← Chapters

ဉာဏ်ကြီးရှင်

Vol. 7 Ch. 90

ဉာဏ်ကြီးရှင်

Vol. 7 Ch. 90

“စစ်နတ်ဘုရားတပ်”

ကုချင်းဖန်က ကျိုးလီထားခဲ့သည့် အမှတ်တံဆိပ်ပြားကို ကြည့်လိုက်သည်။ သူ့မျက်နှာထားက မပြောင်းလဲဘဲနဲ့ လေထဲက အမှတ်တံဆိပ်ပြားကို သူ့ညာဘက်လက်နဲ့ အလွယ်တကူဆွဲယူပြီး သူ့လက်ဝါးထဲမှာ ဖမ်းဆုပ်လိုက်သည်။

အမှတ်တံဆိပ်ပြားက စစ်နတ်ဘုရားတပ်၏အဆောင်အယောင်ဘဲဖြစ်သည်။

ထို့နောက် ကုချင်းဖန်က သူ့လက်ချောင်းတွေနဲ့ ဖမ်းညှစ်လိုက်သည်။ သံထည်နှင့်ပြုလုပ်ထားသည့် အမှတ်တံဆိပ်ပြားက ပြာမှုန့်အဖြစ်တဖြည်းဖြည်းပြောင်းသွားပြီး မြေကြီးပေါ်ကိုကျသွားသည်။

ဒီအချိန်မှာပဲ ကုယန်ကလည်း ခန်းမနောက်ကနေ ပေါ်ထွက်လာသည်။

စစ်နတ်ဘုရားတပ်၏အမှတ်တံဆိပ်ပြားက ဖုန်မှုန့်အဖြစ်အစိတ်စိတ်အမွှာမွှာဖြစ်သွားတာကို မြင်တော့ သူနားမလည်နိုင်ဖြစ်သွားသည်။ “အဖေ ဘာလို့စစ်နတ်ဘုရားတပ်ကိုဝင်ဖို့ ငြင်းလိုက်တာလဲ”

ကုယန်က ကျိုးလီရောက်လာတုန်းက ကုချင်းဖန်နှင့်အခြားကိစ္စတွေကို ဆွေးနွေးနေတာဖြစ်သည်။ သူက ဧည့်သည်ရောက်လာတော့ အတွင်းခန်းမထဲကို ပြန်ဝင်သွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် သိုင်းပညာရှင်တွေက နားပါးပြီးအမြင်စူးရှသည်။

ခန်းမထဲက စကားဝိုင်းကို နားထောင်တာက သူတို့အတွက် လွယ်ကူသည့်ကိစ္စပဲဖြစ်သည်။

ကုချင်းဖန်က ငြိမ်သက်သွားပြီး သူဂရုမစိုက်သည့်ဟန်ဖြင့် မမေးခင်မှာ သူ့လက်ဝါးပေါ်က ကျန်ရှိနေသည့် ဖုန်မှုန့်တွေကို မှုတ်ထုတ်လိုက်သည်။ “စစ်နတ်ဘုရားဘုရင်တပ်ကိုဘယ်လိုထင်လဲ”

“စစ်နတ်ဘုရားဘုရင်တပ်က တကယ်ပဲ သန်မာတယ် ဆယ်စုနှစ်တစ်ခုအတွင်းမှာ တိုင်းပြည်သုံးပြည်ကို သိမ်းပိုင်နိုင်ပြီး သန်းနဲ့ချီတဲ့စစ်တပ်ကို အမိန့်ပေးနိုင်တယ် ပြီးတော့ ထာဝရဂိုဏ်းဖြစ်တဲ့ ထန်းယန်ဓားဂိုဏ်းကလည်း သူ့နောက်မှာ ထောက်ပံ့ပေးထားတယ်”

ဒီစကားတွေကြားတော့ ကုယန်က ချက်ချင်း စစ်နတ်ဘုရားတပ်၏အကျိုးကျေးဇူးတွေကို တင်ပြလိုက်သည်။

