ကြီးချင်းထျန်းရဲ့ အကြွင်းအကျန်များ
Vol. 23 Ch. 326
ချန်ရှီ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ နောက်ကျနေပြီ ဖြစ်၍ အလောင်းနတ်သုံးပါး လှုပ်ရှားရမယ့် အချိန်ဖြစ်သည်။ သူ သိပ်ဂရုမစိုက်ဘဲ သူ့ခြေထောက်တွေကို ရပ်တန့်လိုက်သည်။ လေညင်းက သူ့အလိုလို တိုးဝင်လာကာ လေက သူ့ကို မြှောက်လိုက်သည်။ ချန်ရှီ လေဟုန်ကိုစီးလိုက်တာနဲ့ သူ့အရှိန်က ပိုမြန်လာတော့သည်။
ဟေးကော်က အနောက်မှ လိုက်လာသည်။ သူ မရဏကမ္ဘာကို ရောက်တဲ့အခါ ရေထဲက ငါးလို အလွန်မြန်ဆန်လှသည်။ ချန်ရှီက လေတွေနဲ့ အရမ်းမြန်နေရင်တောင် သူ့မျက်စိအောက်က လုံးဝ မလွတ်နိုင်ပါ။
အမတမြို့ရဲ့ ညပိုင်းက တဖြည်းဖြည်း သက်ဝင်လာသည်။ ယွမ်ချန်နန်းတော်တစ်ခုစီ၏ အလောင်းနတ်သုံးကောင်က ထပ်မံလှုပ်ရှားရန် ထွက်လာကြသည်။ ယွမ်ချန်နန်းတော်၏ သခင်များသည် အလောင်းနတ်သုံးကောင်ရဲ့ သွေးဆောင်မှုကို မခံနိုင်ကြပေ။ သူတို့ကိုယ်ပိုင် ယွမ်ပေါင်သစ်ပင်မှ နံ့သာပေါင်းကို ယူကာ ငွေသုံးရန် ထွက်သွားကြသည်။
လူတွေနဲ့ သရဲတစ္ဆေတွေ ကောင်းကင်လမ်းတွေပေါ် ထွက်လာပြီး ကောင်းကင်ကြီးကလည်း အရမ်းတက်ကြွနေ၏။ တစ္ဆေရထားလုံးများစွာသည် အလွန်လျင်မြန်သော အရှိန်ဖြင့် လေထဲတွင် အရှိန်ပြင်းစွာ မောင်းနှင်လာကြသည်။
အချို့ တစ္ဆေရထားလုံးများသည် အရိုးစုများသာ ကျန်ရှိတော့သော နဂါးများနှင့် ဖီးနစ်များကို ဆွဲထုတ်လာခဲ့ကြပြီး အချို့မှာ ကြီးမားသော ဦးခေါင်းခွံများ ရှိ၏။ အရှေ့ဘက်တွင် မီးတောက်များဖြင့် တောက်လောင်နေကာ မရဏကမ္ဘာ၏ ကြီးမားသော အင်းဆက်ပိုးကောင်များလည်း ရှိနေကြသည်။ ထူးထူးဆန်းဆန်း သတ္တဝါတွေက အမျိုးမျိုးပင်။
တစ္ဆေတွေ သယ်ဆောင်လာတဲ့ အနီရောင် ဆလွန်းထိုင်ခုံတွေဟာ ကောင်းကင်မှာ လွင့်မျောနေသလို သူတို့ရဲ့ ခြေအောက်မှာလည်း စက္ကူဒင်္ဂါးပြားတွေက လေထဲမှာ ပြေးလွှားနေသည်။ ဒုက္ခကိုကယ်တင်ဖို့ မှောင်မိုက်တဲ့လေကို စီးပြီး လေထဲပြေးဝင်သွားတဲ့ သရဲတစ္ဆေတွေလည်း ရှိသေးသည်။
ချန်ရှီနဲ့ ဟေးကော်တို့ဟာ လေထဲက ရထားလုံးများကို ပတ်ရှောင်ရင်း အမြန် ပြေးနေကြသည်။
"မုန့်ပန့်ရှန်း ထွက်သွားတာကြာပြီ... အမတမြို့က အရမ်းရှုပ်ထွေးတယ်.... သူဘယ်သွားလောက်လဲ"
ချန်ရှီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယခု သူသည် သခင်ငယ်၏ ယွမ်ချန် နန်းတော်သို့သာ သွားနိုင်သည်။ သခင်ငယ် ဝေ့ယွဲ့သည် မုန့်ပန့်ရှန်းကို သည်းမခံနိုင်တော့ဘဲ သူ့ကို ဖယ်ရှားရန် တစ်စုံတစ်ဦးကို အမိန့်ပေးလိမ့်မည်။
"ဒါပေမယ့်.... ငါတို့အဲဒီကို ရောက်ခဲ့ရင်တောင် လိုက်ရှာသူတွေက ထွက်သွားနေလောက်ပြီ.... ဟမ်"
ချန်ရှီသည် လျင်မြန်စွာ ပြေးနေတုန်း ကောင်းကင်နားစွင့်သူများသည် နားရွက်များခတ်ကာ ယွမ်ချန်နန်းတော်၏ အဆောက်အအုံများပေါ်မှ ပျံသန်းနေကြတာကို ရုတ်တရက် မြင်လိုက်ရလေ၏။
"ဒီကောင်းကင်နားစွင့်သူတွေက မုန့်ပန့်ရှန်းရဲ့ ဦးတည်ရာကိုပဲ သွားနေတာလား?"
သူက ချက်ချင်းလှည့်ပြီး အဲဒီကောင်းကင်နားစွင့်သူတွေနောက် လိုက်သွားလိုက်သည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို ကောင်းကင်နားစွင့်သူများက လေထဲမှာပဲ ပျောက်ကွယ်သွားကြ၏။
"ဒီကောင်တွေ သက်ရှိကမ္ဘာကို ရောက်သွားပြီ! ဟေးကော်!"
