← Chapters

လက်သီးကိုကြည့်

Vol. 27 Ch. 396

လက်သီးကိုကြည့်

Vol. 27 Ch. 396

ဓာတ်ငါးမျိုးဂိုဏ်းချုပ် ချိုးကျင်အန်းသည် အလယ်ပိုင်းတိုက်နယ်တွင် အထင်ကရပုဂ္ဂိုလ်ဖြစ်သည်။ အမိန့်တစ်ချက်ပေးရုံဖြင့် လောကကံကြမ္မာကို ယိမ်းယိုင်စေနိုင်လောက်သည့် အင်အားစုဖြစ်သည့် ဓာတ်ငါးမျိုးဂိုဏ်းတစ်ခုလုံးကို စုစည်းနိုင်သည်။

ဓာတ်ငါးမျိုးဂိုဏ်းသည် ဓာတ်ငါးမျိုးသဘောတရားများကို လေ့လာလိုက်စားသည်။ ဂိုဏ်းထဲတွင် ဓာတ်ငါးမျိုးမှော်ပညာအားလုံးနီးပါး တွေ့မြင်နိုင်သည်။ ထိုပညာရပ်များအပြင် ကြီးမားသည့် ဂိုဏ်းစာကြည့်တိုက်တွင် ရှားနိုင်ငံမော်ကွန်းတိုက်နှင့်အပြိုင် တစ်ခြားမှော်ပညာကျမ်းများစွာ ရှိနေသည်။

သို့သော်ယခု ထိုပုဂ္ဂိုလ်မျိုးက သိက္ခာကိုထည့်မတွက်နိုင်ဘဲ ရန်သူ့နယ်မြေသို့ ခိုးဝင်လာသည်။ မာနကို ခဝါချ၍ ပြိုင်ဘက်ဂိုဏ်းတပည့်တစ်ယောက်ထံမှ ပညာရပ်တစ်ခုကို တိတ်တခိုးသင်ယူရန် ကြိုးစားနေသည်။

ချိုးကျင်အန်းစိတ်ဓာတ်ကို မုန်ကျင်းကျိုးအတော်‌လေးစားသွားသည်။

သူ့လက်သီးပညာအကြောင်း ဘယ်လိုသတင်းပေါက်သွားသလဲဟု မုန်ကျင်းကျိုးစဉ်းစားသည်။

ချင်းကျိုးပွဲတော်တွင် ယန်ထန်ကျိတို့လူစုကို အမှတ်မထင် သူထုတ်ပြောမိခဲ့ဟန်ရှိသည်။ ပိုင်မင်က ထိုပညာရပ်မျိုးနှင့် မရင်းနှီးသဖြင့် သူ့ဆရာချိုးကျင်အန်းကိ မေးခဲ့ခြင်းဖြစ်မည်။

ထိုအကြောင်းကိုသိပြီး ချိုးကျင်အန်းလာစုံစမ်းခြင်းဖြစ်မည်။

ယခု အားလုံးရှင်းလင်းလာသည်။

ဓာတ်ငါးမျိုးဂိုဏ်းချုပ် ချိုးကျင်အန်း၏ကျင့်စဉ်စွမ်းအားက သံသယဖြစ်စရာအကြောင်းမရှိ။ တာအိုလမ်းစည်ဂိုဏ်းအကြီးအကဲတစ်ယောက်ပင် သူ့ကိုတစ်ယောက်ချင်းယှဉ်ဖို့ခက်သည်။

ယခုလည်း ဤဂိုဏ်းထဲသို့ အလွယ်တကူခိုးဝင်လာခဲ့ခြင်းဖြစ်မည်။ လှိုဏ်ဂူတံခါးဝကိုစောင့်ကြပ်နေသည့်မြင်းအို ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ မသေမျိုးဂိုဏ်းချုပ်တစ်ယောက်ထက်တော့ သာနိုင်မည်မဟုတ်။

