← Chapters

အမျိုးကောင်းသားတစ်ယောက်က သူ့အရည်အချင်းကို ဖုံးကွယ်ထားတယ်

Vol. 23 Ch. 339

အမျိုးကောင်းသားတစ်ယောက်က သူ့အရည်အချင်းကို ဖုံးကွယ်ထားတယ်

Vol. 23 Ch. 339

ဝူးချင်းယွီသည် ကုန်းစောင်း​ပေါ် လှမ်းကြည့်လိုက်ရာ ချန်ရှီသည် အဖြူရောင်ဝတ် နတ်သမီး၏ ခြေထောက်ပေါ်တွင် ခေါင်းအုံးထားတာ တွေ့လိုက်ရသည်။ နတ်သမီးက သစ်ပင်အောက်မှာ ထိုင်​​နေပြီး သူ့နားရွက်ကို ကစားနေ၏။

"သူမက အသက်နည်းနည်းကြီးတယ်..."

ချန်ထန်: "ဒါပေမယ့် အရမ်းကြီးတော့ မဟုတ်ပါဘူး သူမက အရမ်းလှတယ်... သူမကြောင့် တစ်ဆယ်လေး သူ့ရည်မှန်းချက်တွေ ဆုံးရှုံးသွားမှာကိုပဲ စိုးရိမ်မိတာ..."

ဝူးချင်းယွီ : "သူမက အရမ်းတော်တယ် ရှက်တတ်တယ် အေးအေးဆေးဆေးနဲ့ ရှက်တတ်တဲ့ မိန်းကလေးလို့ ကျွန်မထင်ပါတယ်... ဘယ်လူယုတ်မာကများ သူ့ကို ခပ်တုံးတုံးဖြစ်အောင် ရိုက်လိုက်လဲ မသိပါဘူး သူမရဲ့ မှတ်ဉာဏ်ကို ပြန်ကောင်းအောင် လုပ်နိုင်ရင်တော့ ပွဲကောင်းတစ်ပွဲပဲ"

ချန်ထန်: "သူမက တစ်ဆယ်လေးကို အားကိုးပြီး တစ်ဆယ်လေးရဲ့ အိပ်ရာထဲကို လိုက်သွားနေတာ၊ ဒါက အဖြေမဟုတ်ဘူး... တစ်ယောက်က ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေးကို နားမလည်သလို နောက်တစ်ယောက်ကလည်း မှတ်ဉာဏ်တွေ ပျောက်​နေတယ်... သူတို့တွေ ဗရုတ်သုတ်ခတွေ ဆက်ဖြစ်နေရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်း တစ်ခုခုတော့ ဖြစ်လာမှာ"

ဝူးချင်းယွီ ပြုံးပြီး :"ကျွန်မတို့က ဒါကို စွန့်လွတ်သင့်တယ်လို့ ထင်တယ်"

ချန်ထန် ခေါင်းညိတ်လိုက်သည်။

နေ့ခင်းဘက်တွင် ခရိုင်တရားသူကြီး ဟူဖေးဖေးသည် ခရိုင်မြို့မှ ရောက်ရှိလာသောကြောင့် ချန်ရှီသည် နန်းနန်းအား ခရီးသွားရန် ခရိုင်တရားသူကြီးထံ ခေါ်ဆောင်သွားခဲ့သည်။

ဝူးချင်းယွီ: "တရားသူကြီးက မဆိုးပါဘူး... သူ့ဘိုးဘေးတွေကလည်း အဖေ့ရဲ့ သူငယ်ချင်းကောင်းတွေ.. သူတို့ လက်ထပ်နိုင်ရင် ရင်းနှီးတဲ့ဆက်ဆံရေး ဖြစ်လာမှာပဲ...."

ချန်ထန်: "ခရိုင်တရားသူကြီးဟူက မြေခွေးတစ်ကောင်..."

ဝူးချင်းယွီက လှောင်ပြောင်ပြီး "ရှင်တို့မှာ သရဲမွေးတဲ့ ပညာရှင်တွေ အများကြီး မဟုတ်ဘူးလား"

"ကိုယ်က ပညာတတ်တစ်ယောက် ဆိုပေမယ့် တစ်ခါမှမမွေးဖူးပါဘူး... နောက်ပြီး မြေခွေးတွေက လူတွေကို အလှအပနဲ့ ဆွဲဆောင်နိုင်တယ် လူတွေကလည်း အမျိုးသမီးတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် မလုပ်နိုင်တော့ မတိုးတက်​တော့ဘူး..."

"ခရိုင်တရားသူကြီးက သံမဏိလိုလူ ဖြစ်ပုံရတယ်.... သူ တစ်ဆယ်လေးနဲ့ နေတာကြာပြီဆိုပေမယ့် မအောင်မြင်သေးဘူး"

"ဒါအမှန်ပဲ... လက်လွှတ်လိုက်ရအောင်"

ချန်ရှီနှင့် ဟူဖေးဖေးရွာသို့ ပြန်ရောက်သောအခါ အစိမ်းနုရောင် အဝတ်အစား ဝတ်ထားသည့် လူငယ်တစ်ဦးက ရွာအဝင်ပေါက်တွင် လမ်းမဘေးတွင် ရပ်စောင့်နေတာ တွေ့လိုက်ရသည်။

လူငယ်သည် ငယ်ရွယ်သော်လည်း အရွယ်ရောက် လူတစ်ယောက်လိုပင် အရပ်ရှည်လွန်းလှသည်။ သူသည် နူးညံ့သိမ်မွေ့ပြီး မင်းမျိုးမင်းနွယ်မိသားစုမှ ကလေးတစ်ဦး၏ အေးဆေးတည်ငြိမ်မှုနှင့် ချုပ်နှောင်မှုရှိသည်။

သူ့ခေါင်းနောက်ဘက်တွင် သေးငယ်သော ဝင်းကြီးတစ်ခု လွင့်မျောနေပြီး ဝင်းထဲတွင်တော့ ဘုံကျောင်းတစ်ခုရဲ့ အပြင်အဆင်မျိုး ရှိသည်။

"ထျန်းချင်!"

