← Chapters

ထောင်ဖောက်မယ်

Vol. 23 Ch. 330

ထောင်ဖောက်မယ်

Vol. 23 Ch. 330

ရာဇဝတ်တရားသူကြီး ကျာယွမ်ရဲ့ စကားများက ချန်ရှီကို ခဏလောက် အံ့အားသင့် ဆွံ့အသွားစေခဲ့သည်။

အနောက်နွားရှင်းကျိုးရဲ့ ကမ္ဘာက တကယ်ကို ပုံမှန်မဟုတ်ပါလား။

တကယ်တော့ သူ သတိထားမိခဲ့တာလည်း ကြာပါပြီ။

အနောက်နွားရှင်းကျိုးရဲ့ နေနဲ့လသည် အနည်းငယ် ထူးဆန်းပြီး ဘုံကျောင်းငယ်လေးထဲရှိ နေလနှင့် အလွန်ကွာခြားပုံပေါ်တာကို သူတွေ့ရှိခဲ့တာ ကြာပြီဖြစ်သည်။

ဘုံကျောင်းငယ်ထဲက နေနဲ့လဟာ အရှေ့ဘက်က ထွက်၍ အနောက်ကို ဝင်သွားသည်။ ကောင်းကင်မှာ ထာဝရ ချိတ်ဆွဲထားသလိုမျိုး မဟုတ်ချေ။ နေနဲ့ လရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ မျက်နှာတစ်ခုလည်း မရှိနေပေ။

ထို့ထက် ပိုအရေးကြီးသည်မှာ နေနှင့်လမှ ထုတ်လွှတ်သော ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင်ထဲတွင် လူများကို ရူးသွပ်သွားစေနိုင်သော နတ်ဆိုးသဘာဝများ မပါဝင်သည့်အပြင် လူများကို နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် ထူးဆန်းသော စွမ်းအားလည်း မရှိပါ။

ဆန့်ကျင်ဘက်အနေဖြင့် နေ၊ လနှင့် ကြယ်များမှ ထုတ်လွှတ်သော ကောင်းကင်နှင့်မြေကြီး၏ ချီသည် မကောင်းမှုနှင့် နတ်ဆိုးသဘာဝကိုတောင် သန့်စင်ပေးနိုင်သည်။

အနောက်နွားရှင်းကျိုးက ကျင့်ကြံသူများကတော့ လရောင်ကို အလွန်အကျွံ စုပ်ယူမိပါက ရူးသွပ်သွားမည် သို့မဟုတ် နတ်ဆိုးများပင် ဖြစ်လာနိုင်ဖွယ် ရှိ​ပေသည်။

အဘိုး ချန်ယင်တူးတောင် ဒီလိုမျိုးဖြစ်လာရင် လရောင်အောက်မှာ အရမ်းဆိုးသွမ်းလာမှာ ကြောက်တာကြောင့် မရဏကမ္ဘာမှာ ပုန်းနေရလေ၏။ ပိုထူးဆန်းတာက ဘုရင်အစစ် ဂူသင်္ချိုင်းမှာ မှတ်တမ်းတင်ထားတဲ့ ကျင့်ကြံနည်းတွေဟာ အနောက်နွားရှင်းကျိုးကမှာ ပျံ့နှံ့နေတဲ့ ကျင့်ကြံသူနည်းစနစ်နဲ့ အလွန်ကွာခြားသည်။

စစ်မှန်သောဘုရင်၏ ဂူဗိမာန်တွင် မှတ်တမ်းတင်ထားသော နည်းစနစ်မှာ ချီသန့်စင်ခြင်း၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း၊ ရွှေအမြုတေ၊ အခြေတည်ဝိညာဥ်၊ နတ်အသွင်ပြောင်းခြင်း၊ ပေါင်းစပ်ခြင်း၊ အလောင်းသုံးလောင်း၊ နတ်သန့်စင်ခြင်း၊ အနတ္တပြန်ခြင်းနယ်ပယ်၊ မဟာယာန၊ အတိဒုက္ခကို ဖြတ်ကျော်ခြင်းနှင့် အထက်ပျံသန်းနယ်ပယ် တို့ဖြစ်သည်။

ယနေ့ နည်းစနစ်မှာ ချီသန့်စင်ခြင်း၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း၊ နတ်ကွန်း၊ နတ်သန္ဓေသား၊ ရွှေအမြုတေ၊ အခြေတည်ဝိညာဥ်၊ နတ်အသွင်ပြောင်းခြင်း၊ နတ်ဆင်းသက်ခြင်း၊ အနတ္တသန့်စင်နယ်ပယ်၊ ခန္ဓာ ပေါင်းစပ်ခြင်း၊ အလောင်းသုံးလောင်း၊ နတ်သန့်စင်ခြင်း၊ အနတ္တပြန်ခြင်း နှင့် မဟာယာနတို့ ဖြစ်သည်။

စစ်မှန်သောဘုရင်၏ ဂူသင်္ချိုင်းစနစ်တွင် နတ်ကွန်း၊ နတ်သန္ဓေသား၊ နတ်ဆင်းသက်၊ အနတ္တသန့်စင်နယ်ပယ်တို့ မရှိသလို အပြင်လောကရဲ့ နည်းစနစ်ထဲ၌ အတိဒုက္ခနယ်ပယ်နဲ့ အထက်ပျံသန်းနယ်ပယ်ကို ဖြတ်ကျော်နိုင်သော နယ်ပယ်နှစ်ခု ကင်းမဲ့နေပါသည်။