မုန်ကျင်းကျိုး စိတ်ထဲလွန်ဆွဲနေသည်။ သတင်းကောင်း သတင်းဆိုး နှစ်ခုရှိသည်။

သတင်းကောင်းက - သူအသက်အန္တရာယ်မရှိနိုင်။

သတင်းဆိုးက - တစ်ကိုယ်တော်ကျိန်စာလက်သီးကို သူဘယ်လိုသင်ပေးရမှန်းမသိ။

"ဂိုဏ်းချုပ်ချိုး၊ ကျုပ်မသင်ပေးချင်လို့မဟုတ်ဘူး။ ဘယ်လိုသင်ရမှန်းမသိတာပါ။ တစ်ကိုယ်တော်ကျိန်စာလက်သီးက တစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိတဲ့လူတွေအတွက် သီးခြားကျင့်စဉ်ပညာပါ။

ပြင်ထန်တဲ့ကံကြမ္မာစွမ်းအားတွေ ပေါင်းစပ်ထားတာ။ ဒီလက်သီးပညာကိူ တီထွင်နိုင်တာကလည်း ကျုပ်မှာ တစ်ကိုယ်တော်အမွှာဝိညာဉ်မြစ်တွေ ရှိလို့ပါ"

ချိုးကျင်အန်း မုန်ကျင်းကျိုးကို အသံတိတ်အကဲခတ်သည်။ မုန်မိသားစု၏ အကြီးဆုံးသား၊ တာအိုလမ်းစဉ်ဂိုဏ်း၏တပည့်ဖြစ်၍ ထိုမျှရဲတင်းသည်မှာ အံ့ဩစရာမရှိ။

ရွှေသန္ဓေနှစ်ခုဖြစ်ပေါ်လာသည့် တစ်ကိုယ်တော်ဝိညာဉ်မြစ်မျိုး သူတစ်ခါမှမကြားဖူး။

'သေမြေကြီး ရှင်ရွှေထီး'စိတ်ဓာတ်မျိုးက တကယ်လေးစားလောက်ပေသည်။

ခဏစဉ်းစားပြီးနောက် သူပြန်ပြောသည်။

"ဪ ဒီလိုမျိုးလား။ ဒါဆိုငါ့ကို လက်သီးသိုင်းကို တစ်ခါလောက် ကစားပြပါ"

မနာခံ၍မရမှန်းသိသဖြင့် မုန်ကျင်းကျိုး သူ့စွမ်းအင်ကိုလည်ပတ်လိူက်သည်။ တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခုက သူ့ဒန်ထန်တွင် လည်ပတ်လာသည်။ လေဝဲတစ်ခုဖြစ်လာပြီး ဝိညာဉ်စွမ်းအင်ကို သူ့ခန္ဓာကိုယ်အနှံ့ပို့လွှတ်သည်။

"ယား"

"ဟား"

ခွန်အားအပြည့်ဖြင့် သူလှုပ်ရှားသည်။ လက်သီးချက်များကြောင့် အားပြင်းသည့်လက်သီးရိပ်များ ဖြစ်ပေါ်လာသည်။ လူပျိုဖြစ်စေသည့် ကျိန်စာစွမ်းအားထုတ်မသုံးသေးသော်လည်း လက်သီးစွမ်းအားက ရွှေသန္ဓေအဆင့်တွင် ထိပ်တန်းဟုဆိုနိုင်သည်။

လက်သီးချက်ထဲတွင် စိမ့်ဝင်နေသည့် ကျိန်စာစွမ်းအားကိုလည်း ချိုးကျင်အန်း အာရုံခံမိသည်။ လူပျိုဘဝဖြင့် ထာဝရအရိုးထုတ်သွားရအောင် လုပ်နိုင်သည့်စွမ်းအားဖြစ်သည်။

"ဗုဒ္ဓဗီဇနဲ့မွေးလာတဲ့လူပဲ"

