← Chapters

စစ်မှန်သောဘုရင်ခေတ်၏ အဆုံးသတ်၊ ဘေးဆိုးအဆင့်

Vol. 23 Ch. 329

စစ်မှန်သောဘုရင်ခေတ်၏ အဆုံးသတ်၊ ဘေးဆိုးအဆင့်

Vol. 23 Ch. 329

ချန်ရှီသည် မရဏကမ္ဘာသို့ ပြန်ရောက်ပြီးနောက် ဟေးကော်နှင့် အတူ ကျောက်​ပြား ချထားသည့် နေရာကို ပြေးသွားခဲ့သည်။

"ဟေးကော်! အဘိုးတုက လူဆိုးငါးယောက်ထဲမှာ သူ့ကိုယ်သူ ဖယ်ထုတ်လိုက်တယ်လို့ ပြောခဲ့တယ်နော်... ဒါပေမဲ့ ဦးလေးအားကျိုးနဲ့ အဘွားရှားတုန်းကလည်း ဒီအကြောင်းပြောတော့ သူတို့အားလုံးက လူဆိုးငါးယောက်ထဲမှာ အဘိုးတုက အသက်အကြီးဆုံး... ပထမအဆင့်လို့တောင် ပြောတယ်...."

"ဝုတ်!"

ချန်ရှီက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"မင်းပြောတာမှန်တယ်... သူတို့အားလုံးက သူတို့ကိုယ်သူတို့ အပြစ်ကနေ ရုန်းထွက်ချင်​နေကြတာပဲ.. အဲဒါကြောင့် လူဆိုးငါးယောက်ပဲ ရှိနေတာ... တစ်ယောက်ကပြောတိုင်း ခြောက်ယောက်ရှိတယ်လို့ ဘယ်တော့မှ ဝန်မခံဘူး။ သူတို့အားလုံးမှာ အကြောင်းပြချက် ကိုယ်စီရှိကြပေမယ့် နောက်တစ်ခုက ငါ့အဘိုးက လူဆိုးငါးခြောက်ယောက်ရှိတယ်လို့ မပြောခဲ့ဖူးဘူး... သူတို့ကလည်း လူဆိုးတွေလို့ မထင်ပါဘူး"

"ဝုတ် ဝုတ် ဝုတ်!"

"ဟုတ်တယ် အဘိုးက လူဆိုးမဟုတ်ဘူး!"

ချန်ရှီ အဲဒီအချက်ကို ပြင်ပေးခဲ့ပြီးတော့ သူ့မျက်ခုံးတွေက စိုးရိမ်တကြီး ဖြစ်သွားပြန်သည်။

"ဒါပေမယ့် နောက်တစ်ခုက အဘိုးတုနဲ့ တခြားသူတွေ ပြောခဲ့တဲ့ လူဆိုးငါးယောက်က ဘယ်လိုပဲ ပြောင်းလဲသွားပါစေ သူတို့အားလုံးက ငါ့အဘိုးကို ခေါ်သွားကြတာပဲ... အဘိုးရဲ့ ဂုဏ်သိက္ခာကို သူတို့ ဖျက်ဆီးပစ်လိုက်တာ!"

နေရာတိုင်း၌ ကျောက်ပြားများ မတ်တတ်ရပ်နေသော နေရာသို့ ရောက်လာခဲ့သော်လည်း တရားသူကြီးသုံးဦးကို ရှာမတွေ့ခဲ့ပေ။

ချန်ရှီ အံ့သြသွား၏။

"သူတို့သွားပြီလား..."

အဆိပ်မသင့်သေးသော ကျောက်ပြားကို ရှာဖို့ ပြေးသွားလိုက်သောအခါ ကျောက်ပြားကလည်း ပျောက်ကွယ်သွားပြီ။

"ကျောက်စာမှာ ယန်ရှစ်ကျုံးရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းနှစ်တွေကို ရေးထွင်းထားပေမယ့် အချိန်တွေက ကုန်သွားပြီ အဲဒါက အလုပ်ဖြစ်သေးပါ့မလား?"

ချန်ရှီ တစ်ယောက်တည်း တွေးနေမိသည်။

သူသည် ဤမထိရောက်သော ကျောက်ပြားကိုယူ၍ သင်္ချိုင်းဂူ ကျောက်တုံးပေါ်ရှိလူသည် သေဆုံးသွားသည် သို့မဟုတ် အသက်ရှင်နေသေးသည်ရှိမရှိကို သိနိုင်ရန် အနတ္တလေဟာပြင်ဘုံက ထိုမဟာသခင်ကို ရှာတွေ့ချင်သွားသည်။

ချန်ရှီ ထွက်သွားပြီးနောက် အမတမြို့သို့ ပြန်သွားခဲ့သည်။

သူသည် ချန်ယင်တူးရဲ့ ယွမ်ချန်နန်းတော်သို့ ပြန်သွားပြီး တားမြစ်ထားသော ကမ္ပည်းပြားကို အသက်သွင်းကာ နန်းတော်ထဲသို့ ဝင်သွားသော်လည်း လှေသမလေးရဲ့ ခန္ဓာကိုယ်အစစ်အမှန်မှာ မလှုပ်မယှက် ထိုင်နေသေးသည်ကို မြင်လိုက်ရသည်။

ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာ၏။

"အဘိုးရဲ့အိမ်နီးချင်းလား"

