← Chapters

( ဂိုထောင်ထဲ ညတွင်းချင်း အထပ်သစ် ဆောက်လိုက်တာလား?!)

Vol. 3 Ch. 31

( ဂိုထောင်ထဲ ညတွင်းချင်း အထပ်သစ် ဆောက်လိုက်တာလား?!)

Vol. 3 Ch. 31

မနက်စာ စားပြီး၍ မိုရှီရှီရဲ့ အလင်းပွင့်ခြင်း ဖြစ်စဥ်လဲ ပြီးသွားသည့်နောက်မှာ သူတို့တွေ အောက်ထပ်ကို ဆင်းလာခဲ့သည်။ ဒါပေမဲ့ အောက်ကို ရောက်သွားတာနဲ့ ပုံမှန် ဂိုထောင် မဟုတ်ဘဲ လုံးဝကို မတူညီတဲ့ နေရာသစ် တစ်ခုကို မြင်လိုက်ရလေ၏။

ကျယ်ဝန်းလှသော အခန်းကြီးသည် သူတို့အရှေ့တွင် ရှိနေပြီး လမ်းကြားတစ်ခုဖြင့် တံခါးများစွာလဲ ပါရှိသေးသည်။

ဟောင် လှည့်ပတ်ကြည့်လိုက်ပြီးနောက်မှာ ပြုံးလိုက်သည်။ စနစ်က ဘယ်လို ကြီးကြီးကျယ်ကျယ် လုပ်ရမလဲ ကောင်းကောင်း သိတာပဲ။

ဧည့်ခန်းကျယ်သည် ဟောင်ရဲ့ အခန်းနဲ့ ပုံစံဆင်ပေမဲ့ ကွာခြားချက်တစ်ချို့ရှိသည်။

စင်အကျယ်ကြီးသုံးခုကို နံရံဘေးမှာ သပ်ရပ်စွာထောင်ထားပြီး အခန်းအလယ်တည့်တည့်တွင် ထိုင်ခုံများနှင့် စားပွဲခုံကြီးတစ်ခု ချထားသည်။

ထောင့်တစ်နေရာတွင် ဆိုဖာရှည်ကြီးတစ်ခုကိုလဲ အနားယူနိုင်အောင် ထားပေးထားသေးသည်။

မိုရှီရှီ တစ်ယောက် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူမရဲ့ ဦးနှောက်သည် အစောက ဖြတ်လာတဲ့ လှေကားက မရုန်းထွက်နိုင်သေးဘူး။

“ ဟမ်?”

‘ ငါတို့အခု ဂိုထောင်ကို ရောက်နေရမှာ မဟုတ်ဘူးလား?!’

သူမ မနေ့က တစ်ထပ်ပဲ တက်ခဲ့ရတာကို ကောင်းကောင်း မှတ်မိပါသေးသည်။ ဒါသာ ဒုတိယထပ်ဆိုရင်… သူမ အစောက ဆင်းလာတဲ့အထပ်က တတိယထပ်လို့ ဆိုလိုတာလား?!

ဒါက တစ်ခုတည်းသော ဖြေရှင်းချက်ဆိုပေမဲ့… ဘယ်လိုလုပ်ပြီးလဲ?!

ဒုတိယထပ် တစ်ခုလုံးကို တစ်ညထဲနဲ့ ဆောက်လိုက်တာလား?!

သူမရဲ့ ခေါင်းက တံခါးရှိရာကို ပြန်လှည့်ကြည့် လိုက်သည်။ ဒါပေမဲ့ ဦးနှောက်က သင့်တော်တဲ့ အဖြေရဖို့ ရုန်းကန်နေဆဲပင်။

အလုပ်မှာ နေရာပြောင်း အစီအရင်တွေ ဘာတွေ ရှိတာလား? ဒါမှမဟုတ် သူမ တို့ အောက်ဆင်းလာတာနဲ့ အဆင့်မြင့် ပြောင်းရွှေ့ အစီအရင် တစ်ခုခုကို သုံးလိုက်ပြီး တစ်ထပ်လုံးကို ပြောင်းထားတာလား?

သူမ ဖြည်းဖြည်းချင်း လက်မြှောက်ကာ ကိုယ့်ကိုယ်ကို ဆိတ်ကြည့်လိုက်သည်။

အို့!

နာတယ်!

သူမ အိပ်မက်မက်နေတာ မဟုတ်ဘူးပဲ။

ဒါသာ ပုံရိပ်ယောင် တစ်ခုဆိုရင် သူမ ချီစွမ်းအင် တုံ့ပြန်မှုတစ်ခုခုကို သတိထားမိခဲ့မှာပေါ့။ ဒါပေမဲ့ သူမ တစ်ခုမှ အာရုံမခံမိဘူး။

မယုံနိုင်စရာကောင်းပေမဲ့ ဒါက အမှန်တရားပဲ။

“ တွေ့လား ရှီရှီလေး? မင်းရဲ့ အခန်းက မနက်ဖြန် အသင့်ဖြစ်မယ် မပြောဘူးလား?”

