အထက်ကမ္ဘာ၊ ရန်ရှောက်ဟူ
Vol. 23 Ch. 334
သခင်ငယ် ဝေ့ယွဲ့သည် ဆံပင်နီတစ္ဆေကို ကွပ်မျက်ရန် ကြီးကြပ်ခဲ့ပြီးနောက် ယွမ်ချန်နန်းတော်သို့ ပြန်သွားခဲ့သည်။ ထိုအချိန်၌ တစ္ဆေတစ်ကောင်သည် လာ၍ ဦးညွှတ်လျက်။
"သခင်ငယ်... သခင်ကြီးက ပြန်လာခဲ့ဖို့ မှာလိုက်ပါတယ်... လူတစ်ယောက် လာလည်တယ်တဲ့"
သခင်ငယ်ဝေ့ယွဲ့လည်း ထကာ အမတမြို့ရှိ ယွမ်ချန်နန်းတော်သို့ ပြန်ရောက်လာခဲ့သည်။
ယွမ်ချန်နန်းတော်၌ အမတမြို့ကို စီမံခန့်ခွဲရန် တာဝန်ရှိသည့် အခန်းစုစုပေါင်း ဆယ့်နှစ်ခန်း ရှိသည်။ လူတစ်ဦးစီ၏ မွေးသက္ကရာဇ်အရ ၎င်းတို့ကို ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ သိုး၊ မျောက်၊ ကြက်၊ ခွေးနှင့် ဝက်ဟူ၍ ဆယ့်နှစ်ကောင် ခွဲခြားထားပြီး အဓိက ဧရိယာ ၁၂ ခုအဖြစ် ခွဲခြားထားသည်။
ခန်းမတစ်ခုစီ၏ မရဏအရာရှိသည် လွယ်ကူသော စီမံခန့်ခွဲမှုအတွက် ဧရိယာတစ်ခုစီ၌ တာဝန်ရှိသည်။ မနေ့ညက ချန်ရှီရဲ့ ထောင်ဖောက်မှုဟာ ချောင်လုံဧရိယာ မှာ အဓိကရုဏ်းဖြစ်သွားခဲ့ပါ၏။
ယခု အမတမြို့ရှိ ယွမ်ချန် နန်းတော်များကို အုပ်စိုးသူမှာ ဝေ့ယွဲ့၏ဖခင် တရားသူကြီး ဝေ့လင် ဖြစ်ပြီး ငရဲဘုရင်အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။
သို့သော် ဝေ့လင်သည် အချိန်အတော်ကြာ ဘေးဖယ်ခံထားခဲ့ရသည်။ အခုဆို ယွမ်ချန် ဆယ့်နှစ်ကောင်ထဲရှိ မရဏအရာရှိ၊ တရားသူကြီးများနှင့် မရဏတမန်တို့သည် ယန်မိသားစု၏ သရဲတစ္ဆေများနှင့် နတ်ဘုရားများဖြစ်သည်။ မရဏကျေးကျွန်၊ နွား၊ မြင်းမျက်နှာတစ္ဆေ စတာတွေကသာ အလုပ်ကြမ်းလုပ်ရင်း
သခင်ငယ် ဝေ့ယွဲ့ ယွမ်ချန်ခန်းမရှေ့သို့ ရောက်လာတဲ့အခါ ခန်းမရှေ့ရှိ အစောင့်များသည် မရင်းနှီးသော မျက်နှာအနည်းငယ်သာ ပြောင်းလဲသွားတာ တွေ့လိုက်ရသည်။ ခန်းမထဲ ဝင်သွားသောအခါတွင် တစ်စုံတစ်ယောက်က စောင့်နေပြီဖြစ်ပြီး သူ့ဖခင် ဝေ့လင်လည်း လိုက်ပါလာခဲ့သည်။
ဝေ့လင်က သူလာတာကိုမြင်တော့ မတ်တပ်ထရပ်ပြီး။
"ဝေ့ယွဲ့ လာပြီ... မင်းတို့တွေ အရင်စကားပြောကြ"
ထို့နောက် ယွမ်ချန်ခန်းမထဲမှ ထွက်သွားခဲ့သည်။
ထိုလူသည် အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့်ရှိ ဆယ်ကျော်သက်အရွယ်ဖြစ်ပြီး အလွန်သိမ်မွေ့လှသည်။ သူရောက်လာတော့ အပြုံးနဲ့ နှုတ်ဆက်လာ၏။
"အစ်ကိုဝေ့ နောက်ဆုံးတော့ ရောက်လာပြီပေါ့"
သခင်ငယ် ဝေယွဲ့သည် ထိုလူ ရောက်လာသည်ကို မြင်ရန် အနည်းငယ် ဝန်လေးသော်လည်း တစ်ဖက်လူကို နှုတ်ဆက်ရန် ရှေ့သို့ လှမ်းလိုက်ဆဲ။
"ရန်ပိ! မင်းဘာလို့ ငရဲပြည်ကို ရောက်လာတာလဲ။"
လူငယ်က ပြုံးပြီးပြော၏။
"ချန်ရှီနဲ့ သူ့အမေနောက်ကို လိုက်ဖို့ မလိုဘူးဆိုတာ မင်းကို အထူးအကြောင်းကြားဖို့ ငါလာခဲ့တာ... တပ်တွေကို ချက်ချင်း ပြန်ခေါ်လိုက်ပါ"
သခင်ငယ် ဝေ့ယွဲ့ မျက်နှာလည်း မည်းမှောင်သွားတော့သည်။
"ရန်ရှောက်ဟူ... ဒါ မရဏကမ္ဘာကကိစ္စ... မင်းဝင်ရောက်စွက်ဖက်လို့ မရဘူး!"