ချန်ရှီ အံ့သြပြီး ဝမ်းသာသွားသည်။ သူသည် ဟူဖေးဖေးကို ထားခဲ့ကာ အမြန် ပြေးလာခဲ့၏။

"ထျန်းချင်... နောက်ဆုံးတော့ မင်းပြန်လာပြီ ငါ မင်းကို စိတ်ပူနေတာကွ! ရှီးကျင်းက ပြန်လာပြီးတော့ မင်းကိုရှာဖို့လာသေးတယ် မင်းမရှိဘူးလေ!"

ကောင်လေးက လီထျန်းချင်ပါပဲ။ သူသည် တစ်နှစ်ခွဲအတွင်း မထင်ထားလောက်အောင် အရပ်ရှည်လာသည်။ သူ့အသားအရည်က အရင်ကလို မဖြူတော့ဘဲ ပိုရင့်ကျက်လာ၏။

"ငါ တခြားနေရာက ပြန်လာတာ... အဘိုးနဲ့ အမေနဲ့ တွေ့တယ်လေ... မင်းဒီမှာ ရှိနေတယ်လို့ ကြားတော့ ငါလည်း အမြန်ပြေးလာတာ... မင်းအောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်"

ချန်ရှီက ပြုံးပြီးပြောလိုက်သည်။

"ငါ ထိပ်တန်းပညာရှင်ဖြစ်နိုင်ရင် မင်းလည်း ထိပ်တန်းပညာရှင် ဖြစ်နိုင်ပါတယ် ဒါက အသုံးလည်းမဝင်ဘူး တရားရုံးက ငါ့ကို တရားဝင်ရာထူးတောင် မပေးဘူး ထိပ်တန်းပညာရှင် ဖြစ်ရင် ငါ့ကိုယ်ငါ တကယ့်ဘုရင် ဖြစ်လာပြီ ထင်ထားတာကွ!"

နှစ်ယောက်သား ဟူဖေးဖေးနှင့် အဖြူရောင်ဝတ်နတ်သမီးကို ဘေးဖယ်ထားကာ အရာအားလုံးကို စိတ်ဝင်တစား ပြောဆို​နေကြသည်။ ချန်ရှီသည် ထိုကာလအတွင်း သူ၏အတွေ့အကြုံများ၊ စာမေးပွဲဖြေဆိုရန် ရှီးကျင်းသို့သွားရာလမ်းတွင် သူကြုံတွေ့ခဲ့ရသော ထူးဆန်းသော သားရဲများနှင့် တိုက်ခိုက်မှုများ၊ ဗုဒ္ဓဘာသာငရဲ၊ သခင်​လေးအား သတ်ဖြတ်ခြင်း၊ သူ့အမေကို ကယ်တင်ရန်အတွက် အမတမြို့ထဲသို့ ဖောက်ထွင်းဝင်ရောက်ခြင်း စတာတွေ ပြောပြလိုက်ရာ လီထျန်းချင်ရဲ့ မျက်လုံးများကို တောက်ပစေလိုက် တုန်လှုပ် ချောက်ချားစေလိုက်ဖြင့် စိတ်လှုပ်ရှားလာခဲ့သည်။

"အဲဒီကာလမှာ ငါ လီမိသားစု လိုက်ဖမ်းနေတာ ရှောင်ဖို့ ဧကရာဇ်ကွမ်းရှန့်ကို ခေါ်သွားခဲ့တယ် အဖိုးနဲ့ အမေကို ချန်ယန်တောင်မှာ စီစဉ်ထားခဲ့ပြီး လိုက်ရှာသူတွေနဲ့ တိုက်ဖို့ လှည့်ပတ်ပြေးခဲ့ရတာ..."

လီထျန်းချင်ကလည်း အဲဒီကာလအတွင်း သူ့ရဲ့အတွေ့အကြုံတွေကို ပြောပြခဲ့သည်။ လီထျန်းချင်က ပြိုင်ဘက်တိုင်း၏ အားနည်းချက်များကို သတိပြုပြီး အနိုင်ရသည့် နည်းလမ်းကို ရေးဆွဲနေသည်ကို ကြားလိုက်ရသောအခါတွင် ချန်ရှီ သူ့အတွက်သူ ချွေးထွက်လာခဲ့တော့သည်။

နှစ်ယောက်သား စောစောစီးစီး သိကြပြီး ခင်မင်ရင်းနှီးကြသည်။ အတွေ့အကြုံမှ ကျွမ်းကျင်မှု၊ ကျွမ်းကျင်မှုမှ စာလုံးပေါင်းများအထိ မရပ်မနား ပြောဆိုခဲ့ကြပြီး ရွာအပြင်ဘက်တွင်ပင် လက်ဟန်ခြေဟန်ဖြင့် စတင် ကစားခဲ့ကြသည်။ ဟွမ်ဖောရွာအပြင်ဘက်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး စာလုံး စွမ်းအင်များ ရံဖန်ရံခါ ထွက်ပေါ်နေပါသည်။

"စကားမစပ်...အခုတလော ငါ့ခန္ဓာကိုယ်မှာ ပြဿနာရှိနေသလိုပဲ...."

ချန်ရှီငည် လှည့်ပတ်ကြည့်ရှုပြီး နံနက်ခင်းတွင် သူ၏ ပုံမှန်မဟုတ်သော အခြေအနေအကြောင်း တိတ်တဆိတ် ပြောပြလိုက်တော့ လီထျန်းချင်လည်း အံ့သြသွားလေသည်။

"မင်းမှာလည်း ဒီပြဿနာရှိနေတာလား? ရိုးရိုးသားသား ပြောရရင် ငါမင်းထက် တစ်နှစ်ခွဲစောပြီး ဖြစ်တာ... အဲဒါကို နှိမ်နှင်းဖို့ စိတ်ငြိမ်ဆေးတောင် သုံးခဲ့ရတာ"

ချန်ရှီ အနည်းငယ် စိုးရိမ်သွားပြီး :"အခုပဲ ခရိုင်တရားသူကြီးနဲ့ ဆော့ဖို့ ထွက်သွားပြီး သူမ ရင်ဘတ်ကို ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် မရည်ရွယ်ဘဲ အမြဲတမ်းကြည့်နေမိတယ်ကွ! အလောင်းနတ် ထိန်းချုပ်တာတောင် ငါ ခံနိုင်တာကို.... ငါ ထိန်းချုပ်ခံနေရတာ ဖြစ်မယ် ငါ့ရဲ့ အောက်အလောင်းနတ်က အရမ်းသန်မာတယ်"

လီထျန်းချင်: "ငါ့ရဲ့အောက်ပိုင်း အလောင်းနတ်ကလည်း အရမ်းသန်မာနေတာ ဖြစ်မယ် စကားမစပ် မင်း ရှီးကျင်းမှာ ကျင်းလေးကို တွေ့ခဲ့လား...."

