ဓားနတ်ဘုရားမ၏ အပြုံး
Vol. 18 Ch. 257
ချင်ဖုန်းက နားမလည်နိုင်ဖြစ်ကာ ခေါင်းညိတ်လိုက်သည်။ သူ၏မိန်းမ ကို ကြည့်လိုက်ရာ သူမ၏ပတ်ပတ်လည်တွင် မှိန်ဖျော့သောရွှေရောင်အလင်းတစ်ခု ထုတ်လွှတ်နေသည်။ သူ၏စိတ်ထဲတွင် ပြင်းထန်သောခံစားချက်တစ်ခု ရှိနေသည်၊ ဤအခိုက်အတန့်မှသူ၏မိန်းမမှာ ပို၍ပင် အားကောင်းလာခဲ့သည်။ မတွေးဝံ့စရာအဆင့်အထိ အားကောင်းလာသည်။
လျို့ကျန့်လီမှာ သူမ၏ညာလက်ထဲတွင် 'ရေအေးဓား'ကို ကိုင်စွဲထားဆဲဖြစ်ပြီးနောက် သူမ၏ဘယ်ဘက်လက်ဖြင့် အမူအရာတစ်ခုပြုလုပ်လိုက်သည်။ 'ဓားတစ်သောင်းအစီအရင်'ထဲတွင် အစီအရင်၏အခြေခံအဖြစ်ဆောင်ရွက်နေသော ခရမ်းရောင်မိုးကြိုးနတ်ဘုရားဓားမှာ သူမ၏လက်များထဲသို့ ပျံသန်းဝင်ရောက်လာသည်။ နတ်ဘုရားဓားကိုဝန်းရံလျက် လျှပ်စီးမျဉ်းကွေးများ နောက်တစ်ကြိမ်တိုးဝှေ့ထွက်ပေါ်လာပြီး ဓားသံမှာ မိုးကြိုး၏ဟိန်းဟောက်သံကဲ့သို့ပင် ယခင်ကထက်ပင် ပို၍ပြင်းထန်နေကာ စိတ်လှုပ်ရှားနေသည့်အလား ဖြစ်သည်။
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး!"
မိစ္ဆာနှင့်နတ်ဘုရားများ၏ဆံပင်အတွင်းမှ 'မီးလျှံဂူ'၏ဝိညာဉ်မှာ စူးရှသောအသံတစ်ခု ထုတ်လွှတ်လိုက်ပြီး အလွန်အမင်းထိတ်လန့်တုန်လှုပ်နေပုံရသည်။ သူ အတိတ်ကဓားဘိုးဘေးကို မြင်တွေ့လိုက်ရသည့်အလား၊ နောက်တစ်ကြိမ် သူ၏ရှေ့တွင် ပေါ်ထွက်လာသည်။ သူ လှည့်ထွက်ပြေးလိုသော်လည်း သူ၏ပတ်ပတ်လည်မှာ ချက်ချင်းပင် ထောင်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့ကို အတွင်း၌ တံဆိပ်ခတ်ထားလိုက်သည်။
လျို့ကျန့်လီက ခေါင်းလှည့်ကာ 'မီးလျှံဂူ'၏ဝိညာဉ်ကိုကြည့်လိုက်ပြီး သူမ၏အပြုံးမှာ မှေးမှိန်သွားကာ သူမ၏မျက်လုံးများမှာ တည်ငြိမ်သောဆောင်းဦးရာသီရေပြင်ကဲ့သို့ အေးချမ်းနေသည်။ သူမ သူမ၏ဘယ်ဘက်လက်ကိုမြှောက်လိုက်ပြီး ခရမ်းရောင်မိုးကြိုးနတ်ဘုရားဓားကို ညင်သာစွာဝှေ့ယမ်းလိုက်သည်။ ချဲ့ကားထားသောဓားစွမ်းအင်မရှိဘဲ လှုပ်ရှားမှုမှာ လှပကျော့ရှင်းသောကကွက်တစ်ခုကဲ့သို့ သဘာဝကျနေသည်။ သို့သော် ဤတည်ငြိမ်မှုထဲတွင် ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခု ပုန်းအောင်းနေသည်။