ရှောက်ဟူ ဟုခေါ်သော လူငယ် ရန်ပိသည် မိသားစုကြီးဆယ့်သုံးခုထဲက ရန်မိသားစုမှ လူငယ်ဖြစ်သည်။ မကြာသေးမီနှစ်များ အတွင်း သူသည် ရန်မိသားစုတွင် ကျော်ကြားလာခဲ့ပြီး တခြား မိသားစု ၁၃စုက အဆွေအမျိုးတို့၏ ဘိုးဘေးတို့ကလည်း သူ့ကို နှစ်သက်လာသဖြင့် သူ့ကို အထက်လောကသို့ စေလွှတ်ခဲ့သည်။
ရန်ပိသည် အထက်ကမ္ဘာမှ ထွက်လာပြီးနောက် မိသားစု ၁၃စုက ဘိုးဘေးများ၏ လက်ရေးဖြင့် ညွှန်ကြားချက်များကို ယူဆောင်လာပြီး ကြီးမားသော အခွင့်အာဏာ ရှိလာခဲ့သည်။ မိသားစု ၁၃ စု၏ စွမ်းအားကို ပေါင်းစပ်ကာ၊ ညှိနှိုင်းပေးကာဖြင့် ကြီးကျယ်သော အစီအမံများကို ရေးဆွဲရန် တာဝန်ရှိသူပင်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ၏ စွမ်းဆောင်မှုမှာ အလွန်ဖမ်းစားနိုင်ခဲ့ပြီး မိသားစု၁၃စုက အသက်ကြီးသော မျိုးဆက်များစွာကို အာရုံစိုက်စေခဲ့သည်။ အသက်က သိပ်မကြီးပေမယ့် အရမ်းလေးစားခံရသည်။
ရန်ပိက အပြုံးမပျက်ချေ။
"အစ်ကိုဝေ့ ငါက ဆယ့်သုံးစုရဲ့ ဘိုးဘေးအမိန့်ကို လိုက်နာနေတာလေ... မင်းက မနာခံချင်ဘူးလား"
သခင်ငယ် ဝေ့ယွဲ့လည်း အလွန်စိတ်မချမ်းသာသလို အော်ဟစ်လိုက်သည်။
"အမိန့်ကို မနာခံချင်လို့ မဟုတ်ဘူး! ငါ မရဏတမန်တွေကို ဟိုဟိုဒီဒီလိုက်ရှာဖို့ ဟော့သော်ကို မောင်းဖို့ အမိန့်ပေးလိုက်ပြီးပြီ... မင်း ဟော့သော်ကို ဘယ်လောက်မြန်မြန် လိုက်နိုင်မှာလဲ"
ရန်ပိ မျက်မှောင်ကြုတ်ကာ အနည်းငယ် ခေါင်းယမ်းလိုက်သည်။
"အစ်ကိုဝေ့ မင်းက အရမ်းတော်လွန်းတာပဲ"
ဝေ့ယွဲ့က ဟစ်အော်လိုက်သည်။
ရန်ပိ: "ချန်ရှီနဲ့ သူ့အမေကို ထောင်ချခဲ့တာ ငရဲဘုရင်ပဲ... ယန်မိသားစုအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်က ချန်ရှီရဲ့ အမေကို ဆက်မထောင်ထားဘဲ သူ့ကို ကောင်းမွန်စွာ ဆက်ဆံဖို့ပဲ... ချန်ရှီ အမတမြို့ကို ရောက်တဲ့အချိန်မှာ သူ့ကို ဂါရဝပြုပြီး အရှင်ချင်းထျန်း လုပ်ခဲ့တာကြောင့် ငါတို့ နာခံခဲ့ရတာ ဒါပေမယ့် ယန်မိသားစုက မင်းအမေကို နှစ်ပေါင်းများစွာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီးပြီ မင်းလည်း ငါတို့ယန်မိသားစုကို ကောင်းကောင်း မ
ဆက်ဆံရမယ်လို့ ပြောသင့်တာ...အဲ့လိုဆို ချန်ရှီက ထောင်ဖောက်မှာ မဟုတ်ဘူး မင်း တစ်ကိုယ်ကောင်း ဆန်လွန်းတယ်"
ဝေ့ယွဲ့ သည်းမခံနိုင်တော့ဘဲ စားပွဲကို ရိုက်ချလိုက်ပြီး :"ရန်ရှောက်ဟူ! မင်းက အတင့်လာရဲနေတာပဲ! ငါ တစ်ကိုယ်ကောင်း ဆန်နေတာလား ချန်ရှီနဲ့ သူ့အမေက ငရဲပြည်မှာ ပုန်ကန်မှု ကျူးလွန်ခဲ့လို့ ငရဲဘုရင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရတာ.... သူ သစ္စာဖောက်!"
ရန်ပိက သူ့စကားကို ပြီးအောင်စောင့်ပေးလိုက်သည်။
"အစ်ကိုဝေ့ ရန်မိသားစုက လုပ်ရမယ့်အရာက ချန်ရှီနဲ့ တိုက်ဖို့မဟုတ်ဘဲ အခြေအနေတစ်ခုလုံးကို အာရုံစိုက်ဖို့ပဲ...အဲဒါကနေ မင်း ငရဲဘုရင်အသစ်ဖြစ်လာပြီး ငရဲနန်းတော်ကို လုံးလုံးထိန်းချုပ်ဖို့ တစ်ခုတည်းသော ရည်မှန်းချက် ပြည့်ဝလာလိမ့်မယ်"
သူ မတ်တပ်ထရပ်ပြီး :"မင်းရဲ့ ယန်မိသားစုက နှေးကွေးလွန်းတယ် အဲဒါကြောင့် အထက်ကမ္ဘာက ငါ့ကို ဝင်စွက်ဖက်ခိုင်းထားတာ... ငါက ချန်ရှီနဲ့ သူ့အမေကိစ္စမှာ ဘေးနားက တစ်ယောက်ပဲ... ဒါပေမယ့် မင်းက အရမ်းဝေးသွားပြီ ငါကိုယ်တိုင် ပြင်ဆင်ရမယ်!"