ချန်ရှီ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

"ငါ သူ့ကို တွေ့ခဲ့တယ် ဒါပေမယ့် ကျင်းလေးနဲ့ ရှောင်ဝမ်စွင်းက အရမ်းနီးကပ်သွားပြီ... သူတို့နှစ်ယောက် ရထားလုံးထဲမှာ ထိုင်နေတာ တွေ့ခဲ့တယ်..."

လီထျန်းချင်သည် မှော်လက်နက်တစ်ခု သူ့ဝိညာဉ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသကဲ့သို့ သူ့မျက်နှာမှာ ညှိုးငယ်သွားရှာသည်။

"တစ်ဆယ်လေး ငါ သောက်ချင်လာသလိုပဲ"

"ငါရောပဲ"

ဆယ်ကျော်သက် နှစ်ယောက်သည် အရက်သောက်ရန် မြို့ထဲသို့ ပြေးသွားကာ ပထမ အကြိမ် သောက်လိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ လီထျန်းချင်က သူ့လျှာကို ထုတ်လိုက်ပြီး။

"အရမ်းစပ်လွန်းတယ်... ဆိုင်ရှင် အရက်ထဲကို ရေနှစ်ခွက် ထပ်ထည့်ပေးပါဦး..."

"ငါ့အရက်ကိုလည်း ရေထပ်ထည့်ရမယ်"

ဒါကိုကြားတော့ ဆိုင်ရှင်က ခေါင်းယမ်းပြီး စားပွဲထိုးကို ရေထည့်ဖို့ အမိန့်ပေးလိုက်သည်။

"ဘယ်လိုသောက်ရမှန်း မသိရင် မသောက်နဲ့ အရက်ကောင်းကောင်း ပုလင်းသေးသေးလေးကို ဖြုန်းတီးနေတာပဲ..."

နှစ်ယောက်သား ရေနဲ့ ဖျော်ထားတဲ့ အရက်ကို သောက်လိုက်ကြသည်။

လူငယ်နှစ်ဦးသည် ကျင်းဟုန်ရိနှင့် အတိတ်က သိကျွမ်းခဲ့ဖူးသော အကြောင်းဆိုကာ အရက်သောက်ရင်း ဝမ်းနည်းမရအောင် အချင်းချင်း နှစ်သိမ့်ကာ နောင်တွင် ၎င်းတို့နှစ်သက်သော လှပသော ညီမတစ်ဦးရှိရမည် ဖြစ်ပြီး ထိုမိန်းကလေးဟာ ရှောင်ဝမ်စွင်းလို ချောမောလှပသော ကောင်လေး၏ သွေးဆောင်မှုကို ခံရမည်မဟုတ်ကြောင်း ဆိုကာ ဆက်သောက်ကြသည်။

ညသန်းခေါင် အချိန် ရောက်သော် ရွာသို့ အပြန်လမ်းတစ်လျှောက် ဝမ်းနည်းစရာသီချင်းများ သီဆိုရင်း လက်ဆွဲနှုတ်ဆက်ကာ ရွာသို့ပြန်လာခဲ့သည်။ ဟွမ်ဖောရွာသို့ ပြန်ရောက်ပြီးနောက် နှစ်ယောက်သား အိပ်မပျော်ပေ။ အိမ်ခေါင်မိုးပေါ်က အစိမ်းရောင် ကြွေပြားများပေါ် ကျောခင်းရင်း မိုးလင်းသည် အထိ အော်ဟစ်ခဲ့ကြသည်။

"သူတို့ အသည်းကွဲသွားပုံရတယ်"

ဝူးချင်းယွီ နိုးလာပြီး ချန်ထန်ဘက် လှည့်ပြောလိုက်သည်။ ချန်ထန်လည်း မျက်မှောင်ကြုတ်ပြီး ပြော၏။

"ဟုတ်မယ်"

"ကျင်းလေးက ဘယ်​သူလဲ"

"နတ်ယန္တရားစခန်းက စစ်အရာရှိ ကျင်းဟုန်ရိ ဖြစ်မယ်"

ချန်ထန်လည်း အနည်းငယ် မသေချာ။

ဝူးချင်းယွီ : "လူကြီးမင်းကျင်းက သူတို့နှစ်ယောက် အသည်းကွဲနေတာကို သိလား?"

ချန်ထန်က ခေါင်းယမ်းပြီး :"မသိဘူး... ကိုယ်ဆိုလိုတာက ကိုယ်မသိဘူး... ဒါပေမယ့် လူကြီးမင်းကျင်းလည်း မသိ​လောက်ဘူး"

ချန်ရှီနဲ့ လီထျန်းချင်တို့သည် လမ်းခွဲပြတ်စဲခံရပြီးနောက် နှစ်ရက်သုံးရက်ခန့် ဝမ်းနည်းခဲ့ကြသည်။

ချန်ရှီအတွက် ဘုရင်ကျန်း ဂူသင်္ချိုင်း အပြင်ဘက်ရှိ ကျင့်စဥ်အားလုံးကို ကူးယူပြီး ကမ္ဘာငယ်လေးထဲတွင် ထည့်သွင်းရန် လဝက်ကျော်ကြာခဲ့သည်။ လီထျန်းချင် ပြန်လာပြီးနောက် သူ့ကိုလည်း ဤကျင့်စဥ်များအား လေ့လာရန် တောင်းဆိုခဲ့သည်။ တောင်နီခန်းမက မှော်ဆရာကြီးနှင့်တွေ့ပြီး မေးစရာများရှိပါက လမ်းညွှန်မှုပေးရန် လီထျန်းချင်ကို မှာလိုက်၏။