ချန်ရှီတွင် နတ်ကွန်းတစ်ခု ရှိသော်လည်း.၎င်းမှာ နတ်သန္ဓေသားနယ်ပယ် ကင်းမဲ့ခြင်းနှင့် ညီမျှသော နတ်သန္ဓေသားလောင်း မရှိချေ။ ထို့အပြင် ယခုအခါ သူသည် နတ်အသွင်ပြောင်းနယ်ပယ်သို ပြုစုပျိုးထောင်ခဲ့သည်။ အရပ်ခြောက်ပေမြင့်သော နတ်ဝိညာဥ်ကို သန့်စင်ပြီး နောက်နယ်ပယ်သို့ ချီတက်မည်ဆိုပါက သူသည် နတ်ဆင်းသက်နယ်ပယ်နှင့် နတ်သန့်စင်ခြင်းနယ်ပယ်ကို လွတ်သွားမည်။

တစ်နည်းဆိုရသော် ဤနယ်ပယ်သုံးပါးက ကင်းမဲ့လိမ့်မည်။ သို့သော် သူ၏ ကျင့်ကြံမှုလမ်းကြောင်းသည် အလွန်သာမန်ပဲ ဖြစ်ပြီး အလွန်ချောမွေ့ကာ အတားအဆီး မရှိဘူးဟု လောလောဆယ်တွင် သူ ခံစားနေရသည်။

အနှီ နယ်ပယ်နှစ်ခုမပါဘဲ ပုံမှန်အတိုင်း ချောမွေ့စွာ ဖြတ်ကျော်နိုင်သည်ဟုပင် သူ ခံစားနေရသည်။ ဒါပေမယ့် ဒီကိစ္စက သိပ်ကို ဆန်းကြယ်လွန်းနေ၏။

ချန်ရှီ ခဏလောက်စဉ်းစားပြီး ထပ်မေးလိုက်သည်။

"တရားသူကြီးကျာ ခင်ဗျား မဟာယာနနယ်ပယ်ကို ကျင့်ကြံပြီး အဆင့်တက်လာတဲ့ အခါတုန်းက နတ်ဆိုးဖြစ်သွားတာလား... အမတနတ်ဆိုးတွေ ဖြစ်လာတာလား"

ကျာယွမ်က တုံ့ဆိုင်းနေပြီး :"စစ်မှန်တဲ့ဘုရင်ခေတ်မှာ ငါက ကုံးထျန်းစီရင်စုက တတိယတန်းအရာရှိ... အဲဒီခေတ်ရဲ့ သြဇာအရှိဆုံး ဖြစ်တည်မှုမျိုး မဟုတ်တော့ အချက်အလက်အများကြီး မရှိသလို အထက်ပျံသန်းနယ်ပယ်ကိုလည်း ဘယ်တုန်းကမှ မကျင့်ကြံခဲ့ဖူးဘူး....."

ဝမ်ဖူသည် စစ်မှန်သောဘုရင်ခေတ် တလီဘုရားကျောင်း၏ အရာရှိ ဖြစ်ပြီး ကျူ့ရွှင့်က ရှင်းရှန်ခရိုင်က ဘုရင်ခံ ဖြစ်ကာ ၎င်းတို့နှစ်ဦးစလုံးသည် စတုတ္ထအဆင့် အရာရှိများသာ ဖြစ်သည်။

သူတို့သည် မိမိတို့၏ ကုသိုလ်ကြောင့် သေပြီးနောက် မရဏနိုင်ငံသို့ ဝင်ရောက်ကာ တရားသူကြီးများ ဖြစ်လာကြသည်။ သို့သော် သက်ရှိလောကတွင် ၎င်းတို့သည် စစ်မှန်သော ဘုရင်လက်အောက်တွင် ထိပ်တန်းသခင်များ မဟုတ်ပေ။ ထိုအချိန်က ထိပ်တန်းဆရာများသည် နန်းတွင်း၊ မိသားစု ဆယ့်သုံးစု၊ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ၏ မြင့်မြတ်သောနေရာများတွင်သာ စုစည်းထားကြသည်။

ကျာယွမ် နဲ့ သူ့အဖွဲ့ ထိတွေ့လို့ မရတဲ့အရာတချို့ ရှိနေခဲ့၏။

"ဒါဆို ခင်ဗျားဘာသိထားလဲ?"

ကျာယွမ်က: "စစ်မှန်တဲ့ဘုရင်ခေတ်မှာ သမိုင်းမတင်မီက အမတ ရုပ်ကြွင်းတွေကို တူးဖော်ခဲ့တယ်... အဲဒီအချိန်က နန်းတွင်းဆရာတွေရဲ့ ခန့်မှန်းချက်အရဆို သမိုင်းမတင်မီက ကျင့်ကြံသူတွေက ပေါင်းစည်းလမ်းနယ်ပယ် အဆင့်အထိ ကျင့်ခဲ့ကြပေမယ့် အကြောင်းတစ်ခုခုကြောင့် တူးဖော်ခံရပြီးနောက် နေ့အလင်းရောင်ကို မြင်တွေ့တာနဲ့ မကြာခင်မှာပဲ သေဆုံးခဲ့ကြတယ်တဲ့..."

ကျူ့ရွှင့်: "စစ်မှန်တဲ့ဘုရင်က ကမ္ဘာပေါ်က ကျင့်ကြံသူတွေ အားလုံးကို စုရုံးစုစည်းပြီး ဘုရင်အစစ်ရဲ့ နန်းတော်ကိုးခုလို့ ခေါ်တဲ့ ခန်းမကိုးခုကို တည်ဆောက်တယ်... အမတဘေးဆိုးကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့တဲ့...ငါ အသက်ရှင်နေတဲ့ နှစ်ထောင်ပေါင်းများစွာလောက်က အမတဘေးဆိုး အဆင့် ဆယ်ခုထက်မနည်း ဖြစ်ခဲ့တယ် ငါ သေပြီးနောက်ပိုင်းတော့ ဘာဖြစ်သွားလဲ မသိဘူး..."

