တစ္ဆေများနှင့် နတ်များအတွက် တားမြစ်ထားသော နေရာဖြစ်သည့် ဟွမ်ဖောရွာ
Vol. 23 Ch. 337
လီချန့်ယွင် နိုးလာသောအခါတွင် သူမကိုယ်သူမ ဖျားနေသောကြောင့် ကုတင်ပေါ် လဲလျောင်းနေရတာ တွေ့လိုက်ရသည်။ မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက သူမရဲ့ ဒဏ်ရာများကို ကုသပေးနေသည်။
"ဦးလေးရှောက်ကန်!"
သူမ အမြန်ထရပ်ချင်သော်လည်း နှလုံးက မခံမရပ်နိုင်အောင် နာကျင်နေသည်။
လီထျန်းချင်၏ ဆံပင်နှင့်တူသော ဓားစွမ်းအင်ကြောင့် သူမ၏ နှလုံးနှင့် အဆုတ်တွင် ဒဏ်ရာရခဲ့သည်။ အကယ်၍ သူမသာ ချီ နှင့် သွေးစီးဆင်းမှုကို ထိန်းချုပ်နိုင်လောက်အောင် အစွမ်းထက်ခြင်း မရှိပါက သူမနှလုံးအတွင်းရှိ သွေးများသည် မကြာမီ သူမအဆုတ်ထဲသို့ စီးဝင်ပြီး သေဆုံးသွားလိမ့်မည်။
"ဂါဝရပြုစရာ မလိုပါဘူး ချန့်ယွင်"
လီရှောက်ကန်က ဆေးပညာကို အဓိက သင်ကြားခဲ့ပြီး ကျော်ကြားသော နယ်ချဲ့သမားတော် ဖြစ်သည်။ ရှီးကျင်းတွင် ဂုဏ်သရေရှိသူများကိုသာ ဆက်ဆံရသည်။ နောက်ပိုင်းတွင် သူသည် ရာထူးမှ နုတ်ထွက်ပြီး လီမိသားစုအား ကုသရန် အိမ်တွင်သာ နေထိုင်ခဲ့သည်။ လီမိသားစု၏ ကလေးများသည် ခေါင်းဆောင်ကို မသိနိုင်သော်လည်း လီရှောက်ကန် ဘယ်သူလဲ ဆိုတာတော့ သိကြလိမ့်မည်။
လီရှောက်ကန်က ပြုံးပြီးပြော၏။
"မင်းရဲ့နှလုံးနဲ့ အဆုတ်တွေက ဒဏ်ရာရသွားပြီ... မင်း အဲဒါတွေကို မကုသရင် ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေ ကြီးကြီးမားမား ရှိလာလိမ့်မယ်... နောက်တစ်ကြိမ် မင်း အစွမ်းကုန် တိုက်ခိုက်နေတဲ့အချိန် ဒဏ်ရာက ပြန်ပေါ်လာလိမ့်မယ်... ဒီတစ်ကြိမ်တော့ ဒဏ်ရာကို သေချာ ကုသရမယ်...."
လီချန့်ယွင်သည် အခန်းထဲတွင် အခြားကုတင်များပေါ်၌ လီထျန်းကျန့်နဲ့ တခြားသူများလည်း ရှိနေတာကို သတိပြုမိလိုက်သည်။ သူတို့ရဲ့ ဒဏ်ရာတွေက သူမထက် ပိုပြင်းထန်ကြ၏။ ယခုအချိန်တွင် ကုတင်ပေါ်တွင် လဲလျောင်းနေသော အများစုမှာ နာကျင်စွာ ညည်းတွားနေကြသည်။
"ဦးလေး ဘာလို့ဒီကို ရောက်နေတာလဲ"
လီရှောက်ကန်က ပြုံးပြီး: "ငါဒီမှာ အမြဲတမ်းရှိနေတာ... မင်း လီထျန်းချင်ကို လိုက်ဖမ်းတုန်းက အဝေးက ကြည့်နေခဲ့တာ"
လီချန့်ယွင် အနည်းငယ် ထိတ်လန့်သွားပြီး သူဘာကိုဆိုလိုသလဲ နားမလည်လိုက်ပေ။ လီရှောက်ကန်သာ အနီးနားတွင် စောင့်ကြည့်နေပါက၊ သူ အဘယ်ကြောင့် သူတို့ကို ကယ်တင်ပြီး လီထျန်းချင်ကို မသတ်ခဲ့သလဲ။
လီထျန်းချင်သာ ရှုံးနိမ့်သွားခဲ့ရင် အဲ့သစ္စာဖောက် သတ်ပစ်လိုက်သင့်ပြီ မဟုတ်ဘူးလား။
"ငါတင် မဟုတ်ဘဲ မျိုးနွယ်စုခေါင်းဆောင်လည်း အနီးအနားမှာ ရှိတယ်... မျိုးနွယ်စုထဲက လူတော်တော်များများ ဒီကို ရောက်နေကြပြီ... လီထျန်းချင်နဲ့ မင်းရဲ့ရန်ပွဲကို ငါတို့အားလုံး မြင်လိုက်တယ်"
လီချန့်ယွင် ပိုလို့တောင် အံ့သြသွားသည်။
လီရှောက်ကန်ရဲ့ အကြည့်တွေဘက်၌ မျိုးနွယ်စုခေါင်းဆောင် လီရှောက်ကျိုင်နဲ့ မျိုးနွယ်စု အကြီးအကဲတစ်စုဟာ အမှန်တကယ် ရှိနေတာကို တွေ့လိုက်ရပါ၏။ လူသုံးဆယ် ငါးဆယ်လောက်က တစ်ယောက်ကို တစ်ယောက် တီးတိုးပြောနေကြကာ ဘာတွေပြောနေမှန်းတော့ မသိ။
