← Chapters

( ချွေးတွေစိုရွှဲနေပေမဲ့ အားအင်ပြည့်နေဆဲပဲ)

Vol. 3 Ch. 36

( ချွေးတွေစိုရွှဲနေပေမဲ့ အားအင်ပြည့်နေဆဲပဲ)

Vol. 3 Ch. 36

ထိုသူရဲ့ သရုပ်မှန်က သူတို့ တွေးနိုင်တာထက် အများကြီးပိုသည်။

ဒီလိုပုဂ္ဂိုလ်မျိုးကို ဘယ်လိုနည်းနဲ့မှ ပြစ်မှားမိလို့ မဖြစ်ဘူး။

သူ့ကို သွားပစ်မှားမိရင် ကိုယ့်အုတ်ဂူကိုယ် တူးမိတာနဲ့ ဘာမှမခြားဘူး။ သူတို့ကို အရူးလို့ ခေါ်ချင်ခေါ်သွားပါစေ။ ဒီဆိုင်ရှင်ကို ရူးနှမ်းစွာ ဆန့်ကျင့်ဖို့တော့ သူတို့ မရဲတင်းသေးဘူး။

လင်ယွီကျွင်းနဲ့ ယွဲ့ရှုယန် နှစ်ယောက်လုံး ဆုံးဖြတ်ချက်အတူတူ ချလိုက်သည်။

သူတို့ရဲ့ ဂိုဏ်းတွေကနေ မိုရှီရှီနဲ့ ပတ်သတ်တဲ့ တာဝန်တွေအကုန် ရပ်ပစ်မှ ဖြစ်တော့မည်!

အကိုကြီးဟောင်ရဲ့ ဒေါသကို သွားဆွမိသွားရင်လား..? အလကားနေရင်း သူတို့ဂိုဏ်းရဲ့ နေဝင်ချိန်လေး ပျောက်သွား လိမ့်မည်။

ထိုအချိန်မှာမှ တစ်လျှောက်လုံးစားရင်းသောက်ရင်း အလုပ်ရှုတ်နေသော ရှောင်လျန်ဖန်း စကားဝိုင်းထဲ ဝင်လာခဲ့၏။

သူသည် ရေလှိုင်းသံစဥ်ဓားဘုရင်ဂိုဏ်းရဲ့ ပင်မတပည့်တစ်ယောက် ဖြစ်သော်ငြား မိုရှီရှီ ဘယ်သူမှန်းမသိချေ။

ဘာလို့ဖြစ်မလဲ?

အကြောင်းအရင်းကတော့ သူက ကျင့်ကြံမယ့်အစား အဲ့ဒီအရေးမပါတဲ့ စည်းဝေးပွဲတွေ ဘာကိစ္စ သွားရမှာလဲ?

အိုကြီးအိုမတွေရဲ့ အချင်းချင်းမြှောက်ပင့် စကားတွေ နားထောင်နေရင် မင်းရဲ့ဓားကို ပိုထက်လာစေမယ်ထင်လား?

မထင်ဘူးလေ။

ဒီတော့ဘာကိစ္စ အလုပ်ရှုပ်ခံမှာလဲ?

အဲ့ဒီအစား တိုက်နေ၊ ခိုက်နေ၊ လေ့ကျင့်နေလိုက်ပြီး ကျင့်ကြံဆင့်မြင့်အောင်ပဲ ကြိုးစားလိုက်မည်။

မိုရှီရှီ ဘယ်သူမှန်း ရှောင်လျန်ဖန်း လုံးဝမသိချေ။ ဒါပေမဲ့ သူ့ရဲ့အလိုလိုသိစိတ်က လင်ယွီကျွင်း လုပ်တဲ့အတိုင်း လိုက်လုပ်ဖို့ ပြောနေခဲ့သည်။

