မြေအောက်လှုပ်ရှားမှုများ
Vol. 018 Ch. 1724
လေးနှစ်ကြာသောအခါ ကောင်ကင်အာဏာစက်ကျောင်းတော်၏အတွင်းပိုင်းလည်ပတ်မှုများမှာ များစွာ တိုးတက်လာခဲ့ပေသည်။
ကျောင်းတော်၏အကြီးအကဲချုပ်သည် စည်းကမ်းထိန်းသိမ်းရေးခန်းမကို တာဝန်ယူအုပ်ချုပ်ရကာ ထိုသူမှာ ရှန်ကလန်၏နတ်မိမယ်ဟောင်းဖြစ်သူ ရှန်လော့ရွီဖြစ်ပေသည်။
ရှန်ကလန်ပင်မမျိုးရိုးများ ပိုင်ဆိုင်သော နတ်မျက်လုံးသည် ထူးခြားသော စွမ်းအားရှိပြီး မည်သူမှ ထိုမျက်လုံးအောက်တွင် အလိမ်အညာများ မလုပ်နိုင်ပေ။
ယင်ဟွမ်ကိစ္စအား နေ့စဉ်ကိစ္စများတွင် ပါဝင်သည့်အလေ့အထိမရှိသော်လည်း ရှန်လော့ရွှီသည် ကိုယ်တိုင် ပါဝင်စစ်ဆေးခဲ့၏။ နောက်ဆုံးရလဒ်အနေဖြင့် ယင်ဟွမ်သည် ကျောင်းတော်၏အတွင်းပိုင်းသို့ သူလျှိုအနေဖြင့် ဝင်ရောက်ရန် စေလွှတ်ခံရသူတစ်ဦးဖြစ်နေသည်။ သူသည် ကျောင်းတော်အတွင်းစည်းမှ သတင်းအချက်အလက်များကို စုစည်းရန်နှင့် အနာဂတ်တွင် နောက်ကွယ်မှ အကြံအစည်များကို အကောင်အထည်ဖော်ရန် ရှိနေသည်။
မှန်သည်၊ အသေးစိတ်အချက်အလက်များကို ပြင်ပသို့ မထုတ်ပြန်ခဲ့ပေ။ ယင်ဟွမ်၏အရေးကြီးသော ရည်ရွယ်ချက်တစ်ခုမှာ သူသည် ကျောင်တော်၏အတွင်းစည်းသို့ ဝင်ကာ နတ်ဝင်ရိုးဖွဲ့စည်းခြင်းနှင်ပတ်သက်၍ ရီဖူရှင်း၏လျှို့ဝှက်ချက်ကို သိနားလည်ရန်ဖြစ်သည်။
အမှန်တကယ်အားဖြင့် ကျောင်းတော်၏ရည်ရွယ်ချက်မှာ တပည့်များကို သင်ကြားပေးရန်ဖြစ်ကာ လူအများအတွက် ကောင်းမွန်သော ကျင့်ကြံခြင်းနေရာတစ်ခုဖြစ်လာရန်ပင်။ ထို့ကြောင့် ကျောင်းတော်မှ တပည့်များသည် ကျောင်းတော်အပေါ်တွင် များစွာ စည်းစောင့်ခြင်း၊ သိစ္စာရှိခြင်းများ မလိုအပ်ပေ။ ကျောင်းတော်၏တပည့်ဖြစ်ရန် အကဲဖြတ်မှုမှာလည်း များစွာ မတင်းကြပ်ပေ။ လုံလောက်သော ပါရမီသာရှိပါက ကြီးမားသော ပြဿနာအရင်းအမြစ်များမရှိလျှင် ပင်မတပည့်ဖြစ်ရန်ပင် မခက်ခဲပေ။
သို့သော်လည်း ကော့တေးတပည့်တစ်ယောက်ဖြစ်ရန်၊ ကျောင်းတော်၏ပင်မစည်းသို့ ဝင်ရောက်ရန်ကား ကျောင်းတော်ကို ကြီးမားစွာ သစ္စာစောင့်သိရန် လိုပေသည်။
တစ်ဘက်တွင် ကျောင်းတော်အပေါ်တွင် မကောင်းသော အကြံအစည်ဖြင့် ရောက်လာသူများကိုလည်း အလွယ်ခွင့်လွတ်မည် မဟုတ်ပေ။ ထို့ကြောင့် ယွင်ဟွမ်အတွက် ပြစ်ဒဏ်မှာ ကျင့်ကြံဆင့်ကို ဖျက်ဆီး၍ ကျောင်းတော်မှ နှင်ထုတ်ခြင်းဖြစ်ပေသည်။