သူမ မကူညီနိုင်ဘဲ ထိတ်လန့်သွားသည်။ လီထျန်းချင်ကို လိုက်ရှာဖို့ လီမိသားစုသခင်တွေ အများကြီး လာခဲ့တာလား။
ထို့အပြင် သူမ ရှုံးနိမ့်ပြီးနောက်တွင် မျိုးနွယ်စုသခင်များစွာက လီထျန်းချင်ကို အဘယ်ကြောင့် မဖယ်ရှားခဲ့ကြသလဲ။
"ချန့်ယွင် နိုးလာပြီ"
လီရှောက်ကန် လှမ်းပြောလိုက်သည်။
မျိုးနွယ်စု ခေါင်းဆောင်ရဲ့ မျက်လုံးများက လီချန့်ယွင်ကို စိုက်ကြည့်လာသည်။ လီချန့်ယွင်လည်း သူ့ကို ဝမ်းနည်းစိတ်နဲ့ နှုတ်ဆက်လိုက်သည်။
"ချန့်ယွင်... မျိုးနွယ်စုခေါင်းဆောင်ရဲ့ ပြုစုပျိုးထောင်မှုနဲ့ မျှော်လင့်ချက်တွေကို ပျက်ကွက်ခဲ့ပါတယ်.... ကျေးဇူးပြုပြီး အတိဒုက္ခငယ်ကျင့်စဥ်ကို ပြန်ယူလိုက်ပါ!"
လီရှောက်ကျိုင်က ခေါင်းယမ်းပြီး :"အောင်ပွဲနဲ့ ရှုံးနိမ့်တာက စစ်တပ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကြောင့်မို့လို့ စိုးရိမ်နေစရာ မလိုပါဘူး... မင်းတို့ကို သူက ရှစ်ရက်ကြာအောင် လျှို့ဝှက်စောင့်ကြည့်နေတာ... မင်းရဲ့ နတ်ဝိညာဥ် အင်အားနယ်ပယ်ထဲမှာ ချို့ယွင်းချက်တစ်ခု တွေ့သွားတဲ့အတွက် ဒီတစ်ကြိမ်မှာ သူ့ကို ရှုံးသွားတာ... သူက။ ဒီအပြစ်အနာအဆာကို ရှာဖို့ မီးခိုးနဲ့ ဖုန်မှုန့်တွေကို သုံးသွားတယ် မင်းအခုချိန်ထိ လေ့ကျင့်နေပေမယ့် မင်းရဲ့ အားနည်းချက်က ဘာလဲဆိုတာ မင်းမသိဘူးမလား...ဒီတိုက်ပွဲပြီးရင် မင်း ကြံ့ခိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
လီချန့်ယွင်၏ ဝမ်းနည်းမှုမှာ အနည်းငယ် သက်သာသွားသော်လည်း လီထျန်းချင်ကို ရှုံးနိမ့်ရခြင်းအတွက် သူမ အလွန်ဝမ်းနည်းနေသေးသည်။ မျှော်လင့်ချက် ကြီးကြီးထားပြီး ယခုတစ်ကြိမ် သစ္စာဖောက်ကို အလွယ်တကူ ဖမ်းနိုင်မည်ဟု တွေးထားသော်လည်း ကြီးကြီးမားမား ရှုံးနိမ့်မှုကို ခံရမည်ဟု သူမမျှော်လင့်ထားပေ။ သူမ ဘယ်တော့မှ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်မလာတော့မှာပဲ ကြောက်ရသည်။
လီရှောက်ကျိုင်: "လီထျန်းချင်ရဲ့ လက်ထဲမှာ ဒီရှုံးနိမ့်မှုက မင်းအရည်အချင်းက နည်းနည်းလေး မလုံလောက်ဘူးဆိုတာကို ပြသနေပြီ... မင်း ဆက်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ လိုတယ်။ ငါ အကြီးအကဲတွေနဲ့ ဆွေးနွေးပြီး အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ဖို့ မင်းကို အထက်ကမ္ဘာဆီ ပို့ဖို့ ဆုံးဖြတ်လိုက်တယ်... မင်း အဲဒီကို သွားဖို့ အရည်အချင်းပြည့်မီတယ်"
လီချန့်ယွင် အနည်းငယ် လန့်သွားသည်။ သူမ အထက်ကမ္ဘာအကြောင်း မကြားဖူးပါ။
လီရှောက်ကျိုင်: "အထက်ကမ္ဘာက ယင်နဲ့ယန်ကမ္ဘာတွေကနေ လွတ်ကင်းတဲ့ ကမ္ဘာကြီး... ငါတို့ရဲ့မိသားစု ဆယ့်သုံးစုက ရှေးဘိုးဘေးတွေရဲ့ အနတ္တလေဟာပြင်ဘုံကနေ ဖန်တီးထားတဲ့ ယင်နဲ့ယန်ကမ္ဘာကြီး... စစ်မှန်တဲ့ဘုရင်ခေတ် ကျဆုံးချိန်ကစပြီး နှစ်ပေါင်းခြောက်ထောင်ကျော် ကြာခဲ့ပြီ.... အနတ္တပြန်ခြင်း နယ်ပယ် နဲ့ မဟာယာနနယ်ပယ်မှာ တည်ရှိနေတဲ့ လူအားလုံးနီးပါးက သူတို့ရဲ့ကိုယ်ပိုင် မရဏကမ္ဘာကို မသွားခင် သူတို့ရဲ့ အနတ္တလေဟာပြင်ဘုံတွေကို လှူဒါန်းကြတယ်... ရှေးအစဉ်အဆက် ဘိုးဘေးတချို့က မရဏပြည်မှာ နေတယ်... တချို့ကျတော့ အထက်ကမ္ဘာမှာ နေကြတယ်..."