ဟောင်ရဲ့ အသံက ရုတ်တရက် သူမရဲ့ အတွေးကို ဖြတ်သွားခဲ့သည်။ သူ့ရဲ့ အသံက ပုံမှန်ဆန်လှသည်။ မသိလျှင် အထပ်တစ်ထပ်လုံး ရုတ်တရက်ကြီး ပေါ်လာတာက လုံးဝ ပုံမှန် ဖြစ်နေသည့်အတိုင်းပဲ။

“...”

မိုရှီရှီကို သူ့ကို စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် အခန်းတံခါးအများကြီးနဲ့ လမ်းကြားကို စိုက်ကြည့်လိုက်သည်။ သူမရဲ့ သူဋ္ဌေးက သူမအတွက် မြို့ထဲက တစ်နေရာကို ငှားပေးမည်လို့ ထင်ခဲ့တာပင်။ အထပ်တစ်ခုလုံး ကိုယ်တိုင်ဆောက်ပေး သွားတယ်လို့ မတွေးထားမိဘူး။

သူမ သူဋ္ဌေးက… ဒီနေရာကို ဆောက်ခဲ့တာလား? ဒါပေမဲ့ သူမ မနေ့ညက ဟောင် အိပ်နေပုံကို ပြန်အမှတ်ရသွားသည်။

မဟုတ်သေးဘူး.. သူ့ရဲ့မျက်နှာက ဆိုဖာထဲ နစ်ဝင်ရုံမကဘဲ အရူးလိုမျိုး သွားရည်တွေပါ ကျနေသေးတာလေ။

သူမ ချက်ချင်းပဲ ငြင်းဆိုလိုက်သည်။ ဒါ မမှန်ဘူး။

ဒါဆို သူဋ္ဌေးဆောက်ခဲ့တာ မဟုတ်ရင် ဘယ်သူ ဆောက်ခဲ့တာလဲ? ဒီမှာ သူမတို့အပြင် တစ်ခြားမှမရှိတာပဲ။

သူမရဲ့ အကြည့်က ဟောင် ဆီကို ပြန်ရောက်သွားသည်။ သူမရဲ့ ဟောင့်ကို အထင်ကြီးမှုက ပိုပိုပြီး ကြီးထွားလာလေတော့၏။

သူမရဲ့ မျက်လုံးရှေ့မှာပဲ မဖြစ်နိုင်တဲ့အရာက အစစ်အမှန် ဖြစ်လာခဲ့ပြီ။ ငါးတစ်ကောင်က မြေပေါ်မှာ လမ်းလျှောက်တာ ကြည့်နေရသလိုပဲ…. ဒါကြီးက လုံးဝ မဖြစ်နိုင်တဲ့ကိစ္စလေ။

သူမ သူဋ္ဌေးက ဘယ်သူများလဲ?

မိုရှီရှီနဲ့ ဟောင် အထပ်အသစ်ကို သေချာ ကြည့်လိုက်ကြသည်။ ဟောင်ရဲ့ အခန်းနဲ့ အတူတူပဲဆိုပေမဲ့ ဒီနေရာတွင် အိပ်ခန်းသုံးခု၊ သန့်စင်ခန်းသုံးခုနဲ့ မီးဖိုချောင်တစ်ခု ပါရှိသည်။

လမ်းကြားထဲက ဖြတ်လျှောက်လာချိန်မှာ မိုရှီရှီ တံခါးကို သတိထားမိသည်။ တံခါးတွင် နံပါတ်1 လို့ ရေးထားပြီး သူမနာမည် 'မိုရှီရှီ’ ဟု ထွင်းထားသည်။ ဒီအခန်းက သူမနဲ့ သက်ဆိုင်တယ်ဆိုတာ မှားစရာ မရှိတော့ချေ။

တံခါးဖွင့်ပြီး အထဲဝင်လိုက်ချိန်မှာ သူမ လုံးဝကို အံ့သြသွားရသည်။ အခန်းအပြင်အဆင်က ဟောင်နဲ့ တစ်ပုံစံထဲပဲ။

အလုပ်သမားက သူဋ္ဌေးနဲ့တစ်ပုံစံထဲ အပြင်အဆင်ကို ရတယ်ပေါ့?

