အမတ၊ မကောင်းမှု
Vol. 23 Ch. 338
"အတိဒုက္ခနယ်ပယ်နဲ့ အထက်ပျံသန်းနယ်ပယ်ကို ဘုရင်က ဖြတ်တောက်ပစ်ခဲ့တာလား"
ချန်ရှီစိတ်ထဲ တုန်လှုပ်သွားခဲ့သည်။ စစ်မှန်သော ဘုရင်၏ဂူသင်္ချိုင်း စွမ်းရည်သည် ပြင်ပကမ္ဘာရှိ အရာများနှင့် အလွန်ကွာခြားကြောင်း သူရှာတွေ့ခဲ့တာ ကြာလှပါပြီ။ ဘုရင့်ဂူသင်္ချိုင်းထဲက ကျင့်စဥ်တွင် နတ်ကွန်း၊ နတ်သန္ဓေသား၊ နတ်ဆင်းသက်၊ နတ်သန့်စင်ခြင်း နယ်ပယ်တွေ မရှိသော်လည်း နောက်ထပ် အတိဒုက္ခနှင့် အထက်ပျံသန်း နှစ်ခုပါရှိသည်။
စစ်မှန်သော ဘုရင်ခေတ် ကျဆင်းခြင်းက လူ့ယဉ်ကျေးမှု ကွာဟချက်များဆီသို့ ဦးတည်သွားခဲ့ကာ ကျင့်စဥ်ဆိုင်ရာ ကျွမ်းကျင်မှုများစွာ ဆုံးရှုံးခဲ့ရခြင်း သို့မဟုတ် ကြီးမားသော ချို့ယွင်းချက်များ ရှိခဲ့သည်ဟု တစ်ချိန်က သူ ခန့်မှန်းခဲ့သည်။ နောက်ပိုင်း မျိုးဆက်များသည် အတိဒုက္ခနှင့် အထက်ပျံသန်း နယ်ပယ်အတွက် မကျင့်နိုင်တော့ပေ။
သို့သော် သူ မမျှော်လင့်ထားသည့် အရာမှာ အဆိဒုက္ခနှင့် အထက်ပျံသန်း နယ်ပယ်နှစ်ခုကို စစ်မှန်သောဘုရင် ကိုယ်တိုင်က ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။
"ရန်ပ် ပြောတာ သေချာပေါက် မှန်ပါ့မလား... ငါ့ကို လိမ်နေတာပဲ ဖြစ်မယ်...ရန်ပိ ရတဲ့သတင်းက တခြားသူတွေဆီ တမင်ဖြန့်ထားတဲ့ သတင်းအတုလည်း ဖြစ်နိုင်တယ်" ဟု တွေးကာ တုံ့ဆိုင်းသွားသည်။
ရန်ပိ : "စစ်မှန်တဲ့ဘုရင်က အတိဒုက္ခနဲ့ အထက်ပျံသန်း နယ်ပယ်ကို ဖယ်ရှားခဲ့တယ်... နတ်ကွန်း၊ နတ်သန္ဓေသား၊ နတ်ဆင်းသက်၊ နတ်သန့်စင်ခြင်းတွေပါ ဖြတ်တောက်ခဲ့တော့ အနောက်နွားရှင်းကျိုးရဲ့ တာအိုကျင့်စဥ်တွေကလည်း အရမ်း ဆုတ်ယုတ်သွားခဲ့တယ်... နောက်ပိုင်း စစ်မှန်တဲ့ဘုရင်ခေတ်ကို ဖျက်ဆီးပစ်တဲ့ ကပ်ဘေးတစ်ခု ဖြစ်လာခဲ့တယ်"
"ခဏနေပါဦး.. ရှောင်ဟူ ဘုရင်က ဘာလို့ နယ်ပယ်ကြီး နှစ်ခုကို ဖယ်ရှားခဲ့တာလဲ... ဒီမှာကရော ဘာလို့ အဲ့နယ်ပယ် လေးခုကို ထည့်ခဲ့တာလဲ"
ရန်ပိ: "စစ်မှန်တဲ့ဘုရင်က စိတ်ပျက်ဖွယ်ကုန်းစောင်းကို ကြွသွားတယ်လို့ ဘိုးဘေးကပြောတယ်... ပြန်လာပြီးနောက် အတိဒုက္ခကို ကျော်လွှားပြီး ကြီးရင့်လာမယ့် နယ်ပယ်နှစ်ခုကို လျှော့ချဖို့ အမိန့်ပေးခဲ့တာတဲ့... ဘုရင်ခေတ် နှောင်းပိုင်းမှာလည်း နားမလည်နိုင်တဲ့ အရာအချို့ ဖြစ်ခဲ့တယ်လို့လည်း ပြောတယ်.... အဲဒီအချိန်တုန်းက လူတွေက ညစ်ညမ်းတဲ့ အရာကနေ ဖြစ်ပေါ်လာတဲ့ အရင်းအနှီးကြီးတဲ့ ပစ္စည်းတွေကို တူးဖော်ခဲ့ကြတယ်တဲ့ အဲဒါကြောင့် ဘေးဥပဒ်အဆင့် အမတဘေးဆိုး ဖြစ်လာတာ... ဘုရင် နယ်ပယ်နှစ်ခုကို လျှော့ပစ်လိုက်တာက စိတ်ပျက်ဖွယ်ကုန်းစောင်းနဲ့ ဆက်နွှယ်နေတဲ့အပြင် နားမလည်နိုင်တဲ့ အရာတွေနဲ့လည်း ဆက်စပ်နေလိမ့်မယ် "
ချန်ရှီနှလုံးက အနည်းငယ် လှုပ်ရှားသွားသည်။ စစ်မှန်သောဘုရင်သည် မြို့တော်ကို ပြောင်းရွှေ့မည်ဟူသော ကောလဟာလကိုလည်း သူ ကြားခဲ့ဖူးသည်။
