အကြီးအကဲတို့၏အကြံပြုချက်
Vol. 27 Ch. 399
ကောင်းကင်ဂိတ်တောင်ထိပ်တွင် အကြီးအကဲများ ဆွေးနွေးပွဲထိုင်ကြသည်။
အကြီးအကဲငါးယောက် မုန်ကျင်းကျိုးကိုဝိုင်းကြည့်၍ တအံ့တဩ စုပ်သပ်နေကြလေသည်။
"တူမောင်မုန်ရဲ့ကျိန်စာက အတော်စိတ်ဝင်စားစရာကောင်းတာပဲ"
"ဟုတ်တယ်၊ နှစ်ပေါင်းနှစ်ထောင်ကျော်အတွင်း ဒီလိုထူးဆန်းတဲ့ကျိန်စာမျိုး ပထမဆုံးမြင်ဖူးတာပဲ။ အရိုင်းနယ်မြေကို ငါခရီးသွားတုန်းကတောင် ဒါမျိုးမကြုံဖူးဘူး"
"ဒီကျိန်စာက တူမောင်မုန်အတွက် သိပ်မထူးလှပါဘူး။ သူ့မှာ တစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိနေတာပဲလေ။ ပြီးတော့ ဘာပဲပြောပြော အချိန်ကြာလာတာနဲ့ ကျိန်စာက တဖြေးဖြေးပြယ်သွားမှာပါ"
"မစိုးရိမ်ပါနဲ့ ရှောင်မုန်၊ ချိုးကျင်အန်းက မင်းကိုမတရားလုပ်ခဲ့တာ။ ဒီကိစ္စအတွက် ငါသူ့ကိုပြန်ပေးဆပ်ခိုင်းမယ်"
"တပည့်လေး၊ မင်းအခုဘယ်လိုနေသေးလဲ"
"အရိုင်းနယ်မြေဟာ ကဝေပညာနဲ့ ကျိန်စာပညာတွေကြောင့် နာမည်ကျော်တယ်။ စတုတ္ထအကို၊ အဲဒီကိုသွားပြီး ကျိန်စာပညာလေ့လာဖူးတာ အကိုတစ်ယောက်ပဲရှိတယ်။ ဒီကိစ္စကို ဘယ်လိုမြင်လဲ"
အကြီးအကဲလေးယောက်၊ မုန်ကျင်းကျိုးနှင့် လုယန်တို့အားလုံး ယပ်တောင်ကိုင်ထားသည့် စတုတ္ထအကြီးအကဲကို လှည့်ကြည့်ကြသည်။
အရိုင်းနယ်မြေများအကြောင်း လုယန် ပြန်သတိရလာသည်။
တိုက်နယ်အနောက်ဘက်ပိုင်းတွင် တည်ရှိသည်။ လျန်ကျိုးနှင့် အနောက်ပိုင်းတိုက်နယ်ဖြစ်သည့် ဗုဒ္ဓနိုင်ငံကို စည်းခြားထားသည့်ဒေသဖြစ်သည်။ စုန်းကဝေပညာ၊ အလောင်းထိန်းပညာများ ဖွံ့ဖြိုးတိုးတက်သည်။ ထိုနယ်မြေမှလူများသည် လက်ရဲဇက်ရဲ တဇွတ်ထိုးစရိုက်မျိုးရှိကြသည်။ အရိုးရိုင်း၏ဇာတိမြေလည်းဖြစ်သည်။
နံပတ်လေးအကြီးအကဲ အခက်တွေ့နေဟန်ရှိသည်။
"ငါကျိန်စာသင့်တုန်းက ကျိန်စာပညာတွေ ခဏသွားသင်ခဲ့တယ်။ ဥပမာ တူမောင်မုန်ဟာ ရွှေသန္ဓေခွဲပြီး နတ်ဝိညာဉ်အဆင့်ကိုတက်မှပဲ ဒီကျိန်စာကို ချိုးဖျက်နိုင်လိမ့်မယ်။ ဒါတောင် ခန့်မှန်းချက်တစ်ခုသက်သက်ပဲ။ အဲဒီ့အချိန်ရောက်လို့မှ ကျိန်စာကိုမဖြေနိုင်ရင် ဝိညာဉ်ပြောင်းအဆင့်ရောက်အောင် စောင့်ရလိမ့်မယ်။ အဲဒီ့အဆင့်မှာတော့ ကျိန်စာက သေချာပေါက်ပြယ်သွားပါလိမ့်မယ်"
မုန်ကျင်းကျိုးမျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။