'မီးလျှံဂူ'၏ဝိညာဉ်ရှိရာနေရာလွတ်မှာ ကတ်ကြေးဖြင့်တစ်ဝက်ဖြတ်ထားသော အဖြူရောင်စက္ကူတစ်ရွက်အလား နှစ်ပိုင်းကွဲသွားပြီး စူးရှပြီး ဝမ်းနည်းဖွယ်ရာအော်ဟစ်သံတစ်ချက်နှင့်အတူ ပါဝင်နေသည်။ 'နတ်ဘုရားတို့၏ ပွဲတော်ကြီးည'တွင်ပါဝင်ခဲ့သော ဤမိစ္ဆာသားရဲကြီးမှာ နောက်ဆုံးတွင် သူ၏ဝိညာဉ်ငြိမ်းသတ်ခြင်းဖြင့် အဆုံးသတ်သွားသည်။ သို့သော် အနက်ရောင်မိစ္ဆာဆံပင်မှာ လျို့ကျန့်လီ၏ဓားကွက်ဖြင့် ပျောက်ကွယ်မသွားဘဲ ထိုအစား လေနှင့်အတူ လွင့်ကျသွားသည်။
အခြားတစ်ဖက်တွင် ယွဲ့ဟယ်ရွှမ်နှင့်တိုက်ခိုက်နေသော တစ္ဆေမျက်နှာနှင့်လူသားမှာ 'မီးလျှံဂူ'သတ်ဖြတ်ခံရပြီး မိစ္ဆာဆံပင်မှာ နောက်တစ်ကြိမ်ပိုင်ရှင်မဲ့ဖြစ်သွားသည်ကိုမြင်သောအခါ တိုက်ပွဲတွင် နောက်ထပ် မနေရဲတော့ပေ။ လျှပ်တပြက်အတွင်းမှာပင် သူ မိစ္ဆာဆံပင်ရှေ့တွင်ပေါ်ထွက်လာပြီးနောက် သူ၏ညာလက်က ၎င်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
"ငါနဲ့တိုက်ခိုက်နေတုန်း မင်း အာရုံလွှဲရဲတယ်ပေါ့လေ။" ယွဲ့ဟယ်ရွှမ်က အေးစက်စွာဆိုလိုက်သည်။ ပြင်းထန်သောလေ ပတ်ပတ်လည်တွင်ထတိုက်လာပြီး မမြင်နိုင်သောလေဓားများမှာ အပြင်းထန်ဆုံးသတ်ဖြတ်လိုစိတ်အဖြစ်ပြောင်းလဲကာ တစ္ဆေမျက်နှာနှင့်လူသားကို တိုက်ခိုက်လိုက်သည်။ သို့သော် လေဟာနယ်ထဲတွင် သွေးများပြည့်လျှံနေသောပါးစပ်တစ်ခု ဘယ်ကမှန်းမသိဘဲပေါ်ထွက်လာပြီး တစ္ဆေမျက်နှာနှင့်လူသားကို တစ်ကိုက်တည်းဝါးမြိုသွားကာ သူ၏တည်နေရာခြေရာလက်ရာတစ်စုံတစ်ရာ မကျန်ရစ်ခဲ့ပေ။
"နေရာလွတ်နည်းစနစ်"
ယွဲ့ဟယ်ရွှမ်၏မျက်နှာမှာ မနှစ်မြို့ဖွယ်ရာဖြစ်သွားသည်။ တစ္ဆေမျက်နှာနှင့်လူသားမရှိဘဲ ကျန်ရှိနေသောအနက်ရောင်ဝတ်စုံနှင့်ပုဂ္ဂိုလ်များအုပ်စုမှာ လူအုပ်ကြီးတစ်အုပ်ထက်မပိုပေ။ နံ့သာတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်အတွင်းမှာပင် 'အနန္တဓားဂိုဏ်း'၏တောင်ထွတ်သခင်အားလုံး သူတို့ကို နှိမ်နင်းလိုက်ကြသည်။
