← Chapters

နတ်ဆိုးဝိဉာဉ်ကို ဝါးမြိုခြင်း

Vol. 7 Ch. 97

နတ်ဆိုးဝိဉာဉ်ကို ဝါးမြိုခြင်း

Vol. 7 Ch. 97

“ဘယ်သူလာတာလဲ”

ကုချင်းဖန်ကမေးလိုက်သည်။

ကုယန်က ပြောသည်။ “ကွမ်းယန်ပြည်နယ် နတ်ဆိုးနှိမ်နင်းရေးဗျူရိုက လူတွေပါ”

“အင်း…”

ကုချင်းဖန်က အနည်းငယ်ခေါင်းငြိမ့်လိုက်သည်။

“နောက်ကျလူတွေပိုလာလိမ့်မယ် ငါဝေးခေါင်တဲ့နေရာမှာရောက်နေတယ်လို့သာပြောလိုက် အခုတော့ ကိုးလမ်းကွေ့ထဲမှာ ဝင်ပါဖို့မလိုသေးဘူး အဲ့ဂိုဏ်းတွေမိသားစုတွေ နတ်ဆိုးနှိမ်နင်းရေးဗျူရိုကော ဦးဆောင်ကြပါစေ ဒီနှစ်တစ်ထောင်ဂိုဏ်းတွေက သူတို့ကိုယ်ပိုင်အခြေခံအုတ်မြစ်ရှိတယ် ဒါ့အပြင် နတ်ဆိုးနှိမ်နင်းရေးဗျူရိုအစွမ်းနဲ့ဆို နတ်ဆိုးဝိဉာဉ်နဲ့ရင်ဆိုင်တာက ကိစ္စမရှိပါဘူး

အခု သူတို့ ကိုးလမ်းကွေ့က နတ်ဆိုးဝိဉာဉ်ကို နှိမ်နင်းဖို့ ဘက်ပေါင်းစုံက အင်အားစုတွေကို ခေါ်နေတာ သူတို့ဒီတိုင်းတည်ကြက်လုပ်ဖို့ လိုက်ရှာနေတာထင်တယ်…”

ထိုဂိုဏ်းတွေ၏အခြေခံအုတ်မြစ်နှင့် နတ်ဆိုးနှိမ်နင်းရေးဗျူရို၏စွမ်းအားနှင့်ဆို သူတို့ကိုးလမ်းကွေ့ကနတ်ဆိုးဝိဉာဉ်ကို ကိုင်တွယ်နိုင်လောက်မည်ဟုကုချင်းဖန်ယုံကြည်သည်။

စဉ်းစားဖို့ နောက်တစ်လှမ်းဆုတ်လိုက်ရင် ဒီလူတွေက ကိုးလမ်းကွေ့က နတ်ဆိုးဝိဉာဉ်ကိုမကိုင်တွယ်နိုင်ဘူးဆိုရင် သူကိုယ်တိုင် အဲ့ကိုသွားတာက သူ့ကိုယ်သူသေမင်းထံ သက်ဆင်းလိုက်တာနှင့်တူသည်။

ဒါကြောင့် ဘယ်ရှု့ထောင်ကနေပဲကြည့်ကြည့် ဒီတစ်ကြိမ်ကိုးလမ်းကွေ့မှာပါဝင်ဖို့မလိုပေ။

ဒါကိုကြားတော့ ကုယန်ကခေါင်းငြိမ့်လိုက်သည်။ “နားလည်ပါပြီ အဖေ”

ထို့နောက် ကုချင်းဖန်က ဆက်ပြောသည်။ “နောက်ရက်တွေမှာ ငါခဏလောက် ကုမိသားစုအိမ်တော်က ထွက်သွားဦးမယ် မင်းအိမ်တော်ကို စောင့်ရှောက်ထား”

“ကိုးလမ်းကွေ့ကိုသွားမို့လား အဖေ”