ဒီလိုအချက်အလက်တွေက လူတိုင်းလိုအပ်နေတာထင်ရှားသည်။

ကုချင်းဖန်က သူ့ခေါင်းကို အနည်းငယ်ခါလိုက်သည်။ “ဖေကျင်းအစွမ်းက အားမနည်းဘူးဆိုတာက ငြင်းလို့မရပေမယ့် နှစ်ပေါင်းသုံးထောင်လောက် ကမ္ဘာကို ဦးဆောင်ခဲ့တဲ့တိုင်းရှန်မင်းဆက်က နဂါးနဲ့ယှဉ်ရင် ဖေကျင်းက အားနည်းသေးသည်။

ပြည်နယ်ကိုးခုနှင့် တိုင်းပြည် သုံးဆယ့်ခြောက်ခုတွင် ဖေကျင်းက သုံးခုကိုသာ အုပ်စိုးနိုင်သည်။

ဒါ့အပြင် ဒီတိုင်းပြည်သုံးခုက တိုင်းပြည်သုံးဆယ့်ခြောက်ခုထဲမှာ အနိမ့်ဆုံးတွေဖြစ်သည်။

“ဒီနေ့ခေတ်ကမ္ဘာပေါ်မှာ စွမ်းအားအတွက်ယှဉ်ပြိုင်တဲ့သူတိုင်းကို အဓိကအားနဲ့ ထောက်ပံ့ပေးထားပြီးတော့ တစ်ယောက်ချင်းစီက စစ်မှန်တဲ့နဂါးကိုထွင်းထုပြီး လောကကြီးကိုလွှမ်းမိုးနိုင်ဖို့ ဆုတောင်းနေကြတယ်”

“ဖေကျင်းက အဲ့ခုံမှာထိုင်ဖို့အလားအလာရှိပေမယ့် အခုချိန်မှာ ဖြစ်နိုင်ချေက နည်းနည်းပဲရှိတာ သူအောင်မြင်နိုင်ချေက မြင့်နေတာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် ကုချင်းဖန်က ရှေ့ဆက်မပြောဘဲ ရပ်လိုက်သည်။

“ဒီလို ပရမ်းပတာအချိန်မှာ အလောတကြီးဘက်ရွေးတာက ဉာဏ်မရှိရာရောက်တယ် ကုမိသားစုအိမ်တော်က အားနည်းပြီး ကံတရားကို မဆန့်ကျင်နိုင်ရင်တောင် အဲ့တာကတခြားကိစ္စပဲ ဒါပေမယ့် ကုမိသားစုအိမ်တော်ရဲ့စွမ်းအားက တောင့်တင်းပါတယ် အနည်းဆုံးတော့ ဒီဝရုန်းသုန်းကားခေတ်မှာ ငါတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့ အရင်းအနှီးရှိသေးတယ်”

“အဲ့လိုဆို ဘာလို့အလျင်စလို ဘက်ရွေးရမှာလဲ”

“ဘာရှိသေးလဲ ဒီနေရာက တိုင်းရှန်တိုင်းပြည် ကွမ်းယန်ပြည်နယ် တရားရုံးရဲ့ထိန်းချုပ်မှုအောက်မှာရှိတုန်းပဲ ကုမိသားစုအိမ်တော်က စစ်နတ်ဘုရားစစ်တပ်ဘက်မှာရှိတယ်ဆိုတဲ့ စကားတွေပျံ့သွားရင် အကျိုးဆက်တွေကို လျော့တွက်လို့မရဘူး”

သေလောက်အောင် ပိန်နေတဲ့ ကုလားအုတ်က မြင်းထက်တော့ ကြီးသေးတာပဲ။

တိုင်းရှန်မင်းဆက်က အခြားသူတွေအလွယ်တကူလွှမ်းမိုးနိုင်လောက်အောင် အားနည်းနေပြီဆိုတာကို ကုချင်းဖန်မယုံကြည်နိုင်ပေ။

