← Chapters

ဒီအင်အားက အားကောင်းတယ်

Vol. 23 Ch. 328

ဒီအင်အားက အားကောင်းတယ်

Vol. 23 Ch. 328

ချန်ရှီသည် ကျောက်မိုင်းတွင်းသို့ လျှောက်သွားခဲ့သည်။ လေပြင်းများက တဝွီဝွီ တိုက်ခတ် အော်ဟစ်နေကာ အပြင်ဘက်ရှိ အရာအားလုံးကို အေးခဲသွားသော်လည်း တောင်ခြေတွင်တော့ အနည်းငယ် ပူနေသဖြင့် ရေခဲနှင့် နှင်းများကို အရည်ပျော်သွား​စေသည်။

သင်္ချိုင်းကျောက်ပြားများက နေရာတိုင်းတွင် စုပုံနေပြီး ၎င်းတို့တွင်တော့ နာမည်ရေးထိုးထားခြင်း မရှိပေ။ တုယိရန်သည် သူ့အိတ်ကို ထုပ်ပိုးပြီး ပုဆိန်နှင့် ဆောက်ကို သူ့ကိုယ်ပိုင် အနတ္တလေဟာပြင်ဘုံထဲသို့ ပစ်ချလိုက်သည်။

သူသည် ထူထဲသော အဝတ်အစားကို ဝတ်ဆင်ထား၏။ အပြင်ဘက်တွင် သိုးသားကုတ်အင်္ကျီ၊ အတွင်းဘက်တွင် သိုးမွှေးတစ်ဖက်နှင့် အတွင်းဘက်တွင် ချည်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသောကြောင့် ဝဖြိုးနေပုံရသော်လည်း အမှန်တကယ်မှာ အသက်ကြီးခြင်းကြောင့် ပိန်ကျနေပြီ ဖြစ်သည်။

​ခေါင်း၌ တင်းကျပ်စွာ အုပ်ထားသည့် သိုးသားဦးထုပ်ကို ဆောင်းထားကာ လေနှင့် နေရောင်ကြောင့် သူ့မျက်နှာက အနည်းငယ် မည်းညစ်နေပုံရသည်။ ဆယ်ကျော်သက်အရွယ် ချန်ရှီက သူ့ထက်အရပ်ပို၍ ရှည်နေကာ တစ်ဖက်က အသက်ကြီးလာသည်နှင့်အမျှ အရပ်ပိုပုလာသည်။

"အဘိုးတု!"

ချန်ရှီ ရှေ့သို့ လှမ်းလာပြီး ဒူးထောက်လိုက်သည်။

"ကျေးဇူးပါပဲ အဘိုးတု.. ကျ​နော့်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်!"

တုယိရန် : "ထပါ... မင်းရဲ့ဘဝ ဒါမှမဟုတ် သေခြင်းတရားက ငါနဲ့မဆိုင်ပါဘူး.... ချန်ယင်တူးရဲ့ ကျေးဇူးကြောင့် ငါမင်းကို ကယ်တင်ဖို့ သဘောတူခဲ့တာ ဒါက ငါတို့ရဲ့ မျိုးဆက်ဟောင်းတွေကြားက ကိစ္စတစ်ခုပဲ... မင်း ဒီကျေးဇူးကို မှတ်မိနေစရာ မလိုဘူး"

ချန်ရှီကတော့ အကြိမ်ပေါင်းများစွာ ကန်တော့လိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဘိုးတုက ကျနော့်ရဲ့ ကယ်တင်ရှင်ပဲ... အဘိုးတု ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ... ကျနော့်အဘိုး ပြောတာတော့ အဘိုးတုက ဟွမ်ရှစ်တောင်မှာ လုပ်....လုပ်...."

တုယိရန် သူ့ကို မော့ကြည့်ပြီး မေးခွန်းသံဖြင့်။

"နတ်ဆိုး လုပ်နေတာလား?"

ချန်ရှီ ခေါင်းညိတ်လိုက်သည်။ တုယိရန်က နှစ်ကြိမ်ခန့် ချောင်းဆိုးပြီး။

"သူငါ့ကို လုပ်ကြံမယ်ဆိုတာ ငါသိသားပဲ... ဒါပေမယ့် ငါက အသက်မရှင်သလို သေလည်း မသေသေးပါဘူး... နတ်ဆိုးလို ဆိုးရွားလုနီးပါး ဖြစ်နေတာပဲ... ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး ယန်မိသားစုက ငါ့ကို ကြောက်လန့်သွားပေမယ့် မကြာခင်မှာ ငါ့ရဲ့ ခွန်အားက သူတို့ စိတ်ကူးထားသလောက်လည်း မသန်မာတော့ဘူးလို့ တုံ့ပြန်မိလိမ့်မယ်"

တောင်ပေါ်လမ်းအတိုင်း လျှောက်လာရင်း ခြေလှမ်းတွေက မြန်လာသည်။

"ငါ့ရဲ့သင်္ချိုင်းဂူက သရဲတစ္ဆေတွေနဲ့ နတ်တွေအပေါ် အသုံးမဝင်ဘူး... သက်ရှိလူသားတွေနဲ့ပဲ ဆက်ဆံနိုင်တယ် အကွာအဝေးက ဝေးလွန်းရင် အသုံးမဝင်ဘူး ပြီးတော့ သူတို့က လူသတ်ဖို့ ပြန်လာကြလိမ့်မယ်... ငါက အသက်ကြီးပြီ... သူတို့ကို မရိုက်နိုင်ဘူး"

အရှေ့ဘက်မှာ အိမ်သေးသေးလေး တစ်လုံး ရှိနေသည်။ ၎င်းက ကျောက်တုံးအိမ်လေး တစ်လုံး ဖြစ်ကာ အထီးကျန်ဆန်ပြီး ရိုးရှင်းသည်။ ၎င်းသည် တုယိရန်၏နေအိမ်ပဲ ဖြစ်သင့်သည်။

ချန်ရှီက သူ့နောက်ကို အမြန်လိုက်လာခဲ့သည်။ တုယိရန်က တံခါးကိုဖွင့်ပြီး။

"မင်းနဲ့ ခွေး ဝင်လာပြီးရင် တံခါးပိတ်လိုက်... တခြားလူရှိမရှိ ကြည့်ဦး!"