ကုယန်က အနည်းငယ်လန့်သွားသည်။

ကုချင်းဖန်က ပြုံးပြလိုက်သည်။ “ဒီတိုက်ပွဲမှာ ကုမိသားစုအိမ်တော်က ပါဝင်ဖို့မလိုပေမယ့် အဲ့နတ်ဆိုးဝိဉာဉ်ကို ကြည့်ရဦးမယ်လေ”

ဒီတိုက်ပွဲက ဂိုဏ်းတွေ မိသားစုတွေရဲ့ အတိမ်အနက်စစ်ကို ကြည့်ဖို့နှင့် ကုမိသားစုအိမ်တော်က သူတို့နောက်မှာဘယ်လောက်တောင်ကျန်ခဲ့ပြီလဲဆိုတာကိုကြည့်ဖို့အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

ဒါမှမဟုတ် ထိုနတ်ဆိုးဝိဉာဉ်ကို နက်နက်နဲနဲနားလည်နိုင်ဖို့ဖြစ်သည်။

အဓိကဂိုဏ်းတွေနှင့် မိသားစုတွေဆိုးဆိုးရွားရွားကျရှုံးခဲ့ရင် ကုချင်းဖန်လည်းပြင်ဆင်ဖို့လိုသည်။

ကျောက်ဖြူတာအိုက ကိုးလမ်းကွေ့ကနေ ဝေးပေမယ့် သူတို့နှစ်ခုလုံးက ကွမ်းယန်ပြည်နယ်အစိတ်အပိုင်းတွေဖြစ်သည်။

ကိုးလမ်းကွေ့က တကယ်ကျရှုံးသွားရင် ကျောက်ဖြူတာအိုလည်းထိခိုက်မည်ဖြစ်သည်။

ထို့ကြောင့် ကိုယ့်ကိုကိုယ်လည်းသိရမည်ဖြစ်သလို ရန်သူကိုလည်းသိရမည်။

ရှေးဟောင်းလမ်းပေါ်တွင် အစိမ်းရောင်ဝတ်ရုံနှင့်လူက ဖြေးဖြေးချင်းလမ်းလျှောက်လာသည်။

သို့သော် ဘေးနားမှာလူတွေသာရှိလျှင် သူတို့က ဒီပုဂ္ဂိုလ်ရဲ့ ခြေလှမ်းတွေက နှေးကွေးသည့်ပုံပေါ်ပေမယ့် မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို တွေ့ရလိမ့်မည်။

ထိုပုဂ္ဂိုလ်က အခြားသူမဟုတ်ဘဲ ကုချင်းဖန်ပဲဖြစ်သည်။

သူက အပြေးမြန်သည့်မြင်းကိုစီးနေတာကြောင့်မဟုတ်ဘဲ သူ့သိုင်းပညာအဆင့်တွင် သာမန်ခြေလှမ်းသည် မြင်းထက်အများကြီးပိုမြန်သည်။

နေ့ပိုင်းတွင် မိုင်ထောင်နှင့်ချီသွားနိုင်ပြီး ညတွင် မိုင်ရှစ်ရာထိသွားနိုင်သည်။

အကုန်လုံးက အသေးအဖွဲလေးတွေပဲဖြစ်သည်။

ဤသည်က နှစ်ပေါင်းများစွာကြာပြီးနောက် ကျောက်ဖြူတာအိုက ကုချင်းဖန်ထွက်လာခဲ့တာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမတစ်ကြိမ်က အစိမ်းရောင်နေဂိုဏ်းကို နှိမ်နင်းဖို့ဖြစ်ပြီး အခုဒုတိယအကြိမ်က ကိုးလမ်းကွေ့စီဖြစ်သည်။

သူ့ခရီးတလျှောက်တွင် ကုချင်းဖန်က ကမ္ဘာကြီး၏ရုတ်ရုတ်သဲသဲအခြေအနေကို မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရသည်။

ဓားပြတွေကထကြွသောင်းကျန်းနေကြသည်။

ထကြွပုန်ကန်နေကြသည့်အုပ်စုတွေက ကျူးကျော်သူတွေလိုဖြစ်နေသည်။

တချက်တချက် စစ်သည်တွေက ဓားပြတိုက်တာတွေ သာမန်လူတွေကို လုယက်တာတွေ၊ လမ်းသွားလမ်းလာတွေနှင့်ကုန်သည်တွေကို သတ်ဖြတ်တာတွေကို မြင်ခဲ့ရသည်။

