← Chapters

ကောင်းကင်ဘုံကံကြမ္မာနဲ့လူသား

Vol. 7 Ch. 89

ကောင်းကင်ဘုံကံကြမ္မာနဲ့လူသား

Vol. 7 Ch. 89

“တပ်မှူးကျိုး”

ကုချင်းဖန်က သူ့လက်ထဲက ဖိတ်စာကိုကြည့်လိုက်ပြီး သူ့မျက်ခုံးတွေက အနည်းငယ်မြင့်တက်သွားသည်။

အနက်ရောင်ရွှမ်တပ်၏ တပ်မှူး။

ကုချင်းဖန်က အနက်ရောင်ရွှမ်တပ်၏ တည်ရှိမှုနှင့် မရင်းနှီးပေ။

သူတစ်ခါက အနက်ရောင်ရွှမ်တပ်က အဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး သူ့ဆီကနေ ရွှေရောင်ကိုယ်ထည်နှင့် ခုနစ်သက်ဓားစွမ်းရည်ကိုရရှိခဲ့သည်။

ကုချင်းဖန်ကို အံ့အားသင့်စေတာက သူက စစ်နတ်ဘုရားဘုရင်နှင့် မျက်နှာပျက်ခဲ့ရပေမယ့် အခု သူ့တံခါးကို အနက်ရောင်ရွှမ်တပ်၏ တပ်မှူးရောက်နေပြီဖြစ်သည်။

နောက်ထပ် အဓိပ္ပာယ်တစ်ခုလည်း ရှိနိုင်သည်။

“ဧည့်သည်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတယ်ဆိုရင်တောင် သွားတွေ့ကြတာပေါ့”

ကုချင်းဖန်က ရုတ်တရတ်ပြုံးလိုက်ပြီး သူအတွေးလွန်နေတာ ဖြစ်နိုင်တာကို သတိပြုမိသွားသည်။

သူ့လက်ရှိစွမ်းအားနှင့် သူတအားတွေးဖို့မလိုပေ။ ဒီနေရာက ကွမ်းယန်ပြည်နယ်ဖြစ်ပြီး တန်းယန်တိုင်းပြည်မဟုတ်ပေ။ ဖေကျင်းမှာ ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်ရှိရင်တောင် သူ့ကို ချိန်းခြောက်နိုင်မှာမဟုတ်ပေ။

ထို့ကြောင့် ကုချင်းဖန်က တပ်မှူးကျိုးကို သူ့လူတွေကို ခေါ်ခိုင်းလိုက်သည်။

ခဏလေးအတွင်းမှာပဲ သက်လတ်ပိုင်းလူတစ်ယောက်က အပြင်ကနေဝင်လာပြီး ကုချင်းဖန်ဆီကို ယဉ်ကျေးစွာလက်အုပ်ချီလာသည်။

“တပ်မှူးကျိုး အိမ်တော်သခင်ကုကို အရိုအသေပေးပါတယ်”

“ကျေးဇူးပြုပြီး ထိုင်ပါဦး”

ကုချင်းဖန်က ဂရုမစိုက်စွာပြောလိုက်ပြီး တစ်ဖက်သူက ပြောသည့်အတိုင်းထိုင်လိုက်သည်။ အဲ့ဒီ့နောက်မှာမှ သူဖြည်းဖြည်းချင်းစကားစပြောလိုက်သည်။

“ ကျွန်တော်က စစ်နတ်ဘုရားဘုရင်နဲ့ လုပ်စရာတော့မရှိဘူးထင်တာပဲ တပ်မှူးကျိုးက ဒီနေ့ သူ့ဆီကနေ ဘာအမိန့်များသယ်လာတာလဲ”

“ကျွန်တော်ကမ်းလှမ်းရဲတဲ့အမိန့်မဟုတ်ပါဘူး ဒါပေမယ့် အိမ်တော်သခင်ကုကို ကျွန်တော်တို့ စစ်နတ်ဘုရားတပ်ကိုဖိတ်ကြားဖို့ စစ်နတ်ဘုရားဘုရင်က မိန့်ကြားလိုက်တာကြောင့်ပါ” တပ်မှူးကျိုးက ကွေ့ဝိုက်မနေဘဲ သူ့ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်သည်။

