နတ်ဘုရားကောလဟာလ
Vol. 7 Ch. 93
ကုမိသားစုအိမ်တော်တွင် ကုယန်က အပြင်ကနေရေးကြီးသုတ်ပျာဝင်လာသည်။ ဒါကိုမြင်တော့ သိုင်းသခင်မြေပုံစစ်ကို စူးစမ်းနေသည့် ကုချင်းဖန်က သူ့မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်သည်။
“ဒီလောက်ကြောက်နေရအောင် ဘာဖြစ်လို့လဲ”
“အဖေ ကိုးလမ်းကွေ့ဓားဂိုဏ်းမရှိတော့ဘူး” ကုယန်က တိုက်ရိုက်ပြောလိုက်သည်။
ဒါကိုကြားတော့ ကုချင်းဖန်မျက်နှာထားက အနည်းငယ်ပြောင်းသွားပြီး “ကိုးလမ်းကွေ့ဂိုဏ်းက ကိုးလမ်းကွေ့လမ်းမှာ ထိပ်တန်းအင်အားစုလို့ကြားတယ် ကိုးလမ်းကွေ့ဓားဂိုဏ်းသခင် လီချင်းကို ဓားသခင်လို့သိကြတယ် သူက အရိုးသန့်စင်နယ်ပယ်ကိုတောင် အောင်မြင်ပြီးတဲ့ပုံပဲ နှစ်တစ်ထောင်ချီတဲ့ ဂိုဏ်းဟောင်းတွေ မြင့်မြတ်တဲ့မိသားစုတွေက မလှုပ်ရှားဘူးဆိုရင် ကိုးလမ်းကွေ့ဓားဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ လွယ်မှာမဟုတ်လောက်ဘူး”
ကုမိသားစုအိမ်တော်ရှေ့မှာတောင် မလွယ်လောက်ပေ။
သို့သော် သိုင်းလောကကို ကြည့်လိုက်ရင် အရိုးသန့်စင်နယ်ပယ်က တကယ်သန်မာသည်။
အစက ကျောက်ဖြူတာအို၏သာလွန်သည့်အစွမ်းက သွေးသန့်စင်နယ်ပယ်ပြီးပြည့်စုံမှုလောက်သာရှိသည်။
တိုင်းရှန်လမ်းက ကျောက်ဖြူတာအိုထက် အနည်းငယ်ပိုသန်မာပေမယ့် အစိမ်းရောင်နေဂိုဏ်းကတော့ အစိမ်းရောင်နေအဘိုးခန္ဓာကိုယ်မှာ နတ်ဆိုးသန့်စင်စွမ်းအားပဲရှိပြီး ရိုးတွင်းခြင်ဆီသန့်စင်နယ်ပယ်က သိုင်းပညာရှင်နှင့်ယှဉ်ပြိုင်နိုင်ပြီး အဲ့လောက်အင်အားမကြီးပေ။
ကျန်သည့်အားကြီးသူတွေက အရိုးသန့်စင်နယ်ပယ်မှာအများဆုံးရှိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုးလမ်းကွေ့ရင်းမြစ်တွေက ကျောက်ဖြူတာအိုမှာ အများဆုံးရှိသည်။
ပုံမှန်ဆို ဘယ်သူကမှ ကိုးလမ်းကွေ့ဂိုဏ်းကို ပစ်မှတ်ထားမည်မဟုတ်ပေ။
