← Chapters

တစ်ဆယ်လေး အမေ့ကို ကယ်ပြီ

Vol. 23 Ch. 331

တစ်ဆယ်လေး အမေ့ကို ကယ်ပြီ

Vol. 23 Ch. 331

အမှောင်ထဲတွင် လှေငယ်များက မျှောပြီး တစ္ဆေတမန်များ ထိုလှေပေါ်တွင် မတ်တပ်ရပ်ကာ အသီးသီး မီးခွက်ကို လက်ထဲတွင် ကိုင်ထား​ကြသည်။ ဤနေရာ၌ ကောင်းကင်၊ မြေကြီးလည်းမရှိ၊ မြစ်လည်းမရှိ။ မသေနိုင်သော အမှောင်ထုက ဝါးမျိုသွားသကဲ့သို့ အရာအားလုံးသည် ပံ့ပိုးမှု မရရှိပေ။

ယွမ်ချန်နန်းတော်၏ အဆုံးသို့ ဦးတည်​နေသော ကောင်းကင်လမ်းသည်သာ အခြေချရန် တစ်ခုတည်းသော နေရာဖြစ်သည်။ ကောင်းကင်လမ်းမှ ထွက်ခွာသွားသော ဝိညာဉ်များအားလုံးသည် အိပ်မက်ဆိုးတစ်ခုထဲသို့ ကျရောက်ပြီး ဆက်လက် ပြိုလဲသွားသကဲ့သို့ပင် ဤနေရာသို့ ရောက်လာကြသော ဝိညာဉ်များအားလုံး ထာဝရအမှောင်ထဲသို့ ကျရောက်သွားမည် ဖြစ်သည်။

တစ္ဆေတမန်၏ လှေများကသာ ထိုအမှောင်ထဲတွင် မျှောပါနိုင်သည်။ တစ္ဆေတမန်တွေရဲ့ လက်ထဲမှာ ကလေးကောင်းကင်ဝိညာဥ် မီးအိမ်က လင်းနေ၏။

ချန်ရှီ အော်လိုက်ပြီးတာနဲ့ သူ့လက်ထဲက ကောင်းကင်သံပေတံက လွင့်ပျံသွားသည်။ ကျိုးထျန်းမီးနယ်မြေက လေချွန်တစ်ချက်ဖြင့် ချက်ချင်း အသက်ဝင်လာကာ သာမန်ထင်ရသော သံချောင်းတစ်ဝိုက်တွင် လှည့်ပတ်နေသည်။ မီးနယ်မြေသည် ဧကဒါဇင်နှင့်ချီ၍ ဖုံးလွှမ်းပစ်ပေသည်။

သူသည် မှော်စွမ်းအားအားလုံးကို သုံးပြီး ကျိုးထျန်းမီးနယ်မြေထဲသို့ ထိုးသွင်းလိုက်သည်။

"ကြီး! ကြီး! ကြီး! ကြီး!"

"ဗုန်း!"

အမှောင်ထဲတွင်တော့ မရဏကျွန် လက်ထဲရှိ ကောင်းကင်ဝိညာဉ်မီးခွက်များ ထွန်းညှိလိုက်သည့်အခိုက်တွင် ကြီးမားသော အနက်ရောင်သံတိုင်ကြီးသည် ရုတ်တရက် ကျယ်ပြန့်လာပြီး အမှောင်ထုကို ဖြတ်သွားကာ လှည့်ပတ်နေသော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

"ဟေးကော်!"

ချန်ရှီ၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ဟေးကော် ခန္ဓာကိုယ်သည်လည်း ပိုကြီးလာပြီး အလွန်ထူထဲသော အနက်ရောင် သံတိုင်ကို ခေါင်းဖြင့် တွန်းကာ ကောင်းကင်လမ်း တစ်လျှောက် ရှေ့သို့ ပြေးထွက်သွားသည်။

အလွန်အားကောင်းသည်၊ မြန်သည်၊ ပိုမြန်လာသည်၊ ကောင်းကင်မှ သံတုတ်ကို တွန်းထုတ်ကာ ရိုင်းစိုင်းစွာ ပြေးနေ၏။ နှစ်ဖက်လုံးရှိ အမှောင်ထုထဲမှ တဝုန်းဝုန်း ပေါက်ကွဲသံကို ကြားလိုက်ရသည်နှင့် မရဏကျွန်များသည် သံတိုင်ဖြင့် တစ်ကောင်ပြီးတစ်ကောင် ထိမှန်ကာ ဖိအားအောက်၌ ပေါက်ကွဲသွားကြသည်။

မိုးခြိမ်းသံက မရဏကျေးကျွန်ကို ရိုက်ခတ်ပြီး ကောင်းကင်သံပေတံက သူတို့ကို ပြင်းပြင်းထန်ထန် ခေါက်ချလိုက်တဲ့အတွက် ယင်မီးတွေက သူတို့ရဲ့ မျက်လုံး၊ နား၊ ပါးစပ်နဲ့ နှာခေါင်းတွေကနေ ​ပေါက်ထွက်လာလေသည်။ ချန်ရှီသည် ဟေးကော် ခန္ဓာကိုယ်ကြီးအောက်တွင် ပြေးလွှားနေပြီး ဤတံတားကဲ့သို့ လမ်းအဆုံးက ယွမ်ချန်နန်းတော်ဆီသို့ ပြေးသွားသည်။

"ချန်ရှီ ရာဇ၀တ်ကောင်! ဒါ အမတမြို့လို့များ မင်းထင်လား"

ရုတ်တရက် သူတို့နောက်ကနေ အသံတစ်သံ ထွက်လာခဲ့သည်။

"မှားပါတယ် ဒါက မင်းအတွက် အရှင်ချင်းထျန်း သီးသန့် ထုတ်ထားတဲ့ ထောင်ပဲ မင်းအဖမ်းခံရတဲ့ နောက်ဆုံးအကြိမ်တုန်းရ ဒီမှာ ပြုတ်ကျခဲ့တာ!"