ဝမ်ဖူ: "စစ်မှန်တဲ့ဘုရင်ရဲ့ နန်းတော်ကိုးခုက အစောပိုင်းအဆင့် အမဘေးဆိုးကို နှိမ်နင်းနိုင်ပေမယ့် အလယ်အလတ်နဲ့ နှောင်းပိုင်းအဆင့်တွေမှာ နှိမ်နင်းလို့မရဘူး... အဲဒီအချိန်မှာ အမတဘေးဆိုးတွေက လုံးဝဆိုးရွားပြီး အရမ်းအစွမ်းထက်မြက်လာရော... အဲဒါကြောင့် သူတို့ကို သုတ်သင်ဖို့ အမြန်လုပ်ရတယ်...."

ကျာယွမ်: "ဒါကြောင့် စစ်မှန်တဲ့ ဘုရင်ခေတ်က အမတဘေးဆိုးတွေရဲ့ ဘေးအန္တရာယ်ကြောင့် ဖျက်ဆီးခံခဲ့တာ ဖြစ်နိုင်တယ်လို့ ငါတို့ ထင်မြင်ယူဆတယ်။ ဒါပေမယ့် ငါ အသက်ရှင်နေချိန်မှာ တစ်စုံတစ်ယောက်က အတိဒုက္ခကို ဖြတ်ကျော်ပြီး တက်သွားမယ်ဆိုရင် သူတက်သွားတဲ့အခါ သူလည်း ပြောင်းလဲပြီး ဆိုးယုတ်သွားလိမ့်မယ်! ဒီကောလဟာလတွေဆို အထိတ်တလန့် ဖြစ်​စေတယ်... လူထုကိုလည်း စိတ်ရှုပ်ထွေးစေတယ်..."

ကျူ့ရွှင့်: "ရှင်းရှန်မှာတုန်းက ဒီကောလာဟလကို ငါကြားပြီးပြီ... အစ်ကိုကျာရော ကောလဟာလရဲ့ အရင်းအမြစ်ကို သိပြီးပြီလား"

ကျာယွမ်: "ဒီရက်ပိုင်းမှာတောင့် ကောင်းကင်နားစွင့်သူတွေက ကောလာဟလတွေ ဖြန့်နေတာ တွေ့လိုက်တယ်"

ချန်ရှီ "စစ်မှန်တဲ့ ဘုရင်ခေတ်မှာလည်း ကောင်းကင်နားစွင့်သူတွေ ရှိနေတာလား"

"ရှိတယ်" တရားသူကြီး သုံးဦးက ခွင့်မပြုကြောင်း ပြောသည်။

ချန်ရှီ: "သူတို့ ဘယ်ကလာတာလဲ?"

ကျာယွမ်: "စိတ်ပျက်ဖွယ်ကုန်းစောင်းက လာကြတာ...."

ချန်ရှီ: "ဘယ်လို လာတာလဲ... စိတ်ပျက်ဖွယ်ကုန်းစောင်းက ဘာလဲ"

သုံးယောက်သား ခေါင်းယမ်းလိုက်ကြသည်။

သူတို့ တစ်သက်လုံး အဲဒီအဆင့်နဲ့ မထိတွေ့ခဲ့သလို သေပြီးတဲ့ နောက်မှာလည်း အဲဒါကို သိဖို့ နည်းလမ်း မရှိတော့ချေ။

"ခင်ဗျားတို့ အလုပ်သွားလုပ်ကြပါ.."

ချန်ရှီက သူ့လက်ကို ဝှေ့ယမ်းပြီး ယောင်ဝါးဝါးနဲ့ ပြောလိုက်သည်။

"ကောင်းပါပြီ သူဌေး!"

ဝမ်ဖူက သူ့ဦးထုပ်လေးကို စွပ်လိုက်ပြီး ပြုံးလိုက်သည်။

"အရင်ဆို နေ့တိုင်း လုပ်အားခတွေ ရနိုင်တယ်... ငါ တခြားတစ္ဆေအိမ်မှာ အလုပ်လုပ်နေရဦးမယ်လို့ ထင်ခဲ့တာ... ကျေးဇူးရှင်ဆီက ပိုက်ဆံကိုတော့ ငါတို့ မယူနိုင်ဘူး!"

ချန်ရှီ၏ မျက်လုံးများက သူတို့ သုံးယောက်၏ လှုပ်ရှားမှုကို လိုက်ကြည့်သည်။ သရဲတစ္ဆေလေးသုံးကောင်က စေ့စေ့စပ်စပ် သန့်ရှင်းရေး လုပ်နေတာကို မြင်ပြီး စုတ်ပြတ်သတ်နေတဲ့ မိန်းကလေးတွေနဲ့ အဘွားအိုတွေကို ခြံအပြင်ကနေ လွှင့်ပစ်လိုက်တာကို သူတွေ့လိုက်ရ၏။ တချို့သော စက္ကူရုပ်များသည် သန့်ရှင်းစွာ မလောင်ကျွမ်းဘဲ ခြေလက်များ ပျောက်ဆုံးကုန်သည်။

စွန့်ပစ်ခံရသော မိန်းကလေးများနှင့် အဘွားအိုများသည် အော်ဟစ်ပြီး မထွက်ခွာချင်ကြသော်လည်း သရဲတစ္ဆေလေး ၃ ကောင်မှာ ကြင်နာမှု မရှိပေ။ စွန့်ပစ်ပြီးနောက် ပြာများတိမ်တိုက်အဖြစ် ပြောင်းကုန်ကာ တချို့က ပျောက်ကွယ်သွားကြသည်။

၎င်းတို့က ယွမ်ချန် နန်းတော်ကို အားကိုးကြသည်။ ယွမ်ချန်နန်းတော်မှ ထွက်ခွာပါက ၎င်းတို့သည် ၎င်းတို့၏ မူလပုံစံ၊ လက်တစ်ဆုပ်စာမျှသာရှိသော ပြာများကို ပြသလာလိမ့်မည် ဖြစ်သည်။

"စစ်မှန်တဲ့ဘုရင်ခေတ် အဆုံးသတ်သွားတာက မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတာပဲ..."