သူထ၍ တံခါးကိုဖွင့်ရန် သွားလိုက်သောအခါ တံခါးအပြင်ဘက်တွင် ရပ်နေသော လူလေးသုံးယောက်ကို တွေ့လိုက်ရသည်။ တစ်ယောက်က နွားခေါင်းတစ္ဆေ၊ တစ်ယောက်က မြင်းမျက်နှာတစ္ဆေ၊ နောက်တစ်ယောက်မှာ ငရဲနတ်ငယ် ဖြစ်သည်။

ဤတစ္ဆေလေးသုံးကောင်သည် လက်ထဲတွင် ပုံးများ ကိုင်ဆောင်ထားပြီး ပုံးထဲတွင်တော့ ရိက္ခာနှင့် အစာခြောက် တချို့လည်း ရှိနေသည်။

ဦးထုပ်အဝိုင်းလေးတွေ ဝတ်ထားကြ နွားဦးခေါင်းနတ်သည် ၎င်း၏ဦးထုပ်မှ ထိုးထွက်သော ချိုနှစ်ချောင်း ပါရှိပြီး၊ ငရဲနတ်ကတော့ ဦးထုပ်မှထွက်သော နားများရှိသည်။ မြင်းခေါင်းတစ္ဆေက ၎င်း၏ဦးထုပ်အောက်တွင် ဖိထားသော နားရွက်ရှည်များရှိပြီး နှစ်ဖက်စလုံးမှ အမွေးများ ထွက်နေသည်။

"ကျွန်​​တော်​တို့ကို အလုပ်​မခန့်​​တော့ဘူးလား..."

ချန်ရှီ တံခါးပိတ်ခါနီးတွင် နွားခေါင်းတစ္ဆေ နတ်ငယ်လေးက ဆိုလာ၏။

"ကျေးဇူးရှင်... ငါတို့ပဲလေ၊ ငါက ဝမ်ဖူ... မြင်းမျက်နှာတစ္ဆေက အပြစ်ပေးတရားသူကြီး ကျာယွမ်...ငရဲနတ်လေးက ဓားတောင်တရားသူကြီး ကျူ့ရွှင့်ပါ "

ချန်ရှီ သူတို့သုံးယောက်ကို အမြန်ဖိတ်ပြီး အံ့သြစွာ မေးလိုက်သည်။

"ဒီနေရာကို ဘယ်လိုရှာလိုက်တာလဲ"

တရားသူကြီး ကျာယွမ်က ပြုံးပြီးပြောလိုက်သည်။

"မင်းထွက်သွားပြီးရင် ဒီမှာနေဖို့ မသင့်တော်ဘူးလို့ ငါတို့ထင်တယ်လေ... ဒါကြောင့် ကျောက်ပြားကို ချက်ချင်းဖယ်ပြီး ထွက်သွားခဲ့တာ ရိုးရိုးသားသားပြောရရင် ငါက အပြစ်တရားသူကြီး ဆိုတော့ မင်းရဲ့အပြစ်တွေကို ငါကြိုမြင်ခဲ့တယ် အဲဒါကြောင့် မင်းကို ဒီမှာ ရှာတွေ့ခဲ့တာ"

ချန်ရှီ ရုတ်တရက် သဘောပေါက်သွားသည်။

"ကျွန်တော် ငယ်ငယ်ကတည်းက တခြားသူတွေကို ကြင်နာတတ်ပါတယ် အဲဒါကြောင့် အပြစ်တွေ အများကြီးရှိမယ် မထင်ပါဘူး... တရားသူကြီးကျာ ဒီနေရာကို ရှာတွေ့နိုင်တာ တကယ့်ကို အံ့သြစရာကောင်းပါတယ်"

ဝမ်ဖူနဲ့ ကျူ့ရွှင့်က ထူးဆန်းစွာကြည့်ကာ ချောင်းဆိုးပြီး တစ်ဖက်သို့ လှည့်သွား၏။ ကျာယွမ်က ပြုံးလိုက်သည်။

"ကမ္ဘာပေါ်မှာ လူတွေအများကြီး ရှိပေမယ့် လူတိုင်းမှာ မတူညီတဲ့အပြစ်တွေ ရှိပါတယ်... ဒါကြောင့် အပြစ်တွေကို ခွဲခြားသိမြင်နေသမျှ အဲ့လူကို မင်းရှာတွေ့နိုင်မှာပါ... ငါတို့သုံးယောက် အမတမြို့ဆီကို ရောက်လာနိုင်တာက မင်းရဲ့အပြစ်တွေက မှောင်မိုက်တဲ့ညက မီးရှူးတိုင်လိုပဲ"

ချန်ရှီ သူပြောချင်တာကို နားလည်သွားတာကြောင့် အပြစ်များအကြောင်း မမေးလိုတော့ကေ။

"ခင်ဗျားတို့ဘာလို့ဒီလို ဖြစ်လာတာလဲ" ချန်ရှီ အံ့သြသွားသည်။

"ငါတို့မှာ အထူးလက္ခဏာတစ်ခု ရှိတယ် ရွှေရောင်ကိုယ်ထည်ကို မသုံးနိုင်တော့ သတင်းမေးဖို့အတွက် အမတမြို့က ငရဲနတ်လေးတွေနဲ့ ရောနှောလိုက်တာ...အမတမြို့မှာက ပုန်းဖို့အဆင်ပြေတဲ့ သရဲတစ္ဆေလေးတွေ အများကြီးရှိတယ်လေ..."