ဘုရင်သည် ထိုအချိန်က ဧကရာဇ်မြို့တော်ဟု ခေါ်သော ရှင်းရှန်တွင် သူ၏မြို့တော်ကို ပထမဆုံးတည်ဆောက်ခဲ့ကြောင်း ဒဏ္ဍာရီအရဆိုသည်။ နောက်ပိုင်းတွင် သူသည် ယွိတူးကို ပြောင်းရွှေ့ခဲ့ကာ ထို့နောက် ရှီးကျင်းကို ရောက်သွားခဲ့သည်။
"ငါတို့ရန်မိသားစုရဲ့ ရှေးမှတ်တမ်းများအရဆို ဘုရင်ကျန်းက မြို့တော်ကို လေးကြိမ်လောက် ပြောင်းရွှေ့ခဲ့ပြီး လေးကြိမ်စလုံးကလည်း ဘေးအန္တရာယ်တွေနဲ့ သက်ဆိုင်နေတယ်"
"မိုင်တစ်ရာအဝေးက နတ်ဆိုးတစ်ကောင်၊ မိုင်တစ်ထောင်အဝေးက ကပ်ဒုက္ခ၊ မိုင်တစ်သောင်းအကွာမှာဆို ဘေးဆိုးပဲ... ဒီကပ်ဘေးဆိုးကြီးလေးခုက ဘုရင်ကျန်းကို မြို့တော် ရွှေ့ခိုင်းပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်စေခဲ့တယ်... အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကမ်းရိုးတန်းကို ရွှေ့လိုက်တယ်... ကောင်းကင်ဘုံပြောင်းလဲပြီးနောက် စစ်မှန်တဲ့ဘုရင်လည်း ဆင်းရဲဒုက္ခကို ဖြတ်ကျော်ပြီး ကောင်းကင်ဘုံကို ပြောင်းလဲစေခဲ့တယ်"
ချန်ရှီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ရန်ပိ စကားလုံးတွေရဲ့ အစိတ်အပိုင်းတော်တော်များများဟာ စိတ်ပျက်ဖွယ်ကုန်းစောင်းကို ဘာကြောင့် သွားရလာရသလဲ ဆိုတာ၊ စစ်မှန်တဲ့ ဘုရင်က နယ်ပယ်နှစ်ခုကို လျှော့ချပြီး နတ်ကွန်းနဲ့ နတ်သန္ဓေသားကို ပေါင်းထည့်ခိုင်းတာလဲ ဆိုတာ မပါဝင်ပေ။
စစ်မှန်သောဘုရင်သည် ဘာကြောင့် အမတလမ်းကို ပိတ်ဆို့ကာ အမတမရှိခြင်းအား လုပ်ဆောင်ခဲ့လေသလဲ?
သို့သော်လည်း ဘုရင်က စကားမပြောခဲ့သဖြင့် ရန်မိသားစု၏ ဘိုးဘေးများသည် ဘုရင့်ရဲ့ စိတ်ပျက်ဖွယ်ကုန်းစောင်း ခရီးစဉ်အကြောင်း များများစားစား မသိသောကြောင့် ရန်ပိကလည်း သဘာဝအတိုင်း သိရှိနိုင်ခြင်း မရှိလောက်ပေ။
ချန်ရှီ: "ရှောက်ဟူ.... စစ်မှန်တဲ့ဘုရင်ရဲ့ အမတအကြောင်း ပြောပြနိုင်မလား"
ရန်ပိ ခေါင်းယမ်းပြီး :"ဘုရင်ကျန်းကို အမတအဖြစ် နန်းတင်ခဲ့တာလို့ ဘိုးဘေးတွေက ပြောခဲ့ပေမယ့် ဘယ်လို ထီးနန်းတင်ခံရတယ်ဆိုတာ အတိအကျ မပြောခဲ့ဘူး"
ချန်ရှီဘေးက မိုးမခသစ်ပင်အောက်မှာ အမတအမျိုးသမီးကို လှမ်းကြည့်လိုက်တော့ သူ့အမူအရာက အနည်းငယ် လှုပ်သွားပေမယ့် စကားသိပ်မပြောပေ။
“ဘုရင်ကျန်းခေတ် ပြိုကွဲသွားတာက ဘုရင်အစစ်ဆိုတာ မှားမှန်း သဘောပေါက်စေတယ်... စစ်မှန်တဲ့ ဘုရင်ကို အမတဘုရင်အဖြစ် နန်းမတင်သင့်ဘူး စိုးရွံ့လွန်းတဲ့ ဘုရင်က နယ်ပယ်နှစ်ပါးကို မဖြတ်ခဲ့သင့်ဘူး...အဲဒီစိတ်ပျက်ဖွယ်ကုန်းစောင်းက လုပ်ရပ်ကြောင့် အနောက်နွားရှင်းကျိုးကို ဘေးဆိုးကြီးတွေ တိုက်ခိုက်လာတဲ့အခါ ဘုရင်အစစ်က ခံနိုင်ရည်မရှိတော့ဘူး... ခေတ်က နေ့ချင်းညချင်း ပြိုကျပြီး ဟွာရှရှန်ကျိုးက နတ်ဘုရားတွေ ပျက်သုဉ်းသွားခဲ့တယ်... ငါတို့တွေကတော့ သီးခြားဖြစ်တဲ့ အနောက်နွားရှင်းကျိုးက ကျွန်းမှာ ပိတ်မိနေခဲ့တယ်...."