ချန်ရှီ ပြောပြီးတာနဲ့ ဟေးကော် အနောက်ကနေ ပြေးလာပြီး နတ်ဆိုးစွမ်းအင်တွေကို မှုတ်ထုတ်လိုက်၏။ နောက်အခိုက်အတန့်တွင် သူတို့နှစ်ယောက် ကျယ်ပြန့်သော ရေခဲပြင်ကြီးတစ်ခု၏ အပေါ်၌ ပေါ်လာခဲ့သည်။ မြောက်လေက ပြင်းပြင်းထန်ထန် တိုက်ခတ်နေချိန် နှင်းတွေကလည်း ခပ်ကျဲကျဲ ကြွေဆင်းနေသည်။
ဤသည်မှာ သက်ရှိကမ္ဘာရဲ့ ညအချိန် ဖြစ်သည်။ တောက်ပသော လရောင်က ကောင်းကင်တွင် အဆက်မပြတ် ဆွဲထားကာ ၎င်းဟာ ကောင်းကင်မှ စစ်မှန်သော နတ်ဘုရား၏ မျက်ဝန်းတော် ဖြစ်သည်။
ရှင်းရှန်မှာဆို လက မြောက်ဘက်တွင် ရှိသည်။ ရှီးကျင်းတွင် လသည် အရှေ့မြောက်ဘက်တွင်ရှိပြီး မြောက်ဘက်ရှိ ရေခဲပြင်တွင် လသည် တောင်ဘက်တွင် ပေါ်လာသည်။ ရေခဲပြင်မှာ ညဘက်ဆိုပေမဲ့ ရေခဲနဲ့ နှင်းတွေက အလင်းရောင်ကို ရောင်ပြန်ဟပ်နေတော့ မှိန်ဖျော့မနေခဲ့။
ကောင်းကင်နားစွင့်သူများက တစ်ယောက်ပြီးတစ်ယောက် ရေခဲပြင်ပေါ် ပျံတက်သွားကြသည်။ ချန်ရှီသည် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် သူတို့နောက်သို့ လိုက်သွားခဲ့သည်။
"ကောင်းကင်နားစွင့်သူတွေက နေရာ အသီးသီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက အဖြစ်အပျက်တွေကို မှတ်တမ်းတင်တာ...အဲ့တော့ မရဏတမန် မုန့်ပန့်ရှန်းကို တိုက်ခိုက်သတ်ဖြတ်တာကလည်း တကယ့် အဓိက ဖြစ်ရပ်တစ်ခုပဲ... ဒီကောင်တွေက ဒီကိစ္စအတွက် အလုပ်လုပ်မှာ သေချာတယ်..."
ထိုစဥ် အရှေ့ဘက်မှ စူးစူးဝါးဝါးအော်သံ ထွက်ပေါ်လာသည်။ ချန်ရှီ အသံ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ညဘက်တွင် ရေခဲနှင့် နှင်းများထဲတွင် ကျောက်မိုင်းတစ်ခု ရှိနေတာ သူမြင်နေရသည်။ ကျောက်မိုင်းတွင်းရှိ အဖိုးအိုတစ်ဦးသည် မီးကိုထွန်းညှိကာ ရေခဲနှင့် နှင်းများကြားတွင် ၎င်း တူးဖော်ထားသော ကျောက်တုံးများကို ပုဆိန်နှင့် ခွဲထုတ်နေသည်။
"ညနက်သန်းခေါင်မှာတောင် အလုပ်လုပ်နေသေးတာလား"
ချန်ရှီသည် အလျင်အမြန် တစ်ချက်ကြည့်လိုက်ပြီး အနှီအဖိုးအိုမှ တူးဖော်ထားသော ကျောက်များက သင်္ချိုင်းကျောက်စာတိုင်အတွက် ဖြစ်သင့်ပြီး ၎င်းတို့ဘေးတွင် ကျောက်ပြားများစွာလည်း ရှိနေ၏။
သူသည် ကောင်းကင်နားစွင့်သူတွေနောက် ဆက်လက် လိုက်နေခဲ့သည်။ နာရီဝက်လောက် ပျံသန်းပြီးတဲ့ နောက်မှာတော့ ကောင်းကင်နားစွင့်သူတွေက ရုတ်တရက် ရပ်သွားကြပြီး နှင်းတွေထဲ ဆင်းသွားသည်။
သူတို့သည် နှင်းများပေါ်တွင် လှည့်ပတ်ပြေးကြပြီး ထောင့်ပုံသဏ္ဌာန်ဖြင့် တဖြည်းဖြည်း ပျံ့နှံ့သွားကြသည်။
ချန်ရှီ အနည်းငယ် လန့်သွားသည်။ ကောင်းကင်နားစွင့်သူတို့သည် မရဏကမ္ဘာမှ သက်ရှိလောကသို့ ဝင်ရောက်ကြသည်ဟု ရှေးယခင်က တွေးတောခဲ့ဖူးပြီး ထိုမရဏကမ္ဘာကြီးသည် သက်ရှိလောကထက် အဆပေါင်း ထောင်သောင်းမက ကျယ်ဝန်းသောကြောင့် သက်ရှိလောကကနေဆို မရဏကမ္ဘာထဲ လျင်မြန်စွာ သွားလာနိုင်သည်ဟု ထင်ခဲ့ဖူးသည်။
သို့သော် ယခု ကောင်းကင်နားစွင့်သူတွေက မရဏကမ္ဘာသို့ မပြန်သွားခဲ့ကြပါ။
"သခင်ငယ် ဝေ့ယွဲ့ရဲ့ အမိန့်အရ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေက မရဏတမန် မုန့်ပန့်ရှန်းကို ကြားဖြတ်ဟန့်တားဖို့ မရဏကမ္ဘာထဲမှာ ရှိရမယ်.... အခု သက်ရှိကမ္ဘာမှာ ဒီကောင်းကင်နားစွင့်သူတွေက ဘာကို ခိုးယူနေကြတာလဲ... ငါပဲ လူမှားပြီး လိုက်နေတာလား... သူတို့လည်း အဲဒီကိစ္စကို ခိုးနားထောင်နေတာ မဟုတ်ဘူးလား"