ကျိုးချင်အန်း တွေးနေသည်။

မုန်ကျင်းကျိုးသာ ဗုဒ္ဓဂိုဏ်းကိုဝင်လျှင် ဗုဒ္ဓသားတော်အဖြစ် ကြိုဆိုခံရလောက်သည်။

ပုံမှန်အားဖြင့် တစ်ကိုယ်တော်ဝိညာဉ်မြစ်သည် ဗုဒ္ဓဝါဒနှင့်တော့ မအပ်စပ်ပါ။ ထိန်းချုပ်သည့်ကိစ္စတစ်ခုသာ သက်ဆိုင်သည်။

သို့သော် မုန်ကျင်းကျိုးက ပုံမှန်မဟုတ်။ တစ်ကိုယ်တော်လမ်းစဉ်ကို စိတ်အားထက်သန်စွာ ရွေးချယ်ခဲ့သည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်ရွှေသန္ဂေနှစ်ခု တည်ဆောက်၍ ခိုင်မာစွာ ဆုံးဖြတ်ချက်ချခဲ့သည်။

သရုပ်ပြမှုပြီးသွားပြီး‌နောက် ချိုးကျင်အန်း ဝေဖန်ထောက်ပြမည့်စကားကို မုန်ကျင်းကျိုး ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

ချိုးကျင်အန်းကိုယ်တိုင်လည်း အခက်တွေ့နေသည်။ မုန်ကျင်းကျိုး လိမ်ညာခဲ့ခြင်းမဟုတ်။ ဤလက်သီးပညာ၏ တကယ့်အနှစ်သာရက တစ်ကိုယ်တော်ရွှေသန္ဓေ၏ စွမ်းရည်အပေါ်မူတည်နေသည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်သာ သင်ယူနိုင်လိမ့်မည်။

"တစ်ကိုယ်တော်ရွှေသန္ဓေပုံတူတစ်ခု ငါဖန်တီးလိုက်ရမလား"

ချိုးကျင်အန်း စဉ်းစားသည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်သည် ရွှေဝိညာဉ်မြစ်၏မျိုးကွဲတစ်ခုဖြစ်သည်။ ဓာတ်ငါးမျိုးကိုကျွမ်းကျင်သည့် သူ့လိုလူအတွက် တစ်ကိုယ်တော်ဝိညာဉ်မြစ်ပုံတူတစ်ခုဖန်တီးပြီး တစ်ကိုယ်တော်ရွှေသန္ဓေဖန်တီးဖို့ မခက်ပါ။

သို့သော် တစ်ကိုယ်တော်ဝိညာဉ်မြစ်သည် နာမည်ဆိုးနှင့်ကျော်ကြားသည်။ သူအလွယ်တကူ မစွန့်စားရဲ။။

ပုံတူပွားပြီးမှ ဝိညာဉ်မြစ်အာနိသင်ကို ပြန်မပြောင်းနိုင်လျှင် ဒုက္ခရောက်နိုင်သည်။

အဆင်မပြေ။ အန္တရာယ်မကင်း။ တစ်ခြားနည်းလမ်းရှာရမည်။

"ပါးလော်အာကို လက်သီးနဲံထိုးဖို့ မုန်ကျင်းကျိုးကို ခိုင်းလိုက်ရမလား။

အင်း...ဒါလည်းမဖြစ်နိုင်ဘူး။ မုန်ကျင်းကျိုးကျင့်စဉ်အဆင့်က နိမ့်လွန်းတယ်။ သူ့ကျိန်စာလက်သီးက ပါးလော်အာအပေါ် သက်ရောက်မှုမရှိနိုင််ဘူး"

ထို့နောက် ရုတ်တရက် စိတ်ကူးတစ်ခုရလာသည်။

"ဟုတ်ပြီ။ သူ့ခန္ဓာကိုယ်ကိုငှားပြီး လက်သီးပညာထုတ်သုံးရမယ်။ ဒါဆို မုန်ကျင်းကျိုးစွမ်းအားနိမ့်တဲ့ကိစ္စ စိုးရိမ်စရာမလိုတော့ဘူး။ လက်သီးထိုးမယ့်လူက ငါပဲလေ"