ချန်ရှီ ဒီအသံကို ကြားလိုက်တဲ့အခါ သူ့စိတ်ထဲ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

"အရှင်ချင်းထျန်းက ငါ့ကို ဖိနှိပ်ထားခဲ့တာလား...ငါနဲ့ သူ့ဆက်ဆံရေးက သိပ်မကောင်းဘူးလား"

အလွန်အမင်း တွေးတောဖို့ ဂရုမစိုက်​နေ​တော့ဘဲ ရှေ့ကိုသာ ဆက်ပြီး မြန်မြန် ပြေးလိုက်သည်။ သခင်ငယ် ဝေ့ယွဲ့၏ အသံက ယွမ်ချန်နန်းတော်ထဲမှ ထွက်လာသည်။ ဤအခိုက်အတန့်တွင် ဤယွမ်ချန်နန်းတော်တွင် မီးတရားသူကြီးသည် ပေတစ်ထောင်မြင့်သော နန်းတော်နောက်ကွယ်မှ ထွက်လာကာ အမှောင်ထုကို ကြည့်နေ၏။ သူ့တစ်ကိုယ်လုံးက မီးတောက်လောင်လျက် ပရှိသည်။

မီးတရားသူကြီး၏ ပုခုံးပေါ်တွင် ဆံပင်နီ သရဲတစ္ဆေတစ်ကောင် ရပ်နေပြီး သခင်ငယ် ဝေ့ယွဲ့က ဆံပင်နီတစ္ဆေရှေ့တွင် ရပ်ကာ ဤမြင်ကွင်းကို အဝေးကနေ ကြည့်နေသည်။

အမှောင်ထုသည် ပို၍ပို၍ ကြီးမားလာပြီး အမှောင်ထုကို ဖြတ်ကျော်သွားသော လမ်းသည်လည်း မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ကောင်းကင်တံတားနှင့် တူလာသည်။

တောင်ကြီးလို ကြီးမားသော ဟေးကော်၏ ကြီးမားသော ကိုယ်ထည်နှင့် မိုင်ရာနှင့်ချီ ရှည်လျားသော သံတုတ်ကြီးသည် ကြီးကျယ်ခမ်းနားမှု မရှိတော့ပေ။

သခင်ငယ်က သံတုတ်ကို ကြည့်လိုက်ပြီး မေးလေ၏။

"ဒီသံတိုင်က ရှီးကျင်းအောက်က သမိုင်းမတင်မီ အမွေအနှစ်မလား"

မီးတရားသူကြီးက စိုက်ကြည့်ရင်း ခေါင်းညိတ်ပြသည်။ ထို့နောက် ထူးဆန်းတဲ့အကြည့်နဲ့ ပြန်ဖြေလာသည်။

"ဒါက တကယ့် ရတနာပဲ ဒါပေမယ့် ဒီရတနာကို စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ တပည့်တွေက သိမ်းထားတာကို ကြားတယ်... အဓိက မိသားစုထဲက တစ်ယောက်မှ မယူထားဘူး ချန်ရှီလက်ထဲ ဘယ်လိုလုပ် ရောက်သွားတာလဲ"

သခင်ငယ်လည်း အံ့ဩသွားပြီး :"ချန်ရှီက စိတ်ပျက်ဖွယ်ကုန်းစောင်းက မဟုတ်တာ သေချာတယ်။ သူ့လက်ထဲ ရောက်သွားပြီ ဆိုတော့ ငါတို့ သိမ်းလိုက်ရင် စိတ်ပျက်ဖွယ်ကုန်းစောင်းက ကောင်တွေ ပြန်လာယူလည်း သိပ်ရှက်စရာ မဟုတ်​တော့​ဘူး... ဒီရတနာက ငါ့ယန်မိသားစု ပိုင်နိုင်တယ်"

အမှောင်ထဲတွင် မြင်းမျက်နှာရှိ တစ္ဆေနဲ့ နွားဦးခေါင်းတစ္ဆေတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်များကို လှုပ်ယမ်းကာ ပေခြောက်ရာ သို့မဟုတ် ခုနစ်ရာခန့် မြင့်သော ၎င်းတို့၏ ခန္ဓာကိုယ်အစစ်အမှန်ကို ပြသကာ သံတုတ်ကို တိုက်ခိုက်ရန် ရုန်းကန်နေရသည်။

သူတို့၏ခြေရင်းအောက်တွင် လှေငယ်များသည် ကြီးမားလာပြီး နှစ်မိုင်သုံးမိုင်ရှည်သော သစ်သားလှေများအဖြစ် ပြောင်းလဲသွားသည်။