အတိတ်မှာတုန်းကလိုပဲ တိတိကျကျပြောရရင် ချင်းမိသားစုကလည်း အစိမ်းရောင်နေဂိုဏ်းက ထောက်ပံ့မှုကို ရခဲ့သည်။
ကုယန်က ပြောလိုက်သည်။ “တစ်ညတည်းနဲ့ ကိုးလမ်းကွေ့ဓားဂိုဏ်းက လူတိုင်း အစအနတောင်မကျန်ဘဲ ပျောက်သွားတာ သွေးကွက်တွေကလွဲရင် ဂိုဏ်းတစ်ခုလုံးမှာ သက်ရှိတစ်ယောက်မှမရှိဘူး”
“ပြီးတော့”
“ကိုးလမ်းကွေ့ဓားဂိုဏ်းပျောက်တဲ့ညမှာ လူတွေက ဘုရားစာရွတ်သံကြားခဲ့တယ်တဲ့ အခြားသူတွေကတော့ ဘုရားရှင်ပြန်ဝင်စားတာကို မြင်လိုက်တယ်ပြောနေတယ် အခုကောလဟာလတွေက ကိုးလမ်းကွေ့က လူတွေဆီမှာ ပြန့်နေပြီ ကိုးလမ်းကွေ့က နတ်ဘုရားတွေနဲ့ ဘုရားရှင်ရဲ့အမျက်ဒေါသကိုခံရပြီး အပြစ်ပေးဖို့အတွက် ကိုးလမ်းကွေ့ကိုဖယ်ရှားလိုက်တာတဲ့”
ကုယန်စကားတွေက ကုချင်းဖန်မျက်နှာကို အနည်းငယ်ပြောင်းသွားစေသည်။
“ဘုရားရှင်…”
“ဒီကမ္ဘာမှာ တကယ်ပဲ နတ်ဘုရားတွေရှိနေတာလား”
ကုချင်းဖန်က တီးတိုးပြောလိုက်သည်။
ထို့နောက် သူ့ခေါင်းကိုခါလိုက်သည်။
ကမ္ဘာပေါ်မှာ တကယ်ပဲ နတ်ဘုရားတွေရှိတယ်ဆိုရင် သူတို့ကိုးလမ်းကွေ့ဂိုဏ်းကိုပဲ အမြစ်ဖြတ်ချေမှုန်းပစ်မှာမဟုတ်ပေ။
နတ်ဆိုးဝိဉာဉ်တွေထကြွသောင်းကျန်းနေသည်။
ထူးဆန်းသည့်ဖြစ်ရပ်တွေ အများအပြားဖြစ်လာသည်။
ကမ္ဘာပေါ်မှာ ရုတ်ရုတ်သဲသဲအခြေအနေဖြစ်လာသည်။
နတ်ဆိုးအပြစ်ကျူးလွန်သည့်နေရာတွင် ကိုးလမ်းကွေ့ဓားဂိုဏ်းက နှစ်ထောင်ချီနေသည့် မြင့်မြတ်သည့်မိသားစုဟောင်းတွေနှင့် ရှေးဟောင်းဂိုဏ်းတွေအောက်တော့နည်းသည်။
“ဒါကြောင့်နတ်ဘုရားတွေကို မယုံရတာ ကိုးလမ်းကွေ့ဓားဂိုဏ်းကို ဖျက်ဆီးတာက နတ်ဆိုးဝိညာဉ်ဖြစ်ဖို့များတယ်”
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုးလမ်းကွေ့ကို ညတွင်းချင်းအမြစ်ဖြတ်ပြီး နတ်ဆိုးဝိဉာဉ်အင်အားကို သက်သေပြဖို့ လူတစ်ယောက်တောင်မလွတ်လာတာက မရိုးရှင်းဘူး”
ကုချင်းဖန်အကြည့်က တည်ကြည်လေးနက်လာသည်။
.