ဒီလိုမှမဟုတ်ရင် တစ်စုံတစ်ခုက သူ့ကို ပြဿနာတက်စေမလို ခံစားချက်ရနေ၏။

ရှောင်လျန်ဖန်း သူ့ရဲ့ပါးစပ်ကိုသုတ်ရင်း ပန်းကန်ပြန်ချလိုက်ကာ လက်နှစ်ဖက်ကို ယဥ်ကျေးစွာခါလိုက်၏။

“ ကြိုဆိုပါတယ် ရှီရှီလေး။ ငါက ရေလှိုင်းသံစဥ် ဓားဘုရင်ဂိုဏ်းရဲ့ ရှောင်လျန်ဖန်းပါ”

မိုရှီရှီက သူတို့ကို တစ်ခွန်းတောင် မပြောဘဲ စိုက်ကြည့်နေခဲ့သည်။

ဟောင် သူမကို စိုက်ကြည့်ရင်း မျက်ခုံးနှစ်ဖက်ကို ပင့်ပြကာ အပြုံးကြီးကြီး တစ်ခုဆင်မြန်းလိုက်သည်။

“ ကျွတ်”

သူမ သက်ပြင်းချလိုက်ပြီး ထိုလေးယောက်ကို တွန့်ဆုတ်စွာ ပြန်နှုတ်ဆက်လိုက်တော့၏။

“ ငါက ဒီဆိုင်ရဲ့ ရှီရှီပါ”

သူမ ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

“ ဆိုင်အလုပ်သမား”

ဟောင် လက်ခံစွာခေါင်းတစ်ညိတ်ညိတ် လုပ်လိုက်သည်။

“ တွေ့လား? ဒါအရမ်းမခက်ပါဘူး။ ဟုတ်တယ်မလား?”

စကားဆက်ပြောမဲ့အစား လင်ယွီကျွင်းတို့ အုပ်စုသည် ဉာဏ်ရှိစွာ အစားဘက်ကို ပြန်လှည့်လိုက်တော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် သူတို့တွေ ထပ်မံအလင်းပွင့်သွားကြသည်။

သူတို့လေးယောက်ရဲ့ ယနေ့ရရှိမှုတွေက…

ဟွာဖေးရှုသည် သိုင်းသူတော်စင်စဦးနယ်ပယ်ရဲ့ အဆင့်ခြောက်မှ အဆင့်၇အထိ တက်သွားပြီး သူတော်စင်အဆင့် အနိမ့်သိုင်းဖြစ်သော ဆောင်းမုန်တိုင်းကန်ချက်သိုင်းကို တတ်မြှောက်သွားခဲ့သည်။

လင်ယွီကျွင်းသည် သိုင်းသူတော်စင်စဦးနယ်ပယ်ရဲ့ အဆင့်ခြောက်မှ အဆင့်၇ကို တက်သွားခဲ့ပြီး သိုင်းသူတော်စင်အဆင့် အနိမ့်သိုင်း နွေးဦးဆင်းသက်ချိန်သိုင်းကို တတ်မြှောက်သွားခဲ့သည်။

ယွဲ့ရှုယန်သည် သိုင်းသူတော်စင် နယ်ပယ်ရဲ့ အဆင့်သုံးမှ လေးကို ရောက်သွားပြီး အဆင့်ငါးရောက်ဖို့ 40% တိုးသွားသည်။

ရှောင်လျန်ဖန်းသည် သိုင်းသူတော်စင် နယ်ပယ်ရဲ့ အဆင့်တစ်မှ နှစ်ကိုရောက်သွားပြီး အဆင့်သုံးရောက်ဖို့ 30% တိုးသွားသည်။

တိုးတက်မှုကိုယ်စီ ရပြီးနောက်မှာ ထိုလေးယောက်သည် မိုရှီရှီနဲ့ ဟောင်ကို နှုတ်ဆက်ကာ ဆိုင်မှထွက်သွားလိုက်ကြသည်။

ဟွာဖေးရှုနဲ့ ရှောင်လျန်ဖန်းကတော့ စိတ်လှုပ်ရှားမှုတို့ လျှံထွက်နေခဲ့ပြီ။ သူတို့ရဲ့ လေ့ကျင့်မှုကို တိုးစေဖို့ ကိုလာနဲ့ လေ့ကျင့်ချင်နေကြသည်။

