့တာ ဘာကိစ္စရှိလို့လဲ"

"ဟုတ်ကဲ့၊ ခုရက်ပိုင်း ဝိညာဉ်ချီတွေအများကြီးသုံးရတဲ့ ပညာရပ်တစ်ခု ကျုပ်သင်ခဲ့တယ်။ ဒီပညာအသက်သွင်းနေရင်းမှာပဲ ဝိညာဉ်ချီတွေ ကုန်ကုန်သွားတယ်။ ဒီထက်ရှေ့ဆက်မတိုးနိုင်ဘူးဖြစ်နေတယ်။ မဟာအားဖြည့်ဆေးတွေသုံးပြီး ကျုပ်စမ်းကြည့်ခဲ့တယ်။ ဒါပေမယ့် ဒီဆေးတွေ ဝိညာဉ်ချီပြန်ဖြည့်တဲ့နှုန်းက ကုန်ခမ်းသွားတဲ့နှုန်းကို အမီမလိုက်နိုင်ဘူး။ ဒီထက်မြန်မြန် ဝိညာဉ်ချီပြန်ဖြည့်နိုင်မယ့် ‌ဆေးတစ်လုံးလောက် ဖော်စပ်ပေးစေချင်ပါတယ်"

"ဟားဟား...မင်းလိုအဖြစ်မျိုးတွေ အရင်ကလည်းရှိဖူးပါတယ်။ ဒီလိုဆေးလုံးသန့်စင်ဖို့က မခက်လှပါဘူး။ မင်းရဲ့စွမ်းအင်သွေးကြောတွေကို ငါအရင်စမ်းသပ်ကြည့်မယ်"

အကြီးအကဲက လုယန်လက်ကောက်ဝတ်ကိုကိုင်၍ ခဏစမ်းသပ်ပြီး‌နောက် တအံ့တဩမော့ကြည့်သည်။

"မင်းရဲ့လက်ရှိအဆင့်နဲ့ ဒီလောက်စွမ်းအင်အများကြီး သိုလှောင်ထားနိုင်မယ်လို့ ငါမထင်မိဘူး။ မင်းငါ့ဆီလာတာ သဘာဝကျပါတယ်။ အမှန်ဆို ဒီဝိညာဉ်စွမ်းအင်ပမာနနဲ့ ဘယ်ပညာသုံးသုံး စွမ်းအင်ကုန်ခမ်းတာမျိုးမဖြစ်သင့်ဘူး။

ဪ..ပြီးတော့ မင်းဘာပညာကျင့်ကြံနေလဲဆိုတာ မပြောချင်မပြောဘဲထားလို့ရပါတယ်။ ကျင့်ကြံသူတွေမှာ လျှို့ဝှက်ချက်ရှိကြတာ မဆန်းပါဘူး။ ဥပမာ ညီကိုးဆိုရင် သူ့ကိုယ်ထဲမှာ ရှေးဟောင်းသားရဲကြီးတစ်ကောင် ပိတ်မိနေတယ်။ စတုတ္ထအကိုဆိုရင်လည်း ငယ်ငယ်တုန်းက သူ့အိပ်ယာခင်းအောက်မှာ လိင်စိတ်ကြွစေတဲ့ ပန်းချီပုံတွေ ဝှက်ထားလေ့ရှိတယ်လေ"

ထိုလျှို့ဝှက်ချက်များသည် ကျင့်ကြံသူများတွင်သာ ရှိခြင်းမဟုတ်နိုင်ဟု လုယန်ထင်မိသည်။

"ကျုပ်မပြောချင်လို့မဟုတ်ပါဘူး။ ရှင်းပြဖို့ နည်းနည်းခက်လို့ပါ။ ကျုပ်လက်တွေ့သရုပ်ပြပေးရင် ရမလား"

နတ်မယ်အကြောင်း ရိပ်မိသွားမည်ကို လုယန်မစိုးရိမ်။ ထိုပညာကို ယွမ်ကျိသင်ပေးသည်ဟုသာ အားလုံးကထင်ကြလိမ့်မည်။

ကွင်ပြင်တစ်ခုသို့ သူသွားသည်။ လက်ဝါးကိုမြှောက်၍ အောက်သို့ဖိချသည်။ လက်ဝါးရိပ်ကြီးတစ်ခု ကောင်းကင်မှဆင်းလာသည်။ နေရောင်ပျောက်သွားပြီး တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ လက်ဝါးရှိကြောင့်ဖြစ်လာသည့် လေအားက ပြင်းထန်လွန်းသဖြင့် အောက်ဘက်မှမြက်ပင်များ ပြားချပ်သွားသည်။

သို့သော် လက်ဝါးရိပ်က လမ်းတစ်ဝက်တွင် ပျောက်ကွယ်သွားပြန်သည်။

ထိုမြင်ကွင်းကိုကြည့်၍ အကြီးအကဲမျက်လုံးပြူးသွားသည်။ အတော်စိတ်ဝင်စားလာပုံရသည်။ ထိုပညာမျိုး သူတစ်ခါမှမမြင်ဖူး။ အားအရှိန်ကိုကြည့်ရုံဖြင့် သာမန်ရွှေသန္ဓေအဆင့်များ ထုတ်သုံးနိုင်သည့်ပညာမဟုတ်မှန်း ရိပ်စားမိသည်။ လုယန် ယခုလိုစွမ်းဆောင်နိုင်သည်က ယုံနိုင်စရာပင်မရှိ။

"တကယ်အံ့ဩစရာကောင်းတဲ့ မှော်ပညာပဲ။ ဒီပညာကို ဘယ်လိုခေါ်သလဲ"

လုယန်က တည်ကြည်လေးနက်သည့်လေသံဖြင့်

"ရှေးဟောင်းမသေမျိုးပညာအမွေ ပြိုင်ဘက်ကင်းမဟာနတ်စွမ်းအားတစ်ခုပါ။ 'ရွာလက်ဝါးပညာ"လို့ခေါ်ပါတယ်"

အကြီးအကဲ လုယန်ကို တအံ့တဩကြည့်သည်။ မြင်ရသည့်စွမ်းအားနှင့် ကျင့်စဉ်နာမည်က သိပ်မလိုက်ဖက်ဟု ခံစားရသည်။

**********************************

All Chapters