← Chapters

ကြီးကြီးမားမားအောင်မြင်တဲ့သူတွေက အသေးအဖွဲလေးတွေကို ဂရုမစိုက်ဘူး

Vol. 7 Ch. 88

ကြီးကြီးမားမားအောင်မြင်တဲ့သူတွေက အသေးအဖွဲလေးတွေကို ဂရုမစိုက်ဘူး

Vol. 7 Ch. 88

“ကျိုးလီ”

“အမိန့်ရှိပါ”

သက်လတ်ပိုင်း သိုင်းပညာရှင်တစ်ယောက်က ဒူးထောက်လက်သီးဆုပ်ပြီး ပြောလိုက်သည်။

ဖေကျင်းက ပြောသည်။ “မင်းငါ့အစား ကုမိသားစုဆီသွားပြီး ကုချင်းဖေကို ပြောလိုက် သူငါ့ကိုကူညီနေသရွေ့ အတိတ်က ရန်ညိုးတွေအားလုံးကို ချေပေးနိုင်တယ် ပြီးတော့ သူ့မှာတောင်းဆိုစရာရှိတယ်ဆိုရင် ငါ့ကိုပြောနိုင်တယ်လို့”

သိုင်းသခင်ရဲ့လျို့ဝှက်ကျမ်းပဲဖြစ်ဖြစ် နတ်ဆိုးသန်စင်ခြင်းလျိုဝှက်ကျမ်းဖြစ်ဖြစ် ငါပေးနိုင်တယ်”

ကုချင်းဖေသာ ကိုယ်အင်္ဂါသန့်စင်နယ်ပယ်က သာမန်သိုင်းဆရာလေးပဲဆိုရင် ဖေကျင်းအဲ့လောက်ဂရုစိုက်မည်မဟုတ်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် အဆင့်တစ်ဝက်သိုင်းဆရာက ထူးခြားသည်။

သိုင်းပညာရဲ့ရည်ရွယ်ချက်အစစ်ကို နားလည်တဲ့သူက သိုင်းသခင်နယ်ပယ်ကိုဖြတ်ပြီး စွမ်အားအကြီးဆုံး သိုင်းသခင်ဖြစ်လာနိုင်သည်။

သိုင်းအရှင်သခင်မရှိလျှင် စစ်မှန်သည့် သိုင်းဆရာက ဘုရင်ဖြစ်နိုင်သည်။

သိုင်းပညာရှင်တွေက မှော်ပညာရှင်တွေအောက်နိမ့်တာကြောင့် စစ်မှန်တဲ့သိုင်းဆရာအဆင့်ကိုရောက်နေသည့် အားကောင်းသည့်သူကို ဝိဉာဉ်ထိန်းချုပ်နယ်ပယ်က မှော်ဆရာလေးတွေနှင့် နှိုင်းယှဉ်လို့မရပေ။

ဒီလိုအားကောင်းသည့်ပြိုင်ဘက်ကို အနိုင်ရသည့် အကျိုးကျေးဇူးက ထင်ရှားသည်။

ဒါကြောင့် ဖေကျင်းက အတိတ်ကရန်ညှိုးတွေကို ဘေးထားပြီး ကုချင်းဖေကိုစည်းရုံးဖို့ ပိုကြီးမားသည့်တန်ကြေးကို ပေးလိုတာဖြစ်သည်။

ကြိုးပမ်းအားထုတ်မှု ကြီးမားတဲ့သူတွေက အသေးအဖွဲလေးကို ကတ်သတ်မနေပေ။

ဖေကျင်းအမြင်တွင် ဒီလိုအရေးမပါသည့် အာဃာတတွေက ဖော်ပြဖို့မထိုက်တန်ပေ။

“အမိန့်အတိုင်းပါ”

ကျိုးလီက အမိန့်ကို ချက်ချင်းနာခံပြီးထွက်ခွာသွားသည်။

သူ့ပုံရိပ်ပျောက်ကွယ်သွားတာကိုကြည့်ရင်း ဖေကျင်းက စခန်းအပြင်ကို ထွက်လိုက်ပြီး သူ့အကြည့်တွေက သူ့ရှေ့က ရှေးစောင်းမြို့တော်ဆီကို ကျရောက်သွားပြီး သူ့နောက်မှာ များပြားလာသည့် ဗိုလ်မှူးတွေက စုစည်းနေကြသည်။