ဝေ့ယွဲ့လည်း မတ်တပ်ထရပ်လိုက်ပြီး :"ရန်မိသားစုက မာနကြီးလွန်းပြီး ဝင်စွက်ဖက်နေတာပဲ... ငါ့ဂုဏ်သိက္ခာကို သတ်ဖို့ ငရဲပြည်ကို လာဖို့ မင်းကို ဘယ်သူက အခွင့်အာဏာ ပေးခဲ့တာလဲ... ရန်ရှောက်ဟူ အမှန်အတိုင်းပြောရရင် ငါ အထက်ကမ္ဘာကို ရောက်ဖူးပြီးသား... ဟိုးအရင် မျိုးဆက်တွေရဲ့ ဘိုးဘေးတွေဆီက လမ်းညွှန်ချက်ရပြီး မင်းရဲ့ ဘိုးဘေးဘီဘင်ကြီးတွေနဲ့တောင် တွေ့ခဲ့ရတယ်... ငါ့မိသားစုရဲ့ ရန်သူလုပ်ဖို့ မင်းမှာ ဘာအစွမ်းအစ ရှိလဲ!"
ရန်ပိက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါပြီး။
"ဒါက အနောက်နွားရှင်းကျိုးရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်တယ် မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလည်း မဟုတ်ဘူး... မင်းရဲ့ ကိစ္စလည်း မဟုတ်ဘူး ယန်မိသားစုရဲ့ ကိစ္စတင်လည်း မဟုတ်ရင် အထက်ကမ္ဘာက ငါ့ကို ဘာလို့ ဒီကို ပို့မှာလဲ..."
"ဒါဆို မေးလို့ရမလား ငါဘာအမှားလုပ်မိလို့လဲ"
"ပထမတစ်ချက်ကတော့ အမတမြို့ကို စိတ်ပျက်ဖွယ်ကုန်းစောင်းက စိမ့်ဝင်လာစေပြီး စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ သခင်တွေက မင်းကို စောင့်ကြည့်နေတာပဲ။ မင်းရဲ့ လှုပ်ရှားမှုတိုင်းကို တစ်ဖက်ခူက သိသွားပြီ... ဒီတစ်ခါ မင်း ငရဲဘုရင်ရဲ့ အမိန့်အရ တရားသူကြီး သုံးယောက်ကို ချောင်းမြောင်းပြီး ကြံစည်ခဲ့ပေမယ့် သူတို့က ဒါကို သတိပြုမိနေပြီ... ချန်ရှီနဲ့ ကျောက်တုံးရုပ်တုကို ဖြိုခွင်းလိုက်တာလည်း မင်း မအောင်မြင်ခဲ့ဘူး..."
ဝေ့ယွဲ့ရဲ့ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားလေသည်။
"မင်းဆိုလိုတာက စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ သခင်တွေက ချန်ရှီနဲ့ ကျောက်ထွင်းသမားကို ငါ့ယန်မိသားစုရဲ့ ဝန်းရံမှုကနေ ဖြားယောင်းဖို့ ကောင်းကင်နားစွင့်သူကို အသုံးချခဲ့တာပေါ့?"
"ဟုတ်တယ် ဒါက မတော်တဆမှုမဟုတ်ဘူး"
ရန်ပိက အဝေးကို လှမ်းကြည့်ရင်း စကားဆက်လိုက်သည်။
"ငါတို့မိသားစု ၁၃စုက မရဏကမ္ဘာမှာ နှစ်ပေါင်းများစွာ လည်ပတ်နေတာ... စိတ်ပျက်ဖွယ်ကုန်းစောင်းကလည်း ဒါကို သတိပြုမိပြီး စုံစမ်းဖို့ လူတွေကို စေလွှတ်လိမ့်မယ်... မင်း ယမနန်းတော်ကို ဒီနှစ်တွေအတွင်းမှာ မထိန်းနိုင်တော့ဘူး.... တစ်ဖက်လူတွေက အများကြီး ပံ့ပိုးပေးသွားမှာကိုပဲ ငါကြောက်တယ်... အခုရက်ပိုင်းအတွင်း မင်းရဲ့ကိစ္စတွေမှာ ငါဝင်မစွက်ဖက်ခဲ့ဘူး... ငါ သူပုန်းနေတဲ့ နေရာကို ရှာတွေ့နေပြီ...."
ဝေ့ယွဲ့လည်း သူ့အကြည့်နောက်သို့ လိုက်ကာ ကြည့်လိုက်တော့ တစ္ဆေများနှင့် နတ်များသည် တူညီသော ယွမ်ချန်နန်းတော်ဆီသို့ ဦးတည်သွားသည်ကို တွေ့လိုက်ရလေသည်။ ထိုယွမ်ချန်နန်းတော်သည် အခြားနန်းတော်များနှင့် ဝေးကွာကာ အလွှာလိုက် ကြိုးများဖြင့် ဝန်းရံထားသည်။
"မင်းဆိုလိုတာက စိတ်ပျက်ဖွယ်ကုန်းစောင်းက ဧည့်သည်က ချန်ရှီရဲ့ ယွမ်ချန်နန်းတော်မှာ ပုန်းနေတာလား?"
