← Chapters

မရဏကမ္ဘာထဲက တိုက်ပွဲတွေ

Vol. 23 Ch. 333

မရဏကမ္ဘာထဲက တိုက်ပွဲတွေ

Vol. 23 Ch. 333

အမတမြို့တွင်တော့ သခင်ငယ်သည် တစ္ဆေတမန်များအား ယွမ်ချန်နန်းတော်ဆီသို့ အပြေးအလွှား သွားကာ သစ်သားလှေများကို အမှောင်ထဲသို့ ရွက်လွှင့်ရန် တိုက်တွန်း​နေခဲ့သည်။

အမတမြို့က ကြီးမားပြီး အမျိုးမျိုးသော ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲနေသော သရဲတစ္ဆေများနှင့် နတ်များစွာရှိသည်။ ဤသည်မှာ စစ်မှန်သော ဘုရင်ခေတ်မှ ကြွင်းကျန်ခဲ့သော မရဏကမ္ဘာ၏ အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ ငရဲဘုရင်ဆယ်ပါးကို အစားထိုးလိုက်သော်လည်း ဤအုပ်ချုပ်မှုစနစ်သည် ပြိုလဲမသွားဘဲ ထိရောက်စွာ လည်ပတ်နေဆဲ ဖြစ်သည်။

တစ္ဆေတမန်တွေရဲ့ ရဲရင့်တဲ့စစ်တပ်ကို ရင်ဆိုင်ရတဲ့အခါ သူ့ရဲ့အထွတ်အထိပ် အခြေအနေအထိ ပြန်လည် ကောင်းမွန်လာခဲ့တဲ့ တုယိရန်၊ ဟေးကော်၊ ဆံပင်နီတစ္ဆေရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ လှေသမလေးနဲ့ တရားသူကြီး သုံးယောက်တောင် ရုန်းကန်နေရသည်။

လူတိုင်းသည် ယွမ်ချန် နန်းတော်သို့ အတင်းအကြပ် ချဉ်းကပ်လာခဲ့ကြသည်။ ဟော့သော်၏ နဖူးပေါ်ရှိ စာရွက်ကို မခွာနိုင်အောင် တုယိရန်သာလျှင် စောင့်ကြပ်ထားနိုင်သည်။

အမှန်တော့ သူသည် အလွန်ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားဖြင့် မဟာယာနနယ်ပယ်က တည်ရှိမှု ဖြစ်သည်။ တစ္ဆေတမန်များစွာ၏ ဝိုင်းရံခြင်းကို ရင်ဆိုင်ရပေမယ့် ၎င်းကိုတားဆီးနိုင်ပြီး လုံးဝ နောက်မဆုတ်သွားခဲ့။

သို့သော် သူ့ဖိအားက ပိုကြီးလာသည်။ ရှေးယခင်က သူသည် အသက်နှစ်ဆယ်ပြည့်လျှင် ကမ္ဘာပေါ်ရှိ သခင်၊ သရဲတစ္ဆေများနှင့် တရားသူကြီးများကိုပင် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု တွေးထင်ခဲ့သော်လည်း ယခုအခါတွင်မူ တောင်ရှေ့ ရေတံခွန်အောက်တွင် လဲလျောင်းနေသော အရိုးဟောင်းတစ်ခုထက် သာလွန်ခြင်း မရှိဘူးဟု ခံစားလာရသည်။

အခုချိန်မှာ တိုက်ပွဲတွေကြောင့် ပင်ပန်းလွန်းလာသည်။ တောင်နှစ်လုံးကို ဆွဲထားရသလိုမျိုး သူ့လက်တွေက လေးလံနေသလို သူ့သွေးတွေက သူ့ခန္ဓာကိုယ်ထဲမှာ စီးဆငိးနေတဲ့ မြစ်တွေလိုပင်။ သူက တိုက်တွန်းလိုက်တာနဲ့ သွေးစီးဆင်းနေတာတွေ နှေးကွေးသွားသလို ခံစားရသည်။ သူဆန္ဒအတိုင်း လေ့ကျင့်ခဲ့ဖူးသော အနတ္တလေဟာပြင်ဘုံကလည်း ချောမွေ့ခြင်း မရှိတော့ပေ။

သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တင်းကျပ်စွာ တွဲနေသော်လည်း ယခုအခါ သရဲတစ္ဆေအုပ်စု၏ ရိုက်နှက်ခြင်းကို ခံရပြီးနောက် တင်းကျပ်မှု မရှိ​တော့ပေ။

သူသည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အနတ္တလေဟာပြင်ဘုံ၌ အပြစ်အနာအဆာမရှိ လေ့ကျင့်ခံခဲ့သော်လည်း ခန္ဓာကိုယ်က အိုနေပြီ။ ဆည်းဆာနှစ်များတွင်သာ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့သည်။ ယခုမူ သူသည် သရဲတစ္ဆေအုပ်စု၏ ဝိုင်းရံခြင်းကို ခံခဲ့ရသောကြောင့် မလေ့ကျင့်ရသေးသော အရာများစွာ ကျန်ရှိနေသေးကြောင်း သဘောပေါက်လာခဲ့သည်။

ယွမ်ချန်နန်းတော်ရှေ့တွင်တော့ တရားသူကြီး ကျာယွမ်၊ ဝမ်ဖူနဲ့ ကျူ့ရွှင့်တို့သည် ကမ္ဘာကြီးရဲ့ ထိတ်လန့် တုန်လှုပ်ဖွယ်ရာများကို ဂရုမစိုက်တော့ပေ။ သူတို့ အသီးသီးက သူတို့ရဲ့ ခြေတစ်ထောင် ရွှေရုပ်အလောင်းတွေကို တွန်းအားပေးပြီး တရားသူကြီးစုတ်တံရဲ့ စွမ်းအားကို လှုံ့ဆော်ခဲ့ကြသည်။