လီချန့်ယွင် အံ့သြသွားသည်။ ရှေးအစဉ်အဆက် ဘိုးဘေးများ၏ လမ်းညွှန်မှုကို ရယူရတော့မှာလား။ ဒါသာ မှန်ပါက သူမခွန်အားသည် ယခုထက် အဆပေါင်းများစွာ ခုန်တက်သွားပြီး အရှိန်အဟုန်ဖြင့် တိုးလာမည်ဖြစ်သည်။
"မင်း အထက်နယ်ပယ်က ထွက်လာပြီးရင် လီထျန်းချင်ကို လက်စားချေဖို့ မရှာနဲ့ သူ့ကို လီမိသားစုရဲ့ အဖွဲ့ဝင်အဖြစ်လည်း မဆက်ဆံပါနဲ့ အခုကစပြီး ငါတို့က သူနဲ့ ဘာမှမဆိုင်တော့ဘူး"
သူမ၏မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ချန့်ယွင် နားလည်လား?"
လီချန့်ယွင် အံ့ဩသွားပြီး :"တပည့်က နားမလည်ပေမယ့် တပည့်က မျိုးနွယ်စုခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ကို လိုက်နာမှာပါ"
လီရှောက်ကန်လည်း ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းကာ သူမကို သွားပြင်ဆင်ရန် အချက်ပြလိုက်သည်။ သူမ ထွက်သွားတဲ့အခါ လီရှောက်ကန်က အနား တိုးလာခဲ့၏။
"ခေါင်းဆောင် ဘာလို့ ဒီကလေးကို လွှတ်လိုက်တာလဲ"
"သူ့ကို လွှတ်လိုက်တာက ငါ့ရဲ့ ဂရုစိုက်မှုတွေကြောင့်ပဲ"
လီရှောက်ကျိုင်က ကောင်းကင်ကို မော့ကြည့်ပြီး တိုးတိုးပြောသည်။
"မိသားစု ၁၃စုက ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်နေတာ ဒါကြောင့် အခြေအနေ နှစ်ခုလုံးအတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်... ဒါကို ပြီးမြောက်အောင် လုပ်နိုင်ရင် စစ်မှန်တဲ့ ဘုရင်ရဲ့ စည်းစိမ်ချမ်းသာကို မျိုးပွားနိုင်မယ် ဒီလိုမှမဟုတ်ရင် စိတ်ဆင်းရဲစရာတွေကြောင့် ရှုံးနိမ့်ပြီး တစ်မိသားစုလုံး သုတ်သင်ခံရလိမ့်မယ် ငါ လီမိသားစုအတွက် အမြစ်တစ်ခု ချန်ထားခဲ့ရမယ်..."
သူက သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး :"လီထျန်းချင်က ဉာဏ်ကြီးရှင်နဲ့ ပါရမီရှင်ပဲ... သူသာ သစ္စာမဖောက်ရင် သူ့ကို နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်အဖြစ် ငါရွေးချယ်မိလိမ့်မယ်... အဲဒီလို ဉာဏ်ကြီးရှင်က လီမိသားစုကို သစ္စာဖောက်ရင် မိသားစုအတွက် ဒုက္ခကြီး ဖြစ်လာလိမ့်မယ်။ လီမိသားစုကနေ သူ့ကို ဖယ်ရှားပစ်ရမယ်... အထူးသဖြင့် သူက ချန့်ယွင်ကို အနိုင်ယူပြီးရင် မိသားစုကို တတ်နိုင်သမျှ အမြန်သတ်ပစ်ဖို့ လုပ်လာနိုင်တယ်...."