ဒီလိုပြောတဲ့အခါ သူ ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။
ချန်ရှီ တစ်ခုခုပြောချင်သော်လည်း ရပ်လိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ် နားထောင်ရန်သာ ဆုံးဖြတ်လိုက်သည်။
"ငါတို့မိသားစု ဘိုးဘေးတွေက စစ်မှန်တဲ့ဘုရင်ခေတ် ကျဆုံးတာတွေကို မျက်မြင်တွေ့ခဲ့ကြတာ.. အဲဒီအချိန်ကတော့ သူတို့မှာ ဘုရင်အစစ် အသတ်ခံရတာကို စောင့်ကြည့်ရုံပဲ ပြန်တိုက်ခိုက်ဖို့ အင်အား မရှိသေးဘူး...အလျှော့အတင်းပဲ လုပ်နိုင်ခဲ့တယ် ဒါပေမဲ့ အဲဒီအဖြစ်အပျက်ကြောင့် မိသားစုဆယ့်သုံးစုရဲ့ ဘိုးဘေးတွေက အင်အားစုဆောင်းရမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်...."
"မိသားစုဆယ့်သုံးစုက သက်ရှိလောကရဲ့ စွမ်းအားကို အရင်ဦးဆုံး ပိုင်နိုင်ရမယ် ပြီးတော့ သက်ရှိကမ္ဘာကနေ မြေအောက်ကမ္ဘာအထိ... မရဏတန်ခိုးကို ကျွမ်းကျင်အောင်၊ ကမ္ဘာကြီးရဲ့ နံ့သာပေါင်းကို စုဆောင်းပြီး စိတ်ပျက်ဖွယ်ကုန်းစောင်းနဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားရှိရမယ်... ကောင်းကင်က စစ်မှန်တဲ့ နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားရှိရမယ်!"
"အနှစ်ခြောက်ထောင်ကျော်....အနတ္တပြန်ခြင်း နယ်ပယ်၊ မဟာယာနကို ကျင့်ကြံသူထားတဲ့ မိသားစု ၁၃စုက ခေတ်အဆက်ဆက် ဘိုးဘေးတွေကလည်း သူတို့ရဲ့ အနတ္တလေဟာပြင်ဘုံကို လှူဒါန်းကြတယ်... အထက်ကမ္ဘာကို ထူထောင်ဖို့ သူတို့ မသေခင် သူတို့ကိုယ်တိုင် အနတ္တလေဟာပြင်ဘုံကို လှူဒါန်းကြတာ... အထက်ကမ္ဘာက မိသားစုဆယ့်သုံးစုက ဖန်တီးထားတဲ့ ဝိညာဉ်ကမ္ဘာ... စွမ်းအားစုဖို့ နေရာလည်း ဟုတ်တယ်"
"သူတို့က ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် အစီအစဉ်ဆွဲပြီး အနှစ်ငါးထောင်လောက် စွမ်းအင်တွေ စုဆောင်းထားဖို့ ချမှတ်ခဲ့တယ်... နောက်ဆုံးမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ငါးရာလောက်က စပြီး မရဏကမ္ဘာကို အစားထိုးဖို့ ဆုံးဖြတ်ခဲ့တယ်"
"ငါတို့မိသားစုဆယ့်သုံးစုက ငရဲဆယ်ခန်းရဲ့ စွမ်းအားကို တဖြည်းဖြည်း ချေမှုန်းပစ်လိုက်ပြီး မရဏတရားစီရင်သူတွေကို ပြိုကွဲစေတယ်... အဲဒီနေရာမှာ ငါတို့လူတွေ အစားထိုးလိုက်တယ် ဒီနေ့တော့ ငရဲခန်းမဆယ်ခုက ငါတို့လက်ထဲ ရောက်လာပြီ"
"ကောင်းကင်ဘုံက အပြင်းထန်ဆုံးအချိန်ဆီ ပြောင်းလဲတဲ့အခါ ကောင်းကင်ပြင်နတ်ဘုရားရဲ့ အားအနည်းဆုံးအချိန်ပဲလို့ ဘိုးဘေးဆယ့်သုံးပါးက တွက်ဆခဲ့တယ်... အဲ့အချိန်ဆို စိတ်ပျက်ဖွယ် ကုန်းစောင်းကလည်း အင်အား အနိမ့်ဆုံးအချိန်...ငါတို့အတွက် လှုပ်ရှားလို့ အကောင်းဆုံးအချိန်ပဲ...."