ဒါကိုကြားတော့ ကုချင်းဖန်မျက်လုံးတွေက အနည်းငယ်ကျဉ်းသွားပြီး “အရင်တုန်းက အနက်ရောင်ရွှမ်အစောင့်တပ်က အဖွဲ့ဝင်တစ်ယောက်ကလာပြီး အိမ်တော်သခင်ကုကို စစ်နတ်ဘုရားဘုရင်အောက်ကို ဝင်ဖို့အကြပ်ကိုင်ခဲ့တယ် ကျွန်တော်သာ မလိုက်နာရင် ကုမိသားစုကို မျိုးဖြုတ်ပစ်မယ်ဆိုပြီးတော့လေ”

“အခု တပ်မှူးကျိုးက လူကိုယ်တိုင်ရောက်လာတော့ ကျွန်တော်သာငြင်းလိုက်ရင် ကုမိသားစုအိမ်တော်ကို စောင့်နေမယ့်ကံကြမ္မာက လုံးဝသုတ်သင်ခံရဖို့ပဲမဟုတ်ဘူးလား”

သူပြောပြီးတာနှင့် တပ်မှူးကျိုးမျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။

ကြီးမားသည့်ခန်းမကြီးထဲမှာ ကြောက်မက်ဖွယ်ကောင်းသည့် လူသတ်လိုစိတ်တွေရှိနေတာကို ရှင်းရှင်းလင်းလင်းခံစားရသည်။ သူသာ တစ်ဖက်လူကို မကျေမနပ်ဖြစ်စေသည့်စကား ပြောမိပါက သူ ကုမိသားစုအိမ်တော်က‌ေန အသက်ရှင်လျက်ထွက်သွားနိုင်မှာမဟုတ်တော့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် အနက်ရောင်ရွှမ်အစောင့်တပ်မှူးအနေနှင့် သူ့အမူအရာက အနည်းငယ်သာပြောင်းလဲသွားပြီး ပုံမှန်အတိုင်းအမြန်ပြန်ပြောင်းသွားသည်။ မကြာသေးခင်မှာ သူက အပြုံးတစ်ချက်ကိုတောင် ပြလိုက်သည်။

“အိမ်တော်သခင်ကုက နောက်နေပြန်ပါပြီ ကျွန်တော်တို့ စစ်နတ်ဘုရားတပ်က ကမ္ဘာပေါ်က သူရဲကောင်းတွေကို တန်ဖိုးထားပါတယ် သိုင်းလောကကစည်းမျဉ်းတွေကို ဆန့်ကျင်တာမျိုးလုပ်မှာမဟုတ်ပါဘူး”

“အနက်ရောင်ရွှမ်တပ်ရဲ့နောက်ဆုံးအဖွဲ့ဝင်က စိတ်ကြီးဝင်ပြီး အိမ်တော်သခင်ကုကို စော်ကားမိခဲ့တဲ့ပုံပဲ ဒီနေ့ တပ်မှူးကျိုးက ဒီမှာ သူ့ကိုယ်စား တောင်းပန်ပါ့မယ်”

စကားပြောပြီးတာနဲ့ တပ်မှူးကျိုးက တောင်းပန်ဖို့ထလိုက်သည်။

ကုချင်းဖန်က သူ့လက်ကို မြှောက်ပြီး သူ့ကိုတားလိုက်သည်။ “တောင်းပန်ဖို့ မလိုပါဘူး အဲ့လူရဲ့အုတ်ဂူပေါ်က မြတ်တွေတောင် အခုဆို‌တော်တော်ရှည်နေလောက်ပြီ အိမ်တော်သခင်ကုက အနက်ရောင်ရွှမ်တပ်ကလူကိုသတ်လိုက်ပြီ တပ်မှူးကျိုးစိတ်မရှိဘူးမလား?