လီထျန်းချင်သည် စေ့စေ့စပ်စပ် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိပြီး အံ့သြဖွယ် နားလည်နိုင်စွမ်း ရှိသည်။ ချန်ရှီလည်း သူဟာ အခြားသူများ၏ အားနည်းချက်များကို ရှာဖွေ၍ တိုက်ခိုက်ရာတွင် ကောင်းစွာ တတ်မြောက်ကြောင်း လွန်ခဲ့သည့် ကာလကတည်းက သတိထားမိခဲ့သည်။

နည်းစနစ်များနှင့် စာလုံးပေါင်းများကို သူရင်းနှီးလေလေ ၎င်းတို့ကို ချေဖျက်နိုင်စွမ်း အားကောင်းလေ ဖြစ်သည်။ ဘုရင်အစစ်၏ ဂူဗိမာန်မှ ဤကျင့်စဥ်များကို လေ့လာခြင်းက သူ့အား အလွန်တိုးတက်စေနိုင်၏။

ဤနေ့တွင် အမတမြို့၌ ပျော်ရွှင်မှုအပြည့်ဖြင့်။ မရဏကျေးကျွန်၊ မရဏတမန်နဲ့ တရားသူကြီးက အရပ်ရပ်မှ လာ​ရောက်ကြသည်။ ရွှမ်မင်၊ ဖူမင်၊ ကျို့ကျွယ်နန်းတော်၊ ထိုက်ဟဲ၊ မင်ချန်နန်းတော်လို ငရဲနန်းတော်မှ ငရဲဘုရင်များကလည်း တရားသူကြီး ဝေ့လင်ကို ဂုဏ်ပြုရန်အတွက် အမတမြို့သို့ လာရောက်ကြပြီး ငရဲဘုရင် အသစ်ဖြစ်လာခြင်းအတွက် ဂုဏ်ပြုပေး၏။

ရန်ပိသည် သခင်ငယ် ဝေ့ယွဲ့က လူမိုက်ဖြစ်ကြောင်း သိပြီး အမှားလုပ်မိမည်ကို စိုးရိမ်သဖြင့် သူကိုယ်တိုင် တာဝန်ယူခဲ့သည်။ သူသည် စောစီးစွာ ကင်းစခန်းတစ်ခုကို ထူထောင်ခဲ့ကာ အရှင်ချင်းထျန်းရဲ့ ကြံရာပါများ ရှိခဲ့ပါက ၎င်းတို့ကို တစ်ရှိန်ထိုး ဖမ်းမိသွားမည်ဖြစ်သည်။

ဝေ့လင် နန်းတက်ပြီး ငရဲဘုရင်၏ မျိုးဆက်သစ်ဖြစ်လာသောအခါမှ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

အမတမြို့တွင် ယခင်က သရဲတစ္ဆေများနှင့် နတ်ဘုရားများ ရှိနေသေးရာ မကျေနပ်သဖြင့် သတင်းဖြန့်​ကြသည်-

"ငရဲဘုရင်ဆိုတာ ကမ္ဘာပေါ်က လူတွေက သေရေးရှင်ရေးကို ထိန်းချုပ်ဖို့ သေခြင်းရှင်ခြင်းစာအုပ် ကိုင်ထားရမှာ....ဝေ့လင်မှာ စာအုပ် မရှိဘူးလေ... သူက ဘယ်လိုလုပ် ငရဲဘုရင် ဖြစ်လာမှာလဲ?"

ရန်ပိသည် သခင်ငယ် ဝေ့ယွဲ့ကို ကြည့်ကာ မေးလိုက်သည်။

"ဒီလိုကိစ္စမျိုးကို ဘယ်လိုဖြေရှင်းမလဲ?"

ဝေ့ယွဲ့ : "သတင်းဖြန့်တဲ့လူကို ရှာပြီး သတ်ပစ်မယ်"

ရန်ပိ ပြုံးပြီး :"သူတို့ကို သတ်လိုက်တာက နောင်ဒုက္ခတွေကို သေချာပေါက် ဖယ်ရှားနိုင်ပေမယ့် သရဲတစ္ဆေတွေက ကြောက်စရာကောင်းတယ်... တစ္ဆေတစ်ကောင်ကို သတ်ရင် တခြား သရဲတစ္ဆေတွေက ပိုပြောလာလိမ့်မယ်"

"ဒါဆို သူတို့အားလုံးကို သတ်လိုက်မယ်!"

"အစ်ကိုဝေ့ သတင်းဖြန့်သူကို တစ္ဆေတမန်ဖြစ်အောင် မြှင့်တင်ပေးဖို့ ဘာလို့ မလုပ်တာလဲ... မြေအောက်ကမ္ဘာမှာ သရဲတစ္ဆေ နတ်ဘုရားတွေ အများကြီးရှိတယ်.. အများစုက စားဝတ်နေရေးမရှိလို့ အမတမြို့မှာ တောင်းရမ်းစားသောက်နိုင်ရုံပဲ သက်ရှိလောကကို မသွားနိုင်ဘူး... မင်း သူတို့ကို အလုပ်ပေးရင် သူ့ဘက်က တတ်နိုင်သမျှ အကာအကွယ်ပေးမှာ သေချာတယ် မင်းအတိတ်ကိုရော ကာကွယ်လိမ့်မယ်။"

ဝေ့ယွဲ့ မျက်လုံးများလည်း တောက်ပလာသည်။

"သူ့ကို တစ္ဆေတမန် ဖြစ်အောင် ငါ မြှင့်တင်လိုက်မယ်... ပြီးတော့ သူတို့ကို စီးပွားရှာဖို့ အန္တရာယ်ရှိတဲ့ နေရာကို လွှတ်လိုက်မယ်... သူတို့ကို သတ်ဖို့ အခွင့်အရေး ယူလိုက်တာပေါ့... ဒါမှ တခြား သရဲတစ္ဆေတွေနဲ့ နတ်တွေက အတင်းအဖျင်းတွေ မပြောရဲမှာ!"