ချန်ရှီ သူပြောသည့်အတိုင်း တံခါးကို ပိတ်လိုက်သည်။ ထိုစကားကို ကြားပြီးနောက် အပြင်ကိုကြည့်ကာ အံ့ဩသွားခဲ့သည်။ အခုနက တံခါးအပြင်ဘက်မှာ နှင်းတွေကျနေခဲ့သည်။ ဒါပေမယ့် အခုတော့ အဝေးက စိမ်းလန်းစိုပြေတဲ့ တောင်တန်းတွေ၊ သာယာတဲ့ရာသီဥတုနဲ့ လရောင်အောက်က မြစ်ကမ်းပါးကို ရောက်နေပါပြီ။

အနောက်ဘက်က လကို မျှော်ကြည့်လိုက်သည်။

ချန်ရှီ တံခါးကို မှိန်းပိတ်ပြီး ခဏလောက်စဉ်းစားပြီးနောက် ပြန်ဖွင့်လိုက်သည်။ တံခါးအပြင်ဘက်ရှိ ဆတ်နှင့် စိမ်းလန်းသောတောင်တန်းများသည် လရောင်အောက်တွင် တောက်ပနေသော ရေကန်တစ်ခုဖြင့် အစားထိုး ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်တွင် လသည် တောင်ဘက်တွင် ရှိနေသည်။

ချန်ရှီ တံခါးကို ပိတ်လိုက်ပြီး ထပ်ဖွင့်လိုက်ရာ အပြင်ဘက်မှ လှိုင်းလုံးများ ကြားလိုက်ရသည်။ အကွာအဝေး တစ်ခုတွင်တော့ ကမ်းရိုးတန်းကို စောင့်ကြပ်နေသော နယ်ခြားစောင့် မျှော်စင်တစ်ခုကို တွေ့လိုက်ရလေသည်။

"ကျောက်တုံးအိမ်ကြီး ပေါ်လာပြန်ပြီ!"

ချန်ရှီက တံခါးကိုပိတ်ပြီး ကျောက်တုံးအိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။ ပင်လယ်ထဲမှာ ဧရာမသားရဲကြီးတွေက ကမ်းရိုးတန်းကို တိုက်ခိုက်နေကြပြီး နယ်စပ်ကင်းစောင့် မျှော်စင်ပေါ်က စစ်သားတွေကလည်း အဲဒီဘီလူးတွေနဲ့ တိုက်ခိုက်နေကြ၏။

"မိသားစုကြီး ၁၃ခုက အားကောင်းသားပဲ"

တုယိရန်က သူ့နောက်ကနေ အသံထွက်လာသည်။

"ယမနန်းတော် ပြိုကျရင် ငရဲနန်းတော်ဆယ်ခုလည်း ပြုတ်ကျလိမ့်မယ်"

ဒါကိုကြားတော့ ချန်ရှီ အံ့သြသွားပြီး လှည့်ကြည့်လိုက်သည်။

"အဘိုးတုက ဘာကိုဆိုလိုတာလဲ"

"ယမနန်းတော် ဆယ်ခု.... အရှင်ချင်းထျန်းက အဆင့်ငါးဆင့်ရှိတယ်... များ​သောအားဖြင့် ငရဲဘုရင်အဖြစ် လူသိများတယ်... ငရဲဘုရင်အပြင် အခြား ယမမင်း ကိုးဦးစလုံး ကျဆုံးသွားခဲ့တယ်"

တုယိရန် ပုဆိန်ကိုချကာ သိုးသားဦးထုပ်ကို ချွတ်လိုက်သည်။ ထူထဲသော သိုးသားအင်္ကျီနှင့် ချည်အင်္ကျီကို ချွတ်ပြီးနောက် နံရံတွင် ချိတ်ဆွဲကာ။

"ရွှမ်မင်နန်းတော်ရဲ့ ယမမင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ပျောက်ကွယ်သွားခဲ့တာ.... အခု ရွှမ်မင်နန်းတော်ရဲ့ ယမမင်းက ကောင်းမိသားစုက ယင်နတ်ဘုရား... ဖူမင်နန်းတော်က ယမမင်းက လွန်ခဲ့တဲ့နှစ်ပေါင်း ရှစ်ရာကျော်က ပျောက်ကွယ်သွားခဲ့တယ်... လီမိသားစုက ဘိုးဘေးတစ်ယောက်က ပိုင်ရှင်အနေနဲ့ ရှိနေပြီ... ကျို့ကျွယ်နန်းတော်၊ ထိုက်ဟဲနန်းတော်၊ မင်ချန်နန်းတော်၊ ရှန်ဟွာနန်းတော်၊ ပိကျန်းနန်းတော်၊ ချီးဖေးနန်းတော်၊ စုယင်းနန်းတော်က ယမမင်းတွေလည်း နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း မိသားစု ၁၃စုကြောင့် တဖြည်းဖြည်း ပြောင်းလဲလာပြီးပြီ..."

