အတွင်းခန်းမကို ချဲ့ခြင်း
Vol. 7 Ch. 91
ကုမိသားစုအိမ်တော်၏ အဓိကခန်းမထဲတွင်
ခုနစ်နှစ် ရှစ်နှစ်အရွယ်ကလေးတစ်ယောက်က ကြောက်ရွံ့စွာနှင့်ရပ်နေပြီး သူ့မျက်လုံးတွေက ကုချင်းဖန်ကို ကြည့်ပြီး လေးစားမှုတွေနှင့်ပြည့်နေသည်။
အခြားတစ်ဖက်တွင်
ကုချင်းဖန်က သူ့ရှေ့က ကလေးကိုကြည့်နေသည်။
အရင်တုန်းက ပိန်ချုံးနေသည့်ပုံစံနဲ့မတူဘဲ တစ်လအတွင်း အာဟာရပြည့်ဝသည့်အစာတွေနှင့် သိုင်းပညာလေ့ကျင့်မှုတွေကြောင့် ကလေး၏အသက်စွမ်းအင်နှင့်ကျန်းမာရေးက တိုးတက်လာသည်။
“သန်မြန်တဲ့နွားတစ်ကောင်လို အသက်စွမ်းအင်”
“တကယ်ကိုပဲ သိုင်းပညာလမ်းမကို ခြေချမိတဲ့ နိမိတ်ပဲ”
ကုချင်းဖန်က ကျေနပ်စွာနှင့်ခေါင်းငြိမ့်လိုက်သည်။
ကလေး၏အသက်စွမ်းအင်ကိုကြည့်ပြီး သူသိုင်းပညာရှင်အဆင့်တွေထဲရောက်ပြီလားဆိုတာကို နားလည်နိုင်သည်။
သိုင်းပညာရှင်တွေက လေးနက်သည့်အသက်စွမ်းအင်ကိုပိုင်ဆိုင်သည်။
အရေပြားသန့်စင်နယ်ပယ်က အခြေခံသမားတောင် သာမန်လူသားတွေမယှဉ်နိုင်သည့် အသက်စွမ်းအင်ရှိသည်။
“မင်းနာမည်ကဘယ်လိုခေါ်လဲ”
“အစီရင်ခံပါတယ် အိမ်တော်အရှင်သခင် ကျွန်တော်…ကျွန်တော့်နာမည်က ကောဝေါပါ”
ကလေးက အရမ်းကြောက်တာကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
ကုချင်းဖန်က မေးသည်။ “မင်းဘိုးဘေးအိမ်က ဘယ်မှာလဲ မင်းမှာ အခြားမိသားစုရှိလား”
“ကျွန်တော့်ဘိုးဘေးအိမ်…ကျွန်တော်မေ့သွားပြီ ကျွန်တော့်မိသားစုမှာ ကျွန်တော့်မိဘတွေပဲရှိတာ သူတို့က အရင်နှစ်တွေတုန်းက ကွယ်လွန်သွားပြီ အခုကျွန်တော်တစ်ယောက်ပဲကျန်တယ်”
ဒီတစ်ကြိမ်မှာ ကောဝေါ၏အဖြေက ပိုပြီး ကျွမ်းကျင်နေသည်။
ကုချင်းဖန်က အနည်းငယ်ခေါင်းငြိမ့်လိုက်သည်။
“အဲ့လိုဆို ဒီနေ့ မင်းကိုရှေ့လျှောက် ကုခန်း လို့သိကြလိမ့်မယ် အတွင်းခန့်မရဲ့ ပုံမှန်တပည့်ဖြစ်သွားပြီ ဒါက အတွင်းခန်းမသခင် ကုယန် အခုကစပြီး သူက မင်းရဲ့ကျင့်ကြံမှုတွေကို ညွှန်ပြပေးလိမ့်မယ်”
ကုချန်းဖန်က ဘေးနားမှာရပ်နေသည့် ကုယန်ကို လက်ဟန်ခြေဟန်ပြလိုက်သည်။
ကုဝေါ အခု ကုခန်းက ကြောင်သေသေသွားပြီးမှ ပျော်ရွှင်ပြီး ကျေးဇူးတင်သည့်အနေနှင့် ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အိမ်တော်အရှင်”
“တွေ့ရတာဝမ်းသာပါတယ် ခန်းမသခင်”
ကုမိသားစုအိမ်တော်ကို ဝင်သည့်အချိန်တွင် ကုခန်းက အပြင်ခန်းမထက် တစ်ဆင့်ပိုမြင့်သည့်အပြင် ကုမိသားစုက တိုက်ရိုက်ဆင်းသက်သူများနှင့် ကုမိသားစုနာမည်အပေးခံထားရသည့် သူများအတွက် နေရာဖြစ်သည့် အပြင်ဘက်ခန်းမကို ကြားဖူးသည်။
အတွင်းခန်းမအတွက်ကတော့ ကုခန်းက ပြင်းပြသည့်ရည်မှန်းချက်မရှိပေ။
သူ့စိတ်ထဲတွင် သူ့တကယ်ပန်းတိုင်က တစ်နှစ်အတွင်း အရေပြားသန့်စင်နယ်ပယ်ကို ဝင်ရောက်ပြီး အပြင်ဘက်ခန်းမတပည့်ဖြစ်ဖို့နှင့် အရင်ကလိုမျိုးငတ်ပြတ်သည့်ဘဝကို ဆက်မနေတော့ရန်ဖြစ်သည်။
ကုခန်း မမျှော်လင့်ထားတာက သူက ကုမိသားစုအိမ်တော်၏ တရားဝင်တပည့်ဖြစ်လာရုံတင်မကဘဲ အတွင်းခန်းမထဲဝင်နိုင်ပြီး ကုမိသားစုနာမည်ကိုချီးမြှင့်ခံခဲ့ရသည်။ သူဘယ်လိုမချောက်ခြားဘဲနေမည်နည်း။
ကုခန်းက ထွက်ခွာသွားသည်။
ကုယန်က သူ့ကိုအတွင်းခန်းမပတ်ဝန်းကျင်နှင့်ရင်းနှီးအောင်လို့ ခေါ်သွားသည်။
သူက အတွင်းခန်းမ၏ ပထမဆုံးတပည့်ဖြစ်သည်။
ကုမိသားစုအိမ်တော်ရင်းမြစ်အနေနှင့် ကုချင်းဖန်က အတွင်းခန်းမကို ဝင်ဖို့ အရည်အချင်းပြည့်မှီသည့်သူတိုင်းကို လက်မခံပေ။ ကုမိသားစုကတိုက်ရိုက်ဆင်းသက်သူဖြစ်ရင်ဖြစ် မဟုတ်ရင် လုံလောက်သည့် အရည်အချင်းနှင့် ကုမိသားကို သစ္စာရှိရမည်။
ဒီလူအမျိုးအစားနှစ်မျိုးကသာ အတွင်းခန်းမ၏ တပည့်ဖြစ်လာနိုင်သည်။
ကုခန်းက ငယ်ရွယ်ပြီး မိဘမဲ့လည်းဖြစ်သည်။ ကုမိသားစုအိမ်တော်၏ဂရုတစိုက် မျိုးထောင်မှုတွေနှင့် ငယ်ရွယ်စဉ်ကတည်းက သိမ်မွေ့သည့်လွှမ်းမိုးမှုအောက်တွင် သူ့နှလုံးသားထဲမှာ သစ္စာရှိဖို့ မျိုးစေ့ချပြီးသားဖြစ်တာကြောင့် သူ့သစ္စာရှိမှုက ပြဿနာမဟုတ်တော့ပေ။
အရည်အချင်းအတွက်ကတော့ ပြောစရာတောင်မလိုတော့ပေ။
အရေပြားသန့်စင်နယ်ပယ်အစဦးအဆင့်ကို တစ်လတည်းနှင့်ခြေချဖို့က သာမန်လူတွေယှဉ်ပြိုင်နိုင်တာမျိုးမဟုတ်ပေ။
အရင်တုန်းက ကုချင်းဖန်ကိုယ်တိုင်တောင် အရေပြားသန့်စင်နယ်ပယ်စဦးအဆင့်ကို အောင်မြင်ဖို့ နှစ်ပေါင်းများစွာကြာခဲ့သည်။ ၎င်းက သူတို့ကြားထက ကွာဟမှုကြီးမားပုံကို ဖော်ပြနေသည်။
အရေပြားသန့်စင်နယ်ပယ်စဦးအဆင့်ကို တစ်နှစ်အတွင်းအောင်မြင်သည့်သူကို အရည်အချင်းဟုခေါ်နိုင်ပြီး နှစ်ဝက်အတွင်းအောင်မြင်ပါက အရိုးသန့်စင်ခြင်းက သေချာနေပြီဖြစ်သည်။
သုံးလအတွင်းအောင်မြင်ပါက မမျှော်လင့်ထားဘဲ သေဆုံးမသွားဘူးဆိုရင် သိုင်းဆရာလေးဆိုသည့် ခေါင်းစဉ်ကို အောင်မြင်နိုင်သည်။
တစ်လအတွင်း အစပြုသူဖြစ်လာတာက သိုင်းဆရာ၏မျိုးစေ့ပဲဖြစ်သည်။
ကုခန်းအရည်အချင်းနှင့် အနာဂတ်မှာသူမသေဘူးဆိုရင် သူက သိုင်းသခင်နယ်ပယ်ကိုတောင် စိန်ခေါ်နိုင်သည်။
သိုင်းဆရာဖြစ်နိုင်ချေက အရမ်းနိမ့်ပေမယ့် အခွင့်အရေးရှိသေးသည်။
ကမ္ဘာပေါ်မှာ သိုင်းပညာရှင်တွေအများကြီးရှိပေမယ့် သူတို့ထဲက ဘယ်လောက်က သိုင်းအရှင်သခင်လောကကို ရောက်နိုင်မှာလဲ။
ကုချင်းဖန်က ကုခန်း၏ပါရမီကိုတွေ့တော့ အံ့သ◌ြသွားသည်။
မိဘမဲ့ထောင်ပေါင်းများစွာနဲ့ ဒီလိုထိပ်တန်းအရည်အချင်းနှင့်သူပေါ်ထွက်လာမယ်လို့ ဘယ်သူကတွေးမိမည်နည်း။
ကျန်ရှိနေသည့် ကိုးရာကိုးဆယ့်ကိုးယောက်က အသုံးမဝင်ရင်တောင် ဒီတစ်သုတ်က ကုမိသားစုအိမ်တော်အတွက် အနိုင်ပဲဖြစ်သည်။
အခြားတစ်ဖက်မှာလည်း အတွင်းခန်းမအိမ်တော်တွင် ကုယန်က သူ့ရှေ့က လူကို လျို့ဝှက်ကျမ်းကို ကမ်းပေးလိုက်သည်။
“ဒါက ကုမိသားစုလက်သီးပဲ မင်းအပြင်ဘက်ခန်းမမှာလေ့ကျင့်ခဲ့ရမှာပဲ တပည့်တွေကို လေ့ကျင့်တဲ့ ကုမိသားစုလက်သီးက တစ်စိတ်တစ်ပိုင်းပဲရှိသေးတယ် ငါမင်းကိုအခုပေးတာက အလယ်အလတ်အဆင့် သိုင်းကျမ်းပဲ ဒီသိုင်းအတတ်က အုတ်မြစ်ချဖို့ လုံလောက်တယ် မင်းကို သွေးသန့်စင်နယ်ပယ်ကို အဆင့်မြှင့်ပေးနိုင်လိမ့်မယ် ဒီသိုင်းကို မင်းတစ်ယောက်တည်းပဲကြည့်လို့ရမယ် အခွင့်မရှိဘဲ လွှဲပြောင်းပေးတာကို အိမ်တော်က ရှာတွေ့ခဲ့ရင် အဲ့တာကမခွင့်လွှတ်နိုင်စရာစော်ကားမှုပဲ”
“နားလည်ပါပြီ”
ကုခန်း မျက်နှာကဖြူလျော့နေပြီး သူ့ခေါင်းကိုအမြန်ငုံ့လိုက်သည်။
ကုယန်က ခေါင်းငြိမ့်သည်။ “တော်တယ် လေ့ကျင့်တာကောင်းတယ် မင်းအရည်အချင်းနဲ့ဆို မင်းအနာဂတ်မှာ အတွင်းဟောခန်းမှာ နေရာရလိမ့်မယ် မင်းကို အိမ်တော်သခင်မျှော်လင့်ထားတာကို စိတ်ပျက်အောင်မလုပ်မိစေနဲ့”
“ဟုတ်ကဲ့”
ကုခန်းက ခေါင်းငြိမ့်လိုက်ပြီး သူ့ငယ်ရွယ်တဲ့လက်လေးတွေက ကုမိသားစုလက်သီးကျမ်းကို လှမ်းယူလိုက်သည်။
ထို့နောက် ကုယန်က သတိပေးစကားများနည်းနည်းပြောပြီး ကုခန်းကို သူနားမလည်သည့်နေရာမရှိလျှင် လာရှာဖို့ပြောပြီး လှည့်ထွက်သွားသည်။
အတွင်းခန်းမတွင် လူတွေရှိသည်။
ကုယန်က ကျေနပ်နေသည်။
အတွင်းခန်းမသခင်အနေနှင့် သူ့နေရာက အလကားခေါင်းစဉ်တစ်ခုမဟုတ်တော့ပေ။