သူတို့က ယင်ဟွမ်၏အစစ်အမှန်ကိုယ်ရေးအချက်အလက်များကို အများသိအောင် ထုတ်မပြောသော်လည်း ထိုကိစ္စက လျှို့ဝှက်ချက်ကြီးလည်း မဟုတ်ပေ။ ထိုသို့လုပ်ခြင်းက နေမင်းနတ်နန်းတော်ကို အရှက်ရခြင်းမှ ကာကွယ်ပေးခြင်းဖြစ်၏။ ယင်ဟွမ်၏ကျင့်ကြံခြင်းကို ဖျက်ဆီးခြင်းအတွက်မူ အကယ်၍ နေမင်းနတ်နန်းတော်သာ ကျောင်းတော်ကို သလျှိုစေလွှတ်ကာ အပြစ်ပြုခြင်းအတွက် မကြောက်လန့်ပါက ကျောင်းတော်ကလည်း အနည်းငယ်မျှပင် သူတို့ကို ဂရုစိုက်မည် မဟုတ်ပေ။
သည်ကိစ္စသည် တခြားသော အင်အားစုများအတွက်လည်း သာဓကဖြစ်စေမည်။ ကျောင်းတော်က လူအများကို ပြင်းပြင်းထန်ထန်သတိပေးခြင်းမှာ သည်တစ်ခေါက် ပထမဆုံးဖြစ်သည်။ သင်ကြားခြင်းအတွက်နေရာဖြစ်ခြင်းက အတွင်းပိုင်းပဋိပက္ခများကို လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်၏ဓားအဆောင်တွင် ဝင်္ကပါအစီအရင်တစ်ခုအတွင်း၌ ကြောက်မက်ဖွယ်ဓားစွမ်းအားများ စီးဆင်းနေသည်။ ထိုအထဲတွင် လူအများအပြား ငြိမ်သက်စွာ ထိုင်နေကြ၏။
အတန်ကြာပြီးနောက်တွင် ဓားစွမ်းအားများ ပျက်ပျယ်သွားပြီး ဝင်္ကပါအစီအရင်လည်း ပျောက်ကွယ်သွား၏။
“မင်းတို့ ဘယ်လိုခံစားရလဲ...” လီဟန်ဓားသမားက ဓားဝင်္ကပါထဲမှ လူငယ်များကို မေးသည်။
“အရှင်နဲ့ ရီဝူချင်းတို့က ဓားအင်ပါယာအဆင့်ကို ရောက်နေပြီဆိုပေမဲ့ သူတို့ရဲ့ဓားပညာက လုံးဝကို ကွဲပြားခြားနားနေတာပဲ...” ဝမ်ချွမ်းက ပြန်ပြောသည်။
“ပညာရှင်တွေဆီက အကောင်းဆုံးတွေကို သင်ယူလေ့လာပြီးတော့ ကိုယ်တိုင်ဆင်ခြင်ပွားများကြ...” လီဟန်ဓားသမားက ခေါင်းဆတ်ဆတ်ညိတ်ကာ ပြောသည်။
“အရမ်းစိတ်အားငယ်စရာကောင်းတာပဲ...” ဝမ်ချွမ်းဘေးမှ လူငယ်က သက်ပြင်းချကာ ပြောသည် “ဝမ်ချွမ်းတောင်မှ ရန်ဟောင်ဖြစ်နေပြီ။ ငါကတော့ ပြန်လည်မွေးဖွားခြင်းအဆင့်ကိုတောင် မရောက်သေးဘူး”
ပြောလိုက်သူကား စုချွဲဖြစ်သည်။ အနားမှ သူ့အဖေ စုရှန်းက ပြန်ပြောသည် “လူတိုင်းမှာ ကိုယ်စီ ကံကောင်းမှုတွေ ရှိကြတာပဲ။ မင်းလည်း မကြာခင် အခွင့်အရေးရလာမှာပါ”