ရန်ပိ ခဏလောက် နှုတ်ဆိတ်နေပြီး။
"ချန်ရှီ... ငါတို့မိသားစု ၁၃စု လုပ်ခဲ့တာတွေက ဘုန်းကြီးမဟုတ်သလို မကောင်းမှုတွေ အများကြီးလုပ်ခဲ့ကြပေမယ့် ငါတို့အားလုံးက စစ်မှန်တဲ့ဘုရင်ကြီးရဲ့ ချမ်းသာမှုကို ပြန်လည်ရရှိဖို့အတွက်ပဲလေ... သခင်ငယ်ကို ထောက်ပံ့တာပဲဖြစ်ဖြစ်၊ ငရဲခန်းမဆယ်ခုရဲ့ အနေအထားကို သိမ်းပိုက်တာပဲဖြစ်ဖြစ်... ငါတို့အားလုံး ဒီပန်းတိုင်ကို အရောက်လှမ်းနေကြတာ!"
ချန်ရှီ: "မိသားစုဆယ့်သုံးစုက ကောင်းတာထက် မကောင်းတာ ပိုလုပ်တယ်... သူတို့အသုံးချဖို့အတွက် ကမ္ဘာကြီးကို ခိုးပြီး သက်ရှိသတ္တဝါ အားလုံးကို မြက်ပင်လိုပဲ မှတ်ယူတယ်... သူတို့ကိုယ်သူတို့ တုနှိုင်းမရတဲ့ နတ်ဆိုးဆယ့်သုံးပါးအဖြစ် ပြောင်းလဲခဲ့တာ ကြာပြီ... မင်းတို့လုပ်သမျှဟာ ကိုယ့်အတွက်ကိုယ် ခိုင်ခံ့စေဖို့အတွက်ပဲလေ.... အနိုင်ရရင်တောင် မင်းတို့ကိုယ်မင်းတို့ ဘုရင်အဖြစ် ထူထောင်ကြမှာ... သာမန် ပြည်သူတွေနဲ့ ဘာဆိုင်သွားလဲ...."
ရန်ပိ ခဏလောက်စဉ်းစားပြီး :"ချန်ရှီ... မင်းပြောတာမှန်ပါတယ် မိသားစုဆယ့်သုံးစုက တကယ့်ကို တစ်ကိုယ်ကောင်းဆန်တယ်... သဘာဝဘေးဒဏ်ကို အခွင့်ကောင်းယူပြီး စိတ်ပျက်ဖွယ်ကုန်းစောင်းကို ဖယ်ရှားပစ်ပြီးနောက်မှာ အာဏာနဲ့ စစ်မှန်တဲ့ဘုရင် ရာထူးအတွက် ပြည်တွင်းရန်ပွဲတွေ ကျိန်းသေပေါက် ဖြစ်လာလိမ့်မယ်... ဒါပေမယ့် အဲဒီမတိုင်ခင်မှာ မိသားစုဆယ့်သုံးစုကို ပေါင်းစည်းလိုက်မယ်"
သူ မတ်တပ်ထရပ်ပြီး ကစားနေတဲ့ ကောင်မလေးကို ကြည့်ရင်း ပြုံးပြလိုက်သည်။
"ချန်ရှီ... မင်းတို့ကို နောက်ထပ် မနှောင့်ယှက်ဖို့ မိသားစုဆယ့်သုံးစုကို ငါ တွန်းအားပေးပြီး အရှင်ချင်းထျန်းကို ဒီတောင်စောင်းမှာ နေခိုင်းမယ်...မင်းတို့ကို ဂရုမစိုက်ဘဲ တိတ်တိတ်ဆိတ်ဆိတ် နေခွင့်ပေးလိုက်မယ်... ချန်ရှီ မင်းလည်း ငါတို့ကို မနှောင့်ယှက်ပါနဲ့တော့"
သူက ဟိုဟိုဒီဒီကြည့်ရင်း ပြုံးပြီး :"ဒီနေရာက တောင်တွေရေတွေ၊ စစ်မှန်တဲ့ဘုရင်ရဲ့ သင်္ချိုင်းဂူ၊ ပြီးတော့ သူ့ဘေးက ဧကရာဇ်မြို့တော်ဟောင်းပဲ... ကောင်းကင်က ပြောင်းလဲနေတဲ့အချိန် ကြာလာရင် အနောက်နွားရှင်းကျိုးက ထာဝရညဖြစ်နေမှာ... ငါတို့က မိသားစုဆယ့်သုံးစုရဲ့ စွမ်းအားကို ပေါင်းစပ်ပြီး စိတ်ပျက်ဖွယ်ကုန်းစောင်းကို တိုက်ထုတ်မယ် အနာဂတ်မှာ ငါတို့ အနိုင်ရရင် မြက်ပင်တွေကို သတ်ပစ်လိုက်မယ်"
ဟော့သော်က စိတ်မသက်မသာ ဟောက်သံသည် ခြိမ်းခြောက်သော အဓိပ္ပာယ်ဖြင့် အမှောင်ထဲမှ ထွက်လာသည်။ ရန်ပိ ၎င်းကို ဂရုမစိုက်ဘဲ တောင်စောင်းမှ ဆင်းသွားခဲ့သည်။ ထိုစဥ် ချန်ရှီ အသံက သူ့နောက်မှ ထွက်ပေါ်လာ၏။
"ရှောက်ဟူ... မိသားစုဆယ့်သုံးစု ရှုံးသွားရင်ရော "
ရန်ပိက ရပ်လိုက်ပြီး သူ့ကို လှည့်ပြုံးပြလာသည်။
"ဆယ့်သုံးမိသားစု ရှုံးရင် မင်းရှိသေးတယ် မဟုတ်ဘူးလား"
ချန်ရှီလည်း အံ့ဩသွားသည်။
ရန်ပိက ပျော့ပျောင်းသော ကုန်းစောင်း၏ ခြေရင်းသို့ ရောက်လာပြီး ရထားလုံးပေါ်သို့ တက်သွားခဲ့သည်။
