လီလော့၏ စွမ်းအား
Vol. 19 Ch. 276
ခဏအကြာတွင် လူအုပ်သည် ရယ်မောသံများဖြင့် ပေါက်ကွဲထွက်သွားသည်။ တစ်စုံတစ်ယောက်က တိုက်ရိုက်ပင် မှတ်ချက်ချလိုက်သည်။
"ညီလေး၊ ဒီလိုနောက်ပြောင်တာက လုံးဝမရယ်ရဘူး။ မင်းမိန်းမက လျိုကျန့်လီလို့ပြောရင် ငါ့အဖေက အနန္တဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ"
"မင်းမိန်းမနာမည်ကို ပြောဖို့ ဒီလောက်တုံ့ဆိုင်းနေတာ အံ့ဩစရာမရှိတော့ဘူး။ မင်းက ကြွားနေတာကိုး။ ကြွားတာကတစ်မျိုး၊ အနည်းဆုံးတော့ ယုံနိုင်လောက်တာတစ်ခုခုကို ဖန်တီးပြောပါဦး။ လျိုကျန့်လီက ဘယ်သူလဲ။ အရင်တုန်းက သူ့ကိုလက်ထပ်ခွင့်တောင်းတဲ့စီတန်းလှည့်လည်ပွဲက ကောင်းကင်ဘုံမြို့တော်ကနေ ဒီအထိတောင် ရှည်လျားခဲ့တာ။ အခု သူဂုဏ်ကျက်သရေကျဆင်းသွားပေမယ့် မင်းလိုလူမျိုးက မျှော်မှန်းလို့ရတဲ့သူမဟုတ်ဘူး။"
"လူငယ်လေး၊ ငါမင်းကိုအကြံပေးပါရစေ၊ ဘဝမှာ ရိုးသားဖြောင့်မတ်ပါ။ မင်းပြောသလို မင်းမှာ ငွေကျပ်တစ်သောင်းရှိရင် အဲ့ဒါနဲ့ ကောင်းကင်ဘုံမြို့တော်က အပျော်မယ်တစ်ယောက်ကိုတောင် ဝယ်လို့ရတယ်။ ဒီပိုက်ဆံကို ဒီမှာကြွားဖို့အတွက် ဘာလို့ဖြုန်းတီးနေတာလဲ။ အိပ်မက်မက်ရင်တောင် ညဘက်မှာမက်တာက ပိုမကောင်းဘူးလား။"
ဟင်။
အပျော်မယ်တစ်ယောက်ကို ရွေးဖို့ ငွေကျပ်တစ်သောင်းတောင် လိုတယ်လား။ ဘယ်သူက ဈေးတွေတက်အောင်လုပ်နေတာလဲ။
ချင်ဖုန်း၏ အာရုံစိုက်မှုသည် ထိုလူများရယ်မောနေသောအရာနှင့် လမ်းမတူပေ။
နောက်ဆုံးတွင် ထိုရလဒ်သည် သူ၏မျှော်လင့်ချက်အတွင်း၌သာ ရှိသည်။ ဒါက အရင်ဘဝက ကိုယ့်အခန်းဖော်ကို ကိုယ့်ကောင်မလေးက သင်ဇာဝင့်ကျော်ပါလို့ ပြောလိုက်သလိုပဲ။ ဘယ်သူက ယုံမှာလဲ။
"ခင်ဗျားတို့..." လန်နင်ရွှမ်နှင့် မီးသွေးခေါင်းတို့သည် ထိုလှောင်ပြောင်မှုကို မခံနိုင်တော့ဘဲ စကားပြောရန်ပြင်လိုက်သော်လည်း ချင်ဖုန်းက လက်ထောင်ကာ တားလိုက်သည်။ သူသည် ခေါင်းခါပြီး ပြောလိုက်သည်။
"အပေါ်က တိုက်ပွဲကို အာရုံစိုက်ကြည့်ကြ၊ မင်းတို့ကျင့်ကြံမှုအတွက် အကျိုးရှိလိမ့်မယ်"
"ဟုတ်ကဲ့ပါ သခင်လေး။" နှစ်ယောက်သား ခေါင်းညိတ်လိုက်ကြသည်။
တိုက်ပွဲဆက်လက်ဖြစ်ပွားသည်နှင့်အမျှ စင်ပေါ်တွင်ကျန်ရှိနေသော တပည့်များသည် အနည်းဆုံး ဆဋ္ဌမအဆင့်နယ်ပယ်တွင် ရှိကြသည်။ ဤအချိန်တွင် ဓားသိုင်းမိသားစုကြီးသုံးခုမှ တကယ့်ပါရမီရှင်များ လှုပ်ရှားရမည့်အချိန်ရောက်ပြီဖြစ်သည်။
