← Chapters

နတ်ဆိုးဗုဒ္ဓအစွမ်း

Vol. 7 Ch. 98

နတ်ဆိုးဗုဒ္ဓအစွမ်း

Vol. 7 Ch. 98

ထိုအချိန်တွင်

ရှေးဟောင်းမြို့ပေါ်၌ နတ်ဆိုးဗုဒ္ဓက ရေရွတ်နေသည်။

ကုချင်းဖန်က ချက်ချင်းပဲ သူ့သွေးတွေ အသက်ဓာတ်တွေက မထိန်းချုပ်နိုင်အောင် ဆူပွက်လာတာကို ခံစားလိုက်ရပြီး သူ့နှလုံးသားထဲတွင် မခုခံနိုင်ဘဲ မလုပ်မနေစေ့ဆော်မှုတစ်ခု မြင့်တက်လာပြီး သွေးကြာပန်းဆီကို လျှောက်သွားကာ နတ်ဆိုးဗုဒ္ဓဘေးတွင် ခစားလိုက်သည်။

သို့သော် ဒီအတွေးသည် ခဏတာပေါ်လာတာဖြစ်သည်။

စိတ်ဓာတ်က ဓားလို ထက်မြက်သည့် ကုချင်းဖန်က သူ့စိတ်ထဲက အတွေးကို ပြတ်ပြတ်သားသားဖြတ်ပစ်လိုက်သည်။

ရုတ်တရတ် သူ့နောက်က မြင်ကွင်းကပြောင်းသွားသည်။

ကုချင်းဖန်က မသိလိုက်ဘဲ သူ့ကိုယ်သူ ရှေးဟောင်းမြို့တော်ထဲရောက်နေတာကို တွေ့လိုက်ရသည်။ ရှေးဟောင်းမြို့တော်လေထုထဲတွင် အလွန်အမင်းခြောက်ခြားဖွယ်ကောင်းပြီး ကျောချမ်းစရာအငွေ့အသက်တွေနှင့်ပြည့်နှက်နေသည်။

သူ့နောက်တွင် မြို့ရိုးတံခါးရှိနေသည်။

ကုချင်းဖန်က တုံ့ဆိုင်းမနေဘဲ လှည့်ပြီးအမြန်ထွက်လိုက်သည်။

သို့သော်သူလှည့်မထွက်ခင်မှာပဲ ကျောချမ်းစရာအငွေ့အသက်ကရုတ်တရတ် ပေါက်ထွက်လာပြီး ဗုဒ္ဓလက်ဝါးက ကောင်းကင်နှင့်ကမ္ဘာကို တားဆီးလိုက်သည့်နှယ် အားအပြည့်နှင့် ဟင်းလင်းပြင်ကို ဖြတ်ပြီးသက်ဆင်းလာသည်။

နေနှင့်လက သူတို့အလင်းကိုဆုံးရှုံးသွားသည်။

သွေးရောင်လွှမ်းသွားသည်။

နတ်ဆိုးသတ်ဓားက အပြင်းအထန်တုန်ယင်လာပေမယ့် ကုချင်းဖန်မျက်နှာက အရင်ကထက် တည်ငြိမ်နေသည်။ သူ၏ခန္ဓာကိုယ်စွမ်းအင်သည် နေမင်းပမာ ပေါက်ထွက်လာပြီး အလွန်ပြင်းထန်သည့်အပူရှိန်က အေးစက်မှုကို လုံးဝပျောက်ကွယ်သွားစေသည်။

ချက်ချင်းပဲ ဓားရှည်ကို ဆွဲချလိုက်သည်။

ဝိဉာဉ်နဲ့ တစ်နေရာတည်းတွင် ဆုံတွေ့လိုက်သည်။

“ပြိုင်ဘက်ကင်းဓားချက်”