"ဒါပေမယ့် ငါအနိုင်ရမှာပါ... နောက်ထပ် ဖြစ်နိုင်ချေ ဆိုတာတော့ ရှိလာမှာ မဟုတ်ဘူး... ငါအနာဂတ်မှာ မင်းကို သူပုန်တွေရဲ့ လမ်းပေါ်တင်ဖို့ ဒီကုန်းစောင်းကို ပြန်လာခဲ့မယ်"
ချန်ထန်က သူ့ကိုကြည့်ကာ တည်ငြိမ်စွာပြောလာသည်။
"ငါမင်းအနောက်မှာ ရှိတယ်"
ရန်ပိ ပြုံးလိုက်ပြီး :"ဒါပေမယ့် ခင်ဗျားကျနော့်ကို ဘာမှ လုပ်စရာ မလိုတော့ဘူး မဟုတ်လား"
ချန်ထန်လည်း ဒါကို တွေးပြီးနောက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ အပြာရောင်ငှက်သုံးကောင်သည် ရောင်စုံတိမ်တိုက် ရထားလုံးကို လေထဲသို့ ဆွဲတင်ကာ ထွက်ခွာသွားခဲ့သည်။ ချန်ရှီ ရထားလုံး ထွက်သွားတာကို ကြည့်နေစဥ် ချန်ထန်ဆီက အသံကြားလိုက်ရ၏။
"ဒီရန်ပိက အရမ်းအန္တရာယ်များတယ်... ငယ်ပေမယ့် အစွမ်းထက်တယ်"
"ဘယ်လောက်မြင့်လဲ?"
ချန်ထန် သစ်သားသေတ္တာတစ်ခုဖြင့် တောင်စောင်းထိပ်သို့ ရောက်လာသည်။
"သူ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို နီးနီးကပ်ကပ် ပေါင်းစပ်ထားတာ ငါ မြင်ရတယ်...ခန္ဓာ ပေါင်းစပ်နယ်ပယ်ကို အဆင့်တက်ဖို့ အသင့်ဖြစ်နေပြီ"
ချန်ရှီ စိတ်လှုပ်ရှားသွားသည်။ ရန်ပိသည် အသက် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်သာ ရှိသေးပေမယ့် သူ့ရဲ့ ကျင့်ကြံမှုကတော့ အလွန် မြင့်မားလေ၏။
"စိတ်ပျက်ဖွယ်ကုန်းစောင်းက တကယ်ပဲ အစွမ်းထက်တာလား.... သူ့ကို တိုက်ဖို့ ကမ္ဘာတစ်ဝှမ်းက မိသားစု ဆယ့်သုံးစုက နှစ်ပေါင်း ၆၀၀၀ ကျော် စုဆောင်းထားတဲ့ ခွန်အားနဲ့ အမွှေးတိုင်တွေ စုထားရတယ်..."
ရန်ပိ ထွက်ခွာသွားသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်ပြီး ချန်ရှီ စကားဆက်၏။
"စိတ်ပျက်ဖွယ်ကုန်းစောင်းက ဘုရင်ကျန်းကို စိတ်ပျက်အားလျော့သွားအောင် လုပ်နိုင်တဲ့အထိ အစွမ်းထက်တယ်ဆိုရင် အခု မိသားစုဆယ့်သုံးစုက အဲဒါကို ယှဉ်နိုင်တဲ့ စွမ်းအား တကယ်ရှိနေပါ့မလား"
ချန်ထန်: "မိသားစု ဆယ့်သုံးစုရဲ့ ဘိုးဘေးတွေက စစ်မှန်တဲ့ ဘုရင်ခေတ်က သန်မာတဲ့ ကျင့်ကြံသူတွေ.. ဝန်ကြီးချုပ် အနေနဲ့လည်း သူတို့ခေတ်မှာ သြဇာ အရှိဆုံး သူတွေ... သူတို့ခေတ်မှာတော့ အထက်ပျံသန်းနယ်ပယ် အထိ ကျင့်ကြံနိုင်ခဲ့လိမ့်မယ်.... အထက်ပျံသန်း နယ်ပယ်က ဒီနေ့ အထိ အသက်ရှင် နေနိုင်ပါ့မလား?"
ချန်ရှီလည်း ဒါကိုကြားတော့ ထပ်မံ အံ့သြသွားခဲ့သည်။ သူသည် နတ်ပြောင်းလဲခြင်း နယ်ပယ် ရောက်နေပြီး သူ၏လက်ရှိသက်တမ်းမှာ အနှစ် နှစ်ထောင် ဖြစ်သည်။ ဒါဆို ဘုရင်ကျန်းခေတ်က အထက်ပျံသန်းနယ်ပယ်ဆို ဒီနေ့အထိ အသက်ရှင်နိုင်လောက်သလား။
"ဘုရင်ကျန်း စိတ်ပျက်ဖွယ်ကုန်းစောင်းကို သွားတုန်းက ဘယ်လို အရာတွေနဲ့များ ကြုံခဲ့ပါလိမ့်.... သူပြန်လာပြီးနောက် သူ့စိတ်နေစိတ်ထားက ဘာလို့ ပြောင်းလဲသွားတာလဲ... သူရဲဘောကြောင်ပြီး အတိဒုက္ခနဲ့ အထက်ပျံသန်း နယ်ပယ်နှစ်ခုကိုတောင် လျှော့ချပစ်တယ်... စစ်မှန်တဲ့ဘုရင်မှာ အမတ ညတွေရှိတယ် ဘေးအန္တရာယ်လေးမျိုး ရှိတယ် အဲဒီအရာတွေကို ရန်ပိက ရှင်းရှင်းလင်းလင်းမရှင်းပြခဲ့ဘူး... ပြီးတော့ မိသားစုဆယ့်သုံးစုက ပြောတဲ့ အနာဂတ်မှာ ထာဝရည ဖြစ်လာမယ်ဆိုတာ တကယ် ဖြစ်လာမှာလား?"