"ကြည့်စမ်း၊ သိုင်းအိမ်တော်က လီလော့ပဲ။"
"နောက်ဆုံးတော့ သူ့အလှည့်ရောက်ပြီ။"
ချင်ဖုန်းသည် အသံများနောက်သို့လိုက်ကြည့်ရာ သိုင်းအိမ်တော်၏ ရှေ့ဆုံးတွင် နုနယ်ပြီး ကျော့ရှင်းသောလူငယ်တစ်ဦးသည် လက်ပိုက်ကာ ဓားပြိုင်ကွင်းပေါ်သို့ ကျော့ရှင်းစွာ ခုန်တက်သွားသည်ကို တွေ့လိုက်ရသည်။ သူ၏ကျောပေါ်မှ ကြီးမားသောဓားသေတ္တာသည် နေရောင်ခြည်နှင့် ထိတွေ့သောအခါ မျက်နှာပြင်ပေါ်တွင် ဓားပုံစံခုနစ်မျိုး စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။
သူ့ပြိုင်ဘက်က သူ့ကို တစ္ဆေသိုင်းဓားသေတ္တာကို သုံးခိုင်းနိုင်ပါ့မလားမသိဘူး။ ချင်ဖုန်းသည် စဉ်းစားတွေးတောစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ တစ္ဆေသိုင်းဓားသေတ္တာ၏ စွမ်းအားကို ကြိုတင်သိရှိထားခြင်းက ၎င်းကို ပိုမိုထိရောက်စွာကိုင်တွယ်ရာတွင် အထောက်အကူပြုနိုင်သည်။ သို့သော် သာမန်လူများသည် ထိုလူငယ်ကို အလေးအနက်ထား တိုက်ခိုက်စေရန် အရည်အချင်းမရှိသည်ကို သူနားလည်ထားသည်။ နောက်ထပ်အရိပ်တစ်ခု ဓားပြိုင်ကွင်းပေါ်သို့ ခုန်တက်လာသောအခါ ချင်ဖုန်း၏မျက်လုံးများ ကျယ်ပြန့်သွားသည်မ
"သူမပါလား။"
လီလော့နှင့် ရင်ဆိုင်ရမည့်ပြိုင်ဘက်မှာ ပိုင်ချိုးပင်ဖြစ်သည်။
"မိန်းကလေးလား"
စင်ပေါ်မှလူငယ်သည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ချိုးသည် လီလော့နှင့် ရင်ဆိုင်လိုက်သည်။ ပိုင်ချိုးသည် လီလော့နှင့်ရင်ဆိုင်ရသောအခါ အနည်းငယ်ကြောက်ရွံ့နေသော်လည်း ထိုစကားကိုကြားပြီး တစ်ဖက်လူ၏အမူအရာကိုမြင်သောအခါ သူမသည် ချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားသည်။
"မိန်းမဖြစ်တော့ ဘာဖြစ်လဲ။ အရင်တုန်းက ခင်ဗျားကို ကျွန်မရဲ့အစ်မက လက်ညှိုးတစ်ချောင်းတည်းနဲ့ ပုတ်ထုတ်လိုက်တာလေ။ အဲ့တုန်းက အစ်က မိန်းမဖြစ်တာကို ဘာလို့ဂရုမစိုက်ခဲ့တာလဲ"
ပိုင်ချိုးက ပြန်ပြောလိုက်သည်။
"လက်ညှိုးတစ်ချောင်းတည်းနဲ့ ပုတ်ထုတ်လိုက်တယ်؟"
"ဒါ ဘာအဓိပ္ပာယ်လဲ။"
အောက်မှလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ လီလော့ သိုင်းအိမ်တော်မှထွက်ခွာပြီး ဓားပြိုင်ပွဲအတွက် အနန္တဓားဂိုဏ်းကို စိန်ခေါ်ခဲ့စဉ်က သိပ်လှုပ်လှုပ်ရှားရှားမဖြစ်ခဲ့သောကြောင့် အခြေအနေကို အပြင်လူအများအပြားမသိရှိကြပေ။ လက်ညှိုးတစ်ချောင်းတည်းဖြင့် ပုတ်ထုတ်ခံရသည့်မြင်ကွင်းသည် ကျယ်ကျယ်ပြန့်ပြန့်မသိရှိကြပေ။