ကုချင်းဖန်သည် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး တောင်တန်းကြီးများကိုပင် နှစ်ခြမ်းခွဲနိုင်သည့်နှယ် ပြင်းထန်သော ဓားချက်တစ်ချက်ကို လွှတ်လိုက်သည်။ ဓားသွား၏ တောက်ပသော အလင်းရောင်သည် ကောင်းကင်ကို ဖြတ်ထွက်လာသည့် အရုဏ်ဦး၏ ပထမဆုံးရောင်ခြည်ပမာ တောက်ပစွာဖြင့် ဗုဒ္ဓရုပ်ပွားတော်၏ လက်ကို ပြင်းထန်စွာ ထိမှန်သွားလေသည်။

ခဏအကြာတွင်

“ဘုန်း”

ကြောက်ဖို့ကောင်းသည့် အားကပေါ်ထွက်လာသည်။

ကုချင်းဖန်ခန္ဓာကိုယ်က အမြှောက်ဆန်လို ပျံထွက်လာပေမယ့် သူမြေကြီးပေါ် မကျခင်မှာပဲ လေထဲတွင် တစ်ပတ်လှည့်ပြီး တစ်ဖန်ခုတ်ဖြတ်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ ရှေးဟောင်းမြို့တော်အပြင်ဘက်ဆီကိုဖြစ်သည်။

ကြောက်ဖို့ကောင်းသည့် ဓားအလင်းရောင်က လေဟာနက်ကို ဆွဲဖြဲနိုင်သည့်ပုံပေါ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုချင်းဖန် လွတ်မြောက်သွားသည်။

တုန်လှုပ်ခြောက်ခြားဖွယ်အတွေ့အကြုံက မျက်စိတစ်မှိတ်အတွင်းဖြစ်သွားသည်။

ထွက်ပြေးလွတ်မြောက်သွားချိန်တွင် ဗုဒ္ဓရုပ်ပွားတော်၏ သွေးထွက်နေသော မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် ဒေါသဟူသော ခံစားချက်ပေါ်လာသည်။ ဗုဒ္ဓရုပ်ပွားတော်၏ ရွှေရောင်လက်ဖဝါးပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပြီး ထိုဒဏ်ရာမှ လတ်ဆတ်သောသွေးများ စိမ့်ထွက်ကာ စီးကျနေလေသည်။

အသက်မရှူနိုင်ခင်မှာပဲ ဒဏ်ရာက ခြေရာလက်ရာမကျန် ပျက်စီးသွားသည်။

ရှေးဟောင်းမြို့တော်အပြင်တွင် ကုချင်းဖန်က ဆယ်မိုင်လောက်နောက်ဆုတ်လိုက်သည်။

သူကနေရာမှာပင် မလှုပ်မယှက်ရပ်နေပြီး သူ့ခန္ဓာကိုယ်ထဲတွင် ကျူးကျော်ဝင်ရောက်နေသည့် အငွေ့အသက်အားလုံးကို ဖယ်ရှားဖို့ သူ့သွေးကိုလည်ပတ်အောင်လုပ်နေသည်။

“ဝှီး”

ကုချင်းဖန်က အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ချက်ချင်းပဲ မြူခိုးတွေက မြေကြီးပေါ်မှာပေါ်လာပြီး အပင်တွေအားလုံးကို ညှိုးနွှမ်းစေသည်။

“အဲ့ပျက်ကိန်းအဆင့်နတ်ဆိုးဝိဉာဉ်က တကယ်ထူးခြားတယ် ငါသာ ကျော့ကွင်းထဲက မထွက်လာနိုင်ခဲ့ရင် ငါဒီမှာတကယ်သေသွားမလားတောင်မသိဘူး”

ကုချင်းဖန်က ရှေးဟောင်းမြို့တော်က နတ်ဆိုးဗုဒ္ဓကို ကြည့်လိုက်သည်။ နတ်ဆိုးဗုဒ္ဓကလည်း သူ့ကိုစိုက်ကြည့်နေသည်။ သူတို့အကြည့်ချင်းဆုံသွားသည့်အချိန်တွင် သတ်ဖြတ်ဖို့အတွက် ရက်စက်ကြမ်းကြုတ်ဖွယ်ဆာလောင်နေသည်ကို တစ်ဖက်က သွေးတွေစီးကျနေသည့် မျက်လုံးတွင်တွေ့လိုက်ရသည်။