တကယ်ထိရောက်သည့် နည်းလမ်းဖြစ်သည်။

"ကောင်လေးမုန်၊ မင်းခန္ဓာကိုယ်ကို ငါခဏငှားသုံးလို့ရမလား။ အပြန်အလှန်အနေနဲ့ ငါ့ရဲ့ကျင့်စဉ်အတွေးအမြင်တစ်ချို့ မင်းကိုပေးပါ့မယ်။ ဓာတ်ငါးမျိုးဂိုဏ်းက လျှို့ဝှက်ပညာရပ်တစ်ခု ရွေးချယ်ချင်ရင်လည်းရတယ်။ ငါကိုယ်တိုင် မင်းကိုသင်ပေးမဘ်"

မုန်ကျင်းကျိုးမျက်လုံးများ အရောင်လက်လာသည်။ ဓာတ်ငါးမျိုးဂိုဏ်း၏ ဓာတ်ငါးမျိုးပညာရပ်များသည် ကျင့်ကြံမှုလောကတစ်ခုလုံးတွင် နာမည်ကျော်ကြားသည်။

မုန်မိသားစုပင် သူတို့ဂိုဏ်းမှ ကျင့်စဉ်ပညာတစ်ခုကို ဈေးကြီးပေး၍ဝယ်ခဲ့သည်ဟု သူကြားဖူးသည်။ သို့သော် ဓာတ်ငါးမျိုးဂိုဏ်းက မရောင်းခဲ့။

"သဘောတူတယ်"

မုန်ကျင်းကျိုး လက်ခံလိုက်သည်။

သူရွေးချယ်ခွင့်ရထားသည်။ အမှန်တော့ သူလက်မခံလျှင်လည်း ချိုးကျင်အန်းလိုလူတစ်ယောက်အနေဖြင့် သူ့ကိုအတင်းးထိန်ချုပ်နိုင်စွမ်းရှိသည်။

လက်ရှိအခြေအနေနှင့် ချိုးကျင်အန်း၏စိတ်ဓာတ်အရ ရည်ရွယ်ထားသည့်အစီအစဉ်ကို လုံးဝရပ်တန့်မည်မဟုတ်ကြောင်း သူရိပ်စားမိသည်။ အဘိုးပါးကို စိတ်ထဲမှကျိတ်၍ တောင်းပန်လိုက်သည်။ အခြေအနေအရလုပ်ရခြင်းဖြစ်သည်။

'တောင်းပန်ပါတယ် အဘိုးပါး၊ ကျုပ်လည်း မတတ်သာလို့ပါ။ အဘိုးပါးရဲ့ သက်ကြီးပိုင်းအချစ်ဇာတ်လမ်းကို ထောက်ပံ့ပေးချင်ပါတယ်။ ဒါပေမယ့် ကျုပ်ကျင့်စဉ်စွမ်းအားနဲ့ ဂိုဏ်းချုပ်ချိုးကို မတားနိုင်ဘူး"

မုန်ကျင်းကျိုးသဘောတူပြီးသည်နှင့် ချိုးကျင်အန်းက ဝိညာဉ်အလင်းတစ်ခုအသွင်ပြောင်း၍ သူ့ကိုယ်ထဲသို့ဝင်သွားသည်။

"အခု လက်သီးသိုင်းကို နောက်တစ်ကြိမ်ကစားပြပါဦး"

မုန်ကျင်းကျိုး တစ်ကိုယ်တော်ကျိန်စာလက်သီးကို နောက်တစ်ကြိမ်ကစားသည်။ ချိုးကျင်အန်၏စွမ်းအား ဖြည့်စွက်ထားသဖြင့် စုစည်းခြင်းအဆင့်ကျင့်ကြံသူအပေါ် သက်ရောက်နိုင်သည့် ကျိန်စာလက်သီးအစွမ်းမျိုး ပေါ်လာသည်။

ချိုးကျင်အန်းမျက်နှာတွင် ကောက်ကျစ်သည့်အပြုံးတစ်ခု ရှိနေသည်။

"ပါးလောင်အာ၊ မင်းဒါကို ဘယ်လိုရင်ဆိုင်မလဲ ကြည့်ရသေးတာပေါ့"