နတ်ဝိညာဉ်အဆင့်ရောက်ဖို့ဆိုသည်က အတင်းကြိုးစားလျှင် ရနိုင်သေးသည်။ သို့သော် ဝိညာဉ်ပြောင်းအဆင့်ထိဆိုလျှင် နှစ်ပေါင်းဘယ်လောက်ကျင့်ကြံရဦးမည်မသိ။
"အပေါ်ယံပဲသက်ရောက်တဲ့ ရိုးရိုးကျိန်စာတွေကိုတော့ ငါအလွယ်တကူ ချိုးဖျက်ပေးနိုင်ပါတယ်။ နေ့စဉ်ကြုံနေရတဲ့ ကျိန်စာမျိုးတွေပေါ့။ ဒါမျိုးတွေကို မင်းတို့အတွက် နှစ်ပေါင်းများစွာ ငါဖယ်ရှားပေးနေခဲ့တာပါ။ ဒါပေမယ့် တူမောင်မုန်ရဲ့ကျိန်စာက အတော်အဆင့်မြင့်တယ်။ ငါ့ကျင့်စဉ်အဆင့်လောက်နဲ့ မဖယ်ရှားနိုင်ဘူး။
ငါကူးဖြတ်ခြင်းအဆင့်ကိုရောက်နိုင်ရင်တော့ ဒီကျိန်စာကို ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်"
လောင်ပါးက မျက်လုံးစွေကြည့်သည်။
"မင်းကလား။ ကူးဖြတ်ခြင်းအဆင့်ကိုရောက်မယ်ပေါ့။ နောက်မှာတန်းစီလိုက်ပါဦး။ မင်းရဲ့ကျင့်စဉ်တိုးတက်မှုက အကိုကြီးနဲ့ ညီကိုးထက် ပိုမြန်နိုင်မယ်လို့ ထင်နေတာလား"
အကြီးအကဲလေး ပုခုံးတွန့်ပြသည်။
"အင်း...ဒါဆိုရင်တော့ ငါလည်း တစ်ခြားဘာမှအကြံမပေးတတ်တော့ဘူး။...အဲ နေဦး...ငါတို့ဆရာကို အကူအညီတောင်းလို့ရနိုင်တာပဲ"
အကြီးအကဲခုနစ် ခေါင်းခါသည်။
"ငါတို့ဆရာက ကူးဖြတ်ခြင်းဆင့်ဆိုပေမယ့် ကျိန်စာပညာတွေအကြောင်းဘာမှမသိဘူး။ ပြီးတော့သူက အကျဉ်းထောင်တောင်ထိပ်ကို စောင့်ကြပ်ရင်း အလုပ်များနေတာ။ သူ့ကိုအနှောက်အယှက်သွားပေးလို့မရဘူး"
"ငါ့တပည့်၊ ပါးလောင်အာကို မင်းရဲ့ကျိန်စာလက်သီးနဲ့ နောက်တစ်ချက်ထပ်ထိုးကြည့်ပါလား။ ကျိန်စာက သူ့ဘာသာဓာတ်ပြန်ပြီး ပြယ်ချင်ပြယ်သွားနိုင်တယ်"
မုန်ကျင်းကျိုး ချက်ချင်းခေါင်းခါသည်။ မပြယ်ရုံမက နှစ်ဆပင်တိုးလာနိုင်သည်။
"တူတော်မုန်၊ တကယ်တော့ မင်းအဲလောက်လည်း စိုးရိမ်စရာမလိုပါဘူး။ မင်းရဲ့ကျိန်စာက ထင်သလောက်လည်းမဆိုးပါဘူး"
အကြီးအကဲလေးက အခိုင်အမာပြောသည်။
"ထပ်ရှင်းပြပေးပါဦး အကြီးအကဲ"
"ကံကြမ္မာတန်ပြန်သက်ရောက်မှုက မင်းနဲ့ချိုးကျင်အန်း မျှပြီးခံရတာလေ။ တစ်ဝက်စီသက်ရောက်တဲ့သဘောပဲ။ မင်းက ကျိန်စာဒဏ်တစ်ဝက်ပဲခံရမယ်။ ချိုးကျင်အန်းက နောက်တစ်ဝက်ခံရမယ်။ ကျိန်စာတစ်ခုလုံးရှင်းရတာထက် တစ်ဝက်ရှင်းရတာက အများကြီးပိုလွယ်တာပေါ့"
မုန်ကျင်းကျိုးမျက်လုံးများ အရောင်လက်လာသည်။
"ဒါဆို အကြီးအကဲမှာ ဖြေရှင်းနည်းရှိတဲ့သဘောလား"
"အဲလိုတော့မရှိဘူး"
မုန်ကျင်းကျိုး - "..."