သူက ခြေထောက်က နှင်းတွေကို ခါယမ်းပြီး စကားဆက်လိုက်သည်။

"မင်းကို ကယ်ဆယ်ဖို့ သွားတုန်းက သရဲနဲ့ နတ်တွေကြား စစ်ပွဲတွေ အများကြီး ကြုံခဲ့ရတယ်... အဲဒါက ရှမိသားစုက အင်အားတွေ စုစည်းနေတာ.. နတ်ဆိုးတွေလို ဟန်ဆောင်ပြီး စုယင်းနန်းတော်ရဲ့ သရဲ နတ်ဘုရားတွေကို ဝန်းရံထားတာ... အဲဒီတုန်းက မင်းအဘိုးက မင်းကို ရှာတွေ့ဖို့ပဲ စိတ်ပူနေတော့ သတိမထားမိဘူး... သူက မင်းကိုရှာဖို့ပဲ အရမ်းအာရုံစိုက်ထားတော့ သူ့မှာ လှည့်ကြည့်ဖို့ အချိန်မရှိဘူး"

ခေါင်းယမ်းကာ မျက်နှာကိုဆေးကာ အဝတ်အစားလဲရန် အတွင်းခန်းထဲသို့ ဝင်ခဲ့သည်။ သူ တံခါးကို တွန်းဖွင့်ပြီး ထွက်သွားတော့ ချန်ရှီလည်း အပြင်ဘက်သို့ အမြန်လိုက်သွားခဲ့သည်။

အပြင်မှာက လင်းနေပါပြီ။

သူတို့သည် ပင်လယ်ကမ်းစပ်တွင် မဟုတ်တော့ဘဲ တောင်ပေါ်ရှိ မြို့ငယ်လေးဆီ ရောက်နေကြပြီ။ မြို့တွင်း နေထိုင်သူများသည် တုယိရန် နှင့် အလွန်ရင်းနှီးပုံရပြီး သူ့ကို ကျောက်ထွင်းသူတု ဟုခေါ်ပြီး တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။

တုယိရန်ကတော့ လူတိုင်းက သူ့အား ငွေတစ်ထောင်အကြွေးတင်ထားသကဲ့သို့ တင်းမာသော မျက်နှာထားမျိုး ရှိပြီး လူတိုင်း၏ နှုတ်ခွန်းဆက်မှုကို အနည်းငယ်သာ ခေါင်းညိတ်ပြခဲ့သည်။

လူတွေကတော့ သူ့ကို အရမ်းလေးစားကြ၏။

တုယိရန်က မနက်စာစားဖို့ ခေါ်သွားပြီး ဆန်လုံးညို တစ်ပန်းကန်နဲ့ ခေါက်ဆွဲပြုတ်ကို မှာလိုက်သည်။ သူက ချန်ရှီ နဲ့ အနက်ရောင်အိုးကို ကြည့်ပြီး နောက်ထပ် အသားဟင်းအနည်းငယ်ကို ထပ်မှာလိုက်သည်။

"မင်းက ကြီးထွားလာနေတုန်းပဲ.. များများစား"

ခေတ္တရပ်လိုက်ပြီးနောက် :"ရှမိသားစုက နတ်ဆိုးဟန်ဆောင်တာ အရမ်းထူးဆန်းတယ်...ချန်ယင်တူးက စုံစမ်းဖို့ မသွားတော့ ငါ တစ်ယောက်တည်း ငရဲပြည်ထဲရောက်သွားတယ် အစတုန်းကတော့ နတ်ဆိုးနတ်ဘုရားက ဒုက္ခရောက်နေတယ်လို့ ထင်ခဲ့ပေမယ့် သဲလွန်စတွေ ပိုများလာတော့ မိသားစု ဆယ့်သုံးစုက ငရဲပြည်ရဲ့ နန်းတော်တွေကို အစားထိုးပြီးသွားပြီ... ငရဲဆယ်ခုကို အစားထိုးလို့ မရသေးလို့သာ မဟုတ်ရင် ဟိုးအရင်တုန်းက ငရဲတွေပါ အစားထိုး ခံလိုက်ရမှာပဲ"

အသက်ကြီးပြီးမလို့ မနက်ဆို အသားမစားနိုင်တော့ချေ။ သူသည် အစာအိမ် အာဟာရအတွက် ဆန်လုံးညိုကိုသာ သောက်နိုင်ခဲ့သည်။ ချန်ရှီရှေ့က အငွေ့တထောင်းထောင်းနဲ့ ကြာစွယ်စွပ်ပြုတ်ကို ကြည့်ပြီး သူ့တံတွေးကို မျိုချလိုက်သည်။

"မင်းက ဘာလို့ ဒီကို ပြေးလာတာလဲ"

ချန်ရှီလည်း သူ့အမေရဲ့ ဝိညာဉ်ကို ရှာဖွေမယ့်အကြောင်း ပြောပြလိုက်သည်။

"ကျွန်တော့ အမေ့ကို ကယ်ဆယ်ဖို့ လုပ်နေပေမယ့် ယွမ်ချန်နန်းတော်ရဲ့ အပြင်ဘက်မှာက အစောင့်တွေ အရမ်းများလို့ မတတ်နိုင်ခဲ့ပါဘူး... အပြင်မှာ စောင့်နေတဲ့ ဟေးကော်လို ဧရာမ ဘီလူးကြီးကလည်း ရှိ​သေးတယ်..."