“အဲ့လူက စည်းကမ်းတွေကို နားမလည်ဘဲ အိမ်တော်သခင်ကုကို စော်ကားခဲ့တာပဲ သေသင့်ပါတယ် အိမ်တော်သခင်ကုမလုပ်ရင်တောင် တပ်မှူးကျိုးက သူ့ကိုချမ်းသာပေးမှာမဟုတ်ပါဘူး အခု အိမ်တော်သခင်ကုက အနက်ရောင်ရွှမ်တပ်အတွက် အမြစ်ကနေရှင်းထုတ်ပေးတဲ့အတွက် တပ်မှူးကျိုးက ကျေးဇူးတင်ပါတယ်”

တပ်မှူးကျိုးက သူ့ကိုယ်ဟန်ကို နှိမ့်ချလိုက်ပြီး သူ့မျက်နှာက အပြုံးတွေနှင့်ပြည့်နေပြီး စိတ်အနှောင့်အယှက်ဖြစ်နေသည့်ပုံ နည်းနည်းလေးတောင်မပြပေ။

ဒီအချိန်မှာ ကုချင်းဖန်မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး တပ်မှူးကျိုးကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။

“တပ်မှူးကျိုးက တကယ်ကိုအလိုက်အထိုက်နေနိုင်ပေမယ့် ဒီဝရုန်းသုန်းကားကမ္ဘာကြီးထဲမှာ ဝင်ပါဖို့ ကျွန်တော်စိတ်မဝင်စားနေတာကတော့ နှမြောစရာပဲ ကုမိသားစုကို တည်ထောင်ခဲ့တာက အခြေချဖို့ မျှော်လင့်ချက်နဲ့ပါပဲ”

“စစ်နတ်ဘုရားဘုရင်ရဲ့ကြင်နာမှုက စိတ်ပျက်မှုနဲ့အဆုံးသတ်သွားမှာကို ကြောက်မိတယ်” ကုချင်းဖန်က အလေးအနက်ပြောလိုက်သည်။

“အိမ်တော်သခင်ကုက စစ်နတ်ဘုရားတပ်ကိုတောင်မကြားဖူးသေးဘဲနဲ့ ဘာလို့ဒီလောက်အသည်းအသန်ငြင်းဆိုနေရာတာလဲ” ကျိုးလီက ကုချင်းဖန်၏ငြင်းဆိုမှုကို ကြိုတင်ခန့်မှန်းထားသည့်ပုံဖြစ်ပြီး ကုချင်းဖန်စကားပြောပြီးတာနှင့် အလျက်အမြန်စကားဝိုင်းကိုစလိုက်သည်။

“စစ်နတ်ဘုရားဘုရင်က ကြေညာပြီးသားပါ အိမ်တော်သခင်ကုက စစ်နတ်ဘုရားတပ်ကို ဝင်ဖို့ဆန္ဒရှိတာနဲ့ သိုင်းဆရာအဆင့် သိုင်းကျမ်းတွေအပါအဝင် သိုင်းအတတ်လျို့ဝှက်ကျမ်းတွေကိုပါ ပေးအပ်မှာပါ” ကျိုးလီက ဆက်ပြောလိုက်သည်။

“အဆင့်မြင့်သိုင်းအတတ်တွေကို မြင့်မြတ်တဲ့မိသားစုတွေ ဂိုဏ်းတွေက ထိန်းချုပ်ထားတယ်လို့ သိကြတယ် အခြားကျင့်ကြံသူတွေက ဒီလိုအဆင့်မြင့်သိုင်းအတတ်တွေကို သင်ယူဖို့ အရမ်းခက်တယ်”

“သိုင်းဆရာအဆင့်သိုင်းအတတ်တွေကတော့ အသေးစိတ်စီစဉ်စရာမလိုဘူး ဒီလိုအတတ်တွေက ကမ္ဘာတစ်ခုလုံးမှာရှားပါးတာကို”

“ဒါပေမယ့် စစ်နတ်ဘုရားဘုရင်က အလေးထားတဲ့အနေနဲ့ အိမ်တော်သခင်ကုခေါင်းတစ်ချက်ငြိမ့်လိုက်တာနဲ့ သိုင်းဆရာအဆင့်သိုင်းကျမ်းတွေအားလုံးကို လက်နှစ်ဖက်လုံးနဲ့ပေးအပ်မှာပါ”

