အသက်သုံးဆယ့်ခုနစ်နှစ်
Vol. 7 Ch. 95
“မဖြစ်နိုင်ဘူး”
ကွမ်းယန်ပြည်နယ်တွင် လူဝမ်ရွမ်က သူ့လက်အောက်ငယ်သားဆီက သတင်းရသည့်အခါတွင် သူ့မျက်နှာက ထိတ်လန့်မှု၊မယုံကြည်မှုများနှင့်ပြည့်နေသည်။
လက်ထောက်တပ်မှူးကျန်းချင်နဲ့ ဝိဉာဉ်ထိန်းချုပ်နယ်ပယ်က အခြားနတ်ဆိုးနှိမ်နင်းရေးတပ်သားတွေအကုန် ပျောက်သွားပြီ။
သူတို့ကိုးလမ်းကွေ့လမ်းထဲဝင်ပြီး မကြာသေးခင်မှာပဲ သူတို့သဲလွန်စတွေအားလုံးပျောက်သွားသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ ခြေရာလက်ရာပျောက်သွားတာက မတော်တဆတစ်ခုခုဖြစ်ခဲ့တယ်လို့ဆိုလိုမှန်း လူတိုင်းသိသည်။
ဒီလိုဖြစ်လာတာကို လူဝမ်ရွှမ်ဘယ်လိုလုပ်ဒေါသမထွက်ဘဲနေမည်နည်း။
ကွမ်းယန်ပြည်နယ်၏နတ်ဆိုးနှိမ်နင်းရေးဗျူရိုတွင် မှော်ဆရာအများကြီးရှိပေမယ့် အနည်းငယ်သာ ဝိဉာဉ်ထိန်းချုပ်နယ်ပယ်ထဲခြေချနိုင်သည်။
အခု ကျန်းချင်နှင့်အခြားသူတို့သုတ်သင်ခံလိုက်ရတာကိုကြည့်ပြီး သူတို့ကိုးလမ်းကွေ့မှာ သူတို့ကံကြမ္မာဆိုးကို တွေ့ခဲ့ရတာဖြစ်နိုင်သည်။
အဲ့လိုသာဆို နတ်ဆိုးနှိမ်နင်းရေးဗျူရို၏စွမ်းအားက ကြီးကြီးမားမားထိခိုက်ခံနေရပြီဖြစ်သည်။
အခု နတ်ဆိုးနှိမ်နင်းရေးဗျူရိုအနေနှင့် သိုင်းလောကက ဂိုဏ်းများကို မဖိနှိပ်နိုင်တော့ပေ။
ဘယ်လိုနတ်ဆိုးဝိဉာဉ်မျိုးက ကျန်းချင်နှင့်အခြားသူတွေကို တိတ်တဆိတ်သုတ်သင်သွားနိုင်မည်နည်း။
ဤအရာက အရေးအကြီးဆုံးကိစ္စရပ်ဖြစ်သည်။
“အဲ့တုန်းက လင်တိုင်းပြည်က နတ်ဆိုးဝိဉာဉ်များလား ဒါပေမယ့် မဖြစ်နိုင်ဘူး အဲ့နတ်ဆိုးဝိဉာဉ်က ကပ်ဘေးအဆင့်ရှိပေမယ့် အဲ့တုန်းက အပြင်းအထန်ထိခိုက်ခဲ့ပြီး အချိန်ခဏလေးအတွင်းမှာ ပြန်ကောင်းလာတာက မဖြစ်နိုင်ဘူး ကျန်းချင်နဲ့အခြားသူတွေရဲ့အားနဲ့ဆို သူတို့ ဒီလိုနတ်ဆိုးဝိဉာဉ်နဲ့မယှဉ်နိုင်ပေမယ့် သူတို့လွတ်မြောက်နိုင်လောက်တယ်”
“ကိုးလမ်းကွေ့ကိစ္စကို သေချာ စုံစမ်းဖို့ လိုသေးတယ်!"
