← Chapters

တာအိုလမ်းစဉ်ဂိုဏ်းသို့ ခိုးဝင်လာသည့် ရန်သူတစ်ယောက်

Vol. 27 Ch. 395

တာအိုလမ်းစဉ်ဂိုဏ်းသို့ ခိုးဝင်လာသည့် ရန်သူတစ်ယောက်

Vol. 27 Ch. 395

နတ်မယ်သည် ခေတ်အဆက်ဆက် အတော်ဆုံးမသေမျိုးစားဖိုမှူးဟု နာမည်ကြီးသည်။ သူ့အစားအသောက်တီထွင်ဖန်တီးမှုများက သမိုင်းတွင်သည်။ အဆင့်အမျိုးမျိုးမှလူများ ချီးကျူးကြသည်။

ထာဝရမျိုးဆက်ဒုခေါင်းဆောင်ဖြစ်သည့် လုယန်သည် သူ့မသေမျိုးဟင်းချက်ပညာကို 'အမွေမခံရလောက်အောင်' ကံကောင်းသူဖြစ်သည်။ ကိုယ်ပိုင်ဟင်းချက်နည်းကိုသာ တီထွင်သည်။

ဤဘဲကင်ကို လုမိသားစုဘဲကင်ဟုသာ ခေါ်နိုင်ပေလိမ့်မည်။

ရွှေဝါရောင်သန်းနေသည့် လုမိသားစုဘဲကင်က ကြွပ်ရွနေသည့် အရေပြားအောင်တွင် နူးညံ့သည့်အသားရှိသည်။ တစ်ချက်ကိုက်လိုက်တိုင်း အရသာများပေါက်ကွဲ၍ လျှာအကြောပေါင်းတစ်ထောင်စိမ့်ဝင်သွားသည်။

လုယန်နှင့်ယွမ်ကျိတို့ ဖြေးဖြေးချင်း အရသာခံ၍ စားနေသည်။ လုယန် အစားအသောက်ကိုသာ အာရုံစိုက်ထားပြီး နတ်မယ်တောင်းဆိုသည့်စကားကို မကြားချင်ယောင်ဆောင်နေသည်။

"လုယန်၊ ငါတစ်ဖဲ့လောက်မြည်းကြည့်ချင်တယ်"

"လုပ်ပါ။ တစ်ကိုက်တည်းပါ"

ဘဲသားကို မြိန်ရေရှက်ရေစားနေသည့်လုယန်ကို နတ်မယ် မနာလိုသည့်မျက်လုံးဖြင့် ကြည့်နေသည်။ သူကိုယ်တိုင် ဘဲသားတုံးကို ကိုက်ချင်လာသည်။ သို့သော် လုယန်က သူ့ကိုလုံးဝအရေးမစိုက်သဖြင့် ခြေ‌ဆောင့်၍သာနေရလေသည်။

....

ညအမှောင်ထုကျလာသည်။ အရိပ်တစ်ခု တာအိုလမ်းစဉ်ဂိုဏ်းဂိတ်တံခါးနားတွင် တိတ်တဆိတ်ပေါ်လာသည်။

ထိုဝတ်ရုံနက်လူ ဝင်လာသည်ကို ဂိတ်စောင့်ဂိုဏ်းတပည့်နှစ်ယောက် သတိမထားမိကြ။ လုံးဝမမြင်ကြသည့်ပုံစံမျိုးဖြစ်သည်။

ဂိတ်တံခါးကိုဖြတ်၍ ဝါးတောထဲသို့ ရောက်လာသည်။ ထိုနေရာတွင် မြစ်စောင့်ဝိညာဉ်ရှိကြောင်း သူသိသည်။ အသက်ကိုအောင့်၍ တာအိုလမ်းစဉ်ဂိုဏ်းထဲသို့ သတိဖြင့်ဝင်သွားသည်။

ထိုလူသည် တာအိုလမ်းစဉ်ဂိုဏ်းနယ်မြေနှင့် အတော်ရင်းနှီးကျွမ်းဝင်ပုံရသည်။ အစောင့်များ ဘယ်နားတွင်ရှိသည် မမြင်အောင်ဘယ်လိုရှောင်ရမည်ကို သူကောင်းကောင်းသိသည်။

