← Chapters

အလောင်းများ၏ ထူးခြားချက်

Vol. 27 Ch. 405

အလောင်းများ၏ ထူးခြားချက်

Vol. 27 Ch. 405

ရွာသူကြီးရှင်းပြသည်ကို ကြားပြီးနောက် သူတို့နှစ်ယောက် ချက်ချင်းနားလည်သွားသည်။

"ဒီအလောင်းတွေ ဒီလောက်မာကျောနေတာ မဆန်းတော့ပါဘူး။ သာမန်လူတွေသန့်စင်တဲ့အလောင်းမျိုးနဲ့မတူဘူး။ လက်စသတ်တော့ စွန့်ပစ်ခံအလောင်းတွေဖြစ်နေတာကိုး"

"အလောင်းတွေစွန့်ပစ်ခံရတာမျိုး မကြာခဏဖြစ်တတ်သလား"

ရွာသူကြီးခေါင်းခါသည်။

"မဖြစ်ပါဘူး။ ငါ့အသက်ရှစ်ဆယ်ရှိပြီ။ ဒီလိုသခင်မဲ့အလောင်းတွေကို ပထမဆုံးမြင်ဖူးတာပဲ။ အရင်က ဒီအဖြစ်မျိုးရှိတယ်လို့ ကြားရုံပဲကြားဖူးတာ"

"အလောင်းတွေသခင်မဲ့သွားတာမျိုး ဘယ်လိုအခြေအနေမှာ ဖြစ်နိုင်သလဲ"

"ဖြစ်နိုင်တဲ့အကြောင်းရင်း သုံးခုပဲရှိတယ်။ အလောင်းထိန်းသခင်သေသွားလို့ အလောင်းတွေ အထိန်းအကွပ်လွတ်ပြီး ဦးတည်ရာမဲ့လျှောက်သွားတာ။

ဒါမှမဟုတ် အလောင်းထိန်းသခင်က တမင်တကာလွှတ်လိုက်တာ။ နောက်ဆုံးဖြစ်နိုင်ခြေက အလောင်းတွေ သခင်ကိုပုန်ကန်ပြီး စားလိုက်တာမျိုးပေါ့"

"ဒီအလောင်းတွေရဲ့ပိုင်ရှင်ကို ရှာနိုင်တဲ့နည်းလမ်းမျိုးရှိလား"

လုယန်အမေးကြောင့် ရွာသူကြီးမျက်နှာတွင် အခက်တွေ့သွားသည့်အရိပ်မျိုး ပေါ်လာသည်။ ခဏမျက်မှောင်ကျုံ့နေပြီးနောက် သူသက်ပြင်းချသည်။

"ရှိပါတယ်။ အလောင်းထိန်းသမားတိုင်းဟာ သူတို့အလောင်းတွေပေါ်မှာ ပိုင်ဆိုင်မှုသင်္ကေအဖြစ် ထူးခြားတဲ့အမှတ်အသားမျိုး ထားလေ့ရှိတယ်။ ကျုပ်တို့ရွာထဲက အလောင်းအားလုံးမှာ တူညီတဲ့အှတ်အသားတစ်ခုရှိတယ်။...ဒီလိုမျိုးပါ"

ရွာသူကြီး ဆောင့်ကြောင့်ထိုင်၍ အချင်းချင်းချိတ်ဆက်နေသည့် စက်ဝိုင်းသုံးခုပုံကို မြေပြင်တွင် ရေးဆွဲပြသည်။ အလယ်တွင် 'သရဲ"ဟူသည့်စာလုံးပါသည်။

"ဒီအလောင်းတွေရဲ့ပိုင်ရှင် အသက်ရှိနေသေးတယ်ဆိုရင် သူ့လက်ကောက်ဝတ်မှာလည်း ဒီအမှတ်အသားမျိုး ရှိနေလိမ့်မယ်။