ဝမ်ဖူရဲ့ တရားသူကြီးစုတ်တံက ဓားရှည်နှင့်တူသည်။ မရဏကျေးကျွန်နဲ့ မရဏတမန်တို့၏ ခန္ဓာကိုယ်ကို ထိလိုက်သောအခါ တစ်ဖက်သား၏ ဝိညာဉ်ကို စုတ်တံဖြင့် ခန္ဓာကိုယ်မှ ဆွဲထုတ်သွားနိုင်သည်။

ကျာယွမ်၏ စုတ်တံသည် သေနတ်နှင့်တူပြီး အပြစ်၏နတ်ဆိုးမီးကို လောင်ကျွမ်းစေသည်။ အပြစ်မီးသည် တောက်လောင်ကာ တစ်ဖက်သား၏ ခန္ဓာကိုယ်၌ ကပ်သွားသည်နှင့် မငြိမ်းနိုင်​တော့ပေ။ သူနှင့်တိုက်ခိုက်သူများသည် အပြစ်မီးထဲတွင် အဆက်မပြတ် စိတ်ဆင်းရဲစွာ အော်ဟစ်ကာ တိုက်ခိုက်ရေး စွမ်းအားများ ဆုံးရှုံးကုန်လေ့ရှိကြသည်။

ကျူ့ရွှင့်သည် တရားသူကြီးစုတ်တံကို မြှောက်လိုက်ပြီး ဓားတောင်ငရဲ၏ စွမ်းအားကို စုစည်းလိုက်သည်။ လှုပ်ရှားမှုနှင့် ငြိမ်သက်ခြင်းကြားတွင် အဆုံးမရှိ ချွန်ထက်သော ဓားသွားများက ပျံသန်းသွားသည်။

တရားသူကြီး သုံးဦးတွင် နတ်တစ္ဆေဘုံများ ပိုင်ဆိုင်ထားကာ မိုင်တစ်ထောင်နီးပါး ရှိသည်။ သူတို့ရဲ့ နတ်တစ္ဆေဘုံတွေထဲကို ဝင်ရောက်ပြီးတာနဲ့ သူတို့ဟာ ၎င်းတို့ရဲ့ အသက်နဲ့ သေခြင်းကို ထိန်းချုပ်ထားပြီးပြီ။

သူတို့သုံးယောက်ထဲက တစ်ယောက်စီဟာ လူ့လောကကြီးမှာ မယုံနိုင်လောက်အောင် ထက်မြက်ခဲ့တဲ့လူတွေပါ။ သို့သော် နေရာတိုင်းတွင် သရဲများနှင့် နတ်ဘုရားများ တည်ရှိနေသည့် မရဏကမ္ဘာတွင်မူ တရားသူကြီးများသည် တစ္ဆေများနှင့် နတ်တို့၏ ဝိုင်းရံမှုအောက်တွင် အကြာကြီး မနေနိုင်ပေ။

ထို့အပြင် တရားသူကြီး နှစ်ဦးဖြစ်သည့် မီးတရားသူကြီး နှင့် မြေတရားသူကြီးကလည်း ရှိသေးသည်။ ၎င်းတို့နှစ်ဦးသည် ယန်မိသားစုတွင် တစ်သက်လုံးရှိခဲ့သော မဟာယာနသတ္တဝါများဖြစ်သည်။ သူတို့သေဆုံးပြီးနောက် နှစ်ထောင်ပေါင်းများစွာ နံ့သာပေါင်းနှင့် ပူဇော်ခြင်းကို ခံစားခဲ့ကြရသည်။

၎င်းတို့သည် လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်က ပုန်ကန်မှုစတင်ခဲ့ပြီး မရဏကမ္ဘာရှိ တရားသူကြီးနှစ်ဦး နေရာကို အစားထိုးကာ တရားသူကြီးရာထူးကို ဆက်ခံခဲ့သည်။ ဒါကြောင့် သူတို့သည် မရဏကမ္ဘာတွင် ကြီးမားသောတန်ခိုးရှိသည်။

သူတို့၏ တိုက်ခိုက်ရေး စွမ်းအားဟာ အလွန်အံ့သြဖွယ်ကောင်းပြီး ထိုတရားသူကြီးသုံးဦးထက် မနိမ့်ကျပေ။ သူတို့အပြင် မရဏတမန် တစ်ဒါဇင်ကျော်ကလည်း ဝိုင်းရံထားသဖြင့် တရားသူကြီး သုံးဦးက ပိုမိုဖိအားများ ခံစားလာရသည်။

တရားသူကြီး သုံးဦးသည် ရှေ့တွင်ရပ်ကာ တိုက်ခိုက်မှု အများစုကို ခုခံထားစဥ် ဟေးကော်နဲ့ ဆံပင်နီတစ္ဆေတို့သည် မရဏတမန်၏ တိုက်ခိုက်ရာဆီသို့ ပြေးသွားကြသည်။

ရုတ်တရက် ရှည်လျားသော မြစ်များသည် ကောင်းကင်ကို ဖြတ်၍ အမတမြို့ကို ကွေ့ပတ်ကာ ကောင်းကင်လမ်းနဲ့ ယွမ်ချန် နန်းတော်ကိုရှောင်ကာ ဤဘက်သို့ ပြေးလာသည်။

မြစ်ရှည်တွင် သစ်သားလှေများစွာ ရှိ၏။ လှေများပေါ်တွင်တော့ အရပ်ရှည်ရှည် မြင်းမျက်နှာတစ္ဆေများ ပါလာသည်။ သူတို့သည် ကြေးနီမီးခွက်များကို အဝေးမှ လွှင့်ထူထားကြပြီး အလင်းတန်းများအား ထွန်းတောက် ဖြာထွက်သွားစေသည်။ ရှည်လျားသော မြစ်သည် အမှောင်ထုထဲသို့ စီးဝင်ပြီး တခြား တစ္ဆေတမန်များကို တင်ဆောင်လာသော သစ်သားလှေများစွာကို သတ်ပစ်ကြသည်။