“တန်းရှန်မြို့”

“ငါမင်းတို့ကို ဒီတိုင်းရှန်မြို့ကို သုံးရက်အတွင်းသိမ်းပိုက်ပြီး လီယွန်းပြည်နယ်အဝင်တံခါးကို လုံးဝဖြိုချစေချင်တယ်” ဖေကျင်းက လေးနက်သည့်အသံနှင့်ပြောလိုက်သည်။

တန်းရှန်မြို့သည် လျိုယွန်းပြည်နယ်၏ဝင်ပေါက်ဖြစ်ပြီး လျိုယွန်းပြည်နယ်က တိုင်းရှန်တိုင်းပြည်နှင့် တန်းယန်တိုင်းပြည်ကို အနားသတ်ထားသည့် အဓိကနယ်နိမိတ်ဖြစ်သည်။ တန်းရှန်မြို့ကို သိမ်းပိုက်တာက လျိုယွန်းပြည်နယ်တစ်ခုလုံးကို ဆန့်ကျင်ပြီး စည်းရုံးနိုင်သည်ဟုဆိုလိုတာဖြစ်သည်။

လျိုယွန်းပြည်နယ်ကို သိမ်းပိုက်ပြီးတာနှင့် တိုင်းရှန်တိုင်းပြည်က ခံစစ်ပေါက်သွားမည်ဖြစ်သည်။

ဒါကြောင့် တန်းရှန်မြို့ရဲ့တည်နေရာက အရေးကြီးပြီး တင်းတင်းကျပ်ကျပ်စောင့်ကြပ်လျက်ရှိသည်။

တန်းရှန်မြို့တော်ကို သိမ်းပိုက်ဖို့အတွက် ဖေကျင်းက စစ်သည်သုံးသိန်းကို ဦးဆောင်ဖို့ တုံ့ဆိုင်းနေမည်မဟုတ်သော်လည်း နှစ်ရက်လောက်ကြောက်မက်ဖွယ်ကောင်းအောင် တိုက်ခိုက်ခဲ့ပေမယ့် မြို့ကိုမသိမ်းပိုက်နိုင်သေးပေ။

ဒီကနေပြီး တန်းရှန်မြို့ခံတပ်က ဘယ်လောက်ကြံခိုင်လဲဆိုတာကို တွေ့မြင်နိုင်သည်။

သို့သော်လည်း တန်းရှန်မြို့ခံတပ်က ဘယ်လောက်ပဲကြံ့ခိုင်ပါစေ ဖေကျင်းက တတ်နိုင်သလောက် အချိန်တိုတိုအတွင်းမှာ သိမ်းပိုက်ရမည်ဖြစ်သည်။ အကယ်၍ အချိန်တအားဆွဲလွန်းပါက တိုင်းရှန်တိုင်းပြည်က စစ်ကူတွေရောက်လာမည်ဖြစ်ပြီး ဒီနေရာကို သိမ်းပိုက်ဖို့လွယ်ကူတော့မည်မဟုတ်ပေ။

ဒီလိုတိုက်ပွဲမှာ အရေးပါသောအချိန်ကို ဖေကျင်းက အလွဲမခံနိုင်ပေ။

စစ်နတ်ဘုရားတပ်က လျင်မြန်ပြီး တိကျပြတ်သားသည့်တိုက်ကွက်ကို တန်ဖိုးထားသည်။

အကယ်၍ သူတို့တန်းရှန်မြို့မှာကျရှုံးပြီး သူတို့အပိုင်ဖြစ်သင့်သည့် ချီစွမ်းအားကို ဆုံးရှုံးသွားပါက ဖေကျင်းလုံးဝ လက်ခံနိုင်မည်မဟုတ်ပေ။

ဖေကျင်းအမိန့်ကို ဗိုလ်မှူးတွေအကုန်ခေါင်းငြိမ့်ကြသည်။

“စိတ်ချပါ သခင် သုံးရက်အတွင်း ကျွန်တော်တို့ကျိန်းသေ တန်းရှန်မြို့ကို သိမ်းပိုက်မှာပါ”