တုယိရန်: "ကြာစွယ်စွပ်ပြုတ်ကို မြန်မြန်စား... မဟုတ်ရင် အေးသွားမယ်"

ချန်ရှီလည်း အသားကိုချလိုက်ပြီး ကြာပန်းကြက်စွပ်ပြုတ် ပန်းကန်လုံးကိူ အမြန်ပြီးသွား​အောင် စားလိုက်သည်။ ကြက်သားအပြင် ကြက်စွပ်ပြုတ်မှာလည်း ထမင်းစိမ်ပြီး ငရုတ်ကောင်း ထည့်ထား၏။ ချဉ်စပ်စပ် အရသာကလည်း အတော်​လေး ကောင်းလှကာ စားပြီးတာနဲ့ သူ့ဗိုက်ကလေးတောင် ပွက်ပွက်ထသွားသည်။

တုယိရန်က အမဲသားနဲ့ တို့ဟူးပါတဲ့ အကြည်ဟင်းရည်ပန်းကန်လုံးကို သူ့ရှေ့အထိ တွန်း​ပေးလိုက်ပြီး ဒါကို စားသင့်တယ်လို့ ညွှန်ပြလိုက်၏။ ချန်ရှီကို ငုံ့ကြည့်နေရတာကို သူ အရမ်းကျေနပ်နေပုံပါပဲ။

"လွန်ခဲ့တဲ့ လေးနှစ်က မင်းအဘိုး မင်းကိုရှာဖို့ မြေအောက်ကမ္ဘာကို သွားခဲ့တယ်.... အဲဒီတုန်းက သူတစ်ယောက်တည်း ထွက်သွားပြီး ဘယ်သူ့ကိုမှလည်း မပြောသွားဘူး။"

တုယိရန်က သူ့စားစရာတွေကို ချွေတာနေတဲ့ ဟေးကော်ကို ကြည့်ပြီး တိုးတိုးလေး ဆက်ပြောလိုက်သည်။

"သူပြန်လာတော့ လက်ဖဝါးလောက်ရှိတဲ့ ခွေးနက်တစ်ကောင်ကို ပြန်ယူလာခဲ့တယ်"

ဟေးကော်သည် အနီရောင် ဘဲသားဟင်းချိုအိုးကို စားပြီး အခြားစားပွဲတစ်ခုတွင် ရှိနေခဲ့သည်။ အိုးကိုကိုင်ပြီး သောက်ဖို့ ပြင်နေတုန်း ထိုစကားကို ကြားသောအခါ ရုတ်တရတ် အေးခဲကာ နားရွက်က ထောင်လာသည်။

"ငါ သူ့ကိုရှာဖို့ လာတော့ ဒီခွေးကို မရဏကမ္ဘာက တွေ့ခဲ့တာလို့ ပြောတယ်"

တုယိရန်က ဟေးကော်ကို ဖုံးကွယ်ထားသလိုမျိုး အသံကို လျှော့လိုက်ပေမယ့် ဟေးကော်ကိုတော့ မျက်လုံးတွေက အမြဲတမ်း စိုက်ကြည့်နေ၏။

"အဲဒီမရဏခရီးကနေ သူဘာတွေ ရခဲ့လဲ သူ့ကို မေးချင်ပေမယ့် ဒီခွေးနက်လေးကို မြင်လိုက်တာနဲ့ ငါ အံ့ဩသွားတယ်... ဒီအရာလေးမှာ ကိုယ်ပိုင် နတ်တစ္ဆေဘုံ ရှိတယ် ငါ့ရဲ့ အသိဥာဏ်ကို ပြောင်းလဲဖို့တောင် ကြိုးစားခဲ့​သေးတယ်... မင်းဘယ်ကရလာတာလဲ မေးတော့ မင်းအဘိုးက ကောက်ရတာတဲ့... ငါ မယုံလို့ ထပ်မေးတော့ တစ်စုံတစ်ယောက်က ပေးလိုက်တာလို့ ပြောရော!"

ဟေးကော်က သူတို့ကို ကျောခိုင်းလိုက်ပြီး သူ့နားတွေ တဖြေးဖြေး မတ်တတ်ထလာကာ သူ နှစ်ယောက်နဲ့ နီးကပ်လာသည်။ တုယိရန်ကလည်း အဲဒီနားရွက်ကို စိုက်ကြည့်ရင်း အသံကို လျှော့လိုက်သည်။

"ဘယ်သူ လွှတ်လိုက်တာလဲလို့ မေးတော့ သူက အရမ်း တန်ခိုးကြီးတဲ့ တစ္ဆေနတ်ဘုရားနဲ့ သဘောတူညီမှု ရသွားတာလို့ ပြောပြီး အဲဒီ တစ္ဆေနတ်ဘုရားက လွှတ်လိုက်တာတဲ့လေ... သူက အဲဒီတစ္ဆေနတ်ဘုရားနဲ့ သဘောတူညီမှု ရခဲ့တယ်တဲ့"

ဟေးကော်ရဲ့ ခေါင်းအနောက်ဘက်သည် ၎င်းတို့၏ စားပွဲနှင့် ထိလုနီးပါး ဖြစ်သွားသည်။ ချန်ရှီ ချောင်းဆိုးပြလိုက်တော့ ဟေးကော် အမြန်ထထိုင်လိုက်သည်။

"ကျ​နော့်အဘိုးက အဲဒီတ​စ္ဆေနတ်ဘုရားနဲ့ ဘာသဘောတူညီချက်ရခဲ့တာလဲ"