“အဖေ… ကျုပ်ကိုပဲ ပြောမနေနဲ့။ ကိုယ့်ဘာသာလည်း ကြည့်ဦး။ ကျုပ်အဆင့်လောက်တောင် မရောက်သေးပဲနဲ့...” စုချွဲက ပုခုံးတွန့်သည်။
“မေဘေးလေး... သွားစမ်း...” စုရှန်းက မျက်နှာနီရဲသွားကာ ဆဲလိုက်သည်။ ခွေးကောင်လေးကား အရိုက်ခံလိုနေ၏။
“ဝူချင်းနဲ့ငါက ကွဲပြားတဲ့အခွင့်အလမ်းတွေ ရှိခဲ့တယ်။ ငါတို့အားလုံးလည်း ကိုယ်စီ အခွင့်အလမ်းတွေ ရှိလာမှာပါ” လီဟန်ဓားသမားက တည်ငြိမ်စွာ ပြောသည်။
သူတို့သည် အင်ပါယာရှားဘုံ၌ ရန်ဟောင်အဆင့်ဆိုသည်မှာ ဒဏ္ဌာရီထဲတွင်သာ ရှိသည်။ သို့သော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်၌ ရန်ဟောင်ဆိုသည်မှာ ကြွားစရာတန်ခိုးအဆင့်မဟုတ်တော့။
“ဦးလေးစုနဲ့ စုချွဲတို့ရဲ့ ကျင့်ကြံခြင်းက ဝရိန်ခုနစ်ပါးကလန်နဲ့ဆင်တူတယ်။ ဦးလေးတို့က သူတို့ဆီမှာ သင်ယူနိုင်တယ်လို့ ဖူရှင်းက ပြောတယ်” ရီဝူချင်းက ဆိုသည်။ ဝရိန်ခုနစ်ပါးကလန်မှ လူတချို့လည်း ကောင်းကင်အာဏာစက်ကျောင်းတော်တွင် လေ့ကျင့်နေကြပေသည်။
“စိတ်ဓာတ်မကျစမ်းပါနဲ့... သွေးနဂါးဘုံနဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ လေ့ကျင့်ခဲ့တဲ့အတိုင်းအတာအရ ငါတို့ဟာ တော်တော်ကြီးကို မြန်နေပြီ” ဟောင်ကျူဂီက ပြုံးလျှက်ပြောလျှင် စုချွဲက ခေါင်းညိတ်သည်။
ထိုအချက်ကား မှန်သည်။ ပြည်နယ်ကိုးခု၌ ရှန့်ထိုအဆင့်ဆိုသည်မှာ အမြင့်ဆုံးသော အဆင့်အတန်းဖြစ်သည်။ ယခုကား သူတို့သည် ရန်ဟောင်အဆင့်ကိုတက်ရောက်ရန် မျှော်လင့်နေကြ၏။
“ရန်ဟောင်...” ဟောင်ကျူဂီ စိတ်နှလုံးအတွင်း တွေးတောမိသည်။ သူ၏ဘိုးဘေးများသည် ရန်ဟောင်အဆင့်မှ ဖြစ်ကာ ယခုတွင် သူသည်လည်း ရန်ဟောင်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ရီဖူရှင်းသည် သူတို့အပေါ်တွင် အရင်းအမြစ်များ၊ အချိန်များစွာ ပေးခဲ့သည်။ သူသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာတိုင်း သူတို့ထံသို့ ရောက်လာကာ အကောင်းဆုံးသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ထောက်ပံ့၏။
လူငယ်များကိုထား၊ ပြည်နယ်ကိုးခုမှ လူကြီးမျိုးဆက်များသည်ပင် သူတို့၏ကျင့်ကြံခြင်းများ အဆင့်ကျော်လွန်ကာ တိုးတက်မှု မြန်ဆန်ခဲ့သည်။