ချန်ရှီ သူ့စိတ်တွေကို စုစည်းပြီး ရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေကို ရှင်းထုတ်လိုက်သည်။ ထို့နောက် ဧကရာဇ်ရှောင်းလန်စွမ်းရည် ကျင့်စဥ်ကို အသက်သွင်းကာ လေ့ကျင့်ဖို့ အာရုံစိုက်လိုက်ပါတော့သည်။

အခြား ကျင့်ကြံသူများဟာ မရဏကမ္ဘာတွင် မလေ့ကျင့်နိုင်သော်လည်း သူက ခြွင်းချက်ဖြစ်သည်။ မရဏကမ္ဘာသည် သရဲတစ္ဆေများနှင့် မကောင်းသော အရာများ ပြည့်နှက်နေသော်လည်း၊ ယင်ချီက ကျင့်ကြံမှုကို ပျက်စီးစေသော်လည်း သူ့တွင် သေးငယ်သော ဘုံကျောင်းတစ်ခုရှိပြီး ဟွာရှရှန်ကျိုးက အလင်းသုံးပါးက သူ လေ့ကျင့်ရန် အမြဲတမ်း ချီထုတ်ပေးနိုင်သည်။

ချန်ရှီ၏စိတ်ဝိညာဥ် နောက်ကွယ်တွင် ကောင်းကင်ကိုးလွှာ ပေါ်လာ၏။ ကောင်းကင်အလွှာတစ်ခုစီကို တိုင်ရှစ်တိုင်ခွဲကာ အလွန်တရာ ကျက်သရေရှိလှသည်။

ချန်ယင်တူးရဲ့ နန်းတော်ဟာ အလွန်ကြီးမားပြီး လုံးပတ် ဆယ်မိုင်ကျော်ရှိသည်။ ကောင်းကင်ကနေ ငုံ့ကြည့်လိုက်ရင် ယွမ်ချန်နန်းတော်ရဲ့ အတွင်းပိုင်းအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ဖို့ဆိုတာ မဖြစ်နိုင်တာမို့ ဒီမှာ လေ့ကျင့်တဲ့အခါ ကမ္ဘာကြီးကို ထိတ်လန့်ကြောက်ရွံ့ နေစရာ မလိုပါဘူး။

သူသည် ယခုအခါ နတ်ပြောင်းလဲခြင်းနယ်ပယ်သို့ ကျင့်ကြံထားခဲ့သည်။ ကျင့်ကြံမှု ပိုမိုပြင်းထန်လာသည်နှင့် နတ်ဝိညာဥ်ကလည်း စွမ်းအား ကြီးမားလာသည်။ အထူးသဖြင့် ဆယ်ဧကကျယ်ဝန်းသော ဧကရာဇ်ရှောင်းလန်စွမ်းရည်ရဲ့ နဝမအလွှာက အလွန်အံ့သြဖွယ် ကောင်းလွန်းသည်။

ကောင်းကင်ကိုးလွှာ ကြွေကျပါက ၎င်းတို့ကို နတ်ဝိညာဥ်၏ အင်အားကွင်းပြင်ကိုးလွှာ၊ အကာအကွယ် ကိုးအလွှာအဖြစ် ပြောင်းလဲနိုင်သည်။

ယခု သူ၏ နတ်ဝိညာဥ်သည် အရပ်နှစ်မီတာရှိနေပြီ ဖြစ်ပြီး ရှီးကျင်းမှာ နေစဥ်ကနဲ့ နှိုင်းယှဉ်ပါက အလွန်ကောင်းမွန်လာပါပြီ။ သူသည် ယင်နှင့် ယန်ကို ထိန်းညှိရန်အတွက် ဘုံကျောင်းငယ်လေးထဲက နတ်ကွန်း​ပေါ်တွင် ထိုင်နေပြီး သူ့ကိုယ်ပိုင် ကျင့်ကြံမှုကို အဆက်မပြတ် တိုးတက်​အောင် လုပ်နေခဲ့သည်။

သက်ရှိကမ္ဘာတွင် ဆိုပါက ဒီအဆင့်ဟာ ဒေသန္တရ ခရိုင်တွင် ထိပ်တန်း သူဌေးဖြစ်နေပြီဖြစ်ပြီး ပြည်နယ်မြို့တော်တွင်လည်း တစ်ဖက်တွင် ထိုင်နေသော လူကြီးတစ်ဦးလည်း ဖြစ်နေလောက်ပြီ။ သို့သော် နေရာတိုင်းတွင် သရဲနှင့်နတ်များရှိနေသော မရဏကမ္ဘာတွင်မူ အဆင့်အတန်းသည် ငရဲနတ်လေးများထက် အနည်းငယ်သာ သာလွန်သည်။ မရဏကမ္ဘာတွင် သရဲနှင့် နတ်ဘုရားများစွာရှိပြီး နတ်ဝိညာဥ်များလည်း အများအပြားရှိသည်။

သို့သော် နှေးလွန်းနေသေးလို ခံစားနေရ၏။

ဝမ်ဖူသည် သစ်သားပုံးတစ်ပုံးဖြင့် သူ့အနားက ဖြတ်သွားစဥ် ရုတ်တရတ် တစ်စုံတစ်ခုဆီက ခုန်အုပ်ခံလိုက်ရသလို နွားခေါင်းတစ္ဆေ ပျောက်ကွယ်သွားကာ ရေပုံးနှင့် အဝတ်အစားများသာ မြေပြင်ပေါ်၌ ကျန်ခဲ့သည်။