ဟေးကော်ကို မြေအောက်ကမ္ဘာထဲ ပြန်ခေါ်သွားခွင့်ပြုတော့မှာ ဖြစ်ပေမယ့် ရုတ်တရက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားပါ၏။ ဟေးကော်နဲ့ နားထောင်သူတွေအပြင် ဒီရေခဲပြင်မှာ တခြားလူတွေရဲ့ အငွေ့အသက်တွေ ရှိနေတာကို သူ ခံစားလိုက်ရသည်။
ချန်ရှီသည် ငယ်စဉ်ကတည်းက အလင်းသုံးပါးကျင့်စဥ်ကို လေ့ကျင့်ခဲ့ပြီး သူ့စိတ်ဓာတ်ကို သူနှင့် ရွယ်တူများထက် များစွာ လေ့ကျင့်ထားခဲ့သည်။ ယခု သူသည် ဧကရာဇ်ရှောင်းလန်စွမ်းရည် ကျင့်စဥ် ကဲ့သို့သော အမတအဆင့် စွမ်းရည်ကို လေ့ကျင့်ခဲ့ရာ သူ့စိတ်ဓာတ်က ပို၍ပင် တင်းမာလာခဲ့သည်။
ယခုအချိန်တွင် သူ့စိတ်ဝိညာဉ် စွမ်းအင်က ဖြာထွက်နေပြီး သူ့စိတ်နဲ့ပဲ ဆယ်မိုင်အကွာအဝေးအတွင်း အရာအားလုံးကို သူ့မျက်လုံးများဖြင့် မြင်နေရပုံရသည်။
ရေခဲနှင့် နှင်းထဲတွင် ဝှက်ထားသော လူ၄၂ ယောက်ကို ခံစားမိသည်။ ၁၂ ယောက်က အလွတ်ကြီး။
မှန်ပါသည်။ အလွတ်ကြီပင်။
သူ့ဝိညာဉ်စွမ်းအင်က အဲဒီနေရာကို ဖြတ်သွားပေမယ့် ပျောက်ဆုံးသွားသလိုပဲ ဘာကိုမှ အာရုံမခံစားနိုင်ခဲ့ပါဘူး။
ဗလာနတ္တိ၊ ဘာမှမရှိပေ။ ဒါကြောင့်လည်း ဗလာဖြစ်နေတယ်လို့ ခံစားရစေ၏။ သူ့ထက် အဆများစွာ ပိုပြင်းထန်တဲ့ ဖြစ်တည်မှုကို ရင်ဆိုင်ရတဲ့အခါမှ ဒီထူးဆန်းတဲ့ ခံစားချက် ပေါ်လာရမှာ မဟုတ်ပါလား။
"ငါခံစားနိုင်တဲ့ လူလေးဆယ့်နှစ်ယောက်က ငါ့ထက် အားနည်းတယ်လို့ မဆိုလိုဘူး... ငါ့ထက်တောင် အများကြီး သန်မာနိုင်တယ် ငါ့အသိဥာဏ်ထက် မကျော်လွန်နိုင်လို့သာ ငါသူတို့ကို ခံစားနိုင်တာ... လူတိုင်းက အနတ္တသန့်စင်နယ်ပယ် ဒါမှမဟုတ် ခန္ဓာ ပေါင်းစပ်မှုနယ်ပယ်မှာ ရှိနေရင်တောင်မှ သန့်စင်တဲ့ ခြေထောက်တစ်ရာဖြစ်တဲ့ ယန်၊ အလောင်းနတ်သုံးကောင်ကို သတ်ပစ်ခဲ့ပြီးလောက်ပြီ... သူတို့ရဲ့ စိတ်ကို သန့်စင်တဲ့ တည်ရှိမှုကို ငါ နားမလည်နိုင်ဘူး..."
"ဒီရေခဲပြင်မှာ လွတ်နေတဲ့ နေရာဆယ့်နှစ်ခု ရှိတယ်.... အဲဒါက အနတ္တပြန်ခြင်းဘုံက အနည်းဆုံး လူဆယ့်နှစ်ယောက်လောက် ရှိတယ်လို့ ပြောနေတာပဲ...."
သူ့စိတ်ထဲတွင် တိတ်တဆိတ် ပြောလိုက်သည်။ တခြား ၄၂ယောက်ကဲ့သို့ ဤ ထိပ်တန်း သခင် ဆယ့်နှစ်ပါးသည်လည်း မည်သို့မျှ လှုပ်ရှားလာခြင်း မရှိပေ။
သူတို့က တစ်ခုခုကို စောင့်ဆိုင်းနေကြတာ ထင်ရှားသည်။ သူတို့သည် ခြုံခိုစခန်းတစ်ခုကို ထူထောင်ပြီး ထိုဝိုင်းအတွင်းသို့ သားကောင် ဝင်ရောက်လာမယ့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
ကောင်းကင်နားစွငွသူများ ဒီရက်ပိုင်း နားစွင့်လာရတဲ့ အကြောင်းရင်းက ဒီတိုက်ပွဲကို စောင့်ကြည့်ဖို့ပါပဲ။
ချုံခိုစက်ဝိုင်းက မကြီးပါ။ ဆယ်မိုင်အကွာအဝေး ဆိုတာ ကျင့်ကြံသူများအတွက် အလွန်သေးငယ်သည်။ နတ်အသွင်ပြောင်းနယ်ပယ်က ကျင့်ကြံသူများ အတွက် နီးစပ်တဲ့ အကွာအဝေး ဖြစ်ကာ အနတ္တပြန်ခြင်းဘုံရဲ့ တည်ရှိမှု အတွက် ဆယ်မိုင် အကွာအဝေးဟာ အကွာအဝေး မရှိသလိုပါပဲ။
ချန်ရှီ သေချာစိုက်ကြည့်ရင်း ငြိမ်သက်စွာဖြင့် ပြန်ဆုတ်သွားခဲ့သည်။
ဆယ်မိုင်လောက်ဝေးတဲ့ ကင်းစခန်းမှာတော့ အဖြူရောင်ဝတ်လုံနဲ့ အဘိုးအိုတစ်ယောက်ဟာ တစ်ခုခုကို စောင့်မျှော်နေပုံဖြင့် လေနဲ့ နှင်းတွေကြားမှာ ငြိမ်သက်စွာ ထိုင်နေပါ၏။
"ဦးလေး၆... ကောင်းကင်နားစွင့်သူတွေ ဒီရောက်နေကြပြီ!"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျင်မြန်စွာ ရောက်ရှိလာပြီး တိုးတိုးလေးပြောသည်။
"ဒီနားမှာ ငရဲနတ်တစ်ကောင်နဲ့ ခွေးနက်တစ်ကောင်လည်း ရှိနေတယ်"
အဖြူရောင်ဝတ်ရုံဝတ် အဘိုးကြီးက ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေ၏။
"ခွေးနဲ့ ငရဲနတ်လား?"