သူ ကောင်းကင်ယံက လပြည့်ကို မော့ကြည့်လိုက်သည်။ လရောင်သည် တောက်ပနေပြီး ၎င်းက ကောင်းကင်မှ စစ်မှန်သောဘုရားသခင်၏ မျက်ဝန်းတော်ရဲ့ ကောက်ကြောင်း ဆိုတာ ယောင်ဝါးဝါး မြင်နိုင်သည်။
"စစ်မှန်တဲ့ ဘုရင်ခေတ် ပျက်စီးသွားတာက ကောင်းကင်က နတ်ဘုရားနဲ့ တကယ် ပက်သက်နေလောက်လား? ထာဝရည ပေါ်လာရင် ကောင်းကင်ကနတ်ဘုရားရဲ့ တန်ခိုးက တကယ် အားနည်းသွားမှာလား? ထာဝရညက ဘယ်အချိန် ဖြစ်လာမှာလဲ"
ရုတ်တရက် အရေးကြီးသော အချက်ကို သူ တွေးလိုက်မိသည်။
"ထာဝရညဆိုတာက ကောင်းကင်ကနတ်ဘုရားရဲ့ နေနှစ်စင်း မျက်လုံးတွေကို မှိတ်ထားမှာ... မျက်ခုံးကြားက ဒေါင်လိုက်မျက်လုံးပါ ပိတ်သွားရင်ရော?"
ဒီဖြစ်နိုင်ချေက မဖြစ်နိုင်ပါဘူး!
ရန်ပိသည် ရောင်စုံတိမ်တိုက် ရထားလုံးကိုစီးပြီး အထက်ကမ္ဘာသို့ မောင်းနှင်သွားခဲ့သည်။
ဤကမ္ဘာကြီး၏ ကျယ်ပြောမှုသည် အနောက်နွားရှင်းကျိုးထက် သာလွန်၏။ ဤကမ္ဘာပေါ်တွင် ယွမ်ရှန်နတ်ဝိညာဥ်က ပေထောင်ပေါင်းများစွာ တည်ရှိပြီး ယွမ်ရှန်နတ်ဘုရားများကဲ့သို့ အချို့သော နတ်ဝိညာဥ်တို့သည် ကမ္ဘာကြီးကို အားကောင်းစေကာ နဂါးငွေ့တန်းကို ရွှေ့ရန် လက်ကို မြှောက်နိုင်သည်။ တောင်များကို ဆွဲတင်နိုင်သလို မြစ်များကို ဆွဲထုတ်ကာ ရေကန်များလည်း ဖန်တီးနိုင်ကြသည်။
ကမ္ဘာကြီးက သူတို့လက်ထဲမှာ ရောက်နေသလို သူတို့စိတ်တိုင်းကျ ပြောင်းလဲနိုင်သည်။ ပြင်ပကမ္ဘာက လူတွေကတော့ ဒါကိုမြင်ရင် မယုံနိုင်စရာပဲ တွေးလောက်ပေမယ့် သူတို့အတွက် ဒါက ပုံမှန်ပါပဲ။
ရောင်စုံတိမ်တိုက် ရထားလုံးသည် ကျောက်စိမ်းနှင့်တူသော ကမ္ဘာဆီသို့ မောင်းနှင်သွားကာ တိမ်များ ထူထပ်နေသည့် နေရာသို့ ရောက်လာသည်။ ရန်ပိ ဆင်းလိုက်သည်။ ဤကမ္ဘာကြီးသည် အမတနယ်မြေကဲ့သို့ ငြိမ်းချမ်းပြီး ဝိညာဥ်မြက်ပင်များနှင့် ပြည့်နှက်နေ၏။
ဤနေရာက တိမ်တိုက်များပေါ်တွင် အရပ်မြင့်မြင့် ယောက်ျား မိန်းမများက လေဟာပြင်ကို ကျောခိုင်းပြီး ထိုင်နေကြလေသည်။
ရန်ပိ သူတို့ကို နှုတ်ဆက်လိုက်သည်။
"မျိုးဆက်သစ် ရန်ပိ... ဘိုးဘေးတွေအားလုံးကို ဂါရဝပြုပါတယ် "
အရပ်မြင့်မြင့် ယောက်ျား၊ မိန်းမ၊ လူအို၊ လူပျိုတို့သည် မိသားစုဆယ့်သုံးစု၏ ဘိုးဘေးများဖြစ်ကာ စုစုပေါင်း ၁၃ယောက် ရှိသည်။ ရောင်ဝါက နက်ရှိုင်းပြီး ခံ့ညားထည်ဝါကာ ကောင်းကင်နှင့် မြေကြီးလမ်းကြီးနှင့် လိုက်လျောညီထွေရှိကာ ၎င်းတို့၏ လှုပ်ရှားမှုများသည် မယုံနိုင်လောက်အောင် စွမ်းအားရှိလှသည်။