"တူမောင်လီမှာ ခြေလက်အသစ်ထပ်ပေါက်နိုင်တဲ့ ကျင့်စဉ်ပညာတစ်ခုရှိတယ်ကြားတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အသစ်ပြောင်းပြီး ကံကြမ္မာအနှောင်အဖွဲ့ ဖြတ်လို့ရတယ်တဲ့။ တူမောင်မုန်အတွက် အဲဒီ့နည်းလမ်းသုံးကြည့်မလား။ ညီခုနစ်၊ ခြေလက်ပြန်ပေါက်တဲ့ဆေးတစ်လုံး ဖော်စပ်ပြီး ငါ့တပည့်ကိုပေးလိုက်ပါာလး"
အကြီးအကဲသုံးက လီဟော်ရန်၏ ပြန်မွေးဖွားခြင်းသန္ဓေကို ရည်ညွှန်းနေခြင်းဖြစ်သည်။
"ခြေလက်ပြန်ပေါက်ဆေးက လုပ်ရတာလွယ်ပါတယ်။ ဆေးဘုရင်လေးတွေဆီက အမြစ်နည်းနည်းတောင်းလိုက်ရုံပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်ပါ့မလား"
အကြီးအကဲလေးက ထိုနည်းလမ်းကို သိပ်လက်မခံချင်။။
"လီဟော်ရန်ရဲ့ ပြန်မွေးဖွားခြင်းရွှေသန္ဓေက ကံအကျိုးဆက်ကိုဖြတ်တောက်နိုင်တာ မှန်တယ်။ ဒါပေမယ့် မုန်ကျင်းကျိုးရဲ့ ကံကြမ္မာတန်ပြန်သက်ရောက်မှုက ပြင်းထန်လွန်းတယ်။ အလုပ်မဖြစ်နိုင်ဘူး"
လောင်ပါးက နောက်ထပ်စိတ်ကူးတစ်ခု အဆိုပြုသည်။
"ကောင်းကင်ဆန်းကြယ်ဂိုဏ်းဟာ ကံကြမ္မာကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ကျွမ်းကျင်ကြပ်တယ်။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ တည်နေရာကိုတောင် သူတို့စွမ်းအားရှင်တွေ တွက်ချက်ပေးခဲ့တာပဲ။
ဒါကြောင့်မို့ ငါတို့တွေ နှစ်သောင်းတစ်သိန်းနှစ်သောင်း ကောင်းချီးရခဲ့တယ်လေ။ အဲလိုအခုကိစ္စမျိုးတောင်လုပ်နိုင်ရင် အခုကိစ္စကိုလည်း သူတို့ဖြေရှင်းနိုင်လောက်ပါတယ်။ သူတို့ကို အကူအညီတောင်းကြမလား"
အကြီးအကဲရှစ်က ခေါင်းခါသည်။
"ကောင်းကင်ဆန်းကြယ်ဂိုဏ်းဟာ ရှေးဟောင်းရှီအင်ပါယာမျိုးနွယ်က ဆင်းသက်လာတာ။ ကံကြမ္မာနဲ့ ရှေ့ဖြစ်နက္ခတ်ပညာတွေမှာ တကယ်ကျွမ်းကျင်ပါတယ်။
ဒါပေမယ့် သူတို့က ကံကြမ္မာဆိုတာ ချိုးဖျက်လို့မရဘူးလို့ ယုံကြည်ထားကြတာ။ ကံကြမ္မာတစ်မျိုးကနေ တစ်ခြားတစ်မျိုးကိုပဲ ပြောင်းလဲလို့ရမယ်တဲ့။
ဒါကြောင့် အပြင်လောကကိစ္စတွေမှာ ဝင်စွက်ခဲတယ်။ သူတို့အများကြီးဝင်စွက်မိရင် ကံကြမ္မာသက်ရောက်မှုက သူတို့အပေါ်ပြန်ကျလာမှာ။ အနာဂတ်မြင်စွမ်းအား ဆုံးရှုံးသွားမှာ"