ကွမ်းယန်ပြည်နယ်

နတ်ဆိုးနှိမ်နင်းရေးဗျူရိုတွင်

လူဝမ်ရွှမ်က ကုမိသားနဲ့ပတ်သတ်သည့် သတင်းကို ရပြီးဖြစ်သည်။

“ပြိုင်ဘက်ကင်းဓားချက် ကုချင်းဖေက သိုင်းဆရာအဆင့်တစ်ဝက်ကို ရောက်နေပြီလို့ သံသယရှိတယ် အနီရောင်မီးလျှံဂိုဏ်းက သခင်ဝမ်ကျောင်းကို တစ်ချက်တည်းနဲ့သတ်ဖြတ်နိုင်ခဲ့တယ် သူ့စွမ်းအားက အံ့အားသင့်စရာပဲ ဒါကြောင့်ပဲ သူ့ကို ပြိုင်ဘက်ကင်းဓားချက်ဆိုတဲ့ဘွဲ့ပေးတာပေါ့”

“ဒုသံတမန်ကျန်းက အစကတော့ ကုချင်းဖန်က ကိုယ်အင်္ဂါသန့်စင်နယ်ပယ်က သိုင်းဆရာလေးပဲလို့ပြောပေမယ့် သူ့ကိုယ်သူဖုံးကွယ်ထားတဲ့ပုံပဲ”

သူ့စကားတွေက ကျန်းချင်ရဲ့မျက်နှာကို တခါထပ်ပြီး‌ ပြောင်းသွားစေသည်။

သူလည်းပဲ ကုချင်းဖန်က သူ့စွမ်းရည်တွေကို ထူးထူးခြားခြားဖုံးကွယ်ထားမယ်လို့ မမျှော်လင့်ထားပေ။

အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ကျန်းချင်က ပြောလိုက်သည်။ “ကုချင်းဖန်က သူ့စွမ်းရည်တွေကို တကယ်ဖုံးကွယ်ထားတာပဲ ငါသူ့ကို လျော့တွက်မိတယ် ငါတို့နောက်ထပ်ဘာလုပ်သင့်တယ်လို့ထင်လဲ”

“သိုင်းဆရာနယ်ပယ်ကို အဆင့်တစ်ဝက်ဝင်ရောက်လာတာက သေးငယ်တဲ့စွမ်းရည်မဟုတ်ဘူး သူသိုင်းဆရာဖြစ်သွားတာနဲ့ သူက စစ်မှန်တဲ့သိုင်းဆရာဖြစ်လာပြီး သိုင်းအရှင်သခင်အောက်က အားအကောင်းဆုံးအဆင့်တွေထဲက တစ်ယောက်အဖြစ်သတ်မှတ်နိုင်သွားပြီ ဒီလို စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်မျိုးကို နတ်ဆိုးနှိမ်နင်းရေးဗျူရိုထဲကို သိမ်သွင်းနိုင်ရင် ကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်မှာပဲ ဒါကြောင့် လက်ရှိတာဝန်က ဒုသံတမန်ကျန်းက ကုမိသားစုအိမ်တော်ကို နောက်တစ်ခေါက်သွားလည်ရင် အခြေအနေတွေက တိုးတက်နိုင်မှာပဲ ကုချင်းဖန်က အထိန်းအကွပ်မရှိလုပ်နေတာ ဒုသံတမန်ကျန်းက သူ့ကိုမစည်းရုံးနိုင်ရင် အဆတ်ဖြတ်စရာမလိုတော့ဘူး”

လူဝမ်ရွှမ်က တစ်ဖက်ကို သတိမပေးခင်မှာလေးနက်တဲ့အကြည့်ကြည့်လိုက်သည်။

ကျန်းချင်ရဲ့မျက်နှာက အနည်းငယ်အရုပ်ဆိုးသွားပေမယ့် သူ့ခေါင်းကိုငြိမ့်ပြီး ပြန်ပြောလိုက်သည်။ “သခင်လူ စိတ်ချပါ ဘယ်လိုလုပ်ရမလဲဆိုတာကောင်းကောင်းသိပါတယ်”