"သဘောတူညီချက်က ခွေး လုံခြုံရင် မင်းအမေလည်း လုံခြုံလိမ့်မယ်"

ချန်ရှီ အံ့အားသင့်သွားပြီး ဟေးကော်ကို ပြန်ကြည့်မိသည်။ ထိုစဥ် တုယိရန်က ယာဂုကို ပြီးအောင်​သောက်ကာ အော်ပြောလိုက်၏။

"ငါ ဗိုက်တအားပြည့်နေပြီ"

ချန်ရှီသည် ငွေရှင်းဖို့ ထလိုက်တော့ တုယိရန်က သူ့လက်ကို ဖိချလာသည်။

"ငါရှင်းမယ်"

ချန်ရှီ ပြုံးပြီး။

"အဘိုးတုက ဘာမှ မစားတာ သိသာပါတယ်... ကျနော်နဲ့ ဟေးကော်ကပဲ အကုန်စားနေတာ"

တုယိရန်က ခေါင်းခါပြီး :"မင်းက ငါ့မြေး... ငါ့အတွက် ရှင်းပေးရတာမျိုးက အဓိပ္ပာယ်မရှိဘူး... ငါက အသက်ကြီးပြီး ဗိုက်ကလည်း မကောင်းဘူး... ဘာမှ မစားနိုင်တော့ဘူး။ မင်းစားတာကို ကြည့်ရတာတင် အရမ်းကျေနပ်နေပါပြီ"

သူသည် ငွေပေးချေရန် ထသွားကာ ယခင်အလုပ်များကို ဆက်လက်ပြော​ပြရန် ချန်ရှီနှင့်အတူ ပြန်သွားခဲ့သည်။

"ငါ တစ်ယောက်တည်း မရဏကမ္ဘာကို ရောက်သွားချိန်မှာတော့ အန္တရာယ်တွေ အများကြီး ကြုံတွေ့ခဲ့ရပေမယ့် သေခြင်းတရားကနေ အမြဲတမ်း လွတ်မြောက်အောင်တော့ စွမ်းဆောင်နိုင်ခဲ့တယ်... ဒါပေမယ့် နှစ်ပေါင်းများစွာ ညဘက်လမ်းလျှောက်ပြီး နောက်ဆုံးတော့ မကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ရတော့တာပဲ... တိုက်ပွဲကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာပေါ့ အဲဒါက ယန်မိသားစုရဲ့ နတ်ယောင်ဆောင်တဲ့ သရဲတစ္ဆေတွေက လမင်းရဲ့ မျက်ခုံးမွှေးတွေကြားက ထူးဆန်းတဲ့ သရဲတစ္ဆေတွေကို ဝိုင်းရံနေခဲ့တာပဲ... သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အရမ်းမြင့်မားပေမယ့် ရန်သူရဲ့ အရေအတွက်က သာလွန်နေသေးတော့ မဟန်ခဲ့ဘူး ... တိုက်ပွဲအတွင်းမှာ ထူးဆန်းတဲ့ စာအုပ်တစ်အုပ်က ငါ့ခန္ဓာကိုယ်ထဲကို ပျံဝင်လာတယ်... အဲဒီ့အချိန်ကစပြီး ငါ့ပတ်ဝန်းကျင်မှာလည်း ထူးဆန်းတဲ့ အရာတွေ ထပ်ခါထပ်ခါ ဖြစ်လာခဲ့တာပဲ!"

ချန်ရှီ တိတ်တဆိတ် နားထောင်​နေခဲ့သည်။

"ငါက အစက လူ​တွေအတွက် အုတ်ဂူတွေမှာ ကမ္ဗည်း ထွင်းထုပေးတဲ့ ကျောက်ပန်းရံတစ်ယောက်ပေါ့... ဟွမ်ရှီတောင်တဝိုက်က ကျေးလက်တောရွာမှာဆို အသက်ကြီးသူတွေက သူတို့ကိုယ်သူတို့ သက်တမ်းမရှည်ဘူးလို့ ခံစားရတော့ သင်္ချိုင်းတစ်ခုကို ရွေးချယ်ပြီး သူတို့အတွက် အုတ်ဂူတစ်ခု ကြိုတင်မှာကြားထားတတ်တယ်... အဲဒီလိုလူတွေဆို ငါ့ဆီ ရောက်လာကြတယ်!"

တုယိရန်က မဟာယာနဖြစ်နေပြီ။ ဒီလိုမျိုး ကျင့်ကြံမှုနဲ့ဆို ပိုက်ဆံအတွက် စိတ်ပူစရာ မလိုနေပေမယ့် သူ့လက်နဲ့ ငွေရှာရတာကို ပိုကြိုက်လေသည်။

အုတ်ဂူများ ထွင်းထုခြင်းသည် သူ၏လက်ရာဖြစ်သည်။ ရွာသားတွေက စာသိပ်မတတ်တဲ့အတွက် အုတ်ဂူကျောက်စာမှာ ရေးပြီး ကွယ်လွန်သူရဲ့ နာမည်ကို ရေးထိုး​ပေးဖို့ လိုပါ၏။ ပိုက်ဆံက သိပ်မများပေမယ့် သူ့မိသားစုကို ထောက်ပံ့ဖို့တော့ လုံလောက်ပါသည်။