တရားရုံးကို တည်ထောင်ခဲ့တာ နှစ်သုံးထောင်လောက်ရှိပြီဖြစ်သည်။

သူ့အမွေအနှစ်အရင်းအမြစ်က သာမန်အားတွေနှင့် နှိုင်းယှဉ်လို့မရပေ။

အခု စစ်နယ်ရှင်တွေက ပေါ်ထွက်လာပြီး သဘာဝဘေးအန္တရာယ်တွေက ဆက်တိုက်ပေါ်လာပေမယ့် အဆုံးထိတော့မရောက်သေးပေ။

ကွမ်းယန်ပြည်နယ်အတွင်းမှာ ရှိနေသည့် ကုမိသားစုအိမ်တော်က စစ်နတ်ဘုရားတပ်နှင့် တိတ်တဆိတ်ပေါင်းကြံနေတာလား။ လုံးဝယုတ္တိမရှိတာမဟုတ်ရင်တော့ လုံးဝမလိုအပ်ပေ။

ဒါကြောင့် ကုချင်းဖန်က ကျိုးလီရဲ့တောင်းဆိုမှုကို ငြင်းဆိုလိုက်တာဖြစ်သည်။

စစ်နတ်ဘုရားတပ်၏ကမ်းလှမ်းမှုက မလုံလောက်တာမဟုတ်ပေ။

လတ်တလောအခြေအနေအရ ကုမိသားစုအိမ်တော်က စွန့်စားစရာမလိုပေ။

ဖြေးဖြေးနဲ့မှန်မှန်သွားတာက ကုမိသားစုအိမ်တော်အတွက် မှန်ကန်ပြီး သင့်တော်သည့် ချဉ်းကပ်မှုဖြစ်သည်။

အဆင့်တစ်ဝက်သိုင်းဆရာဖြစ်ဖို့က ကုချင်းဖန်၏ပန်းတိုင်ဖြစ်သည်။

သိုင်းသခင် ဒါမှမဟုတ် သိုင်းအရှင်သခင် အဆင့်တွေကိုတောင် သူရှာနေတာမဟုတ်ပေ။

သူ့တကယ်ရည်ရွယ်ချက်က သိုင်းပညာ၏ကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့ဖြစ်သည်။

ပိုပြီး အဆင့်မြင့်သောတည်ရှိမှုကို အောင်မြင်ဖို့ဖြစ်သည်။

“အဖေစကားတွေက ထိုးထွင်းသိမြင်နိုင်တာပဲ ကျွန်တော်အတွေးတိမ်သွားပါတယ်”

ကုယန်မျက်နှာက နားလည်သည့်ပုံပြလာသည်။

သူအခြေအနေကို ဒီလိုလေးနက်တဲ့အဆင့်ထိ မတွေးဖူးပေ။

ကုချင်းဖန်က သူ့ကိုကြည့်ပြီး သူ့ခေါင်းကို အနည်းငယ်ခါလိုက်သည်။ “မင်းက ငယ်သေးတယ် အချိန်ကျရင် ဒီကိစ္စတွေကို မင်းဟာမင်းနားလည်လာလိမ့်မယ် အခုတော့ ငါတို့မိသားစုရဲ့ဂုဏ်သတင်းကို ကောင်းကောင်းတည်ထောင်ပြီးပြီ ကွမ်းယန်ပြည်နယ်မကျသွားသရွေ့ ကျောက်ဖြူတာအိုက လတ်တလောတော့ လုံခြုံနေဦးမှာပါ

လာမယ့်ကာလတွေအတွက် မင်းစွမ်းအားကို တိုးချဲ့ဖို့ကိုပဲ အာရုံစိုက်ထား”

“နားလည်ပါပြီ”

ကျိုးလီထွက်သွားပြီးနောက် ရက်အနည်းငယ်အကြာတွင် နောက်ထပ်အင်အားတွေ လာကြပြန်သည်။

သူတို့ထဲမှာ ရင်းနှီးနေသည့်မျက်နှာက နတ်ဆိုးနှိမ်နင်းရေးဗျူရိုက ကျန်းချင်ဖြစ်သည်။ သူ့အရင်က မောက်မာခဲ့တာနဲ့ယှဉ်ရင် ဒီတစ်ကြိမ်မှာ သူ့ရဲ့အမူအရာက ပိုပြီး နှိမ့်ချလာပြီး အညီမျှဆုံးဖြစ်အောင် ဆက်ဆံနေသည်။