ဒီအတွေး လူဝမ်ရွှမ်ရဲ့ စိတ်ထဲကို ဖြတ်ခနဲ ဝင်လာတာနဲ့ ချက်ချင်းပဲ နတ်ဆိုးနှိမ်နင်းရေးဌာနက လူတွေကို တခြားနယ်မြေတွေဆီ လွှတ်ပြီး ကိုးလမ်းကွေ့မှာဖြစ်ခဲ့တာတွေကို သတင်းဖြန့်ခိုင်းသည်။
အင်အားဖြည့်တင်းဖို့ အကူအညီတောင်းခိုင်းသည်။
ကျန်းချင်တို့ တိုက်ခိုက်ခံလိုက်ရပြီဆိုတော့ လူဝမ်ရွှမ်တစ်ယောက်တည်း ကိုးလမ်းကွေ့လမ်းထဲ ဝင်လို့မဖြစ်ပေ။
သူ့ရဲ့ စွမ်းအားက ကျန်းချင်ထက် သာပေမယ့် နည်းနည်းလေးပဲ ကွာတာဖြစ်သည်။
ကိုးလမ်းကွေ့ရှိ နတ်ဆိုးဝိညာဉ်ကြောင့် ကျန်းချင်နှင့် သူ့အဖွဲ့ ပျောက်ကွယ်သွားခြင်းသည် ပြိုင်ဘက်၏ ခွန်အား ကြီးမားကြောင်း၊ သာမန် ဝိညာဉ်ထိန်းချုပ်နယ်ပယ်က ကိုင်တွယ်နိုင်သည့် အရာမဟုတ်ကြောင်း ပြသနေသည်။
ထိုသို့သော အခြေအနေမျိုးတွင် လူဝမ်ရွှမ်သည် ပတ်ဝန်းကျင် အရပ်ရပ်မှ အကူအညီများ ရှာဖွေရတော့မည်ဖြစ်သည်။
ကွမ်းယန်ပြည်နယ်၏ နတ်ဆိုးနှိမ်နင်းရေးဌာနသည် အဖွဲ့အစည်းတစ်ခုလုံး၏ လက်အောက်ခံ အဖွဲ့အစည်းငယ်တစ်ခုသာ ဖြစ်သည်။ အခြားနယ်မြေများ၊ ထိုက်ရှန်းခရိုင် နှင့် ပို၍ မြင့်မားသော ချင်းယွန်းပြည်နယ်တို့တွင်လည်း ၎င်းတို့၏ နတ်ဆိုးနှိမ်နင်းရေးဌာန ခွဲများ ရှိကြသည်။
နတ်ဆိုးနှိမ်နင်းရေးဌာန၏ ဌာနခွဲများစွာသည် ဒေသအသီးသီးရှိ မကောင်းဆိုးဝါးဝိညာဉ်များကို နှိမ်နင်းရန် တစ်ခုပြီးတစ်ခု ရောက်ရှိလာကြသည်။
ကိုးလမ်းကွေ့လမ်းမှာ ဘာဖြစ်ခဲ့လဲဆိုတဲ့သတင်းက ကွမ်းယန်ပြည်နယ်တစ်ခုလုံးကို ဟာရီကိန်းသဖွယ်ပြန့်နှံ့သွားသည်။
အဓိက မျိုးနွယ်စုတွေနှင့်ဂိုဏ်းတွေက ဒီသတင်းကို သိသွားကြသည်။
မျိုးနွယ်စုတွေနှင့်ဂိုဏ်းတွေက ထိုနတ်ဆိုးဝိဉာဉ်ကို နှိမ်နင်းဖို့အတွက် စွမ်းအားကြီးမားသည့် အဖွဲ့ဝင်တွေကို ပို့ဖို့အတွက် တုံ့ဆိုင်းမနေကြပေ။
အဆင့်မြင့်နတ်ဆိုးဝိဉာဉ်က အန္တရာယ်ကော အခွင့်အရေးကောကို ရည်ညွှန်းသည်။
သူတို့နတ်ဆိုးဝိဉာဉ်ကို နှိမ်နင်းနိုင်ပြီး နတ်ဆိုးသန်စင်နည်းကို ရှာဖွေနိုင်ခဲ့ရင် အားကောင်းသည့်ဝှက်ဖဲတစ်ချပ်ကိုင်ထားသည်နှင့်ညီမျှသည်။