သစ်သားလှေကို သစ်ပင်တစ်ပင်မှ ထွင်းထုထားသည်။ အသေးစိတ်ကို မြင်ရန် အလွန်သေးငယ်ပါ၏။ ယခုအခါ ၎င်း၏ပင်မကိုယ်ထည်ကို ထုတ်ဖော်ပြသလိုက်ရာ အမှောင်ထုထဲတွင် လွင့်မျောနေသော သရဲမျက်နှာသဏ္ဌာန်ကို လှေတိုင်တွင် ပြသလာသည်။

သစ်သားလှေက ရှေ့ကို ရွေ့သွားရင်တော့ တစ္ဆေမျက်နှာက ကြီးလာကာ နောက်ပြန်ဆုတ်ရင် တစ္ဆေမျက်နှာက လွင့်ထွက်သွားလိမ့်ည်။ ရုန်းကန်နေရတဲ့အတွက် တစ္ဆေမျက်နှာက ရက်စက်ပြီး အားတင်းထားတဲ့ အမူအရာမျိုး ပေါ်လာလေသည်။

သရဲတစ္ဆေ လေးဆယ်ကျော် စုစည်းလာသည်။ ဟေးကော်သည် မိုင်တစ်ရာနီးပါး ရှေ့ကို ပြေးသွညးကာ နောက်ဆုံးတွင် ကောင်းကင်သံတုတ်ကို တွန်းနေတာအား ရပ်တန့်လိုက်သည်။ ချန်ရှီစိတ်က အနည်းငယ် လှုပ်ရှားသွားကာ ကောင်းကင်သံတုတ်ကလည်း တုန်လှုပ်သွားလေသည်။ သံတုတ်ကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားကယ အားအင်အပြည့်နဲ့ ရှေ့ကို ဆက်ပြေး၏။

ကောင်းကင်လမ်းသည် သူ့ခြေအောက်တွင် အလွန်ကျယ်လာသည်။ ပုရွက်ဆိတ်လေး တစ်ကောင်လို အဲဒီလမ်းပေါ်မှာ ချန်ရှီ ဆက်ပြေးလေ၏။

"ရှု--"

အရပ်ခြောက်ရာ ခုနစ်ရာမြင့်သော သရဲတစ္ဆေများနှင့် နတ်ဘုရားများသည် က​လေးကောင်းကင်ဝိညာဉ် မီးခွက်ကို အသီးသီးတိုက်တွန်းလိုက်ကြပြီး ထူထပ်သော အလင်းတန်းများအား နေရာပေါင်းစုံမှ ထွန်းတောက်လာ​စေခဲ့သည်။

မိုးခြိမ်းသံများ အရပ်ရပ်မှ ထွက်ပေါ်လာသည်။

"ရာဇ၀တ်ကောင် ချန်ရှီကို တရားစီရင်သင့်တယ်!"

ဤအလင်းမျိုးသည် စိတ်ဝိညာဉ်ကို သုတ်သင်ဖို့ အထူးရည်ရွယ်ပါသည်။ အလင်းရောင်တွေ လင်းထိန်သွားသည်နှင့်အမျှ ကျင့်ကြံမှုက ဘယ်လောက်ပဲ အားကောင်းနေပါစေ သို့မဟုတ် စိတ်ဝိညာဉ်​က ဘယ်လောက် တည်ငြိမ်နေပါစေ ၎င်းကို ခန္ဓာကိုယ်ထဲမှ ရိုက်ထုတ်ခံရလိမ့်မည်။

ဟေးကော် ဟောက်လိုက်ရာ နတ်ဆိုးစွမ်းအင်နှင့် နတ်ဆိုးမီးတို့က ၎င်းကို လှည့်ပတ်ကာ ကလေးကောင်းကင်ဝိညာဉ် မီးအိမ်၏ အလင်းရောင်များကို ပိတ်ဆို့ထားလိုက်သည်။

သို့သော် နတ်ဆိုးစွမ်းအင်နှင့် နတ်ဆိုးမီးတို့၏ အတားအဆီးများကို ဖြတ်ကျော်ကာ တောက်လောင်နေသော အလင်းတန်းများစွာ ရှိပါသေးသည်။ ဟေးကော်သည် လမ်းပေါ် ခုန်တက်လာပြီး ချန်ရှီအတွက် အလင်းတန်းများကို ပိတ်ဆို့ထားလိုက်သည်။

အလင်းတန်းတစ်ခု ရောက်လာတိုင်း ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်လှုပ်စေကာ ၎င်း၏ နတ်ဆိုးဝိညာဉ်နှင့် ခန္ဓာကိုယ်သည် အဆုံးမရှိ တုန်ခါသွားမည်ဖြစ်သည်။ ဝိညာဉ်က မတည်မငြိမ် ဖြစ်လာပြီရင် ၎င်း၏ခန္ဓာကိုယ်နှင့် အကြိမ်ကြိမ်ကွဲကွာလုနီးပါး ဖြစ်လာမည်။

ဤသည်မှာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ခွဲထုတ်လိုက်သော ဝေဒနာဖြစ်ပြီး အလွန်နာကျင်လှသည်။ အလင်းတန်းတစ်ခု ဝင်တိုက်မိတိုင်း ဟေးကော်မျက်နှာက ပုံပျက်နေပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ဟောက်သံတစ်သံ ထွက်လာသည်။