ဝမ်ဖူသည် ကြောင်တက်တက်ဖြင့် နတ်ကွန်းတစ်ခုပေါ်တွင် ထိုင်နေ၏။ ဘုံကျောင်းတစ်ဝိုက်တွင် နောက်ထပ် ဘုရားကျောင်းတစ်ခုလည်း ရှိသည်။ ဘုံကျောင်းက ကြီးကြီးမားမားမဟုတ်ပဲ အလျားသုံးမီတာနှင့် အနံနှစ်မီတာသာ ရှိသည်။ အတွင်းခန်းသည် ရိုးရှင်းပြီး နတ်ကွန်းများနှင့် တိုင်များမှလွဲ၍ အခြားဘာမှ မရှိပေ။

ဘုံကျောင်းပုံစံက အချိန်မရွေး ပြိုကျနိုင်သကဲ့သို့ သဲကြမ်းများဖြင့် ပြည့်နှက်နေသည်။

သို့သော် ထိုအချိန်တွင် ကြီးမားပြီး ဖြောင့်မတ်သော ချီစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေ၏။ အနှီ ကြီးမားပြီး ဖြောင့်မတ်သော ချီစွမ်းအင်၏ ရင်းမြစ်မှာ ဤဘုံကျောင်းငယ်လေး၏ ကောင်းကင်ယံမှဖြစ်ကြောင်း ဝမ်ဖူ သဘောပေါက်လိုက်သည်။

သူ မော့ကြည့်လိုက်တော့ ကောင်းကင်က နေဟာ အလွန်အမင်း တောက်ပနေ၏။ ဒါဟာ တခြားအချိန်နဲ့ အာကာသထဲက အလင်းရောင်လိုပင်။

"ငါအခု ကျေးဇူးရှင်ရဲ့ ဘုံကျောင်းထဲ ရောက်နေတာလား?"

“ငါ့ကို ကျေးဇူးရှင်က နတ်သန္ဓေသားလို့ မှတ်​နေတာလား”

အတွေးတစ်ခု ဝင်လာပေမယ့် သူသည် ဆီးတားခြင်းမရှိဘဲ နတ်ကွန်းတွင် ရိုးရိုးသားသားထိုင်ကာ ချန်ရှီရဲ့ လေ့ကျင့်မှုကို ကူညီရန် အစပြုခဲ့သည်။ သူ့ခွန်အားဖြင့် ထကာ ထွက်သွားနိုင်သော်လည်း သူသည် ကျေးဇူးဆပ်နည်းကို သိသော တစ္ဆေတစ်ဉီးဖြစ်ပြီး ကျေးဇူးရှင်ကို လေ့ကျင့်ပေးရာတွင် အမှားအယွင်း မရှိစေချင်ပေ။

ထို့အပြင် ဤဘုံကျောင်းသည်လည်း သာမန်ဘုံကျောင်း မဟုတ်ချေ။

"ဟင်!"

သူ အလွန် အံ့သြသွားသည်။ ချန်ရှီရဲ့ လေ့ကျင့်မှုကို ကူညီပေးနေစဉ်တွင် သူ့​ကိုယ်ပိုင် နတ်စွမ်းအားက ချုပ်တည်းသွားသလို ခံစားလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ?"

နတ်ဘုရားတစ်ဆူအနေနဲ့ သူ့သက်တမ်းတစ်လျှောက်မှာ ခိုင်ခံ့တဲ့ ကျင့်ကြံမှုအခြေခံ ရှိခဲ့ပေမယ့် သေပြီးနောက်မှာတော့ သူ့မှာ ခန္ဓာကိုယ်မရှိတာကြောင့် သူ့အတွက် ရွှေကိုယ်ထည်တည်ဆောက်ဖို့ နံ့သာပေါင်းကိုသာ သုံးဆောင်နိုင်ခဲ့သည်။

အမွှေးတိုင်ကျင့်စဉ်တွင် ရွှေကိုယ်ထည်က အလွန်အရေးကြီးသည်။ အမွှေးတိုင်တွေ အဆက်မပြတ် ရှိနေရင် ရွှေကိုယ်ထည်ဟာ ဘုရားတစ်ဆူလို အလွန်တန်ခိုးကြီးမည်။ ဒါပေမယ့် အမွှေးတိုင်တွေမှာ လူတွေရဲ့ဘဝတွေကို အာရုံပျံ့လွင့်စေတဲ့ အတွေးတွေ ပါရှိ၏။ လူတို့သည် နတ်ဘုရားများအား နံ့သာပေါင်းကို မီးရှို့သောအခါ၌ မိမိတို့၏ အလိုဆန္ဒ၊ ရာသီဥတု ကောင်းသော စပါးရိတ်ရာကာလကို မျှော်ကိုးခြင်း၊ သီလရှိသော မယားကို လက်ထပ်အံ့၊ သားသမီးကို လိုချင်၍ ချမ်းသာကို မျှော်ကိုးခြင်း စသည့် အာရုံပျံ့လွင့်သော အတွေးမျိုးစုံသည် နံ့သာနဲ့အတူ စမ်းချောင်းတစ်ခုအဖြစ်သို့ ရောက်ရှိလာတတ်သည်။

နံ့သာပေါင်းသည် နတ်ဘုရားများကို တန်ခိုးကြီးစေနိုင်တာ သေချာသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့သည် လူတို့၏ဆန္ဒကို ဖြည့်ဆည်းရန် လိုအပ်သည်။ လူသားတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းသောအခါ အမွှေးတိုင်၌ အာရုံထွေပြားသော အတွေးများ မရှိကြပေ။ သို့သော် လိုအင်ဆန္ဒအားလုံး မပြီးမြောက်နိုင်တဲ့အခါ အမွှေးတိုင်များတွင် အညစ်အကြေးများစွာ ရှိနေသည်။