“အဲ့တာက အကောင်းဆုံးဖြစ်မှာပဲ”

လူဝမ်ရွှမ်က သူ့လက်ကို ယမ်းလိုက်ပြီး ကျန်းချင်လည်းချက်ချင်း ထွက်ခွာသွားသည်။

“သိုင်းဆရာနယ်ပယ်ထဲကို အဆင့်တစ်ဝက်ရောက်နေပြီ အိမ်း”

“ဒီလူမှာ လျို့ဝှက်တဲ့နောက်ခံရှိတာပဲ သူ့နောက်မှာ စစ်မှန်တဲ့သိုင်းဆရာတစ်ယောက်ရှိနိုင်တယ် ဒီလိုသန်မာလာဖို့ဆို အနည်းဆုံး စစ်မှန်တဲ့သိုင်းဆရာတစ်ယောက်တော့ရှိမှာပဲ တကယ်တော့ …သူက သိုင်းအရှင်သခင်လည်းဖြစ်နိုင်တာပဲ”

လူဝမ်ရွှမ်က ညင်သာစွာ တိုးတိုးပြောလိုက်သည်။

သိုင်းအရှင်သခင်တွေက သိုင်းလောကမှာရှားပေမယ့် သူတို့ ပျောက်ကွယ်သွားပြီလို့မဆိုလိုပေ။

အကယ်၍ ကုချင်းဖန်က သာမန်ကိုယ်အင်္ဂါသန့်စင်နယ်ပယ်က သိုင်းဆရာဆိုရင် ဒီအဆင့်ထိရောက်တာက ကံကောင်းတဲ့အခြေအနေတွေကြောင့်ဖြစ်နိုင်တယ်လို့ လူဝမ်ရွှမ်က တွေးမှာဆိုပေမယ့် သိုင်းဆရာလောကကို အဆင့်တစ်ဝက်ရောက်နေတာကတော့ ကွဲပြားသည်။

ဒါက အခွင့်အရေးရတာကြောင့်တော့ မဖြစ်နိုင်ပေ။

တစ်ဖက်သူ၏လက်ရှိအသက်ကို ထည့်စဉ်းစားရင် ကုချင်းဖန်နောက်မှာ စွမ်းအားရှိတဲ့ထောက်ပံ့ပေးနေသူတွေရှိနေလောက်တယ်လို့ လူဝမ်ရွှမ်သံသယဖြစ်မိသည်။

ကုမိသားစုအိမ်တော်ဆိုတာကလည်း အပေါ်ယံလောက်သာဖြစ်နိုင်သည်။

စစ်မှန်သည့်သိုင်းဆရာ ဒါမှမဟုတ် သိုင်းအရှင်သခင်တောင်ဖြစ်နိုင်သည့် သူနှင့်ရင်ဆိုင်ရတာဖြစ်သည့်အတွက် လူဝမ်ရွှမ်က သူ့ကိုအလေးအနက်ထားမှရတော့မည်။

ဒါကြောင့် သူက ကုမိသားစုအိမ်တော်ကို ကျန်းချင်ကို နောက်တစ်ကြိမ် ထပ်သွားခိုင်းပြီး နတ်ဆိုးနှိမ်နင်းရေးဗျူရိုကို ဝင်ဖို့ ကုချင်းဖန်ကို ဖိတ်ကြားခိုင်းတာဖြစ်သည်။

သူမဝင်ချင်ဘူးဆိုရင်တောင် နတ်ဆိုးနှိမ်နင်းရေးဗျူရို၏ ဖော်ရွေသည့်အပြုအမူသာဖြစ်ပြီး အနာဂတ်မှာဖြစ်လာမည့်ပဋိပက္ခတွေကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

နိယာမကအတူတူပဲဖြစ်သည်။

မလိုအပ်ရင် သိုင်းဆရာလောကထဲကို အဆင့်တစ်ဝက်ဝင်နေသည့်သူကို သွားမစသင့်ပေ။

နတ်ဆိုးနှိမ်နင်းရေးဗျူရိုကို ဝင်ဖို့ မစည်းရုံးနိုင်ရင်တောင် အဆင်အသွယ်ကောင်းအနေနှင့်ထိန်းသိမ်းထားနိုင်သေးသည်။