သို့သော် ဟေးကော်သည် အလင်းတန်းများကို ပိတ်ဆို့ကာ ခုန်ပြီး တိုက်ခိုက်​နေဆဲ ဖြစ်သည်။ သူ့ရဲ့ နတ်ဆိုးဝိညာဉ်ကလည်း ပြင်းထန်လွန်းသည်။ အလင်းတန်းတစ်ခုနဲ့ ထိမ်သောအခါ ဝိညာဉ်က တုန်ခါပြီးနောက် ၎င်း၏ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်သွားမည် ဖြစ်သည်။ မရဏကျေးကျွန်၏ စွမ်းအားသည်ပင် ၎င်း၏ နတ်ဆိုးဝိညာဉ်ကို ခန္ဓာကိုယ်မှ မပျံ့လွင့်နိုင်ပေ။

သစ်သားလှေများ ရောက်လာသောအခါ နွားခေါင်းနှင့် မြင်းမျက်နှာရှိ တစ္ဆေတမန်တစ်စုသည် ကလေးကောင်းကင်ဝိညာဥ် မီးပုံးလေးများကို ချိတ်ဆွဲကာ လှေပေါ်ရှိ လက်နက်များဖြစ်သော သံလှံများ၊ အချို့က ချိတ်နှစ်ထပ်၊ အချို့မှာ လှံရှည်များ စသည်ဖြင့် လှေပေါ်ရှိလက်နက်များကို ဖမ်းကိုင်လိုက်ကြသည်။

ရုတ်​တရက်​ သရဲ​ကောင်​​လေး ၃ ကောင်​ကလည်း ​ရေပုံး​တွေနဲ့ ​ဘေးက​နေ ​ပြေးထွက်လာကြသည်။ ထိုအထဲက ငရဲနတ်လေးသည် အလွန်သေးငယ်ပြီး အရပ်နှစ်ပေသာ ရှိသော်လည်း အလွန်အစွမ်းထက်၏။ နွားဦးခေါင်း သရဲတစ္ဆေတစ်ကောင်ကလည်း ပေ ၆၀၀ ကျော်မြင့်တဲ့ မြင်းမျက်နှာတစ္ဆေတမန်ကို အမှောင်ထုထဲနေ ပြေးထွက်လာကာ ကန်ထုတ်ပစ်လိုက်သည်။

ငရဲနတ်ငယ်လေးသည် အခြား နွားဦးခေါင်းတစ္ဆေတမန်ရဲ့ လက်နက်ကို ဖမ်းကိုင်ကာ ၎င်းကို ထိုးပစ်ခဲ့သည်။ ကြီးမားသော မှော်လက်နက်ကြီး နောက်ပြန်ဆုတ်သွားကာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။ နွားခေါင်း တစ္ဆေတမန်လည်း တုန်လှုပ်စွာ နောက်ပြန် လဲကျသွား၏။

ထိုစဥ် မြင်းမျက်နှာတစ္ဆေလေးသည် တစ္ဆေတမန်ကို တွန်းလှဲကာ ပြင်းထန်စွာ ဖြိုခွဲပြီးနောက် အခြား တစ္ဆေတမန်များကိုလည်း ရိုက်နှက်ခဲ့သည်။

သရဲတစ္ဆေသုံးကောင်သည် သစ်သားလှေများကြား ခုန်ပျံနေခဲ့သည်။ မရဏကျေးကျွန် တစ်အုပ်နှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့သည် ပြိုင်ဘက်များကို တစ်ကြိမ်တည်းဖြင့် အနိုင်ယူပစ်လေ့ရှိသည်။ ထိုမရဏကျေးကျွန်များသည် သစ်သားလှေများကို ထားခဲ့ကာ အမှောင်ထဲတွင် မနေနိုင်ပေ။ ရေထဲကျရင်လည်း ရေနစ်တဲ့လူတွေလို ရုန်းကန်ရင်း တဖြည်းဖြည်း နစ်မြုပ်သွားကြသည်။

သစ်သားလှေများသည် မြေပြင်ပေါ်တွင် အရပ်ရပ်မှ စုဝေးနေကြသည်။ လှေပေါ်ရှိ မရဏကျေးကျွန်တို့သည် ၎င်းတို့၏ မှော်လက်နက်များကို ဝှေ့ယမ်းကာ သရဲတစ္ဆေလေး ၃ ဦးကို တိုက်ခိုက်​နေကြသည်။

ထိုစဥ် နောက်ထပ် သစ်သားလှေတစ်စင်းက အမှောင်ထဲသို့ ရွက်လွှင့်သွားခဲ့သည်။ လှေပေါ်တွင် တရားသူကြီး ဝေလင့်​၏ ကွပ်ကဲမှုအောက်က မရဏတမန်နဲ့ မရဏကျေးကျွန်တို့သည် တစ္ဆေလေးသုံးကောင်နှင့် ဟေးကော်ဆီသို့ ပြေးသွားကြသည်။

"ဝိညာဥ်ဖမ်း၊ အပြစ်ပေး၊ ဓားတောင်... ငါမင်းတို့ကို စောင့်နေတာကြာပြီ!"