သူတို့ သုံးယောက်က အတူတူ ဦးညွှတ်ပြီး :"ငါတို့ကို ကယ်တင်ပေးလို့ မင်းနဲ့ တခြား ကျေးဇူးရှင်တွေသာ မဟုတ်ရင် ငါတို့ သုံးယောက်ကို အဖမ်းခံရပြီး အကျဉ်းသားတွေ ဖြစ်သွားမှာပဲ ကြောက်ရတယ်"

ချန်ရှီလည်း နှုတ်ခွန်းဆက်စကား ပြန်ပြောပြီး ပြုံးပြလိုက်သည်။

"ကျွန်တော်က မတော်တဆ ဆုံဖြစ်ခဲ့တာပါ"

ကျူ့ရွှင့်က ရှေ့သို့ တိုးလာပြီး ကျောက်ပြားကို ထုတ်ယူလိုက်၏။ ဤကျောက်စာသည် ကမ္ပည်းထိုးသူ တုယိရန်၏ လက်ထဲတွင် ရှိခဲ့ဖူးသည်။ တောင်ကြီးကဲ့သို့ ကြီးမားသော်လည်း ယခုအခါ သာမန်အရွယ်အစားသာ။

ချန်ရှီ စကားလုံးများကို စစ်ဆေးကြည့်ရာ ၎င်းသည် ယန်ရှစ်ကျုံး၏ သင်္ချိုင်းကမ္ဗည်း ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘုံကျောင်းငယ်လေးထဲမှာ ထည့်ထားလိုက်တော့သည်။

တရားသူကြီးသုံးဦးသည် သူ့ခေါင်း အနောက်ဘက်ရှိ ဘုံကျောင်းငယ်ကို မြင်သောအခါ အချင်းချင်း အံ့အားသင့်စွာ ကြည့်နေကြသည်။

ကျာယွမ် ခေတ္တ ငြိမ်သက်သွားပြီးမှ ပြောလိုက်သည်။

"သူငယ်ချင်းလေး... မင်းရဲ့ခေါင်းနောက်ဘက်မှာရှိတဲ့ ဒီဘုံကျောင်းလေးကို သွားကြည့်လို့ရမလား?"

"ရတာပေါ့"

တရားသူကြီးသုံးယောက် ဝင်သွားပြီးနောက် ရုတ်တရတ် ကျာယွမ်က ဆိုလိုက်သည်။

"ငါ့မှာ နံ့သာ မရှိဘူး မင်းမှာ ရှိလား"

ဝမ်ဖူနဲ့ ကျူ့ရွှင့်က ခေါင်းခါပြီး။

"ငါတို့အတွက် တခြားသူတွေကပဲ နံ့သာပေါင်းကို မီးရှို့​ပေးတာ...ငါတို့က ဘယ်သူ့အတွက် အမွှေးတိုင် ယူလာမှာလဲ "

ချန်ရှီ အံ့သြသွား၏။

"ကျနော့်ရဲ့ ဘုံကျောင်းငယ်လေးထဲကို ဝင်ဖို့ အမွှေးတိုင်တွေ မီးရှို့ဖို့ မလိုပါဘူး"

တရားသူကြီး သုံးယောက်က ခေါင်းယမ်းပြပြီးနောက် ကျူ့ရွှင့်က လေးလေးနက်နက် ပြောလာခဲ့သည်။

"ငါတို့မှာ နတ်ဘုရားအဆင့်အတန်း ရှိပေမဲ့ ငါတို့ မရိုမသေ မဖြစ်ရဘူး"

"ခေါင်းမာတဲ့ လူသုံးယောက်..."

ချန်ရှီ မတတ်နိုင်စွာ ခေါင်းယမ်းပြီး နံ့သာပေါင်းထုပ်ကို ထုတ်ကာ သူတို့ကို ပေးလိုက်သည်။ တရားသူကြီးသုံးဦးသည် အမွှေးတိုင် သုံးချောင်းကို ထုတ်၍ မီးညှိကြပြီး နံ့သာပေါင်းကို လက်နှစ်ဘက်ဖြင့် ကိုင်ကာ ရိုသေစွာ ဦးညွတ်လိုက်သည်။

မွှေးရနံ့သည် လေထဲတွင် လူးလွန့်ကာ ဘုံကျောင်းငယ်လေးဆီသို့ ပျံ့လွင့်သွားသည်။

တရားသူကြီး သုံးဦးသည် ခြေလှမ်းများ လှမ်း၍ ဆင်းလိုက်သောအခါတွင် ၎င်းတို့၏ ခန္ဓာကိုယ်များက သေးငယ်သွားကာ အမွှေးနံ့သာများဖြင့် ဖွဲ့စည်းထားသော လမ်းပေါ်တွင် အမှန်တကယ် လျှောက်လာခဲ့ကြပြီး ချန်ရှီ ဦးခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်ဆီသို့ လျှောက်သွားခဲ့ကြပုံက ဘုရားဖူးခရီးတစ်ခုကဲ့သို့ပင်။

မရဏကမ္ဘာတွင် တရားသူကြီး ရာထူးက အလွန်မြင့်မားပေမယ့် အုပ်ချုပ်ရေးအရာရှိနဲ့ ငရဲဘုရင်ဆယ်ပါးတို့ အနောက်တွင်သာ ရှိသည်။ မရဏကမ္ဘာမှာ ငရဲဘုရင်ထက် အဆင့်အတန်းမြင့်တဲ့ စွမ်းအားကြီးတဲ့ သတ္တဝါအချို့ရှိပေမယ့် ဒီသတ္တဝါတွေဟာ မရဏစနစ်နဲ့ မသက်ဆိုင်ပါဘူး။