တစ်ဖက်က ယွဲ့ရှုယန်နဲ့ လင်ယွီကျွင်းကတော့ ခေါင်းကိုက်ရုံအပြင် တစ်ခြား မခံစားရပေ။

တစ်ခြားနှစ်ယောက်လို မဟုတ်ပဲ သူတို့မှာ ဂိုဏ်းကို တင်ပြစရာတွေ ရှိလာခဲ့ပြီ။

လင်ယွီကျွင်း သက်ပြင်းချလိုက်သည်။ သူအခုလို ဂိုဏ်းတာဝန်တွေ လုပ်ရတာ မကြိုက်ပေမဲ့ အခုချိန်မှာ သူ​ ရွေးစရာ မရှိတော့ဘူး။

သူ လျစ်လျူရှုမိလို့ ဂိုဏ်းကို ဖျက်ဆီးတာ စောင့်နေရမှာလား?

မဟုတ်ဘူး။ ဒါက ရူးနှမ်းတာပဲ။

…………..

ဟောင် မိုရှီရှီဘက်ကို လှည့်ကာ သေချာကြည့်လိုက်သည်။

“ မင်း မှတ်မိရမဲ့ကိစ္စ တစ်ချို့ရှိတယ် ရှီရှီလေး”

“ ပထမဆုံး ဈေးဝယ်တွေကို နှုတ်ဆက်ရမယ်။ ကြိုဆိုပါတယ် တစ်လုံးပြောရင် ရပြီ။ သူတို့ဘာသူတို့ ဘာကြီးပဲနေနေ တစ်ခြားဘာအပိုစာသားမှမလိုဘူး”

“ သူတို့ဘာသူတို့ အကောင်ကြီးမကလို့ အင်ပါယာဖြစ်နေနေ၊ နှစ်တစ်သောင်းလောက် ကျင့်ကြံပြီးမှထွက်လာတဲ့ ဘိုးဘေးကြီးနေနေ အရေးမကြီးဘူး။ သူတို့တွေ ဒီဆိုင်ထဲ ​ခြေချလိုက်တာနဲ့ သာမာန်ဈေးဝယ်တွေ ဖြစ်သွားပြီ”

“ ဒုတိယတစ်ချက်က သူတို့မတောင်းဆိုသရွေ့ မင်းသွားပြီး ကူညီဖို့မလိုဘူး။ သူတို့မင်းကို စကားလာမပြောရင် မင်းလဲမပြောနဲ့”

“ ငါတို့ရောင်းကုန်က သူ့ဘာသူ ဈေးဝယ်ကို ဆွဲဆောင်လိမ့်မယ်”

“ ပြီးနောက်ဆုံးတစ်ခု..”

ဟောင် နံရံမှ ဘုတ်ပြားကို လက်ညိုးထိုးလို​က်သည်။

“ ဆိုင်ရဲ့စည်းကမ်းတွေကို ကျက်ထားပါ။ တစ်ခုမကျန်”

“ ဆိုင်ရဲ့စည်းကမ်းကို လျစ်လျူရှုတာ၊ ဖောက်ဖျက်တာ လုံးဝလုပ်လို့မရဘူး။ ဒါက ထာဝရဒီအတိုင်းပဲ..ငါ ပြောင်းဖို့ မဆုံးဖြတ်မချင်းပေါ့”

အမှန်တော့ စနစ်က ဆုံးဖြတ်မှာဆိုပေမဲ့ သူလို့ပြောတာလဲ တော်တော် နီးစပ်တာပဲမလား?

‘... ဟုတ်တယ်မလား စနစ်?’

စနစ်က ပြန်မဖြေပေ။

ဟောင် မျက်ခုံးတစ်ဖက် ပင့်သွားသည်။

‘ ဝေ့ ငါ့ကိုမသိချင်ယောင် ဆောင်မနေနