ကိုးလမ်းကွေ့လမ်း
Vol. 7 Ch. 92
“သင့်ကလေး ကုယန်က အလယ်အလတ်အဆင့် သွေးသန့်စင်နယ်ပယ်သိုင်းပညာရှင်ကို နှိမ်နင်းပြီးပြီ”
“သင့်ကလေး ကုယန်က နေမီးနတ်ဘုရားလက်ဝါးကို ဉာဏ်အလင်းရသွားပြီ”
“သင့်ကလေး ကုယန်က သူ့ကျင့်ကြံမှုမှာ တိုးတက်သွားပြီ”
“သင့်ကလေး ကုယန်က ကြမ်းကြုတ်သည့်ဝိဉာဉ်အဆင့်ရှိ နတ်ဆိုးဝိဉာဉ်ကို နှိမ်နင်းပြီးပြီ”
“သင့်ကလေး ကုယန်က…”
အချက်အလက်ပြဇယားပေါ်က အချက်အလက်တွေက တခါတရံအသစ်ပြန်လည်ဖြစ်လာသည်။
ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ဘက်ကင်းဓားချက်နှင့်အတူ ကုချင်းဖန်၏ဂုဏ်သတင်း တိုးပွားလာကတည်းက ကျောက်ဖြူတာအိုကလည်း အတိတ်တုန်းကလိုမျိုး ပြန်လည်အေးချမ်းလာပြီး တခါတရံပညာမဲ့သည့် လူအချို့သာ ပြဿနာရှာတတ်ပြီး အကြီးအကျယ်ပွက်လောရိုက်အောင်တော့မလုပ်နိုင်ပေ။
“ကုချန်းဖန်၏လက်ရှိအကျင့်က အခြားသူတွေ၏လှုပ်ရှားမှုကို နားလည်ဖို့ အချက်အလက်ပြဇယားကို နေ့တိုင်းကြည့်တာပဲဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာတော့ ကုချင်းဖန်၏အမူအရာက အနည်းငယ်အာရုံစိုက်နေပြီး သူ့အကြည့်က အချက်အလက်အပိုင်းအစတစ်ခုပေါ်ကို ရောက်နေသည်။
“ကြမ်းကြုတ်သည့်ဝိဉာဉ်အဆင့်ရှိ နတ်ဆိုးဝိဉာဉ်”
နတ်ဆိုးဝိဉာဉ်တွေ၏တည်ရှိမှုကို သူတစ်ခါပဲကြုံတွေ့ဖူးသည်။
နေ့တစ်ဝက်အကြာတွင် ကုယန်ရောက်လာသည်။
ကုချင်းဖန်၏မျက်ခုံးတွေက အနည်းငယ်တွန့်သွားပြီး “မင်းနတ်ဆိုးဝိဉာဉ်နဲ့ရင်ဆိုင်လာတာလား”
“ဘယ်လိုသိတာလဲ အဖေ”
ကုယန်၏မျက်နှာထားက အံ့သ◌ြသွားပြီး အတည်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။
“တကယ်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ သိုင်းလောကက တပည့်တွေအပါအဝင် အရပ်သူအရပ်သားတွေက ဆက်တိုက်ပျောက်ဆုံးနေတယ် သူတို့တွေက ကုမိသားစုအိမ်တော်ဆီကနေ အကူအညီတောင်းတဲ့အတွက် ကုပန်က အခြေအနေကို စုံစမ်းဖို့လူတွေလွှတ်ပြီး ဘုရားကျောင်းဟောင်းက ပြဿနာရင်းမြစ်ဖြစ်နေတာကို နောက်ဆုံးတော့ တွေ့ခဲ့တယ်
ဒါကြောင့် ကျွန်တော် ကိုယ်တိုင်သွားကြည့်တော့ မမျှော်လင့်ဘဲ နတ်ဆိုးဝိဉာဉ်နဲ့ကြုံခဲ့တယ်
ကံကောင်းလို့ နတ်ဆိုးဝိဉာဉ်က သိပ်အားမကောင်းတော့ မမျှော်လင့်ထားတဲ့အခြေအနေတွေအများကြီးမရှိခဲ့ပါဘူး”
ဘုရားကျောင်းဟောင်း။
နတ်ဆိုးဝိဉာဉ်။
ကုယန်စကားကိုကြားတော့ ကုချင်းဖန်မျက်နှာက ပြင်းထန်လာသည်။ “နတ်ဆိုးဝိဉာဉ်တွေက မသေမျိုးမဟုတ်ပေမယ့် သူတို့က သိုင်းပညာရှင်တွေစိတ်ကို လွှမ်းမိုးနိုင်တယ် နတ်ဆိုးဝိဉာဉ်ကို မင်းနှိမ်နင်းနိုင်စွမ်းက သိုင်းပညာရှင်ရဲ့ရည်ရွယ်ချက်စစ်ကို မင်းနားလည်တာနဲ့ ဆက်စပ်နေတယ် ရည်ရွယ်ချက်စစ်ကို ကာကွယ်ဖို့တွက်မဟုတ်ရင် နတ်ဆိုးဝိဉာဉ်ကို နှိမ်နင်းဖို့မပြောနဲ့ လွတ်မြောက်မို့တောင် ပြဿနာဖြစ်လိုက်မယ်”
ကုချင်းဖန်က အရင်က နတ်ဆိုးဝိဉာဉ်နှင့် တိုက်ခိုက်ဖူးတာကြောင့် ဒီကိစ္စတွေကို နားလည်သည်။
ရိုးရိုးပြောရရင် နတ်ဆိုးဝိဉာဉ်တွေ၏စိတ်ကို လွှမ်းမိုးခြင်းက စိတ်ပိုင်းဆိုင်ရာအဆင့်အပေါ် သက်ရောက်သည့်စွမ်းအားအမျိုးအစားပဲဖြစ်သည်။ ရည်ရွယ်ချက်စစ်ကို နားလည်သည့် သိုင်းပညာရှင်တွေက အထူးသဖြင့် သူတို့စိတ်ကို ထိန်းချုပ်ရပြီး ဒါမှသာ နတ်ဆိုးဝိဉာဉ်လွှမ်းမိုးမှုကို အကြီးအကျယ်လျှော့ချနိုင်တာဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးဝိဉာဉ်က နတ်ဆိုးဝိဉာဉ်ပဲဖြစ်သည်။
ဒီလိုတည်ရှိမှုမျိုးက အမည်မသိအန္တရာယ်ကိုကိုယ်စားပြုသည်။
“ကုမိသားစုအိမ်တော်အနာဂတ်အတွက် မဆင်မခြင်မလုပ်ဖို့သတိရပါ သာမန်သိုင်းပညာရှင်တွေက တော်ပေမယ့် နတ်ဆိုးဝိဉာဉ်လိုမျိုးနဲ့ရင်ဆိုင်ရရင် တော်တော်သတိထားနိုင်မှရမယ်”
ကုချင်းဖန်က သတိပေးသည်။
သူ့စကားကို ကုယန်က နာခံသည့်ပုံပြသည်။
ဒါကိုမြင်တော့ ကုချင်းဖန်က သူ့ခေါင်းကိုအနည်းငယ်ခါလိုက်သည်။ “ဒီနေ့ခေတ်က ပြဿနာချိန်ပဲ သဘာဝဘေးအန္တရာယ်တွေနဲ့ လူသားကပ်ဘေးတွေက နေရာတိုင်းမှာပဲ နတ်ဆိုးဝိဉာဉ်တွေကလည်း ဒါကြောင့်မွေးဖွားလာတာ ကျောက်ဖြူတာအိုအကျော်မှာ နတ်ဆိုးဝိဉာဉ်တွေ ထကြွသောင်းကျန်နေတဲ့ပုံပဲ”
“အဖေပြောတာမှန်တယ် ကျွန်တော်အခုအတောအတွင်း နတ်ဆိုးဝိဉာဉ်အကြောင်းတွေကြားနေတယ် ပြီးတော့ နတ်ဆိုးဝိဉာဉ်တွေရှိတဲ့ပုံလည်းပေါ်နေတယ်”
“နတ်ဆိုးဝိဉာဉ်တွေကိုမြင်တာ…”
ကုချင်းဖန်မျက်နှာထားက ရိပ်ခနဲတောက်ပသွားသည်။
“ဒီနတ်ဆိုးဝိဉာဉ်သတင်းကို ဘယ်ကရတာလဲ”
“ကိုးလမ်းကွေ့ကနေ သတင်းရလာတာ မြို့တွေရွာတွေတော်တော်များများမှာ နေထိုင်သူတွေက သဲလွန်စတောင်မရှိဘဲ ပျောက်သွားတယ်တဲ့ တရားရုံးအရာရှိတွေကတော့ သတင်းကို တတ်နိုင်သလောက်ဖုံးထားပေမယ့် ကောင်းကင်အောက်မှာ မစိမ့်ဝင်နိုင်တဲ့နံရံမှမရှိတာ လူထုကို သတင်းတွေမထုတ်ဖော်ပေမယ့် အဓိကဂိုဏ်းတွေမိသားစုတွေက လျို့ဝှက်စွာနဲ့ ကောင်းကောင်းသတိပြုမိနေကြတယ်
ကံကောင်းလို့ ကုမိသားစုအိမ်တော်က ကိုးလမ်းကွေ့မှာ ထောက်လှမ်းရေးတွေချထားတော့ ဒီအချက်အလက်က ရက်အနည်းငယ်အတွင်း ကျွန်တော့်စီရောက်လာတာ”
ကုယန်က တည်ကြည်သည့်အသံဖြင့်ပြောလိုက်သည်။
ကိုးလမ်းကွေ့။
ဒီနာမည်ကိုကြားတော့ ကုချင်းဖန်မျက်နှာထားက အနည်းငယ်ပြောင်းသွားသည်။
အကယ်၍ သူ့မှတ်ဉာဏ်ကသာမှန်တယ်ဆိုရင် လင်တိုင်းပြည်က တစ်ချိန်က ကိုးလမ်းကွေ့၏စီရင်ပိုင်ခွင့်အောက်မှာရှိသည်။ အခု အဲ့မှာဖြစ်နေသည့် အခြေအနေနှင့် မတတ်နိုင်ဘဲ လင်တိုင်းပြည်က ဖြစ်ရပ်တွေနှင့် ဆက်နွှယ်ရတော့မည်။
ချက်ချင်းပဲ နောက်တော့ ကုချင်းဖန်က သတိပေးလိုက်သည်။ “ကိုးလမ်းကွေ့က သတင်းတွေကို အနီးကပ်စောင့်ကြည့်ထား နတ်ဆိုးဝိဉာဉ်ရဲ့သဲလွန်စတကယ်ရှိတာဆိုရင် ငါ့အမိန့်မပါဘဲ ဘာမှမလုပ်နဲ့”
“သားနားလည်ပါပြီ”
“ဒါဆိုသွားတော့”
သူ့လက်ကိုယမ်းလိုက်ပြီး ကုယန်ကို ထွက်သွားဖို့ ကုချင်းဖန်က အချက်ပြလိုက်သည်။
“ကိုးလမ်းကွေ့”
“နတ်ဆိုးဝိဉာဉ်…နှစ်ခုကြားထဲမှာ ဆက်နွယ်မှုရှိနေလောက်မလား”
ကုချင်းဖန်အကြည့်တွေက သူ့ရှေ့က မြေပုံစစ်ရှေ့ကို ရောက်သွားသည်။ အကင်းပါးသည့်သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ကုယန်စကားကိုကြားတော့ သူ့ဆဌမမြောက်အာရုံက အလိုအလျောက် မကောင်းသည့်နိမိတ်ကို ခံစားမိနေသည်။
နတ်ဆိုးဝိဉာဉ်တွေက ထူးဆန်းသည့်အရာတွေနှင့်မတူပေ။
နေရာတစ်နေရာမှာ နတ်ဆိုးဝိဉာဉ်ပေါ်လာတာက ပြည်နယ်ဖြစ်စေ မြို့ဖြစ်စေ တစ်ခုလုံးကို အလွယ်တကူသက်ရောက်နိုင်သည်။
