← Chapters

လူနှင့်နတ်တို့၏အမျက်ဒေါသကိုနှိုးဆွသော နှလုံးသားမဲ့လူ

Vol. 17 Ch. 242

လူနှင့်နတ်တို့၏အမျက်ဒေါသကိုနှိုးဆွသော နှလုံးသားမဲ့လူ

Vol. 17 Ch. 242

ယွဲ့ဟယ်ရွှမ်းနှင့် သူ၏အဖော်နှစ်ဦးတို့သည် သူတို့၏တန်ခိုးစွမ်းအားကို အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားနေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။

ဤသည်မှာ မြူခိုးဝေတောင်တန်းများ၏ အနက်ရှိုင်းဆုံးအပိုင်းဖြစ်ပြီး တောင်ထိပ်မှ ရေတံခွန်တစ်ခုသည် တရဟောစီးကျလျက်ရှိသည်။

ယွဲ့ဟယ်ရွှမ်းက သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ ဧရာမရေတံခွန်ကြီးသည် ဘယ်ညာနှစ်ဖက်သို့ ကွဲအက်သွားပြီး မဲမှောင်နေသော ဂူပေါက်ဝတစ်ခု ထွက်ပေါ်လာသည်။

ရေကန့်လန့်ကာ၏ နောက်ကွယ်တွင် ဂူတစ်ခုရှိနေလိမ့်မည်ဟု မည်သူမျှထင်မှတ်ထားမည်မဟုတ်ပေ။

"အထဲဝင်ကြစို့။"

ရှပ်ခနဲအလင်းတစ်ချက်လက်သွားသည်နှင့် ပုံရိပ်သုံးခုသည် ဂူထဲသို့ ဝင်ရောက်သွားကြသည်။

နေရာသည် ကျယ်ဝန်းပြီး အပြင်ဘက်မှမြင်ရသည်ထက် များစွာပို၍ကြီးမားလှသည်။

တစ်ချက်မျှ ဝေ့ကြည့်လိုက်ရုံဖြင့် မြေပြင်တစ်ခုလုံး ဓားများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရပြီး၊ ၎င်းဓားအားလုံးကို အနက်ရောင်သံကြိုးများဖြင့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ချည်နှောင်ထားသည်။

ဓားသွားများမှ တချွင်ချွင်မြည်သံက ပဲ့တင်ထပ်နေပြီး ဂူပေါက်ဝမှ ရေတံခွန်၏ ရေကျသံကိုပင် လွှမ်းမိုးသွားသည်။

ဤနေရာမှာမူ အခြားမဟုတ်၊ အနန္တဓားဂိုဏ်း၏ ဓားသင်္ချိုင်းပင်ဖြစ်သည်။

ယွဲ့ဟယ်ရွှမ်းနောက်သို့လိုက်၍ ဓားသင်္ချိုင်းထဲသို့ ပိုမိုနက်ရှိုင်းစွာဝင်သွားရာ မကြာမီမှာပင် သူတို့၏ခြေအောက်မှ ပတ်ဝန်းကျင်သည် ကျောက်နံရံများနှင့် မြေကြီးများမှ မည်သည့်မိစ္ဆာသတ္တဝါများ၏ အရိုးများမှန်းမသိသော ဧရာမအရိုးစုဖြူကြီးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤအရိုးစုများသည် နှစ်ပေါင်းများစွာ ရာသီဥတုဒဏ်ခံခဲ့ရသော်လည်း ၎င်းတို့ထံမှ ကျန်ရှိနေသော အငွေ့အသက်သည် ယွဲ့ဟယ်ရွှမ်းနှင့်သူ၏အဖော်များကိုပင် အနည်းငယ်မသက်မသာဖြစ်စေသည်။

အနက်ရှိုင်းဆုံးအပိုင်း၊ အရိုးစုများ၏အဆုံးတွင် သူတို့သည် တောရိုင်းတိရစ္ဆာန်တစ်မျိုးမျိုးနှင့်တူသော ဦးခေါင်းခွံတစ်ခုကို တွေ့လိုက်ရသည်။ ဦးခေါင်းခွံ၏ နဖူးအလယ်တွင် လက်မအရွယ်အပေါက်နက်ကြီးတစ်ခုသည် အထူးပင်ထင်ရှားလျက်ရှိပြီး ၎င်းအထက်တွင် လျှပ်စီးကြောင်းများ လှိုင်းထနေသည်။