လူငယ်သည် လူအုပ်၏ဆွေးနွေးမှုများနှင့် သံသယများကိုကြားရသောအခါ သူ၏မျက်နှာသည် တစ်လှည့်စီ နီလိုက်ဖြူလိုက်ဖြစ်သွားသည်။ သူသည် ဒေါသထွက်လွန်း၍ ရင်ဘတ်များ မောက်တက်လာပြီး သူ၏နောက်မှ တစ္ဆေသိုင်းဓားသေတ္တာကို တိုက်ရိုက်ခေါ်ထုတ်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ချင်ဖုန်းက ခေါင်းခါလိုက်သည်။
ဒါကြောင့် ငါပြောတာ၊ လူငယ်တွေက လုံးဝမတည်ငြိမ်ဘူးလို့။
ပြိုင်ဘက်ကို အမြန်အနိုင်ယူပြီး သူ၏အမည်ကို ရှင်းလင်းရန်အတွက် လီလော့သည် လက်နှစ်ဖက်ကိုဆုပ်လိုက်ရာ ဆင်းသက်လာသော တစ္ဆေသိုင်းဓားသေတ္တာသည် ချက်ချင်းပွင့်ထွက်သွားသည်။ ကြည်လင်သောဓားသံအနည်းငယ် ထွက်ပေါ်လာသည်နှင့် ဓားအလင်းသုံးခုသည် ချက်ချင်းပစ်ထွက်သွားသည်။
တစ်ခုမှာ ဓားမြှောင်တိုပုံစံ၊ တစ်ခုမှာ ဓားကောက်ပုံစံ၊ နှင့် တစ်ခုမှာ ဖောက်ထွင်းမြင်ရသော သံမဏိအပ်ပုံစံဖြစ်သည်။ စကားတစ်ခွန်းမှမပြောဘဲ လီလော့သည် ညာဘက်လက်ဖြင့်ညွှန်လိုက်ရာ ဓားသုံးလက်သည် လေကိုဖြိုခွင်းလျက် သည်းထန်စွာရွာသွန်းသော ကြယ်ကြွေများကဲ့သို့ ပျံသန်းထွက်သွားသည်။
ပိုင်ချိုးသည် ပေါ့ဆဝံ့ခြင်းမရှိဘဲ ဓားသုံးလက်ကိုကိုင်တွယ်ရန် သူ၏ ပိုးစုန်းကြူးဓားကို ချက်ချင်းဆွဲထုတ်လိုက်သည်။ ဓားပြိုင်ကွင်းပေါ်တွင် ခဏတာမျှ ဓားချင်းထိခတ်သံများ ပဲ့တင်ထပ်သွားသည်။
"အဲ့ဒီဓားသုံးလက်ရဲ့ ပုံစံတွေက တကယ်ပဲထူးဆန်းတယ်" ဟု ချင်ဖုန်းက မှတ်ချက်မချဘဲမနေနိုင်။ ထိုအခိုက်တွင် သူတို့ဘေးတွင် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာသည်မှာ "တစ္ဆေသိုင်းဓားသေတ္တာထဲမှာ ဓားခုနစ်လက်ပါတယ်- နဂါးဖြူ၊ လရောင်ဖြင့်ကစားခြင်း၊ အရိုးချိုး၊ လေငြိမ်းသတ်၊ ကောင်းကင်ထိုးဖောက်၊ ကျားဟိန်းသံ၊ နဲ့ နတ်ဘုရားကျောရိုးတို့ပဲ။ ဒီသုံးလက်က နဂါးဖြူ၊ လရောင်ဖြင့်ကစားခြင်း၊ နဲ့ အရိုးချိုးတို့ပဲ။"
ချင်ဖုန်းနှင့် အခြားသူများ လှည့်ကြည့်လိုက်သောအခါ စုတ်ပြတ်နေသော အဘိုးအိုတစ်ဦးသည် လက်နောက်ပစ်ကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဆရာ၊ ဓားပြိုင်ပွဲက စိတ်ဝင်စားစရာမကောင်းဘူး၊ မလာချင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား" ဟု ချင်ဖုန်းက မေးလိုက်သည်။