ကုချင်းဖန်လက်ရှိအစွမ်းနှင့်တောင် နတ်ဆိုးဝိဉာဉ်ကို နက်နက်နဲနဲမနှစ်သက်ပေ။
“တကယ်ပဲ ကိုးလမ်းကွေ့မှာ နတ်ဆိုးဝိဉာဉ်တွေတကယ်ထွက်လာတာဆိုရင် ကွမ်းယန်ပြည်နယ်က နတ်ဆိုးနှိမ်နင်းရေးဗျူရိုက တစ်ခုခုလုပ်သင့်တယ် ဘေးမှာ ပိုပြီးအရပ်ရှည်တဲ့သူတွေရှိနေသရွေ့ကောင်ကင်ကြီးပြိုမကျပါဘူး ဒီနေရာကို မထိခိုက်သရွေ့ အချိန်တစ်ခုလောက်ထိတော့ ပြဿနာမရှိပါဘူး”
ကုချင်းဖန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့နှလုံးသားထဲက အတိတ်နိမိတ်ဆိုးကို ခဏတာဖိနှိပ်လိုက်သည်။
သူအမြဲတမ်းနတ်ဆိုးဝိဉာဉ်ကိစ္စတွေကို အာရုံစိုက်ခဲ့ပြီး အခု ကိုးလမ်းကွေ့မှာ သူတို့ပေါ်ထွက်လာတာကို သိခဲ့ရသည်။ ကုချင်းဖန်က ကိုယ်တိုင်သွားတိုက်လို့သည့်ဆန္ဒမရှိပေ။
နတ်ဆိုးဝိဉာဉ်တွေနှင့်ရင်ဆိုင်ရသည့် အခက်အခဲကို မျက်မြင်ကိုယ်တွေ့ဖြစ်တာကြောင့် ဒီအခြေအနေတွေက ဖိနှိပ်ဖို့မလွယ်သည့်အပြင် စုံစမ်းစစ်ဆေးဖို့ရာလည်းခက်ခဲသည်ဆိုတာကို ကုချင်းဖန်နားလည်သည်။ အကယ်၍ အစွမ်းထက်သည့် နတ်ဆိုးဝိဉာဉ်ကို ရင်ဆိုင်ရမယ်ဆိုရင် ၎င်းက ဖိနှိပ်ရမည့်ပြဿနာတင်မဟုတ်ဘဲ အသက်လွတ်မြောက်ဖို့က တကယ့်စိန်ခေါ်မှုဖြစ်သည်။
ဒါကြောင့် ကုချင်းဖန်က သူ့အသက်ကိုမစွန့်စားချင်ပေ။
ထို့နောက် ကုချင်းဖန်က မြေပုံစစ်ကို ဆက်စဉ်းစားလိုက်သည်။
ဆက်တိုက်ဆင်ခြင်ကြည့်ရှု့ပြီးနောက်တွင် ကုချင်းဖန်၏ပြိုင်ဘက်ကင်းဓားခုတ်ချက်နှင့် ပြိုင်ဘက်ကင်းဓားရည်ရွယ်ချက်စစ်ကို နားလည်နိုင်စွမ်းက အကြီးအကျယ်တိုးတက်လာသည်။
သူတို့ထဲတွင် ပြိုင်ဘက်ကင်းဓားခုတ်ချက်က အစပြုသူအဆင့်ထိပ်တွင် ရောက်နေပြီဖြစ်ပြီး အောင်မြင်မှုအသေးစားအဆင့်ကို ကျော်ဖြတ်နိုင်လုနီးပါးဖြစ်နေပြီဖြစ်သည်။
ပြိုင်ဘက်ကင်းဓားရည်ရွယ်ချက်အတွက်ကတော့ ဆဌမမြောက်အဆင့်ပဲရှိသေးတာဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ကုချင်းဖန်က သူသတ္တမမြောက်အဆင့်ကို ရောက်နေပြီဟုခံစားရသည်။
သူစိတ်လေးနေတာရှိသည်။
အကယ်၍ သူသတ္တမမြောက်ရည်ရွယ်ချက်အစစ်ကို ခြေချနိုင်သွားရင် သူ့စွမ်းအားတွေက ရှေ့ဆက်တိုးတက်လာလိမ့်မည်။