နတ်ဆိုးဝိဉာဉ်အစွမ်းနဲ့ အရိုးသန့်စင်နယ်ပယ်က လီချင်းကို သတ်ဖိ့က ပြဿနာမဟုတ်ပေ။
ဒါပေမယ့် ကိုးလမ်းကွေ့ဂိုဏ်းတစ်ခုလုံးကို သုတ်သင်ပြီး တစ်ယောက်မှမလွတ်မြောက်နိုင်တာကတော့ နောက်ထပ်ပြဿနာတစ်ရပ်ပဲဖြစ်သည်။
ကိုးလမ်းကွေ့ကနတ်ဆိုးဝိဉာဉ်က အလွန်စွမ်းအားကြီးတာဖြစ်ရမည်။
“နတ်ဆိုးနှိမ်နင်းရေးဗျူရိုက တစ်ခုခုလုပ်ပြီလား”
ကုချင်းဖန်က ထပ်မေးလိုက်သည်။
ကုယန်က ခေါင်းခါလိုက်သည်။ “နတ်ဆိုးနှိမ်နင်းရေးဗျူရိုက သတင်းကိုရသင့်ပြီ ဒါပေမယ့် ထူးခြားတဲ့လှုပ်ရှားမှုတွေကိုတော့ လတ်တလောမှာ တိတိကျကျရှာဖို့မဖြစ်နိုင်ဘူး”
ပြီးတော့ နတ်ဆိုးနှိမ်နင်းရေးဗျူရိုက တရားရုံးရဲ့အင်္ဂါဖြစ်ပြီး သူ့စွမ်းအားက အထင်ကြီးရလောက်သည်။ ကုမိသားစုအိမ်တော်၏လတ်တလာ ဉာဏ်ရည်လုပ်နိုင်စွမ်းနှင့် နတ်ဆိုးနှိမ်နင်းရေးဗျူရို၏လှုပ်ရှားမှုတွေကို တိတိကျကျထိန်းချုပ်ဖို့ ခက်ခဲ့သည်။
ဒါကို ကုချင်းဖန်လည်းနားလည်သည်။
“ကိုးလမ်းကွေ့တိုးတက်မှုတွေကို ဆက်အာရုံစိုက်ထား ကိစ္စတစ်ခုခုရှိရင် ငါ့ကိုချက်ချက်သတိပေး မှတ်ထား ငါ့ခွင့်ပြုချက်မရှိဘဲ ကိုးလမ်းကွေ့ကို ခြေတောင်မချနဲ့”
“မင်းစွမ်းအားကအားမနည်းပေမယ့် အဲ့နတ်ဆိုးဝိဉာဉ်က ကိုးလမ်းကွေ့ဓားဂိုဏ်းက လူတိုင်းကို ညတွင်းချင်း သုတ်သင်လိုက်နိုင်တယ် သူ့စွမ်းအားက လုံးဝမရိုးရှင်းဘူး”
“ကိုးလမ်းကွေ့ဓားဂိုဏ်းကို သုတ်သင်နိုင်တဲ့နတ်ဆိုးဝိဉာဉ်က သေချာပေါက် ကုယန်ကိုင်တွယ်နိုင်သည့်ကိစ္စမဟုတ်ပေ။
“အကယ်၍ မင်းက စိတ်ကြီးဝင်ပြီး ကိုးလမ်းကွေ့ကိုဝင်ပြီးတော့ နတ်ဆိုးဝိဉာဉ်နဲ့ကြုံရရင် အကျိုးဆက်တွေက တွေးလို့တောင်မရဘူး”
“အဖေ စိတ်ချပါ သားနားလည်ပါတယ်”
ကုယန်ခေါင်းငြိမ့်လိုက်သည်။
ကုချင်းဖန်က ဘာမှထပ်မပြောတော့ဘဲ သူ့ကိုသွားခွင့်ပေးလိုက်သည်။
နောက်နေ့တွင် ကုချင်းဖန်က ကုမိသားစုအိမ်တော်ကနေထွက်လာပြီး တိုင်းသူပြည်သားတွေ ကိုးလမ်းကွေ့နဲ့ပတ်သတ်ပြီး ကိစ္စတွေဆွေးနွေးနေကြသည့် ကျောက်ဖြူတာအိုကို ခရီးဆက်ခဲ့သည်။
“နတ်ဘုရားနဲ့ ဘုရားရှင်သံတမန်တွေက ကိုးလမ်းကွေ့ကိုဆင်းသက်လာတယ်တဲ့ အဲ့ညက ဘုရားရှင်ရဲ့ရောင်ဝါက ကောင်းကင်မှာပြည့်နေပြီး နောက်တစ်နေ့ကျ ဂိုဏ်းတိုင်းကအဖွဲ့ဝင်တွေအားလုံးပျက်စီးသွားတာပဲ”