ထူးဆန်းသည့်လမ်းလျှောက်နည်းတစ်မျိုးဖြင့် ပေါ့ပါးစွာ လျှောက်သွားသည်။ မြစ်ဝိညာဉ်စောင့်ကြပ်သည့်နယ်မြေကိုဖြတ်၍ ဝါးတောထဲသို့ဝင်သည်။ တာအိုလမ်းစည်ဂိုဏ်း၏ အတွင်းစည်းနယ်သို့ ရောက်သည်။

"ဟား...တာအိုလမ်းစဉ်ဂိုဏ်းက ဘာမှလည်းမဟုတ်ပါဘူး"

ဝတ်ရုံနက် လှောင်ပြုံးပြုံးသည်။ မျက်လုံးများက အေးစက်၍ အထင်မကြီးသည့်အရိပ်များ ပြည့်နေသည်။

ဝါးတောကို သူကျော်ဖြတ်သွားပြီးနောက်တွင် စမ်းချောင်းထဲမှ မြူငွေ့များထွက်လာပြီး မြစ်ဝိညာဉ်အသွင် ပေါ်လာသည်။ ဝေးကွာသွားသည့်ဝတ်ရုံနက်၏ကျောပြင်ကို အသံတိတ်ကြည့်နေသည်။

ဝါးတောအလွန်တွင် မစ်ရှစ်ခန်းမတောင်ကုန်းရှိသည်။ ထိုနေရာကို တာအိုလမ်းစဉ်ဂိုဏ်း၏ အတွင်းစည်းဂိတ်တံခါးဟု ဆိုနိုင်သည်။

ဝတ်ရုံနက်က မစ်ရှင်ခန်းမဆီ တစ်ချက်ကြည့်သည်။ သူပို၍သတိထားလာသည်။ အမှားအယွင်းတစ်ခုခုလုပ်မိမည်ကို စိုးရိမ်နေသည်။

"တာအိုလမ်းစဉ်ဂိုဏ်းရဲ့ လျှို့ဝှက်ကျမ်းတွေ၊ တားမြစ်ကျင့်စဉ်ပညာတွေကို ခိုးရမယ်။ ဒါဟာ အပြောင်းအလဲဖန်တီးဖို့ မစ်ရှင်တစ်ခုပဲ။ ငါလူမိခံလို့မဖြစ်ဘူး။

...အခု မစ်ရှစ်ခန်းမကို တိုင်ပုဖန်က အဓိကကြီးကြပ်နေတာဆိုတော့ သူ့ကျင့်စဉ်အဆင့်လောက်နဲ့ ငါ့ကိုအာရုံခံနိုင်စရာအကြောင်းမရှိဘူး။ သူက အတွေ့အကြုံနုသေးတယ်။ ဝါရင့်နေတဲ့ သူ့ဆရာချင်ကျိုးနန်ကိုမီဖို့တော့ မနီးစပ်သေးဘူး။

...ဒါပေမယ့် အဘိုးကြီးချင်ကျိးနန် ဒီမှာရှိနေရင် စိုးရိမ်ရတယ်။ သူ့ကိုမုန်းပေမယ့် သူ့ကျင့်စဉ်စွမ်းအားက တကယ်လေးစားလောက်တယ်။ ငါ့ကို ရိပ်မိချင်ရိပ်မိသွားနိုင်တယ်။

...သူဒီမှာမရှိလောက်ပါဘူး။ ဒီအဘိုးကြီးက ဂူသင်္ချိုင်းဆောက်တဲ့ကိစ္စကို စွဲလမ်းနေတာ။ မစ်ရှင်ခန်းမမှာ ကြာကြာနေလေ့မရှိဘူး"

ရင်တထိတ်ထိတ်ဖြင့် မစ်ရှင်ခန်းမတောင်ကုန်းကို သူဖြတ်ကျော်နိုင်ခဲ့သည်။ အနှောင့်အယှက် လုံးဝမကြုံရ။

"ငါကံကောင်းနေတဲ့ပုံပဲ။ ချင်ကျိုးနန် ဒီမှာမရှိဘူးထင်တယ်"

အန္တရာယ်များသည့်နေရာကို ဖြတ်ကျော်လာပြီးနောက် သူစိတ်ပေါ့ပါးသွားသည်။ ရဲရဲတင်းတင်း ဂိုဏ်းအတွင်းပိုင်းသို့ ဝင်သွားသည်။ သူ့ကိုယ်ယောင်ဖျောက်စွမ်းရည်ကို သူယုံကြည်စိတ်ချသည်။

