နှစ်ပေါင်းသုံးထောင်
Vol. 7 Ch. 87
"ဓားချက်ကအဆုံးမရှိဘူး!"
"ဒါကသိုင်းဆရာတစ်ယောက်ရဲ့ရည်ရွယ်ချက်စစ်ပဲ!"
"ဒီလူက သာမန်သိုင်းဆရာလေးပဲ မဟုတ်ဘဲ သိုင်းဆရာအဆင့်တစ်ဝက်ရောက်နေတဲ့သူနဲ့တောင်ယှဉ်နိုင်တယ်လို့ဆိုလိုတာပဲ!"
အိုရန်လေရဲ့မျက်နှာက ထူးထူးဆန်းဆန်းတည်ငြိမ်နေသည်။
သိုင်းဆရာငယ်ကော အဆင့်တစ်ဝက်သိုင်းဆရာကောက “သိုင်းဆရာ”ဆိုတဲ့စကားလုံးပါနေပေမယ့် တစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ရင်တောင် မနီးစပ်ပေ။
အဆင့်တစ်ဝက်သိုင်းဆရာ!
စစ်မှန်တဲ့သိုင်းပညာရဲ့ရည်ရွယ်ချက်စစ်ကိုနားလည်တဲ့သူတွေကိုသာ အဆင့်တစ်ဝက်သိုင်းဆရာဟုခေါ်နိုင်သည်။
ဒီလိုစွမ်းအားမျိုးက ကောင်းကင်သဖွယ်မြင့်မားပြီး သာမန်သိုင်းဆရာနဲ့နှိုင်းယှဉ်ရင်တောင် ကွာခြားချက်က သိပ်မကြီးပေ။
အိုရန်လေရဲ့ စကားကိုကြားတော့ အခြားသူတွေရဲ့မျက်နှာအမူအရာကလည်း ပြောင်းသွားကြသည်။face was also unusually solemn.
“ဒီလူက သိုင်းပညာရဲ့ရည်ရွယ်ချက်စစ်ကိုတောင် ရပြီးသွားပြီလို့ ဂိုဏ်းချုပ်ကဆိုလိုချင်တာလား”
“အဆင့်တစ်ဝက်သိုင်းဆရာ… ကွမ်းယန်ပြည်နယ်မှာ ဒီလိုစွမ်အားမျိုး မရှိတာ နှစ်တော်တော်ကြာခဲ့ပြီ”
“သူသာ သိုင်းဆရာအဆင့်ကိုအောင်မြင်သွားရင် တစ်ခါတည်းနဲ့ သိုင်းပညာရဲ့ရည်ရွယ်ချက်စစ်ကို ရသွားမှာပဲ”
ကုရှင်းနဲ့ကျူးမင်လို သိုင်းဆရာတွေတောင် ဒီစကားကြောင့် ထိတ်လန့်သွားကြသည်။
သိုင်းဆရာတွေမှာ ဘွဲ့ထူးရှိသည်။
သိုင်းပညာရဲ့ရည်ရွယ်ချက်စစ်ကို နားမလည်တဲ့သိုင်းဆရာကို သာမန်သိုင်းဆရာလို့ပဲသတ်မှတ်နိုင်သည်။
ဒါပေမယ့် ဒီလိုသာမန်သိုင်းဆရာတွေတောင် ဝိဉာဉ်ထိန်းချုပ်နယ်ပယ်က ထိပ်တန်းတွေနဲ့ယှဉ်နိုင်သည်။
သိုင်းပညာရဲ့ရည်ရွယ်ချက်စစ်ကိုနားလည်တဲ့သိုင်းဆရာကို စစ်မှန်တဲ့သိုင်းဆရာလို့ခေါ်နိုင်သည်။
စစ်မှန်တဲ့သိုင်းဆရာတွေက သာမန်သိုင်းဆရာတွေထက် သာလွန်သည်။
သူတို့ကို ဝိဉာဉ်ထိန်းချုပ်နယ်ပယ်အောက်က ဘယ်သူမဆို ထိန်းချုပ်လို့မရပေ။