ကုချင်းဖန် ပျက်ကိန်းအဆင့်နတ်ဆိုးဝိဉာဉ်နှင့်ရင်ဆိုင်ရတာ ဒါပထမဆုံးဖြစ်သည်။

၎င်း၏ ကြောက်မက်ဖွယ်အားက သူ့အပေါ်သက်ရောက်နေသည်။

ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင်တောင် သူနတ်ဆိုးဗုဒ္ဓကို မယှဉ်နိုင်ပေ။

ကိုယ်အင်္ဂါသန့်စင်ခြင်းဒုတိယနယ်ပယ်မဆိုနှင့် သူကိုယ်အင်္ဂါသန့်စင်ခြင်းပဉ္စမနယ်ပယ်ကို ရောက်နေရင်တောင် ဒါမှမဟုတ် သိုင်းဆရာအဆင့်ကို အတားအဆီးကို ဖျက်ပြီးခြေချနိုင်ရင်တောင်ဒီနတ်ဆိုးဗုဒ္ဓကို သူရင်မဆိုင်နိုင်ပေ။

ပျက်ကိန်းအဆင့်နတ်ဆိုးဝိဉာဉ်ကို ရင်မဆိုင်ရခင်အထိက ကုချင်းဖန်က နတ်ဆိုးဝိဉာဉ်၏စွမ်းအားကို တတ်နိုင်သလောက် စိတ်ကူးယဉ်ကြည့်ခဲ့သည်။ သို့သော်အခုမှသာ ပျက်ကိန်းအဆင့်နတ်ဆိုးဝိဉာဉ်က ဘာလဲဆိုတာကို သူနားလည်နိုင်တာ့သည်။

ယွင်းရှန်မြို့တော့ပြီးသွားပြီ။

တိတိကျကျပြောရရင် ကိုးလမ်းကွေ့တစ်ခုလုံးပျက်စီးသွားပြီ။

အဓိကဂိုဏ်းတွေနှင့် မြင့်မြတ်သောမျိုးနွယ်စုတွေက မှော်ဆရာများသည် ခြင်္သေ့ခံတွင်းထဲသို့ ကိုယ်တိုင်လျှောက်ဝင်ရာမှ နတ်ဆိုးဗုဒ္ဓ၏ သတ်ဖြတ်နှိမ်နင်းခြင်းကို ခံခဲ့ရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များတွင် ရှိနေသော မကောင်းဆိုးဝါးဝိညာဉ်များသည် နတ်ဆိုးဗုဒ္ဓအတွက် အစာအဖြစ် အသုံးတော်ခံခဲ့ရသည်။

အခုနတ်ဆိုးဗုဒ္ဓက အခြားနတ်ဆိုးဝိဉာဉ်တွေကို စားသုံးပြီး သူ့ကိုယ်ပိုင်စွမ်းအားက တစ်ဖန်ထပ်ပြီး တိုးပွားလာသည်။ ထို့ကြောင့် တားမြစ်နယ်မြေကို မမျှော်လင့်ဘဲ ချဲ့နိုင်ခဲ့ပြီး ကုချင်းဖန်လည်းမသိမသာ ထိုတားမြစ်နယ်မြေထဲ ရောက်သွားခဲ့သည်။

ကုချင်းဖန် ချက်ချင်းတုံ့ပြန်နိုင်လို့ လွတ်မြောက်နိုင်ခဲ့တာဖြစ်သည်။

ဒီအချိန်တွင် နတ်ဆိုးဗုဒ္ဓပေါ် ကုချင်းဖန်၏သတိက အရင်ကထက် ပိုမိုမြင့်တက်လာသည်။

နတ်ဆိုးဝိဉာဉ်၏စွမ်းအား တဖြည်းဖြည်းကြီးထွားလာသည်နှင့်အမျှ တားမြစ်နယ်မြေသည်လည်း ဆက်လက်ကျယ်ပြန်လာမည်ဖြစ်သည်။ နတ်ဆိုးဗုဒ္ဓကို မထိန်းချုပ်နိုင်လျှင် ကိုးလမ်းကွေ့တစ်ခုလုံး ပျက်စီးသွားနိုင်သည်။