ဤတစ္ဆေတမန်များက အမတမြို့ အနီးတစ်ဝိုက်မှ ဖြစ်သည်။ ဆူပူအုံကြွမှုတွေ ကြားပြီးနောက် တခြားနေရာတွေကနေ အမြန် ပြေးလာကြ၏။ သို့သော် အမှောင်ထဲမှ သူတို့ဆီ ဦးတည်လာတဲ့ သစ်သားလှေတွေကို လူတိုင်း ကြည့်ပြီးနောက် စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။

ဤသည်မှာ မရဏကမ္ဘာရှိ သရဲတစ္ဆေများနှင့် နတ်များ၏ စစ်တပ်ဖြစ်ပြီး ခုခံရန် မဖြစ်နိုင်ပေ။

"ချန်ကျွမ့်ယွမ် မထွက်လာသေးဘူးလား"

ဆံပင်နီတစ္ဆေက အော်လိုက်သည်။ အသံကျသွားတာနဲ့ ချန်ရှီ သူတို့အနောက်ကနေ ပြေးထွက်လာ၏။ အားလုံး ဝမ်းသာသွားကြသော်လည်း မျက်မှောင်ကြုတ်လိုက်ကြသည်။

ချန်ရှီက သူ့မိခင်၏ ဝိညာဉ်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ယခု ဝိုင်းရံထားတာတောင် လွတ်မြောက်အောင် ဘယ်လို တွန်းလှန်ကြမလဲ။ ဟေးကော်၏ ယင်လေသည် ရုတ်တရက်ထကာ သူ့လူများကြား လှိမ့်ဝင်ရင်း သက်ရှိလောကသို့ ပြန်ပို့ရန် ကြိုးစားသည်။ သို့သော် လေတိုက်သည်နှင့် ရပ်တန့်သွား၏။

အမှောင်ထဲတွင် တ​စ္ဆေနတ်ဘုရားများက ယင်လေကို ထိန်းထားသဖြင့် ၎င်း၏ မှော်စွမ်းအားကို လုံးဝ အသုံးမချနိုင်ပေ။

ဟေးကော် နှလုံးသားလေးလည်း နစ်မြုပ်သွားသည်။

ထိုအချိန်တွင် ချန်ရှီက ပြေးထွက်လာပြီး သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးရှိ အလင်းရောင်သည်လည်း တောက်ပစွာ လင်းလက်လာသည်။ သူက ကျောက်နတ်ဘုရားရုပ်တုကို လွှတ်ပေးလိုက်၏။

"ငါ့ကို ကာကွယ်ပေး!"

၎င်းက ဦးခေါင်းအရှည် ဆယ်ပေရှိပြီး ခန္ဓာကိုယ်အရှည် ဆယ်ပေရှိသော ကျောက်တုံးအလှ​လေး တစ်ခုဖြစ်သည်။ သူမ ပြေးထွက်လာသည်နှင့် တပြိုင်နက် ထူးဆန်းသော နတ်တစ္ဆေဘုံက ရုတ်ချည်း ပျံ့နှံ့သွားသည်။

ဤကျောက်တုံးအလှကတော့ မယ်မယ်ရှစ်ကျီပါပဲ။

မယ်မယ်ရှစ်ကျီသည် စစ်တပ်ကို ထူထောင်ရန် ရက်ပေါင်းတစ်ထောင်ခန့် အချိန်ယူရပြီး ၎င်းကို အသုံးပြုရန် အချိန်ခဏသာ လိုအပ်ကြောင်းလည်း သိထားသူပင်။ ယခုအချိန်သည် သူမခွန်အားကို အသုံးချရန် အချိန်ဖြစ်ပေသည်။ မယ်မယ်ရှစ်ကျီ သည် သူ၏ကြီးမားလှသော နတ်တန်ခိုးများကို ချက်ချင်း တွန်းထုတ်လိုက်တော့သည်။

မြေတရားသူကြီး၏ အရိုးကြာပွတ်သည် လေထဲကနေ လှိမ့်ဝင်လာလေ၏။ မရေမတွက်နိုင်သော အဖြူရောင် အရိုးများနှင့် ဦးခေါင်းခွံများသည့် အံ့သြစရာကောင်းလောက်အောင် ရှည်လျားသော ကြာပွတ်ပေါ် တွယ်တက်သွားခဲ့သည်။

ရှည်လျားသော ကြာပွတ်ကို မယ်မယ်ရှစ်ကျီရဲ့ နတ်တစ္ဆေဘုံထဲသို့ ဆွဲယမ်းလိုက်ရာ ရုတ်တရက် မရေမတွက်နိုင်သော အဖြူရောင်အရိုးများက စူးစူးဝါးဝါး ထအော်ကာ အမှုန့်​တွေ ဖြစ်သွား​လေသည်။

မယ်မယ်ရှစ်ကျီ၏ ခန္ဓာကိုယ်သည် သာမန်မျက်စိနဲ့ မြင်နိုင်သော အရှိန်ဖြင့် ကြီးထွားလာသည်။ အဖြူရောင် အရိုးကြာပွတ်၏ စွမ်းအားက အံ့မခန်းပင်။ နောက်အခိုက်အတန့်မှာ သူမကို ကြိမ်ဒဏ်ပေးတော့မှာ ဖြစ်ပေမယ့် ဝမ်ဖူက ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး ကြာပွတ်ကို ဆုပ်ကိုင်လိုက်ပါ၏။ တရားသူကြီးနှစ်ဦးသည် အစွမ်းကုန် ကြိုးစားနေကြသည်။ ဝမ်ဖူသည် သွားများအံကြိတ်ကာ မြေတရားသူကြီးကို မယ်မယ်ရှစ်ကျီ၏ နတ်တစ္ဆေဘုံထဲသို့ ဆွဲငင်လိုက်လေသည်။