ဝေ့ယွဲ့ တဖြည်းဖြည်း ပျောက်သွားတဲ့ အသံနဲ့ ပြောလိုက်သည်။
သူပြောပြီးသည်နှင့် တပြိုင်နက် ချန်ရှီ၏ ယွမ်ချန်နန်းတော်တွင် ငရဲနတ်လေးကို ရုတ်တရက်တွေ့လိုက်ရသည်။ ၎င်းက လက်တစ်ဖက်တွင် ရေပုံးတစ်ပုံး၊ သူ့ပုခုံးပေါ်၌ အိတ်ငယ်တစ်ခုကို တင်ဆောင်ကာ ယွမ်ချန်နန်းတော်ထဲမှ ပြေးထွက်လာခဲ့သည်။ သူက သရဲနှင့် နတ်ကို ကန်ကျောက်ကာ ထွက်ပြေးသွားခဲ့၏။
ဝေ့ယွဲ့ အံ့အားသင့်သွားသည်။
တစ္ဆေများနှင့် နတ်များစွာက သူ့နောက်ကို လိုက်လာခဲ့ကြသော်လည်း လမ်းတစ်လျှောက်တွင် ငရဲနတ်လေးများ ဝိုင်းထားရာမှ လွတ်မြောက်ရန် သူ့အတွက် ကောင်းကင်နားစွင့်သူ များစွာ ပျံသန်းလာနေတာ တွေ့လိုက်ရလေသည်။
ဝေ့ယွဲ့ ဒေါသတကြီး ပြေးထွက်မလို့ ပြင်လိုက်သည်။
"ငါ သူ့ကို သတ်မယ်!"
ရန်ပိဆီက အသံထပ်ထွက်လာသည်။
"ငါ သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ လွှတ်လိုက်တာ"
ဝေ့ယွဲ့ အံ့အားသင့်သွားပြီး ခေတ္တရပ်သွားခဲ့သည်။
"မင်း သူ့ကို ဘာလို့ လွှတ်လိုက်တာလဲ သူက ငါ့အကြံအစည်တွေကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့တာကွ! ဒီတစ်ကြိမ် ချန်ရှီနဲ့ ကျောက်ထွင်းသမား ဝင်ရှုပ်လို့သာ မဟုတ်ရင် ငါ ငရဲဘုရင် ဖြစ်နေလောက်ပြီ!"
ရန်ပိ: "ကောင်းကင်မှာ အပြောင်းအလဲက ဆက်ဖြစ်နေတုန်းပဲ... မိသားစု၁၃စုနဲ့ စိတ်ပျက်ဖွယ်ကုန်းစောင်းက လုံးဝမကိုက်သေးဘူး... စိတ်ပျက်ဖွယ်ကုန်းစောင်းက အရှင်သခင် တစ်ယောက်ကို သတ်ပစ်တော့ရော ဘာထူးမှာလဲ... အဲဒါက ငါတို့ကိုတောင် အန္တရာယ်ဖြစ်စေလိမ့်မယ် ကောင်းကင်က အပြောင်းအလဲ ပေါ်လာမှ စိတ်ပျက်ဖွယ်ကုန်းစောင်းကို တိုက်ခိုက်ရမှာ..."
ဝေ့ယွဲ့: "အဲဒီဧည့်သည် ချန်ရှီရဲ့ ယွမ်ချန်နန်းတော်မှာ ပုန်းအောင်းနေမှန်း မင်းဘယ်လိုလုပ် သိတာလဲ?"
"ငါ့ကို အမတမြို့ဆီ စေလွှတ်ခဲ့တာက မင်းတို့ ယန်မိသားစုက ဘာလို့ အခုအချိန်အထိ ယမနန်းတော်ကို မထိန်းနိုင်သေးတာလဲ သိရဖို့... ငါ အမတမြို့ကို ရောက်တော့ ကောင်းကင်နားစွင့်သူတွေ လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်... မင်းရဲ့လုပ်ရပ်တွေကို စိတ်ပျက်ဖွယ်ကုန်းစောင်းက သတိထားမိသွားပြီလို့ ထင်ခဲ့တာ... ကောင်းကင်နားစွင့်သူတွေက စိတ်ပျက်ဖွယ်ကုန်းစောင်းကို ဆက်သွယ်ပြီး သတင်းအချက်အလက်တွေ ပေးခဲ့တာဖြစ်မယ် ပြီးတော့ အဲဒီကောင်တွေက ချန်ရှီရဲ့ ယွမ်ချန်နန်းတော် တစ်ဝိုက်မှာ လှုပ်ရှားနေပေမယ့် ချန်ရှီက အဲ့နန်းတော်ထဲမှာ မရှိခဲ့ဘူး... အဲဒါကြောင့် စိတ်ပျက်ဖွယ်ကုန်းစောင်းက ဧည့်သည်က ယွမ်ချန်နန်းတော်တွင် ရှိနေရမယ်လို့ ဆုံးဖြတ်လိုက်တာ...."
ဝေ့ယွဲ့: "ချန်ရှီရဲ့ ယွမ်ချန်နန်းတော်မှာ သန့်ရှင်းရေး တာဝန်ယူရတဲ့ ငရဲနတ်လေးတစ်ယောက်ပဲ ရှိတယ်.... ဆိုတော့ အဲဒီငရဲနတ်လေးက စိတ်ပျက်ဖွယ်ကုန်းစောင်းက လာရောက်လည်ပတ်သူပဲ ဖြစ်ရမယ်... ရန်ရှောက်ဟူ... အရင်က မင်းစကားကို ငါ နားမထောင်ခဲ့ပေမယ့် ဒီနေ့တော့ ငါမင်းကို လေးစားသွားပြီ!"
သူက ရန်ပိကို ဦးညွှတ်ပြီး။
"မင်းကို ငါယုံတယ်... မင်းငါ့ကိုလိုအပ်ရင် ပြောပါ!"