ဘယ်လိုပဲဖြစ်ဖြစ် ရည်ရွယ်ချက်စစ်ကို နားလည်ဖို့က ခက်ခဲပြီး သိုင်းညာအဆင့်ထိ အဆင့်မြှင့်ဖို့က ပိုပြီးတောင် ခက်ခဲသည်။
ဒါပေမယ့် အခု ကုချင်းဖန်က သိုင်းပညာရဲ့ရည်ရွယ်ချက်စစ်ကို နားလည်ပြီး သိုင်းဆရာအထိ အဆင့်တက်နိုင်ရင် သူစစ်မှန်တဲ့သိုင်းဆရာတိုက်ရိုက်ဖြစ်သွားနိုင်သည်။
ကွမ်းယန်ပြည်နယ်မပြောနဲ့ တိုင်းရှန်တိုင်းပြည်တစ်ခုလုံးမှာတောင် သိုင်းဆရာအဆင့်ကိုခြေချနိုင်တဲ့သူက နည်းပြီး စစ်မှန်တဲ့သိုင်းဆရာတွေက ပိုတောင်ရှားသည်။
“ဒီလူကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး သူသာ စစ်မှန်တဲ့သိုင်းဆရာအဆင့်ရောက်သွားရင် ငါတို့အနီရောင်မီးလျှံဂိုဏ်းက ဒုက္ခကြီးကြီးရောက်လိမ့်မယ်”
ကုရှင်းရဲ့မျက်နှာက သက်ဖြတ်လိုစိတ်တွေနဲ့ ခက်ထန်နေသည်။
အစကတော့ သူဝမ်ကျောင်းသေတာနဲ့ပတ်သတ်ပြီး ဂရုမစိုက်ပေမယ့် အခုတော့ သူကုချင်းဖန်ရဲ့စွမ်းအားကို သိသွားတာနဲ့ ကုရှင်းရဲ့နှလုံးသားထဲမှာ ကြောက်ရွံ့မှုတွေမြင့်တက်လာသည်။
ဒီလိုသန်မာတဲ့သူမျိုးကို စောစောမသတ်ရင် သူသိုင်းဆရာအဖြင့်အဆင့်တက်သွားရင် အနီရောင်မီးလျှံဂိုဏ်းက အသက်မရှင်နိုင်တော့ပေ။
အိုရန်လေက မတ်တပ်ရပ်လိုက်ပြီး သူ့လက်ဝါးက ဒဏ်ရာတွေက ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ့မျက်နှာထားက ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။
“အဆင့်တစ်ဝက်သိုင်းဆရာကို သတ်ဖို့ ငါတို့ အနီရောင်မီးလျှံဂိုဏ်းက ငါအခုလှုပ်ရှားရင် ကြီးမားတဲ့တန်ကြေးပေးရလိမ့်မယ် ဒါတောင်မှ ဒီလူကိုသတ်နိုင်မယ်ဆိုတာ မသေချာဘူး ငါတို့အုပ်စုလိုက်တိုက်ခိုက်မယ်ဆိုရင် မင်းတို့ဘယ်နှယောက်လောက် အနစ်နာခံနိုင်လဲ”
အိုရန်လေရဲ့စကားတွေက ကုရှင်းကို အေးခဲသွားစေပြီး အခြားသူတွေရဲ့မျက်နှာထားကလည်း အလိုအလျောက်လေးနက်သွားသည်။
သူတို့ပြောခဲ့သလိုပဲ အဆင့်တစ်ဝက်သိုင်းဆရာကိုသတ်ဖို့ဆို ကြီးမားတဲ့တန်ကြေးကိုပေးရလိမ့်မည်။