အဘိုးအိုသည် ရက်အနည်းငယ်အတွင်း သေဆုံးသွားတော့မယ်လို့ တွေးထားပြီး သင်္ချိုင်းဂူ ထွင်းထုရန် သူ့ထံသို့ လာခဲ့သော်လည်း တုယိရန် ၎င်းအမည်ကို ရေးထိုး​ပေးပြီးနောက် မကြာခင်မှာပဲ သေဆုံးသွားခဲ့သည်။

တဖြည်းဖြည်းနဲ့ လူတွေက ဒီကိစ္စကို ရှာဖွေတွေ့ရှိလာကြသည်။

ကျောက်ပန်းရံဆရာတုသည် သင်္ချိုင်းဂူတွင် နာမည်ရေးထိုးထားသရွေ့ ထိုလူသည် ချက်ချင်း သေဆုံးသွားလိမ့်မည်။

နောက်ကွယ်မှာ လူတွေက သူ့ကို ယမမင်းတုလို့ ခေါ်ကြပြီး နတ်ဆိုးအဖြစ်လည်း သတ်မှတ်တတ်ကြသည်။ သို့သော် အုတ်ဂူကျောက်စာပေါ်တွင် သူတို့၏အမည်များကို ရေးထိုးမည်ကို စိုးရိမ်သဖြင့် အားလုံးက သူ့ကို လေးစားကြသည်။

“နောက်တော့ တခြားနေရာက လူတော်တော်များများက သူတို့ရဲ့ သက်ကြီးရွယ်အိုတွေအတွက်မဟုတ်ဘဲ သူတို့ရဲ့ ပြိုင်ဘက်တွေကို သတ်ဖို့ သင်္ချိုင်းကမ္ဗည်းကို ထွင်းခိုင်းလာတယ်..."

တုယိရန်က ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး သူဒီလိုပြောတဲ့အခါ မှိုင်းညို့တဲ့စိတ်တွေ ရှိနေသလိုပင်။ ခဏကြာတော့ သူက ဆက်ပြော၏။

"အဲဒီလူယုတ်မာတွေက ငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေချင်နေတာ... ငါ့မှာ နာမည်ကောင်းမရှိပေမယ့် အဆင်မပြေဘူး​လေ အဲဒီအချိန်ကစပြီး ငါက သေသူတွေအတွက် အုတ်ဂူတွေပဲ ထွင်းတယ်... အသက်ရှင်နေသရွေ့ အဲ့လူရဲ့ နာမည်ကို မရေးတော့ဘူး"

နှစ်ယောက်သား ကျောက်တဲထဲသို့ ပြန်လာခဲ့ကြသည်။

"ချန်ရှီ မိသားစုကြီးဆယ့်သုံးခုက အာဏာရှိနေပြီ။ ငါတားလို့မရဘူး... ချန်ယင်တူးတောင်မှ မတားနိုင်သလို မင်းလည်း မတားနိုင်ဘူး... တရားသူကြီး သုံးယောက်ကို ငါစာအုပ်ရထားလို့ ငရဲဘုရင်အနေနဲ့ ဝင်ကယ်လိုက်တာ... မိသားစုကြီးဆယ့်သုံးခုက အားကောင်းတယ်... ချန်ရှီ ငါလည်း အသက်ကြီးနေပြီ"

ဒီလိုပြောတဲ့အခါ သူက စကားရပ်သွားတော့သည်။ ချန်ရှီ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

"အဘိုးတု ကျွန်တော် နားလည်ပါတယ်"

"မင်းနားလည်တာ ကောင်းပါတယ်... ငါ့ရဲ့ ချီနဲ့ သွေးတွေက မလုံလောက်ဘူး၊ ငါ့ဝမ်းကလည်း မကောင်း ငါ့ခန္ဓာကိုယ်က အိုမင်းနေပြီလေ ငါစားချင်ရင်တောင် မင်းစားတာကိုပဲ စောင့်ကြည့်ရမှာ... ငါ စုံစမ်းဖို့ မြေအောက်ကမ္ဘာကို ရောက်ခဲ့တာ နှစ်တွေကြာပြီ... ဒဏ်ရာရထားတော့ အသက်ရှင်ဖို့ နှစ်တွေအများကြီး မရှိတော့ဘူး... မင်းအဘိုးက ငါ့ကို ကူညီပေးဖို့ တောင်းဆိုရင်တောင် မနေနိုင်တော့ဘူး... ငါအသက်မရှင်ချင်တော့ဘူး"

ချန်ရှီက ပြုံးပြီး။

"စိတ်မပူပါနဲ့ အဘိုးတု... မိသားစု၁၃စုက တန်ခိုးကြီးချင်ရင် သူတို့ကို လုပ်ခွင့်ပေးလိုက်ပေါ့... ကျနော်တို့ ဘဝကို ကိုယ့်ဘာသာ ဖြတ်သန်းကြရအောင်"

တုယိရန်က သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။

"မင်းအဖိုးက လူဆိုးတစ်ယောက်... သူက ရှားချိုးထုန်၊ ချင်းယန်၊ ဟူရှောင်လျောင်နဲ့ အားကျိုးကို မကောင်းမှုလုပ်ခိုင်းပြီး မကောင်းဆိုးဝါးငါးကောင်လို့ နာမည်ကြီးလာအောင် လုပ်ထားတာ... သူတို့က ငါ့ကို သူတို့နဲ့ပူးပေါင်းဖို့ စုဆောင်းချင်ပေမယ့် ငါ ငြင်းဆိုခဲ့တယ်လေ... ကံကောင်းထောက်မစွာပဲ သူတို့ကို ခဏခဏ ကူညီပေးခဲ့တယ် မဟုတ်ရင် သူတို့က အပြစ်ထဲ ပိုနက်သွားမှာ သေချာတယ်..."