ဂိုဏ်းအကြီးအကဲများနှင့်တိုးလျှင်ပင် သူ့ကိုသတိမထားမိနိုင်ဟု ယုံကြည်သည်။

မှန်သည်။ ဂိုဏ်းနယ်မြေထဲ ဖြတ်လျှောက်ခဲ့သော်လည်း သူ့ကိုဘယ်သူမှမမြင်ကြ။ ဝိညာဉ်ပြောင်းအဆင့် လေဟာနယ်အဆင့်ဂိုဏ်းတပည့်များနှင့် ပွတ်ကာသီကာရှောင်သွားသည့်တိုင် ဘယ်သူမှ သူ့ကိုအာရုံမခံနိုင်ကြ။

ဈေးဆိုင်တန်းကို သူဖြတ်လျှောက်သည်။ ဘယ်သူမှအာရုံမခံမိကြ။

ဈေးတစ်ခုလုံး စုစည်ခြင်းအဆင့်ကျင့်ကြံသူများ ပြည့်နေသည်။ သို့သော် သူရှိနေမှန်း ဘယ်သူမှ မသိကြ။ သူ့ကျင့်စဉ်စွမ်းအား နက်ရှိုင်းခြင်း၏သက်သေဖြစ်သည်။

"ခန္ဓာသန့်စင်မှုတောင်ထိပ်...ဒီနေရာပဲ...မုန်မိသားစုက အကြီးဆုံးသားက ဒီမှာနေတာ"

ဝတ်ရုံနက် အေးစက်စက်တစ်ချက်ရယ်လျက် တောင်ထိပ်သို့တက်သွားသည်။

"တာအိုလမ်းစဉ်ဂိုဏ်းက အကြီးအကဲသုံးဟာ တစ်ကိုယ်လုံး ကြွက်သားတွေချည်းပဲ။ သူနဲ့ထိပ်တိုက်ရင်ဆိုင်ရရင် ငါတောင်အခက်တွေ့ရမှာ။ ဒါပေမယ့် ကိုယ်ယောင်ဖျောက်ပညာမှာတော့ သူငါ့ကိုမမီပါဘူး"

ဝိညာဉ်စိုက်ခင်းများကြား သူဖြတ်လျှောက်သွားသည်။ မျက်လုံးပြာကျွဲမျိုးနွယ်တို့ လယ်ကွင်းထဲတွင် ဇွဲကောင်းကောင်းဖြင့် အလုပ်လုပ်နေကြသည်။ ထိုမျိုးနွယ်သည် လယ်ယာစိုက်ပျိုးရေးအတွက် စံပြမျိုးနွယ်ဖြစ်သည်။

သူ့ဂိုဏ်းတွင်လည်း ကျယ်ပြန့်သည့်ဝိညာဉ်စိုက်ခင်းများရှိပါသည်။ သို့သော် မျက်လုံးပြာကျွဲမျိုးနွယ်၏ အကူအညီမရ။

ဝတ်ရုံနုက် ပြန်သတိရလာသည်။

"အကြီးအကဲသုံး ငယ်ငယ်တုန်းက နတ်ဆိုးနယ်မြေကိုခရီးထွက်တော့ မျက်လုံးပြာကျွဲတစ်ကောင်ရဲ့အသက်ကို ကယ်ခဲ့တယ်လို့ကြားဖူးတယ်။ ဒီကျေးဇူးကိုဆပ်ဖို့ အဲဒီ့ကျွဲနဲ့သူ့မျိုးနွယ်တစ်ခုလုံး တာအိုလမ်းစဉ်ဂိုဏ်းမှာ အခြေချခဲ့တာလို့တဲ့။ တကယ်ရှားပါးပြီး နှစ်ခါမရနိုင်တဲ့ အခွင့်အရေးမျိုးပဲ"

"ဒီနေရာလား...မဟုတ်ဘူး။...ဒီမှာလား...မဟုတ်သေးဘူး"

မုန်ကျင်းကျိုးနေသည့်နေရာကို ဝတ်ရုံနက် အတိအကျမသိ။ ထို့ကြောင့် လှိုဏ်ဂူတစ်ခုပြီးတစ်ခု လိုက်ရှာကြည့်ရသည်။