ဝေ့ယွဲ့ရဲ့ ယွမ်ချန် နန်းတော်ထဲက မီးနှင့်မြေတရားသူကြီးများသည်လည်း ပျံတက်သွားပြီး သရဲတစ္ဆေသုံးကောင်ဆီသို့ ပြေးသွားကြသည်။

ဆံပင်နီတစ္ဆေသည် သခင်ငယ် ဝေယွဲ့ကို ခေါ်ဆောင်ကာ မီးတရားသူကြီး၏ ပုခုံးပေါ်မှ ပျံသန်းလာသည်။ ၎င်းက ကောင်းကင်တံတားပေါ်သို့ ဆင်းသက်ကာ တိုက်ပွဲကို အဝေးက ကြည့်ရှု​​နေခဲ့သည်။

ပုံးများကိုင်ထားသော တစ္ဆေသုံးကောင်လည်း ဖိအားများ ပိုမိုခံစားလာရသဖြင့် ၎င်းတို့တစ်ဦးစီသည် ၎င်းတို့၏ ရွှေရုပ်အလောင်းများကို ပြသကာ ပေထောင်ပေါင်းများစွာ မြင့်သော နတ်ဘုရားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထို့နောက် ခံ့ညားထည်ဝါသော ကိုယ်ခန္ဓာများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြကုန်သည်။

ဟေးကော်ကို ရှေ့၊ နောက်၊ ဘယ်ညာကနေ တိုက်ခိုက်တဲ့ တစ္ဆေတမန်တွေလည်း ရှိသေးသည်။

ဟေးကော်က ဘယ်တစ်ချက် ညာတစ်ချက် ကိုက်လိုက်သည်။ ရုတ်တရက် မှော်မီးကို နင်းပြီး အမှောင်ထဲသို့ ပြေးဝင်ကာ ပေရာနှင့်ချီအကွာမှ သရဲတစ္ဆေများ၊ နတ်ဘုရားများနှင့် တိုက်ကာ တံတားပေါ်သို့ ပြန်ပြေးဆင်းလာပြီး ချန်ရှီ တိုက်ခိုက်နေသော တစ္ဆေတမန်ကို ခေါက်ပစ်လိုက်သည်။

"သခင်ကြီးချင်းထျန်းကတော့ တကယ်ကို လိမ္မာပါးနပ်တာပဲ... သူက ချန်ရှီအတွက် ဒီတစ်ကိုယ်တော် လမ်းကိုတောင် ဖောက်ပေးခဲ့သေးတယ်..."

သခင်ငယ် ဝေ့ယွဲ့သည် တိုက်ပွဲကို ကြည့်ပြီး မျက်လုံးပြူးနေပေမယ့် အပြုံးမပျက်ပေ။

"ငါသာဆိုရင် ချန်ရှီကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... သခင်ကြီးချင်းထျန်းက သူ့ကို ထောင်ချောက်ထဲ ကျလာအောင် ထောင်ချောက်ထဲကို စဝင်လာအောင် ဒီနည်းလမ်းကို သုံးခဲ့တာ.."

သူဒီလိုပြောပြီးတာနဲ့ အနက်ရောင် အလင်းတန်းဟာ ရုတ်တရက် လေချွန်သံတစ်ချက်နဲ့ ထွက်လာပြီး တခဏချင်းမှာပဲ မိုင်ပေါင်းများစွာ အဝေးကနေ သူ့ရှေ့ ရောက်လာသည်။ ကျိုးထျန်းမီးနယ်မြေက အနက်ရောင် အလင်းတန်းကို ပတ်ထား၏။

"သံပေတံ?"

သခင်ငယ်ဝေ့ယွဲ့ရဲ့ မျက်လုံးများ တောက်ပလာပြီး။

"ချန်ရှီ မင်းငါ့ကို ရှာတွေ့သွားပြီလား"

သံပေတံ၏ လေချွန်သံက ပိုကျယ်လာကာ ချက်ချင်းပင် သူ့ရှေ့သို့ ရောက်လာသည်။ သခင်ငယ်ဝေ့ယွဲ့သည် နောက်ပြန်ဆုတ်ခြင်း သို့မဟုတ် တားဆီးခြင်းမရှိဘဲ နောက်ကျောကို လက်ပစ်လျက် မလှုပ်မယှက် ရပ်နေခဲ့သည်။

ဆံပင်နီတစ္ဆေသည် သူ့ရှေ့တွင် ဝင်ရပ်ရင်း ကောင်းကင်သို့ ရုတ်တရက် ဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်သည် အရပ်ပိုမြင့်လာပြီး ပြင်းထန်သော ကြွက်သားများ၊ လက်များဖြင့် ရှေ့သို့ တွန်းထုတ်နေသည့် ခြေတစ်ထောင်နတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်သံပေတံက ချက်ချင်းပင် သူတို့ရှေ့ရောက်လာပြီး အဆုံးကတင် တစ်မိုင်အထူရှိနေပြီ ဖြစ်သည်။

ဆံပင်နီတစ္ဆေသည် ရုတ်တရတ် သခင်ငယ်ဝေ့ယွဲ့ရှေ့မှ ထွက်ပြေးသွား၏။ ထိုအခိုက် သခင်ငယ်ဝေ့ယွဲ့၏ အပြုံးသည်လည်း မှေးမှိန်သွားပြီး လေချွန်သံဖြင့် ထိမှန်သွားခဲ့သည်။ သူ ထိတ်လန့်သွားပြီး ခဏလေးအတွင်းမှာ သစ္စာဖောက်မှုနဲ့ အလွှမ်းမိုးနိုင်ဆုံး တိုက်မိမှု​ကြီး လာတော့မယ် ဆိုတာကို သူ ခံစားလိုက်ရ​လေသည်။