"ငါလည်း ဘာမှလုပ်စရာမရှိတာနဲ့ လာကြည့်တာပါ"
အဘိုးကြီးက ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။
"ကျွန်တော့်အဖေရော။"
"သူက သူငယ်ချင်းဟောင်းတချို့နဲ့ ပြန်တွေ့နေလောက်တယ်"
အဘိုးကြီးက လျစ်လျူရှုစွာပြန်ဖြေသည်။
သူငယ်ချင်းဟောင်းတွေလား။ အဲ့ဒီလူယုတ်မာက ဒီမှာ ဘယ်လိုလူမျိုးတွေကို သိနိုင်မှာလဲ။
ချင်ဖုန်းသည် ခေါင်းခါလိုက်ပြီး သိပ်အာရုံမစိုက်တော့ဘဲ သူ၏အာရုံကို ဓားပြိုင်ကွင်းသို့ ပြန်ပို့လိုက်သည်။ ပျံသန်းနေသောဓားသုံးလက်၏ တိုက်ခိုက်မှုအောက်တွင် ပိုင်ချိုးသည် ရွှေ့လျားနေပြီး ရုန်းကန်ရင်ဆိုင်နေရသည်။
တစ်ချိန်တည်းမှာပင် တစ်ဖက်တွင် လီလော့သည် နေရာမှာပင်ရပ်နေပြီး တစ်လက်မမျှမရွေ့ပေ။ နှစ်ဖက်စလုံး၏ အစွမ်းသည် ရှင်းလင်းစွာ ကွဲပြားနေပြီဖြစ်သည်။ ပိုင်ချိုးသည် လက်မလျှော့ချင်ပေ။ သူမသည် ပြိုင်ဘက်ကိုမယှဉ်နိုင်မှန်းသိသော်လည်း ပြိုင်ဘက်၏ လျှို့ဝှက်ကတ်များကို ပိုမိုဖော်ထုတ်ရန် မျှော်လင့်နေဆဲဖြစ်သည်။ သ
ို့ဖြစ်၍ သူမသည် အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်ကာ ပျံသန်းနေသောဓားသုံးလက်ကို တစ်ချက်တည်းဖြင့် ပုတ်ထုတ်လိုက်သည်။ ထို့နောက် လူတိုင်းအံ့ဩသွားစေလောက်အောင်ပင် သူမ၏ခန္ဓာကိုယ်သည် အရိပ်ယောင်များစွာအဖြစ်ပြောင်းလဲသွားပြီး လူငယ်ကို တိုက်ခိုက်လိုက်သည်။
ဤဓားကွက်ကိုမြင်သော် လူတိုင်းတုန်လှုပ်သွားပြီး "ဒါ ဓားဧကရာဇ်မြို့တော်က 'ဓားပျက် ကမောက်ကမအရိပ်များ' မဟုတ်လား။ အနန္တဓားဂိုဏ်းက တပည့်တစ်ယောက်က ဘာလို့အဲ့လိုဓားကွက်ကို သုံးနိုင်ရတာလဲ" ဟု အော်ဟစ်လိုက်ကြသည်။ ပိုင်ချိုး၏ တကယ့်အထောက်အထားကိုမသိသော လီလော့သည်လည်း သူ၏မျက်လုံးများတွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ပြသလိုက်သည်။
ဤဓား၏အလျင်သည် အလွန်မြန်သည်။ အရိပ်ယောင်တစ်ခုစီသည် စီးဆင်းနေသော အလင်းတန်းတစ်ခုကို ကိုင်ဆောင်ထားပြီး ကောင်းကင်တစ်ခုလုံးတွင် ချီစွမ်းအင်များ ဖြတ်ကျော်နေသည်။
မြင်ကွင်းသည် လှပသော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုနှင့်အတူရှိနေသည်။ ဤသို့သောတိုက်ခိုက်မှုကို ရင်ဆိုင်ရသော် လီလော့သည် လျင်မြန်စွာ တည်ငြိမ်မှုပြန်ရလိုက်သည်။ တစ္ဆေသိုင်းဓားသေတ္တာမှ နောက်ထပ်ဓားသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဓားအလင်းများစွာ လင်းလက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