ဝမ်ဖူသည် ချန်ရှီ၏ နတ်ကွန်းတွင် ထိုင်နေစဥ် အမွှေးတိုင်ထဲတွင် အာရုံပျံ့လွင့်နေသော အတွေးမျိုးစုံ ပျောက်ကွယ်သွားတာ သူ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် အစစ်အမှန်ကို ထုတ်လိုက်တဲ့အခါ သူ့ရွှေရောင်ကိုယ်ခန္ဓာက ပိုဖြူစင်သည်ဟုပင် ခံစားမိလာသည်။

မသိစိတ်က ညဉ့်အချိန်ဖြစ်၍ ချန်ရှီသည် တရားထိုင်နေရာမှ နိုးလာပြီး ဝမ်ဖူကို လွှတ်ပေးလိုက်သည်။ သူ့စိတ်ဝိညာဉ်က ပြည့်ဝပြီး တက်ကြွနေသည်ဟု သူခံစားမိသည်။

ဝမ်ဖူ၏ ခန္ဓာကိုယ်သည် နတ်အလင်းများနှင့် ပြည့်နှက်နေကာ သန့်စင်ပြီး တုနှိုင်းမရပေ။ သူ၏တာအိုဘာသာသည် ကြီးစွာသောတိုးတက်မှုကို ခံစားခဲ့ရသဖြင့် အံ့အားသင့်ကာ ပျော်ရွှင်သွားခဲ့သည်။

ကျာယွမ်နဲ့ ကျူ့ရွှင့်က သူ့ကို တအံ့တသြဖြင့် ကြည့်နေကြ၏။

"အစ်ကိုဝမ် မင်းရဲ့ ကျင့်ကြံမှုက ဘယ်လိုလုပ် ဒီလောက်တောင် သန့်စင်သွားတာလဲ..."

ကျာယွမ်: "ကျေးဇူးရှင်က မင်းကို လေ့ကျင့်ဖို့ ဖမ်းထားလို့ မင်း ဒုက္ခရောက်နေပြီလို့တောင် ငါတို့က ထင်နေတာ... ဒါပေမယ့် ကျင့်ကြံမှုက အံ့မခန်း တိုးတက်လာ​မယ်လို့တောင် မမျှော်လင့်ထားဘူး ဘာဖြစ်သွားတာလဲ"

ဝမ်ဖူလည်း ချန်ရှီ၏ ဘုံကျောင်းထဲက သူ့အတွေ့အကြုံကို ပြောပြလိုက်သည်။ တရားသူကြီးနှစ်ယောက် အံ့အားသင့်သွားကာ ချန်ရှီကို မျှော်လင့်ချက်ဖြင့် ကြည့်နေလေသည်။

မြင်းမျက်နှာ သရဲတစ္ဆေနှင့် ငရဲနတ်လေးသည် ချန်ရှီရှေ့တွင် တမင်တကာ လှည့်ပတ်ဖမ်းစားကာ ရာထူးတိုးမည်ဟု မျှော်လင့်နေသော်လည်း ချန်ရှီက မလှုပ်ပေ။

"ငါတို့ကို ဘာလို့ မဖမ်းသေးတာလဲ?"

တရားသူကြီးနှစ်ယောက်က တိတ်တဆိတ် စိတ်ပူနေကြတယ်။

ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ဟေးကော် တံခါးဖွင့်လိုက်သည်နှင့် ချန်ရှီ၏ အလောင်းနတ်သုံးကောင်သည် တံခါးအပြင်ဘက်တွင် အပြုံးကိုယ်စီဖြင့် ရပ်နေကြတာ တွေ့လိုက်ရသည်။ ဖန်ကျွယ်က ပြုံးပြီး။

"သခင် အပြင်ထွက်ပြီး ပျော်ပါး....!"

သရဲလေးသုံးကောင်ရဲ့ မျက်နှာတွေ မည်းမှောင်သွားသည်။

ဖန်ကျွယ် တခြားဘာမှ မပြောနိုင်ခင်မှာပင် ရွှေလက်တစ်စုံက တံခါးအပြင်ကို ရုတ်တရက် ပြေးထွက်လာကာ ၎င်းရဲ့ လည်ပင်းကို ဆွဲကိုင်၍ ယွမ်ချန် နန်းတော်ထဲ ဆွဲသွင်းလိုက်၏။ ဖန်ကျစ်နဲ့ ဖန်ကျွိတို့ ထွက်ပြေးခါနီးတွင် နောက်ထပ်ရွှေလက်နှစ်ချောင်းက ပြေးထွက်လာပြန်ကာ အလောင်းနတ နှစ်ပါးကို ဆွဲသွင်းလိုက်ကြသည်။

အလောင်းနတ်သုံးပါးသည် ဒူးထောက်၍ ဆန်ခါနေသလိုမျိုး လှုပ်ယမ်းကာ သူတို့ရှေ့ရှိ သရဲတစ္ဆေသုံးကောင်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ချန်ရှီရဲ့ အလောင်းနတ်သုံးပါးက အလွန်အစွမ်းထက်သည်။ ယခင်က ဤသရဲတစ္ဆေငယ်များနှင့် ကြုံတွေ့ရသောအခါတွင် အလွယ်တကူ သတ်နိုင်သော်လည်း သူ့ရှေ့ရှိ သရဲတစ္ဆေသုံးကောင်သည် ကြီးမားပြီး အကန့်အသတ်မရှိသော နတ်တန်ခိုးကို ပေးစွမ်းနေသဖြင့် ၎င်းတို့ကို ထိတ်လန့်လာစေခဲ့သည်။

ချန်ရှီ: "အလောင်းနတ်သုံးကောင် ဒီနေရာကို ရှာတွေ့ခဲ့မယ်ဆိုရင် သခင်ငယ် ဝေ့ယွဲ့ရဲ့ ကွပ်ကဲမှုအောက်က သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေလည်း ဒီနေရာကို တွေ့လိမ့်မယ်... ဒီသရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေက ယွမ်ချန်နန်းတော်ကို စောင့်ကြည့်နေရတာမလား... ထောင်ချောက် ဆင်ထားရင် သခင်ငယ် ဝေ့ယွဲ့ကို အကြောင်းမကြားနိုင်​တော့ဘူး... လူကြီးမင်းတို့ သုံးယောက်... ဒီည အမေ့ကို ကယ်တင်တော့မယ်... အလောင်းနတ်သုံးကောင်က အဟန့်အတား ဖြစ်နေမလား?"