သံတုတ် သူ့ကိုယ်ပေါ်ကို ဖိချလိုက်သည်နှင့် သခင်ငယ်ဝေ့ယွဲ့ခမျာ အရိုးအက်ကွဲသံကိုပင် ပြန်ကြားရပြီး သူ့နောက်က ယွမ်ချန်နန်းတော်ဆီ လွင့်သွားလေ၏။ ဒီတိုက်မိမှုက အလွန်ပြင်းထန်တာကြောင့် သူ့ခန္ဓာကိုယ်ကိုပင် အပိုင်းပိုင်း ကွဲသွားစေတော့မလိုပင်။

သခင်ငယ်ဝေ့ယွဲ့လည်း အံကြိတ်ကာ နတ်ဝိညာဥ်ကို လွှတ်ထုတ်လိုက်သည်။ နတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ့ခန္ဓာကိုယ်ဟာ မူလထက် ပိုပိုကြီးလာသည်။

"ဗုန်း!"

မတိုင်ခင်က သူ့ခန္ဓာကိုယ်ဟာ ယွမ်ချန် နန်းတော်ကို ထိမှန်ခဲ့တာကြောင့် သူ့မျက်လုံး၊ နား၊ ပါးစပ်နဲ့ နှာခေါင်းတွေ သွေးထွက်နေခဲ့သည်။ သူ့ဒဏ်ရာတွေက အရမ်းပြင်းထန်ကြောင်း သိသာ၏။

သံပေတံသည် လျင်မြန်စွာ ကျုံ့သွားပြီး သုံးပေ ရှစ်လက်မအရွယ် အနက်ရောင် သံချောင်းတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ လေကိုဖြတ်ကာ လွင့်ပျံသွားလေသည်။

သခင်ငယ်ဝေ့ယွဲ့သည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း သွေးအလိမ့်လိမ့်ထွက်ကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ သူ မျှော်ကြည့်ရန် ကြိုးစားသောအခါ ဆံပင်နီတစ္ဆေသည် ပျံသန်းနေသော ငှက်တစ်ကောင်လို ချန်ရှီဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးသွားတာ တွေ့လိုက်ရသည်။ လမ်းတစ်လျှောက်ရှိ မရဏတမန်များ အားလုံးလည်း ဆံပင်နီတစ္ဆေဆီက ရိုက်နှက်ခံခဲ့ရသည်။

သခင်ငယ်ဝေ့ယွဲ့လည်း ထိတ်လန့်တုန်လှုပ်သွားပြီး အလွန်ဝမ်းနည်းစွာ စိတ်ရှုပ်ထွေးသွားသည်-

"ချီယန်....မင်း ဘာလို့ ငါ့ကို သစ္စာဖောက်တာလဲ"

ဒီဆံပင်နီတစ္ဆေက သူ့နောက်ကို နှစ်ပေါင်းများစွာ လိုက်လာခဲ့ပြီး သူ့အပေါ် သစ္စာရှိခဲ့သည်။ ချီယန်လို့ နာမည်ပေးခဲ့ပြီး တစ်သက်နဲ့တစ်ကိုယ် သေခြင်းရှင်ခြင်း တိုက်ပွဲတွေမှာလည်း အကြိမ်ပေါင်းများစွာ လိုက်ပါလာခဲ့ပါ၏။ ဒီတစ်ကြိမ်မှာတော့ ချီယန်ဟာ သူ့အတွက် သံတုတ်ရဲ့ ထိုးနှက်မှုကို တားဆီး​ပေးထားမယ်လို့ ထင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်ပြီး ချန်ရှီကို ကူညီဖို့ ရန်သူစခန်းထဲ ဝင်သွားခဲ့မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

ဆံပင်နီတစ္ဆေသည် ရှေ့သို့ ပြေးသွားကာ မကြာမီမှာပဲ ချန်ရှီနဲ့ ဟေးကော်အနား ရောက်သွားခဲ့သည်။ ချန်ရှီသည်လည်း ဆံပင်နီတစ္ဆေကို မြင်သောအခါ ထိတ်လန့်သွားသည်။

"မိန်းကလေး.... မင်းလား..."

ဆံပင်နီတစ္ဆေသည် လှည့်၍ တစ္ဆေတမန်ကို နှင်ထုတ်လိုက်သည်။ တစ်ဆက်တည်း သူက တံတားပေါ် မှန်မှန်​လေး ဆင်းသက်လာ၏။

"ငါပါ!"

ချန်ရှီ အံ့အားသင့်နေတုန်း :"မင်း ဆံပင်နီတစ္ဆေဆီ ဘယ်လိုလုပ် ရောက်သွားတာလဲ..."

ဆံပင်နီတစ္ဆေ: "ဘာလို့သူ့ဆီ ရောက်လာတာလဲ ငါလည်း မသိဘူး... ဒီကောင်လေးက ငါ့ဆီလာ​နေတာကို တွေ့တုန်းက ငါလည်း ပိုအံ့သြသွားသေးတာ..."