သူက အနတ္တပြန်ခြင်းနယ်ပယ် ဖြစ်သည်။ အနှီနယ်ပယ်ရဲ့ ဘုံသည် ယင်နှင့်ယန် ကမ္ဘာများကို ပိုင်းခြားစေမည်ဖြစ်ပြီး မရဏကမ္ဘာရှိ သရဲတစ္ဆေများနှင့် နတ်ဘုရားများက အနတ္တပြန်ခြင်းဘုံကို မြင်နိုင်စေကာ ချောင်းမြောင်း တိုက်ခိုက်လာတာမျိုးကို ဖော်ထုတ်နိုင်စေမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ဘာစွမ်းအင်ကိုမှ အသုံးမပြုဘဲ ဤနေရာတွင် ထိုင်နေသဖြင့် ချန်ရှီနဲ့ ဟေးကော် ရောက်ရှိလာသည်ကို သတိမထားမိဘဲ လူလတ်ပိုင်းလူရွယ်ရဲ့ သတိပေးချက်ကို လိုအပ်နေခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ဆက်ပြောသည်။
"ခွေးနက်က ချန်မိသားစုရဲ့ ခွေးပါ.... ငရဲနတ်ကလည်း ချန်ရှီလို့ ကျွန်တော်ထင်တယ် အဲဒါကို ဘယ်လိုဖြေရှင်းရမလဲ?"
"ချန်ရှီ?"
အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး မေးသည်။
"ဒီချန်ရှီက ငါတို့ကို ရန်ငြိုးထားနေတာလား?"
သူ အမိန့်ပေးခါနီးတွင် လူလတ်ပိုင်းအမျိုးသား၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။
"ငရဲနတ်က ခွေးနဲ့အတူ ပြန်ဆုတ်သွားပြီ"
၀တ်ရုံဖြူဝတ် အဘိုးကြီးလည်း သက်ပြင်းချမိသည်။ မလိုအပ်ရင် သူလည်း ချန်ရှီကို မနှိုးဆော်ချင်ပါဘူး။
ချန်ရှီက လုံလောက်အောင် ကြံ့ခိုင်မှု မရှိသေးပါ။ သူတို့ထဲက တစ်ယောက်ယောက်က ချန်ရှီကို သတ်နိုင်ပေမယ့် ပြဿနာက သတ်လိုက်ရင် ချန်ရှီရဲ့ ခန္ဓာကိုယ်ထဲမှာ ဝှက်ထားတဲ့ နတ်ဆိုးတွေက တွားသွားလာပြီး မကောင်းမှုပြုဖို့ ဒီအခွင့်အရေးကို အရယူကြလိမ့်မည်။
အဲဒါက ပိုင့ကိုင်တွယ်ရခက်လိမ့်မယ်။
"သူ ငါတို့ကို မနှောင့်ယှက်ရင် လွှတ်ထားလိုက်ပါ..." ဝတ်ရုံဖြူဝတ် အဖိုးအိုက ပြောသည်။
ချန်ရှီသည် မိုင်ပေါင်းများစွာ ဆုတ်ခွာသွားကာ ထိုသခင်များက သူ့ကို တိုက်ရိုက် မတိုက်ခိုက်ကြောင်း တွေ့လိုက်ဂသောကြောင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒီတိုက်ပွဲက အဲဒီလူတွေအတွက် အရမ်းအရေးကြီးပုံပဲ... သူတို့ ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားလို့ မရဘူး သူတို့ရဲ့ ခြုံခိုဝိုင်းထဲကို ငါမဝင်ခဲ့ဘူး အဲဒါကြောင့် သူတို့ ငါ့ကို လွှတ်လိုက်တာ"
သို့သော် မိုင်ပေါင်းများစွာ ဆုတ်ခွာနေရင်တောင် မလုံခြုံသေးပါ။ ချန်ရှီသည် အနှီခြုံခိုဝိုင်းမှ မိုင် ၂၀ မှ ၃၀ အကွာအထိ ဆုတ်ခွာသွားခဲ့သည်။ ဤအကွာအဝေးက မရဏကမ္ဘာထဲသို့ သွားရန်ပင် မလုံခြုံသေးပေ။ အနတ္တပြန်ခြင်းဘုံရှိ အားကြီးသော မှော်ပညာသည် မရဏကမ္ဘာသို့ တိုက်ရိုက် ရောက်ရှိနိုင်သည်။
လုံခြုံဖို့ သူ ဒီထက်ပိုပြီး သွားရမည်။
"ရပြီ! ဟေးကော် သွားကြရအောင်!"
"ဟူး--"
လေအေးက တိုက်ခတ်လာပြီးနောက် ဟေးကော်သည် ချန်ရှီနှင့်အတူ မရဏကမ္ဘာထဲသို့ ကျသွားခဲ့သည်။
ချန်ရှီ လေထဲမှ ပြုတ်ကျသောအခါ ဟေးကော် ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားလာတာ တွေ့လိုက်ရပြီး တခဏချင်းတွင် တောင်တစ်တောင်လို ဧရာမ ဘီလူးကြီး ဖြစ်သွားသည်။ ဒီမြင်ကွင်းက သူ့ကို အနည်းငယ် စိတ်လှုပ်ရှားစေပြီး ကောင်းကင်ကို မော့ကြည့်လိုက်မိ၏။
"သက်ရှိကမ္ဘာမှာ ခြုံခိုတိုက်ခိုက်ချင်တဲ့ လူတွေက ဆယ်မိုင်လောက်ရှိတဲ့ စက်ဝိုင်းကို ဖွဲ့စည်းထားတယ်... ဆယ်မိုင်အကွာအဝေးက မရဏကမ္ဘာမှာ အရမ်းကြီးနေပြီ... မိုင်ရာနဲ့ထောင်ချီတောင် ဖြစ်နိုင်တယ် သူတို့ရဲ့ ပစ်မှတ်က သက်ရှိကမ္ဘာက လူတွေမဟုတ်ဘဲ မရဏကမ္ဘာက သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေလား... သူတို့တွေက ယန်မိသားစုရဲ့ သခင်တွေများလား"
ဟေးကော် မှော်မီးကို နင်းပြီး အမတမြို့ဆီသို့ ပြေးသွားခဲ့သည်။ ချန်ရှီရဲ့ မျက်လုံးများက တောက်ပလာလျက်။
ယန်မိသားစုတွင် အနတ္တပြန်ခြင်းဘုံက လူတွေအများကြီး ရှိနေတာလား။
အနတ္တပြန်ခြင်းဘုံ လူဆယ့်နှစ်ယောက် ဆိုတာ အလွန်များသည်။
"သူတို့ ချောင်းကြည့်မယ့်လူက မရဏတမန် မုန့်ပန့်ရှန်း ဖြစ်နိုင်လား။ တစ်ခုခုတော့ မှားနေပြီ... ယန်မိသားစုက မုန့်ပန့်ရှန်း ဒီလမ်းကို သေချာပေါက် ဖြတ်သွားမယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