ဆဌမမြောက်ရည်ရွယ်ချက်အစစ်နှင့် သတ္တမမြောက်ရည်ရွယ်ချက်အစစ်က လုံးဝမတူညီသည့်နှစ်ခုဖြစ်သည်။
ဂိုဏ်းသခင်မြေပုံစစ်တွင် ပါဝင်နေသည့် ရည်ရွယ်ချက်စစ်က အားနည်းလာပြီး ကုချင်းဖန်ကို အများဆုံးသတ္တမမြောက်အဆင့်ထိ ကျင့်ကြံဖို့ပဲ ထောက်ပံ့ပေးနိုင်လောက်မည်ဟု ကုချင်းဖန်သံသယဝင်လာသည်။
အခုတော့ နောက်ထပ်တိုးတက်မှုတွေက မဖြစ်နိုင်သည့်ပုံပေါ်သည်။
ကွမ်းယန်ပြည်နယ်။
ကိုးလမ်းကွေ့။
ကိုးလမ်းကွေ့ဓားဂိုဏ်းတွင် ဂိုဏ်းသခင်လီချင်းက လက်အောက်ခံဆီကနေ အစီရင်တင်ပြတာကို နားထောင်ပြီး သူ့မျက်နှာက ရေလိုမဲလာသည်။
ဒီအချိန်တွင် ကိုးလမ်းကွေ့ဓားဂိုဏ်းအကြီးအကဲက ပြောလိုက်သည်။ “ဂိုဏ်းသခင် ရွာတွေမြို့တွေအများကြီးက လူတွေပျောက်ဆုံးနေကြတယ် အန္တရာယ်ပြုနေတာ နတ်ဆိုးဝိဉာဉ်ပဲဆိုတာ အသေအချာပဲ အခုထိ သက်ဆိုင်ရာဆီကနေလည်း ဘာလှုပ်ရှားမှုမှမရှိဘူး နတ်ဆိုးနှိမ်နင်းရေးဗျူရိုကိုလည်း ဘယ်မှာမှမတွေ့ရဘူး
နတ်ဆိုးဝိဉာဉ်က ကိုးလမ်းကွေ့ဓားဂိုဏ်းကိုတိုက်ခိုက်ရင် ငါတို့ဘာလုပ်ကြမလဲ”
အကြီးအကဲကြောက်တာမထူးဆန်းပေ။
ရွာသားတွေ ပျောက်ဆုံးသေဆုံးသွားအောင်လုပ်နေသည့် ကိုးလမ်းကွေ့လမ်းမှာပေါ်ထွက်လာသည့် နတ်ဆိုးဝိဉာဉ်ကို ပြောနေကြသည့် ကောလဟာလတွေရှိပေမယ့် ကိုးလမ်းကွေ့ဓားဂိုဏ်းကလူတွေသာ ပျောက်ဆုံးနေသည့်လူတွေက ရွာသားတွေတင်မဟုတ်ဘဲ ကိုးလမ်းကွေ့လမ်းက ဂိုဏ်းတွေလည်းပါဝင်သည်။
ဒီဂိုဏ်းတွေက အလွန်အကျွံတော့ မသန်မာပေမယ့် အနည်းဆုံး သွေးသန့်စင်နယ်ပယ်က သိုင်းပညာရှင်တွေဖြစ်ကြပြီး ကိုးလမ်းကွေ့လမ်းမှာ အားကောင်းသည့်အုပ်စုတွေပဲဖြစ်သည်။
ကိုးလမ်းကွေ့လမ်းမှာ ထိပ်တန်းဂိုဏ်းဖြစ်သည့် ကိုးလမ်းကွေ့ဓားဂိုဏ်းမှာ သံအရိုးပြီးပြည့်စုံပညာရှင် တစ်ယောက်သာရှိသည်။
ဒါကိုကြားတော့ လီချင်းက တစ်ခုခုကိုပြောမလို့ဟန်ပြင်လိုက်ပေမယ့် သူ့မျက်နှာထားကို ရုတ်ချည်းပြောင်းသွားစေနိုင်သည့် သက်ရှိတွေ၏ကြွေးကြော်သံလိုလို ဗုဒ္ဓဘုရားရှင်၏ဓမ္မတေးသံလိုလို ထူးဆန်းသည့်တီးတိုးပြောသံကို ရုတ်တရတ်ကြားလိုက်ရသည်။