သူက တံခါးဖွင့်ပြီး :"ငါမရှိရင် သူတို့လဲကျတာကြာပြီပေါ့... ငါပြင်ပေးခဲ့တာ..."

အပြင်ဘက်မှာ ရေခဲနဲ့ နှင်းတွေ ဖုံးလွှမ်းနေတဲ့ ကမ္ဘာတစ်ခု ဖြစ်ပေမယ့် ကျောက်မိုင်းမဟုတ်ပဲ တခြားနေရာ ဖြစ်သွားသည်။

"ချန်ရှီ ငါ အခုကစပြီး တံခါးပိတ်ကျင့်ကြံ နေတော့မယ်။ တခြားသူတွေကို မပြောနဲ့... ချင်းယန်နဲ့ တခြားသူတွေ မေးရင် ငါသေသွားပြီလို့ ပြောရမယ်... အမတမြို့ကို ပြန်သွားတော့.... ငါ မင်းကို မတွေ့ခဲ့ဘူး"

"အဘိုးတု ခဏစောင့်ပါဦး!"

သူသည် ဘုံကျောင်းငယ်မှ အသက်ရှည်စေမည့် ဂျင်ဆင်းသစ်သီးအချို့ကို ရွေးယူကာ တုယိရန် လက်ဖဝါးထဲ ထည့်ပေးလိုက်သည်။

"ဒါက အဘိုးအတွက် လက်ဆောင်ပဲ"

တုယိရန်က တစ်ချက်ကြည့်လိုက်ပြီး။

"ဂျင်ဆင်းအသီးကို ငါစားဖူးတယ်... လနည်းနည်းလောက် သက်တမ်းတိုးလိမ့်မယ် ဒါပေမယ့် ငါ့အတွက်က သိပ်အသုံးမဝင်ဘူး။ မင်းသိမ်းထားလို့ရတယ် ဒါမှမဟုတ် တခြားသူတွေကို ပေးလို့ရတယ်"

ချန်ရှီ အပြစ်ကင်းစင်စွာ ပြုံးပြလိုက်သည်။

"ဒီဂျင်ဆင်းအသီးတွေက မတူဘူး... ကျနော့်ဂျင်ဆင်းက အစွမ်းထက်တယ်... အဘိုးတု ဒါတွေကို လက်ခံပေးပါနော်... အဲဒါက ကျနော့်နှလုံးသားပဲ"

တုယိရန်က ဂျင်ဆင်းအသီးကို စားပွဲပေါ် တင်လိုက်သည်။ ချန်ရှီ သူ့ကို သေချာပေါက် စားပေးဖို့ပြောပြီး ကျောက်တုံးအိမ်ထဲကနေ ထွက်လာခဲ့လေ၏။

အပြင်မှာ အေးခဲနေသည်။ ချန်ရှီ နောက်ပြန် လှည့်ကြည့်လိုက်တော့ ကျောက်တုံးအိမ်ရဲ့ သစ်သားတံခါးက ပိတ်ထားတာကို တွေ့လိုက်ရသည်။ တံခါး ပိတ်လိုက်သည်နှင့် အိမ်တံခါးက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။

"အဘိုးတုရဲ့ မှော်အစွမ်းက နားမလည်နိုင်အောင် အံ့သြစရာ ကောင်းတယ်..."

ချန်ရှီ မအံ့သြဘဲ မနေနိုင်ခဲ့။

"ဟေးကော် ငရဲပြည်ကို ပြန်သွားပြီးတော့ တရားသူကြီး သုံးယောက်ကို ရှာရအောင်!"

လေပြင်းတစ်ချက် တိုက်ခတ်လာပြီးတာနဲ့ ချန်ရှီနဲ့ ဟေးကော်တို့ နှင်းပြင်ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။

ကျောက်တုံးအိမ်လေးထဲမှာ တုယိရန် တံခါးကို ဖွင့်လိုက်သည်။ အပြင်မှာ လှပတဲ့ တောင်တန်းတွေ နဲ့ ကြည်လင်တဲ့ ရေတွေ ၊ ငှက်ကလေးတွေ တေးဆိုကာ ပန်းတွေလည်း ပွင့်​နေ၏။ အရှေ့ဘက်ကမ်းပါးပေါ်တွင် တွဲလောင်းကျနေသော ရေတံခွန်တစ်ခုသည် ချောက်ကမ်းပါးအောက်ရှိ နက်နဲသော ရေကန်ထဲသို့ စီးကျသွားသည်။

တုယိရန် သူ့အတွက်သူ လက်ဖက်ရည်တစ်ခွက်လုပ်ကာ ကုတင်ပေါ်တွင် ငြိမ်သက်စွာထိုင်ကာ ညင်သာစွာ လှုပ်ယမ်းကာ ရံဖန်ရံခါ ပြင်းထန်စွာ ချောင်းဆိုး​နေသည်။ သူတကယ် အသက်ကြီးနေပါပြီ။ ထိုနှစ်များတွင် သူသည် ချန်ယင်တူးနဲ့လိုက်ကာ မရဏကမ္ဘာသို့ လိုက်သွားပြီး သရဲများနှင့် နတ်ဆိုးများအား တိုက်ခိုက်ခဲ့ရာ သူ့မှာ ဒဏ်ရာတွေ ပိုများလာသည်။