"အနန္တဓားဂိုဏ်း၏ မှတ်တမ်းများအရ ဓားဘိုးဘေးသည် ဒီမိစ္ဆာသားရဲကို သတ်ဖြတ်ပြီးနောက် ပျောက်ကွယ်သွားခဲ့ပြီး သားရဲ၏နဖူးတွင် ထိုးစိုက်ထားသောဓားကိုသာ ချန်ထားရစ်ခဲ့တယ်" ဟု ယွဲ့ဟယ်ရွှမ်းက ရှင်းပြသည်။

"နောက်ဆက်ခံတဲ့ ဂိုဏ်းချုပ်တွေက ခရမ်းရောင်မိုးကြိုးနတ်ဓားကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် အားလုံးလက်ဗလာနဲ့ပဲ ပြန်သွားခဲ့ကြရတယ်။"

"တချို့ကတော့ ဒီမိစ္ဆာကောင်က သိပ်အစွမ်းထက်လွန်းလို့ ဓားဘိုးဘေးက သူသေဆုံးပြီးနောက် ပေါ်ထွက်လာမယ့် နက်နဲတဲ့နတ်ဘုရားစွမ်းအင်တွေက ဘေးဒုက္ခဖြစ်စေမှာစိုးလို့ သူ့ရဲ့ကိုယ်ပိုင်ဓားကိုသုံးပြီး တားမြစ်ချက်တွေချမှတ်ကာ ဒီကောင်ရဲ့အကြွင်းအကျန်တွေကို ဖိနှိပ်ထားခဲ့တယ်လို့ ခန့်မှန်းကြတယ်။"

"ဒါပေါ့၊ ဒါက ခန့်မှန်းချက်သက်သက်ပါပဲ။ ကိစ္စရဲ့အမှန်တရားကတော့ သမိုင်းထဲမှာ ကြာရှည်စွာပျောက်ဆုံးသွားခဲ့ပါပြီ။" ယွဲ့ဟယ်ရွှမ်းက သက်ပြင်းချလိုက်သည်။

ခဏရပ်ပြီးနောက် သူသည် ခရမ်းရောင်မိုးကြိုးနတ်ဓား လောကထဲသို့ ပေါ်ထွက်လာခဲ့သည့်ညအကြောင်းကို ပြန်လည်ပြောပြစပြုသည်။

"ဓားသင်္ချိုင်းမှာ ပြောင်းလဲမှုတစ်ခုဖြစ်ပွားခဲ့တယ်။ ဓားပေါင်းများစွာ တုန်ခါလာပြီး ဓားချီတွေလည်း ကောင်းကင်ကို ထိုးတက်သွားတယ်။"

"ကျွန်တော်နဲ့ တောင်ထွတ်သခင်တခြားတစ်ဆယ့်နှစ်ယောက်က ဓားသင်္ချိုင်းအပြင်ဘက်မှာ စုဝေးပြီး ရေတံခွန်ဂူပေါက်ကနေ လျှပ်စီးကြောင်းတစ်ခုထိုးထွက်လာပြီး ကောင်းကင်ကို ထိုးတက်သွားတာကို မျက်မြင်ကိုယ်တွေ့ ကြည့်နေခဲ့ကြတယ်။"

"အဲ့ဒီလျှပ်စီးကြောင်းက ခရမ်းရောင်မိုးကြိုးနတ်ဓားပဲ။"

"ဓားသင်္ချိုင်းထဲမှာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့တဲ့ ခရမ်းရောင်မိုးကြိုးနတ်ဓားက ရုတ်တရက်ပေါ်လာတော့ ကျွန်တော်တို့အားလုံး အတော်လေး သံသယဖြစ်ခဲ့ကြတယ်။"

"ဒါပေမဲ့ ဓားသင်္ချိုင်းအတွင်းအပြင်ကို စစ်ဆေးပြီးတဲ့နောက်မှာတော့ ပုံမှန်မဟုတ်တာ ဘာမှမတွေ့ခဲ့ဘူး။"

"တောင်ထွတ်သခင်တစ်ယောက်က မိစ္ဆာကောင်ရဲ့ ကျန်ရှိနေတဲ့နတ်ဝိညာဉ်က အချိန်အတော်ကြာဖိနှိပ်ခံထားရလို့ လုံးဝပျောက်ကွယ်သွားတာဖြစ်နိုင်တယ်လို့ အကြံပြုခဲ့တယ်။"

"ပြီးတော့ ခရမ်းရောင်မိုးကြိုးနတ်ဓားက ကန့်သတ်ချက်ကို ဆက်ထိန်းထားစရာမလိုတော့လို့ ဓားသင်္ချိုင်းကနေ ပျံထွက်သွားပြီး လူ့ဘုံလောကမှာ ပြန်ပေါ်လာတာဖြစ်မယ်" ဟု ယွဲ့ဟယ်ရွှမ်းက လေးနက်သောအသံဖြင့် ဆိုသည်။