"ဒါကလွယ်ပါတယ်!"

ဝမ်ဖူက သူ့လက်ကို ထုတ်လိုက်တဲ့အခါ ရွှေကြိုးသုံးချောင်းက ပျံထွက်သွားပြီး အလောင်းနတ်သုံးပါးကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားလေသည်။

"ငါက ဝိညာဉ်ကို လိုက်ဖမ်းတဲ့ တရားသူကြီးလေ... အလောင်းနတ်တွေကို နတ်ဘုရားကြိုးနဲ့ ချည်ရတာ အလွယ်လေး"

ချန်ရှီက ဦးညွှတ်ပြီး။

"သခင်ငယ်ရဲ့ အမိန့်အောက်က သရဲတစ္ဆေတွေနဲ့ နတ်တွေက သခင်ငယ်ကို သတင်းပို့ဖို့ မပြန်လောက်သေးဘူး... ဒီညက အမေ့ကို ကယ်တင်ဖို့ နောက်ဆုံးအခွင့်အရေးပဲ... ချန်ရှီက လူ​ကြီးသုံးယောက်ကို ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်"

တရားသူကြီး သုံးယောက်က

"ကျေးဇူးပြန်ဆပ်ဖို့က ကိစ္စတစ်ခုပဲ... ဘာလို့ ဒီလောက်ယဉ်ကျေး​နေရတာလဲ...လူကို သွားကယ်လိုက်ပါ ကျေးဇူးရှင်... ကျန်တာကို ငါတို့ ကိုင်တွယ်ထားမယ်!"

ချန်ရှီ သူ့ခါးကို တည့်တည့်မတ်မတ်ထားပြီး ဟေးကော်နဲ့အတူ အပြင်ထွက်တော့မည်။ သူ လှေမလေးကို ပြန်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"လှေသမလေး ပြန်မလာသေးဘူး... ငါသူမကိုတော့ မစောင့်နိုင်တော့ဘူး!"

တံခါးကိုဖွင့်ပြီးနောက် ဟေးကော်ကို ခေါ်၍ ချန်ယင်တူးရဲ့ ယွမ်ချန်နန်းတော်ထဲမှ ထွက်လာခဲ့သည်။ ထို့နောက် ကောင်းကင်လမ်းသို့ ရောက်ကာ သခင်ငယ်၏ ယွမ်ချန်နန်းတော်ဆီသို့ တည့်တည့်သွားခဲ့သည်။

​ကောင်းကင်လမ်းသည် သရဲတစ္ဆေများနှင့် ပြည့်နှက်နေပြီး အလွန်အသက်ဝင်​​နေသည်။ အလောင်းနတ်သုံးပါးကလည်း သူတို့ သခင်များကို ရွှင်မြူးစွာ ခေါ်ဆောင်ခဲ့ကြရာ သူတို့၏သခင်များ စောစော သေရလေသည်။

ကောင်းကင်ကြီးမှာလည်း အသွားအလာတွေ ပြည့်နှက်နေ၏။ တဟုန်ထိုး ပြေးလာကာ လူများနှင့် မြင်းများက ရံဖန်ရံခါ ပြုတ်ကျကာ တစ္ဆေများနှင့် နတ်ဆိုးများ၏ ဝိညာဉ်များက ဖြတ်ပျံသန်းသွားကြသည်။

ထိုစဥ် ချန်ရှီနဲ့ ဟေးကော်ဟာ တစ္ဆေများနှင့် ဘီလူးများကြားတွင် လျင်မြန်စွာ ပြေးလွှား​နေခဲ့ကြကာ အရှိန်ကလည်း ပိုမြန်လာသည်။ ကောင်းကင်လမ်းတွင် တစ္ဆေနှစ်ကောင်နှင့် နတ်ဘုရားနှစ်ပါးသည် နှစ်ဖက်စလုံးရှိ လမ်းသွယ်များမှ ချက်ချင်း ပြေးထွက်လာကြပြီး ဘယ်နဲ့ညာကက လိုက်လာကြသည်။

သရဲနှစ်ကောင်သည် ပေပေါင်းများစွာ မြင့်သည်။ သူတို့ စတင်လှုပ်ရှားလာသည်နှင့် တပြိုင်နက် နွားခေါင်းတစ္ဆေနှင့် မြင်းမျက်နှာတစ္ဆေတစ်ကောင်သည်လည်း ​ရေပုံးတစ်ပုံးဖြင့် အနောက်မှ ပြေးလာတာ တွေ့လိုက်ရသည်။ သူတို့သည် သစ်သားပုံးကို မြှောက်လိုက်သည်နှင့် သရဲနှစ်ကောင် မတုံ့ပြန်နိုင်မီတွင် ၎င်းတို့၏ ခန္ဓာကိုယ်များသည် လျင်မြန်စွာ ကျုံ့သွားကာ ရေပုံးထဲသို့ ထိုးကျသွားလေသည်။

ချန်ရှီနဲ့ ဟေးကော် အဆက်မပြတ် ပြေးလွှားနေကြသည်။ အရိပ်နှစ်ခု အမတမြို၏လမ်းများကြားတွင် ပျံသန်းနေကြစဥ် သရဲတစ္ဆေများနှင့် နတ်ဘုရားများစွာတို့သည်လည်း ၎င်းတို့ကို ဖယ်ရှားရန် လိုက်လာကြသည်။

မျက်နှာစိမ်း သရဲတစ္ဆေတစ်ကောင် :"ဝမ်နဲ့ဟန်... မင်းတို့သွားပြီးတော့ သခင်ငယ်ကို အကြောင်းကြားလိုက်တော့!"