သူသည် ရေကန်ငါးခု လူဆိုးခြောက်ယောက်ထဲတွင် အသက်အကြီးဆုံး ဖြစ်ပြီး ချန်ယင်တူးက သူ့ကို အစ်ကိုကြီးဟုလည်း ခေါ်တွင်သောကြောင့် သူသည် အခြားသူများကို ဂရုစိုက်ကာ အများဆုံးပါဝင်ခဲ့သည်။

နောက်ပိုင်းတွင် သူသည် ငရဲဘုရင်ဆယ်ပါးအကြောင်း သဲလွန်စရှာဖွေရန် တစ်ယောက်တည်း ငရဲပြည်သို့သွားခဲ့ရာမှ အကြိမ်ကြိမ် ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရသည်။ ယင်ချီက သူ၏ အတွင်းအင်္ဂါများကို ယိုယွင်းပျက်စီးစေခဲ့သည်။

"ငါသာ နှစ်နည်းနည်း ငယ်သေးပြီး ခွန်အားတွေ ရှိနေသေးရင် မင်းအမေကို ကယ်တင်ဖို့၊ ငရဲဘုရင်ကို ကယ်တင်ပြီး မိသားစုဆယ့်သုံးစုကို တိုက်ခိုက်ဖို့ မင်းနဲ့အတူ လိုက်ခဲ့မှာပါ... ဒါပေမယ့် ငါကအခု အသက်ကြီး​နေပြီ"

သူက ရေတံခွန်အောက်မှာ တွဲလောင်းကျနေတဲ့ သက်တံကို ကြည့်ပြီး ရေရွတ်လိုက်သည်။

"ယန်မိသားစုကို မျက်နှာမူပြီး ကျောက်​ပြားကို ကြိုထွင်းမယ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ပဲ သတ္တိရှိတော့တယ်... လေးလေးနက်နက်ဟန်ဆောင်ပြီး သူတို့ကို တိုက်ရိုက် မရင်ဆိုင်ဝံ့​တော့ဘူး... ငါ တကယ်အသက်ကြီးလာပြီ ငါ့သူငယ်ချင်း ချင်းယန် ကွယ်လွန်သွားပြီ... ချန်ယင်တူးလည်း စောစောထွက်သွားပြီ... အစက လှပတဲ့ ရှားချိုးထုန်လည်း တစ္ဆေသရဲလို အဘွားကြီးတစ်ယောက်ပဲ ဖြစ်သွားပြီ... ကောင်းကင်မြေခွေးတောင် နတ်တစ္ဆေဘုံနဲ့ ရှင်သန်နေရတယ်..."

သူ သက်ပြင်းချလိုက်ပြီး ဒီမှာ ငြိမ်ငြိမ်လေး သေသွားတာ ကောင်းမယ်လို့ တွေ့လိုက်သည်။ စားပွဲပေါ်က လက်ဖက်ရည်က အေးနေပါပြီ။ တုယိရန်သည် လက်ဖက်ရည်ခွက်ကို ကြည့်ကာ မသောက်ဝံ့ပေ။ လက်ဖက်ရည်က အေးပြီမလို့ ဗိုက်နာလိမ့်မည်။

ထိုစဥ် ချန်ရှီ ပေးသော ဂျင်ဆင်း အသီးအနှံများကို ကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

"ဒါက ချန်ယန်တောင်မှာ ဂျင်ဆင်းမြက်ရုပ်တွေရဲ့ အသီး မဟုတ်ဘူးလား.... ငါ ချန်ယန်တောင်မှာ ဧည့်သည်ဖြစ်တုန်းက ခေါင်းကို ပြောင်ခဲ့... ဟေး!"

တုယိရန်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ကမ်းခြေရှိ ကျောက်ဆောင်များကို ရိုက်ခတ်နေသော ဒေါသပင်လယ်ရှိ လှိုင်းလုံးများကဲ့သို့ ကျယ်လောင်သော သွေးများနှင့် ချီများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

"ဒီဂျင်ဆင်းမြက်သီးက တကယ် အစွမ်းထက်တာပဲ!"

ပြင်းထန်သော သွေးနှင့် ချီစွမ်းအင်များက ကျောက်တုံးအိမ်ထဲမှ ပေါက်ထွက်လာသည်။

"ဗုန်း!"

မဟာယာနနယ်ပယ်၏ အထွတ်အထိပ်သွေးနှင့် ချီသည် ကောင်းကင်သို့ ပြေးတက်ကာ ကျောက်တုံးအိမ်ခေါင်မိုးပေါ်မှ မှုတ်ထုတ်လိုက်ရာ နောက်တစ်ခိုက်တွင် ရေတံခွန်တောင် နောက်ပြန်စီးဆင်းကာ ကောင်းကင်သို့ ပြေးတက်သွားလေသည်။

ကောင်းကင်တွင် သွေးနှင့် ချီသည် မိုင်ဒါဇင်ပေါင်းများစွာ အရွယ်အစားရှိ သွေးတိမ်များအဖြစ် ပေါင်းစပ်သွားပြီး တိမ်ထဲတွင် လျှပ်စီးလက်ကာ မိုးကြိုးပစ်လာသည်။ ငယ်ရွယ်ပြီး သန်မာသော အသွင်အပြင်က သွေးတိမ်တိုက်အောက်တွင် ရပ်နေ၏။

တုယိရန်သည် သူ၏ လက်ရှိအထွတ်အထိပ် ကျင့်ကြံမှုဖြင့် အသက်နှစ်ဆယ်သို့ ပြန်​ရောက်သွားသဖြင့် အံ့အားသင့်သွားခဲ့သည်။

All Chapters