သူ့စိတ်က လျင်မြန်စွာ ပြောင်းလဲသွားသည်။ ဒီအချိန်မှာ လေအေးက လေချွန်သံတွေ ထုတ်လွှတ်ကာ စက္ကူပိုက်ဆံတွေက ကောင်းကင်မှာ ပျံ့လွင့်နေ၏။ ၎င်းတို့သည် ကြေးနီဒင်္ဂါးများနှင့် စက္ကူပုံသဏ္ဍာန်ဖြင့် ဖြတ်ထားသော စက္ကူငွေများဖြစ်သည်။ ၎င်းက လေအေးအေးဖြင့် ရှေ့သို့ ပြေးသွားရင်း မရေမတွက်နိုင်သော ငွေစက္ကူများက လမ်းတစ်ခု ဖြစ်ပေါ်လာသည်။
ဦးခေါင်းကြီးပြီး အကောင်သေးသေးလေးရှိတဲ့ မီးနွားနှစ်ကောင်သည် အဝေးကနေ ရထားလုံးတစ်စီးကို ဆွဲထုတ်လာကာ အဲဒီငွေစက္ကူလမ်းပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာခဲ့သည်။
နွားနှစ်ကောင်၏ နှာခေါင်းမှ မီးခိုးများထွက်နေကာ မျက်လုံးများသည် လျှပ်စီးလက်သလို တောက်ပနေသောကြောင့် အလွန်ကြီးကျယ်ခမ်းနားလှသည်။ ရံဖန်ရံခါ သူတို့ဟောက်သံက မိုးခြိမ်းသံကဲ့သို့ပင်။ မိုးကြိုးပစ်သလိုမျိုး သူတို့ရဲ့အရှိန်ကလည်း အံ့မခန်းပါပဲ။
ရထားလုံးထိပ်၌ မြတ်သော မျက်နှာထား၊ မျက်နှာစိမ်းနှင့် အစွယ်မရှိသော မရဏတမန်သည် မွှေးပျံ့သော နံ့သာပေါင်းနှင့်အတူ လေထဲတွင် နတ်ဘုရားတစ်ပါးသဖွယ် ထိုင်နေ၏။ ရထားလုံး၏ အရပ်လေးမျက်နှာ၌ တစ္ဆေနတ်ဘုရား လေးပါး၊ နွားခေါင်းတစ္ဆေနှင့် မြင်းမျက်နှာတစ္ဆေ တမန်တို့လည်း တည်ရှိနေသည်။
ရထားလုံးပေါ်တွင် "မုန့်" ဟူသော စာလုံးဖြင့် အလံတစ်ခု ချိတ်ဆွဲထားသည်။
"မရဏတမန် မုန့်ပန့်ရှန်း!"
ချန်ရှီ သူ့ပါးစပ်ကို ဖွင့်ဟပြောချင်သော်လည်း ထိန်းထားလိုက်သည်။
မရဏတမန် မုန့်ပန့်ရှန်းကလည်း ရထားလုံးပေါ်မှ ခေါင်းလှည့်ကာ ဟေးကော်ကို အံ့သြသည့် အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ရထားလုံးက မရပ်ဘဲ ငွေစက္ကူလမ်းအတိုင်း ပြေးထွက်သွားခဲ့သည်။
ရုတ်တရက် ကြီးမားသော ဘီးဓားကြီးသည် လျင်မြန်စွာ လှည့်၍ ပြေးလာပြီး ရထားလုံးတွဲနှင့် မီးတောက် နွားတစ္ဆေများကို ခုတ်ထစ်လိုက်သည်။ မုန့်ပန့်ရှန်းနဲ့ တစ္ဆေနတ် လေးကောင်သည် မီးတောက်နွားတွေနဲ့ ရထားလုံးကို ဖြတ်ထုတ်လိုက်ကတည်းက ဓားဘီးကို ရှောင်သွားကြသည်။
ဓားဘီးသည် လေးငါးဧကခန့် ကြီးမားပြီး အသစ်အတိုင်း တောက်ပြောင်နေသော်လည်း အပြင်ဘက်အစွန်းသည် ချွန်ထက်သော ဓားသွားဖြစ်ကာ ဘီးအတွင်းပိုင်းက ချွန်ထက်သော သွားများနှင့် တူပေသည်။
ဓားဘီးသည် လေချွန်သံနဲ့အတူ လှည့်သွားကာ ချန်ရှီကိုဖြတ်ပြေးကာ မည်းမှောင်နေသော တိမ်တိုက်ထဲသို့ ထိုးကျသွားသည်။
မည်းမှောင်နေသော တိမ်တိုက်ကြီးသည် ကြောက်မက်ဖွယ် အရှိန်ဖြင့် အနောက်မှ ထွက်ပေါ်လာသည်။ တိမ်မည်းမည်းကြီးက အင်မတန် မည်းမှောင်နေပြီး ၎င်းနောက်က ရှည်လျားသော မြစ်တစ်စင်းက လေထဲတွင် လှိုင်းထနေသည်။ လှေငယ်များက မြစ်ထဲသို့ မျောပါသွားကြသည်။ လှေပေါ်တွင် လူသတ်ချင်နေသော ရည်ရွယ်ချက် အပြည့်ဖြင့် မြင်းမျက်နှာ သရဲတစ္ဆေ တစ်စု ရပ်နေသည်။ သူတို့သည် တစ္ဆေစစ်သူကြီး မုန့်ပန့်ရှန်းကို လိုက်နေသည့် တစ္ဆေတမန်များသာ ဖြစ်ပေ၏။
တစ္ဆေတမန်များထဲမှ တစ်ဦးက သူ့လက်ထဲတွင် ထူးဆန်းသောလက်နက်ကို ကိုင်ဆောင်ထားကာ ဓားဘီးကို ထိုလက်နက်ပေါ်တွင် ထည့်သွင်းထားသည်။
တစ္ဆေတမန်က ထူးဆန်းသော လက်နက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ရှည်လျားသော မြစ်ရေသည် ရုတ်တရက် လေထဲတွင် အရှိန်တက်လာပြီး မုန့်ပန့်ရှန်းရှေ့ ပြေးလာလေသည်။ လှေငယ်များက မြစ်ထဲ ဖြတ်သွားကြသည်။ ထိပ်တန်း တစ္ဆေတမန်က ဓားဘီးကို လှည့်လိုက်ရာ ဓားဘီးများက မုန့်ပန့်ရှန်းနဲ့ တစ္ဆေတမန်တို့ဆီ ဖြတ်ပြေးသွား၏။
အခြား တစ္ဆေခြောက်ယောက် သို့မဟုတ် ခုနစ်ယောက်က ကလေးကောင်းကင် ဝိညာဉ်မီးခွက်ကို တစ်ချိန်တည်းတွင် အသက်သွင်းလိုက်သည်။ အလင်းမှုန်များ လင်းလက်လာပြီး သူတို့၏ ဝိညာဉ်များကို မလှုပ်ရှားနိုင်အောင် သို့မဟုတ် မလွတ်မြောက်နိုင်အောင် ထိန်းချုပ်ပစ်သည်။
"မင်းတို့လည်း ငါ့ကို သတ်ချင်နေတာပဲ တရားလွန်နေပြီ!"