ကျုပ်က ချီဒုတိယအဆင့်ပဲရှိပေမယ့် ငယ်ငယ်တုန်းက နာမည်ကျော်အလောင်းထိန်းသမားတစ်ယောက်ဆီမှာ ပညာသင်ခဲ့တာပါ။ ကျုပ်ဆရာက ချီဆဋ္ဌမအဆင့်ရှိတယ်။

သူ့ဆီမှာလေ့လာတုန်းက ဘေးပတ်လည်ကောင်တီတွေက အလောင်းထိန်းသမားအားလုံးရဲ့ အမှတ်အသားတွေကို အလွတ်ရအောင် မှတ်သားခဲ့ရတယ်။ ဒါပေမယ့် ဒီရွာထဲကအလောင်းတွေရဲ့ အမှတ်အသားနဲ့တူတာ တစ်ခုမှမရှိဘူး။ တစ်ခြားဒေသက အလောင်းထိန်းသမားတွေလည်း တစ်ယောက်မှ မတွေ့မိဘူး"

ထို့ကြေင့်လည်း အဖြစ်အပျက်ကို အာဏပိုင်များထံ သတင်းမပို့ခဲ့ခြင်းဖြစ်သည်။ ထိုအလောင်းများသည် နယ်ခံအလောင်းထိန်းသမားတို့၏ အလောင်းမဟုတ်သဖြင့် အရာရှိများကိုယ်တိုင် စုံစမ်းစစ်ဆေးလျှင်ပင် သူတို့သခင်ကို ရှာနိုင်မည်မဟုတ်။

"အလောင်းထိန်းဂိုဏ်းဆိုတာ ခင်ဗျားကြားဖူးသလား"

လုယန် မေးသည်

အဘိုးအိုက ခပ်ညှင်းညှင်းရယ်လျက်

"ဒီလောက်နာမည်ကျော်တဲ့ဂိုဏ်းကို ဘယ်မကြားဖူဘဲနေမလဲ။ လွန်ခဲ့တဲ့နှစ်သုံးဆယ်က ကံကောင်းထောက်မပြီး အလောင်းထိန်းဂိုဏ်းသားတစ်ယောက်ကို အဝေးကနေ လှမ်းမြင်ခဲ့ရတယ်။

တကယ်ထူးခြားတဲ့ လူငယ်တစ်ယောက်ပါ။ အလောင်းထိန်းပညာအခြေခံအဆင့်ပဲတတ်ထားတဲ့ ကျုပ်လိုလူထက် အများကြီးသာတာပေါ့"

"အလောင်းထိန်းဂိုဏ်းရှိတဲ့နေရာကိုသိလား"

"အတော်ဝေးတယ်"

ရွာသူကြီး အနောက်ဘက်သို့ လက်ညှိုးထိုးပြသည်။

"အလောင်းထိန်းဂိုဏ်းက အရိုင်းနယ်မြေရဲ့ အလယ်ပိုင်းမှာရှိတာ။ ဒီကနေဆိုရင် အနောက်ဘက်ကို လီရှစ်သန်းလောက်သွားရလိမ့်မယ်"

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။

"ငါတို့ နောက်ထပ်ရက်နည်းနည်းလောက် ဆက်သွားရဦးမယ့်ပုံပဲ"

မြင်းအိုရှိနေသဖြင့် လီရှစ်သန်းဆိုသည်မှာ ဘာမှသိပ်မဝေးလှ။ မုန်ကျင်းကျိုး အိမ်မှထွက်ပြေးလာစဉ်က တော်ဝင်နန်းမြို့တော်နှင့် တာအိုလမ်းစဉ်ဂိုဏ်းကြားမှ အကွအဝေးက ထိုထက်ပိုများသည်။ သုံးလေးရက်သာကြာခဲ့သည်။