အဖြူရောင်အရိုးကြာပွတ်က အလွန်ထူထပ်ကာ မရေမတွက်နိုင်သော အလောင်းများဖြင့် ပြုလုပ်ထားပြီး မှော်လက်နက်တစ်ခု ဖြစ်သည်။ ရက်သတ္တပတ်နေ့များတွင် ​မြေတရားသူကြီးသည် ဤရတနာကို မရေမတွက်နိုင်သော အဖြူရောင်အရိုးများနှင့် အရိုးစုများအဖြစ်သို့ ပြောင်းလဲကာ မြေအောက်ကမ္ဘာမြေကြီးပေါ်တွင် ကျက်စားရန်၊ အခြားအရိုးများ၊ ဝိညာဉ်များနှင့် မြေအောက်ကမ္ဘာရှိ သရဲတစ္ဆေများကို ဝါးမျိုကာ ဤရတနာ၏ တန်ခိုးကို အလွန်အစွမ်းထက်စေခဲ့သည်။

မဟုတ်ရင် တရားသူကြီးစုတ်တံကို ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ချေ။ သို့သော် ဤအခိုက်အတန့်တွင် ဤမှော်လက်နက်သည် ၎င်း၏ ဆိုးရွားသော ကံကြမ္မာနဲ့ ကြုံလိုက်ရ​လေသည်။ ခဏလေးအတွင်းမှာပဲ တရားသူကြီးစုတ်တံနဲ့ ယှဉ်နိုင်တဲ့ ဒီမှော်လက်နက်ဟာ သူ့ရဲ့ စွမ်းအားအားလုံး ဆုံးရှုံးသွားပြီး အမှုန့်အဖြစ် အမှောင်ထုထဲကို ထိုးကျသွားတော့သည်။

မြေတရားသူကြီးလည်း ထိတ်လန့်တုန်လှုပ်ကာ ဒေါသတကြီးဖြင့် သူ့​စွမ်းအားများကို လျင်မြန်စွာ ထုတ်လွှတ်လိုက်လေ၏။

သူ့ရဲ့ရွှေရောင်ကိုယ်ထည်က တခြားသူတွေနဲ့ မတူပါ။ ပုံသဏ္ဌာန် ပေါ်လာဖို့ အချိန်အတော်ကြာပြီး ထူးခြားသောစွမ်းအားကို စုဆောင်းရန် နှစ်ပေါင်းများစွာ အမွှေးတိုင်များ၏ ပံ့ပိုးမှု လိုအပ်ခဲ့သည်။ ဒါကြောင့် သူ ဖြတ်လမ်းကို လုပ်ယူလိုက်သည်။ ရွှေကိုယ်ထည်ကို သန့်စင်ရန် အရိုးများစွာကို အသုံးပြုခဲ့သည်။ သူသည် အခြားအရိုးစုများမှ စွမ်းအားကို ဆွဲထုတ်နိုင်သော အရိုးစုတစ်ခုနှင့်တူသည်။

ယခုမူကား သူသည် နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားသော စွမ်းအားကို ကျောက်တုံးရုပ်တုမှ စုပ်ယူသွားကြောင်း ခံစားလိုက်ရသည်။ ကြောက်လန့်ပြီး ကျောက်ရုပ်တုကို သတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဝမ်ဖူက ပိတ်ဆို့ထားခဲ့၏။ သူနောက်ဆုတ်ဖို့ ကြိုးစားပေမယ့် ဝမ်ဖူလက်ထဲကနေ ရုန်းမထွက်နိုင်သေးပါဘူး။

"ငါသေပြီးရင် နီ ဖြစ်လာ.....!"

ဒါကို သူတွေးလိုက်မိချိန်မှာပဲ ရှည်လျားတဲ့ ချော်ရည်ကြာပွတ်ဟာ သူ့ကို ထုပ်ပိုးပြီး မယ်မယ်ရှစ်ကျီရဲ့ နတ်တစ္ဆေနယ်မြေထဲက ဆွဲထုတ်လိုက်၏။ တရားသူကြီး ချော်ရည်ကြာပွတ်ကြောင့် လွင့်ပါသွားပြီး မီးတရားသူကြီး၏ နောက်ကွယ်မှ ပြုတ်ကျနေစဉ် သက်ပြင်းချလိုက်မိသည်။

"ခေါင်းကြီး​ကြီးမိန်းမက ငါ့တန်ခိုးကိုပါ မျိုလိမ့်မယ်!"

ချန်ရှီ ဤတံတားပေါ်မှ အမြန်ပြေးသွားခဲ့သည်။

ဝမ်ဖူ၊ ကျာယွမ်နဲ့ ကျူ့ရွှင့်တို့က အရှေ့မှ ဦးဆောင်ခဲ့ပြီး မယ်မယ်ရှစ်ကျီက ချန်ရှီရှေ့တွင် လမ်းရှင်းနေသည်။ ဆံပင်နီသရဲနှင့် ဟေးကော်တို့က နောက်ကျောတွင် နောက်ဆုံးကျန်ခဲ့ပြီး အားလုံးက တံတားပေါ်မှာ ပြေး​နေကြသည်။

မယ်မယ်ရှစ်ကျီသည် အရိုးစုကြာပွတ်နှင့် မြေတရားသူကြီး၏ စွမ်းအားထက်ဝက်နီးပါးကို စုပ်ယူခဲ့သဖြင့် သူမခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားလာပြီး အရပ်ငါးပေကျော်နေပြီ ဖြစ်သော်လည်း သူမဦးခေါင်းမှာ ခန္ဓာကိုယ်ထက် အနည်းငယ် ပိုကြီးနေသေးသည်။