ရန်ပိ မျက်လုံးများ မှိတ်သွားကာ သူ့ကိုသတ်ပြီး အခြားသခင်ငယ်တစ်ဦးနှင့် အစားထိုးချင်သော်လည်း "ဒီအမှိုက်ကို ဘာမှလုပ်စရာ မလိုပါဘူး သူက ဒီအနေအထားမှာ ရှိနေဖို့ပဲ လိုတာ" ဟုသာ တွေးလိုက်သည်။

ငရဲဘုရင် နန်းတက်တဲ့ကိစ္စ ပြီးသွားတော့ ရန်ပိက သက်ပြင်းတစ်ချက်ချကာ ရန်မိသားစုရဲ့ တပည့်​တွေကို ခေါ်လိုက်သည်။

"ဒီရက်တွေမှာ ထိပ်တန်းချန်ဘက်က ထူးထူးခြားခြား လှုပ်ရှားမှုတွေ လုပ်ခဲ့သေးလား?"

"ထူးထူးခြားခြား လှုပ်ရှားမှု မရှိပါဘူး... ထိပ်တန်းချန်က ဟွမ်ဖောရွာမှာပဲ နေပြီး သူသွားရမယ့် အဝေးဆုံးနေရာက ရှင်းရှန်မြို့ပဲ... နေ့တိုင်း မနက်ရော ညပါ လေ့ကျင့်နေတာ..."

ရန်ပိက သူနဲ့ ဘယ်သူနဲ့ အဆက်အသွယ် ရှိလဲလို့ ဆက်မေးလိုက်သည်။

"လီထျန်းချင်က သူနဲ့ အနီးကပ် အဆက်အသွယ်ရှိတယ်... ရှင်းရှန်က ခရိုင်တရားသူကြီးဟူက ဟွမ်ဖောရွာကို မကြာခဏ သွားလေ့ရှိတယ်.. နံ့သာပေါင်းကို မီးရှို့ဖို့ တောင်တွေကို သွားပြီး တောင်ပေါ်မှာရှိတဲ့ ဝိညာဉ်တချို့နဲ့ အဆက်အသွယ်ရှိတယ်"

ရန်ပိ အတော်လေး အံ့အားသင့်သွားသည်။

"သူ ကျေနပ်မှာ မဟုတ်ဘူးလို့ ငါထင်ထားတာ... ရွာမှာ ရိုးရိုးသားသား ဆက်နေဦးမယ်လို့ မမျှော်လင့်ထားဘူး သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လို တိုးတက်နေလဲ။"

"သန်မာပြီး သတ္တိရှိတယ်..."

ရန်မိသားစု တပည့်: "နတ်ဝိညာဉ်က ခြောက်ပေနီးပါးရှည်တယ်"

ရန်ပိ မတုန်လှုပ်ဘဲ မနေနိုင်တော့ ရှည်လျားသော ခြောက်ပေရှိ နတ်ဝိညာဉ်သည် နတ်ဆင်းသက်နယ်ပယ်ကို ဖြတ်ကျော်ရန် သော့ချက်ဖြစ်သည်။ ချန်ရှီသည် ခြောက်ပေရှိသော နတ်ဝိညာဉ်ဖြင့် နတ်ပြောင်းလဲခြင်း နယ်ပယ်သို့ ဖြတ်ကျော်ခဲ့သည်။

"သူသေဆုံးသွားတဲ့ ရှစ်နှစ်ကို ထည့်မတွက်ရင် သူအခု ၁၂ ၁၃နှစ်ပဲ ရှိသေးတယ်... အချိန်တိုလေးအတွင်းမှာ နတ်ဆင်းသက်နယ်ပယ်ကို ဖြတ်ကျော်သွားတော့မှာလား မဟုတ်ဘူး မဟုတ်ဘူး!"

ရန်ပိ သူ့ကိုယ်သူ အပြန်ပြန်အလှန်လှန် ပြောနေရင်း။

"သူ့ရဲ့ နတ်သန္ဓေသားကို ဖြတ်လိုက်တဲ့အတွက် ကောင်းကင်ရဲ့ ဒုတိယကောင်းချီးကို မရနိုင်ဘူး... သူ့မှာ ကောင်းကင်ဘုံ နတ်ဘုရားက ပေးထားတဲ့ သန္ဓေသားလေးသာ မရှိရင် နတ်ဆင်းသက်နယ်ပယ် တက်နိုင်မှာ မဟုတ်ဘူး... မဖြစ်ဘူး.. သူနဲ့တွေ့ပြီး သူဘယ်လို ဖြတ်ကျော်ပြီး နတ်ဆင်းသက်နယ်ပယ် ဖြစ်လာတာလဲဆိုတာ သွားကြည့်ချင်ရမယ်...."

သူပြန်ထွက်ပြီး ဟွမ်ဖောရွာကို ရောက်လာခဲ့သည်။

ချောင်ကျသော တောင်စောင်းတွင် ချန်ရှီသည် စာအုပ်တစ်အုပ်ကို လက်ထဲတွင်ကိုင်ကာ မိုးမခပင်အိုတစ်ပင်အောက်တွင် ထိုင်နေ၏။ အဖြူဝတ် နတ်သမီးက သူ့ဘေးမှာ မှီပြီး စာအုပ်ထဲက ကျမ်းချက်တွေရဲ့ သဘောတရားကို ရှင်းပြတာနေသည်အား နားထောင်နေသည်။

"...လူကြီးလူကောင်းတစ်ဦးက မိမိရဲ့လက်နက်ကို ဝှက်ထားပြီး လှုပ်ရှားရမယ့်အချိန်ကို စောင့်မျှော်နေတယ်... ဒီဝါကျက အမျိုးကောင်းသားက မိမိလက်နက်ကို မိမိခန္ဓာကိုယ်ပေါ်မှာ ဝှက်ထားပြီး တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ကို ရှာဖွေမယ်... ရန်သူကို ထိုးနှက်ချက်တစ်ချက်တည်းနဲ့ သတ်ပစ်ဖို့ ကြိုးစားရမယ်လို့ ဆိုလိုတယ်..."