“အိမ်တော်သခင်ကုက အနာဂတ်မှာ သိုင်းလမ်းကြောင်းအကန့်အသတ်ကိုရောက်သွားရင်တောင် စစ်နတ်ဘုရားအရှင်က အဆင့်မြင့် နတ်ဆိုးသန့်စင်လျို့ဝှက်ကျမ်းကိုပေးအပ်ပြီး အိမ်တော်သခင်ကုကို ထာဝရအသက်ရှင်ဖို့ လျို့ဝှက်ချက်တွေကို အခွင့်အရေးပေးမှာဖြစ်တယ်”

ဒီလိုပြောပြီးတော့ ကျိုးလီက ကုချင်းဖန်တုံ့ပြန်ချက်ကို စောင့်နေသည်။

ဒီစကားတွေကို ဘယ်သူကမှမငြင်းဆိုနိုင်ဘူးလို့ သူယုံကြည်သည်။

သိုင်းဆရာအဆင့်သိုင်းအတတ်။

နတ်ဆိုးသန့်စင်ခြင်းလျို့ဝှက်ကျမ်း။

ဒီကမ်းလှမ်းမှုတွေအားလုံးက သိုင်းလောကကသူတိုင်း အိပ်မက်မက်ဖူးကြပေမယ့် ကြုံတွေ့ခဲသည့် အခွင့်အရေးတွေပဲဖြစ်သည်။

ကုချင်းဖန်တောင် ဒီကမ်းလှမ်းမှုတွေကို ကြားပြီး ဖေကျင်း၏ရက်ရောမှုကို ခဏတာ ထိတ်လန့်သွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် ခဏလောက်စဉ်းစားပြီးနောက် ပြတ်ပြတ်သားသားသူ့ခေါင်းကိုခါလိုက်သည်။

“ကျွန်တော်အရင်ကလည်းပြောဖူးပါတယ် ကမ္ဘာပေါ်ကပဋိပက္ခတွေမှာ ပါဝင်ဖို့စိတ်မဝင်စားဘူး စစ်နတ်ဘုရားဘုရင်ကတော့ စိတ်ပျက်သွားလောက်မှာပဲ”

ဒီစကားက ကျိုးလီမျက်နှာပေါ်ကအပြုံးကို အနည်းငယ်မှေးမှိန်သွားစေသည်။

“ဘာလို့ ငြင်းနေရတာလဲ အိမ်တော်သခင်ကု ကမ္ဘာကြီးက နှစ်သုံးထောင်နဲ့ချီတဲ့စက်ဝန်းတွေကို မြင်ခဲ့ပြီးပြီ အရင်မင်းဆက်က ကမ္ဘာကြီးကို ချီစွမ်းအင်မကုန်ခင်အထိ နှစ်ပေါင်းသုံးထောင့်ခြောက်ရာလောက်အုပ်စိုးခဲ့တာ ထောင့်တိုင်းက သူရဲကောင်းတွေပေါ်ထွက်လာပြီး တိုင်းရှန်ဘိုးဘေးက ဝရုန်းသုန်းကားတွေကြားက တိုက်ခိုက်ပြီး ထီးနန်းကိုဆက်ခံပြီး တိုင်းရှန်မင်းဆက်ကို တည်ထောင်နိုင်ခဲ့တယ်”

“တိုင်းရှန်မင်းဆက်တည်ထောင်ကတည်းကဆို နှစ်သုံးထောင်လောက်ရှိနေပြီ”

“အခု တိုင်းရှန်မင်းဆက်ရဲ့ ချီစွမ်းအင်က အဆုံးသတ်ခါနီးနေပြီ ကမ္ဘာပေါ်က သူရဲကောင်းတွေထွက်ပေါ်ထွက်လာပြီး အားလုံးကိုဝါးမျိုဖို့ ဝရုန်းသုန်းကားအခြေအနေကို ရှေ့ပြေးနိမိတ်ဖတ်နေပြီ”

“ဒီလို အခြေအနေမျိုးမှာ စစ်မှန်တဲ့ငြိမ်းချမ်းမှုကို ဘယ်မှာတွေ့နိုင်မှာလဲ”