“တိုင်းရှန်တိုင်းပြည်က နေတစ်စင်းလိုမျိုး တည်မြဲပြီးသား သူရဲကောင်းတွေကလည်း နေရာတိုင်းမှာထွက်ပေါ်နေတာ အနီရောင်မီးလျှံဂိုဏ်းက အခုကြီးမားတဲ့ဆုံးရှုံးမှုနဲ့ကြုံရရင် ငါတို့မကြာခင်မှာ အခြားဂိုဏ်းတွေ မျိုးနွယ်တွေက ငါတို့ကိုအနိုင်ယူသွားလိမ့်မယ် ဒါကြောင့် ငါတို့ဒီကိစ္စကို သေချာစီစဉ်မှဖြစ်မယ်”
အိုရန်လေက စကားဆက်မပြောခင်မှာ ခဏလောက်ရပ်လိုက်သည်။
“ဒါဆို ဝမ်ကျောင်းကိစ္စကို အခုတော့ခဏထားလိုက်ဦး အခုက အဆင့်တစ်ဝက်သိုင်းဆရာနဲ့ သေတဲ့အထိတိုက်ရမယ့်အချိန်မဟုတ်ဘူး”
“စစ်မှန်တဲ့သိုင်းဆရာဖြစ်လာဖို့အတွက်ကတော့ အချိန်ခဏလေးနဲ့ဖြစ်လာနိုင်တာမှမဟုတ်တာ မင်းတို့အားလုံး ကိုယ်အင်္ဂါသန့်စင်နယ်ပယ်ရဲ့ပဉ္စမအဆင့်က ဘယ်လောက်ခက်ခဲလဲဆိုတာ သိမယ်လို့ယုံကြည်တယ်”
“ကိုယ်အင်္ဂါသန့်စင်နယ်ပယ်ရဲ့ပဉ္စမအဆင့်ကို မအောင်မြင်ဘဲနဲ့ သိုင်းဆရာဖြစ်လို့ဘယ်လိုလုပ်အရည်အချင်းမှီမှာလဲ”
“ပြီးတော့ ကမ္ဘာပေါ်မှာ ကိုယ်အင်္ဂါသန့်စင်နယ်ပယ်ကို အဆင့်တက်ဖို့ နှစ်တွေဆယ်စုနှစ်တောင်မဟုတ်ဘဲ ရာစုနှစ်နဲ့ချီပြီး ကြိုးစားနေတဲ့ သိုင်းပညာရှင်တွေဘယ်လောက်များလိုက်လဲ ဒီလူက သိုင်းဆရာမဖြစ်သရွေ့ ငါတို့ အနီရောင်မီးလျှံဂိုဏ်းကို ကြီးကြီးမားမားချိန်းခြောက်နိုင်မှာမဟုတ်ဘူး”
“ ပြီးတော့ သူသိုင်းဆရာဖြစ်လာတဲ့အချိန် ငါတို့အနီရောင်မီးလျှံဂိုဏ်းက ဝိဉာဉ်ထိန်းချုပ်နယ်ပယ်က ထိပ်တန်းသူတွေ ဒါမှမဟုတ်လည်း ဝိဉာဉ်ထိန်းချုပ်နယ်ပယ်ကို ကျော်နိုင်တဲ့သူတွေကို မွေးထုတ်ပေးနိုင်မှာပဲ”
ထိုစကားပြောပြီးတာနဲ့ ခန်းကြီးတစ်ခုလုံးက ရုတ်တရတ်တိတ်ဆိတ်သွားသည်။
လူတိုင်းက အိုရန်လေရဲ့အစီအစဉ်ကို နားလည်ကြသည်။
ဒီအချိန်မှာ ကျူးမင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ “ဂိုဏ်းချုပ်ပြောတာမှန်တယ် ဒီလိုဗရုတ်သုတ်ခဖြစ်နေတဲ့အချိန်က ငါတို့အတွက် အားကောင်းလာဖို့ ပြီးပြည့်စုံတဲ့အခွင့်အရေးပဲ”