အတွင်းခန်းမတပည့်ဆောင်တွင် ကုခန်းက သူ့ပတ်ဝန်းကျင်ကို လေ့လာနေသည်။ စာရင်းသွင်းတပည့်တွေက တစ်ခန်းကို လေးငါးယောက်မျှရသည့် အပြင်ခန်းမနှင်မတူဘဲ အတွင်းခန်းမတွင် တပည့်တွေက သန့်ရှင်းသပ်ရပ်သည့် သီးသန့်အခန်းတွေရပြီး ပိုပြီးကျယ်ဝန်းသည်။
ဒီပြောင်းလဲမှုတွေက ကုခန်းကို ပိုပြီးကျေးဇူးတင်စေသည်။
လပေါင်းများစွာကြာပြီးနောက်
ကုချင်းဖန်က သူ့ကိုယ်သူ ကျင့်ကြံခြင်းမှာ နှစ်မြုပ်ထားလိုက်သည်။ အပြင်ခန်းမက စာရင်းသွင်းတပည့်တွေကြားတွင် ကုခန်းလို ထိပ်တန်းတွေ မထွက်လာတော့ပေ။
ဒါကြောင့် သူစိတ်လျော့လိုက်သည်။
ထိပ်တန်းအရည်အချင်းတွေက ရှားပါးသည်။ လူတစ်ထောင်မှာ တစ်ယောက် ပေါ်ထွက်လာတာက အလွန်အံ့အားသင့်ဖို့ကောင်းသည်။ နောက်တစ်ယောက်ပေါ်လာဖို့ဖြစ်နိုင်ချေက မဖြစ်နိုင်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် တစ်လအတွင်း သိုင်းပညာကိုရောက်နိုင်သည့် ထိပ်တန်းအရည်အချင်းမရှိပေ။ သုံးလအကြာတွင် သိုင်းပညာကို အဆင့်တက်သွားသည့် လေးယောက်ရှိပြီး သူတို့အားလုံးက သာမန်အရည်အချင်းတွေပဲဖြစ်သည်။
တစ်ယောက်ချင်းစီက ကုခန်းနဲ့ နောက်ကြောင်းသိပ်မကွာပေ။
ကုချင်းဖန်က သူတို့ကို ကုမိသားစုနာမည်ချီးမြှင့်ပြီး အတွင်းခန်းမကိုခေါ်လိုက်သ်။
အတွင်းခန်းမလိုနေရာမျိုးအတွက် ကုခန်းဖန်က အရေအတွက်အရဖြည့်ဖို့ရည်ရွယ်ချက်မရှိပေ။ အနည်းဆုံးတော့ တစ်ယောက်က ဝင်ခွင့်အတွက် ကိုယ်အင်္ဂါသန့်စင်နယ်ပယ်၏သိုင်းဆရာလေးအဆင့်ကို တိုးတက်ဖို့အလားအလာရှိရမည်။
အစကတည်းက ကုချင်းဖန်က ကုမိသားစုအိမ်တော်အတွက် ပန်းတိုင်ကိုမြင့်မြင့်သတ်မှတ်ထားပြီး ထိပ်တန်းအင်အားစုတွေကို ဆန့်ကျင်ပြီး စံအမှတ်ထားထားသည်။ ကုမိသားစုအိမ်တော်က အင်အားနည်းပေမယ့် ၎င်းက အသစ်တည်ထောင်တာသည့်အတွက်ကြောင့် ပိုကြီးမားသည့်အင်အားစုတွေနှင့်ယှဉ်ရင် အုတ်မြစ်ကွာခြားသည်။
ကုမိသားစုအိမ်တော်တိးတက်ဖို့ ဆယ်စုနှစ် ရာစုနှစ်အထိပေးထားတာကြောင့် လူတိုင်းအတွက် နိမ့်ကျမနေပေ။
ဒါကြောင့် ကုချင်းဖန်က အတွင်းခန်းမစံသတ်မှတ်ချက်တွေကို မနှိမ့်ပေ။
.
နောက်ပိုင်းတွင် နှစ်ဝက် တစ်နှစ်လောက်ကြာမှာ အရေပြားသန့်စင်နယ်ပယ်ကိုအဆင့်တက်သည့်သူတွေကို ကုချင်းဖန်က အပြင်ခန်းမ၏တရားဝင်တပည့်အဖြစ်ထားပြီး သူတို့အတွင်းခန်းမကိုဝင်နိုင် မဝင်နိုင်ကတော့ နောက်ဆုံးဆုံးဖြတ်ချက်မချခင် နောက်ကျမှ ဂရုတစိုက်ချင့်ချိန်ရမည်ဖြစ်သည်။