မျက်နှာဖုံးမဲ့လူသည် သူ၏ချီစွမ်းအင်ကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို သေချာစွာခံစားကြည့်သော်လည်း သံသယဖြစ်စရာ တစ်စုံတစ်ရာမတွေ့ရှိပေ။

အဘိုးကြီးပိုင်လီသည် ခဏမျှစဉ်းစားကာ သူ၏ညာလက်ကိုဆန့်တန်းပြီး လက်ညှိုးဖြင့် လေဟာနယ်ကို တို့ထိလိုက်သည်။

ထိုနေရာသည် ချက်ချင်းပင် ရေမျက်နှာပြင်ကဲ့သို့ လှိုင်းဂယက်ထသွားပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"နတ်ဘုရားနည်းစနစ်၊ ပုံရိပ်ယောင်အမှန်တရားပဲ!" ယွဲ့ဟယ်ရွှမ်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။

ပုံရိပ်ထဲတွင် ခရမ်းရောင်မိုးကြိုးနတ်ဓားသည် ဧရာမသားရဲဦးခေါင်းခွံ၏နဖူးတွင် ထိုးစိုက်နေဆဲဖြစ်သော်လည်း ရုတ်တရက် အနက်ရောင်မီးတောက်တစ်ခု ဖြတ်သန်းသွားသည်။

နတ်ဘုရားဓားသည် လှုံ့ဆော်ခံလိုက်ရဟန်တူပြီး အဆက်မပြတ်တုန်ခါစပြုလာကာ လျှပ်စီးများ ထွက်ပေါ်လာသည်။

အနက်ရောင်မီးတောက်များသည် လာတုန်းကလိုပင်လျင်မြန်စွာ ပြန်ထွက်သွားပြီး ခဏအတွင်းမှာပင် ဓားသင်္ချိုင်းမှ ပျံသန်းထွက်ခွာသွားသည်။

ခရမ်းရောင်မိုးကြိုးနတ်ဓားသည်လည်း ဦးခေါင်းခွံမှခွဲထွက်ကာ အနက်ရောင်မီးတောက်နောက်သို့ လိုက်ပါသွားလေသည်။

"အဲ့ဒီအနက်ရောင်မီးတောက်က ဘာလဲ" ယွဲ့ဟယ်ရွှမ်းသည် မျက်မှောင်ကြုတ်လိုက်သည်။

ပိုင်လီမှာမူ နက်ရှိုင်းသောမျက်ဝန်းများဖြင့် ခေါင်းခါလိုက်ည်။

အဖွဲ့သည် တောင်ပေါ်လမ်းအတိုင်း ကျောက်တိုင်အထိမ်းအမှတ်မှ ထွက်ခွာလာကြသည်။

ပိုင်ချိုးက ညည်းညူသည်၊ "ဆရာက တကယ်ပဲ ခန့်မှန်းရခက်တယ်၊ သူ့ရဲ့ခြေရာက အမြဲတမ်းဖမ်းဆုပ်လို့မရဘူး။"

ချင်ဖုန်းသည် ကြယ်လတောင်ထွတ်ပေါ်မှသူ၏မိန်းမကိုတွေ့ရန် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်၊ "သူ ဂိုဏ်းချုပ်ခန်းမကို ပြန်သွားတာများဖြစ်နိုင်မလား။ အဲ့ဒီကိုသွားပြီး ထပ်စစ်ဆေးကြည့်ပေးလို့ရမလား။"

ထိုစကားကိုကြားသော် ပိုင်ချိုးသည် ခနဲ့တဲ့တဲ့ပြန်ပြောရန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အနန္တဓားဂိုဏ်းမှ တပည့်တစ်စုသည် တောင်ပေါ်လမ်းအတိုင်း ဒေါသတကြီး အပြေးအလွှားဆင်းလာကြသည်။

"မင်းက ချင်ဖုန်းလား။"

တစ်စုံတစ်ယောက်က သူ၏နာမည်ကို အော်ခေါ်သည်ကိုကြားသော် ချင်ဖုန်းက ခေါင်းညိတ်ကာ ပြန်ဖြေသည်၊

"ဟုတ်တယ်၊ ငါပါ။ မင်းတို့ကရော။"

သူသည် လူအုပ်ကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်လိုက်ပြီး အခြေအနေကို ကောင်းစွာနားမလည်နိုင်ဖြစ်နေသည်။