“အရင်မင်းဆက် ဖြုတ်ချခံရပြီး စွမ်းအားအပြောင်းအရွေ့ကြီးဖြစ်တုန်းက နှစ်ထောင်ချီနေတဲ့ မိသားစုဟောင်းတွေက ဝရုန်းသုန်းကားအခြေအနေကို အခွင့်ကောင်းယူပြီး အဆင့်တက်အောင်ကြိုးစားခဲ့ကြတယ်”
“ အခု နောက်ထပ်မင်းဆက်အဆုံးသတ်ပြီး နောက်ထပ်ကမ္ဘာအပြောင်းအရွေ့မဖြစ်ခင်မှာ ငါတို့အနီရောင်မီးလျှံဂိုဏ်းက ဒီအခွင့်အရေးကိုယူပြီး နှစ်သောင်းနဲ့ချီကြာတဲ့ ရှေးဟောင်းဂိုဏ်းဖြစ်လာအောင်လုပ်ရမယ်”
အရင်မင်းဆက်က နှစ်ပေါင်းသုံးထောင့်ခြောက်ရာလောက်အုပ်စိုးခဲ့သည်။
တိုင်းရှန်မင်းဆက်က အခုထိ နှစ်သုံးထောင်လောက်အုပ်စိုးခဲ့ပြီးဖြစ်သည်။
မင်းဆက်တစ်ခုအတွက် နှစ်ပေါင်းသုံးထောင်လောက်အထိက စက်ဝန်းတစ်ခုလိုဖြစ်သည်။ သမိုင်းအရ မင်းဆက်အချို့က နှစ်ပေါင်းလေးထောင်ထက်စိုးစံခဲ့တာလည်းရှိသည်။
ဒါကြောင့် ဝရုန်းသုန်းကားအခြေအနေကို ထိုင်စောင့်နေရတာက မလွယ်ပေ။
မှော်ဆရာတွေက အသက်ရှည်ကြပေယ့် သာမန်မှော်ဆရာတွေကတော့ မသေမျိုးဖြစ်မလာနိုင်ပေ။
နှစ်ပေါင်းသုံးထောင်ဆိုတာက မှော်ဆရာတွေအတွက် ပြာမှုန့်ဖြစ်သွားဖို့လုံလောက်သည်။
ဝိဉာဉ်ထိန်းချုပ်နယ်ပယ်က မှော်ဆရာတွေတောင် နှစ်ပေါင်းရှစ်ရာလောက်ပဲအသက်ရှင်နိုင်သည်။
ဝိဉာဉ်ထိန်းချုပ်နယ်ပယ်ကိုအဆင့်တက်ပြီး နောက်တစ်ဆင့်ကိုရောက်မှသာ နှစ်တစ်ထောင်လောက်အသက်ရှင်နိုင်သည်။
ကမ္ဘာအပြောင်းအလဲဖြစ်တဲ့ မင်းဆက်အဆုံးသတ်ချိန်မရှိရင် ဂိုဏ်းတွေ မျိုးနွယ်စုတွေအတွက် ဆက်ပြီးတိုးတက်ဖို့မလွယ်ပေ။
ဒါကြောင့် ကျူးမင်စကားပြောပြီးတာနဲ့ လူတော်တော်များများစိတ်ထဲမှာ အတွေးတွေကိုယ်စီရောက်သွားကြသည်။
အနီရောင်မီးလျှံဂိုဏ်းက ကျန်ရှိနေတဲ့အကြီးအကဲတွေက သဘောမတူချင်ပေမယ့်လည်း ဒီအချက်မှာတော့ အကူအညီမဲ့နေကြသည်။
အစောင့်တပ်ရှိတဲ့ ရှေးဟောင်းမြို့တော်အပြင်ဘက်နှင့် အစောင့်တပ်နှင့်ရှေးဟောင်းမြို့တော်ကြားတွင် အလောင်းတွေက နေရာတိုင်းရှိနေပြီး မခြောက်သေးတဲ့ သွေးကွက်တွေက မြို့နံရံမှာရှိနေပြီး လတ်တလောမှာ ကြောက်မက်ဖွယ်တိုက်ပွဲဖြစ်ပျက်ထားတာကိုပြသနေသည်။