ရန်ပိသည် ငှက်ဦးခေါင်းနှင့် လူကိုယ်ထည်ပါသော အစိမ်းရောင်ဝတ် အမျိုးသမီးတစ်ဦးနှင့်အတူ ပျော့ပျောင်းသော တောင်စောင်းပေါ်သို့ လျှောက်လာနေပါသည်။ ဒါကိုကြားတော့ သူ မထိန်းနိုင်ဘဲ။

"ဒီစာကြောင်းက ဘာကိုဆိုလိုတာလဲ... ငါပဲနားလည်ထားတာပဲ မှားနေတာလား"

သူက ငြိမ်သက်ပြီး တောင်စောင်းကို ဆက်တက်ရင်း တွေးလိုက်သည်။

"နောက်ဆုံးတော့ သူက ရှီးကျင်းမှာ နာမည်ကြီး ထိပ်တန်း ပညာရှင်တစ်ယောက်ပဲ... ဒီနည်းနဲ့ ပြောင်းလဲခြင်းကျမ်းကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ သူ့အတွက် နက်နဲတဲ့ အဓိပ္ပာယ် ရှိရမယ်"

ချန်ရှီရဲ့ စကားသံက ကုန်းစောင်းမှ ဆင်းသက်လာသည်။

"... အဓိပ္ပာယ်က ငါတို့ ကြိုတင် ပြင်ဆင်ထားရမယ်...ပြင်ဆင်ထားမှသာ အန္တရာယ်ကို ရှောင်ရှားနိုင်မယ်... ပြိုင်ဘက်ကို တစ်ချက်တည်းသတ်နိုင်တဲ့ လက်နက်ကို ကိုင်ထားတာက စိတ်ထဲမှာ ကျွမ်းကျင်မှုအမျိုးမျိုးကို ဖုံးကွယ်ထားရသလိုပဲ... ဒုက္ခအခြေအနေတွေကို အဆုံးအဖြတ် ပေးနိုင်ပြီး တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ကို ရှာဖွေနိုင်ရမယ်..."

ရန်ပိ အနည်းငယ် လန့်ဖျပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်- "နားလည်ပါပြီ နားလည်ပါပြီ ထိပ်တန်း ပညာရှင် ဖြစ်ထိုက်ပါတယ်"

သူ တောင်စောင်းထိပ်သို့ ရောက်သောအခါ ချန်ရှီက စာအုပ်ကို သူ့ထံ ထည့်ပေးလိုက်သည်။ သူ့ဘေးက ဆွံ့အနေတဲ့ နတ်သမီးကလည်း ပြုံးပြ၏။

"အစ်ကိုဟူရှောက်... မင်း ငါ့ဆီ လာဖို့ အချိန်ရှိသွားပြီလား?"

ရန်ပိ ပြုံးလိုက်သည်။

"မင်းကို ပြောချင်တာက ငရဲဘုရင်ရဲ့ ပဉ္စမခန်းမဆောင်မှာ မနေ့က ကျင်းပခဲ့တဲ့ မျိုးဆက်သစ် ငရဲဘုရင် နန်းတက်ပွဲ အခမ်းအနားက အရမ်းအောင်မြင်ခဲ့တယ်... ဒီနန်းတက်ပွဲ အခမ်းအနားမှာ တရားသူကြီး နှစ်ယောက်က ငရဲဘုရင် ဝေ့လင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် ငါ သူတို့ကို ဖြုတ်ချပြီးသွားပြီ"

ချန်ရှီ ပြုံးလျက်။

"ဂုဏ်ယူပါတယ်"

ရန်ပ်က သူ့ကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ ပြန်မေး၏။

"မင်းက ဖြောင့်မတ်တဲ့ ဒေါသနဲ့ ငါ့ကို သတ်ချင်နေတာ မဟုတ်ဘူးလား"

ချန်ရှီ ခေါင်းယမ်းလိုက်ပြီး လှေသမားနဲ့ သူ့သမီး၊ ထို့နောက် ငါးဖမ်းနေတဲ့ နန်းနန်းကို ကြည့်လိုက်သည်။

"မင်းတို့ရဲ့ မိသားစု၁၃စုရဲ့ အကြံအစည်ကို ဖျက်ဆီးဖို့အတွက် အရှင်ချင်းထျန်းကို ငါကယ်ခဲ့တယ်လို့ မင်းထင်နေတာလား"

"မဟုတ်ဘူးလား"

ချန်ရှီ ခေါင်းခါပြီး။

"မဟုတ်ဘူး ငါသူ့ကို သခင်လေးရဲ့ ယန်းကျစ်လမ်းကြားမှာ တွေ့ခဲ့တာ... သူ့အမေက အသတ်ခံခဲ့ရတယ်။ သူ့အမေက အဓမ္မလူယုတ်မာ တစ်ယောက်ကြောင့် သေသွားပြီး သူကအဲ့လို ကြီးပြင်းလာခဲ့တာ... အသက် ဆယ့်တစ်နှစ် ဒါမှမဟုတ် ဆယ့်နှစ်နှစ်သားအရွယ်မှာ ဧည့်သည်တွေကို လက်ခံခွင့်ရတယ်... အရွယ်ရောက်တဲ့အထိ အသက်ရှင်နိုင်တာ ကောင်းကင်ဘုံရဲ့ ကောင်းချီးတစ်ခုပဲ... ဒါကြောင့် ငါ သခင်​လေးရဲ့ ပြည့်တန်ဆာကို သတ်ပစ်ချင်လိုက်တာ.... ငရဲဘုရင်ရဲ့ ပလ္လင်က ငါနဲ့ ဘာဆိုင်လို့လဲ?"