"ငါလည်းအဲလိုကြားဖူးတယ်။ ရှေးဟောင်းခေတ်တုန်းက ရှီအင်ပါယာမျိုးနွယ်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တာ။
သူတို့နတ်စွမ်းရည်တွေကို ချမ်းသာဖို့၊ သူများတွေကို ဒုက္ခပေးဖို့၊ လောကတည်ငြိမ်မှုကို ဖျက်ဆီးဖို့ မကြာခဏသုံးကြတယ်။ သူတို့တိုးတက်ရေးကိုပဲ ဦးစားပေးကြတာ။
နောက်ဆုံးတော့ ထူးဆန်းတဲ့စွမ်းအားရှင်တစ်ယောက်ကို ဒေါသထွက်အောင်လုပ်မိတယ်။ အဲဒီ့စွမ်းအားရှင်က ရှီမျိုးနွယ်ကို နလန်မထူနိုင်အောင် ဖိနှိပ်ခဲ့တယ်။
အဲဒီ့အချိန်ကတည်းက သူတို့မျိုးနွယ် ဆုတ်ယုတ်သွားတာ။ သူတို့လက်စားချေဖို့ကြိုးစားတဲ့အချိန်မှာ အဲဒီ့စွမ်းအားရှင် မသေမျိုးအဆင့်ကိုတက်သွားတယ်တဲ့။
မသေမျိုးရိပ်မိသွားမှာစိုးလို့ ရှီမျိုးနွယ်က သူတို့မိသားစုဝင်တွေကို လောကနဲ့အဆက်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်။ နောက်ဆက်တွဲအန္တရာယ်တွေ ကျလာမှာစိုးလို့ ဘယ်လောကရေးရာကိစ္စကိုမှ ဝင်မစွက်ဖို့ တားမြစ်ခဲ့တယ်။
ကောင်းကင်ဆန်းကြယ်ဂိုဏ်းက ရှီအင်ပါယာမျိုးနွယ်လက်ကျန်တွေဆီကနေ ပညာအမွေဆက်ခံပြီး သူ့ဘာသာသီးခြားနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာတာပါ။
သူတို့ဆီ အကူအညီသွားတောင်းရင် ရှောင်မုန်အတွက် မိန်းမတွေကိုမတွေ့နိုင်တဲ့ကျိန်စာကနေ ယောက်ျားတွေကို မတွေ့နိုင်တဲ့ကျိန်စာမျိုး ပြောင်းသွားနိုင်တယ်"
"ရှောင်မုန်ကို နောက်တစ်မျိုး ကျိန်စာတိုက်ကြမလား။ မိန်းမတွေကိုစွဲလန်းစေတဲ့ ပီယဆေး ကျိန်စာမျိုးပေါ့။ အဲလိုဆို ကျိန်စာနှစ်ခု အချင်းချင်းဆန့်ကျင်တိုက်ခိုက်ပြီး ပြယ်သွားနိုင်တယ်။
"အဲဒါအဆင်ပြေနိုင်တယ်။ ဒါပေမယ့် ဒီလိုကျိန်စာမျိုး တတ်ထားတဲ့လူရှိလို့လား။ အကိုလေး၊ အကိုလုပ်နိုင်လား"
အကြီးအကဲလေး မျက်လုံးစွေကြည့်သည်။ သူ့ညီအကိုများက သူ့ကို ဇွတ်အထင်ကြီးနေပုံရသည်။
"ဘယ်လုပ်နိုင်မျာလဲ။ ငါက ကျိန်စာဖျက်နည်းပဲ သင်ခဲ့တာ။ ကျိန်စာတိုက်နည်းမသင်ခဲ့ဘူး။ ပီယဆေးကျိန်စာမျိုးတတ်ထားရင် အရင်ဆုံး ငါ့ကိုငါကျိန်စာတိုက်လိုက်မှာပေါ့"