ယွဲ့ဟယ်ရွှမ်၏မူလအစီအစဉ်မှာ နောက်ကွယ်မှတကယ့်ကြိုးကိုင်သူကိုစုံစမ်းစစ်ဆေးရန် အသက်ရှင်ကျန်ရစ်သူအချို့ကို ချန်ထားရန်ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ အနက်ရောင်ဝတ်စုံနှင့်ပုဂ္ဂိုလ်များ နှိမ်နင်းခံရသည့်အခိုက်အတန့်တွင် သူတို့၏ကိုယ်များမှာ တိုက်ရိုက်ဖောင်းကားလာပြီးနောက် ကောင်းကင်အပြည့် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားသည်။
'မီးလျှံဂူ'၏ဝိညာဉ်ငြိမ်းသတ်သွားသည်နှင့် လျို့ကျန့်လီက ဓားသေတ္တာကိုနောက်တစ်ကြိမ် အသက်သွင်းလိုက်ရာ 'ရေအေးဓား'မှာ သိမ်းဆည်းခြင်းခံလိုက်ရသည်။ သူမ ခရမ်းရောင်မိုးကြိုးနတ်ဘုရားဓားကို 'အနန္တဓားဂိုဏ်း'သို့ပြန်လည်ပေးအပ်ရန် ရည်ရွယ်ခဲ့သော်လည်း ၎င်းမှာ ဓားသေတ္တာထဲသို့ သူ၏ဘာသာသူဝင်ရောက်သွားပြီး 'ရေအေးဓား'ကိုပင် နေရာပြုလုပ်ရန် ဖယ်ကျဉ်ထားသည်ကို တွေ့ရှိလိုက်ရသည်။ ကြည်လင်သောဓားသံ ပဲ့တင်ထပ်လာသည်၊ 'ရေအေးဓား'မှာ မကျေနပ်မှုကိုဖော်ပြနေသည့်အလားပင်။ သို့သော် မကြာမီမှာပင် စီးဆင်းနေသောရေ၏တိုးတိုးလေးမြည်သံမှာ မှိန်ဖျော့သောလျှပ်စစ်တဂျစ်ဂျစ်မြည်သံဖြင့် လွှမ်းမိုးသွားသည်။ လျို့ကျန့်လီက ခေါင်းခါလိုက်ပြီး ဤအရေးမပါသောကိစ္စကို အာရုံမစိုက်တော့ပေ။
သူမ နောက်တစ်ကြိမ်လှည့်ကာ ချင်ဖုန်းကိုကြည့်လိုက်ပြီး သူမ၏မျက်လုံးများမှာ ပန်းချီကားကဲ့သို့ဖြစ်နေကာ သူမ၏နီဆွေးသောနှုတ်ခမ်းလွှာများ အနည်းငယ်ပွင့်ဟသွားသည်၊
"ကျွန်မ ရှင့်ကိုကတိပေးခဲ့တာကို လုပ်ဆောင်ပြီးပြီ"
ဒါကိုကြားသောအခါ မူလကတင်းမာပြီးမသက်မသာဖြစ်နေသောစိတ်ခံစားချက်များ ပျက်ပြယ်သွားပြီး ချင်ဖုန်းက ပြုံးလိုက်ကာ များများစားစားမပြောဘဲ ရှေ့သို့သွားကာ သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ ထိတ်လန့်မှုအရိပ်အယောင်တစ်ခု လျို့ကျန့်လီ၏မျက်လုံးများထဲတွင် ဖြတ်သန်းသွားသည်။
ပြင်းထန်သောတိုက်ပွဲမှာ ခုလေးတင်ပြီးဆုံးသွားပြီး လူများစွာ ဤနေရာတွင် ကြည့်ရှုနေကြဦးမည်မှာ သေချာသည်။ သူမ၏ပါးပြင်များ နီမြန်းသွားပြီး 'မီးလျှံဂူ'၏ဝိညာဉ်ကိုသတ်ဖြတ်နိုင်သော သူမ၏အားကောင်းသောအရှိန်အဝါမှာ ယခု ကူကယ်ရာမဲ့အမျိုးသမီးငယ်တစ်ဦးကဲ့သို့ ဖြစ်နေသည်။