မှော်ဆရာပထမဆုံးအသုတ်က ထွက်ပေါ်လာခဲ့သည်။
နတ်ဆိုးဝိဉာဉ်ရှိနေသရွေ့ နည်းလမ်းရှိလိမ့်မည်။ သို့သော် ဤကဲ့သို့နည်းလမ်းများက များသောအားဖြင့် ဖြည့်ဆည်းဖို့ လူ့အသက်လိုအပ်သည်။
ဒါပေမယ့် ယနေ့ကမ္ဘာကြီးတွင် လူ့အသက်က စေ◌ျးအပေါဆုံး အသုံးအဆောင်ပဲဖြစ်သည်။
တိုင်းရှန်လမ်းက ပဋိပက္ခများက အရှိန်မလျော့သေးပေ။
ကုမိသားစုအိမ်တော်
ကုချင်းဖန်က သူ့လက်ထဲက စာကိုခဏလောက်ကြည့်နေပြီးထို့နောက် သူ့လက်ဝါးကစွမ်းအားနှင့် အစိတ်စိတ်အမွှာမွှာဖြစ်အောင်ဖြဲပစ်လိုက်သည်။
“အခု မျက်လုံးတွေအကုန်လုံးက ကိုးလမ်းကွေ့ကိုရောက်နေပြီ နတ်ဆိုးဝိဉာဉ်ကို နှိမ်နင်းဖို့ရှာဖွေနေကြတယ် နတ်ဆိုးနှိမ်နင်းရေးဗျူရိုက အခုထိတိတ်ဆိတ်နေတုန်းလား”
အဆုံးမှာတော့ ကုချင်းဖန်က သူ့ရှေ့က လူကိုကြည့်လိုက်သည်။
ကုပန်က လေးစားစွာပြောလိုက်သည်။ “နတ်ဆိုးနှိမ်နင်းရေးဗျူရိုက အခုထိမလှုပ်ရှားသေးဘူး သူတို့လှုပ်ရှားနေပေမယ့် သတင်းမထွက်သေးတာလည်းဖြစ်နိုင်တယ်”
“နတ်ဆိုးဝိဉာဉ်ပေါ်လာတာကို နတ်ဆိုးနှိမ်နင်းရေးဗျူရိုက မတုံ့ပြန်တာမဖြစ်နိုင်ဘူး အခုထိ သတင်းက ပွက်လောရိုက်နေတာ နတ်ဆိုးနှိမ်နင်းရေးဗျူရိုက မလှုပ်ရှားသေးဘူး ကိုးလမ်းကွေ့လမ်းကနတ်ဆိုးဝိဉာဉ်က မရိုးရှင်းတဲ့ပုံပဲ”
ကုချင်းဖန်က သူ့ကိုယ်သူတီးတိုးပြောလိုက်သည်။
နတ်ဆိုးဝိဉာဉ်ပေါ်လာပြီး နတ်ဆိုးနှိမ်နင်းရေးဗျူရိုက လုံးဝမတုံ့ပြန်တာမဖြစ်နိုင်ပေ။
နတ်ဆိုးနှိမ်နင်းရေးဗျူရိုက လတ်တလောတိတ်ဆိတ်နေတာက ထူးဆန်းမှုတွေနှင့်ပြည့်နှက်နေသည်။
ကုချင်းဖန်က သံသယရှိနေသည်။
နတ်ဆိုးနှိမ်နင်းရေးဗျူရိုက မလှုပ်ရှားသေးတာဖြစ်နိုင်ပေမယ့် သူတို့လှုပ်ရှားပြီး ကိုးလမ်းကွေ့က နတ်ဆိုးဝိဉာဉ်ကို နှိမ်နင်းဖို့ကျရှုံးသွားတာလည်းဖြစ်နိုင်သည်။ နတ်ဆိုးဝိဉာဉ်လက်ထဲမှာ ခံလိုက်ရတာတောင်ဖြစ်နိုင်သည်။
ဒီနည်းနဲ့ နတ်ဆိုးနှိမ်နင်းရေးဗျူရိုက သတင်းနည်းနည်းလေးတောင်မထွက်တာဖြစ်သည်။