ရန်ပိက ပြုံးကာ: "ဒါဆို ငါ မင်းကို တကယ်ပို့ပေးမယ်"
ဝေ့ယွဲ့က လေးလေးနက်နက် ပြန်ပြော၏။
"ရှောက်ဟူ ကျေးဇူးပြု၍ ပြောပါ "
"မင်းက မြင့်မားတဲ့ ကျင့်ကြံမှုရှိတဲ့ သက်ရှိသရဲတစ္ဆေစစ်သူကြီးပဲ... သက်ရှိလောကကို ချက်ချင်း ပြန်သွားပြီး အသက်ရှင်နေတဲ့ နတ်ဆိုးကို မောင်းထုတ်ရမယ် အဲနတ်ဆိုးက ချန်ရှီကို မဖမ်းခင်မှာ မင်း အဲဒါကို ရပ်တန့်ထားရမယ်"
ဝေ့ယွဲ့ရဲ့မျက်နှာက မသေချာမရေရာ ဖြစ်လာပြီး :"ချန်ရှီက ငါ့ဂုဏ်သိက္ခာကို ဖျက်စီးပစ်မှာ သေချာတယ်... နောက်ဆို ငါက ငရဲဘုရင်ရဲ့ ရာဇပလ္လင်ကို အမွေဆက်ခံမှာ ဒီကိစ္စက ငါ့ကိုအရှက်ရစေလိမ့်မယ်... ငါလုပ်မယ်! ဒါပေမယ့် နတ်ဆိုးကို တားနိုင်ရင်တောင် ချန်ရှီအပေါ် အာဃာတကို မစွန့်လွှတ်နိုင်ဘူး"
ရန်ပိက ပြုံးလိုက်သည်။
"ငါ ချန်ရှီကို သွားတွေ့လိုက်မယ်"
ဝေ့ယွဲ့ ချက်ချင်း ခုန်တက်သွားပြီး အေးစက်သော လေပြင်းများအဖြစ် ပြောင်းလဲကာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။
ရန်ပိသာ် သူ သက်ရှိလောကထဲ ပြန်ရောက်သွားတာကို ကြည့်ပြီး ခေါင်းခါရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
"အစ်ကိုဝေ့ မင်းက ငရဲဘုရင်ဖြစ်ဖို့ တကယ်ကို မသင့်တော်ပါဘူး.. မင်းရဲ့ တစ်ခုတည်းသော ကောင်းမှုက နာခံမှုရှိနေတာပဲ... ဒါက မင်းငါ့ကို အစွန်းမရောက်ဘဲ ရပ်ခိုင်းလိုက်သလိုပဲ... မင်းအစွမ်းအစက ယန်မိသားစုရဲ့ အုပ်ထိန်းတဲ့သူကို မပြောင်းလဲစေနိုင်ဘူး..."
သူသည် ရောင်စုံတိမ်တိုက် ရထားလုံးပေါ် ခုန်တက်လိုက်သည်။ အပြာရောင်ငှက်က ရထားလုံးကို ဆွဲဖို့ အတောင်ပံခတ်လိုက်သည်။
ရထားလုံး စတင်ထွက်ခွာသည်နှင့် တစ်ပြိုင်နက် ယွမ်ချန်ခန်းမကို စောင့်ကြပ်နေသော တစ္ဆေများနှင့် နတ်ဘုရားအစောင့်အကြပ်များသည်လည်း ဆင်းသွားကာ ရောင်စုံတိမ်တိုက် ရထားလုံးနောက်သို့ လိုက်သွားကြလေသည်။
ဤတစ္ဆေများနှင့် နတ်စောင့်များသည် သူ့လုံခြုံရေးအတွက် တာဝန်ရှိသည်။ ဒုတိယအချက်မှာ သခင်ငယ် ဝေ့ယွဲ့က မနာခံဘူးဆိုရင် ဝေယုကို ယွမ်ချန်ခန်းမထဲမှာ တိုက်ရိုက်သတ်ပစ်ပြီး ယန်မိသားစုရဲ့ အမတမြို့ထဲက အရေးကိစ္စများကို တာဝန်ယူဖို့ တစ်ယောက်ယောက်ကို ပြောင်းလဲခိုင်းစေမှာပဲ ဖြစ်သည်။
ရန်ပိဟာ အထက်နယ်ပယ်ကိုယ်စား ပြုမူခဲ့ပြီး ကြီးမားသော အခွင့်အာဏာ ရှိခဲ့သည်။ သူ့ကိုအရင်သတ်ပြီး နောက်မှ သတင်းပို့လည်း ကိစ္စမရှိပေ။
"ချန်ရှီကို သွားတွေ့ဖို့ အချိန်ရောက်ပြီ"
ရောင်စုံတိမ်တိုက် ရထားလုံးပေါ်၌ ရန်ပိသည် မှောင်မိုက်သော တိမ်တိုက်များနှင့် ပြင်းထန်သော နတ်ဆိုးအငွေ့အသက်ကို မြင်ရုံမျှသာ ရှိသော အပြင်ဘက်ရှုခင်းကို ကြည့်လိုက်သည်။
"သူရဲကောင်းတစ်ယောက်လို နေထိုင်ပါ၊ တစ္ဆေသူရဲကောင်းအဖြစ် အသေခံလိုက်ပါတဲ့... အဲဒီတုန်းက ကလေးပညာရှင်က မြေအောက်ကမ္ဘာမှာ ဆူညံပွက်လောရိုက်အောင် လုပ်ခဲ့တယ်... အဲဒီတာအိုသန္ဓေသားလေးက ကိတ်မုန့်ပေါ်က အချိုပဲလား...."