“ရှူး ဘုရားရှင်သက်ဆင်းလာတာ နတ်ဘုရားတွေဒီကမ္ဘာပေါ်မှာ တကယ်တည်ရှိတာများလား”
“နတ်ဘုရားတွေတည်ရှိတာ ဘာများထူးဆန်းလို့လဲ အခု ကောလဟာလတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာပြန့်နေတာ သဘာဝလွန်ဖြစ်ရပ်တွေလည်းဖြစ်နေတယ် ကွမ်းယန်ပြည်နယ်အပြင်ဘက်မှာ ရုပ်ထုတွေက လူစကားပြောနေတယ်တဲ့ အခု ဘုရားရှင်ကိုးလမ်းကွေ့မှာဆင်းသက်လာတယ်တဲ့ မဖြစ်နိုင်တာကိုမရှိတော့တာပဲ”
လူအုပ်ရဲ့စကားသံတွေက ကုချင်းဖန်နားကိုရောက်သွားပေမယ့် ကုချင်းဖန်မျက်နှာကတော့ အပြောင်းအလဲမရှိပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကနေ ကုချင်းဖန် တစ်ခုကို အတည်ပြုမိပြီဖြစ်သည်။
၎င်းက ကိုးလမ်းကွေ့ကသတင်းတွေကို တရားရုံးကဖုံးကွယ်မထားနိုင်တော့တာကိုပဲဖြစ်သည်။
မဟုတ်ရင် ဒီလိုသတင်းမျိုးက သာမန်သတင်းလိုမျိုးဖြစ်နိုင်စရာအကြောင်းမရှိပေ။
ဒီလိုမျိုးဆိုရင် အခြားနေရာတွေမှာလည်းသတင်းတွေပြန့်နေလောက်မှာဖြစ်သည်။
“အခု နတ်ဆိုးနှိမ်နင်းရေးဗျူရိုက ဘယ်လိုတုံ့ပြန်မလဲကြည့်ရမှာပဲ”
ကုချင်းဖန်က တွေးတောလိုက်သည်။
သူကျောက်ဖြူတာအိုမှာအချိန်ဆွဲမနေဘဲ ခဏတာအေးအေးလူလူလမ်းလျှောက်ပြီးနောက်မှာ ကုမိသားစုအိမ်တောကို ပြန်ခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ကုချင်းဖန်က အခြားရည်ရွယ်ချက်မရှိပေ။ ကျောက်ဖြူတာအိုကို သွားလည်ဖို့သာဆုတောင်းပြီး သူ့ကိုယ်သူ အချိန်အကြာကြီး ထိန်းချုပ်ထားခဲ့ပြီး ကုမိသားစုအိမ်တော်ကနေ တခါမှမထွက်ဖူးပေ။
အခု ကျောက်ဖြူတာအိုကအခြေအနေကို နားလည်ပြီးနောက်မှာ ကုချင်းဖန်က စိတ်ထဲမှာအတွေးအချို့ပေါ်လာသည်။
ကိုးလမ်းကွေ့
ယွင်းရှန်မြို့
ကျန်းချင်က ရာဇဝတ်တရားသူကြီးအတွင်းခန်းမအဓိကခုံမှာ ခန့်ညားထည်ဝါစွာထိုင်နေပြီး သူ့ဘေးမှာတော့ ယွင်းရှန်ပြည်နယ်အုပ်ချုပ်ရေးမှူးက မျက်နှာပေါ်တွင် လေးစားမှုလိုက်လျောမှုများနှင့်ပြည့်နေသည်။
“ဒီအကြီးအကဲက ကိုးလမ်းကွေ့ဓားဂိုဏ်းနဲ့ အဲ့နတ်ဆိုးဝိဉာဉ်စပေါ်ထွက်လာတဲ့သတင်းအားလုံးကိုသိချင်တယ်”