လီရှောက်ကန်လည်း အနည်းငယ် ထိတ်လန့်သွားပြီး ဦးညွှတ်လိုက်သည်။
မျိုးနွယ်စုခေါင်းဆောင် တစ်ဦးအနေဖြင့် အနိုင်ရဖို့ မစိုးရိမ်သင့်ဘဲ ဆုံးရှုံးခြင်းအတွက် စိတ်ပူပြီး လီမိသားစုအတွက် ထွက်လမ်းကို စီစဉ်ထားရမည်။ သို့မှသာ သူသည် အရည်အချင်း ပြည့်မီသော မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာနိုင်သည်။
ကောင်းကင်ကြီးက တောက်လောင်နေခဲ့ပေမယ့် စောစောက မှောင်လာပြီ။
လီရှောက်ကျိုင်သည် အနောက်နွားရှင်းကျိုး တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့် ကောင်းကင်အထက် မီးပင်လယ်အား စိုးရိမ်တကြီး မျက်နှာထားဖြင့် ကြည့်လိုက်သည်။
နေ့ရက်များက တိုတောင်းလာသည်နှင့်အမျှ အမှောင်ထုက ပိုစောလာသည်။ ဤလမ်းကြောင်းသည် အရှိန်မြှင့်နေဆဲ ဖြစ်သည်။
ကောင်းကင်က အပြောင်းအလဲရဲ့ သက်ရောက်မှုက တဖြည်းဖြည်း ပိုသာကြီးလာလိမ့်မည်။
ကောင်းကင်ဘုံက ဤအပြောင်းအလဲကို ရင်ဆိုင်ဖို့ အချိန်မီ ပြင်ဆင်နိုင်ပါ့မလား။
ဟွမ်ဖောကျေးရွာက ရွာအပြင်ဘက်တွင်။
ချန်ရှီသည် မိုးမခပင်အိုအောက်တွင် လေ့ကျင့်နေခဲ့သည်။ ကောင်းကင်ကိုးလွှာက သူ့အနောက်က ကောင်းကင်တွင် ချိတ်ဆွဲထားကာ အလင်းရောင်တစ်ခုအဖြစ် မိုင်ပေါင်းများစွာ ပတ်၀န်းကျင်ကို တောက်ပနေစေသည်။
သူ၏ နတ်ဝိညာဉ်သည် ဘုံကျောင်းငယ်ရဲ့ နတ်ကွန်းပေါ်တွင် ထိုင်နေ၏။ အသက်ရှုသံများ ပြင်းထန်လာကာ သူ၏ စိတ်ဝိညာဉ်သည်လည်း တဖြည်းဖြည်း အားကောင်းလာသည်။ နောက်ကျနေပြီ ဖြစ်သော်လည်း လုံ့လဝီရိယဖြင့် လေ့ကျင့်နေဆဲ ဖြစ်သည်။
အခုဆို ပိုပိုမှောင်လာပြီး နေ့ဘက်မှာ လေ့ကျင့်ဖို့ အချိန်မလောက်တော့တဲ့အတွက် ညဘက်မှာတောင် လေ့ကျင့်နေရသည်။
ဟွမ်ဖောကျေးရွာက လူတွေလည်း ရွာအဝင်ဝမှာ မိသားစုကိစ္စ စကားစမြည်ပြောရင်း အနားယူနေကြကာ အိပ်မပျော်ကြချေ။
ဟေးကော်က နန်းနန်းကို ကစားဖို့ ခေါ်သွားပေးလေ၏။ မနေ့က ဟူဖေးဖေးသည် နန်းနန်းကို ဒီလိုက်ပို့ရင်း မထွက်ချင်တော့ပေ။ သူမသည် ခရိုင်အစိုးရရုံးတွင် မသက်မသာ ခံစားနေရသဖြင့် ချန်ရှီ၊ ဟေးကော်တို့နှင့်အတူ ကျေးလက်တွင်နေလိုသည်။
ကံကောင်းထောက်မစွာပဲ ချန်ရှီ၏မိဘများသည် ဤမိန်းကလေးကို အလွန်နှစ်သက်ကြပြီး သူမကို သူတို့သမီးကဲ့သို့ သဘောထားကြသည်။
နန်းနန်းက ဟွမ်ဖောရွာတွင် နေထိုင်သောကြောင့် ကျုံးခွေနဲ့ တျယ်ချစ်တို့ကလည်း အနီးနားတွင် ပြောင်းရွှေ့နေထိုင်ကြသည်။ ကျုံးခွေက သူ့ညီမနှင့် မိခင်ကိုလည်း ခေါ်ဆောင်လာခဲ့၏။
သူတို့နှစ်ဦးက တစ္ဆေနတ်ဘုရား လူဝင်စားများဖြစ်သည်။ ညအချိန်၌ သူတို့သည် ၎င်းတို့၏ ခန္ဓာကိုယ် အစစ်အမှန်ကို ပြသပြီး နတ်ဆိုးများကို စားရန် ပြေးထွက်သွားကြသည်။ အချိန်အတော်ကြာတော့ ဟွမ်ဖောရွာတစ်ဝိုက်မှာ နတ်ဆိုးတွေမရှိခဲ့သလို ညဘက်မှာလည်း အန္တရာယ်မရှိတော့ပေ။
ရွာမှလူများသည် လွန်ခဲ့သော ရက်အနည်းငယ်က ကျုံးခွေနဲ့ တျယ်ချစ်ကို တဖြည်းဖြည်း ခံနိုင်ရည် ရှိလာခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရက်စက်ပုံရသော်လည်း ကြင်နာတတ်သောကြောင့် ၎င်းတို့ကို လက်ခံလာခဲ့သည်။
"ထိပ်တန်းပညာရှင်ရဲ့ ခေါင်းနောက်က အလင်းရောင်က ပိုတောက်ပလာတယ်နော်..."
အဘွားကြီးဝူကျူသည် ပျော့ပျောင်းသော တောင်စောင်းကို ကြည့်ပြီး ပြောလိုက်သည်။ ထိုအခါ အဖွားယွိကျူးကလည်း ဖိနပ်ချုပ်ရင်း လှမ်းပြုံးပြလေသည်။
"အခုထိ အိမ်ထောင်မပြုရသေးဘူး... စိတ်ပျက်စရာလေး...."