ရန်ပိ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်နှင့် :"လူကြီးလူကောင်းတစ်ယောက်က သူ့လက်နက်ကို ဝှက်ထားပြီး လှုပ်ရှားရမယ့်အချိန်ကို စောင့်နေပါတယ်... အဲဒါကို အခုမှပဲ ရှင်းရှင်းလင်းလင်း နားလည်တော့တယ်"

ချန်ရှီ ပွင့်ပွင့်လင်းလင်း ပြုံးလိုက်ကာ။

"ငါက လူကြီးလူကောင်းပါ။ ငါ့လက်နက်ကို ငါဝှက်ထားရတဲ့ အကြောင်းရင်းက မင်းနဲ့ မိသားစုဆယ့်သုံးစုကို သတ်ဖို့ အခွင့်အရေးရှာဖို့ မဟုတ်ဘူး... ဒါပေမယ့် မင်းနဲ့ မိသားစုဆယ့်သုံးစုက ငါ့ကို နှိုးဆွတဲ့အခါကျရင်တော့ မင်းတို့ကို သတ်နိုင်တဲ့ လက်နက်တစ်ခု ငါ့မှာရှိ​စေရမယ်လို့ သေချာစေချင်တယ်..."

ရန်ပိ: "မင်းက သတ်ဖို့ ကြံတာ မဟုတ်ဘူး စောင့်ထိန်းဖို့ ကြံနေတာ... ဒါကြောင့် မင်းရဲ့ လက်နက်ကို ဝှက်ထားရမယ်"

ချန်ရှီ ခေါင်းညိတ်လိုက်သည်။

"အဲဒီသဘောတရားပဲ"

ရန်ပိ ခဏလောက် စဉ်းစားလိုက်သည်။

"မင်းက ထိပ်တန်းပညာရှင် ဖြစ်ထိုက်ပါတယ် မင်းရဲ့စာပေစွမ်းရည်တွေက မြို့တော်ကို တုန်လှုပ်စေမှာပဲ... ကမ္ဘာပေါ်က လူတိုင်းက သူတို့ရဲ့လက်နက်တွေကို ဖုံးကွယ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဒီခေတ်က စစ်မှန်တဲ့ဘုရင်ခေတ်ထက် မနည်းပါဘူး... ထိပ်တန်းပညာရှင် မင်းမှာ နတ်သန္ဓေသားအစစ် မရှိဘူး မင်းဘာလို့ ဒီလောက်မြန်မြန် လေ့ကျင့်နိုင်တာလဲ နတ်သန္ဓေသားမရှိရင် မင်း နတ်အသွင်ပြောင်းနယ်ပယ်ကို ဖြတ်ကျော်ပြီးရင် နတ်ဆင်းသက်နယ်ပယ်ထဲ ရောက်နိုင်မှာ မဟုတ်ဘူး မင်း ဒီနယ်ပယ်မှာ ပိတ်မိနေလိမ့်မယ်..."

ချန်ရှီက ပြုံးပြုံးကြီးဖြင့်။

"စစ်မှန်တဲ့ဘုရင်ခေတ်က ကျင့်ကြံသူတွေမှာလည်း နတ်သန္ဓေသားမရှိဘူး ကောင်းကင်ပြင်နတ်ဘုရားရဲ့ ကောင်းချီးတွေ မရရှိခဲ့ပါဘူး သူတို့ ဘယ်လို လေ့ကျင့်ခဲ့ကြတာလဲ"

ရန်ပိလည်း မျက်ခုံးပင့်ကာ ပြုံးမိသည်။

"မင်းမှာ စစ်မှန်တဲ့ ဘုရင်ရဲ့ဂူနဲ့ ဘုရင်ရဲ့ ရတနာအစစ်ကို ပိုင်ဆိုင်ထားတယ်... ထုံးစံအတိုင်း ဘုရင်ခေတ်မှာ မပြုပြင်မွမ်းမံထားတဲ့ လေ့ကျင့်ခန်းတွေကို မင်းရထားပြီ... ဒါပေမယ့် လေ့ကျင့်ခန်းတွေကို သိပေမယ့် သန့်စင်တဲ့နည်းလမ်းက ပျောက်နေတာကြာပြီ... ငါတို့ မိသားစု၁၃စု မှာတောင် သန့်စင်တဲ့နည်းလမ်း မရှိဘူး... နတ်ဆင်းသက်နယ်ပယ်နဲ့ နတ်သန့်စင်နယ်ပယ် နှစ်ခုကို တိုက်ရိုက်ဖြတ်ကျော်နိုင်ပါ့မလား"

"မင်း အရပ်ခြောက်ပေရှိတဲ့ နတ်ဝိညာဥ်ကို ပြုစုပျိုးထောင်ခဲ့တာ ငါသိပါတယ် ဒါပေမယ့် မင်းရဲ့နတ်သန္ဓေသားနဲ့ နတ်ဝိညာဥ်ကို ခိုင်ခံ့စေဖို့အတွက် နတ်ဆင်းသက်နယ်ပယ် မရှိဘဲ ကောင်းကင်ဘုံကို ဘယ်လိုတုံ့ပြန်ပြီး မြေကြီးကို ဘယ်လို ဖောက်ဖျက်မလဲ... ကောင်းကင်နဲ့လူသားကြား ဆက်သွယ်မှုကို ဘယ်လိုလုပ် ရနိုင်မလဲ... ကွက်လပ်ကို မဖြတ်နိုင်ရင် လယ်ကွက်ထဲကို ဘယ်လိုတွန်းပို့နိုင်မလဲ"

ချန်ရှီ အနည်းငယ် ပြုံးလိုက်တဲ့အခိုက် နတ်ဝိညာဥ်က သူ့နောက်မှာ ရုတ်တရက် ပေါ်လာသည်။ ၎င်းသည် ဆယ်ပေကျော် အရပ်မြင့်ပြီး တောက်ပသော နတ်အလင်းရောင်များ ထုတ်လွှတ်နေ၏။

ရန်ပိရဲ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး။

"မင်းရဲ့ နတ်ဝိညာဉ်က ခြောက်ပေ ကျော်သွားပြီလား?"