ဒါကြောင့် ထိုသို့သောအဖြစ်အပျက်ကို ကြုံရသည့်အခါတိုင်း ကုချင်းဖန်က အမြဲတမ်းနေရာမှာပဲ ကိုင်တွယ်သည်။

ကမ္ဘာကြီးက ပုပ်သိုးနေပြီ။ သူတိုက်ရိုက်မပြောင်းလဲနိုင်ပေ။ သို့သော် သူမတရားမှုနဲ့ကြုံတွေ့ရရင် နေရာမှာတင်ကိုင်တွယ်ဖြေရှင်းတာက ပြဿနာမရှိပေ။

တရားမျှတမှုအကြောင်းပြောရရင် ကုချင်းဖန်က သူ့ကိုယ်သူ တရားမျှတသည့်သူဟုမသတ်မှတ်ပေ။

သို့သော် သိုင်းပညာရှင်တွေက အတွေးတွေကြည်လင်ပြတ်သားဖို့ အာရုံစိုက်ကြသည်။

ကိုယ်မကြိုက်သည့်အရာကို မြင်ရတာက စဉ်းစားစရာမလိုဘဲ တုံ့ပြန်ဖို့ဖြစ်သည်။

ထို့ကြောင့် လမ်းတလျှောက် နတ်ဆိုးသတ်ဓားက သွေးတော်တော်များများသောက်ခဲ့ရသည်။

ဒီနတ်လက်နက်မှာ သွေးတွေပိုစွန်းလေလေ ကုချင်းဖန်က ပြောင်းလဲမှုအသေးစားလေးတွေကို သတိထားမိလေဖြစ်သည်။ဓားသန့်စင်စွမ်းရည်စတင်သည်နှင့် နတ်ဆိုးသတ်ဓားက ဖြေးဖြေးချင်း အသွင်ပြောင်းလာသည်။

နတ်ဓားကသွေးတွေကို သောက်လိုက်တာက ဒီပြောင်းလဲမှုဖြစ်စဉ်ကို အရှိန်မြှင့်ပေးလိုက်တာဖြစ်သည်။

ကိုးလမ်းကွေ့ကိုခြေချလိုက်သည်နှင့် ကုချင်းဖန်က လေထဲတွင်ပျံ့နှံ့နေသည့် မမြင်နိုင်သည့်ကျောချမ်းစရာတည်ရှိမှုကို ခံစားမိပြီးသူ့နောက်တွင် နတ်ဆိုးသတ်ဓားက တစ်ခုခုကိုအာရုံရသည့်ပုံပင် အနည်းငယ်တုန်ယင်နေသည်။

ဒီအချိန်တွင် ကုချင်းဖန်မျက်နှာထားက လေးနက်သွားသည်။

“ဒီနေရာမှာတကယ်ကိုပြင်းထန်တဲ့နတ်ဆိုးဝိဉာဉ်တည်ရှိနေတာပဲ ကိုးလမ်းကွေ့ကနတ်ဆိုးဝိဉာဉ်ကမရိုးရှင်းဘူးထင်တယ်”

နတ်ဆိုးဝိဉာဉ်ကလုံလောက်အောင်စွမ်းအားရှိနေမှသာ သူ့ပင်ကိုစွမ်းအားက ပျံ့နှံ့သွားပြီး နတ်ဆိုးဝိဉာဉ်ကိုကိုယ်တိုင်မမြင်ရဘဲနှင့်တောင် သူ့စွမ်းအားတည်ရှိမှုကို ခံစားနိုင်သည်။