"မင်းလိုစာပေကျင့်ကြံသူက ဒီလိုကျိန်စာမျိုး လိုအပ်လို့လား"
"လူရည်မွန်အစစ်ရဲ့ စိတ်နှလုံးကိုကျင့်ကြံဖို့ပါ။ စွဲမက်စရာကြုံလာရင်တောင် စိတ်တည်ငြိမ်အောင် နေနိုင်ကြတဲ့ ရှေးသူတော်စင်တွေကို အားကျလို့ပါ"
"ဆောင်ကြာမြိုင်က လူရည်မွန်လို့ခေါ်တဲ့လူတွေအားလုံး ဒီဆင်ခြေမျိုး သုံးကြတာပါပဲ"
"သူတို့က ငါ့ဆီက အတုခိုးတာပါ"
"အရှေ့ပင်လယ်က ဗူးဒူးကဝေပညာအကြောင်း ကြားဖူးကြလား။ ကျိန်စာပညာလိုပဲလေ။ အဲဒီပညာနဲ့ ဖြေရှင်းလို့ရနိုင်တယ်"
"ညီရှစ်၊ အရှေ့ပင်လယ်ကို မင်းသွားဖူးတယ်မဟုတ်လား။ အဲဒီ့ပညာ မင်းသင်ခဲ့လား"
"မသင်ခဲ့ဘူး။ ပင်လယ်မျိုးနွယ်တွေ ငါ့နောက်ကလိုက်ဖမ်းနေလို့ သင်ချိန်မရခဲ့ဘူး"
အကြီးအကဲများ မုန်ကျင်းကျိုး၏ကျိန်စာကို ဖြေရှင်းဖို့ အားတက်သရော ဆွေးနွေးနေကြသည်။ လုယန်က သိစိတ်အာရုံသို့ဝင်၍ ရှေးဟောင်းမသေမျိုးကို အကူအညီတောင်းသည်။
မည်သို့ဆိုစေ မနောမယရွှေလက်ညှိုး ရှေးဟောင်းမသေမျိုးတစ်ယောက် သူ့မှာရှိသည်။ သာမန်မသေမျိုးပင်မဟုတ်။ စွမ်းအားအကြီးဆုံးမသေမျိုးဖြစ်သည်။ မည်သည့်ပြဿနာဖြစ်စေ အဖြေတစ်ခုတော့ရှိရမည်။
"နတ်မယ်၊ ခင်ဗျားမှာ တစ်ခြားအကြံတစ်ခုခုရှိလား"
"ရှိတယ်"
"ဘာအကြံလဲ"
"လူသေရင် ကံကုန်တယ်လို့ ပြောကြတာပဲလေ။ သူတစ်ခါပဲ သေဖို့လိုတာပါ။ ကံကြမ္မာပျောက်သွားလိမ့်မယ်"
နတ်မယ်က သူ့လက်ထောက်ကို သေချာစဉ်းစားထားသည့် ဖြေရှင်းနည်းကိုပေးသည်။
မုန်ကျင်းကျိုး၏ ဉာဏ်ရည်အရ ထိုနည်းလမ်းမျိုးကို လက်မခံလောက်ဟု လုယန်တွေးမိသည်။
လုယန်မယုံသင်္ကာဖြစ်နေသဖြင့် နတ်မယ်အလိုမကျဖြစ်သွားသည်။ သူကိုယ်တိုင် ထိုနည်းလမ်းကို ကံအနှောင်အဖွဲ့ဖြတ်တောက်ဖို့ မကြာခဏသုံးခဲ့သည်။ အမြဲတမ်း အဆင်ပြေခဲ့သည်။
အကြီးအကဲများ၏ တဖြေးဖြေးထူးဆန်းလာသည့် စိတ်ကူးစိတ်သန်းများကို နားထောင်နေရင်း ထိုလူများကို အားကိုး၍မရနိုင်ကြောင် မုန်ကျင်းကျိုးနားလည်လာသည်။
"အရိုင်းနယ်မြေကို ကျုပ်သွားလိုက်ရင်ရော ဘယ်လိုလဲ။ အဲဒီ့မှာအဖြေတစ်ခု ရှာတွေ့နိုင်တယ်လေ"
"အဲဒါ အဆင်ပြေလောက်တယ်"
အကြီးအကဲများ ခေါင်းငြိမ့်ထောက်ခံကြသည်။
*************************************