“ဖူရှင်းရဲ့ကျင့်ကြံဆင့်က ဘယ်လောက်ရှိပြီလဲမသိဘူး။ သူက နတ်ဝင်ရိုး ဒုတိယအဆင့်ကို ရောက်ပြီလား မသိဘူး” စုချွဲက တီးတိုးရေရွက်သည်။
“သူ တံခါးပိတ်ကျင့်ကြံခြင်းက အခုပဲ ထွက်လာပြီးတော့ ဦးလေးဟွာတို့ဆီကို သွားလည်တယ်။ သူ့ကို အခုလောလောဆယ် မနှောင့်ယှက်တာ အကောင်းဆုံးပဲ...” ဟောင်ကျူဂီက ပြုံးလျှက်ပြောလျှင် စုချွဲက ခေါင်းညိတ်သည်။
…
ဟွာဖန်းလူနေထိုင်ရာအဆောင်တွင် နန်ဒူဝမ်ရန်သည် စားပွဲဝိုင်းကို အသင့်ပြင်ပြီးဖြစ်သည်။ ရီဖူရှင်းသည် သူ၏ကျင့်ကြံဆင့်၌ စားသောက်ရန် မလိုအပ်တော့သော်လည်း ရိုးရှင်းသော မိသားစုစားပွဲဝိုင်းကို ခုံမင်တပ်မက်နေဆဲဖြစ်သည်။
“နန်းယူ ကျင့်ကြံတာက ပြန်မရောက်သေးဘူးလား” ရီဖူရှင်းက ပြုံးလျှက်မေးသည်။
“မကြာခင်ရောက်လာတော့မယ်...” နန်ဒူဝမ်ရန်က ပြန်ပြောသည်။
“အစ်ကို... မမ...” သူတို့ စကားပြောနေစဉ်မှာပင် ကြည်လင်သောအသံတစ်ခု အပြင်ဘက်မှ ကြားရကာ နန်းယူသည် နတ်သမီးလေးတစ်ပါးအလား ရီဖူရှင်းနှင့် ဟွာဂျီယူတို့ထံ ပြေးလာသည်။
ဟွာနန်းယူက လက်နှစ်ဘက်ကို ဆန့်တန်းကာ ရီဖူရှင်းအား သူမကို ပွေ့ချီစေလိုကြောင်း အမူအရာဖြင့် ပြောနေသည်။
“ဟေး... မင်းလေးက ဒီအတွက် အသက်ကြီးနေပြီနော်...” ရီဖူရှင်းက ပြုံးလျှက် နန်းယူ၏ခေါင်းကို အသာပုတ်လိုက်သည်။ ကလေးမကား ယခု ကိုးနှစ်အရွယ်သို့ ရောက်လာပြီဖြစ်သော်လည်း သူ့ကို တွေ့တိုင်း ပွေ့ချီစေလိုနေသေးသည်။
“အသက်ဆယ်နှစ်ကိုရောက်မှ ရပ်လိုက်မယ်လေ...” နန်းယူက ရီဖူရှင်းကို သနားစဖွယ်ကြည့်သည်။
“ကောင်းပြီ... အခု ညီမလေး ဘယ်လောက် လေးလာပြီလဲ ကြည့်ရအောင်...” ရီဖူရှင်းက နန်းယူကို ပွေ့ချီကာ လေထဲကို မြှောက်လိုက်လျှင် နန်းယူသည် တခစ်ခစ်ရယ်မောတော့သည်။
“ကျင့်ကြံခြင်းကော ဘယ်လိုနေလဲ...” ရီဖူရှင်းက မေးသည်။
“အဘိုးရွှမ်က ညီမလေးကို အစ်ကိုဖူရှင်းထက် ပါရမီကောင်းတယ်တဲ့...” နန်းယူက ရီဖူရှင်းကို သူမ၏မျက်လုံးနက်လေးများဖြင့် ကြည့်ကာ ပြောသည်။
“ဒါပေါ့... နန်းယူက အနာဂတ်မှာ အစ်ကိုထက်ပိုသာမှာပဲကို...” ရီဖူရှင်းက ပြုံးလျှက်ပြောကာ နန်းယူကို ထိုင်ခုံပေါ်၌ ပြန်ချပေးသည်။
အားလုံး နေရာ၌ ထိုင်ကြလျှင် နန်ဒူဝမ်ရန်က လို့လန်ရွှီကို ပြောသည် “လို့လန်... ငါတို့နဲ့အတူထိုင်လေ...”