“ကျွန်တော်တို့အရှင်က ကောင်းကင်ကံကြမ္မာနဲ့လူပါ ရာစုနှစ်အတွင်းမှာ တိုင်းပြည်သုံးခုကိုအောင်နိုင်ခဲ့တယ် စွမ်းအားက သခင်တွေသူရဲကောင်းတွေကြားမှာ မယှဉ်ပြိုင်နိုင်ဘူး ပိုပြီးအရေးကြီးတာက စစ်နတ်ဘုရားဘုရင်ကို ထာဝရတည်ရှိလာတဲ့ ရှေးဟောင်းဂိုဏ်းဖြစ်တဲ့ ထန်းယန်ဓားဂိုဏ်းက ထောက်ပံ့ပေးထားတယ် အိမ်တော်သခင်ကုက ကျွန်တော်တို့အရှင်ဆီမှာ တာဝန်ထမ်းဆောင်မယ်ဆိုရင် သူစည်းမျဉ်းတွေကို ချမှတ်ပြီးတာနဲ့ အိမ်တော်သခင်ကုရဲ့အကူအညီတွေကို ကျိန်းသေပေါက်မေ့မှာမဟုတ်ပါဘူး ဒီလိုအကျိုးကျေးဇူးတွေနဲ့ နှစ်ထောင်နဲ့ချီတဲ့ မြင့်မြတ်တဲ့မိသားစုဂိုဏ်းတွေဖြစ်လာမှာက လေညှင်းလေးလိုပဲ

ပြီးတော့ ထာဝရဂိုဏ်းတွေ မိသားစုတွေဖြစ်လာနိုင်ချေလည်းရှိတယ်”

ကျိုးလီက ကုချင်းဖန် စစ်နတ်ဘုရားစစ်တပ်ကို ပါဝင်ဖို့အတွက် ဆုလာဘ်တွေနှင့်အကျိုးဆက်တွေကို သဘောကျလောက်အောင် ဆွဲဆောင်ပြောကြားနေသည်။

ကုချင်းဖန်ရဲ့စွမ်းရည်တွေက ဒီလိုအားစိုက်ထုတ်မှုတွေကို အာမခံနိုင်သည်။

ကုချင်းဖန်က ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ငြင်းဆိုနေတုန်းဖြစ်သည်။

ကျိုးလီက ရှုံ့မဲ့နေသည့်အပြုံးနှင့်ကြိတ်ပြီးသက်ပြင်းချလိုက်သည်။ “ကောင်းပြီ အိမ်တော်သခင်ကုက အခုမဆုံးဖြတ်နိုင်တော့ ထပ်ပြီးဖိအားမပေးတော့ပါဘူး တိုင်းရှန်တိုင်းပြည်ရဲ့တည်ငြိမ်မှု ပျက်စီးသွားရင် ပြည်နယ်ကိုးခုက တိုင်းပြည်သုံးဆယ့်ခြောက်ခုလုံး တိုက်ပွဲထဲမှာ လုံးဝဝါးမျိုခံလိုက်ရရင် အိမ်တော်သခင်ကုက ဒီလိုဝရုန်းသုန်းကားအချိန်မှာ မပါဝင်ဘဲနဲ့နေတာ ဘယ်လောက်ခက်ခဲလဲဆိုတာကို နားလည်လာလိမ့်မယ် ဒါက စစ်နတ်ဘုရားတပ်ရဲ့ အမှတ်တံဆိပ်ပြားပဲ အိမ်တော်သခင်ကုစိတ်ပြောင်းသွားရင် ဒီအမှတ်တံဆိပ်ပြားနဲ့ စစ်နတ်ဘုရားတပ်ကို တစ်ယောက်ယောက်လွှတ်လိုက်ပါ ကျွန်တော်တို့ သေချာပေါက် စိတ်ပျက်မှာမဟုတ်ပါဘူး”

“ဒါကျွန်တော်ပြောချင်တာအကုန်ပါပဲ”

“ကျွန်တော်အခုသွားတော့မယ်”

ကျိုးလီက သူ့ခြေထောက်ကို မြှောက်လိုက်ပြီး စစ်နတ်ဘုရားတပ်၏အမှတ်တံဆိပ်ပြားကို ချန်ထားခဲ့သည်။ သူကတုံ့ဆိုင်းမှုမရှိဘဲ လှည့်ပြီး ထွက်ခွာသွားသည်။

All Chapters