ငါကမင်းတို့ကို ပိုက်ဆံကြွေးတင်နေတာလည်း မဟုတ်ဘဲနဲ့။ ဘာလို့အားလုံးက ဒီလိုမျက်နှာကြီးတွေနဲ့ဖြစ်နေရတာတုန်း၊ သူတွေးလိုက်သည်။

"မင်းပဲဖြစ်ရမယ်၊ အစ်မကြီးကျန့်လီကို အပြောလေးနဲ့ လိမ်ညာလှည့်စားခဲ့တဲ့ လူယုတ်မာ!" လူအုပ်ထဲမှတစ်စုံတစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ဘာ" ချင်ဖုန်း ကြောင်သွားသည်။

"ရုပ်ကလေးက သန့်သန့်ပြန့်ပြန့်နဲ့၊ တကယ်တမ်းတော့ မိန်းကလေးတွေကို ကစားပြီး စွန့်ပစ်တတ်တဲ့ လူယုတ်မာ၊ နှလုံးသားမရှိတဲ့ကောင်" တပည့်မတစ်ဦးက အံကြိတ်ကာပြောလိုက်သည်။

"ဘယ်သူလဲ။ ငါ ကလား။" ချင်ဖုန်းသည် လုံးဝကြောင်တောင်တောင်ဖြစ်သွားသည်။

"မမလေးလန်နင်ရွှမ်၊ အစ်မကြီးပိုင်ချိုး၊ ခနှစ်ယောက်လုံး အမြန်ဒီဘက်လာခဲ့ကြပါ။ သူ့ရဲ့ရုပ်ရည်နဲ့ အလှည့်စားမခံကြနဲ့။ ဒီကောင့်လုပ်ရပ်တွေက တကယ်ကို ဒေါသထွက်ဖို့ကောင်းတယ်!" တပည့်တစ်စုက အော်ဟစ်လိုက်ကြသည်။

လန်နင်ရွှမ်သည် ဆူညံသံကြောင့် လန့်သွားသည်။ သူမက တိုးတိုးလေးပြောသည်၊

"သခင်လေး၊ ဘာတွေလုပ်ထားလို့လဲဟင်။ ဘာလို့ဒီလူတွေက သခင်လေးအကြောင်းကို ဒီလိုတွေပြောနေကြတာလဲ။"

"ငါလည်းမသိဘူး။"

ချင်ဖုန်းသည် သေချာစွာပြန်စဉ်းစားသည်။ အနန္တဓားဂိုဏ်းသို့ရောက်ပြီးနောက် သူသည် အခြားဘယ်နေရာကိုမှမသွားခဲ့ပေ။ လူအများက သူ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံနေကြသနည်း။

"ဒီအချိန်ရောက်မှတော့ မင်းငြင်းနေသေးတာလား။ ငါတို့အားလုံး စာရင်းနဲ့မပြောမချင်း မင်းအမှားကို ဝန်ခံမှာမဟုတ်ဘူးထင်တယ်!" တစ်ယောက်က ပြန်ချေပလိုက်သည်။

ထို့နောက်တွင်တော့ တပည့်တစ်ဦးချင်းစီက သူတို့ကြားသိထားသည့် ကောလာဟလများကို တစ်ယောက်တစ်ပေါက် စုပေါင်းပြောဆိုကြရာမှ...

နားထောင်ပြီးနောက် ချင်ဖုန်းသည် လုံးဝကြက်သေသေသွားသည်။ ဤလူများ၏ပါးစပ်ထဲတွင် သူသည် ခွင့်လွှတ်မရနိုင်သော လူယုတ်မာတစ်ဦးဖြစ်နေလေပြီ။

သူသည် မကောင်းသောနေရာများသို့ သွားနေကျရုံမက၊ သူ့မိန်းမရှေ့မှာတင် တခြားမိန်းမတွေနဲ့ ချစ်ခင်ပြပြီး မင်္ဂလာဦးညမှာတောင် တခြားမိန်းမတစ်ယောက်နဲ့ အတူရှိနေခဲ့သည်တဲ့။

ခဏလေး၊ နောက်ဆုံးအချက်ကတော့ မှားမနေဘူးထင်တယ်...

ချင်ဖုန်းသည် နင်ရွှမ်ရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူတို့၏မင်္ဂလာဆောင်ညက တောက်ပသောလသည် သူ၏မှတ်ဉာဏ်ထဲတွင် ရှင်းလင်းစွာရှိနေဆဲဖြစ်သည်။

"မင်းရဲ့မကောင်းမှုတွေက ပြောမကုန်နိုင်အောင်များတယ်။ မင်းက ငါတို့အနန္တဓားဂိုဏ်းကိုလာပြီး အစ်မကြီးကျန့်လီကို ရှာရဲသေးတယ်ပေါ့လေ!