"အခုချက်ချင်းသွားမှာလား"

"နေဦး၊ ညဘက်သွားရင် မသင်္ကာစရာပိုကောင်းတယ်။ ပါးလောင်အာ ရိပ်မိသွားနိုင်တယ်။ နေ့ခင်းဘက်ရောက်မှ သွားမယ်"

နှစ်တစ်ထောင်ကြာ ယှဉ်ပြိုင်ခဲ့သူများဖြစ်၍ ပါးလောင်အာအကျင့်ကို သူကောင်းကောင်းသိသည်။ ငယ်စဉ်က သူ့ကိုအလစ်တိုက်ခိုက်ကြသည့် တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက်ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ ကိုယ်ယောင်ဖျောက်ပညာကို သူသင်ယူခဲ့ခြင်းဖြစ်သည်။ ထိုပညာက ထူးခြားသည့်အကျိုးကျေးဇူးရှိသည်။

အလစ်တိုက်ခိုက်မှုများကို တန်ပြန်တိုက်စစ်ဆင်ရန် ကိုယ်ယောင်ဖျောက်ပညာများကို ဇွဲကောင်းကောင်းဖြင့် သူလေ့လာသည်။ နောက်ဆုံးတွင် အောင်မြင်ခဲ့သည်။

ယခု သူ့ကိုယ်ယောင်ဖျောက်ပညာသည် တာအိုရှင်ဝစီပိတ်နှင့် တန်းတူအဆင့်ရှိသည်။

အချိန်နည်းနည်းစောသေးသဖြင့် မုန်ကျင်းကျိုး ကျင်ကြံရင်းစောင့်ရန် ဆုံးဖြတ်သည်။ ချိုးကျင်အန်းက ထိုအချိန်ကိုအခွင့်အရေးယူ၍ ချိုးကျင်အန်းက သူ့ကိုလှမ်းညွှန်ချက်တစ်ချို့ပေးသည်။

"မင်းဆရာရဲ့ ခန္ဓာသန့်စင်ပညာနဲ့ အရိပ်ပေါင်းစပ်ပညာအကြောင်း ငါသိပါတယ်။ လေးစားစရာပါပဲ။ ဒါပေမယ့် ချို့ယွင်းချက်တွေရှိတယ်။

ငါပြောတာနားထောင်၊ မင်းအရိပ်ကို လေ့ကျင့်တဲ့အခါ ဒီအမှားတွေကို ရှောင်ဖို့လိုတယ်....။

ဒါတွေက မင်းဆရာတောင် သတိမထားမိတဲ့ အားနည်းချက်တွေပဲ"

ချင်းကျင်အန်းက ဗဟုသုတများသည်။ အနည်းငယ်လမ်းညွှန်ရုံဖြင့် မုန်ကျင်းကျိုး ရက်အတော်ကြာအခက်တွေ့နေသည့် ပြဿနာများ ရှင်းသွားသည်။

မုန်ကျင်းကိုး အရုဏ်တက်ချိန်အထိ လေ့ကျင့်သည်။ အချိန်မှန်ရာက်ပြီဟု ယူဆသဖြင့် ချိုးကျင်အန်းက လှိုဏ်ဂူထဲမှထွက်ဖို့ ပြောသည်။

...

ဒုအကြီးအကဲ ပါးလောင်အာ ဆေးစိုက်ခင်းဂိတ်တံခါးရှေ့တွင် လဲလျောင်းနေသည်။ သာယာတော့မည့်သူအနာဂတ်ကို စိတ်ကူးယဉ်နေသည်။

"လုယန်အကြံက တကယ်ထိရောက်တာပဲ။ မိန်းကလေးတွေက သူတို့ဉာဏ်ရည်နဲ့အလှအပကို ချီးကျူးခံရတာ သဘောကျတယ်။ ယုအာတောင် သဘောကျနေတယ်"