တရားသူကြီး သုံးယောက်လောက် လေးစားခံရဖို့ ရှားပါ၏။ အမွှေးတိုင်များ ကိုင်ဆောင်ထားလျက် ဘုံကျောင်းငယ်လေးထဲသို့ လျှောက်သွားကြသည်။ ဘုံကျောင်းထဲ ရောက်သောအခါတွင် မယ်မယ်ရှစ်ကျီနဲ့ အဖြူရောင်ဝတ် နတ်သမီးတို့က နတ်ကွန်း နှစ်ခုပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့မျက်နှာတွေ နည်းနည်း အရောင်ပြောင်းသွား၏။

ဝမ်ဖူသည် အေးစက်စက် မျက်ခုံးပင့်ကာ နှစ်ယောက်သား ဆူပူကြိမ်းမောင်းကာ နတ်ကွန်းပေါ်မှ လှိမ့်ဆင်းရန် ပြောလိုက်သည်။ ကျာယွမ်ကလည်း တစ်ဖက်လူတွေ ဒေါသထွက်သွားတော့မည်ကို သိလိုက်သဖြင့် သူ​တို့ကို ကမန်းကတန်း လှမ်းကန်ပြီး တိုးတိုးလေး ပြောလိုက်၏။

“ဒုက္ခမပေးနဲ့”

သူတို့သည် အလယ်ဗဟိုရှိ နတ်ကွန်းရှိရာသို့ ရောက်သောအခါ ချန်ရှီရဲ့ နတ်ဝိညာဥ်က အလယ်ဗဟိုရှိ နတ်ကွန်းတွင် အမှန်တကယ် ထိုင်နေတာ တွေ့လိုက်ရသည်။

တရားသူကြီး သုံးယောက်က တုန်လှုပ်သွားသည်။ လက်ထဲက အမွှေးတိုင်တွေတောင် ပူနေတာကြောင့် ကိုင်ထားလို့ မရတော့သလိုတောင် ခံစားလာရသည်။

ကျာယွမ်က အရင် ငြိမ်သက်သွားပြီး။

"ဒါက မယ်မယ်ရဲ့ ဘုံကျောင်း... နတ်ကွန်းမှာ ဘယ်သူရှိလဲဆိုတာ စိတ်မဝင်စားနဲ့ ငါတို့က မယ်မယ်ကို ကိုးကွယ်နေတာ!"

အမွှေးတိုင်သုံးချောင်းစီ ကိုင်ဆောင်ကာ ချန်ရှီရဲ့ နတ်ဝိညာဥ်ကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကြပြီး နံ့သာတိုင်များကို နတ်ကွန်းရှေ့ရှိ အမွှေးတိုင်မီးဖိုထဲသို့ ထည့်လိုက်ကြသည်။ ၎င်းတို့သုံးဦးသည် စစ်မှန်သော ဘုရင်ခေတ်အတွင်း မရဏဘုရင်ဆယ်ပါးမှ ခန့်အပ်ထားသော တရားသူကြီးများ ဖြစ်သည်။ သူတို့က အလွန်အစွမ်းထက်ပါ၏။ သုံးကြိမ် ရှိခိုးကြပြီးနောက် ဘုံကျောင်းငယ်ထဲ၌ တိမ်များ တဝဲလည်လည် ဖြစ်လာကာ ဘုံကျောင်းက အဆက်မပြတ် တုန်ခါနေတာကိုလည်း တွေ့လိုက်ရသည်။

ဝမ်ဖူရဲ့ မျက်နှာထား ပြောင်းလဲသွားလေသည်။

"ငါ ကိုးကွယ်လိုက်လို့ ကျေးဇူးရှင်လေး အသတ်ခံလိုက်ရပြီလား... သာမာန်လူတွေက ငါတို့ရဲ့ ကိုးကွယ်မှုကို မခံနိုင်ကြဘူးလေ!"

ကျာယွမ်နဲ့ ကျူ့ရွှင့်တို့သည်လည်း စိတ်ပူပြီး ဘုံကျောင်းငယ်လေးမှ အမြန်ပြေးထွက်သွားသော်လည်း ချန်ရှီက ထိုနေရာတွင်သာ ရပ်နေသေးသည်ကို တွေ့လိုက်ရပြီး သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်သည် တုန်ခါနေပြီး ကြီးထွားလာနေတာ တွေ့လိုက်ရသည်။

ဘုံကျောင်းထဲ၌ နောက်ထပ် ဘုံကျောင်း တစ်ခု ပေါ်လာခဲ့​ပေသည်။ ချန်ရှီ သူ့ခေါင်းနောက်ကို မမြင်နိုင်။ တရားသူကြီး သုံးဦး အံသြသွားသည်ကို မြင်လိုက်ရသဖြင့် သူ့ခေါင်းနောက်သို့ မော့ကြည့်ရန် စိတ်ဝိညာဉ်ကို အမြန် မြှောက်လိုက်ပြီးနောက် အံ့သြသွားတော့သည်။

ဘုံကျောင်းဟာ အမှန်တကယ်ပင် ကြီးထွားလာခဲ့ပြီး နောက်ထပ် တစ်ခုပါ ပေါ်လာ၏။ ဤသေးငယ်သော ဘုံကျောင်း အသစ်သည် မြူအလွှာတစ်ခုဖြင့် ခြားသထားသကဲ့သို့ မှုန်ဝါးဝါးဖြစ်နေသည်။

ချန်ရှီသည် သူ့ဝိညာဉ်ကို ပူဇော်ပြီး အသစ်တည်ဆောက်ထားသော ဘုံကျောင်းငယ်လေးသို့ ပျံသန်းသွားခဲ့သည်။ ဘုံကျောင်း အသစ်လေးမှာ မတည်မငြိမ် ဖြစ်​နေပြီး သဲသောင်ပုံစံရှိ​နေကြောင်း အချိန်မရွေး ပြိုကျနိုင်ကြောင်းပါ မြင်နေရသည်။