သူမ၏ တစ္ဆေနှင့် နတ်ဘုရားနယ်မြေသည် ပိုမိုအားကောင်းလာပြီး သန်မာလာကာ မည်သည့်အရိုးများကိုမဆို ထိမိရုံမျှဖြင့် အရည်ပျော်သွားလိမ့်မည်။ သရဲနှင့် နတ်များကဲ့သို့ တန်ခိုးကြီးသော သတ္တဝါများပင်လျှင် ၎င်းတို့၏ အရိုးများအတွင်းမှ ကျောက်တုံးသဘာဝ လျင်မြန်စွာ ဆုတ်ယုတ်သွားတာကို ခံစားမိပေလိမ့်မည်။

မီးတရားသူကြီး၏ ရွှေရောင်ကိုယ်ထည်မှာ ချော်ရည်တွေဖြင့် ပြုလုပ်ထားပေမည့် သူမ၏ နတ်တစ္ဆေနယ်မြေကို ကြောက်လန့်ကာ လူတိုင်းက တစ်ဆင့်ပြီးတစ်ဆင့် ပြန်ဆုတ်ခိုင်းခဲ့သည်။

"ကြီး ကြီး ကြီး!"

ချန်ရှီသည် သံပေတံကို အရူးအမူးဖြင့် ယဇ်ပူဇော်ပြီး ရှေ့သို့ ပြေးထွက်သွားသည်။ သူ အော်ဟစ်လိုက်ရာ သံတုတ်သည် မိုင်ရာချီရှည်ထွက်လာပြီး အလွန်ထူထပ်သော သံတိုင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မီးနှင့်မြေတရားသူကြီးထံ ပြေးဝင်သွားခဲ့သည်။

တရားသူကြီးနှစ်​​ယောက်​သည်​ သံ​ပေတံကို ထိန်းကိုင်​ထားရန်​ လက်​နှစ်ဖက် ဆန့်ထုတ်လိုက်ကြသည်​။ ဝမ်ဖူ၊ ကျာယွမ်နဲ့ ကျူ့ရွှင့်ကတို့က ကျယ်လောင်စွာ အော်ပြီး သံတုတ်၏ အခြားတစ်ဖက်စွန်းကို တွန်းထုတ်ပစ်လေ၏။

မီးတရားသူကြီးနှင့် မြေတရားသူကြီးမှာ မထိန်းနိုင်ဘဲ နောက်ပြန်ဆုတ်သွားခဲ့ရသည်။ အားလုံးက မျက်နှာတွေ နီရဲလာတဲ့အထိ အော်ဟစ်​နေကြသည်။

"မယ်မယ် သူတို့ကိုသတ်လိုက်တော့!"

နတ်သမီးရှစ်ကျီလည်း လေထဲသို့ ပျံတက်ပြီး သံပေတံပေါ် ဆင်းသက်လာသည်။ သူမသည် မီးနဲ့ မြေကို စုပ်ယူပစ်ဖို့ အဆင်သင့် ဖြစ်နေသလို သံပေတံအတိုင်း ဆက်ပြေးသွားခဲ့သည်။

ရုတ်​တရက်​ မီး​တောက်​​တွေက သူမဆီ ပြေးလာသည်။ မရဏကျေးကျွန် တစ်အုပ်သည် ကလေးကောင်းကင်ဝိညာဥ် မီးအိမ်ကို ထွန်းညှိကာ တပြိုင်နက်တည်း လှုပ်ရှားပြီး မယ်မယ်ရှစ်ကျီရဲ့ ဝိညာဉ်ကို ပစ်ခတ်လိုက်သည်။

မယ်မယ်ရှစ်ကျီ ဟန်ချက်ပျက်ကာ လဲကျသွားသည်။ ချန်ရှီ သံတုတ်ကို အမြန်ဖယ်လိုက်သဖြင့် မယ်မယ်ရှစ်ကျီလည်း အမှောင်ထဲသို့ ကျမသွားခဲ့ပေ။

ချန်ရှီသည် သူမထံ အပြေးအလွှားသွားကာ ဆုပ်ကိုင်လိုက်တော့ သရဲတစ္ဆေများစွာ၏ ကောင်းကင်ဝိညာဉ် မီးချောင်းများကြောင့် သူမ ခန္ဓာကိုယ်က တုန်လှုပ်ကာ မလှုပ်ရှားနိုင်တာ မြင်လိုက်ရလေသည်။

သူသည် ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်ထဲက အလင်းရောင်ကို ထွန်းညှိပေးပြီး မယ်မယ်ရှစ်ကျီ ပြန်လည် ကျန်းမာလာစေဖို့ နတ်ကွန်းထဲသို့ ​ပြန်ထည့်ထားလိုက်သည်။ သရဲတစ္ဆေများစွာ၏ အလင်းရောင်များက တစ်ဖန်တောက်ပလာပြန်၏။ ထိုအခါ ဟေးကော်သည် သူ့ပတ်ဝန်းကျင်တွင် မှော်မီးများကို ပျံတက်သွား​စေပြီး မီးအများစုကို ပိတ်ဆို့ထားသော်လည်း အလင်းရောင်များစွာက သူ့အား ထိမှန်သွားသဖြင့် သူ့စိတ်ဝိညာဉ်က တုန်လှုပ်သွားခဲ့သည်။

သို့သော် ဟေးကော်က အဆက်မပြတ် ဟောက်ပြီး လူတိုင်းကို ကာကွယ်ပေးနေဆဲ။ ဝမ်ဖူ၊ ကျာယွမ်နဲ့ ကျူ့ရွှင့်တို့သည် တံတားပေါ်ရှိ သရဲတစ္ဆေများကို တိုက်ခိုက်ပြီး တံတားပေါ်မှ ပျံတက်သွားကာ မီးတရားသူကြီးနှင့် မြေတရားသူကြီးတို့ကို အဆက်မပြတ် ဆုတ်ခွာခိုင်းစေခဲ့သည်။