“မဖြစ်ဘူး...” လို့လန်ရွှီက ခေါင်းယမ်းသည်။
“အတူလာထိုင်...” ရီဖူရှင်းက သူမကို ထပ်ပြောသည်။
လို့လန်ရွီက သူ့အား ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး နန်းယူ၏မျက်နှာချင်းဆိုင်နေရာတွင် ထိုင်လိုက်သည်။
“မင်း ဒီနှစ်တွေမှာ အများကြီး လုပ်ပြီးပြီ။ ကျင့်ကြံတာမှာလည်း နည်နည်းအာရုံစိုက်ဖို့လိုတယ်” ရီဖူရှင်းက လို့လန်ရွှီကို ပြောသည်။
“အင်း...” လို့လန်ရွှီက ခေါင်းညိတ်သည်။ သူမ၏ကျင့်ကြံဆင့်က နိမ့်သော်လည်း အရာအားလုံးမှာ သူမ၏ရှေ့၌ ဖြစ်ပျက်နေခဲ့သည်ကို မယုံကြည်နိုင်ပေ။
“ဒါပေမဲ့ မင်းက ပြည်နယ်ကိုးခုမှာတော့ တစ်နေရာခိုင်ခိုင်မာမာ ရနိုင်တယ်။ ကလန်ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မင်းအတွက် လွယ်ကူမှာပဲ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။
လို့လန်ရွှီက သူ့ကို တစ်ချက်ကြည့်ကာ ပြောသည် “ကျွန်မ မပြန်ဘူး...”
“အမ်...”လို့လန်ရွှီက ထိုမျှ ဆတ်ဆတ်ထိမခံဖြစ်မည်ဟု သူမထင်ထားပေ။ ရီဖူရှင်း၏ထူးဆန်းသောအမူအရာကိုမြင်လျှင် လို့လန်ရွှီက ရှင်းပြသည် “ကျွန်မက နန်းယူလေးကို အရမ်းသဘောကျတာပဲ။ နောက်ပိုင်း နန်းယူလေးကို စောင့်ရှောက်ပေးရမှာ ကျွန်မအတွက် ပျော်စရာကိစ္စပဲ...”
“ဟုတ်တယ်... အစ်မလို့လန်က သမီးအပေါ် အရမ်းကောင်းတာပဲ...” နန်းယူက ပြောသည် “မမလို့လန်ထွက်သွားမှာ နန်းယူ မလိုလားဘူး”
“အစ်ကိုက မမလို့လန်ကို ထွက်မသွားခိုင်းပါဘူး...” ရီဖူရှင်းက နန်းယူ၏ပါးလေးကို အသာဆွဲကာ ပြောသည်။
နန်ဒူဝမ်ရန်က တိတ်ဆိတ်စွာ ကြည့်နေပြီးမှ သူတို့အား ပြုံးရယ်လျှက်ပြောသည် “အစားအစာတွေ အေးတော့မယ်။ စားကြရအောင်...”