အဘွားကြီးဝူကျူက မရယ်နိုင်ဘဲ မနေနိုင်တော့။
"ပိုတောက်ပလာတာ အံ့သြစရာ မဟုတ်ပါဘူး"
ထိုအချိန်တွင် အုံ့မှိုင်းသော လေတစ်ချက်တိုက်လာကာ ရေပုံးနှင့်ဦးထုပ်လေးများပါသော သရဲတစ္ဆေသုံးကောင်သည် မြေကြီးထဲမှ ထွက်လာသည်။ ဤသရဲတစ္ဆေသုံးကောင်တွင် နွားခေါင်း၊ မြင်းမျက်နှာနှင့် ငရဲနတ်ငယ်တို့ ဖြစ်ပေ၏။ သူတို့အားလုံးသည် အရပ်နှစ်ပေအောက်သာရှိပြီး ခပ်သွက်သွက် လမ်းလျှောက်လာကြသည်။
ရွာရှိ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးငယ်များသည် ဤသရဲတစ္ဆေသုံးကောင်ကို မြင်တွေ့ရပေမယ့် မအံ့သြကြပေ။ ထိပ်တန်း ပညာရှင်ကြီး ရွာကို ပြန်ရောက်ပြီးကတည်းက ဒီသရဲတစ္ဆေလေး ၃ ကောင်ဟာ ညဘက်မှာ ပေါ်လာပြီး တစ္ဆေပုံပြင်တွေ အော်ဟစ်ပြောဆိုရင်း နန်းနန်းနဲ့အတူ အမြဲတစေ လှည့်ပတ်နေခဲ့သည်လေ။
"ရွာမှာ ထူးဆန်းတာတွေ ပိုပိုများလာနေတယ်"
အဘွားကြီးဝူကျူက ရွာအပြင်ဘက်ကို ကြည့်လိုက်ပြီး :"ရွာပြင်မှာနေတဲ့ သားအဖနှစ်ယောက်ကတော့ လူကောင်းတွေလို့ မထင်ဘူး"
အဖွားယွိကျူးက ဆံပင်တွေကြားကို အပ်နဲ့ ထိုးကုတ်လိုက်ပြီး :"ငါတို့ ထိပ်တန်း ပညာရှင်ကလည်း လူကောင်းတစ်ယောက်လို မဟုတ်ပါဘူး"
ဒါကို လူတိုင်းက သဘောတူ၏။ ရုတ်တရက် စူးရှသော ခေါင်းလောင်းသံ ထွက်ပေါ်လာသဖြင့် ဟွမ်ဖောကျေးရွာမှ ရွာသားများသည် အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ အရပ် ဆယ်ပေကျော်ရှိသော အပြာရောင်ငှက်သုံးကောင်သည် ရွာအပြင်ဘက် တောင်လမ်းပေါ်လမ်းတစ်လျှောက် ရထားလုံးကိုဆွဲကာ ၎င်းတို့ဆီသို့ လာနေတာ တွေ့လိုက်ရသည်။
ဤအပြာရောင်ငှက် သုံးကောင်သည် သိသာထင်ရှားစွာ ပျံသန်းနိုင်သော်လည်း ၎င်းတို့သည် လမ်းပေါ်တွင် လျှောက်သွားနေကြသည်။ သူတို့ခေါင်းနောက်မှာ ထီးဆောင်းထားသလို အလင်းရောင်က ပျော့ပျောင်းပြီး လမ်းကို လင်းထိန်နေ၏။
မှူးမတ်တစ်ဦးသည် အနီရောင် အဝတ်အစားနှင့် ခါးပတ်ပတ်လည် အစိမ်းရောင်ခါးပတ်ကို ၀တ်ဆင်ထားပြီး ရထားလုံးပေါ်တွင် ထိုင်နေပါသည်။ သူက နူးညံ့ပြေပြစ်၏။ ရွာသူရွာသားတွေက သူ့ကိုမြင်တော့ အားလုံးက “ခပ်ချောချောလေး” လို့ ချီးမွမ်းကြတော့သည်။
ရထားလုံး ဟွမ်ဖောရွာကို ရောက်တဲ့အခါ ရထားစီးသူ မှူးမတ်က နွားခေါင်းလူ့ခန္ဓာကိုယ်နဲ့ ထူးဆန်းတဲ့ လူအဖြစ် ပြောင်းလဲသွားတဲ့ တျယ်ချစ်ကို ကြည့်ပြီး ရင်ထဲမှာ အံ့သြထိတ်လန့်သွားရသည်။ ထိုအချိန်တွင် မီးတောက်များ ဖုံးလွှမ်းနေသော ကျုံးခွေကလည်း ပေါ်လာရာ ထပ်ပြီး လန့်ဖျပ်သွားရပြန်သည်။
အပြာရောင်ငှက်သုံးကောင်လည်း လန့်ဖျပ်သွားသဖြင့် စူးရှသော ရောင်ဝါဖြင့် ကောင်းကင်သို့ ပျံပြေးသွားလေသည်။ ငှက်တစ်ကောင်၏ဦးခေါင်း၊ လူခန္ဓာကိုယ်၊ ငှက်ခြေဖဝါးနှင့် အတောင်ပံများပါရှိသည့် အမြင့်ပေ ၆၀၀ ကျော်မြင့်သော အပြာရောင် ဝိညာဉ်တစ်ကောင်ကို ဖန်တီးပစ်ကာ ကောင်းကင်အထက်တွင် ဖုံးအုပ်ထားလိုက်ရာ အလွန်အံ့သြဖွယ်ကောင်းလှသည်။