သူတို့ခရီးစဉ်၏အမြန်နှုန်းက မြင်းအို၏စိတ်အခြေအနေပေါ်သာ မူတည်နေသည်။

အစက မြင်းရထားအမြန်နှုန်းသည် မြင်းရထားကိုယ်ထည်မှ လေဟာနယ်မှော်စက်ဝန်းကြောင့်ဟု မုန်ကျင်းကျိုးထင်ခဲ့သည်။ မြင်းရထားသည် ထူးခြားသည့်ရတနာဖြစ်သော်လည်း တကယ့်အမြန်နှုန်းက မြင်းအိုအပေါ်သာ မူတည်ကြောင်း နောက်ပိုင်းကျမှ သူနားလည်လာသည်။

"အခု အလောင်းကောင်တွေအကြောင်း ကျုပ်တို့သိပြီဆိုတော့ ဒီညဒီမှာနေလို့ရပြီလား"

လုယန် မေးလိုက်သည်။

"ရပါတယ်။ ကျုပ်မိန်းမက ကွယ်လွန်သွားပြီ။ ကလေးတွေအားလုံးလည်း ကောင်တီကို ပြောငး်ရွှေ့သွားကြပြီ။ မင်းတို့အတွက် စောင့်အပိုနှစ်ထည်လောက်ပေးရတာ အပန်းမကြီးပါဘူး"

ရွာသူကြီးက ပြန်ပြောသည်။

ထို ရွာသူကြီးအိမ်တွင် သူတို့နှစ်ယောက်အိပ်ကြသည်။ နောက်တစ်နေ့မနက်တွင် ရွာလူကြီးကိုနှုတ်ဆက်၍ ခရီးဆက်ထွက်လာသည်။

"နင်တို့မနေ့ညက အတော်ကံကောင်းတယ်"

နတ်မယ်က အိပ်ယာနိုးလာပြီး သက်ရှိလူတစ်ယောက်လို အကြောဆန့်ရင်း ပြောသည်။

ဝိညာဉ်တစ်ခုတွင် အရိုးအကြောများမရှိပါ။ သို့သော် အကျင့်ဆိုသည်က ဖျောက်ဖျက်ရန် ခဲယဉ်းသည်။

"ကျုပ်တို့ဘာလို့ ကံကောင်းတာလဲ"

"မနေ့ညက နင်တို့တွေ့တဲ့အလောင်းတွေဟာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် သေချာဂရုတစိုက် သန့်စင်ထားတာ။ သူတို့ကို အမိန့်ပေးမယ့်လူမရှိတာရယ် ယန်စွမ်းအင်မရှိတာရယ်ကြောင့်သာ အားနည်းနေတာ။

ဟိုပေါက်စီးတွေဆီက ယန်စွမ်းအင်ကို စုပ်ယူပြီး အခြေခံလှုပ်ရှားမှုတွေလောက်ပဲ လုပ်နိုင်ကြတာ။ အဲလိုမဟုတ်လို့ကတော့ သူတို့ရှေ့မှာ နင်တို့နှစ်ယောက် မတ်တပ်ရပ်ခွင့်တောင် ရမှာမဟုတ်ဘူး။

ဒီအလောင်းတွေ ပူးပေါင်းတိုက်ခိုက်ရင် စုစည်းခြင်းအဆင့်တစ်ယောက်ကို ရင်ဆိုင်နိုင်တဲ့စွမ်းအားရှိမယ်လို့ ငါထင်တယ်"

"စုစည်းခြင်းအဆင့်..."

လုယန် အံ့အားသင့်သွားသည်။ မနေ့ညကကြုံရသည့် အလောင်းများ၏ခန္ဓာကိုယ် အလွန်မာကျောမှန်း သိခဲ့သည်။ သို့သော် စုစည်းခြင်းအဆင့်ကို ရင်ဆိုင်နိုင်လောက်အောင် သန်မာမည်ဟု မထင်ခဲ့မိ။

အလောင်းသန့်စင်ပညာအကြောင်း သူသိပ်မသိပါ။ သို့သော် ထိုအဆင့်အလောင်းမျိုး ဖန်တီးမည်ဆိုလျှင် အနည်းဆုံး စုစည်းခြင်းအဆင့်စွမ်းအားရှိသူဖြစ်ရမည်ဟု နားလည်သည်။