သူမသည်လည်း အမျိုးသမီးတစ်ဦးဖြစ်ရာ လို့လန်ရွှီ၏အတွေးများကို နားလည်ပေသည်။ မိန်းကလေးကား အလွန်ခေါင်းမာ၏။ သူမသည် ပြည်နယ်ကိုးခုတွင် ကလန်ခေါင်းဆောင်လုပ်ရသည်ထက် ရီဖူရှင်းဘေးတွင် အစေခံဖြစ်ရသည်ကို ပို၍ သဘောကျ၏။
“ဟုတ်ကဲ့ပါ ဆရာကတော်... စားကြရအောင်...” ရီဖူရှင်းက အစားအစာတချို့အား နန်ဒူဝမ်ရန်ကို ဦးဆုံးထည့်ပေးကာ ဂျီယူကိုလည်း အနည်းငယ် ထည့်ပေးသည်။
“မင်းမိန်းမကိုပဲ ဂရုစိုက်ပေးရင် တော်ပြီ...” ဟွာဖန်းလူက ရီဖူရှင်းကို ဒေါသတကြီးပြောကာ သူကိုယ်တိုင် နန်ဒူဝမ်ရန်ကို အစားအသောက်များ ထည့်ပေး၏။ မှန်သည်၊ သူက ဘေးတွင်ရှိနေသော တန်လန်ကိုလည်း ထိုနည်းတူ ပြုလုပ်ရ၏။
ရီဖူရှင်းကား မည်သို့မှ အပြစ်ကင်းသောဟန်အမူအရာဖြင့် ပြောသည် “ဆရာက တကယ်ပဲ...”
“သူ့ကို စိတ်ထဲ မထားနဲ့...” နန်ဒူဝမ်ရန်က ပြုံးလျှက်ပြောသည်။
“အစ်ကိုကြီး... စားလေ...” သူ့ဘေးတွင် ဟွာနန်းယူလေးက ရီဖူရှင်းကို အတုယူကာ စားစရာအချို့ထည့်ပေး၏။
“နန်းယူ... အဖေ့အတွက်ရော...” ဟွာဖန်းလူက နန်းယူကို မေးသည်။
“အဖေ့မှာ အမေ ရှိတယ်လေ...” နန်းယူလေးက ဟွာဖန်းလူကို နားမလည်သော မျက်လုံးများဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးသည်။
“…” ဟွာဖန်းလူက သူမအား အံ့အားသင့်တကြီးကြည့်ကာ မရယ်မိအောင် အတင်းချုပ်တီးနေသော နန်ဒူဝမ်ရန်ကို လှမ်းကြည့်လိုက်သည်။ သူကား အရှုံးသမားတစ်ယောက်အလား ခံစားနေရ၏။
သူက ထိုသို့တွေးမိလျှင် ရီဖူရှင်းကို နောက်တစ်ကြိမ် မျက်နှာပုပ်သိုးလျှက် ကြည့်လိုက်၏။
ရီဖူရှင်းက ပုခုံးတွန့်ကာ မဲ့ပြုံးပြုံးလိုက်၏။
သူတို့မိသားစုသည် အတူတူတပျော်တပါး စားသောက်ကြ၏။ ထို့နောက်တွင် ရီဖူရှင်းသည် ဟွာဂျီယူနှင့်အတူ ထွက်လာခဲ့သည်။
“မင်း ပြန်သွားပြီး အနားယူချင်လား။ ငါနဲ့အတူ ကျောင်းတော်ကို လိုက်ဦးမလား...” ရီဖူရှင်းက ဟွာဂျီယူကို မေးသည်။
ဟွာဂျီယူက အတန်ကြာတွေးတောပြီးမှ ခေါင်းညိတ်သည် “ငါ နင်နဲ့လိုက်ခဲ့မယ်...”
ဟွာဂျီယူ၏အဖြေကိုကြားလျှင် ရီဖူရှင်းက ပြုံးလိုက်သည်။ သူက သူမ၏လှပသော အနီးကပ်မျက်နှာလေးကို ကြည့်ကာ တိုးညင်းစွာ ပြောသည် “ငါ မင်းကို နမ်းလို့ရမလား...”