"ရှောက်ဟူ...နတ်အသွင်ပြောင်းနယ်ပယ်မှာ ဝိညာဉ်ခြောက်ပေက ကန့်သတ်ချက်လို့ မင်းထင်လား... ငါ မနေ့က လေ့ကျင့်ပြီး ဒီကန့်သတ်ချက်ကို မတော်တဆ ချိုးဖျက်လိုက်တယ်... ဘယ်လိုဖြတ်ရမှန်းမသိဘူး မနေ့က ငါ့ရဲ့ခန္ဓာကိုယ်ထဲကို ဝိညာဉ်ကိုယူသွားပြီး လေ့ကျင့်ဖို့ ကောင်းကင်နဲ့မြေကြီးရဲ့ အပြုသဘောဆောင်တဲ့ ယန်စွမ်းအင်တွေကို စုပ်ယူလိုက်ပြီး ရုတ်ချည်းဆိုသလို ပျက်ပြယ်သွားတာ သိလိုက်ရတာပဲ"

ရန်ပိ ဦးညွှတ်လိုက်သည်။

"ငါ့ကို သင်ပေးလို့ရမလား"

"ဘာလို့မရမှာလဲ? ခန္ဓာကိုယ်ဆိုတာ သေးငယ်တဲ့ကမ္ဘာဖြစ်ပြီး ကြီးမားတဲ့ ကမ္ဘာကြီးလည်း ဟုတ်တယ်... အချည်းနှီးလို့ ခေါ်တဲ့ လူ့ခန္ဓာကိုယ်က အတားအဆီးလည်း ဟုတ်တယ်... အပျက်အစီးလို့ ခေါ်တဲ့ အသားနဲ့ ပြင်ပကမ္ဘာကြားက အတားအဆီးကို ဖြိုခွဲလိုက်တဲ့အတွက် အသားနဲ့ ကမ္ဘာက သဟဇာတဖြစ်သွားမှာ... နတ်ဝိညာဉ်က အမွေးအရိုးမရှိ၊ အမွှေးအမျှင်တွေ မရှိဘူး ကောင်းကင်တံခါးက ထွက်ခွာစရာ မလိုဘူး...ခြေလက်၊ အရိုး၊ ဆံပင်နဲ့ အရေပြားအားလုံး အတားအဆီးမရှိဘဲ အဝင်အထွက် လှုပ်ရှားနိုင်ရင် ဒါက အပျက်အစီးတွေ ပြိုကွဲသွားတာပဲ...."

ရန်ပိ စိတ်တွေ တုန်လှုပ်သွားခဲ့သည်။ ခဏအကြာတွင် သူသည် ညစ်ညမ်းသောလေကို ရှူထုတ်လိုက်ပြီး။

"ဒါကို မင်းသဘောပေါက်ထားတာလား"

ချန်ရှီ ညင်သာစွာ ခေါင်းညိတ်လိုက်ကာ။

"မင်း ခန္ဓာပေါင်းစည်းဖို့ လေ့ကျင့်တော့မှာ မဟုတ်လား"

ရန်ပိ တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။

ချန်ရှီ : "တိုက်ဆိုင်မှုပါပဲ... ငါ့ရဲ့နောက်ထပ်နယ်ပယ်က ပေါင်းစပ်နယ်ပယ်ပဲ... ငါနယ်ပယ်ကို ဖြိုခွဲပြီး ငါ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်နေသမျှ အတားအဆီးတွေ ရှိတော့မှာ မဟုတ်ဘူး"

ရန်ပိ၏ မျက်လုံးများက လူသတ်ရန် ရည်ရွယ်ချက် အရိပ်အယောင်များ ပြသနေသော်လည်း မကြာမီ ပျောက်ကွယ်သွားကာ ပြုံးလျက် ပြောလာသည်။

"မင်းတို့ ဘုံနှစ်ခု ပျောက်နေတယ်လေ... စစ်မှန်တဲ့ နတ်ဘုရားကပေးတဲ့ လက်ဆောင်က ဘယ်လောက် တန်ခိုးကြီးမှန်း မင်းမသိ​သေးပါဘူး"

ချန်ရှီ ပြုံးကာ : "စစ်မှန်တဲ့ဘုရားရဲ့ ကောင်းချီးမပေးဘဲ ငါ ဒီလောက် အစွမ်းထက်နေတာပဲလေ... ဒါမှမဟုတ် ပိုတောင် သန်မာလာနိုင်ရင်ရော?"

ရန်ပ် မတ်တပ်ထရပ်ပြီး တောင်စောင်းမှ ဆင်းခဲ့သည်။ ရုတ်တရက် ရပ်လိုက်ကာ။

"မင်း ခန္ဓာပေါင်းစည်းနယ်ပယ် ရောက်ရင် ငါနဲ့ပြိုင်မယ်... မင်းငါ့ကိုရိုက်ရင် မင်းကိုကာကွယ်ဖို့ ငါသေတဲ့အထိ တိုက်ပွဲဝင်မယ် မိသားစုကြီးဆယ့်သုံးခုထဲကလူတွေ မင်းကိုဘယ်တော့မှ ထိခွင့်မပေးဘူး... ဒါပေမယ့်..."

သူသည် တောင်စောင်း၏ အောက်ခြေသို့ရောက်လာကာ ရထားလုံးထဲသို့ ဝင်ထိုင်ပြီးမှ ကုန်းစောင်းထိပ်သို့ လှမ်းကြည့်လိုက်သည်။

"ထိပ်တန်းပညာရှင် ချန်.... မင်း ရှင်းရှင်းလင်းလင်း တွေးထားရမယ်... မင်း ဘုရင်ကျန်းရဲ့ လမ်းကို လိုက်နေပေမယ့် ဘုရင်ကျန်းက ဘာကြောင့် ကမ္ဘာပေါ်က အမတသတ္တဝါအားလုံးကို တံဆိပ်ခတ်ထားတာလဲ တွေးရမယ်... မင်း ဘေးဆိုးအဆင့်ကို လွတ်မြောက်နိုင်မယ်လို့ ထင်လား"

All Chapters