သူ့ရည်ရွယ်ချက်က အရင်ကနဲ့အတူတူပဲ ကုချင်းဖန်ကို နတ်ဆိုးနှိမ်နင်းရေးဗျူရိုကို ဝင်ရန် စည်းရုံးဖို့ဖြစ်သည်။

ကွဲပြားတာက ဒီတစ်ကြိမ်မှာတော့ ကျန်းချင်ကမ်းလှမ်းသည့် အခြေအနေတွေက အရမ်းရက်ရောနေတာဖြစ်သည်။

အနည်းဆုံးတော့ သူတို့က ဖေကျင်းကမ်းလှမ်းတာထက်တော့ မနိမ့်ပေ။

ထို့နောက် ကျိုးမိသားစုအပါအဝင် အခြားဂိုဏ်းတွေ မြင့်မြတ်သည့်မိသားစုတွေက ကုချင်းဖန်ကို သူတို့အဆင့်ကို ဆွဲခေါ်ဖို့ ပြိုင်နေကြပြီး ကုချင်းဖန်ကတော့ တစ်ယောက်ပြီးတစ်ယောက်ကိုငြင်းပစ်နေတုန်းဖြစ်သည်။

သို့ပေမယ့် ဒီလူတွေက အငြိုးအတေးထားသည့်ရည်ရွယ်ချက်မပြဘဲ အပြုံးဖြင့်သာထွက်သွားကြသည်။

ဒီမြင်ကွင်းက ကုချင်းဖန်ကို အစွမ်းရှိခြင်း၏အရေးပါပုံကို ပိုပြီးသတိပြုမိစေသည်။

“ဝရုန်းသုန်းကားကမ္ဘာကြီးမှာ မင်းလက်သီးတွေက သန်မာနေရင် မြေကြီးပေါ်မှာ ရပ်တည်နေနိုင်တာပဲ မင်းပြိုင်ဘက်တွေက မကျေမချမ်းနိုင်ဖြစ်နေရင်တောင် သူတို့မှာ ရွေးချယ်စရာမရှိဘူး သည်းခံရမှာပဲ”

ကုချင်းဖန်က စဉ်းစားလိုက်သည်။

အဆင့်တစ်ဝက်သိုင်းဆရာဖြစ်တာက ထူးခြားပေမယ့် သိုင်းဆရာအဆင့်ကို အောင်မြင်တာက ပိုပြီး အထင်ကြီးစရာကောင်းသည်။

တချိန်တည်းမှာပဲ ကုချင်းဖန်က နောက်ထပ်ပြဿနာကိုပါ မထင်မှတ်ဘဲ နားလည်လာသည်။

အဆင့်တစ်ဝက်သိုင်းဆရာဖြစ်ရတာက ကိုယ်အင်္ဂါသန့်စင်ခြင်းအဆင့်မှာရှိနေသည့် သိုင်းပညာရှင်တွေအတွက် လိုအပ်သည့်လမ်းကြောင်းမဟုတ်ပေ။

ဒီလိုသိုင်းပညာရှင်များကို သိုင်းဆရာလေးလို့ပဲခေါ်ပြီး ကိုယ်အင်္ဂါသန့်စင်ခြင်းနယ်ပယ်ကို အောင်မြင်သည့်သူများသာ စစ်မှန်သည့် သိုင်းဆရာဖြစ်လာနိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သိုင်းဆရာအထက်တွင် စစ်မှန်သည့်သိုင်းဆရာရှိသည်။

စစ်မှန်သည့် သိုင်းဆရာဖြစ်လာမှသာ သိုင်းအရှင်သခင်ဆိုသည့်ခေါင်းစဉ်ကို စိန်ခေါ်ဖို့ အရည်အသွေးပြည့်မှီမည်။

စစ်မှန်သည့် သိုင်းဆရာဖြစ်ဖို့အတွက် စစ်မှန်ခြင်းနှင့်သက်ဆိုင်သည့်အဆင့်ကို ဆုပ်ကိုင်ရမည်။