ချန်ရှီလည်း မယုံနိုင် ဖြစ်သွားသည်။

ဆံပင်နီတစ္ဆေက လှေသမလေးထက် သိသိသာသာ အားကောင်းပေမယ့် လှေသမလေးက ၎င်းဝိညာဥ်ကို ဘေးဖယ်ထားလိုက်သည်။ အဘွားရှား ဖန်တီးထားသော လင်ရှစ် မှော်ပညာသည် ဝင်ပူးနိုင်သည့် မှော်ပညာသာမက တိုက်ခိုက်ရေး မှော်တစ်ခုလည်း ဖြစ်သည်။

"အဖွားရှားက တစ်ဖက်သားရဲ့ မူလခန္ဓာကိုယ်ကို ယာယီပိုင်ဆိုင်ဖို့ ဖန်တီးထားပေမယ့် ဒီမှော်စွမ်းအားကို ဖန်တီးနေတုန်း သတိလက်လွတ်ဖြစ်ခဲ့ပုံပဲ... ဘာပဲဖြစ်ဖြစ် မတော်တဆ အားနည်းသူတွေကို အနိုင်ယူဖို့ မှော်စွမ်းအားတစ်ခုအနေနဲ့ အသုံးချနိုင်မယ်လို့ မမျှော်လင့်ထားဘူး"

ဆံပင်နီတစ္ဆေရဲ့ အကူအညီနဲ့ ချန်ရှီကို ကာကွယ်ပေးထားဖို့ ဟေးကော့ကလည်း အရှိန်အဟုန်နဲ့ တိုးလာခဲ့သည်။ ယခု ယွမ်ချန် နန်းတော်နဲ့ မိုင်တစ်ရာသာ ဝေးတော့သည်။

"နတ်ဆိုး ဟော့သော်ကို နှိုး !"

သခင်ငယ် ဝေ့ယွဲ့က အော်လေသည်။

"နတ်ဆိုးကို မြန်မြန်နိုးထခိုင်းလိုက်စမ်း! နတ်ဆိုး သူတို့ကို ကိုင်တွယ်လိမ့်မယ်!"

ချက်ချင်းပဲ တစ္ဆေတမန် အတော်များများက သစ်သားလှေကို အမှောင်ထုဆီ ရွက်လွှင့်ဖို့ တိုက်တွန်းလိုက်သည်။

ဟော့သော်သည် အလွန်ထူထပ်သော သံကြိုးများဖြင့် ရစ်ပတ်ခံထားရပြီး ယွမ်ချန်နန်းတော်နှင့် အတူ သော့ခတ်ခံထားရကာ ၎င်း၏နဖူးပေါ်တွင် ရွှေရောင်တောက်နေသည့် ကြီးမားသော သင်္ကေတဖြင့် အိပ်ပျော်​နေခဲ့သည်။

ဤသည်မှာ ကြီးမားသော အသက်ရှုသံများ ထုတ်ကာ အိပ်ပျော်နေသော ဧရာမခွေးကြီးပဲ ​ဖြစ်ပါသည်။ ဒီလို ဧရာမခွေးကြီးကို ဟုလို့ ခေါ်နိုင်ပါပြီ။

ဒီကိုရောက်လာတဲ့ တစ္ဆေတမန်တွေတောင် ကြောက်ရွံ့ တုန်လှုပ်နေကြ၏။ ဆံပင်နီတစ္ဆေသည် ချက်ချင်း ခုန်တက်လာပြီး သစ်သားလှေပေါ် ဆင်းသက်ကာ သစ်သားလှေပေါ်ရှိ သရဲတမန်ကို လှဲချကာ ပြေးသွားလေသည်။

ဒါပေမယ့် တစ္ဆေတမန်တွေက ဧရာမခွေးကြီးရဲ့ထိပ်ကို ရောက်နေပြီဖြစ်တာကြောင့် ဆံပင်နီတစ္ဆေလည်း တန့်သွားခဲ့သည်။

တစ္ဆေတမန်များထဲမှ တစ်ယောက်သည် ဟော့သော် နဖူးပေါ်ရှိ ကမ္ပည်းစာဆီသို့ လျင်မြန်စွာ ပြေးတက်သွားလေ၏။ သို့သော်လည်း ရုတ်တရက် ကျောက်တုံးအိမ်ကြီး ပေါ်လာခဲ့သည်။ အိမ်တံခါးပွင့်လာတဲ့ အခိုက် လူငယ်တစ်ယောက် ထွက်လာသည်။ သူသည် ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးကဲ့သို့ ဂုဏ်သိက္ခာရှိပုံရသော်လည်း သူ့လက်များသည် ထူထဲကာ မကြာခဏဆိုသလို ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ကြောင်း ပေါ်လွင်နေ၏။

"နောက်မကျသေးဘူး!"

ထိုလူငယ်သည် ပေရာနှင့်ချီမြင့်သော တစ္ဆေနတ်ဘုရားကို လှမ်းကြည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။

"တစ္ဆေတွေက ပုံမှန်ပဲ.... အသက်နှစ်ဆယ်အရွယ် မဟာယာနနယ်ပယ်ကို မြင်ဖူးလား..."