"မင်း ပြန်လာတာကောင်းတယ်။"
ချင်ဖုန်းက တိုးညင်းစွာဆိုလိုက်သည်။ လျို့ကျန့်လီက သူမ၏လှပသောမျက်လုံးများကို အနည်းငယ်ပြူးကျယ်လိုက်ပြီး သူမ၏အပြုံး ပေါ်လာသည်။ သူမ ချင်ဖုန်း၏ရင်ဘတ်ထဲတွင် သူမ၏ခေါင်းကိုမြှုပ်နှံလိုက်ပြီး တိုးတိုးလေး သဘောတူညီကြောင်း ရေရွတ်လိုက်သည်။ အခြားအရာအားလုံးမှာ သူမအတွက် အရေးမကြီးတော့ပေ။ ဤအခိုက်အတန့်တွင် သူမ ဤအချိန်ကို တိတ်ဆိတ်စွာ ခံစားလိုသည်။
အနက်ရောင်အာဏာစက်မှာ ပျက်ပြယ်သွားပြီး အတွင်းမှတစ္ဆေခေါင်းဆောင်မှာ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ။ ဂိုဏ်းချုပ်၏အခန်းထဲတွင် အဘိုးကြီးပိုင်လီက ရုတ်တရက်သူ၏ခေါင်းကို လှည့်လိုက်သည်။ ချင်ကျန့်အန်းမှာ လက်နောက်ပစ်လျက်ရပ်နေပြီး 'ဓားတစ်သောင်းအစီအရင်'၏လားရာဘက်သို့ကြည့်ကာ သူ၏မေးစေ့ကိုပွတ်သပ်ရင်း ပြုံးနေသည်၊
"ဒီကောင်လေးက တကယ်ပဲ အခွင့်အရေးကိုဆုပ်ကိုင်တတ်တာပဲ။ ဒီလောက်များတဲ့လူတွေကြည့်နေတာတောင် သူ လုံးဝအရှက်မရှိဘူး။"
"မင်း အရင်တုန်းက သူမနဲ့အတူရှိနေတုန်းက ဒါထက်အများကြီးပိုပြီး ရှက်စရာကောင်းခဲ့တယ်" ပိုင်လီက ခပ်ပေါ့ပေါ့ဆိုလိုက်သည်။
ချင်ကျန့်အန်းမှာ သူ၏စကားကြောင့် ရုတ်တရက်ရပ်တန့်သွားသည်။ သူ တစ်စုံတစ်ယောက်ကိုစဉ်းစားမိဟန်ဖြင့် သူ၏မျက်လုံးများမှာ ဝမ်းနည်းမှုနှင့်ပြန်လည်တမ်းတမှုနှစ်မျိုးလုံးကို ပြသနေသည်။
(မသိလိုက်ခင်မှာပဲ ဆယ့်ရှစ်နှစ် ကုန်လွန်သွားခဲ့ပြီ။ သူမသာ ဖုန်းအာ ဒီလောက်ထူးချွန်တဲ့မိန်းမတစ်ယောက်နဲ့လက်ထပ်တာကိုမြင်ရင် သူ အရမ်းပျော်နေမှာပဲ။)
စကားပြောနေစဉ်မှာပင် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ ခပ်ဖွဖွသက်ပြင်းချလိုက်သည်၊
(ငါသာ အဲ့ဒီတုန်းက သူမဘေးကနေ မခွာခဲ့ရင်။)
အဘိုးကြီးပိုင်လီမှာ သူမှားပြောမိမှန်းသိသဖြင့် သူ မျက်ခုံးပင့်လိုက်ပြီး သူ၏ခေါင်းကိုလွှဲလိုက်သည်။
"ရှပ်!"