သူတို့သည် နားမလည်နိုင်သော ခွန်အားများဖြင့် အမတများနှင့်တူသည်။
"ထပါ" အဘိုးကြီးတစ်ဦးက ပြောသည်။
ရန်ပိ မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်သည်။
အဘိုးအိုသည် စစ်မှန်သော ဘုရင်ခေတ်က ရန်မိသားစု၏ အစိုးရအဖွဲ့ဝင် အကြီးအကဲဖြစ်သည်။ သူ့နာမည်က ရန်ရှီကျုံး ဖြစ်ပြီး သူက ရန်မိသားစုရဲ့ ဘိုးဘေးပင်။
"ရန်ပိ မင်းရဲ့ခရီးက ဘယ်လိုလဲ"
"ငရဲဘုရင်ဆယ်ပါးက ကြိုပြောထားတဲ့ နိဂုံးတစ်ခုပါ... စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ သားစဉ်မြေးဆက်နဲ့လည်း ခဏတာ ထိပ်တိုက်တွေ့ခဲ့ပြီး သူ့ကို ဆုတ်ခွာခိုင်းစေခဲ့ပါတယ်... ကလေးပညာရှင်အတွက်တော့ သူ့ကို တည်ငြိမ်အောင်ထားထားလို့ လောလောဆယ် ကျနော်တို့ ရန်သူ မဖြစ်တော့ပါဘူး"
ရန်ရှီကျုံး ပြုံးလိုက်သည်။
"ကောင်းတယ်... မင်းလုပ်တာ ကောင်းတယ်"
ရန်ပိသည် မြေပြင်ကိုသာ ငုံ့ကြည့်ကာ တစ်ဖက်မှ မကြည့်ဘဲ မိသားစု ဆယ့်သုံးစု၏ ဘိုးဘေးများနှင့်လည်း မျက်လုံးချင်း မဆုံပေ။
ဤဘိုးဘေး ဆယ့်သုံးပါးသည် အရပ်ရှည်ပြီး ကြီးကျယ်ခမ်းနားလှကာ ကျင့်ကြံမှုကလည်း အကန့်အသတ်မရှိ၊ မယုံနိုင်လောက်သော စွမ်းအားတွေကြောင့် သူတို့ ခန္ဓာကိုယ်က အလွန်ထူးဆန်းနေပေသည်။ အသွေးအသား၊ ထူထဲသော အမြှေးပါးများ သူတို့ထံမှ ပေါက်ထွက်သည်ဖြစ်စေ၊ ပျက်ပြယ်သွားသည်ဖြစ်စေ၊ တစ်စွန်းတစ်စ ပျက်ပြယ်သွားသည်နှင့် အားကောင်းတဲ့ ရိုက်ချက်ပေါ်လာမည်။
ဤအသားနှင့် အသွေးများတွင် အရေခွံမပါ။ အရေပြားပါသော လက် သို့မဟုတ် ပေါင်ကဲ့သို့ အရာများ ရှိသော်လည်း အဆစ်များကို မမြင်နိုင်သည့်အပြင် အသွေးအသား တစ်ခုခုအောက်တွင် ကူးခတ်နေသကဲ့သို့ ရံဖန်ရံခါ အသွေးအသားများက ဖောင်းကားလာသည်ကို မြင်နိုင်လေသည်။
သူတို့သည် ပြင်းထန်သော ဝိညာဉ်ဆိုးများကို ဖြန့်ကျက်ပြီး လူအများကို စိတ်မသက်မသာ ဖြစ်စေသည်။
ရန်ရှီကျုံးရဲ့ အသံက တဟုန်ထိုး တုန်ခါရင်း ထွက်ပေါ်လာသည်။
"ဒီတစ်ခါတော့ ကောင်းကင်ပြင်က တိုက်ပွဲတစ်ခုပြီးသွားမှရမှာ... ပြီးတော့ စိတ်ပျက်ဖွယ်ကုန်းစောာင်းကို အပြီးတိုင် ဖြေရှင်းမှရမယ်!"
........