ခဏအကြာမှာပင် ဤဓားအလင်းများသည် ပိုင်ချိုး၏နောက်အရိပ်များရှေ့တွင် ရပ်တန့်သွားသည်။ ၎င်းတို့မှာ လက်မောင်းလောက်ရှည်သော ငွေဖြူရောင်သွယ်လျသောဓားများဖြစ်ပြီး ပုံစံနှင့်အရှည်မှာ အတိအကျတူညီကြသည်၊ ၎င်းတို့မှာ 'လေငြိမ်းသတ်' ဓားများပင်။
"ပြီးသွားပြီ"
ချင်ဖုန်းက သက်ပြင်းချလိုက်သည်။
ကောင်းကင်တွင် ပိုင်ချိုး၏အရိပ်ယောင်များသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။ သူမသည် နှုတ်ခမ်းကိုစေ့လိုက်ပြီး "ကျွန်မ ရှုံးပါတယ်" ဟု မကျေမနပ်ဖြင့် ပြောလိုက်သည်။
ဤစကားများထွက်လာသည်နှင့် လီလော့၏ညာဘက်လက်သည် အမူအရာတစ်ခုပြုလုပ်လိုက်ရာ ပျံသန်းနေသောဓားလေးလက်သည် ချက်ချင်းပင် တစ္ဆေသိုင်းဓားသေတ္တာထဲသို့ ပြန်ပျံဝင်သွားသည်။
လူအုပ်ထဲမှ အော်သံတစ်ခုထွက်ပေါ်လာသည်
"ခင်ဗျားတို့တွေ့လား။ ဒါက တစ္ဆေသိုင်းဓားသေတ္တာရဲ့ စွမ်းအားပဲ။"
"တစ္ဆေသိုင်းဓားသေတ္တာထဲမှာ ဓားခုနစ်လက်ရှိတယ်လို့ဆိုတယ်၊ တစ်လက်ထက်တစ်လက် ပိုအားကောင်းတယ်။ ဒါပေမဲ့ အနန္တဓားဂိုဏ်းက ပါရမီရှင်ကိုရင်ဆိုင်ရတော့ သူက လေးလက်ပဲသုံးခဲ့တယ်။"
"ဒါတင်မကဘူး၊ ခင်ဗျားတို့သတိထားမိလား၊ 'ဓားပျက် ကမောက်ကမအရိပ်များ' ကို ရင်ဆိုင်ရရင်တောင်မှ လီမိသားစုက အဲ့ဒီလူငယ်လေးက အစကနေအဆုံး တစ်ချက်မှမရွေ့ခဲ့ဘူး။ သူက အားကုန်တောင်မစိုက်ထုတ်ခဲ့သလိုပဲ၊ လွယ်လွယ်ကူကူပဲ။"
လီလော့ လှုပ်ရှားလိုက်သည်နှင့် သိုင်းအိမ်တော်ကို ထောက်ခံသောလူများ၏အသံများသည် ပိုမိုကျယ်လောင်ဆူညံလာသည်။
ချင်ဖုန်းသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ပိုင်ချိုး၏အစွမ်းကိုသိသည်၊ သူမသည် သူ၏ညီငယ်ကို ခုခံမှုမရှိဘဲ အနိုင်ယူနိုင်သည်။ ထို့အပြင် လီမိသားစုမှလူငယ်သည် ဓားလေးလက်သာသုံးပြီး အလွယ်တကူအနိုင်ရခဲ့သည်မှာ သူဘယ်လောက်အားကြီးကြောင်း ပြသနေသည်။
ထို့အပြင် ဆရာကတစ်ခါကပြောခဲ့သည်မှာ တစ္ဆေသိုင်းဓားသေတ္တာသည် အပြင်းထန်ဆုံး အခြေအနေသို့ရောက်သောအခါ ဓားခုနစ်လက်ကို တစ်ခုတည်းအဖြစ်ပေါင်းစပ်နိုင်ပြီး အားကြီးသောနည်းစနစ်တစ်ခုကို ထုတ်လွှတ်နိုင်သည်ဟု ဆိုသည်။ ထိုအချိန်တွင် ပိုင်ဝူရွှမ်းက အနိုင်ရနိုင်ပါ့မလား။ ချင်ဖုန်း၏စိတ်ထဲတွင် မသေချာမရေရာမှုတစ်ခု ခပ်ရေးရေးပေါ်လာသည်။