ပါးလောင်အာ ပြုံးနေသည်။ သူ့ရုပ်သွင်က အိုးမင်းသယောင်ရှိသော်လည်း စုစည်းခြင်းကျင့်ကြံသူတို့သက်တမ်းနှင့်ပြောလျှင် သက်လတ်ပိုင်းအရွယ်သာဖြစ်သည်။ သူ့ကိုယ်သူ တကယ်အသက်ကြီးပြီဟု မယူဆသေး။

"ရှောင်မုန်၊ ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ"

လောင်ပါးက ရွှင်ပျသည့်မျက်နှာဖြင့် မုန်ကျင်းကျိုးကို နှုတ်ဆက်သည်။ စိတ်ပျော်နေချိန်ဖြစ်၍ မူမမှန်သည့်အချက်ကို သတိမထားမိ။

"ဆွေးနွေစရာရှိလို့ပါ"

"ဘာဆွေးနွေးချင်တာလဲ"

လောင်ပါး စိတ်ဝင်တစားမေးသည်။

"ခင်ဗျားကို ကျုပ်ပထွေးဖြစ်စေချင်လို့ပါ"

မုန်ကျင်းကျိုး ဒရာမာဆန်ဆန်အော်ဟစ်လိုက်သည်။ သူ့စွမ်းအင်ရောင်များ ထိုးထွက်လာသည်။

"ဘာလဲဟ....မင်းဘယ်သူလဲ"

"ခင်ဗျားအခုမှသိလည်း နောက်ကျလွန်းသွားပြီ"

မုန်ကျင်းကျိုး တစ်ကိုယ်တော်ကျိန်စာလက်သီးဖြင့် လောင်ပါးကို ပြေးထိုးသည်။

အန္တရာယ်ကို ရိပ်စားမိသဖြင့် လောင်ပါး မုန်ကျင်းကျိုးကို ထိန်းချုပ်ရန် ကြိုးစားသည်။ သို့သော် မုန်ကျင်းကျိုးခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသည့် ပြင်ပစွမ်းအင်တစ်ခုက သူ့ကိုတားဆီးနေသည်။

မုန်ကျင်းကျိုး မခိုးမခန့်ပြုံးလိုက်သည်။ သူ့လက်သီးချက်က လောင်ပါးကို တည့်တည့်ထိသည်။

လောင်ပါး မျက်တောင်တဖျတ်ဖျတ်ခတ်၍ ကြောင်တက်တက်ဖြစ်နေသည်။ လက်သီးစွမ်းအား သူ့အပေါ် လုံးဝမသက်ရောက်။

မုန်ကျင်းကျိုးရော ချိုးကျင်အန်းပါ ကြက်သေသေသွားသည်။ သူတို့၏ပထမလက်သီးချက်က အနီရောင်ပိုးချဉ်ပိုက်ကွန်တစ်ခုကို ထိုးလိုက်ရသည်နှင့်တူသည်။

တစ်ဘက်ကို ထိုးဖောက်၍မရသည့်အပြင် မမြင်နိုင်သည့်ချည်မျှင်များက သူတို့ကို တင်းကြပ်စွာရစ်ပတ်တုပ်နှောင်လိုက်သလို ခံစားရသည်။

"ဘယ်လိုဖြစ်သွားတာလဲ"

ချိုးကျင်အန်း အံ့အားသင့်နေသည်။ သူထင်ထားသည့်ရလာဒ်မျိုးမဟုတ်။

မုန်ကျင်းကျိုးမျက်နှာ သွေးဆုတ်ဖြူရော်လာသည်။

"ကျုပ်တို့ ငါးပါးမှောက်ပြီ။ အဘိုးပါးရဲ့ ကံကြမ္မာက အားကောင်းလွန်းတယ်။ ဂိုဏ်းချုပ်ချိုး၊ ခင်ဗျားတောင် သူ့ကံကြမ္မာကို မယှဉ်နိုင်ဘူး။ ကျုပ်တို့နှစ်ယောက်လုံး တန်ပြန်ကျိန်စာသင့်သွားပြီ"

*************************************

All Chapters