အဆင့်တစ်ဝက်သိုင်းဆရာဖြစ်တာက စစ်မှန်သည့်သိုင်းဆရာဖြစ်ဖို့ မျိုးစေ့ချတာနှင့်တူတူပဲဖြစ်သည်။

အဆင့်တစ်ဝက်သိုင်းဆရာကနေ သိုင်းဆရာဖြစ်လာတာနှင့် ချက်ချင်း သာမန်သိုင်းဆရာတွေထက်သာလွန်ပြီး သိုင်းဆရာတွေကြားမှာ ထိပ်တန်းပြိုင်ဘက်ဖြစ်လာလိမ့်မည်။

ဒါကြောင့် ဒီအုပ်စုတွေက ဘာကြောင့် သူတို့ စည်းရုံးနေရလဲဆိုတာကို သူနားလည်သည်။

သန်မာသည့်သိုင်းဆရာလေးက ဒီလိုဆက်ဆံခံရမည်မဟုတ်ပေမယ့် စစ်မှန်သည့်သိုင်းဆရာကတော့ မတူပေ။

သိုင်းအရှင်သခင်တွေက ကမ္ဘာပေါ်မှာ ရှားပါးသည်။

စစ်မှန်သည့် သိုင်းဆရာတွေကို သိုင်းပညာလောကတွင် အသန်မာဆုံးအဖြစ်သတ်မှတ်ကြသည်။

ဒီနေ့တွင် ကုချင်းဖန်က နေယန်ချီကို သုံးပြီးနောက်မှာ သူ့သွေးက ရုတ်တရတ်ဆူပွက်လာသည်။ သူ့သွေးထဲက သန့်စင်သည့် ယန်ချီက ပါးလွှားသည့်လေထုထဲကနေ တိုးလာသည်။

“အစိမ်းရောင်နေစွမ်းရည်ပဉ္စမမြောက်အလွှာက ပြီးပြည့်စုံပြီ”

ကုချင်းဖန်၏အမူအရာကတည်ငြိမ်နေသည်။

ဒီလိုအသေးစားအောင်မြင်မှုမျိုးက သူ့တည်ငြိမ်မှုကို မပျက်ယွင်းစေပေ။

ဒီအချိန်မှာ ကုပန်ရောက်လာသည်။

“အိမ်တော်အရှင်ကို ဂါရဝပြုပါတယ်”

“ဘာဖြစ်လို့လဲ”

ကုချင်းဖန်မျက်နှာက ပြင်ပကိစ္စတွေ၏သက်ရောက်မှုမရှိဘဲ ပျော်ရွှင်မှုကော ဝမ်းနည်းမှုကောမရှိပေ။

ကုပန်က ခေါင်းငုံ့ပြီးပြောလိုက်သည်။ “အိမ်တော်အရှင်ကို အစီအရှင်ခံပါတယ် အပြင်ဘက်ခန်းမရဲ့ စာရင်းသွင်းထားသည့် တပည့်တွေထဲမှာ သိုင်းပညာကနဦးအဆင့်ကိုခြေချမိတဲ့သူရှိပါတယ်”

ဒါကိုကြားတော့ ကုချင်းဖန်မျက်လုံးထဲတွင် အလင်းတစ်ခုဖြတ်သွားသည်။

သူအထင်မှားတာမဟုတ်ရင် စာရင်းသွင်းထားသည့်တပည့်များ၏အစောဆုံးအသုတ်မှာ သူတို့နှင့်အတူရှိတာ လပိုင်းပဲရှိသေးသည်။

တစ်လတည်းနှင့် တစ်ယောက်ယောက်က သိုင်းပညာကနဦးအဆင့်ကိုခြေချမိခဲ့သည်။

ဒါသာအမှန်ဆို ဒီတစ်ခေါက်တပည့်အုပ်စုကြားမှာ ထိပ်တန်းအရည်အချင်းနှင့်သူက ပေါ်ပေါက်လာပြီ။

ကုချင်းဖန်က ချက်ချင်းပြောလိုက်သည်။

“ငါနဲ့တွေ့ဖို့ သူ့ကိုခေါ်ခဲ့”

All Chapters