ဝမ်နဲ့ဟန်ကလည်း တုံ့ပြန်ပြီး ပြေးထွက်သွား၏။ ကံမကောင်းချင်တော့ အရှိန်မြှင့်ခါနီးတွင် သရဲတစ္ဆေလေးနှစ်ကောင်က သူတို့ဆီသို့ ပျံသန်းလာနေတာ တွေ့လိုက်ရသည်။ အ၀တ်စုတ်နှစ်ခု လွင့်ထွက်သွားချိန် ချက်ချင်းပင် လော်ထျန်း ကုလားကာများအဖြစ် ပြောင်းလဲကာ တစ္ဆေနှစ်ကောင်ကို ဖုံးအုပ်သွားသည်။

မျက်နှာစိမ်း အစွယ်တစ္ဆေလည်း လန့်ပြီး လှည့်ထွက်ပြေးလေ၏။ သူ့အနောက်မှာတော့ အပြုံးတစ်ခု၊ လက်ဖဝါးနဲ့ တစ္ဆေ စည်းတံဆိပ်ခတ်ထားတဲ့ ငရဲနတ်လေး တစ်ကောင်က ရပ်နေခဲ့သည်။

ငရဲနတ်ငယ်လေး၏ ခန္ဓာကိုယ်သည် သနားစရာကောင်းလောက်အောင် သေးငယ်သော်လည်း အစီအရင် ထွက်လာသောအခါတွင် ရန်သူအား ပေထောင်ပေါင်းများစွာ မြင့်ပြီး အလွန်တင့်တယ်သည့် တစ္ဆေနတ်ဘုရားဟု ခံစားရစေလေသည်။

ငရဲနတ်ရဲ့ လက်ဖဝါးလေး ကျလာသောအခါ တစ္ဆေခမျာ လက်ဖဝါးအရွယ် အစိမ်းရောင် ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲသွား​တော့သည်။ ငရဲနတ်လေးက ရုပ်သေးရုပ်ကို ခါးတွင် ချိတ်ထားကာ ပျံသန်းသွားသလိုမျိုး ခုန်ချကာ သရဲတစ္ဆေအုပ်စုထဲသို့ တိုးဝင်ရင်း ပျောက်ကွယ်သွားခဲ့သည်။

ချန်ရှီနဲ့ ဟေးကော်သည် မကြာမီပင် သခင်ငယ်၏ ယွမ်ချန်နန်းတော်သို့ ရောက်လာပြီး တစ်ဖက်မှလှည့်ကာ ထိုနန်းတော်နောက်ကွယ်မှ အမှောင်ထုဆီသို့ ရောက်လာခဲ့သည်။

အမှောင်ထုဆီသို့ ဦးတည်သွားသော လမ်းတစ်လမ်းသာ ရှိကာ အလင်းရောင်က ခပ်ဖျော့ဖျော့ပင်။ လမ်းဘေးနှစ်ဖက်ရှိ အမှောင်ထုသည် မရေမတွက်နိုင်သော မရဏတမန် နှင့် သရဲတစ္ဆေများကို ဖုံးကွယ်​ပေးထားသည်။

ချန်ရှီသည် အကြာကြီး အသက်ဝဝရှူလိုက်ကာ မှောင်မိုက်သော လမ်းကို လှမ်းဝင်ပြီး ဟေးကော်နှင့်အတူ ရှေ့သို့ ဆက်လျှောက်သွားသည်။

ဘာသံမှ မကြားရဘဲ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေ၏။ အမတမြို့၏ အရှိန်အဟုန်နှင့် တက်ကြွမှုတို့သည် ရုတ်ချည်း မှိန်ဖျော့သွားခဲ့ပြီး သူတို့ရဲ့ ခြေသံတွေကတောင် အနည်းငယ် ကြမ်းတမ်းလာသည်။

သူတို့သည် တဖြည်းဖြည်း ယွမ်ချန်နန်းတော်နှင့် နီးကပ်လာကာ လမ်းအလယ်သို့ တဖြည်းဖြည်း လျှောက်လာခဲ့ကြသည်။ ထိုအချိန်တွင် လက်ဝဲဘက်ရှိ အမှောင်ထဲတွင် စူးစူးရဲရဲ တောက်လောင်နေသော မီးတောက်နှစ်ခုကဲ့သို့ စူးရှသော မျက်လုံးတစ်စုံ ပေါ်လာသည်။

"ဟေးကော်! ငါ ဒီတိုက်ပွဲကို မင်းအတွက်ထားခဲ့မယ်"

ချန်ရှီ သံပေတံကို ထုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ ဟေးကော်က သူ့ပနောက်မှာ ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှုပ်ခါလိုက်သည်။ ခွေးခန္ဓာကိုယ်က ပိုပိုကြီးလာပြီး မှော်မီးလုံးတွေ တောက်လောင်လာ၏။

"ရွှင်း--"

ကောင်းကင်လမ်းရဲ့ နှစ်ဘက်စလုံးမှာ အမှောင်ထုထဲမှာ မျက်လုံးအစုံက တောက်ပလွန်းပေသည်။

"ရာဇ၀တ်ကောင် ချန်ရှီ.... မင်းကို စောင့်နေတာကြာပြီ!"

All Chapters