ချန်ရှီ၏ ခေါင်းအနောက်ဘက်ရှိ ဘုရားကျောင်းငယ်လေးကလည်း အတူတူပင်။ ၎င်း စတင်ပေါ်လာသောအခါကဆို မှုန်ဝါးနေခဲ့သည်။

ဘုံကျောင်း အသစ်ထဲတွင်လည်း နတ်တစ်ခု ရှိခဲ့သည်။

"နတ်ဘုရားလေးပါး... နတ်လေးပါး နေလို့ရနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား... ငါသာ သရဲတစ္ဆေတွေနဲ့ နတ်တွေကို ကယ်တင်ပြီး ဘုံကျောင်းငယ်လေးကို နံ့သာပေါင်းနဲ့ ပူဇော်ခိုင်းလိုက်ရင် ဒုတိယဘုံကျောင်းမှာလည်း ဒုတိယနတ်ကွန်းနဲ့ တတိယနတ်ကွန်းတွေ ကြီးထွားလာနိုင်မယ်လို့ မဆိုလိုဘူးလား"

တွေးပြီးနောက် အနည်းငယ် စိတ်မကောင်း ဖြစ်မိလာသည်။ သူ ကယ်တင်နိုင်မယ့် သရဲတစ္ဆေများနဲ့ နတ်တွေက ဘယ်မှာများ ရှိနိုင်မည်နည်း။

ထို့အပြင် သူ့တွင် အရည်အချင်းမရှိပေ။ ဒီတစ်ကြိမ်မှာတော့ တရားသူကြီးသုံးဦးကို ကျောက်ထွင်းသမား တုယိရန်ရဲ့ ကျေးဇူးကြောင့် ကယ်တင်နိုင်ခဲ့တာပင်။ မဟုတ်ရင် သူနဲ့ ဟေးကော်တောင် မရဏကမ္ဘာမှာ ဒုက္ခရောက်သွားနိုင်သည်။

"လူကြီးတို့သုံးယောက် မရဏကမ္ဘာမှာ ဖြစ်ခဲ့တာတွေကို ပြောပြနိုင်မလား..."

ချန်ရှီ မေးလိုက်သည်။

ကျာယွမ်က သက်ပြင်းချလိုက်ပြီး။

"စစ်မှန်တဲ့ဘုရင်ခေတ် ကုန်ဆုံးချိန်ကစလို့ မရဏကမ္ဘာကို မရဏလူတွေ အုပ်ချုပ်ခဲ့ပြီး အတော်လေး အေးချမ်းသာယာနေခဲ့တာ... တစ်ခါတလေ မရဏကမ္ဘာက နတ်ဆိုးတွေ သက်ရှိကမ္ဘာကို လွတ်မြောက်သွားပေမယ့် ပျက်စီးဆုံးရှုံးမှု များများစားစား မရှိခဲ့ဘူး... လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်အထိပဲ... နောက်တော့ မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့တယ်...."

ဝမ်ဖူ: "သက်ရှိကမ္ဘာမှာ မိသားစုကြီးဆယ့်သုံးခုရဲ့ စွမ်းအားက မသေးငယ်ပေမယ့် မရဏကမ္ဘာမှာတော့ နည်းပါးတယ်... သက်ရှိကမ္ဘာမှာ သက်တမ်းကန့်သတ်ချက်ကြောင့် မျိုးဆက် လေးငါးဆက်လောက်က နောက်ဆုံးအချိန်ရောက်လာရင် သေကြလိမ့်မယ်... မိသားစုထဲမှာ သခင်တွေ အများကြီးရှိရင်တောင် စွမ်းအားအများကြီး မစုဆောင်းနိုင်ကြဘူး ဒါပေမဲ့ မရဏမျိုးဆက်မှာ ရာဂဏန်းရှိတဲ့ စွမ်းအားတွေ စုဆောင်းထားကြတယ်..."

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။

"ခင်ဗျား ဆိုလိုတာက မျိုးဆက်အားလုံးရဲ့ မျိုးနွယ်စု သခင်တွေဖြစ်တဲ့ မိသားစုဆယ့်သုံးစုရဲ့ ဘိုးဘေးတွေက နတ်ဝိညာဥ်ပုံစံနဲ့ မရဏကမ္ဘာမှာ ရှင်သန်နေတယ်လို့ ဆိုလိုတာလား..."

ကျူ့ရွှင့်က ခေါင်းညိတ်ပြီး စကားဆက်ပေးသည်။

"ဘိုးဘေးတွေတင်မကဘူး အရင်မျိုးဆက်တွေရဲ့ မရေမတွက်နိုင်တဲ့ သခင်တွေအပြင် ခန္ဓာပေါင်းစည်းနယ်ပယ်၊ အနတ္တသန့်စင်နယ်ပယ်၊ အနတ္တပြန်ခြင်းနယ်ပယ်က သခင်တွေလည်း ရှိသေးတယ်... အရင်တုန်းကတော့ သူတို့က အချိန်တိုတိုလေးပဲ စုပြုံပြီး ငရဲဆယ်ခန်းကို မစိန်ခေါ်နိုင်ခဲ့ကြဘူး... ဒါပေမယ့် နှစ်ပေါင်းငါးထောင်လောက် ကြာတော့ ငရဲဘုရင်ကြီးရဲ့ အုပ်စိုးမှုအောက်မှာ အင်အားကို တိတ်တဆိတ်နဲ့ လုံလုံလောက်လောက် စုဆောင်းထားခဲ့တယ် "