"တွေ့ပြီ၊ ဒီကောင်ပဲ"

လှိုဏ်ဂူတစ်ခုအနီးတွင် အိပ်ပျော်နေသည့်မြင်းအိုကို သူမြင်သွားသည်။ ထိုကြောင့် မုန်မိသားစုအကြီးဆုံးသား ဤလှိုဏ်ဂူတွင်ရှိရမည်။ ကောက်ကျစ်သည့်အပြုံးတစ်ခု သူမျက်နှာတွင်ပေါ်လာသည်။

"မုန်မိသားစုက သူတို့အမွေခံတွေကို ကောင်းကောင်းစောင့်ရှောက်ထားကြတာပဲ။ သူတို့သားကြီးကို စောင့်ရှောက်ဖို့ မဟာနတ်ဆိုးဘုရင်သားရဲကိုတောင် တာဝန်ပေးထားတယ်။

ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတွေရဲ့ သားသမီးတွေတောင် ဒီလိုအခွင့်ထူးမျိုးမရကြဘူး"

ဝတ်ရုံနက် ကျိတ်၍ အံ့ဩမိသည်။

မြင်းအိုကို ကျင်လည်စွာရှောင်တိမ်း၍ လှိုဏ်ဂူထဲသို့ ဝင်သွားသည်။

မုန်ကျင်းကျိုးက တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည်။ လက်နှစ်ဘက် အပေါ်သို့မြှောက်ထားသည်။ အရိပ်ပညာကို လေ့ကျင့်နေခြင်းဖြစ်သည်။ သူစိမ်းတစ်ယောက်ဝင်လာသည်ကို လုံးဝသတိမထားမိ။

"ကောင်လေးမုန်၊ ထတော့"

စကားသံက မုန်ကျင်းကျိုးနားထဲ ပဲ့တင်ထပ်သွားသဖြင့် သူလန့်သွားသည်။ လှိုဏ်ဂူတံခါးဝကို သူပိတ်ထားသည်။ မြင်းအိုကလည်း စောင့်ကြပ်နေမည်ထင်သည်။

ယခု လူစိမ်းတစ်ယောက်ဝင်လာသည်ကို ဘာကြောင့် သတိမထားမိသနည်း။

"မင်းဘယ်သူလဲ"

မုန်ကျင်းကျိုး သတိဖြင့်ကြည့်ကြည့်နေသည်။ သူ့ဗီဇစိတ်က အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။ သူချက်ချင်းအသက်ပျောက်သွားနိုင်ကြောင်းသိနေသည်။

သူ့ရှေ့မှလူသည် တာအိုလမ်းစဉ်ဂိုဏ်းသားမဟုတ်သည်မှာ သေချာသည်။

တာအိုလမ်းစဉ်ဂိုဏ်းထဲသို့ ဘယ်သူမှမရိပ်မိအောင် ခိုးဝင်နိုင်သည်ဆိုလျှင် ထိုလူ၏ကျင့်စဉ်အဆင့်က သူနားလည်နိုင်စွမ်းထက် မြင့်နေသည့်သဘောဖြစ်သည်။

'ဒီလူဘယ်သူလဲ၊ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ရန်သူလား။ ဒုတိယအထူးချွန်ဆုံးလူငယ်မျိုးဆက်ဖြစ်တဲ့ငါ့ကို သတ်ဖို့လာတာလား။

ဒါမှမဟုတ် မုန်မိသားစုရဲ့ ရန်သူလား။ ငါ့ကိုအသုံးချပြီး ငါ့မိသားစုကိုခြိမ်းခြောက်ချင်တာလား။

ဒါမှမဟုတ် တာအိုလမ်းစဉ်ဂိုဏ်းနဲ့မုန်မိသားစုနှစ်ခုလုံးရဲ့ ဘုံရန်သူလား။ ငါ့ကိုပြန်ပေးဆွဲပြီး ငါတို့ဂိုဏ်းနဲ့ငါ့မိသားစုကို သွေးခွဲမလို့လား'

ဖြစ်နိုင်ခြေသုံးခုလုံး သူချက်ချင်းစဉ်းစားမိသည်။ ဝတ်ရုံနက်၏ ရည်ရွယ်ချက်နှင့်နောက်ခံကို အနီးစပ်ဆုံး ခန့်မှန်းကြည့်သည်။