ကုချင်းဖန်က ကိုးလမ်းကွေ့ကနတ်ဆိုးဝိဉာဉ်၏အားကို သံသယဝင်နေပြီဖြစ်သည်။

ဒါပေမယ့်အခု သူ့နှလုံးသားထဲတွင် သေချာသွားပြီဖြစ်သည်။

ကုချင်းဖန်က ကိုးလမ်းကွေ့လမ်းထဲကို နက်နက်ရှိုင်းရှိုင်းရှာတော့မည့်အချိန်တွင် ရုတ်တရတ်သူ့နောက်က နတ်ဆိုးသတ်ဓားက အပြင်းအထန်တုန်ယင်လာပြီး ညီးသံပေးလိုက်သည်။ သူ့နှလုံးသားထဲတွင် ပျက်ကိန်းကိုအာရုံရလိုက်သည်။

“တစ်ခုခုတော့မှားနေပြီ”

ကုချင်းဖန်မျက်နှာက ပြောင်းလဲသွားပြီး သူနောက်ဆုတ်လိုက်သည်။

သူနောက်ဆုတ်လိုက်သည့်အချိန်တွင် သူ့ရှေ့က မြင်ကွင်းကရုတ်တရတ်ပြောင်းသွားပြီး သစ်ပင်တွေက ယှက်နွယ်ပြီး ပျက်စီးကုန်သည်။ သူ့ရှေ့တွင် ရှေးဟောင်းမြို့တော်တစ်ခုပေါ်လာသည်။

ရှေးဟောင်းမြို့တော်အပေါ်တွင် ဗုဒ္ဓက ဟင်းလင်းပြင်တွင် ထိုင်နေပြီးပန်းတစ်ပွင့်ကိုင်ထားရင်းပြုံးနေသည်။ သူ့မျက်လုံးထဲတွင် သွေးမျက်ရည်တွင် စီးဆင်းနေပြီး ကုချင်းဖန်မျက်လုံးကို တိုက်ရိုက်ကြည့်နေသည်။

ဗုဒ္ဓပတ်လည်တွင် ကြာပန်းတွေမရေတွက်နိုင်အောင်ပွင့်နေပြီး တစ်ခုစီတွင် ပုံရိပ်တစ်ခုစီရှိနေပြီး လူတွေ အထွတ်အမြတ်ထားရသည့်ပုံရိပ်သဏ္ဍာန်ဖြစ်နေသည်။ သို့သော်အနီးကပ်ကြည့်လျှင် ထိုင်နေတဲ့သူတွေက စအိုကနေ ခေါင်းအထိ ကိုယ်ခန္ဓာကို ထိုးဖောက်ခံထားရပြီး အရေခွံတွေကို ခွာချထားတာကြောင့် သွေးအများအပြားစီးကျကာ ရွှေကြာပန်းတွေကို ထိတ်လန့်ဖွယ်ရာ သွေးကြာပန်းတွေအဖြစ် စွန်းထင်းနေသည်ကို တွေ့ရသည်။

“ကယ်…ကယ်ကြပါဦး”

တစ်ယောက်ယောက်ကခက်ခက်ခဲခဲစကားပြောလိုက်ပြီး သူတို့အသံက ကွဲအက်နေပြီး ကြောက်ရွံ့မှုတွေနှင့်ပြည့်နှက်နေသည်။

တချို့က သူတို့လက်ကိုခက်ခက်ခဲခဲမြှောက်ဖို့ကြိုးစားပေမယ့် သူတို့ခန္ဓာကိုယ်က ထိုးဖောက်ခံထားရပြီး လွတ်မြောက်နိုင်စွမ်းမရှိပေ။

ဒီမြင်ကွင်းကြောင့် ကုချင်းဖန်သူငယ်အိမ်တွေက ကျုံ့သွားသည်။

သွေးကြာပန်းပေါ်က လူတွေကြားတွင် ရင်းနှီးနေသည့်မျက်နှာကိုတွေ့လိုက်ရသည်။

ကျိုးမိသားစု။

ကျိုးဖန်။

သို့သော် ကျိုးဖန်အရေပြားက ဆုတ်ခွာခံထားရပြီး သူ့ကြွက်သားတွေသွေးကြောတွေကို လေထဲတွင်မြင်နေရသည်။ သွေးမြောက်များစွာက သူ့ခန္ဓာကိုယ်ကနေစီးဆင်းနေပြီး ဆိုးရွားသည့်မြင်ကွင်းဖြစ်နေသည်။