ထိုစဉ်မှာပင် လေခွင်းသံတစ်ချက် ထွက်ပေါ်လာသည်။ ယွဲ့ဟယ်ရွှမ် ပင်မခန်းမဆောင်သို့ပြန်ရောက်လာပြီး မျက်မှောင်ကြုတ်ကာ "ဘယ်သူမှ အရှင်မကျန်ခဲ့ဘူး" ဟု ဆိုလိုက်သည်။ အဘိုးကြီးပိုင်လီက ကောင်းကင်ဆီသို့ကြည့်ကာ ခပ်ပေါ့ပေါ့ဆိုသည်၊
"အရေးမကြီးပါဘူး။ သူတို့ ဘာလုပ်ချင်ခဲ့လဲဆိုတာကို ငါ ခန့်မှန်းနိုင်လောက်ပါတယ်။"
လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ဧည့်သည်ခန်းတစ်ခုတွင် တစ္ဆေမျက်နှာဖုံးဝတ်ဆင်ထားသော ယောက်ျားတစ်ဦး ပြတင်းပေါက်ဘေးတွင်ထိုင်ရင်း မိမိကိုယ်မိမိ ဝိုင်ငှဲ့ကာ သောက်သုံးနေသည်။ ခဏအကြာတွင် ပုံရိပ်တစ်ခု လေဟာနယ်ထဲမှ ပေါ်ထွက်လာသည်။ ၎င်းမှာ သူ၏ရင်ဘတ်ပေါ်တွင် နံပါတ်လေးပါသော၊ တစ္ဆေမျက်နှာဖုံးဝတ်ဆင်ထားသော ယောက်ျားပင်။
"ဘယ်လိုလဲ ကုန်းဒူး" ဝိုင်သောက်နေသောယောက်ျားက မေးလိုက်သည်။ ကုန်းဒူးဟုခေါ်သောယောက်ျားတစ်ဦးက အနက်ရောင်ဘူးတစ်ဘူးကို ရိုသေစွာဆက်သပြီး စားပွဲပေါ်တွင် ချထားလိုက်သည်။
ဝိုင်သောက်နေသောယောက်ျားက ၎င်းကိုဖွင့်လိုက်ရာ အနက်ရောင်ဘူးအတွင်း၌ မိစ္ဆာနတ်ဘုရားတစ်ပါး၏ဆံပင် ရှိနေသည်။
"မဆိုးဘူး" သူက မှတ်ချက်ပြုလိုက်သည်။
(ဒီဟာက ငါ့ရဲ့မူလအစီအစဉ်ဖြစ်တဲ့ 'အလုံးစုံဖျက်ဆီးခြင်းမိုးကြိုး'နဲ့ 'အနန္တဓားဂိုဏ်း'ရဲ့စွမ်းအားကိုသုံးပြီး 'မီးလျှံဂူ'ကိုချေမှုန်းဖို့နဲ့ အနည်းငယ်ကွာခြားသွားပေမယ့် အနည်းဆုံးတော့ ရည်ရွယ်ထားတဲ့ရလဒ်တွေရဲ့တစ်ဝက်တော့ အောင်မြင်ခဲ့တယ်။)
"နှမြောစရာကောင်းတာက ရှေးဟောင်းနတ်ဘုရားအရှိန်အဝါကို လျို့ကျန့်လီက လုံးဝစုပ်ယူသွားခဲ့တာပဲ။ မဟုတ်ရင် ငါတို့သာ ရှေးဟောင်းနတ်ဘုရားအရှိန်အဝါကို သိမ်းပိုက်နိုင်ခဲ့ရင် နောက်ပိုင်းမှာ အရာအားလုံးက အများကြီးပိုပြီးအဆင်ပြေသွားမှာ။"
"ကျွန်တော့်အမှားပါ" ကုန်းဒူးက ဦးညွှတ်လိုက်သည်။
"ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး။ အဲ့ဒီအဘိုးကြီးနဲ့ တစ္ဆေခေါင်းဆောင်ရှိနေမှတော့ နတ်ဘုရားမိစ္ဆာဆံပင်ကို ဘေးကင်းစွာပြန်ယူဆောင်လာနိုင်ခဲ့တာကို ငါကျေနပ်ပြီးသားပဲ။"
ခဏရပ်တန့်ပြီးနောက် ဝိုင်သောက်နေသောယောက်ျားက ထပ်မံဆိုသည်၊