စစ်နတ်ဘုရားတပ်ရဲ့ဗဟိုစခန်းတွင်
ဖေကျင်းက သူ့လက်ထဲက လျှို့ဝှက်စာကိုကြည့်နေပြီး သူ့မျက်နှာထားက အနည်းငယ်လေးနက်နေသည်။
“အဆင့်တစ်ဝက် ဆရာ”
“ဒီလူက သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်းကို ဖုံးကွယ်ထားတာပဲ”
သူကိုင်ထားသည့် လျှို့ဝှက်စာက ကုချင်းဖန်အကြောင်းပဲဖြစ်သည်။
အစက ဖေကျင်းက ကုချင်းဖန်တည်ရှိမှုကို မေ့လုနီးပါးဖြစ်နေတာဖြစ်သည်။ အစက ကုမီသားစုက သွေးသန့်စင်နယ်ပယ်က သိုင်းပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး စကားထဲထည့်ပြောဖို့မထိုက်တန်ပေ။
အရင်က သူအနက်ရောင်ရွှမ်တပ်ကို သူ့ကိုစည်းရုံးဖို့လွှတ်ခဲ့ပေမယ့် ကျရှုံးခဲ့ပြီး တပ်မှူးက အဲ့နေရာမှာပဲ ကျဆုံးခဲ့သည်။ ဖေကျင်းက ဒေါသထွက်ပေမယ့် သိပ်ဂရုမစိုက်ခဲ့ပေ။
သူက ကွမ်းယန်ပြည်နယ်ကို သိမ်းပိုက်ဖို့စောင့်နေပြီး ကုမိသားစုကို အမြစ်ဖြတ်ရှင်းလင်းဖို့ စီစဉ်ခဲ့တာဖြစ်သည်။
ဒါပေမယ့် မမျှော်လင့်ထားဘဲ အချိန်ခဏလေးအတွင်းမှာပဲ သူချေမှုန်းနိုင်လောက်ခဲ့တဲ့ သွေးသန့်စင်နယ်ပယ်ကပုရွက်ဆိတ်က အခုအဆင့်တစ်ဝက်သိုင်းဆရာဖြစ်လာပြီဖြစ်သည်။
ပြိုင်ဘက်ကင်းဓားချက် ကုချင်းဖန်။
ဖေကျင်းတောင် ဒီသတင်းကိုရတော့ အံ့သ◌ြသွားခဲ့သည်။
အဆင့်တစ်ဝက် သိုင်းဆရာက သူ့အတွက်ရှင်းလင်းသည်။ ဝမ်းတွင်းသိုင်းသခင်ဖြစ်တဲ့ သူကိုယ်တိုင်တောင် သိုင်းပညာ၏ရည်ရွယ်ချက်စစ်ကို နားမလည်နိုင်သေးပေ။
သိုင်းပညာ၏ရည်ရွယ်ချက်စစ်ကို နားလည်ရတာက ခက်ခဲ့သည်။ ဖေကျင်းရဲ့အရည်အချင်းနဲ့တောင် ဒီနယ်ပယ်ကို ခြေချဖို့ကမလွယ်ပေ။
ဒါကြောင့် အခု လူတစ်ယောက်က သိုင်းဆရာမဖြစ်ဘဲ သိုင်းပညာ၏ရည်ရွယ်ချက်စစ်ကို ကျင့်ကြံနိုင်ခဲ့ပြီ။
ဒီလိုလူမျိုးကို လျစ်လျူရှုဖို့ခက်ခဲသည်။
“ဒီလူက ငါ့အတွက်အသုံးဝင်နိုင်မယ်ဆိုရင် သူက အကူအညီကြီးကြီးမားမားဖြစ်မှာပဲ”