နတ်ဆိုးနှိမ်နင်းရေးဗျူရို၏အားကို ကုချင်းဖန်က အမြဲတမ်း အသိအမှတ်ပြုပြီးဖြစ်သည်။
နတ်ဆိုးနှိမ်နင်းရေးဗျူရိုက အထိနာခဲ့တယ်ဆိုတာက ကိုးလမ်းကွေ့လမ်းက နတ်ဆိုးဝိဉာဉ်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို ပြသနေတာဖြစ်သည်။
ထို့နောက် ကုချင်းဖန်က ကုပန်ကို ထွက်သွားခိုင်းလိုက်ပြီး သိုင်းသခင်မြေပုံစစ်ကို အဓိပ္ပာယ်ဆက်ဖော်နေသည်။
ရက်ပေါင်းများစွာဆက်တိုက် ကုချင်းဖန်က သိုင်းသခင်မြေပုံစစ်ကို အဓိပ္ပာယ်ဖော်နေခဲ့သည်။
သူ့စိတ်ထဲတွင် ရည်ရွယ်ချက်စစ်၏ခုနစ်ဆင့်အလွှာပါးကို ထိနေပြီလို့ခံစားရပေမယ့် တကယ်တမ်း ထိုအလွှာကိုမထိုးဖောက်နိုင်တာကြောင့် ကုချင်းဖန်အလွန်စိတ်မသက်မသာဖြစ်နေသည်။
ဒါကြောင့် သူထိုအလွှာကို မထိုးဖောက်နိုင်ခင်အထိ ပြိုင်ဘက်ကင်းဓားချက်ကို အပြည့်အဝကျင့်ကြံပြီး သိုင်းသခင်မြေပုံစစ်ကို အဓိပ္ပာယ်ဆက်ဖော်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
အချိန်အကြာကြီး ထိုင်နေခဲ့သည့် ကုချင်းဖန်က ရုတ်တရတ်တုန်ယင်လာပြီး ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသည့်ရည်ရွယ်ချက်တစ်ခုပြန်လည်အသက်ဝင်လာကာ အားကောင်းသည့် ဓားချက်တစ်ခုက ဖုံးအုပ်လိုက်သကဲ့သို့ ကုမိသားစုအိမ်တော်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။
လူများစွာ၏လက်ထဲက ဓားရှည်တွေက အားတစ်ခုခုက ဆွဲဆောင်လိုက်သကဲ့သို့ အလိုအလျောက်တုန်ယင်လာသည်။
ကျင့်ကြံနေသည့်အချိန်မှာ ကုယန်က ဒီနှောင့်ယှက်မှုကို အာရုံခံနိင်လိုက်ပြီး သူ့မျက်နှာထားက ပြောင်းသွားသည်။
“ပြိုင်ဘက်ကင်းဓားချက်”
“အဖေ ထပ်ပြီးအဆင့်တက်သွားပြီ”
ပြိုင်ဘက်ကင်းဓားရည်ရွယ်ချက်ကို နားလည်ပြီးသားဖြစ်သည့် ကုယန်က ဒီစွမ်းအားကြီးမားလှသည့် ပြိုင်ဘက်ကင်းဓားချက်နှင့်ရင်းနှီးနေပြီးသားဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူနားလည်ထားသည့် ပြိုင်ဘက်ကင်းဓားချက်က ယခုရှေ့တွင်ရှိသည့်အားထက် အများကြီးအားနည်းသည်။