ဝမ်ဖူ: "စစ်မှန်တဲ့ဘုရင်ခေတ်မှာ မိသားစုဆယ့်သုံးစု ရှိနေပြီးသားလေ... သူတို့က အဲဒီအချိန်ကတည်းက အကြီးစားမိသားစုတွေ ဖြစ်နေပြီ... စစ်မှန်တဲ့ဘုရင်ခေတ်ကို တည်ထောင်သူတွေဖြစ်တဲ့ သူတို့ရဲ့ဘိုးဘေးတွေက မရဏကမ္ဘာမှာ အများကြီးရှိတယ်.... လူက သေသွားပေမယ့် သူတို့ရဲ့ခွန်အားက နားမလည်နိုင်အောင် တည်ရှိနေတာ..."

ကျာယွမ်: "မရဏကမ္ဘာမှာ ငရဲခန်းမဆယ်ခု ရှိတယ်... ရွှမ်မင်နန်းတော် ဘုရင်ချင်ကွမ်၊ ဖူမင်နန်းတော်က ဘုရင်ချူကျန်း၊ ကျို့ကျွယ်နန်းတော် ဘုရင်စုန့်တိ၊ ထိုက်ဟဲနန်းတော် ဘုရင်ဝူကွမ်၊ ကျိုးလွင်နန်းတော် ဘုရင်ယန်လော်၊ မင်ချန်နန်းတော် ဘုရင်ပြန့်ချန်၊ ရှန်ဟွာနန်းတော် ဘုရင်ထိုက်ရှန်း၊ ပိကျန်းနန်းတော် ဘုရင်တူးရှစ်၊ ချီးဖေးနန်းတော် ဘုရင်ဖျင်တန်၊ စုယင်းနန်းတော် ဘုရင်လွင်ကျွမ်.... လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ လောက်က ငရဲခန်းမဆယ်ခုလုံး ပြိုလဲသွားခဲ့တာ..."

ကျူ့ရွှင့်: "ငရဲဘုရင်ဆယ်ပါးအပြင် တရားသူကြီး ၂၁ ယောက် ရှိတယ်... ဝိညာဥ်ဖမ်း၊ အသက်ကို ကြီးကြပ်သူ၊ စစ်ဆေးသူ၊ ရာဇဝတ်မှု၊ စီရင်ချက်ချသူ၊ အဓိက အပြစ်ပေးသူ၊ အသက်ပေးခြင်း၊ လက်မှတ်၊ ဓားတောင်၊ ဓားသစ်ပင်၊ သေခြင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်း၊ အသက်လွှတ်​သူ၊ လစာပေးသူ၊ ဖျားနာသူ၊ ပေးကမ်းသူ၊ ဗေဒင်၊ ကုသိုလ်၊ သတ်ဖြတ်၊ ထောင်လုယက်၊ လွတ်မြောက်ခွင့်ပေးသူ၊ လမ်းငါးလမ်း.....အခုတော့ ငါတို့ သုံးယောက်ပဲ ကျန်တော့တယ်"

ဝမ်ဖူ၏မျက်နှာသည် ညိုးနွမ်းနေပြီး :"ဘုရင်စစ်ခေတ်မှာ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့တဲ့ မရဏကမ္ဘာက အခုလို လုံးဝ ပြောင်းလဲသွားခဲ့ပြီ...."

တရားသူကြီးသုံးဦးသည် စိတ်ပျက်လက်ပျက် ဖြစ်​နေခဲ့ပုံရသည်။ ထိုစဥ် ချန်ရှီက ရုတ်​တရက်​ ရယ်​ချလိုက်ပြီး။

"အရှင်ချင်းထျန်း.. ဘယ်​မှာလဲ ကျ​နော် သိတယ်​..."

တရားသူကြီး သုံးဦး၏ မျက်လုံးများ လင်းထိန်သွားကာ စိတ်လှုပ်ရှား​နေတာကို မထိန်းနိုင်တော့ပေ။

"ငရဲဘုရင် အသက်ရှင်သေးတာလား"

ဝမ်ဖူ အလွန်စိတ်လှုပ်ရှားနေပါသည်။

"သူဘယ်မှာပုန်းနေတာလဲ"

ချန်ရှီ ပြုံးပြီးပြောလိုက်သည်။

"ကောင်းကင်ဘုံသခင် အရှင်ချင်းထျန်းက လူပြန်ဝင်စားသွားပြီ ကျနော် အိမ်ပြန်​ရောက်ရင် ခင်ဗျားတို့ကို ခေါ်သွား​ပေးမယ်... ကောင်းကင်ဘုံသခင်က နည်းလမ်းမျိုးစုံနဲ့ စီစဉ်ပေးမယ်လို့ ကျ​နော် ထင်တယ်... သေခြင်းနဲ့ သေခြင်းကျမ်းကို သူ ထုတ်လွှတ်ပြီးတာနဲ့ ခင်ဗျားတို့ရဲ့ခွန်အားကို ထိန်းသိမ်းပြီး ပြန်လာဖို့အတွက် လမ်းကြောင်းတွေကို ဖော်ပေးမှာပါ..."

တရားသူကြီး သုံးယောက် မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျလာသည်။

ကျာယွမ်: "ကောင်းကင်ဘုံရှင် သခင် ရှိနေသရွေ့ စားပွဲတွေကို လှန်ဖို့ အခွင့်အရေး ရှိတုန်းပဲ......"