ကုမိသားစုအိမ်တော်တွင်

ကုချင်းဖန်က များသောအားဖြင့် ကျင့်ကြံနေဆဲဖြစ်သည်။

သူအာရုံစိုက်နေသည့် ကျင့်ကြံမှုက အတွင်းအင်္ဂါငါးပါးကိုအခြေခံထားပြီး အစိမ်းရောင်နေစွမ်းရည်နဲ့ ယွမ်ရတနာကျမ်းလည်းပါဝင်သည်။

သူမူလက ရထားသည့် အနီရောင်မီးလျှံစွမ်းရည်ကိုတော့ သူအသည်းအသန်မကျင့်ကြံရသေးပေ။

အကြောင်းရင်းကတော့ ရိုးရှင်းသည်။

လူတစ်ယောက်၏စွမ်းအင်က အကန့်အသတ်ရှိသည်။

ကုချင်းဖန်က ဆက်တိုက် သိုင်းပညာများစွာကိုလေ့ကျင့်ခဲ့တာကြောင့် သူ့အကန့်အသတ်ကိုရောက်နေပြီဖြစ်သည်။ သူထပ်ကျင့်ကြံဖို့ ကြိုးစားရင် သူခက်ခက်ခဲခဲရုန်းကန်ရလိမ့်မည်။

ဒီအချိန်အတွင်းမှာ ကုချင်းဖန်က ကုယန်ကို သိုင်းပညာတွေပေးတတ်သည်။

ကုယန်က သွေးသန့်စင်နယ်ပယ်အလယ်အဆင့်ကိုအောင်မြင်ပြီးသော်လည်း ကုချင်းဖန်က ကိုယ်အင်္ဂါသန့်စင်နယ်ပယ်၏ဒုတိယအဆင့်မှာရှိနေတာဖြစ်သည့်အတွက် သွေးသန့်စင်နယ်ပယ်က သူကို လမ်းညွှန်ပေးရတာက သူ့အတွက်လွယ်ကူသည့်အလုပ်ဖြစ်သည်။

ကုချင်းဖန်က ကျင့်ကြံဖို့ကူညီပေးနိုင်သည့် တန်ဖိုးကြီးဆေးပစ္စည်းတွေနှင့်အတူ ဆေးဖော်စပ်နည်းအမျိုးမျိုးကိုလည်း ဆက်တိုက်စုဆောင်းခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် အဆင့်မြင့်ဆေးဖော်စပ်နည်းတွေက ရှားပါးပြီး အဓိက ဂိုဏ်းတွေ မြင့်မြတ်သည့်မိသားစုတွေ၏ထိန်းချုပ်မှုကို ခံထားရတာကြောင့် အရေပြားသန့်စင်နယ်ပယ်နှင့် သွေးသန့်စင်နယ်ပယ်အတွက်သာ စုဆောင်းနိုင်သည်။

အဲ့လိုဆိုရင်တောင် လတ်တလောတော့ မလုံလောက်ပေ။

ကုချင်းဖန်က စုဆောင်းထားသည့်ဆေးနည်းအကုန်လုံးကို ကုယန်ကိုပေးလိုက်သည်။

ကုချင်းဖန်က ကုမိသားစုအိမ်တော်၏ ကိစ္စတွေမှာပါဝင်ပြီး အာရုံမထွေပြားချင်ပေ။ သူအာရုံစိုက်ဖို့မလိုသည့် ကိစ္စအားလုံးကို ကုယန်ကို တာဝန်လွှဲပေးလိုက်သည်။

ကုယန်ကလည်း မငြင်းဆိုပေ။

“ဒါက ကုမိသားစုအိမ်တော်ပဲ”

ကျိုးလီက သူ့ရှေ့က အိမ်တော်ကိုကြည့်ပြီး သူ့မျက်လုံးတွေက အနည်းငယ်လေးနက်လာသည်။

ချက်ချင်းပဲ သူအစောင့်တစ်ယောက်ကို ချဉ်းကပ်ပြီး သူ့လည်ပတ်ခွင့်ကတ်ပြားကို ကမ်းပေးလိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

All Chapters