သက်ရှိလောကတွင်တော့ ချန်ရှီနဲ့ ဟေးကော်တို့ လျင်မြန်စွာ ပြေးနေကြသည်။ မသိလိုက်ဘဲ လက ကွယ်ပျောက်သွားပြီး နေမင်းကြီးက ကောင်းကင်တွင် ချိတ်ဆွဲလာသည်။ နံနက်ခင်း၏ အလင်းရောင်သည် မီးထက် နီရဲပြီး ရေခဲပြင်ပေါ်တွင် တောက်ပနေ၏။ နှင်းခဲက အကိုင်းအခက်များပေါ်တွင် ချိတ်ဆွဲထားသော အနီရောင်ပန်းများကဲ့သို့ပင်။
တစ်ညတာ ပြေးလွှားပြီးနောက် သူတို့သည် မြောက်ပိုင်းနယ်စပ် ရေခဲပြင်အစွန်းသို့ ရောက်ခဲ့ကြသည်။ ချန်ရှီသည် လှေသမားနှင့် သူ့သမီး၏ ကျရှုံးခဲ့ဖူးသော အတွေ့အကြုံကို နားထောင်ခဲ့ဖူးသဖြင့် လမ်းတစ်လျှောက်တွင် မရပ်တန့်ခဲ့ပေ။
ထိုအချိန်တုန်းက ထိုသားအဖတို့သည် ညဘက်တွင် အနားယူရန် ရပ်နားခဲ့သောကြောင့် ဖမ်းမိခဲ့ပြီး မသိလိုက်ဘဲ မြေအောက်ကမ္ဘာထဲသို့ ကျရောက်ကာ နောက်ဆုံးတွင် အဖမ်းခံခဲ့ရသည်။ အခု ရပ်လိုက်လျှင် အဖမ်းခံရနိုင်သည်။
သက်ရှိလောကနဲ့ မရဏကမ္ဘာရဲ့ ပထဝီအနေအထားက မညီမျှပေ။ သက်ရှိကမ္ဘာတွင် တစ်မိုင်ပြေးရန် မရဏကမ္ဘာတွင် မိုင်ရာနှင့်ချီ သို့မဟုတ် ထောင်ပေါင်းများစွာပင် ပြေးရန်လိုအပ်သည်။ လျင်မြန်စွာ ပြေးနေသရွေ့ မရဏတမန်တွေလည်း သူတို့ကို အမှီလိုက်နိုင်မည် မဟုတ်ပေ။
အခုဆို တစ်ညလုံး တိုက်ပွဲဝင်ပြီးနောက် ဟေးကော်ကာ တစ်ညလုံး ပြေးနေရသဖြင့် ပင်ပန်းလာသည်။
"ဟေးကော်! ငါ့ဘုံကျောင်းကို ဝင်နေ! တစ်ခုခုစားပြီး အနားယူလိုက်ဦး!"
ဟေးကော် ဒီအတိုင်း ဆက်ပြေးနေရင် ထိန်းနိုင်မှာ မဟုတ်ဘူးဆိုတာ သူ သိသည်။ သေးငယ်သော ဘုံကျောင်းထဲမှ အလင်းတန်းတစ်ခု လင်းလက်လာပြီး ဘုံကျောင်းထဲသို့ ခေါ်သွင်းလိုက်လေသည်။
ချန်ရှီ ထူးဆန်းသောသားရဲ၏ အသားကို ထုတ်ယူလိုက်သော်လည်း ဟေးကော်ဟာ တစ်ဝက်သာစားပြီးနောက် အိပ်ပျော်သွားခဲ့သည်။ အရွယ်မရောက်သေးသလို နတ်ဆိုးများစွာကို တိုက်ခိုက်ခဲ့ပြီးဖြစ်ကာ အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။
ချန်ရှီသည် ဧကရာဇ်ရှောင်းလန်စွမ်းအားကို တွန်းအားပေးရင်း ဆက်ပြေးနေပြီး သူ့အရှိန်မှာလည်း လုံးဝနှေးကွေးခြင်း မရှိပေ။ ကောင်းကင်ကိုးလွှာကို သူ့ဦးခေါင်း အနောက်ဘက်တွင် ဖြန့်ကျက်ထားကာ အဆုံးမရှိသော လှည့်ပတ်နေသည်။ ကောင်းကင်နှင့်မြေကြီး၏ ချီများက အလွန် သန့်စင်ပြီး တုနှိုင်းမရတဲ့ တက်ကြွမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ချန်ရှီ အစာခြောက်အချို့ကို အလျင်စလို စားကာ သူ့ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကို ဖြည့်တင်းရန်အတွက် နှင်းခဲအနည်းငယ်ကိုလည်း ဖမ်းယူစားသောက်ခဲ့သည်။ သူ့နတ်ဝိညာဉ်သည် သူ့ဦးခေါင်းနောက်ဘက်ရှိ ဒုတိယဘုံကျောင်းထဲ ရောက်ရှိလာသည်။ သူ့အမေက သူ့ကိုကြည့်ကာ တိုးတိုးလေး ပြောလာ၏။
"ပင်ပန်းနေပြီလား"
သားဖြစ်သူကို အလွန်အကျွံ ဖိအားပေးမှာကို စိုးရိမ်သောကြောင့် သူမ အလွန်အမင်း စိုးရိမ်မပြဝံ့ပေ။
"မပင်ပန်းပါဘူး..."