ညဘက်မှာတော့ အဖြူရောင်ဝတ် နတ်သမီးသည် ချန်ရှီရဲ့ ဘုံကျောင်းငယ်လေးဆီ ပြန်လာပြီး နတ်ကွန်းပေါ်မှာ အိပ်သည်။ ချန်ရှီလည်း အိမ်ပြန်အိပ်ပါ၏။
ညသန်းခေါင်မှာ ချန်ရှီ နိုးလာပြီး စောင်ကိုဆွဲရင်း ကြည့်လိုက်တော့ အဖြူရောင်ဝတ်နတ်သမီးက သူ့ဘေးမှာ ပက်လက်လှဲအိပ်နေတာ တွေ့လိုက်ရသည်။ စောင်ကို ဆွဲလိုက်တော့ သူမက နိုးလာသလိုမျိုး လှုပ်လာကာ သူမ၏ အနက်ရောင် မျက်လုံးနှစ်လုံးကို ဖွင့်လာကာ သူ့ကို ကြည့်နေ၏။
ချန်ရှီ စောင်ကို ချပေးလိုက်တော့ သူ့ဘာသာ အိပ်ပျော်သွားသည်။
နောက်တစ်နေ့ မနက်မှာတော့ ၀တ်စုံဖြူဝတ်နတ်သမီးက အိပ်ရာထဲက ပြေးထွက်သွား၏။ ချန်ရှီသည်လည်း သူ၏သွေးများ ပွက်ပွက်ဆူလာပြီး ဝမ်းဗိုက်အောက်ပိုင်းက ပူနွေးလာတာ တွေ့လိုက်ရသောအခါ အလိုလို တုန်လှုပ်သွားကာ အိပ်ရာမှ ဝုန်းကနဲ ထလာခဲ့သည်။
ထို့နောက် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ ပြောင်းလဲသွားတာ သိလိုက်သည်။ မတ်တတ်ထရပ်ပေမယ့် ရုတ်တရတ် ပြန်လဲကျသွားရာ အချိန်အတော်ကြာအောင် ငြိမ်သက်သွားပြီးမှ ပြန်ကောင်းလာခဲ့သည်။
နေ့ခင်းဘက်တွင် ဤအပြောင်းအလဲကို အကြိမ်များစွာ တွေ့ကြုံခဲ့ရပြီး အတော်ပင် စိတ်ဆင်းရဲခဲ့ရသည်။
ချန်ရှီသည် သူ့ခန္ဓာကိုယ် အပြောင်းအလဲအတွက် စိတ်ပူနေပြီး သူ့စိတ်ထဲမှာ တစ်ခုခု ရှိနေသလို ခံစားလာရသည်။ သူ့အမေ ဝူးချင်းယွီကလည်း သူ့မှာ အမြဲစိတ်ပျက်နေတယ် ဆိုတာကို သတိပြုမိတဲ့အတွက် ချန်ထန်ကို လှမ်းပြောလိုက်သည်။
"ရှင့်ရဲ့သားလေး စိတ်ထဲမှာ တစ်ခုခုတော့ ရှိနေပြီ... ဒီရက်ပိုင်း မျက်မှောင်ကြုတ်နေတာပဲ တွေ့တယ်... သွားမေးကြည့်ဦး..."
ချန်ထန် အံ့သြသွားပြီး :"သူဘာကို စိတ်ပူလို့လဲ"
သို့သော် သူသွား၍ မေးလိုက်သေးသည်။ ချန်ရှီမှာ မျက်နှာကြီး နီမြန်းလာပြီး မနက်ခင်းတွင် ဖြစ်တတ်သော သူ့ခန္ဓာကိုယ် အပြောင်းအလဲများအကြောင်း မပြောမီ အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့သည်။
ချန်ထန် ရုတ်တရက်သိလိုက်သဖြင့် ပြုံးလိုက်သည်။
"မင်းကြီးပြင်းလာပြီပဲ... လက်ထပ်လို့ရပြီ"
ချန်ရှီ အံ့သြပြီး ဝမ်းသာသွားတယ်-: "တကယ်လား? မနှစ်တုန်းက အဘိုးက ကျွန်တော် ငယ်သေးတယ်လို့ ပြောနေတာ..."
"ဟုတ်တယ် ဒါအမှန်ပဲ။"
ချန်ရှီ ဝမ်းသာအားရနဲ့ :"ဟေးကော်... ငါလက်ထပ်လို့ရပြီတဲ့ အစ်ကိုကောင်းလေး... သွေးနည်းနည်းချေးဦး မက်မွန်ပွင့်ရဲ့ ဆွဲဆောင်မှုတစ်ခုတော့ လိုလိမ့်မယ်ထင်တယ်!"
ဟေးကော် အရမ်းမနာလို ဖြစ်သွားသည်။
ချန်ထန်က မက်မွန်ပွင့် အဆောင်လက်ဖွဲ့ကို ပေါ့ပေါ့ဆဆ မသုံးဖို့နဲ့ ညဘက် အဖြူရောင် ၀တ်ထားတဲ့ မိန်းကလေးနဲ့ အိပ်ရာတစ်ခုတည်းမှာ မအိပ်ဖို့ သတိပေးခဲ့ပါ၏။ ထို့နောက် သူက ဝူးချင်းယွီဆီ ပြန်သွားလိုက်သည်။
"သူကြီးပြင်းလာပြီ... သူ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေကြောင့် စိတ်ပူပန်နေတာ... ဘယ်လိုရင်ဆိုင်ရမလဲ ကိုယ် ပြောပြပြီးပြီ ဝတ်ရုံဖြူ မိန်းကလေး မှတ်ဉာဏ်တွေ ပျောက်သွားတာ ထင်တယ်၊ ဒါပေမယ့် တစ်ဆယ်လေးကို အရမ်းအားကိုးနေတယ်... သူတို့ကို လက်ထပ်ပေးလို့ ရလိမ့်မယ်ထင်တယ်..."
ဝူးချင်းယွီက ခေါင်းခါပြီး :"သူမက တစ်ဆယ်လေးထက် အများကြီး အသက်ကြီးတယ်ထင်တယ်... မသင့်တော်ဘူး"
ချန်ထန်က ဂရုမစိုက်ပါ။
"သူတို့နှစ်ယောက်လုံးက ကျင့်ကြံသူတွေလေ... ဘယ်လောက်အသက် ကြီးနိုင်မှာလဲ"