မှူးမတ်က ချောင်းဆိုးပြီး :“သူတို့မှာ မကောင်းသော ရည်ရွယ်ချက် မရှိပါဘူး အရမ်းစိုးရိမ်နေစရာ မလိုဘူး”
အပြာရောင်ငှက်သုံးကောင်သည် အသီးသီး ၎င်းတို့၏ ဝိညာဉ်များကို ဆုတ်ခွာသွားကြသည်။ ကျုံးခွေနဲ့ တျယ်ချစ်လည်း သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားကြလေ၏။
"သူတို့က နတ်ဆိုးတွေမဟုတ်ဘူး"
သူတို့ထဲက တစ်ယောက်က မြေပြင်ပေါ် ပြေးသွားပြီး ကျန်တစ်ယောက်က အစာရှာဖို့ လေထဲပျံသွားသည်။
မှူးမတ်သည် ရှေ့သို့ ဆက်မောင်းသွားကာ ရွာအဝင်ဝက ယောက်ျားမိန်းမများကို ညင်သာစွာ ခေါင်းညိတ်ပြခဲ့သည်။ ရွာအဝင်ဝတွင် လူအို၊ အမျိုးသမီး တို့သည် မလှုပ်မယှက် ထိုင်နေကြပြီး ခေါင်းကိုသာ သူ့ရထားလုံးအတိုင်း ရွေ့နေကြသည်။
မှူးမတ်မှာ ရန်ပိ၊ ရန်ရှောက်ဟူ ဖြစ်ကာ ချန်ရှီထံကို အလည်အပတ် ရောက်လာခဲ့သည်။
လူဝင်စားတစ္ဆေနှစ်ကောင် ဖြစ်သည့် ကျုံးခွေနဲ့ တျယ်ချစ်တို့က သူ့ကို ဖိအားများစွာ မပေးခဲ့ပါ။ အဲဒီအစား၊ ဒီလူကြီးတွေ၊ မိန်းမတွေရဲ့ အာရုံစိုက်မှုက သူ့ကို အတော်လေး စိတ်ဖိစီးစေခဲ့သည်။
ရန်ပ်သည် လေးငါးနှစ် အရွယ် မိန်းကလေးငယ်တစ်ဦး ခွေးနက်ကြီးစီးကာ ပျော်ရွှင်စွာ အနောက်မှ ပြေးလာကာ ရေပုံးဆောင်ထားသော သရဲတစ္ဆေသုံးကောင် လိုက်ပါလာသည်ကို မြင်သောအခါ ရန်ပိလည်း ရွာသားများ၏ အကြည့်များကို ဖယ်ရှားလိုက်ပါသည်။ သူ အံ့သြတုန်လှုပ်သွားပြီး အပြာရောင်ငှက်သုံးကောင်ကို ရှောင်ခိုင်းဖို့ ရထားလုံးကို လမ်းဘေးမှာ ရပ်ခိုင်းလိုက်၏။
ရန်ပိ အပေါ်မှ မတ်တတ်ရပ်လိုက်ပြီး နန်းနန်းကို ကျောပေါ်တင်ထားသော ဟေးကော်ကို ကြည့်လိုက်သည်။
"ဒါက သူပုန်စခန်းလား..." သူ့ဘာသာသူ စဉ်းစားမိခြင်းပင်။
ရန်ပိ ရှေ့သို့ ဆက်လက်ရွေ့လျားပြီး လျော့ရဲသော တောင်စောင်း၏ အောက်ခြေသို့ ရောက်သွားခဲ့သည်။ မြစ်ကမ်းနားက အိမ်သစ်ကိုလည်း သူမြင်ပြီး လှေသမားနဲ့ သူ့သမီးတို့က လှေကို ကမ်းပေါ်မှာ ဆိုက်ကပ်နေကြတာ တွေ့လိုက်ရသည်။
"ဟွမ်ဖောရွာက သရဲတစ္ဆေနဲ့ နတ်တွေအတွက် တားမြစ်ထားတဲ့ နေရာပဲ"
ရန်ပိ ခေါင်းယမ်းလိုက်ပြီး တောင်စောင်းထိပ်ရှိ မိုးမခပင်အိုကို မော့ကြည့်လိုက်သည်။ ချန်ရှီ၏ ဦးခေါင်းနောက်ကွယ်ရှိ ကောင်းကင်ကိုးလွှာ၏ အလင်းရောင်သည် ဆယ်ဧကကျော် ကောင်းကင်ကို လွှမ်းခြုံကာ ရောင်ပြန်ဟပ်နေသည်။
နန်းနန်းသည် ကုန်းစောင်းပေါ် ခွေးစီးသွားပြီး ရေပုံးဆောင်ထားသော သရဲတစ္ဆေသုံးကောင်လည်း လျှောစောက်ပေါ်သို့ ပြေးတက်သွားသည်။ ချန်ရှီအနား မရောက်ခင်မှာ အလင်းတန်းတွေ ရုတ်တရက် ပျံ့လွင့်သွားပြီး မြင်းမျက်နှာတစ္ဆေတစ်ကောင် ပျောက်သွားသည်။
ထိုအခါ ကျန်တဲ့ သရဲနှစ်ကောင်က ငြူစူပြလေ၏။
ရန်ပိ ရထားလုံးပေါ်ကဆင်းပြီး အပြုံးလေးနဲ့ ပြောလိုက်သည်။
"ယိုးကျိုးက ရန်ပိ... ထိပ်တန်း ပညာရှင်ဆီ လာလည်ပါတယ်"
ချန်ရှီ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ခေါင်းနောက်ကွယ်က ကောင်းကင်ကိုးလွှာကလည်း ပျောက်ကွယ်သွားပြီး မတ်တပ်ထရပ်လာသည်။
"မင်း တက်လာခဲ့ပါ...."