သူမ မြင်ဖူးခဲ့တဲ့ ဂိုဏ်းအကြီးအကဲများဆိုလျှင် သူတို့အတွက် အကောင်းဆုံး အရင်းအမြစ်တွေ၊ အကောင်းဆုံး ခန်းမတွေ ယူထားကြပြီး တပည့်တွေက အနီးနားက အဆောင်တွေမှာ နေရတာကြည့်သာ။

ချမ်းသာတဲ့ ကုန်သည်ကြီးများပင် သူတို့ရဲ့ ဇိမ်ခံအခန်းနဲ့ အလုပ်သမားတွေရဲ့ အခန်းကြားမှာ ကြီးမားတဲ့ကွာခြားချက် ရှိသည်။

ဒါပေမဲ့ ဒီမှာကကော? ဆိုင်ပိုင်ရှင် ဟောင် က အလုပ်သမားကို သူ့ရဲ့အခန်းနဲ့ တစ်ပုံစံထဲ အရည်အသွေးကောင်းတဲ့ အခန်းကို ပေးနေတယ်။

ဆိုလိုတာ ဟောင်က အလုပ်သမားကို တစ်ကယ် တန်ဖိုးထားတဲ့သူလို့လား? ဒါမှမဟုတ် ဆိုင်ရဲ့စည်းမျဥ်းကိုက အလုပ်သမားတွေကို ကောင်းကောင်း ဆက်ဆံဖို့ ချမှတ်ထားတာလား?

ဘယ်လိုပဲဖြစ်ဖြစ် ဒါက အံ့သြဖို့ ကောင်းလွန်းသည်ပင်။

“ ကောင်းပြီ ငါအရင် မျက်နှာသစ် သွားနှင့်မယ်”

မိုရှီရှီကို အတွေးဂယက်ထဲမှ ဆွဲထုတ်ရင်း ဟောင် ပြောလိုက်သည်။

ဟောင် သန့်စင်ခန်းထဲ ဝင်သွားပေမဲ့ သူမက အသိစိတ်မကပ်စွာ ခေါင်းညိတ်နေဆဲပင်။ သူမ မနေ့ညတည်းက ရေချိုးပြီးသားပဲ။ ဒါကြောင့် သူမ အခန်းကနေသာ စောင့်နေလိုက်သည်။

ဟောင် ပြီးသွားသည်နှင့် သူမတို့ ဂိုထောင်ဆီကို သွားလိုက်ကြသည်။

ထိုအချိန်မှာ များစွာတဲ့ ကတ်ထူဗူးများ ရောက်နေတာကို ​မြင်လိုက်ရသည်။

ဟောင် ပေါ့ပေါ့ပါးပါးပဲ လက်ခုတ်တီးလို​က်ရင်း

“ ဟုတ်ပြီ ကတ်ထူဗူးတွေ ဖွင့်ပြီး ပစ္စည်းထည့်ကြတာပေါ့”

မိုရှီရှီ ချက်ချင်းပဲ လှုပ်ရှားလို​က်သည်။ သူမ ဗူးတွေဖြည်ပြီး ပစ္စည်းအရင်စစ်လိုက်သည်။ ပြီးနောက်တွင် စင်ပေါ်မှာ နေရာချလိုက်သည်။ ဟောင် သည် ဘေးမှ ညွှန်ကြားပေးနေသည်။

သူမက သင်ယူတာမြန်သည့်အပြင် အလုပ်ကလဲ မခက်ခဲပေ။ အချိန်ခဏအတွင်းမှာ သူမ အကုန်နားလည် သွားသည်။

မိုရှီရှီ အလုပ်လုပ်လို့ပြီးသွားပြီဖြစ်၍ ဟောင် တံခါးဆီကို သွားကာ သစ်သားပြားကို လှန်လိုက်သည်။ ထို့နော​က်မှာ ကောင်တာကို ပြန်လျှောက်လာ၏။

“ အိုး ဟုတ်သား”

ဟောင်က ရုတ်တရက် မိုရှီရှီကို ကြည့်ရင်း ပြောလာခဲ့သည်။

“ မနေ့ကမင်းရဲ့လစာကို မင်းရဲ့ သိုလှောင်လက်စွပ်ထဲ ပို့ထားပြီးပြီ”

“ ငါအစောကြီး အိပ်ပျော်သွားလို့ မင်းကို ပြောဖို့မေ့နေတာရယ်”

မိုရှီရှီ မျက်တောင်ခတ်လိုက်သည်။

အိုး သူမရဲ့ လစာ..ဟုတ်သားပဲ။

ဒါပေါ့.. သူမဒါကို ဘယ်မေ့နိုင်ပါ့မလဲ? သူမ ဒီမှာအလုပ်လုပ်တာ ခေါက်ဆွဲစားဖို့မှ မဟုတ်တာပဲ။ ဒါပေါ့ ဒါပေါ့။

သူမ ပြောလိုက်သည်။

“ ရပါတယ် သူဋ္ဌေးကလဲ.. ကိစ္စကြီး မဟုတ်ပါဘူး။ ငါက အဲ့ဒါကြောင့် လုပ်နေတာလဲ မဟုတ်ဘဲ ဟားဟား”

သူမရဲ့ စိတ်တွင်းမှာ အော်ဟစ်နေပြီဖြစ်သည်။ နောက်ဆုံးတော့ ငါကိုယ်ပိုင် ပိုက်ဆံရပြီကွ! ဟားဟား!