သူမကား သူ၏ဇနီးဖြစ်သော်လည်း ရီဖူရှင်းသည် သူမကို မည်သည့်အရာမှ အတင်းအကြပ် မပြုလုပ်ဖူးပေ။ သူမအား အမြဲတမ်းအားဖြင့် လေးစားမှု အပြည့်ဆက်ဆံခဲ့ပေသည်။
သူ၏တောင်းဆိုမှုကို ကြားလျှင် ဟွာဂျီယူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာဖြစ်လာသည်။ သူမ၏ခံစားချက်ကင်းမဲ့သော မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မျှ မတွေ့ရ။ သို့သော်လည်း သူမက သူ၏တောင်းဆိုမှုကို အလေးအနက်တွေးတောနေဟန်ရသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူမက အသာခေါင်းညိတ်သည် “အင်း...”
ရီဖူရှင်းက သူမ၏ပုခုံးများကို ညင်သာစွာ ကိုင်လိုက်ကာ သူမအား အနည်းငယ် စိတ်လှုပ်ရှားစေသည်။ သူမ၏လှပသော အကြည့်အောက်တွင်ပင် ရီဖူရှင်းက ခေါင်းငုံ့ကာ သူမ၏နဖူးကို ညင်သာစွာ နမ်းလိုက်သည်။
ဟွာဂျီယူသည် စိတ်နှလုံးအတွင်း၌ ထူးဆန်းသော ခံစားချက်တစ်ခုကို ရဟာ မည်သည့်အရာမှန်း အတိအကျ မဝေခွဲတတ်ပေ။
သူမကိုယ်တိုင်က နားမလည်သည်မှာ ရီဖူရှင်းက ထိုသို့တောင်းဆိုလာသောအခါ သူမက ငြင်းပယ်လိုခြင်း မရှိခဲ့။
သည်နှစ်များအတွင်း သူမသည် ရီဖူရှင်းအနီးတွင် နေရခြင်းကို အသားကျလာခဲ့ပြီဖြစ်သည်။ သူမ၏စိတ်တွင်းမှ သူမကို ကျင့်ကြံရန် အတင်းတိုက်တွန်းနေသော အလိုဆန္ဒတစ်ခုမှာလည်း တဖြေးဖြေး အားနည်းလာခဲ့သည်။
သူက သူမသည် သူ၏ဇနီးဖြစ်သည်ဟု ပြောခဲ့၏။ သူမကိုယ်တိုင်က သူနှင့် အလွန်ရင်းနှီးသလို ခံစားရသည်။
သို့ဆိုလျှင် သူမက မည်သူနည်း။
သူမက အမှန်တကယ် သူ၏ဇနီးလား။
ထိုအချိန်တွင် ဗြမ္မာ့သန့်စင်ကောင်းကင်တစ်နေရာ၌ အေးစက်စက်စွမ်းအားတချို့ ရိုက်ခတ်သွားခဲ့သည်။
တချိန်တည်းတွင် အရှင်ထိုက်ရွှမ်ကို တစ်စုံတစ်ယောက်က လာရောက်သတင်းပို့၏။ ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် အနှုတ်သဘောဆောင်သော အဖြစ်အပျက်များ အပြင်လောကတွင် ဖြစ်ပျက်နေခဲ့သည်။
ကျောင်းတော်မှ အပြင်လောကကို အတွေ့အကြုံရှာရန် ထွက်သွားကြသော တပည့်အချို့သည် ပျောက်ဆုံးခြင်း၊ လုပ်ကြံခံရခြင်းများ ရှိနေ၏။
အရှင်ထိုက်ရွှမ်က ထိုကိစ္စကို မြန်မြန်ဆန်ဆန် စုံစမ်းရန် အမိန့်ပေးခဲ့သည်။ ၄နှစ်ကြာမျှ ငြိမ်းချမ်းတိတ်ဆိတ်နေပြီးနောက်တွင် တစ်စုံတစ်ယောက်သည် ကျောင်းတော်ကို ဦးတည်၍ ရန်စလာခဲ့လေပြီ။
ထိုကိစ္စသည် ကျောင်းတော်အတွင်း လူအများသိသော ကိစ္စဖြစ်လာခဲ့သည်။ ပိုမိုများပြားသော လူများ အပြင်လောကတွင် လုပ်ကြံခံရခြင်းများ ဖြစ်လာခဲ့၏။
***