ချန်ရှီဦးခေါင်း နောက်ကွယ်ရှိ ဒုတိယသေးငယ်သော ဘုံကျောင်းတွင် သူ့မိခင်သည် နတ်ကွန်းပေါ်တွင် ထိုင်​နေ၏။ ဘုံကျောင်း အပြင်ဘက်က မြင်ကွင်းကို သူမလည်း မြင်နိုင်သည်။ သူ့သားက လူတိုင်းကို သရဲတစ္ဆေတွေနဲ့ နတ်တွေနဲ့ တိုက်ခိုက်ဖို့ ဦးဆောင်နေတာကို ကြည့်ပြီး သူမနှလုံးသားထဲမှာ မကြုံစဖူး ငြိမ်းချမ်းမှုကို ခံစားလာရသည်။

သူမသားကို တွေ့ပြီ။ သူမ စိတ်ထဲတွင် ကြီးစွာသော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ယခု အချိန်တွင် သူမနှင့် တွယ်ကပ်နေသော နာကျင်မှုတွေက ပျောက်ကွယ်သွားပါပြီ။ အဲဒီအစား စိတ်သက်သာရာ ရမှုဖြင့် အစားထိုးသွားခဲ့သည်။

ဤအန္တရာယ်ရှိသော အခိုက်အတန့်တွင်ပင် သူမသည် မကြုံစဖူးသော စိတ်သက်သာရာရမှုကို ခံစား​နေရသည်။ ထိုစဥ် ရုတ်တရက် ဝမ်ဖူ၊ ကျာယွမ်နဲ့ ကျူ့ရွှင့်တို့အား တိုက်ခိုက်နေသော အခြားသူများမှာ ဖိအားများ သက်သာရာရသွားသလို ခံစားလိုက်ရသည်။

ထိုတံတားသည် ရာဇ၀တ်ကောင် ချန်ရှီကိုဖမ်းရန် ငရဲဘုရင် အထူးတည်ဆောက်ထားသော ထောင်ချောက် ဖြစ်သည်။ တံတားပေါ်တွင် ရပ်နေစဥ် အရပ်ရပ်မှ တိုက်ခိုက်ခြင်းခံရသော်လည်း တံတားပေါ်မှ ထွက်ခွာပြီး မှန်ကန်သော ကောင်းကင်လမ်းသို့ ရောက်ပြီးနောက် ရှေ့နှင့်နောက်ကိုသာ တိုက်ခိုက်နိုင်တော့မည်။ နောက်ပြီး ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ အခြားသူများ၏ ယွမ်ချန်နန်းတော်ထဲသို့ ဘယ်သူမှ မဝင်ရောက်နိုင်ပေ။

တုယိရန်လည်း ဤမြင်ကွင်းကို မြင်လိုက်ရတော့ စိတ်သက်သာရာ ရသွားသည်။ သူ့ကိုဝိုင်းထားတဲ့ မရဏတမန်တွေကို ချက်ချင်း ပြန်တိုက်ထုတ်ကာ ကျောက်တုံးအိမ်ဆီ ပြေးသွားလိုက်သည်။ မရဏတမန်များက သူ့ကို သတ်ဖို့ မှော်အစွမ်းများကို အရပ်ရပ်မှ ပစ်လွှတ်လာကြပေမယ့် တုယိရန် အခန်းထဲ ပြေးဝင်ကာ တံခါးကို ပိတ်လိုက်သည်နှင့် ကျောက်တုံးအိမ်ကြီးလည်း ရုတ်တရက် ပျောက်သွား၏။

တံတား အပြင်ဘက်တွင်တော့ ဝမ်ဖူ၊ ကျာယွမ်နဲ့ ကျူ့ရွှင့်တို့က မရဏတမန်နဲ့ မရဏကျေးကျွန်၊ မြေနဲ့မီး တရားသူကြီး အဖွဲ့ကို အဆက်မပြတ် ဆုတ်ခွာစေပြီးနောက် ချန်ရှီနဲ့ ဟေးကော်ကို လေထဲသို့ ခေါ်ဆောင်ကာ အဝေးသို့ ထွက်ပြေးသွားခဲ့သည်။

ဆံပင်နီတစ္ဆေသည် တခဏမျှ တုံ့ဆိုင်းသွားကာ တိတ်တဆိတ် လှည့်ကြည့်ကာ လူအုပ်နှင့် မလိုက်ဘဲ နေလိုက်သည်။ ယင်းအစား သူသည် ကောင်းကင်လမ်းထဲသို့ ပြေးဝင်ကာ ထပ်ခါထပ်ခါ ခုန်ပေါက်ရင်း သူ့ကိုလိုက်နေသော မရဏတမန်များကို ဆွဲထုတ်ကာ သရဲတစ္ဆေများကြား ပျောက်ကွယ်သွားခဲ့သည်။

တစ္ဆေများနှင့် နတ်ဘုရားများစွာ၏ ဝန်းရံမှုမှ ပြေးထွက်လာကြပြီးနောက် ဟေးကော်သည် အူသံအရှည်ကြီးကို ချက်ချင်းထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေအေးများက ၎င်းတို့ကို လှိမ့်လိုက်ကြသည်။

လေအေးသည် ဟေးကော်နဲ့ ချန်ရှီတို့ကို တိုက်ခတ်ပြီး ပျောက်ကွယ်သွားကာ တရားသူကြီး သုံးဦးသာ ကျန်ခဲ့သည်။ ဟေးကော်ဟာ လူတွေကို ယင်နဲ့ယန် ကမ္ဘာကို ဖြတ်ကျော်သွား​ပေးနိုင်ပေမယ့် တရားသူကြီး သုံးယောက်က အစွမ်းထက်လွန်းတာကြောင့် သူတို့ရဲ့ ရွှေရောင်ကိုယ်လုံးတွေက ယင်နဲ့ယန် လောကရဲ့ အတားအဆီးတွေကို ကျော်ဖြတ်လို့မရချေ။

မီးတရားသူကြီးနှင့် မြေတရားသူကြီးတို့က လူအုပ်ကို လူသတ်ရန် ဦးဆောင်လာခဲ့သည်။ ထိုစဥ် တရားသူကြီး သုံးဦးသည် လွတ်မြောက်ပြီးနောက် ကောင်းကင်လမ်းထဲသို့ ဝင်ရောက်ကာ အသက်ဝင်နေသော အမတမြို့ထဲက သရဲတစ္ဆေများကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

"နတ်ဆိုးကို နှိုး!"