ရန်ပိ အပြာရောင်ငှက် သုံးကောင်ဘက်ကို ကြည့်လိုက်သည်။ ထိုထဲက ငှက်တစ်ကောင်က ထွက်သွားပြီး သူ့အနားရောက်လာကာ အသက်သုံးဆယ်ခန့် အပြာရောင် အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲ၍ အနည်းငယ် ဦးညွှတ်လာသည်။
ရန်ကိ ခြေထောက်ကို မြှောက်ကာ ခပ်နိမ့်နိမ့် လျှောစောက်ပေါ်သို့ လျှောက်သွားသည်။ အပြာရောင်အမျိုးသမီးက သူ့နောက်ကို တလှမ်းချင်း လိုက်လာ၏။ ခဏအကြာတွင် အပြာရောင် အမျိုးသမီး၏ ပံ့ပိုးမှုဖြင့် တောင်စောင်းထိပ်သို့ သူရောက်လာခဲ့သည်။
တောင်စောင်းသည် အမြင့်ကြီး မဟုတ်၊ သုံးပေ၊ ငါးပေသာမြင့်ပြီး ကုန်းစောင်းပေါ်တွင် မိုးမခပင်အိုကြီးတစ်ပင်နှင့် ကျောက်ပြားတစ်ချပ်သာ ရှိသည်။ ထို့အပြင် သစ်ပင်အောက်တွင် သရဲတစ္ဆေဆရာကြီး၏ စကားကို နားထောင်နေသည့် အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦးလည်း ရှိသေးသည်။
အဖြူဝတ်အမျိုးသမီးက ရံဖန်ရံခါ "အာပါ" ပြောသည်ကိုလည်း ဂရုတစိုက် နားထောင်သည်။
ရန်ပိမှာ အဖြူရောင် ၀တ်စုံဖြင့် အမျိုးသမီး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် စိတ်နှလုံးက ရုတ်ချည်း တင်းကြပ်သွားတော့သည်။
တောင်စောင်းထိပ်က မိုးမခပင်အိုအောက်တွင် ကျောက်စားပွဲနှင့် ကျောက်ခုံတန်းရှည် ရှိ၏။ ချန်ရှီက ရန်ပိကို ထိုင်ဖို့ ဖိတ်ခေါ်လိုက်ကာ။
"အစ်ကိုရန်က ယိုးကျိုးက လာတာနော်... မိသားစု ၁၃စုထဲက ရန်မိသားစုနဲ့ ပတ်သက်နေတာလား..."
ရန်ပိ ထိုင်ချလိုက်ပြီး :"ငါ မိသားစု ၁၃စုထဲက ရန်မိသားစုကပါ... ဘိုးဘေးက ဘုရင်ကျန်း လက်ထက်မှာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်ခဲ့ဖူးပါတယ်... နောက်ပိုင်း ယိုးကျိုးမှာ အခြေချနေထိုင်ခဲ့တယ် ရန်မိသားစုက ယိုးကျိုးမှာ မျိုးဆက်ပေါင်းများစွာ ရှင်သန်ခဲ့ပြီး ထင်ရှားတဲ့ မိသားစုတစ်ခု ဖြစ်လာခဲ့ပါတယ်"
သူက ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း :"ထိပ်တန်းချန်က ချန်ယန်တောင်မှာ ဘုရင်ကျန်းရဲ့ သင်္ချိုင်းကို ပိုင်ဆိုင်ထားပြီး ကူညီဖို့ အစွမ်းထက်တဲ့သူတွေ အများကြီးရှိတယ်... အစီအစဉ်တွေ သေးသေးလေးတွေများ ရှိနေသလား"
ချန်ရှီက ခေါင်းယမ်းပြီး :"ငါ့မှာ အစီအစဉ် မရှိပါဘူး... နယ်ချဲ့စာမေးပွဲမှာ ပါဝင်ရခြင်းရဲ့ ရည်ရွယ်ချက်က ငါ့ဘဝ ပိုကောင်းလာဖို့နဲ့ ရွာသားတွေကို တရားဝင် အမြတ်ထုတ်ဖို့"
ရန်ပိက အနည်းငယ်ပြုံးပေမယ့် သူ့စကားတစ်ခွန်းကို မယုံချေ။
"အစ်ကိုရန်ကရော ငါ့ကို ဖမ်းဖို့ ဒီရောက်နေတာလား"
ရန်ပိက ခေါင်းယမ်းလိုက်သည်။
"အမတမြို့ရဲ့ သခင်ငယ်လေး ဝေ့ယွဲ့က နတ်ဆိုးတွေကို လိုက်ခိုင်းပြီး ဟော့သော်ကို လွှတ်လိုက်မိလို့ မင်းကို တောင်းပန်ခိုင်းလိုက်တယ်... နောင်မှာ မင်းနဲ့ မင်းမိသားစုကို သတ်ဖို့ သရဲတစ္ဆေတွေ လွှတ်ခွင့်မပေးတော့ပါဘူး"
နန်းနန်းသည် ခွေးကျောပေါ်မှ ပြုတ်ကျကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သရဲတစ္ဆေငယ်နှစ်ကောင်သည် ကြောက်လန့်ပြီး ပြေးသွားသော်လည်း ကလေးမလေးသည် မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းရင်း ရယ်မောကာ ခြေလက်များကို ဆန့်တန်းကာ အလွန်ပျော်ရွှင်နေလေသည်။