ဝိုးတိုးဝါးတားမှတ်မိနိုင်မည့်သွင်ပြင်လက္ခဏာတွေကြောင့်သာမဟုတ်ရင် ကုချင်းဖန်က သူ့ကိုခွဲခြားနိုင်မည်မဟုတ်ပေ။

ဒီမြင်ကွင်းကိုမြင်တော့ ကုချင်းဖန်နားလည်သွားသည်။

ဂိုဏ်းတွေ မြင့်မြတ်သည့်မိသားစုတွေက သန်မာသည့်သူတွေ သုတ်သင်ခံလိုက်ရသည့်ပုံပင်ဖြစ်သည်။

ရုတ်တရတ် နာကျင်မှုကို သည်းမခံနိုင်တော့သည့် သူတစ်ယောက်က ဆိုးရွားလာသည့်အော်သံကိုအော်လိုက်ပြီး သူတို့ခန္ဓာကိုယ်က ရုတ်တရတ်ကွဲထွက်သွားပြီး သူတို့ထဲတွင်ခိုအောင်းနေသည့် နတ်ဆိုးဝိဉာဉ်က ထိုအချိန်တွင်ပြန်လည်အသက်ဝင်လာသည်။

ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးဝိဉာဉ်အသက်ဝင်လာသည်နှင့် ဟင်းလင်းပြင်ထဲတွင် ထိုင်နေသည့်ဗုဒ္ဓက နတ်ဆိုးဝိဉာဉ်ဆီကို ကြီးမားသည့်လက်ကြီးဆန့်ထုတ်လိုက်ပြီး နတ်ဆိုးဝိဉာဉ်ခိုအောင်းနေသည့်အလောင်းကို ဆုတ်ကိုင်ပြီး သူ့ပါးစပ်ထဲထည့်ပြီးဝါးလိုက်သည်။ သွေးတွေက သူ့ပါးစပ်ထောင့်ကနေစီးကျလာသည်။

နတ်ဆိုးဝိဉာဉ်ကိုဝါးမျိုတာကို ကုချင်းဖန်ပထမဆုံးမြင်ဖူးတာဖြစ်သည်။

ရှေးဟောင်းမြို့တော်ပေါ်က ဗုဒ္ဓက အလွန်စွမ်းအားကြီးသည့်နတ်ဆိုးဝိဉာဉ်ဖြစ်သည်။ ဂိုဏ်းတွေမိသားစုတွေဆီကသူတွေ၏ခန္ဓာကိုယ်မှာပုန်းအောင်းနေသည့်နတ်ဆိုးဝိဉာဉ်တွေအားလုံးက ဒီရှေးဟောင်းမြို့တော်နတ်ဆိုးဝိဉာဉ်၏အစာဖြစ်လာသည်။

နတ်ဆိုးဝိဉာဉ်တစ်ကောင်ကိုလုံးဝဝါးမြိုပြီးနောက်တွင် ရှေးဟောင်းမြို့တော်နတ်ဆိုးဝိဉာဉ်ရောင်ဝါက မိနစ်ပိုင်းအတွင်းပိုအားကောင်းလာတာကို ကုချင်းဖန်ခံစားရသည်။

“နတ်ဆိုးဗုဒ္ဓ”

“ဒါကသေချာပေါက်ပျက်ကိန်းအဆင့်ရှိတဲ့နတ်ဆိုးဝိဉာဉ်ပဲ”

ကုချင်းဖန်က အသက်ပြင်းပြင်းရှူလိုက်ပြီးသူ့နှလုံးသားထဲက ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။ အခုလေးတင်ကြုံတွေ့လိုက်ရသည့်မြင်ကွင်းနှင့်လက်ရှိဖြစ်ရပ်တွေက ဤအရာက တားမြစ်နယ်ပယ်မှာဖြစ်နေသည့် ပျက်ကိန်းအဆင့်နတ်ဆိုးဝိဉာဉ်ဖြစ်ကြောင်းကို ညွှန်ပြနေသည်။

All Chapters