ချန်ရှီ ပြုံးပြီး။
"မေမေ ရက်နည်းနည်းပဲစောင့်လိုက်... အိမ်ပြန်လို့ရပြီ အိမ်မှာရှိတဲ့ အရာအားလုံးက အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲသွားဘူး"
အမေနှင့်သား ခဏကြာ စကားပြောပြီးနောက် နတ့ဝိညာဉ်သည် ပထမဆုံးဘုံကျောင်းငယ်ထဲသို့ ပြန်သွားခဲ့သည်။ မယ်မယ်ရှစ်ကျီသည် ရံဖန်ရံခါ လှုပ်ယမ်းနေသေးကာ နတ်ကွန်းပေါ်တွင် လဲလျောင်းနေသည်၏။
မရဏကျေးကျွန်များရဲ့ အလင်းရောင် သူမ ခန္ဓာကိုယ်ကို ထိမှန်သွားစဥ်က အလွန် နာကျင်သွားပုံပါပဲ။ မယ်မယ်ရှစ်ကျီဟာ မူလကတည်းက အမတကျင့်စဥ်ကို ကျင့်ကြံထားသူ ဖြစ်သည်။ သူမသည် အချိန်အကြာကြီး ဝိညာဉ်စွမ်းအင်များဖြင့် ညစ်ညမ်းနေသော ကျောက်တုံးတစ်တုံး ဖြစ်လာသည်။ သူမ၏ ဝိညာဥ်အသိ နိုးကြားလာပြီး အမတအဖြစ် ကျင့်ကြံပြီးနောက် သူမသည် ကိုယ့်ကိုကိုယ် ကာကွယ်ရန် အခြားသူများထံမှ နှိမ့်ချခံခဲ့ရသည်။
နောက်ပိုင်းမှာတော့ သူမကို နတ်ဘုရားအဖြစ် အပ်နှင်းပြီး နတ်ဘုရားလမ်းစဥ်ကို လှည့်ခဲ့ပေမယ့် သူမရဲ့ ဝိညာဉ်ကတော့ အရင်အတိုင်းပါပဲ။ ထူးကဲသော တန်ခိုးသည် နတ်ဘုရားများ၏ ခန္ဓာကိုယ်ကို သန့်စင်စေသော်လည်း ခန္ဓာကိုယ် မည်မျှပင် သန်မာသည်ဖြစ်စေ စိတ်ဝိညာဉ်ကို သန့်စင်မပေးနိုင်ချေ။
မီးနှင့်မြေ တရားသူကြီးနှစ်ဦး၏ စွမ်းအားတစ်ဝက်နီးပါးကို မျိုချလိုက်သဖြင့် သူမ၏ကိုယ်ခန္ဓာ အစစ်အမှန်ကို ပြန်လည်ရရှိရန် မဝေးလှသော်လည်း သူမဝိညာဉ်က အားပျော့ဆဲဖြစ်သည်။
ချန်ရှီ သူမကို ကူညီပြီး နတ်ကွန်းပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် ဧကရာဇ်ရှောင်းလန်စွမ်းရည်ဖြင့် သူမရဲ့ ဒဏ်ရာကို ကုသပေးနိုင်အောင် ကူညီပေးသည်။ သို့သော်လည်း မယ်မယ်ရှစ်ကျီသည် နောက်တဖန် လဲကျသွားကာ ဆက်၍ တုန်လှုပ်နေဆဲ။
"သူမကို ခဏလောက် ဂရုစိုက်ပေးပါဦး..."
ချန်ရှီသည် အခြားနတ်ကွန်းတစ်ခုရှိ အဖြူရောင်ဝတ် နတ်သမီးအားလည်း လှည့်ပြောလိုက်သည်။ အဖြူရောင်ဝတ်နတ်သမီးက အထပ်ထပ်အခါခါ ခေါင်းညိတ်ပြ၏။
သူ့ကိုယ်ပိုင်နတ်ကွန်းပေါ်တွင် ဟေးကော်ကို ထပ်မံ တင်ထားခဲ့သည်။ ဟေးကော်သည် သူ၏သွေးနှင့် ချီကို ထိန်းညှိပေးကာ ဝိညာဉ်ဆေးပင်အနည်းငယ်ကို ရွေးချယ် တိုက်ကျွေးလိုက်သည်။ ထို့နောက် ဟေးကော် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဆေးလိမ်းပေးခဲ့သည်။
ရုတ်တရက် ဟေးကော် ရုတ်တရက် မျက်လုံးပွင့်လာပြီး မေ့မြောရာမှ နိုးလာ၏။ ထိုစဥ် တစ်စုံတစ်ခုကို ကြားလိုက်ရသလိုပင် နားရွက်နှစ်ဖက်က ထောင်သွားသည်။ အလွန်အမင်း တုန်လှုပ်သွားတာကြောင့် အနက်ရောင် အမွှေးတွေက တစ်ကိုယ်လုံး ထောင်ကုန်တော့သည်။
ချန်ရှီရဲ့ နှလုံးခုန်သံလည်း ပျောက်ဆုံးသွားသလိုမျိုး ရပ်လုနီးနီး။
"နောက်ထပ် ဟေးကော်တစ်ကောင် လိုက်လာနေတာပဲ..."
ဟေးကော် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ သူက နတ်ကွန်းမှ ခုန်ဆင်းကာ ဘုံကျောင်းငယ်လေးမှ ခုန်ထွက်ရင်း ပြင်ပကမ္ဘာသို့ ရောက်လာခဲ့သည်။
နတ်ဝိညာဉ်ချန်ရှီက နတ်ကွန်းပေါ်တွင် ပြန်လည် နေရာယူလိုက်၏။ သူ့ရဲ့ ကျင့်ကြံမှုကို အလွန့်အလွန်မြှင့်တင်ထားကာ ဒုတိယမြောက် အဆောင်လက်ဖွဲ့ အသစ်ကို အသက်သွင်းကာ ဟေးကော်ကို လျှပ်စီးပေါ် တက်နင်းကာ လေထဲသို့ ထိုးဖောက်ဝင်ရောက်စေခဲ့သည်။
သူသည် လေနှင့် မိုးခြိမ်းသံကို စီးနင်းခဲ့ပြီး သူ့အရှိန်သည်လည်း ယခင်ကထက် အဆများစွာ မြန်ခဲ့သည်။ အနက်ရောင် အရိပ်က လေထဲတွင် လျှပ်တစ်ပြက် ဆက်တိုက်လင်းနေကာ ချန်ရှီသည် ဟေးကော်ကို မိုင်တစ်ရာကျော် ပို့ဆောင်နေပြီ ဖြစ်သည်။
"ဟေးကော်! မင်းပတ်ဝန်းကျင်ကို ဂရုစိုက်ထား... ငါ့အတွေးကို မထိခိုက်စေနဲ့!"