မီးတရားသူကြီး မျက်နှာက ညိုမှိုင်းနေပြီ။

“နတ်ဆိုးကို နှိုးစမ်း!”

သူက ပြင်းပြင်းထန်ထန် အော်လိုက်သည်။

ထိုအချိန်တွင် ချန်ရှီ၏မိခင် ပတ်ဝန်းကျင်ရှိ ယွမ်ချန်နန်းတော်၏ ထိပ်ဖူးပေါ်သို့ တစ္ဆေတစ်ကောင် တက်လာသည်။ သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားပေမယ့် နတ်ဆိုးခွေးရဲ့ နဖူးပေါ်တင်ထားသော စာရွက်ကို သတ္တိရှိရှိ ဆွဲနှုတ်ပစ်လိုက်ပါသည်။

ကြောက်မက်ဖွယ်ကောင်းသော အသက်ရှုသံ ထွက်လာသည်နှင့် တစ္ဆေလည်း တုန်လှုပ်သွား​လေ၏။ တစ္ဆေကြီးသည် အမှောင်ထဲမှ ကြီးမားသော မျက်လုံးတစ်စုံ ဖြည်းညှင်းစွာ ပွင့်လိုက်သည်။

ဒီကောင်ကြီး နောက်ဆုံးတော့ နိုးလာ​ပြီ။

ယွမ်ချန်နန်းတော်တွင် အချုပ်ခံထားရတဲ့ အမျိုးသမီးကို ခေါ်ထုတ်သွားတာ သိလိုက်ချင်း ဒေါသတကြီး ထရပ်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ သရဲတစ္ဆေအားလုံးကို တွန်းလှန်ပစ်လိုက်သည်။

ဝုန်း!

မိုးခြိမ်းသံ ထွက်ပေါ်လာပြီးနောက် ရာနှင့်ချီသော သရဲတစ္ဆေများသည် ၎င်းတို့၏ လှေများကို မောင်းထုတ်ကာ ချည်နှောင်ထားသော သံကြိုးများကို ပြင်းထန်စွာ ဆွဲထားခဲ့သော်လည်း ဟော့သော်က ရှေ့သို့ ဆွဲငင်နေဆဲ ဖြစ်သည်။

မြောက်ပိုင်းရေခဲပြင်တွင် လေပြင်းများ တိုက်ခတ်​နေပြီး ချန်ရှီနဲ့ ဟေးကော်တို့ဟာ မရဏကမ္ဘာမှ လှိမ့်ထွက်သွားကြသည်။

"ဟေးကော်! ရှင်းရှန်ကို မြန်မြန်ပြန်ကြရအောင်!"

ဟေးကော် ရှေ့သို့ ဆက်ပြေးသွားသည်။

"ဝုတ် ဝုတ်!"

"လှေသမလေး?လား... အခု ပရမ်းပတာ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး သူ့အဖေကို သွားကယ်တာ ဖြစ်မယ်!"

နှင်းထူထပ်နေတဲ့ နှင်းတောထဲကနေ လူနဲ့ ခွေးတစ်ကောင် ပြေးထွက်သွားပြီးနောက် ဘာသဲလွန်စမှ မကျန်တော့ပေ။ ဟေးကော် အနည်းငယ် မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်မသက်မသာ ခံစား​နေရသော်လည်း ဤမသက်မသာဖြစ်မှုက ဘယ်ကလာမှန်း သူ မသိပေ။

မရဏကမ္ဘာတွင်တော့ ရာနှင့်ချီသော တစ္ဆေတမန်များသည် ၎င်းတို့၏လက်ထဲတွင် သံကြိုးများကိုဆွဲကာ အချင်းချင်း ခုန်တက်ကာ ကြီးမားသော ဝိညာဉ်ဆိုးကြီး၏ အနောက်ဘက်သို့ ဆင်းသက်လိုက်ကြသည်။

နတ်ဆိုးသည် မရဏကမ္ဘာထဲ တစ်လျှောက်လုံး ပြေးလွှားနေကာ ချန်ရှီတို့ကို မြေအောက်ကမ္ဘာမှ သက်ရှိလောကအထိ လိုက်နေဆဲ။

အမတ​မြို့တွင်တော့ ဆံပင်နီတစ္ဆေသည် အမတမြို့က ကြီးလေးသော ရာဇ၀တ်ကောင်များကို ထောင်ချရာ အကျဉ်းထောင်သို့ ရောက်လာခဲ့သည်။ ဤနေရာကို စောင့်ကြပ်နေသော သရဲတစ္ဆေများနှင့် နတ်များက သူ့ကိုမြင်တာနဲ့ ကမန်းကတန်း ဦးညွှတ်လေသည်။

"ဆရာချီ!"

"ကျွန်​​တော်​ ရာဇ၀တ်​မှုကျူးလွန်​သူကို စစ်​​ဆေး​ပေးပါ့မယ်​...."

ငရဲနတ်နှစ်ကောင် ဦးဆောင်သော ဆံပင်နီတစ္ဆေသည် ထောင်ထဲသို့ အေးအေးလူလူ လမ်းလျှောက်လာကာ သရဲနှင့် နတ်များကို နှိမ်နင်းသည့် အချုပ်ခန်းတစ်ခုသို့ ရောက်လာကာ ထောင်အတွင်းရှိ မြင်းမျက်နှာ သရဲတမန်အိုကို ကြည့်လိုက်သည်။

"ဒီနေ့ရော ဒီမရဏကျွန်အိုကြီး ဘယ်လိုနေသေးလဲ?"