“မစ္စတာကျန်း စိတ်ချပါ ကျွန်တော်မျိုး ဒါကိုကိုင်တွဲဖို့ စုံစမ်းပြီးပါပြီ ကျွန်တော်တို့သတင်းတွေရဖို့သိပ်မကြာတော့ပါဘူး”
ယွင်းရှန်ပြည်နယ်အုပ်ချုပ်ရေးမှူးက မျက်နှာလိုမျက်နှာရရယ်သံတွေနှင့်မျက်နှာပေါ်တွင်ပြည့်နေသည်။
ပြောပြီးနောက် သူ့မျက်နှာထားက တနည်းနည်းနှင့် တုံ့ဆိုင်းနေသည်။ “အခုနတ်ဆိုးဝိဉာဉ်က ကိုးလမ်းကွေ့ဓားဂိုဏ်းကို ဖျက်ဆီးလိုက်ပြီး နောက်ကျရင် ယွင်းရှန်မြို့ကို ပစ်မှတ်ထားလာနိုင်လား”
“နတ်ဆိုးဝိဉာဉ်က ခန့်မှန်းလို့မရဘူး ငါတို့လူသားမျိုးနွယ်တွေရဲ့သွေးနဲ့ချီစွမ်းအင်က သူတို့အကြိုက်ပဲ တကယ်လို့ ယွင်းရှန်မြို့ကို တကယ်ပစ်မှတ်ထားလာရင်တော့ ဖြစ်နိုင်ချေမရှိတာတော့မဟုတ်ဘူး”
ကျန်းချင်က သူ့ကိုစောင်းကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
ဒီစကားတွေက ယွင်းရှန်ပြည်နယ်အုပ်ချုပ်ရေးမှူးမျက်နှာကို ပိုပြီးဖျော့တော့လာစေသည်။
ထို့နောက်ကျန်းချင်က ဆက်ပြောသည်။ “ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ စိတ်ချပါ နတ်ဆိုးနှိမ်နင်းရေးဗျူရိုက လှုပ်ရှားနေပြီ အဲ့နတ်ဆိုးဝိဉာဉ်ကို ထင်ရာစိုင်းခွင့်မပေးနိုင်တော့ဘူး အဲ့နတ်ဆိုးဝိဉာဉ်ကို တွေ့တာနဲ့ ငါနှိမ်နင်းပစ်မယ်”
“မစ္စတာကျန်းကကျိန်းသေပြောမှတော့ ကျွန်တော်မျိုးစိတ်ချနိုင်ပါပြီ”
ယွင်းရှန်ပြည်နယ်အုပ်ချုပ်ရေးမှူးမျက်နှာက နောက်ဆုံးတော့ ပိုပြီးသက်သာလာသည်။ နတ်ဆိုးနှိမ်နင်းရေးဗျူရို၏ဂုဏ်သတင်းက မသေးပေ။ ကွမ်းယန်ပြည်နယ်နတ်ဆိုးနှိမ်နင်းရေးဗျူရို၏ လက်ထောက်တပ်မှူးဖြစ်သည့် ကျန်းချင်၏အင်အားက အံ့အားသင့်စရာကောင်းသည်။
သူတရားဝင်ကြေညာပြီးပြီဆိုတော့ ပြဿနာမရှိတော့သည့်ပုံပေါ်သည်၊
အဲ့အချိန်မှာပဲ တပ်ဖွဲ့တွေက အပြင်ဘက်ကနေအမြန်ဝင်လာပြီး စာတွဲဖိုင်ကို ကျန်းချင်ဆီကို ပေးလိုက်သည်။
“မစ္စတာ ကျန်း အဲ့နတ်ဆိုးဝိဉာဉ်နဲ့ပတ်သတ်တဲ့မှတ်တမ်းအွေအားလုံးဒီထဲမှာပါတယ် ကျေးဇူးပြုပြီး ကြည့်ပေးပါ”
“အင်း-“
ကျန်းချင်က တချက်ကြည့်ပြီးခေါင်းငြိမ့်လိုက်ပြီးတော့ ချက်ချင်းပဲ စာဖိုင်တွဲကို ဖွင့်ပြီး အထဲက အချက်အလက်တွေကို ဖတ်ဖို့ လုပ်လိုက်သည်။