မုန့်ပန့်ရှန်း အော်လိုက်ပြီးတာနဲ့ သူ့ရဲ့ ထူးခြားတဲ့ စွမ်းအားတွေ ထွက်လာကာ ဓားဘီးကို ပိတ်ဆို့ဖို့ လက်ကို မြှောက်လိုက်သည်။ တခြား မရဏတမန်လေးယောက်ကိုလည်း ကာကွယ်ရင်း မြစ်ရှည်ထဲကနေ ပြေးထွက်သွားခဲ့သည်။
"ဝေယွဲ့ ဘယ်မှာလဲ...ငါ့ကို သတ်လိုက်တာနဲ့ တစ္ဆေ နတ်ဘုရားတွေ စကားပြောတာကို တားနိုင်မယ် ထင်နေလား"
သူ့ရဲ့တိုက်ပွဲ စွမ်းအားက အလွန် အံ့သြဖွယ်ကောင်းသည်။ လက်ညှိုးကို ပွတ်ဆွဲလိုက်တာနဲ့ ဓားဘီးက နောက်ပြန်ဆုတ်သွားကာ မရဏတမန်တစ်ကောင်ကို ထိသွားသဖြင့် ထိုတမန်၏ လှေသည် နောက်ပြန်လျှောကျကာ အခြားလှေကို တိုက်မိသွားခဲ့သည်။
ထိုအချိန်တွင် မရဏတမန် နှစ်ယောက်က ကျယ်လောင်စွာ ရယ်မောကာ နံဘေးမှ ထွက်လာခဲ့သည်။
"မုန့်ပန့်ရှန်း... မင်းအချိန်ကို မင်း မသိပါဘူး.... မရဏတမန်တံဆိပ်ကို လွှဲပေးပြီး နာခံတတ်တဲ့ မရဏတမန်ကို ရွေးလိုက်တာ ပိုကောင်းမယ်!"
ထိုနှစ်ယောက်က အလွန်အစွမ်းထက်မြက်၏။ သူတို့က မုန့်ပန့်ရှန်းကို ဝိုင်းထားကာ များမကြာမီတွင် သူ့ကိုသတ်နိုင်အောင် အကြိမ်ကြိမ် အနိုင်ယူတော့မည်။ နွားခေါင်းနှင့် မြင်းမျက်နှာရှိသော တမန်လေးဦးကိုလည်း အခြားတမန်များက ဝိုင်းထားကြသည်။
မုန့်ပန့်ရှန်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရပြီး ရုတ်တရက် အခြား မရဏတမန် သူ့ကိုသတ်ဖို့ သူ့လူတွေကို အချက်ပြရင်း ရယ်မောလိုက်သည်။
"မုန့်ပန့်ရှန်း... မင်းက ရည်မှန်းချက်ကြီးတယ် ပုန်ကန်ပြီး ထီးနန်းကို သိမ်းပိုက်ဖို့ အရှင်ချင်းထျန်းကို သတ်ပစ်လိုက်တယ်... ဒီနေ့ မင်းရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ပြီး မင်းကို သတ်ပစ်မယ်"
မုန့်ပန့်ရှန်းဟာ အားနည်းနေပြီ ဖြစ်ပြီး ယခု တဖြည်းဖြည်း ရိုက်နှက်ခံလာရသည်။ မရဏတမန် လေးယောက်တို့သည် လေထဲ၌ တိုက်ပွဲဝင်နေပြီး အဝေးမှ ကင်းတပ်စက်ဝိုင်းဆီသို့ ဦးတည်သွားနေကြသည်။
ဟေးကော်သည် မတုန်မလှုပ်နှင့် တိုးတိုးလေး ပြောနေသော ချန်ရှီကို ကြည့်လိုက်သည်။
"ခဏစောင့်...ဒီမှာ တစ်ခုခုထူးဆန်းနေတယ်လို့ ခံစားရတယ်"
ရုတ်တရက် နွားဦးခေါင်းပါသော မရဏတမန်တစ်ဦးသည် မုန့်ပန့်ရှန်း အတွက် ပြင်းထန်သော ထိုးနှက်ချက်အား ပိတ်ဆို့ပေးထားခဲ့ရာ အပိုင်းပိုင်း အရိုက်ခံရပြီးနောက် လေထဲမှ ပြုတ်ကျကာ မဝေးလှသော နေရာက ချန်ရှီရှေ့ကို ကျလာခဲ့သည်။
"ဝုတ်!"
"ခဏစောင့်ဦး... ဒီမှာ တစ်ခုခု ထူးဆန်းနေတယ်လို့ပဲ ခံစားနေရတယ်..."
စကားမဆုံးမီတွင် ဓားဘီးက ပျံသန်းလာကာ နွားခေါင်းတစ္ဆေတမန်၏ လည်ပင်းကို ဖြတ်ကာ တစ္ဆေတမန်၏ ဦးခေါင်းကိုပါ ချက်ချင်း ဖြတ်ထုတ်ပစ်လိုက်သည်။
"ဝုတ် ဝုတ်!" ဟေးကော် ဒေါသတကြီးနဲ့ ဟောင်လိုက်သည်။
ချန်ရှီ တုံ့ဆိုင်းနေပြီး :"သက်ရှိလောကရဲ့ ခြုံခိုတိုက်ခိုက်မှုက မုန့်ပန့်ရှန်းကို ရည်ရွယ်တာ မဟုတ်ဘူးလို့ အမြဲခံစားရတယ်။ ငါကပဲ သံသယဖြစ်လွန်းနေတာလား...."