ရန်ပိသည် ကလေးမလေးအား မျက်လုံးပြူးကြည့်ရင်း :"မိသားစု ၁၃စုက အရှင်ချင်းထျန်းကိုလည်း ဆက်ပြီး လိုက်ရှာဖွေတော့မှာ မဟုတ်ပါဘူး....နွားခေါင်း၊ မြင်းမျက်နှာ ကျုံးခွေတို့လို လူဝင်စား မရဏအရာရှိတွေကိုလည်း လွှတ်ထားမှာပါ... မင်း ဒီလောက်ထိ စိတ်ပူပြီး ငါ့ကို ဂရုစိုက်နေဖို့ မလိုဘူး"
ချန်ရှီ ပြုံးပြီး :"ငါ စိတ်ပူမနေပါဘူး"
ရန်ပိက ခေါင်းကို လှည့်ပြီး တောင်စောင်းကို ငုံ့ကြည့်လိုက်သည်။ ချန်ရှီ ကြည့်လိုက်တော့ ချန်ထန်ဟာ လက်ထဲမှာ သစ်သားသေတ္တာတစ်လုံးနဲ့ တောင်စောင်းအောက်ခြေမှာ ရပ်နေတာကို တွေ့လိုက်ရလေ၏။
ချန်ရှီ ပြုံးလိုက်သည်။
"ငါ့အဖေက ငါ့ဘေးကင်းရေး အတွက် စိတ်ပူတာပါ... ဒါက ဖေဖေနဲ့ သားဆက်ဆံရေးလေ... ပုံမှန်ပါပဲ"
ရန်ပိ သူ့အနောက်ကို လှမ်းကြည့်ပြန်သည်။ လရောင်အောက်ရှိ ဟွမ်ဖောရွာနောက်ဘက်တွင် ကြီးမားသော အမှောင်ထုကြီးက လွှမ်းခြုံထားသည်။ အမှောင်ထဲက ကြီးမားသော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေ၏။
ချန်ရှီ: "ဟော့သော်က သားဖြစ်သူရဲ့ လုံခြုံရေးအတွက် စိတ်ပူနေတာ... ဒါက ပုံမှန်ပါပဲ ဒါကလည်း မိခင်နဲ့သား ဆက်ဆံရေးပဲလေ..."
သူ ချန်ထန်နဲ့ ဟော့သော်ကို မမောင်းထုတ်ခဲ့ပေ။
"မိသားစု ၁၃စုက ငရဲဘုရင်ရာထူးကို ရယူဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်... သူတို့က အနှစ်တစ်ထောင်ကျော်ကတည်းက ကြံစည်နေကြတာ... ဘာလို့ အားလုံးကို မသတ်ပစ်တာလဲ?"
"ထိပ်တန်းချန် ကျွန်တော့်ကို ရှောက်ဟူလို့ ခေါ်နိုင်ပါတယ်... အရှင်ချင်းထျန်းနဲ့ သူ့ရဲ့ကျန်ဂိုဏ်းဝင်တွေကို လိုက်ရှာစရာမလိုတဲ့ အကြောင်းရင်းက မလိုအပ်တော့လို့ပါ... ဘုရင်ကျန်းလက်ထက်မှာ ငရဲခန်းမဆယ်ခု ချန်ထားခဲ့တယ် အခု မြေအောက်ကမ္ဘာက ငရဲဘုရင်ဆယ်ပါး ချန်ထားရစ်ခဲ့တဲ့ ခန်းမထဲမှာ အရှင်ချင်းထျန်းကလွဲလို့ တခြား ငရဲဘုရင်ကိုးပါးစလုံးက ကွပ်မျက်ခဲ့ပြီးပြီ.... အရှင်ချင်းထျန်းက ထွက်ပြေးသွားလို့.... တခြားဘုရင်တွေနေရာက ငါတို့ မိသားစုကြီး ၁၃စုက လူတွေချည်းပဲ"
ချန်ရှီ အံ့သြသွားသည်။
သရဲတစ္ဆေသုံးကောင်ကလည်း ဂုဏ်သိက္ခာရှိလှသည်။
ရန်ပိ : "ဒီတခေါက် မိသားစု ဆယ့်သုံးစုရဲ့ စွမ်းအားကို ပေါင်းစည်းဖို့ ငါ့မှာ တာဝန်ရှိတယ်... ပထမဆုံး လုပ်ရမှာက တရားသူကြီး ဝေ့လင်ကို ယမနန်းတော်မှာ ငရဲဘုရင်အသစ် ဖြစ်လာအောင် ကူညီပေးရမယ်.. ဝေယွဲ့က ထီးနန်းဆက်ခံဖို့ ဆုံးဖြတ်ပြီးသွားပြီ.... အရှင်ချင်းထျန်းကို လိုက်ရှာမလား လိုက်မရှာတော့ဘူးလားက ကိစ္စမရှိတော့ဘူး..."
ချန်ရှီ စိတ်ရှုပ်နေပြီး :"မိသားစု ၁၃စုက တားလို့မရဘူး ဆိုပြီး ရှောက်ဟူက ဘာလို့ ငါ့ဆီ ထပ်လာတာလဲ"
ရန်ပိမျက်နှာမှာ တည်ငြိမ်နေဆဲ။
"နားလည်မှုလွဲမှားတာတွေ မဖြစ်တော့ဖို့ မိသားစုဆယ့်သုံးပါးရဲ့ လုပ်ရပ်တွေကို ရှင်းပြဖို့ လာခဲ့တာပါ"
ချန်ရှီ: "နားဆေးရတာ ဂုဏ်ယူစရာပဲ"
ရန်ပိက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
"ဒီကိစ္စက စစ်မှန်တဲ့ဘုရင်ရဲ့ အတိဒုက္ခနဲ့ အထက်ပျံသန်း နယ်ပယ်နှစ်ခုကနေ စသင့်တယ်"