ဟိုကောင်က မင်းရဲ့လူယုတ်မာ ကျွန်လား။ ငါ့တို့ဂိုဏ်းကတပည့်ကို ဒဏ်ရာရအောင်လုပ်တယ်၊ တကယ်ကိုယုတ်မာတာပဲ! မင်းမျက်နှာက ဘာလို့ဒီလောက်မည်းနေတာလဲ။ ဘယ်သူမြင်အောင်လုပ်ပြနေတာလဲ!" တပည့်တစ်ဦးက အော်ဟစ်လိုက်သည်။

ရှင်းရှန့်: ???

နားထောင်ပြီးနောက် ချင်ဖုန်းသည်နောက်ဆုံးတွင်နားလည်သွားသည်။ ဂိုဏ်းထဲမှတစ်စုံတစ်ယောက်က သတင်းအမှားများဖြန့်ပြီး သူ့အကြောင်းမကောင်းပြောခဲ့သည်မှာ သေချာသည်။

နောက်ကွယ်မှရည်ရွယ်ချက်ကိုလည်း ခန့်မှန်းရမခက်ပေ။ လျို့ကျန့်လီကို သူ၏မိန်းမအဖြစ် လက်ထပ်ခြင်းသည် သဘာဝကျကျပင် မနာလိုမှုနှင့် မကျေနပ်မှုများကို ဆွဲဆောင်လိမ့်မည်။

အနန္တဓားဂိုဏ်းသို့ရောက်ကတည်းက မီးသွေးခေါင်းသည် တံခါးစောင့်နှစ်ဦးနှင့်သာ ဆက်ဆံခဲ့သည်။

သို့ဆိုလျှင် ကောလာဟလ၏ရင်းမြစ်ကို များများစားစားခန့်မှန်းစရာမလိုတော့ပေ... လူအုပ်ထဲတွင် ကျန်းကွမ်းသည် ခေါင်းကိုပုကာ ဘေးသို့လှည့်ကြည့်လိုက်သည်၊

"ညီလေး၊ ဒီကောလာဟလတွေ မင်းဖြန့်လိုက်တာလား။"

စွန်းချိုင်လည်း ရှုပ်ထွေးနေပုံရသည်၊

"မဟုတ်ပါဘူး အစ်ကိုကြီးရ။ ကျွန်တော်က ဂိုဏ်းထဲကလူတချို့ကို အစ်မကြီးကျန့်လီရဲ့ယောက်ျား သူ့မိသားစုနဲ့အတူ ရောက်နေတယ်လို့ပဲ ပြောလိုက်တာ။"

"ပြီးတော့ ကျွန်တော်တို့ကို လက်ပါတဲ့ အဲ့ဒီမျက်နှာမည်းအစောင့်အကြောင်း နည်းနည်းညည်းညူလိုက်ရုံပဲ။"

"ထူးဆန်းလိုက်တာ။ မင်းကလွဲရင် ငါကလည်း စကားနည်းနည်းပါးပါးပဲ ပေါ့ပေါ့ပါးပါးပြောခဲ့တာ။ ရုပ်ချောတဲ့ယောက်ျားတွေက များသောအားဖြင့် ဖောက်ပြန်တတ်ပြီး ယုံကြည်လို့မရဘူးလို့။"

နှစ်ဦးစလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး တံတွေးတစ်လုပ်စီ မျိုချလိုက်ကြသည်။

ကျန်တပည့်များမှာမူ စိတ်လှုပ်ရှားနေပြီး အော်ဟစ်ကြသည်၊

"မင်းလိုလူက အစ်မကြီးကျန့်လီနဲ့ တွေ့ဖို့မထိုက်တန်ဘူး။"

"ငါသာ အနန္တဓားဂိုဏ်းကမဟုတ်ရင် မင်းလိုသစ္စာမရှိတဲ့ယောက်ျားတိုင်းကို တစ်ယောက်ချင်းစီ ခုတ်သတ်ပစ်မှာ!" အမျိုးသမီးတပည့်များက နူးညံ့သောအသံဖြင့် ဆဲဆိုလိုက်ကြသည်။

"မှန်တယ်! ငါတို့အရေးမယူခင် အနန္တဓားဂိုဏ်းကနေ ထွက်သွား။"

"ဟုတ်တယ်၊ သစ္စာမရှိတဲ့လူ၊ အနန္တဓားဂိုဏ်းကနေ ထွက်သွား!"

အပြစ်ပေးရန်တောင်းဆိုသော အသံများက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဟိန်းထလျက်ရှိတော့သည်။

All Chapters