ရင်းမြစ်တစ်ခုတည်းက အရင်းခံတာဖြစ်သော်လည်း သူတို့ကလုံးဝအဆင့်မတူပေ။
ဤကဲ့သို့ပြိုင်ဘက်ကင်းဓားချက်အဆင့်အောက်တွင် ကုယန်က သူ့ဓားကိုကိုင်စွဲဖို့ သတ္တိတောင်မရှိတာကို တွေ့လိုက်ရသည်။
ဤအရာက ရည်ရွယ်ချက်စစ်၏ဖိနှိပ်ချုပ်ချယ်မှုဖြစ်သည်။
ကုယန်က တိတ်တဆိတ်ထိတ်လန့်နေသည့်အချိန်တွင် ကုချင်းဖန်က သူ့မျက်လုံးကိုဖွင့်လိုက်သည်။ ဓားအလင်းရောင်က လေထဲကနေ ဖြတ်ခနဲလာသကဲ့သို့ သူ့အကြည့်က ဓားသွားသဖွယ်တောက်ပနေပြီး ရင်ဆိုင်ဖို့ခက်ခဲသည်။
ခဏအကြာတွင် အားကောင်းသည့်ဓားသွားက နောက်ဆုံးတော့ ငြိမ်ကျသွားသည်။
ထို့နောက် ကုချင်းဖန်က အချက်အလက်ပြဇယားကိုကြည့်လိုက်သည်။
နာမည်: ကုချင်းဖန်
အသက် : ၃၇/၂၀၀
နယ်ပယ် : ကိုယ်အင်္ဂါသန့်စင်ဒုတိယနယ်ပယ်
သိုင်းအတတ် : ကုမိသားစုလက်သီး (မချိုးဖြတ်နိုင် အဆင့်တစ်)၊ သံခန္ဓာ (သံသဖွယ်မာကျောသည့်ကိုယ်ခန္ဓာ အဆင့်တစ်) ၊ ကျောက်တုံးဖြိုခွဲလက် (ပြီးပြည့်စုံ) ၊ သံခြေထောက်စွမ်းရည် (ပြီးပြည့်စုံ) ၊ သံသန့်စင်လက်ချောင်း (ပြီးပြည့်စုံ) ၊ နေမီးနတ်ဘုရားလက်ဝါး (အဆင့်လေး) ၊ ကောင်းကင်မိုးကြိုးဓား (အစပြုသူ) ၊ ရွှေရောင်ကိုယ်ထည် (မချိုးဖြတ်နိုင် အဆင့်ကိုး) ၊ ခုနစ်သက်ဓားစွမ်းရည် (အဆင့်နှစ်) ကောင်းကင်ဂုံလွှမ်းမိုးခန္ဓာ(အကာအကွယ်ဂန်ချီ အဆင့်လေး) ၊ ကောင်းကင်ဂန်နတ်ဘုရားခန္ဓာ( မသေနိုင်သောနတ်ခန္ဓာ အဆင့်တစ်) ၊ အစိမ်းရောင်နေစွမ်းရည် (ပဉ္စမမြောက်အလွှာပြီးပြည့်စုံ သန့်စင်ယန်ချီသွေး အဆင့်လေး) ၊ အတွင်းအင်္ဂါငါးပါး (ဒုတိယအလွှာ နတ်ဘုရားအင်္ဂါငါးပါး အဆင့်နှစ်) ၊ ယွမ်ရတနာကျမ်း ( ဒုတိယအလွှာ သံကဲ့သို့ အင်္ဂါ အဆင့်နှစ်) ၊ ပြိုင်ဘက်ကင်းဓားချက် (သေးငယ်သောအောင်မြင်မှု ပြိုင်ဘက်ကင်းဓားရည်ရွယ်ချက် အဆင့်ခုနစ်)
အဆင့်မြှင်တင်မှတ် : လေးမှတ်
ဒီနှစ်ဆို ကုချင်းဖန်က သုံးဆယ့်ခုနစ်နှစ်ရှိပြီဖြစ်သည်။
သူ့ပြိုင်ဘက်ကင်းဓားချက်က နောက်ထပ်အဆင့်တက်သွားပြီး သိုင်းသခင်အဆင့်ရည်ရွယ်ချက် အုတ်မြစ်ကို တစ်ဆင့်တက်သွားပြီဖြစ်သည်။