ထိုအလောင်းများသည် စုစည်းခြင်းကျင့်ကြံသူတစ်ယောက် တိုက်ပွဲသုံးပစ္စည်းဖြစ်နိုင်သည်။ သို့သော် ထိုအချက်ကြောင့်ပင် အလောင်းများစွန့်ပစ်ခံရသည့်အဖြစ်က ပို၍ပဟေဠိဆန်နေသည်။

စုစည်းခြင်းအဆင့်အလောင်းထိန်းသမား သေသွားခြင်းလား။

ထိုအတွေး တွေးမိသည်နှင့် လုယန်ကျောရိုးထဲစိမ့်တက်လာသည်။

ယနေ့ခေတ်လူများ အထူးသဖြင့်စုစည်းခြင်းအဆင့်ကျင့်ကြံသူများသည် အသေအကြေတိုက်ခိုက်လေ့မရှိကြ။ ပြဿနာများကို သေကြေပျက်စီးမှုမရှိဘဲ ဖြေရှင်းကြသည်။ ထိုအဆင့်ကျင့်ကြံသူများသည် အံ့မခန်းစွမ်းအားမျိုးရှိသည်။

အသက်ကယ်နည်းလမ်း မျိုးစုံရှိသည်။ ဝစီပိတ်လို၊ ချိုးကျင်အန်းလို ထိပ်သီးတစ်ယောက်က သာမန်စုစည်းခြင်းအဆင့်တစ်ယောက်ကို တိုက်ခိုက်လျှင်တော့ စွမ်းအားချင်းကွာခြားချက် ကြီးမားနိုင်သည်။

ထိုအဖြစ်မျိုးမှလွဲလျှင် စုစည်းခြင်းကျင့်ကြံသူတစ်ယောက်က တစ်ခြားတစ်ယောက်ကို သတ်ဖြတ်နိုင်ဖို့ အလွန်တရာခက်ခဲသည်။

လုယန်အမူအရာပျက်နေသည်ကိုကြည့်၍ မုန်ကျင်းကျိုး စပ်စုသည်။

"ဘာဖြစ်တာလဲ"

"ငါ့ကိုယ်ထဲမှာ ထာဝရနတ်မယ်ရှိနေတာကို မင်းမှတ်မိတယ်မဟုတ်လား"

နတ်မယ်ပြန်ရှင်သန်ချိန် မုန်ကျင်းကျိုးလည်းရှိနေသဖြင့် အကျိုးအကြောင်းသိထားသည်။

ယခုမှ ပြန်သတိရဟန်ဖြင့် မုန်ကျင်းကျိုး ဖျောင်းခနဲလက်ခုပ်တစ်ချက်တီးလိုက်သည်။

"အား...ဟုတ်သားပဲ။ ငါမေ့နေတာ။ နတ်မယ်က ဘာတွေပြောလဲ"

"...ခဏနေပါဦး။ နတ်မယ်ပြောတာကို ပြီးမှပြောမယ်။ မင်းဘာလို့ သူ့အကြောင်းအခုမှမှတ်မိတဲ့ပုံမျိုးဖြစ်နေတာလဲ"

မုန်ကျင်းကျိုးက ပြုံးဖြဲဖြဲမျက်နှာဖြင့် ခေါင်းကိုကုတ်လျက်

"ငါ့အမြင်အရ အလွန်ကံထူးပြီး ရှေးမသေမျိုးတစ်ယောက် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့လူဟာ ရှေးဟောင်းရတနာတွေကို လက်နက်အဖြစ်ကိုင်ခွင့်ရမယ်၊ အံ့ဩစရာလျှို့ဝှက်ပညာတွေရမယ်၊ အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းမယ်၊ မိန်းမလှတွေက မကြာခဏစိတ်ဝင်စားတာခံရမယ်။ ပြီး‌တော့ လျှို့ဝှက်နယ်မြေတွေကို ကိုယ့်အိမ်ကိုယ့်ယာလို ဝင်နေထွက်နေနိုင်တဲ့လူမျိုးဖြစ်ရမယ်လို့ ငါယူဆတယ်လေ။