ကပ်ဘေးအဆင့်နတ်ဆိုးဝိဉာဉ်ကို လုံးဝဖျက်ဆီးဖို့ မလွယ်ပေ။

“နတ်ဆိုးကိစ္စတင်မဟုတ်ဘူး ကျိုးမိသားစုအပါအဝင် နှစ်ထောင်ချီသက်တမ်းရှိတဲ့ဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေက အကြီးအကျယ်ဆုံးရှုံးမှုတွေနဲ့ကြုံရလို့ တော်တော်လေးဂယက်ရိုက်လာနိုင်တယ်”

သွေးကြာပန်းတွေပေါ်က ပုံပျက်နေသည့် ခန္ဓာကိုယ်တွေကို ကြည့်ပြီး ကုချင်းဖန်မျက်လုံးတွေက အေးစက်သွားသည်။

သူထိုတိုက်ပွဲထဲ မပါဝင်ခဲ့မိတာ တကယ်ကံကောင်းသည်။

မဟုတ်ရင် သွေးကြာပန်းပေါ်တွင် လူတစ်ယောက်ထပ်တိုးလာလိမ့်မည်။

ရှေးဟောင်းမြို့ပေါ်တွင် ပျံဝဲနေသည့် နတ်ဆိုးဗုဒ္ဓကို ကြည့်ပြီး ကုချင်းဖန်လှည့်ထွက်သွားသည်။

နတ်ဆိုးဗုဒ္ဓ၏စွမ်းအားက သူကိုင်တွယ်နိုင်သည့်အရာမဟုတ်သေးပေ။

တကယ်အစွမ်းထက်သည့် နတ်ဆိုးဝိဉာဉ်တစ်ကောင်ရှေ့တွင် သူတို့သည် ပုရွက်ဆိတ်လေးတွေလိုပဲဖြစ်သည်။

ဒီလို နတ်ဆိုးဝိဉာဉ်မျိုး ကျောက်ဖြူဒေသတွင် ပေါ်လာခဲ့ရင် ကုမိသားစုအိမ်တော်၏ကံကြမ္မာကို အလွယ်တကူ မှန်းဆနိုင်သည်။

ကုချင်းဖန်သည် ကုမိသားစုအိမ်တော်ကို ကျောက်ဖြူဒေသမှ ရွှေ့ပြောင်းဖို့စဉ်းစားသော်လည်း ထိုအတွေးသည် မကြာလိုက်ဘဲ သူ့စိတ်ထဲမှဖိနှိပ်လိုက်သည်။

ကျောက်ဖြူဒေသမှ ရွှေ့ပြောင်းခြင်းသည် လွယ်ကူသည်။

သို့သော် ပြဿနာမှာ ကမ္ဘာကြီးက ဝရုန်းသုန်းကားဖြစ်နေပြီး ထူးဆန်းသည့် နတ်ဆိုးဝိဉာဉ်များ ပေါက်ပွားနေသည့်အချိန်တွင် အခြားနေရာများက ဘေးကင်းလုံခြုံသည်ဟု မပြောနိုင်ပေ။

ထို့အပြင် နယ်မြေသစ်တစ်ခုသည် ရှုပ်ထွေးပြီး အချင်းချင်းဆက်နွှယ်နေသည့် အင်အားစုများကြောင့် ကုမိသားစုအိမ်တော်အတွက် နယ်မြေသစ်တွင် နေရာတစ်နေရာရယူဖို့ မလွယ်ကူပေ။

ကျောက်ဖြူဒေသသည် အနည်းဆုံးတော့ အခုလောလောဆယ်တွင် ဘေးကင်းသည်ဟု ယူဆနိုင်သည်။

နတ်ဆိုးဗုဒ္ဓသည် ကိုးလမ်းကွေ့တွင် ရှိနေပြီး ကျောက်ဖြူဒေသသို့ ပျံ့နှံ့မည်ဟု မဆိုလိုနိုင်ပေ။

ထို့ကြောင့် ထွက်သွားဖို့ မဖြစ်နိုင်ပေ။

တကယ်တမ်းနောက်ဆုံးအခြေအနေသို့ မရောက်ခင်အထိ ကျောက်ဖြူဒေသကို စွန့်ပစ်ဖို့မဖြစ်နိုင်ပေ။