ဟောင် သူမကို လစာ မပေးဘဲ အခန်းနဲ့ စားစရာ ပေးနေတာကိုက သူမအတွက် လုံလောက်နေပြီးသားပါ။

ဒါပေမဲ့ သိချင်စိတ်ကြောင့် သူမရဲ့ လ​က်စွပ်ကို စစ်ဆေးကြည့်လိုက်သည်။

ဝိညာဥ်ကျောက်တုံးနှစ်တုံး။

မအံ့သြတော့ပေ။ ထူးဆန်းစွာ ဝိညာဥ်ကျောက်တုံးနှစ်တုံးက သူမရဲ့ လက်စွပ်ထဲ ပေါ်လာခဲ့သည်။ သူမ သက်ပြင်းပဲ ချလိုက်၏။ ဒီအချိန်မှာ သူမ မေးခွန်းထုတ်နေတာတွေကို လက်လျော့လိုက်ပြီ။

ဟောင် ကောင်တာပေါ် မေးတင်လိုက်ရင်း

“ ဒီတော့ ရှီရှီလေး ချက်ချင်း အလုပ်စလုပ်ချင်လား?”

“ မင်း လုပ်ဖို့လိုတာက ​ခြောက်နာရီပဲ။ ပိုသွားရင် အချိန်ပိုဆင်းတယ် မှတ်တယ်”

“ ဒါမှမဟုတ် မင်း ခဏနားလို့ရသေးတယ်။ အပြင်ထွက်ပြီး ညကျမှ အလုပ်လာလုပ်ပေါ့။ မင်း သဘောပဲ”

မိုရှီရှီ တွေးကြည့်လိုက်သည်။ သူမ အခုချိန် လုပ်စရာဘာမှမရှိသေးဘူး.. ဒါပေမဲ့ သူမ မဆုံးဖြတ်ရသေးခင်မှာပဲ ဟောင်က ပြောပေးလိုက်သည်။

“ မင်း အဝတ်သစ်တစ်ချို့ ဝယ်ဖို့ အကြံပေးမယ်”

“ မင်းရဲ့ အလုပ်ဝတ်စုံအပြင် တစ်ခြားနေ့စဥ် လိုအပ်တာတွေ ရှိမှာပေါ့”

ဒင်!

မိုရှီရှီရဲ့ ခေါင်းထဲ အချက်ပေးသံတစ်ခု မြည်သွားသည်။ ဒါပေါ့! သူမ သတိရသွားပြီပင်!

သူမက ကလေးတစ်ယောက် မဟုတ်တော့ဘူး!

“ သိပြီသူဋ္ဌေး ကျေးဇူးပဲ” သူမ ပြောလို​က်သည်။

သူမ အနောက်လှည့်ပြီး ဟောင် ကို လက်ယမ်းပြလိုက်ကာ

“ ငါ အမြန်ပြန်လာခဲ့မယ် သူဋ္ဌေး”

သူမ မသွားခင် ဟောင် က ကိုလာတစ်ဗူး လှမ်းပစ်ပေးလိုက်သည်။

“ ရော့ ဂရုစိုက်သွားအုံး”

သူမ လှမ်းဖမ်းလိုက်ရင်း မျက်ခုံးတစ်ဖက် ပင့်သွားကာ

“ ဒါဘာအတွက်လဲ?”

ဟောင် ပုခုံးတွန့်ပြလိုက်သည်။

“ လိုရမယ်ရ”

မိုရှီရှီက သန်မာတဲ့ကျင့်ကြံသူဆိုသော်ငြား လုံးဝအနိုင်မယူနိုင်တဲ့သူ ဖြစ်မလာသေးဘူး။ သူမအနောက်ကိုအခုထိ လူတွေ လိုက်နေတုန်းပဲ။

သူမ စိတ်ပျက်စရာ အခြေအနေမျိုး ရောက်နေရင် ဒီကိုလာဗူးက သူမကို အပိုဆောင်းသန်မာမှု ပေးနိုင်လိမ့်မည်။

All Chapters