ချန်ရှီ ပြုံးလိုက်သည်။

"ဒီရက်ပိုင်း ကျနော့်ရဲ့ လုပ်စရာတွေက အရမ်း အရေးကြီးတော့ ခဏ ပြန်သွားလို့ မရသေးဘူး ခင်ဗျားတို့ဒီမှာ အရင်​နေလို့ရတယ်... အခန်းရှာလိုက်ပါ"

သူတို့သုံးယောက်က သူ့ကို အမြန်ကျေးဇူးတငပြီး တည်းခိုစရာ အခန်းရှာဖို့ ပုံးတစ်ပုံးစီ ယူသွားကြလေသည်။ ချန်ယင်တူးရဲ့ ယွမ်ချန် နန်းတော်တွင် ခန်းမများနှင့် လှေကားထစ်များစွာရှိပြီး ၎င်းတို့အားလုံးကို ချန်ရှီ၊ ချန်ထန်နဲ့ ချန်ဝူတို့က မီးရှို့​ပေးခဲ့ရာ သရဲတစ္ဆေသုံးကောင်ရယ်လို့ မပြောဘဲ လူတစ်ထောင်တောင် ဝင်နေနိုင်လောက်သည်။

ချန်ရှီ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် အရောင်လတ်လာသည်။

"တရားသူကြီး သုံးယောက်... ဟေးကော် ငါတို့ ထောင်ကို ဖောက်နိုင်ပါ့မလား... ဒီညကို ဘာလို့ အခွင့်ကောင်းမယူရမှာလဲ ဟုတ်ဘူးလား..."

ဒါကို တွေးကြည့်နေစဥ် တရားသူကြီး သုံးယောက်က ရေပုံးတွေ ထမ်းပြီး အခန်းကို သန့်ရှင်းရေးလုပ်၊ ခြံဝင်းကို သုတ်သင်၊ သစ်ကိုင်းတွေကို ခုတ်လှဲနေတာ တွေ့လိုက်ရသည်။

ချန်ရှီ: "လူကြီးတို့သုံးယောက်... ဒီမိန်းကလေးတွေနဲ့ ထားခဲ့လိုက်ပါ!"

ဝမ်ဖူ ခေါင်းခါပြီး :"ငါတို့က သရဲတစ္ဆေလေးတွေလို ဟန်ဆောင်နေတာ နှစ်အတော်ကြာခဲ့ပြီ... ဒါကို ငါတို့ ကျင့်သားရနေကြပါပြီ... ဆန့်ကျင်ဘက်အနေနဲ့ ပျင်းနေတဲ့အခါ ငါတို့ ဒါတွေ လုပ်နေတော့ ငြီးငွေ့မလာတော့ဘူးပေါ့"

ချန်ရှီလည်း သူတို့ကို ဆက်လုပ်ခိုင်းလိုက်တော့သည်။

“ဘုရင်ခေတ်က ဘယ်လို အဆုံးသတ်သွားတာလဲ... စစ်မှန်တဲ့ ဘုရင်ခေတ်က အရမ်း ချမ်းသာတယ်လို့ ကျနော် ကြားဖူးတယ် သက်ရှိကမ္ဘာက အနောက်နွားရှင်းကျိုးမှာ ဟွာရှရှန်ကျိုးက ပါလာတဲ့ နတ်ဘုရားတွေ ရှိတယ်... နတ်ဆိုးပြောင်းလဲမှု အားလုံးကို နှိမ်နင်းပြီးတော့ တိတ်တိတ်ဆိတ်ဆိတ် နေခိုင်းတယ်... မြေအောက်ကမ္ဘာမှာ ငရဲနန်းတော်ဆယ်ခုနဲ့ ငရဲအဆင့် ဆယ့်ရှစ်ဆင့်ရှိတယ်... တစ္ဆေတွေနဲ့ နတ်ဆိုးတွေကို ထိန်းကျောင်းနိုင်တဲ့ အစွမ်းထက်တဲ့ နတ်ဘုရားတွေ ရှိတယ်... အတိဒုက္ခနယ်ပယ်ကို ဖြတ်ကျော်နိုင်တဲ့ ကောင်းကင်ဘုံလို သခင်နဲ့ အထက်ပျံသန်းနယ်ပယ်လို သခင်တွေတောင် ရှိခဲ့တယ်မလား!”

သူ့အသံက အနည်းငယ် စိတ်လှုပ်ရှားနေသည်- "ဒီလောက် ကြီးပွားချမ်းသာတဲ့ စစ်မှန်တဲ့ ဘုရင်ခေတ်က ဘာလို့ အဆုံးသတ်သွားရတာလဲ.... စစ်မှန်တဲ့ ဘုရင်ခေတ်ရဲ့ မှတ်တမ်းတွေက ဘာလို့ ပျက်စီးသွားတာလဲ... ဘာလို့ ဟွာရှတိုက်နဲ့ အဆက်အသွယ် ပြတ်တောက်သွားရတာလဲ"

တရားသူကြီး သုံးဦးမှ သူ၏သံသယ အားလုံးကို ဖြေနိုင်ပါစေဟူသော ဆန္ဒဖြင့် မေးခွန်းများစွာကို မေးမြန်းလိုက်သည်။