ဒါပေမယ့် ငါမြင်ခဲ့သလောက် မင်းကဒီလိုလူမျိုးမှ မဟုတ်တာပဲ။ သတ်မှတ်ချက်ကိုက်ညီတာဆိုလို့ အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းတာပဲရှိတယ်။ ဒါပေမယ့် ဒီကိစ္စကလည်း ငါတို့တာအိုလမ်းစဉ်ဂိုဏ်းမှာ ဘာမှသိပ်မထူးဆန်းဘူး။....အင်း ပြီးတော့ ကိုးငရဲဂိုဏ်းကလူတွေကို ခြိမ်းခြောက်ဖို့ပဲ အသုံဝင်တဲ့ ရှေးဟောင်းလျှို့ဝှက်ချက်တစ်ချို့လည်း မင်းသိပါတယ်လေ"

လုယန် "..."

'ဟုတ်တယ်၊ ငါလည်း ဘာကြောင့်ဒီလိုဖြစ်နေရလည်း သိချင်နေတာပါ'

"ကဲ..နတ်မယ်ကဘာတွေပြောလဲ"

"မနေ့ညက ငါတို့တွေ့ခဲ့တဲ့အလောင်းတွေဟာ စုစည်းခြင်းအဆင့်တစ်ယောက်ကို ယှဉ်နိုင်တဲ့စွမ်းအားမျိုးရှိတယ်တဲ့"

မုန်ကျင်းကျိုး မျက်လုံးပြူးသွားသည်။ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ လုယန်ဆိုလိုသည့်အဓိပ္ပါယ်ကို သူကောင်းကောင်းနားလည်သည်။

ဘာကြောင့် ထိုအဆင့်အတန်းမျိုးရှိသည့်အလောင်းများ ယခုလို ပိုင်ရှင်မဲ့ဖြစ်နေသနည်း။

ထူးဆန်းသည့်ကိစ္စတစ်ခု ဖြစ်ခဲ့ရမည်။

"မြို့တော်တစ်ခုကိုသွားပြီး အခုတလော တိုက်ပွဲတွေဖြစ်ခဲ့တာရှိလား၊ စုစည်းခြင်းအဆင့်တစ်ယောက်သေတဲ့သတင်းကြားမိလား စုံစမ်းကြည့်ရအောင်။

ဒီလောက်ထူးခြားတဲ့ကိစ္စတစ်ခုက သဲလွန်စမကျန်ဘဲတော့ မနေပါဘူး"

လုယန် ခေါင်းငြိမ့်သည်။ သူလည်း ထိုသို့ပင်တွေးသည်။

"ဪ...ဒါနဲ့၊ မင်းကိုယ်ထဲမှာ ရှေးဟောင်းမသေမျိုးတစ်ယောက်ရှိနေတယ်ဆိုတော့ ငါ့ကျိန်စာကို ဖြေရှင်းတဲ့နည်းလမ်းတစ်ခုခုသိမလားလို့ မေးကြည့်ပါဦး"

မုန်ကျင်းကျိုးက လုယန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်သည်။

မှန်သည်။ အမယွမ်မကူညီနိုင်လျှင်ပင် ရှေးဟောင်းမသေမျိုးတစ်ယောက် ရှိနေသေးသည်။

ကောင်းကင်ဆန့်ကျင်နိုင်သည့် စွမ်းအားများပိုင်ဆိုင်သည့် ရှေးဟောင်းမသေမျိုးတစ်ယောက်သည် ဤအသေးအဖွဲ့ကျိန်စာလောက်ကိုတော့ အလွယ်တကူဖြစ်ရှင်းနိုင်လောက်သည်။

"ငါမေးပြီးပြီ"

"ဒါဆိုသူဘာပြောလဲ"

"မင်းကို သေလိုက်ဖို့ပြောတယ်"

***********************************

All Chapters