ကုချင်းဖန် ကုမိသားစုအိမ်တော်သို့ သုံးရက်အကြာတွင် ပြန်ရောက်လာခဲ့သည်။

သူမရှိသည့်အချိန်အတွင်း ကုမိသားစုအိမ်တော်သည် ငြိမ်းငြိမ်းချမ်းချမ်းတည်ရှိနေခဲ့သည်။

လက်ရှိကျောက်ဖြူဒေသတွင် ကုမိသားစုအိမ်တော်သည် ကောင်းကင်ဘုံနှင့်တူသည်။ တရားရုံး၏ဂုဏ်သတင်းသည်ပင် ကုမိသားစုအိမ်တော်၏ဂုဏ်သတင်းလောက်အသုံးမဝင်ပေ။

“ပြိုင်ဘက်ကင်းဓားသိုင်းရှင် ကုချင်းဖန်” ဟူသောနာမည်သည် ရာဇဝတ်သားများကို တားဆီးရန်လုံလောက်ခဲ့သည်။

ကုချင်းဖန်ပြန်ရောက်လာသောအခါ ကုယန်က ဦးစွာလာတွေ့ခဲ့သည်။

“အဖေ ကိုးလမ်းကွေ့ကနေ ဘာရှာတွေ့ခဲ့လဲ”

သူ့အမူအရာက အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် ပြည့်နှက်နေသည်။

သို့သော် ကုချင်းဖန်မှာမူ လေးနက်တည်ကြည်သည့်မျက်နှာဖြင့် ပြောလိုက်သည်။ “ကွမ်းယန်ပြည်နယ်က ဂိုဏ်းတွေနဲ့ မြင့်မြတ်တဲ့မျိုးနွယ်စုတွေက ကျွမ်းကျင်သူတွေ ပျက်စီးကုန်ပြီ ကိုးလမ်းကွေ့က နတ်ဆိုးဝိဉာဉ်က ကပ်ဘေးအဆင့်ပဲ

ငါကိုးလမ်းကွေ့ထဲဝင်တုန်းက ဟင်းလင်းပြင်ထဲမှာ မတ်တပ်ရပ်နေတဲ့ နတ်ဆိုးဗုဒ္ဓက မြို့တစ်မြို့လုံးကို ချုပ်နှောင်ထားတာကို မြင်လိုက်ရတယ် ဂိုဏ်းတွေ မြင့်မြတ်တဲ့မျိုးနွယ်စုတွေက ကျွမ်းကျင်သူတွေအားလုံး နတ်ဆိုးဗုဒ္ဓအတွက် အစာဖြစ်သွားပြီ”

“ဒီကိစ္စက ကွမ်းယန်ပြည်နယ်တစ်ခုလုံးကို ပြန့်ဖို့ အချိန်သိပ်ယူမှာမဟုတ်ဘူး”

“အခု လောကကြီးက ဂယက်ရိုက်နေပြီ ကွမ်းယန်နယ်က ဂိုဏ်းတွေ မြင့်မြတ်တဲ့မျိုးနွယ်စုတွေ အင်အားလျော့သွားတော့ အခြားအကျိုးဆက်တွေဖြစ်လာနိုင်တယ်”

“ဒါကြောင့် အခုလောလောဆယ်တော့ မင်းသိုင်းလောကအရေးအခင်းတွေကိ သတိထားကြည့်နေဖို့လိုတယ် ရုတ်တရတ် တစ်ခုခုပြောင်းလဲတာရှိရင် ငါ့ကိုချက်ချင်းအစီရင်ခံ”

ကုချင်းဖန်စကားတွေက ကုယန်ကိုပါ အလွန်လေးနက်စေပြီး ခေါင်းငြိမ့်သဘောတူလိုက်သည်။

ကပ်ဘေးအဆင့် နတ်ဆိုးဝိဉာဉ်ဆိုတာ ကုချင်းဖန်စကားအနည်းငယ်နှင့်တင် ထိုနတ်ဆိုးဝိဉာဉ်၏ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်သွားသည်။

All Chapters