ချန်ရှီ အော်လိုက်သည်။
လူနှင့် ခွေးတစ်ကောင်သည် လျှပ်စီးလက်သလို ရှင်းရှန်ဆီသို့ ပြေးနေကြသည်။ လေနှင့် မိုးခြိမ်းသံကို ထိန်းချုပ်ရတာက အလွန်ပင်ပန်းသဖြင့် ချန်ရှီ အကြာကြီး မထိန်းနိုင်ပေ။ ထိုစဥ် ရုတ်တရက် ကောင်းကင်နဲ့ တိမ်တွေက မည်းမှောင်သွားသည်။ ချန်ရှီ ထိတ်လန့်တုန်လှုပ်သွားပြီး ထိခိုက်ခံစားရကြောင်း မခံစားရသော်လည်း သူ့ဘေးမှ ဟေးကော်ကတော့ ထိခိုက်မိကြောင်း သိသာစွာ ဟောင်နေပြီဖြစ်သည်။
"ပြီးသွားပြီ... ငါ ပုံရိပ်ယောင်လား အဖြစ်မှန်လား မပြောနိုင်တော့ဘူး..."
ချန်ရှီ လေထဲတွင် အေးခဲနေပြီး လှုပ်ရှားရန် မဝံ့မရဲ ဖြစ်နေသည်။ ဘယ်ညာ၊ ဘယ်ညာ အတက်အဆင်း လုပ်ရမလား မပြောနိုင်သလို သူသည် မရဏကမ္ဘာမှာလား သို့မဟုတ် သက်ရှိလောကထဲ ရောက်နေသလား မသိတော့ဘဲ သူ့ပတ်ဝန်းကျင်တွင် ရှိနေသောအရာကိုပင် မသိ။
ဟေးကော်သည် အလွန်ကြောက်စရာကောင်းသော အသိဉာဏ်ကို တွန်းလှန်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ပြီး တစ်ဖက်အကောင်ကို လုံးဝ မယှဉ်နိုင်ခဲ့ပါ။ အုံ့မှိုင်းနေသော ကောင်းကင်တွင် ကြီးမားသောမျက်လုံးနှစ်လုံးက ဖြည်းညှင်းစွာ ပေါ်လာပြီး သူတို့နှစ်ယောက်အပေါ် စိုက်ကြည့်လာသည်။
အလွန်ကြီးမားသော ဟော့သော်၏ ခန္ဓာကိုယ်ကြီးသည် သူတို့၏ မျက်လုံးထဲသို့ ဖြည်းညှင်းစွာ ရောက်လာသည်။ ၎င်းနောက်ဘက်တွင် ပေရာနှင့်ချီမြင့်သော မရဏကျွန်တို့သည် ဟော့သော်ကိုထိန်းထားရန် သံကြိုးများကိုဆွဲထုတ်ရင်း ရုန်းကန်နေရသည်။
ဟော့သော် ခုန်အုပ်ခါနီးတွင် အဝေးမှ ရုတ်တရက် အသံတစ်ခုထွက်လာသည်-
"ဟော့သော် ရပ်လိုက်တော့!"
ချန်ရှီ အသံ၏ဦးတည်ရာကို ကြည့်လိုက်ရာ သူ့မျက်လုံးများ မှိုင်းသွားသည်။ သခင်ငယ် ဝေ့ယွဲ့သည် ဤနေရာသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးလာနေတာ သူမြင်လိုက်ပြီး သူနှင့် ဟော့သော်ကြားတွင် အမှန်တကယ် ရပ်နေခဲ့သည်။
ချန်ရှီ :"ငါ ဟော့သော်ဆီက စိတ်ညှို့ခံလိုက်ရပြီ.... ဝေ့ယွဲ့က ဘယ်လိုလုပ် ငါတို့ကို ကယ်တင်မှာလဲ!"
ဒါကို သူတွေးပြီးချိန်မှာပဲ ဟော့သော်အကြီးကြီးက သူ့ရှေ့ခြေကို ရုတ်တရက် မြှောက်ချလိုက်ပြီး ဝေ့ယွဲ့ကို ရိုက်ထုတ်ပစ်လေသည်။ ဝေ့ယွဲ့ သွေးတွေ ရွှဲကျဲကျဲနဲ့ လေထဲမှာ လွင့်နေ၏။
"ဟော့သော် ဘာလို့ ငါ့ကို ရိုက်တာလဲ"
ချန်ရှီ ဒါကိုမြင်ပြီး အော်လိုက်သည်။
"ဟော့သော်ကြောင့် ငါ့ဦးနှောက် တကယ်ကို ထိသွားပြီ ထင်တယ်!"
ဧရာမ ဘီလူးကြီးသည် ရှေ့သို့ ဆက်တိုးရန် ရုန်းကန်နေပြီး ရာနှင့်ချီသော မရဏကျေးကျွန်များ လုံးဝ မတားနိုင်ကြတော့ပေ။ ကြီးမားလှသော နတ်ဆိုးစွမ်းအင်သည် ပြေးလွှားသွားကာ ချန်ရှီနဲ့ ဟေးကော်တို့ကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားသည်။
ရုတ်တရက်ဆိုသလိုပဲ ချန်ရှီရဲ့ ဘုံကျောင်းငယ်လေးထဲက သူ့အမေရဲ့ ဝိညာဉ်က လွင့်ပျံလာပြီး သူတို့ရှေ့မှာ ပိတ်ဆို့ကာ သူမလက်ကို ညင်သာစွာ မြှောက်လိုက်ပါ၏။
"ဟော့သော် မင်းသားကို ရှာတွေ့ခဲ့ပြီ... ငါ့သားကိုလည်း ငါ တွေ့ခဲ့ပြီ"
သူမက တိုးတိုးလေး ပြောလေသည်။ မထင်မှတ်ဘဲ ဟော့သော်က ခေါင်းကို ငုံ့လိုက်ပြီး သူ၏ကြီးမားသော ဦးခေါင်းဖြင့် သူမ လက်ဖဝါးကို ညင်သာစွာ ထိလိုက်သည်။