"ရှေးဟောင်းနတ်ဘုရားအရှိန်အဝါကိုစုပ်ယူပြီးတော့ သူက သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး တတိယအဆင့်ဓားနတ်ဘုရားမ ဖြစ်လာခဲ့ပြီ။" သူ ခိုးရယ်လိုက်သည်၊
"လျို့ကျန့်လီက လောကမှာ တကယ်ပဲထူးကဲတဲ့အမျိုးသမီးတစ်ယောက်ပဲ။ သူ့ရဲ့ယောင်္ကျား ကတော့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းသားပဲ။ သူက 'ရေလေပြေ ကောင်းကင်ဘုံနဂါး'အစီအရင်ကို တည်ဆောက်ပြီး လျို့ကျန့်လီအတွက် အဖိုးတန်ဆုံးအခိုက်အတန့်ကို လုံခြုံအောင်လုပ်ပေးဖို့ စဉ်းစားခဲ့တယ်တဲ့။"
ဤနေရာတွင် သူ စားပွဲပေါ်မှအဖြူရောင်စက္ကူလိပ်တစ်ခုကိုကောက်ယူကာ ၎င်းပေါ်တွင်ရေးသားထားသောကဗျာများကို ရွတ်ဆိုလိုက်သည်၊
"တိမ်တိုက်များသည် လှပကျော့ရှင်းသောဝတ်စုံကို တောင့်တသည်၊ ပန်းများသည် လှပသောမျက်နှာကို တမ်းတသည်၊ နွေဦးလေပြေများက တံခါးဝကိုပွတ်သပ်သွားပြီး နှင်းစက်များက ကြွယ်ဝမှုကိုမြှင့်တင်ပေးသည်။ အကယ်၍ ကျောက်စိမ်းကဲ့သို့သောတောင်တန်းများထိပ်တွင် မမြင်တွေ့ခဲ့ရလျှင်၊ တစ်စုံတစ်ယောက်မှာ ကျောက်စိမ်းစင်မြင့်ပေါ်မှ လရောင်အောက်တွင် တွေ့ဆုံနိုင်ပေမည်။"
"ဒီကဗျာကို မင်း ဘယ်လိုထင်လဲ" သူက မေးလိုက်သည်။ ကုန်းဒူးက ခေါင်းခါလိုက်သည်၊
"ကျွန်တော် ဒီအရာတွေကို နားမလည်ပါဘူး။"
ထိုယောက်ျားက သက်ပြင်းချသည်၊
"အာ၊ မင်းက တကယ်ပဲ ဟာသဉာဏ်မတန်ဖိုးထားဘူးပဲ။ ဒီကဗျာက လောကီဘုံမှာ အကြိမ်အနည်းငယ်ပဲကြားရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကောင်းကင်ဘုံနဲ့သက်ဆိုင်လို့ပဲ။"
"ဒီည ပန်းတွေက လှပပြီး လကလည်း ပြည့်ဝနေတယ်။"
'အနန္တဓားဂိုဏ်း'၏တစ်နေရာရာမှ တောင်ထွတ်တစ်ခုပေါ်ရှိ ဧရာမကျောက်တုံးကြီးတစ်ခုပေါ်တွင် ပုံရိပ်နှစ်ခု လက်ချင်းတွဲထားကြသည်။ ပြတင်းပေါက်မှဤမြင်ကွင်းကိုမြင်သောအခါ ပိုင်ချိုးက မျက်နှာဖောင်းကားလျက် အော်ပြောလိုက်သည်၊
"ဒီမုန်းစရာကောင်းတဲ့ကောင်က ဆရာတူအစ်မကျန့်လီကို နောက်တစ်ခါ သိမ်းပိုက်ထားပြန်ပြီ။ ငါ့ဆရာတူအစ်မကို ပြောစရာတွေအများကြီးရှိခဲ့တာ။" လန်နင်ရွှမ်က ပြတင်းပေါက်ကို ကျေနပ်သောအမူအရာဖြင့်တစ်ချက်ကြည့်လိုက်သည်၊