တစ္ဆေတမန်သည် လူငယ်လေး၏ ရှေ့သို့ ပြေးလာပြီး နင်းချလိုက်သော်လည်း သူသည် လူငယ်နှင့် နီးကပ်လေလေ လူငယ်က ပိုကြီးလေဖြစ်နေသည်။ သူ့ကို နင်းချလိုက်တဲ့အခါ တစ်ဖက်လူရဲ့ အရပ်က ပေတစ်ထောင်ရှိနေပြီး သူက သေးသေးလေး ပြန်ဖြစ်သွား၏။

လူငယ် သူ့လက်များကို လှန်လိုက်ပြီး မှုတ်ထုတ်လိုက်သည်။ ထိုစဥ် တခြား မရဏတမန်များသည်လည်း အရပ်ရပ်မှ ရောက်လာကြသည်။ လူငယ်က ရှည်လျားသော အသက်ရှုသံကို ထုတ်ရင်း သူ့အနောက်က အနတ္တလေဟာပြင်ဘုံဟာ ခန္ဓာကိုယ်နှင့် အလွန် လိုက်ဖက်စွာ ထွက်ပေါ်လာခဲ့သည်။

သူသည် ခွေးဘီလူးကြီး၏ ဦးခေါင်းပေါ်တွင် ရပ်ကာ တစ်ချိန်တည်းမှာပဲ ရောက်ရှိလာသော မရဏတမန်များကို မျက်နှာမူလိုက်သည်။ သူ့လှုပ်ရှားမှုများက တံခါး အဖွင့်အပိတ် လုပ်လိုက်သလို သေသပ်မြန်ဆန်၏။ ထိုစဥ် ယန်မိသားစု၏ မရဏတပ်မှူးတစ်ဦး ပြေးတက်လာကာ ရွှေရောင်ကိုယ်ထည်အား ခြေတစ်ထောင် ဝိညာဉ်အဖြစ် ပြောင်းလဲလိုက်သည်။ သူသည် ကျယ်လောင်စွာ အော်ပြီး မဟာနေလအလှည့်အား အသက်သွင်းလိုက်ရာ နေနဲ့လသည် အလင်းသုံးစင်းသဖွယ် သူ့ရှေ့နှင့်နောက်ကို လှည့်ပတ်ကာ သူ့လက်ကို တွန်းတင်​ပေးလိုက်သည်။

မဟာနေလအလှည့်သည် ကျင့်ကြံခြင်းစာအုပ် ဆယ်အုပ်အနက်မှ တစ်ခုဖြစ်ပြီး ၎င်းသည် အမတကျင့်စဥ် ဒုတိယမြောက်အဆင့် အထက်ပျံသန်းနယ်ပယ်အထိ တိုက်ရိုက် ရောက်ရှိနိုင်သော ကျင့်စဥ်တစ်ခု ဖြစ်သည်။

ယန်မိသားစုမှ မရဏတမန်သည် မဟာနေလအလှည့် ကျင့်စဥ်နဲ့အတူ မဟာယာနနယ်ပယ်သို့ ရောက်ရှိခဲ့သည်။ သူ့တွင် ရုပ်ခန္ဓာမရှိသော်လည်း မြေအောက်ကမ္ဘာတွင် သရဲတစ္ဆေများနှင့် ဘုရားများ၏ ရွှေရောင်ကိုယ်ခန္ဓာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး သူ့အောင်မြင်မှုများမှာ အားမနည်းခဲ့ပေ။

နှစ်ယောက် တိုက်မိသည်နှင့် တပြိုင်နက် ယန်မိသားစုမှ မရဏတမန်သည် တစ်ချက် ညည်းတွားပြီး ဟော့သော်ခေါင်းထိပ်မှ နောက်ပြန် လွင့်သွားခဲ့သည်။

ချန်ရှီသည် ခွန်အားအပြည့်ဖြင့် ရှေ့သို့ ပြေးနေရာမှ ဒါကိုမြင်တော့ သူ အံ့သြဝမ်းသာသွားပြီး အကျယ်ကြီး လှမ်းခေါ်လိုက်သည်။

"အဘိုးတု?"

လူငယ်သည် ကျယ်လောင်စွာ ရယ်မောပြီး အားအင်အပြည့်နှင့် သူ့အသံက ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

"တစ်ဆယ်လေး မင်းက ငါ့ကို အသက်ကြီးအောင် လုပ်နေပြန်ပြီ... အခုကစပြီး ငါ့ကို ဦးလေးတုလို့ ခေါ်!"

ချန်ရှီလည်း အလွန်အားပေးပြီး လိုက်နာခဲ့သည်- "ကောင်းပြီ ဦးလေးတု!"

ဟေးကော်က သူ့ကို ဖုံးအုပ်​ပေးထားပြီး ဝိုင်းရံတာကို ဖြတ်ကျော်ပြီး ယွမ်ချန်နန်းတော်ရှေ့ကို ရောက်လာခဲ့သည်။ ချန်ရှီသည် သခင်မလင်စု ပေးထားသည့် တားမြစ်အဆောင်လက်ဖွဲ့ကို ထုတ်ယူကာ နန်းတော်တံခါးတွင် ကပ်ကာ တံခါးကို တွန်းလိုက်သည်နှင့် တံခါး ပွင့်သွားလေသည်။

ချန်ရှီ ယွမ်ချန်နန်းတော်ထဲသို့ ပြေး ၀င်သွားသည်။

"မေမေ.... သား မေမေ့ကို လာကယ်ပြီ!"

All Chapters