မေးသံကြားတော့ ငရဲနတ်တစ်ကောင်က ပြုံးလေသည်။

"လူ​ကြီးမင်းချီကို ပြန်ဖြေပါတယ်.... သူ့ကို နေ့တိုင်း မှော်ခတ်တံကို ကြိမ်ဒဏ် နှစ်ဆယ် ပေးပြီး ဒီမြင်းမျက်နှာ နတ်အိုကြီးကို ရိုက်နှိုးထားပါတယ်...ဒါပေမယ့် မသေဘူး"

နောက်တစ်ယောက်ကလည်း ပြုံးပြီး: "အခြားမြင်းနတ်ဆိုးမလေးကို ဖမ်းမိရင် တစ်ဖက်မှာ ဆွဲချပြီး သူနဲ့ သူ့အဖေကို အတူတူ အပြစ်ပေးရမယ်"

"ကောင်းပြီ... မင်းတို့အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ..."

ဆံပင်နီတစ္ဆေသည် လက်ခုပ်တီးကာ ငရဲနတ်တစ်ကောင်ရဲ့ လည်ပင်းကို ရုတ်တရက် ချိုးလိုက်ပြီးနောက် အခြားငရဲနတ်ရဲ့ ဦးခေါင်းခွံကို နံရံနှင့် မိတ်ဆက်ပေးလိုက်သည်။

လှောင်အိမ်ထဲတွင် လှေသမားသည် ခက်ခက်ခဲခဲ ခေါင်းကို မြှောက်လိုက်သော်လည်း ဆံပင်နီတစ္ဆေ၏ အပြုံးကို မြင်လိုက်ရသည်။

"ဖေဖေ.... အပြင်မှာ ပရမ်းပတာဖြစ်နေတုန်း လာကယ်တာ!"

ခဏအကြာတွင် ဆံပင်နီတစ္ဆေသည် တစ္ဆေသတ်စင်မြင့်ပေါ်တွင် ဒူးထောက်လျက် ကြောင်မှိန်းကာ နိုးလာခဲ့သည်။ စင်​မြင့်အောက်ခြေတွင် ခေါင်းဖြတ်သတ်ရန် စောင့်ဆိုင်းနေသည့် လည်ပင်းများ ဖြောင့်တန်းထားသော သရဲတစ္ဆေများနှင့် ဘီလူးများလည်း ရှိသည်။

သခင်ငယ် ဝေယွဲ့သည် ပွန်းပဲ့နေသော မျက်နှာနှင့် ညိုမှိုင်းသော မျက်နှာဖြင့် ကွပ်မျက်ရေးစင်မြင့်ပေါ်တွင် ထိုင်နေသည်။

"သစ္စာဖောက်!... အချိန်တန်ပြီ အဲဒီသားရဲကိုသတ်ပစ်!"

တစ္ဆေဘုရင် လီရှီက တစ္ဆေဦးခေါင်းဓားကို ဝှေ့ယမ်းလိုက်စဥ် ဓားအလင်းက ထိုးကျလာခဲ့သည်။ ဆံပင်နီတစ္ဆေက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"သခင်ငယ်... ခဏစောင့်ပါဦး!"

အလင်းတန်းတစ်ခု ဖြတ်သွားသည်နှင့် ဆံပင်နီတစ္ဆေ၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ လှိမ့်ဆင်းလာကာ တစ္ဆေများ၏ ရွှင်မြူးသံများက တစ်ဆက်တည်း ထွက်ပေါ်လာသည်။

"ဘာဖြစ်သွားတာလဲ?"

ဆံပင်နီတစ္ဆေ နောက်ဆုံးအကြိမ် တွေးမိပေမယ့် အဖြေမရှိခဲ့။

သက်ရှိလောကတွင် လေ​ပြင်းသည် မြောက်ဘက်ရှိ ရေခဲပြင်တွင် အေးမြစွာ တိုက်ခတ်နေပြီး ပျော်ရွှင်ဖွယ် လှေတစ်စင်းသည် ကောင်းကင်တွင် မျှောပြီး ရွက်လွှင့်သွားခဲ့သည်။

လှေသမားက :“မင်းဆိုလိုတာက မင်းက ချန်ကျွမ့်ယွမ်နဲ့အတူ သူ့အမေရဲ့ ဝိညာဉ်ကို အသဲအသန် ကယ်တင်ဖို့ ထောင်ထဲ လိုက်သွားတယ်... မင်းဘေးမှာ တရားသူကြီး သုံးယောက်ရှိတယ်... ဝိညာဉ်ဖမ်း၊ အပြစ်နဲ့ ဓားတောင်လား?”

"ဟုတ်တယ်" လှေသမလေးက မျက်လုံးတွေ တောက်နေ၏။

"ဟားဟား... ကျွန်မတို့နှစ်ယောက်က တရားသူကြီးသုံးယောက်ရှေ့မှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေ လုပ်ခဲ့တယ်လို့ မဆိုလိုဘူးလား"

လှေသမားက သူ့ရဲ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ ခေါင်းညိတ်လိုက်သည

"တရားသူကြီးကြီးရဲ့ ရှေ့မှောက်မှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်ခဲ့ပြီးပြီ... တရားသူကြီး သုံးယောက်ရှေ့မှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်ခဲ့ပြီ.... ငါတို့မှာ ထွက်ပြေးသူ နှစ်ယောက်ဖြစ်တဲ့ ချန်ကျွမ့်ယွမ်နဲ့ သူ့အမေလည်း ရှိတယ်... အဲ့တော့ ငါတို့ ကြီးကြီးမားမား အနိုင်ယူခဲ့တာ မဟုတ်ဘူးလား"

"အဖေ ကျွန်မတို့ ကြီးကြီးမားမားကို အနိုင်ရသွားပြီ!"

ရယ်မောသံများက ကောင်းကင်အထက်မှ ထွက်ပေါ်လာခဲ့သည်။

All Chapters