"ကောင်းပြီလေ ပိုင်ချိုး၊ မြန်မြန်စားပြီး သခင်မလေးနဲ့သခင်လေးကို မနှောင့်ယှက်နဲ့တော့။" "အိုး။" စားစရာအကြောင်းပြောသည်ကိုကြားသောအခါ ပိုင်ချိုး၏မျက်နှာအမူအရာ အနည်းငယ်တိုးတက်သွားသည်။
ဧရာမကျောက်တုံးကြီးတစ်ခုပေါ်တွင် လျို့ကျန့်လီက သူမ၏ဦးခေါင်းကို ချင်ဖုန်း၏ပခုံးပေါ်တွင် ညင်သာစွာမှီထားပြီး သူမ၏မျက်နှာပေါ်တွင် မှိန်ဖျော့သောအပြုံးတစ်ခု ဝတ်ဆင်ထားသည်။ ချင်ဖုန်းက ခေါင်းလှည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူတို့ ချင်အိမ်တော်၌တည်ဆောက်ခဲ့သော နှင်းလူသားကို ပြန်လည်သတိရမိသည်။
သူ၏စိတ်ထဲမှ လှပသူ သူမ၏အပြုံးကိုဖမ်းယူရန် သူ နှင်းလူသားဖြင့် သူမ၏အသွင်အပြင်ကို ပုံဖော်ခဲ့သည်။ သို့သော် ယခုနှိုင်းယှဉ်ကြည့်လျှင် ၎င်းမှာ တကယ့်လူနှင့် ကမ္ဘာကြီးတစ်ခုလုံး ကွာခြားနေသည်။ လျို့ကျန့်လီ၏အပြုံးမှာ လရောင်၏အလှတရားကိုပင် ကျော်လွှားနိုင်စွမ်းရှိသည်။ ထို့အပြင် သူ၊ ဤအပြုံးကို ကာကွယ်လိုသည်။ သူ၏မိန်းမနှင့်အတူ အချိန်ကုန်လွန်မှုကို သက်သေခံရင်း လောက၏ပြောင်းလဲမှုများကို အတူတကွကြုံတွေ့လိုသည်။
"ဒီည ဘယ်မှာအိပ်ချင်လဲ။"
လျို့ကျန့်လီက ရုတ်တရက်မေးလိုက်ပြီး သူမ၏အသံမှာ ခြင်သံကဲ့သို့တိုးညင်းကာ လရောင်အောက်တွင် သူမ၏မျက်နှာ နီမြန်းနေပြီး အလွန်စွဲမက်ဖွယ်ရာကောင်းနေသည်။
"ဘယ်မှာအိပ်ရမှာလဲ ဟုတ်လား။ သဘာဝအတိုင်း ဧည့်သည်ခန်းမှာပေါ့။" ချင်ဖုန်းက တစ်ဝက်တစ်ပျက်ပြောပြီးနောက် သူ ရုတ်တရက်တစ်ခုခုသဘောပေါက်သွားပြီး သူ၏နှလုံးခုန်နှုန်း မြန်ဆန်လာသည်။ သူ လျင်မြန်စွာသူ၏စကားများကိုပြောင်းလိုက်သည်၊
"'အနန္တဓားဂိုဏ်း'က ဧည့်သည်ခန်းတွေက အိပ်ရာတွေက အရမ်းမာတယ်။ ငါ ရက်ပေါင်းများစွာဆက်တိုက် အိပ်မပျော်ဖြစ်နေခဲ့တာ။ မင်းတို့တပည့်တွေနေတဲ့အခန်းတွေက အိပ်ရာတွေက ပိုပျော့ပျောင်းမလားမသိဘူး။ ငါ စမ်းကြည့်ချင်တယ်။"
"ကောင်းပြီ။" လျို့ကျန့်လီက ခေါင်းငုံ့လိုက်ပြီး ချင်ဖုန်းကို တည့်တည့်မကြည့်ဝံ့တော့ပေ။
သို့သော် ချင်ဖုန်းမှာ သူ၏စိတ်ထဲတွင် မိမိကိုယ်မိမိအားပေးနေသည်။
(ဒီည သူ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကယ်တင်ပြီး သူ၏ယခင်နာရီဝက်စံချိန်ကို ချိုးဖျက်လိမ့်မည်။)
(ဖြစ်နိုင်မှာပါနော် :D )