မုန့်ပန့်ရှန်းသည် ကျန်တစ္ဆေတမန် သုံးဦးတို့သည် တိုက်ခိုက်ပြီးနောက် ဆုတ်ခွာသွားသည်။ ချန်ရှီက ၎င်းတို့ကြား စွက်ဖက်ခြင်းမရှိဘဲ အဝေးမှ ဖြည်းညှင်းစွာ လိုက်သွားခဲ့သည်။
၎င်းတို့သည် မိုင်ထောင်ချီ၍ တိုက်ပွဲဝင်ခဲ့ပြီး မုန့်ပန့်ရှန်းကို ကာကွယ်ရန်အတွက် နောက်ထပ် တစ္ဆေတမန်နှစ်ဦး သေဆုံးခဲ့သည်။ ကျန်မြင်းမျက်နှာရှိ သရဲတမန်သည်လည်း ဒဏ်ရာရှိပြီး အချိန်မရွေး သေဆုံးသွားနိုင်သည်။ မုန့်ပန့်ရှန်းဟာ ဒါဇင်ပေါင်းများစွာသော ဒဏ်ရာများ ဖုံးလွှမ်းနေသဖြင့် မောပန်းနေပြီ ဖြစ်သည်။
ဟေးကော် ချန်ရှီကို စိုက်ကြည့်လိုက်သည်။
"ငါ သူ့ကို တကယ် နားလည်မှုလွဲနေတာလား... သူ အဲ့ထဲဝင်သွားတာကို ထိုင်ပြီး စောင့်ကြည့်နေလို့တော့ မရဘူး..."
ဟေးကော် စိတ်လှုပ်ရှားနေပြီး လှုပ်ရှားဖို့လုပ်တော့မယ့် အချိန်မှာ ရုတ်တရက် အသက်ပြင်းပြင်း ရှူသံနဲ့အတူ အဝေးက ပြေးလာနေတဲ့ အသံကျယ်ကြီးကို ကြားလိုက်ရလေသည်။
"အစ်ကိုမုန့် မထိတ်လန့်ပါနဲ့... ဖြောင့်မတ်တဲ့လူကို ကယ်တင်ဖို့ တရားသူကြီး ဝမ်ဖူ လာနေပြီ!"
ချန်ရှီ အလွန်စိတ်လှုပ်ရှားသွားပြီး ဟေးကော်ကို မလှုပ်ရှားသေးဖို့ အချက်ပြခဲ့သည်။ ဝတ်လုံနီတစ္ဆေက ဦးဆောင်လာသော သရဲသုံးကောင် ပြေးလာနေ၏။
အဝေးမှ စိတ်လှုပ်ရှားနေသော အသံကလည်း ထွက်လာသည်-
"အစ်ကိုဝမ်... မင်းသေသွားပြီလို့ ငါထင်နေတာ... ငါက ငရဲဘုရင်ရဲ့ စစ်ဗိုလ်ဟောင်းထဲမှာ တစ်ယောက်ပဲ ကျန်တော့တယ်လို့ ထင်နေတာ မင်း အသက်ရှင်နေသေးမယ်လို့ မမျှော်လင့်ထားဘူး ကောင်းတယ် အရမ်းကောင်းတယ်!"
နောက်ထပ် သရဲတစ္ဆေ လေးကောင်နှင့် နတ်စိမ်းတစ္ဆေတို့ ဝိုင်းရံကာ လူသတ်ချင်နေသော ရည်ရွယ်ချက်အပြည့်ဖြင့် ဤနေရာသို့ ပျံသန်းလာကြသည်။ ထိုတစ္ဆေစိမ်းနတ်ဘုရားကလည်း ဆို၏။
"မထိတ်လန့်ပါနဲ့ လူကြီးမင်းမုန့်... တရားသူကြီး ကျာယွမ်ကလည်း လာကူညီနေပါပြီ!"
ဝိညာဉ်တစ်ကောင်ကို လိုက်ဖမ်းသည့် တရားသူကြီး ဝမ်ဖူလည်း အံ့အားသင့်ပြီး ပျော်ရွှင်သွားသည်။ ထိုအချိန်တွင် ရယ်မောနေသော နောက်ထပ်အသံကို ကြားလိုက်ရသည်-
"ငါ့ညီအစ်ကိုနှစ်ယောက်... ကပ်ဆိုးကြီးပြီးရင် မင်းတို့ကို ပြန်တွေ့ရမယ်လို့တောင် မထင်ခဲ့မိဘူး! လူကြီးမင်းမုန့်ရေ... ဓားတောင်တန်းက တရားသူကြီး ကျူ့ရွှင့်ကလည်း ကူညီဖို့ ဒီမှာလာနေပါပြီ!"
တရားသူကြီးသုံးဦးသည် ၎င်းတို့၏လူများကို ရန်သူ့အား တိုက်ခိုက်ရန် ဦးဆောင်လာခဲ့ပြီး မုန့်ပန့်ရှန်းကို ပြန်လည် ပို့ဆောင်ပေးနေသော မရဏတမန် သုံးဦးကိုပင် ထိတ်လန့်စေခဲ့သည်။
တရားသူကြီး သုံးယောက် တွေ့ဆုံပြီးနောက် တစ်ယောက်ကို တစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောပြလိုက်ကြသည်။
တရားသူကြီး ဝမ်ဖူက ဆိုသည်။
"အရှင်ချင်းထျန်းက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတဲ့ အချိန်တုန်းက ငါတို့ကို ထွက်ပြေးပြီး အခွင့်အရေးကို စောင့်ရမယ်လို့ ချက်ချင်း အရိပ်အမြွက် ပြောခဲ့တယ်... ငါ့အထောက်အထားကို ငါဝှက်ထားတာ နောက်တော့ တရားသူကြီး တော်တော်များများ သေတယ်၊ ဒဏ်ရာရတယ်၊ ပျောက်ဆုံးနေတယ်၊ အရမ်းစိုးရိမ်တယ်လို့ ကြားလိုက်ရတယ်... မရဏကမ္ဘာမှာ ငါ တစ်ယောက်တည်း ကျန်ခဲ့တယ်လို့ ထင်နေတာ... ငါ့ညီအစ်ကိုနှစ်ယောက်နဲ့ ပြန်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး..."
တရားသူကြီး သုံးယောက်က အဆင့်ဆင့် ချဉ်းကပ်လာကြသည်။ အပြစ်ပေး တရားသူကြီး ကျာယွမ်က ရယ်ပြီး။
"မရဏတမန်မုန့် အကြောင်းသာ ငါမကြားခဲ့ရင် အခုထိ ဖုံးကွယ်ပြီး ပေါ်လာမှာ မဟုတ်ဘူး... လူကြီးမင်းမုန့်က အရမ်းဖြောင့်မတ်တယ် လူဆိုးလက်ထဲမှာပဲ သေသွားမှာကို ထိုင်ကြည့်နေလို့ မရဘူးလေ!"