"ငါဘယ်သူလဲ မင်းသိဖို့မလိုဘူး"

ဝတ်ရုံနက် မုန်ကျင်းကျိုးကို မျက်လုံးမှေးစင်းလျက် စိုက်ကြည့်နေသည်။ သူ့လေသံက တစ်ခုခုစိတ်လောနေပုံရသည်။

"ငါမင်းကို မေးစရာရှိလို့ပါ။ တစ်ကိုယ်တော်ကျိန်စာလက်သီးဆိုတဲ့ပညာကို မင်းတီထွင်ခဲ့တာလား။ ဒီလက်သီးထိတဲ့လူမှန်သမျှ တစ်သက်လုံးကျိန်စာသင့်ပြီး လူပျိုအဖြစ်ပဲ နေသွားရတယ်လို့ကြားတယ်"

မုန်ကျင်းကျိုး အူကြောင်ကြောင်ဖြစ်သွားသည်။ သူ့ကိုယ်သူ ပြန်ပေးဆွဲခံရမည်ဟု တွေးထားပြီးဖြစ်သည်။ ထိုလူဘာကြောင် ထိုအကြောင်းမေးနေသည်မသိ။

ထိုလူသည် တာအိုလမ်းစဉ်ဂိုဏ်းနှင့် မုန်မိသားစု၏ ကမ္ဘာမကြေရန်သူမျိုးလည်း ဟုတ်ဟန်မတူ။

"တစ်ကိုယ်တော်ကျိန်စာလက်သီးကို ကျုပ်တီထွင့်ခဲ့တာအမှန်ပါပဲ။ ဒါပေမယ့် ခင်ဗျားက တာအိုလမ်းစဉ်းဂိုဏ်းရဲ့ရန်သူမဟုတ်ဘူးလား"

မုန်ကျင်းကျိုး စပ်စုလိုက်သည်။ ထိုလူ၏ရည်ရွယ်ချက်ကို ခန့်မှန်းမရသေး။ မြင်းအိုနိုးလာပြီး တစ်ခုခုမူမမှန်သည်ကို ရိပ်စားမိ‌အောင် အချိန်ဆွဲနေခြင်းလည်းဖြစ်သည်။

ဝတ်ရုံနက် လှောင်ပြုံးပြုံးသည်။ မုန်ကျင်းကျိုးမေးခွန်းက သူ့အတွက်ရယ်စရာဖြစ်နေသည်။

"တာအိုလမ်းစဉ်ဂိုဏ်းအတွက် ငါ့အမုန်းတရားတွေက အဆုံးမရှိဘူးကွ"

ဝတ်ရုံနက်က ဖုံးကွယ်ထားသည့်မျက်နှာကို ဖယ်ရှားလိုက်သည်။ မုန်ကျင်းကျိုး ချက်ချင်းမှတ်မိသွားသည်။

တာအိုလမ်းစဉ်ဂိုဏ်းကို သွေးကြွေးဆပ်ချင်နေဟန်ဖြင့် ဝတ်ရုံနက်က အေးစက်စက်ပြုံး၍ အံကြိတ်၍ပြောသည်။

"ကဲ...အခုငါ့ကို တစ်ကိုယ်တော်ကျိန်စာလက်သီး ဘယ်လိုလေ့ကျင့်ရမလဲ ပြောစမ်း။ ငါ့ကိုမြန်မြန်သင်ပေးစမ်း။ ဒါမှ ဟိုခွေးသူတောင်းစား ပါးလောင်အာကို နှစ်ချက်လောက်ထိုးလို့ရမှာ။

ဒီခွေးသူတောင်းစားက ဘယ်ကနေ ဗျူဟာသင်လာလဲတော့မသိဘူး။ ငါ့အမေကို ဉာဏ်ကောင်းတယ် လှတယ်ဆိုပြီး နေတိုင်းချီးကျူးနေတယ်ကွ"

မုန်ကျင်းကျိုး - "..."

ခင်ဗျားက ဓာတ်ငါးမျိုးဂိုဏ်းချုပ်ပါ။ ...ဒီလိုလုပ်ဖို့ တကယ်လိုအပ်လို့လား။

**********************************

All Chapters