ကျာယွမ်က : "စစ်မှန်တဲ့ဘုရင်ခေတ် ပျက်ဆီးသွားတာကို ငါတို့ကိုယ်တိုင် မကြုံဖူးဘူးဆိုတော့ ငါတို့လည်း သေချာမသိဘူး... သက်ရှိကမ္ဘာက လူတွေက သူတို့ရဲ့ တန်ခိုးအာဏာသုံးပြီး မရဏကမ္ဘာကို နှောက်ယှက်ပြီး လူဝင်စားတာကို ထိန်းချုပ်အယ် ခွန်အားတွေ ပိုသန်မာလာတော့ ပျော့ညံ့သူတွေ ဆိတ်သုဉ်းသွားမယ် ဒါတွေ ဖြစ်မလာအောင် ဘုရင်ကျန်းက ယင်နဲ့ယန်ကို တင်းကျပ်တဲ့ တားမြစ်ချက်တွေနဲ့ ခွဲထုတ်လိုက်တယ်... လောကလူသားတွေနဲ့ ဆက်ဆံတာကို တားမြစ်ထားတဲ့ သခင်တွေကိုပဲ ခွဲထုတ်လိုက်တာ... ဝိညာဉ်နဲ့ပတ်သက်တဲ့ စာလုံးပေါင်းတွေက ကမ္ဘာနှစ်ခုကြား သွားလာဖို့ ခွင့်ပြုခဲ့ပေမယ့် နောက်ပိုင်း လူတွေအများကြီး သေဆုံးသွားပြီး သက်ရှိကမ္ဘာမှာ မကြုံစဖူး ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားခဲ့တဲ့အကြောင်း ငါတို့ သိလိုက်ရတယ်..."

ကျူ့ရွှင့်: "အဲဒါ​က ဘေးဆိုးအဆင့် ကပ်ဆိုးပဲ"

(ဘေးဆိုးအဆင့် = အယ့်အဆင့်)

ချန်ရှီ အံ့သြသွားသည်။ စစ်မှန်သော ဘုရင်ခေတ်၏ အဆုံးတွင် ဘေးဆိုးအဆင့် ကပ်ဆိုးကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

မိုင်ပေါင်းရာနှင့်ချီသော နတ်ဆိုးအဆင့် ပြောင်းလဲမှု၊ မိုင်ထောင်ပေါင်း များစွာသော ဘေးဒုက္ခအဆင့်၊ မိုင်ပေါင်းသောင်းချီသော ဘေးဆိုးအဆင့်။

ဤဘေးအန္တရာယ်၏ အတိုင်းအတာသည် အနည်းဆုံး မိုင်သောင်းချီကို လွှမ်းခြုံထားကာ အနောက်နွားရှင်းကျိုးရဲ့ ကြီးမားသော ဧရိယာကို လွှမ်းခြုံထားခဲ့သည်။

ဝမ်ဖူ : "အဲဒါက အမတဘေးဆိုး တစ်ခုလို့ ငါကြားဖူးတယ်"

ချန်ရှီ : "အမတဘေးဆိုးက ဘာလဲ"

“အမတတွေက ဘေးဆိုးအဆင့် ပြောင်းလဲမှုကို ရှာတွေ့ခဲ့တာလို့ ပြောတယ်..."

ကျာယွမ်က တွေးကြည့်ရင်း ခဏလောက် အံ့အားသင့်သွားပြီးမှ ပြော၏။

"အဲဒီတုန်းက တက်ကြွတဲ့ နယ်ပယ်မှာ ထူးချွန်သူတွေ အများကြီး မွေးထုတ်ခဲ့တယ်... အမတဖြစ်ဖို့ ခြေတစ်လှမ်း တစ်ဝက်သာသာပဲ လိုတော့တဲ့ လူတွေလည်း ရှိတယ်။ အချို့သူတွေကလည်း သမိုင်းမတင်မီ ရုပ်ကြွင်းတွေကို တူးဖော်ပြီး သမိုင်းမတင်မီက အမတ သတ္တဝါတွေကို ရှာတွေ့ခဲ့ကြတယ်တဲ့... အဲဒီဘေးဆိုးက သမိုင်းမတင်မီက ထီးနန်းဆက်ခံမယ့် ဘုရင်မင်းမြတ်ရဲ့ ရာဇဝင်အောက်မှာ ကပ်ငြိထားတဲ့ အမတကပ်ဆိုးကြီး ဖြစ်နိုင်တယ်... အမတဘေးဆိုးကို ဖြစ်စေတဲ့ အကြောင်းရင်း အတိအကျကိုတော့ ငါတို့လည်း မသိဘူး...."

ချန်ရှီ အံ့အားသင့်သွားပြီး ရုတ်တရက် အသံပျောက်သွားခဲ့သည်။

"အထက်ပျံသန်းနယ်ပယ်ရဲ့ တက်ကြွမှုက အမတဘေးဆိုး အဆင့်ကို ဘယ်လိုလုပ် ဆွဲဆောင်မိသွားတာလဲ"

ကျာယွမ် သူ့ကို ငုံ့ကြည့်လိုက်သည်။

"ဒီကမ္ဘာကြီးက ပုံမှန်ပဲလို့ မင်း ထင်လား? မင်း နယ်ပယ်တစ်ခုကို သာမာန်အတိုင်း မွေးမြူထားရင် မင်းတကယ်ပဲ ပုံမှန်အတိုင်း အထက်ပျံသန်းနယ်ပယ်ကို တက်နိုင်မှာလား"

ဒီစကားကို မပြောခင် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လည်း မွေးလိုက်ရသေးသည်။

ရှဲ့ = မကောင်းမှုအဆင့်

ဆွေ့ = ဘေးအန္တရာယ်အဆင့်

မော် = နတ်ဆိုးအဆင့်

ကျိုင်း = ဘေးဒုက္ခအဆင့်

အယ့် = ဘေးဆိုးအဆင့်

All Chapters