ဓားတောင်ရဲ့တရားသူကြီး ကျူ့ရွှင့်က ဆိုလာသည်။
"ဒီနေ့ လူကြီးမင်းမုန့်ကို ကယ်ပြီး ငါတို့ အတူတူ မူးတဲ့အထိ သောက်ကြမယ်!"
ဤအခိုက်အတန့်တွင် ရယ်သံတစ်ခုထွက်လာသည်- "မင်းတို့သုံးယောက် ရှေ့ဆက်သွားရင် ကင်းတပ်ဝိုင်းထဲ ရောက်သွားလိမ့်မယ်... အဲဒီကျရင်တော့ မင်းတို့အတူတူ မူးရုံတင်မကဘဲ အတူတူပါ သေကုန်လိမ့်မယ်!"
ကျာယွမ်ရဲ့ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး အသံ၏ ဦးတည်ရာကို ကြည့်လိုက်ရာ ခပ်ဝေးဝေးရှိ ခွေးဘီလူးကြီး၏ နဖူးပေါ်၌ ရပ်နေသော ငရဲနတ်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
ငရဲနတ်ကြီးသည် ထူးဆန်းသော မျက်နှာမျိုးရှိပြီး သူဘယ်သူလဲ မမှတ်မိစေနိုင်ပေ။
"ညီလေး မင်း ဘာကိုဆိုလိုတာလဲ"
ကျာယွမ်က စိတ်ရှည်ရှည်နဲ့ မေးလိုက်သည်။
ချန်ရှီက ပြုံးလျက်။
"ဘာလို့ မရဏတမန်မုန့်ကို မမေးတာလဲ"
တရားသူကြီးသုံးယောက်က မုန့်ပန့်ရှန်းကို အတူတူ ကြည့်လိုက်ကြပြီး။
ဝမ်ဖူ: "အစ်ကိုမုန့် မင်းရဲ့အခက်အခဲက ဘာလဲ... မင်း တိုက်ရိုက်ပြောလို့ ရတယ်"
မုန့်ပန့်ရှန်း: "တာအို ညီအကို သုံးယောက်... ငါ့ကို ကယ်ဖို့ မလိုဘူး... မင်းတို့ရဲ့ ခွန်အားကို သုံးပြီး အရှင်ချင်းထျန်း ပြန်လာမှာကို စောင့်နေလိုက်ပါ!"
စိတ်ဝိညာဉ်လိုက်ဖမ်းသည့် တရားသူကြီး ဝမ်ဖူက အပြင်းထန်ဆုံး ဖြစ်ပြီး ချက်ချင်းပင် ရှေ့သို့ ပြေးသွားလိုက်သည်။
"စိတ်မပူပါနဲ့.... မင်းပြန်ပေးဆွဲခံရတာကို ဘယ်တော့မှ ထိုင်ကြည့်နေမှာ မဟုတ်ဘူး!"
ကျာယွမ်က သူ့လက်ကို အမြန် လှမ်းဆွဲထားလိုက်သည်။
"အစ်ကိုဝမ် ဒီညီလေးငရဲနတ် ပြောတာကို အရင် နားထောင်ကြည့်ရအောင်"
ချန်ရှီက ပြုံးပြီး :"ဘာလို့ ငါ့စကားကို နားထောင်တာလဲ.... မင်းတို့ရဲ့ ညီအစ်ကိုကောင်း မုန့်ပန့်ရှန်း ပြောတာကို ဘာလို့ နားမထောင်တာလဲ"
မုန့်ပန့်ရှန်း : "သွားတော့!"
တရားသူကြီး ကျဲယွမ်နဲ့ ကျူ့ရွှင့်က လုံးဝ မလှုပ်ကြချေ။ ဝမ်ဖူသည် လူများကို ကယ်တင်ရန် မရဏတမန်များကို သတ်ပစ်ချင်သော်လည်း ကျာယွမ်က တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားခဲ့သည်။
မုန့်ပန့်ရှန်း: "ငါ့ကို စိတ်မပူပါနဲ့ အရှင်ချင်းထျန်း အတွက် ရေနဲ့ မီးနဲ့ ဖြတ်မယ်... ဟားဟားဟား... သူတို့ လှည့်စားခံရမှာ မဟုတ်ဘူး!"
သူ ရုတ်တရက် ရယ်မောလိုက်ပြီးနောက် သူ့ကို ကျောခိုင်းနေသော မရဏတမန် သုံးယောက်ကိုလည်း လွှတ်လိုက်ပြီး ရယ်ချလိုက်သည်။
"ဒီနေ့ ကိုယ့်ကိုကိုယ် နှိပ်စက်ညှဉ်းပန်းပြီး လှည့်ဖြားလိုက်တာက မရဏနယ်မြေ သုံးခုရဲ့ အကြွင်းအကျန်တွေ ထွက်လာအောင် တကယ် လုပ်နိုင်ခဲ့တာပဲ... မင်းတို့ကို မသုတ်သင်နိုင်ခဲ့ရင် သခင်ဝေ့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နန်းတက်ပြီး မရဏနိုင်ငံသစ် ဖြစ်လာအောင် ဘယ်လိုလုပ် လုပ်နိုင်တော့မှာလဲ?"
မုန့်ပန့်ရှန်းက သူ့ခါးကို တည့်တည့်မတ်မတ် မတ်မတ်ထားပြီး ဟေးကော်ရဲ့ ခေါင်းပေါ် ချန်ရှီရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။
"မင်းက ချန်ရှီလား? သူတို့ ကင်းတပ်ဝိုင်းထဲ မဝင်ရင် ငါတို့က သူတို့ကို ရှာလို့ မရတော့ဘူးလို့ မင်းထင်နေတာလား..."
ချန်ရှီရဲ့ မျက်နှာထားက ရုတ်ချည်း ပြောင်းလဲသွားသည်။
"ဟေးကော် ပြေး!"
ဤအခိုက်အတန့်တွင် ကောင်းကင်မှ အနတ္တပြန်ခြင်းဘုံ ဆယ့်နှစ်ခုသည် ယင်နဲ့ယန်ဘုံကိုဖြတ်ကာ ဝိုင်းရံလာတော့သည်။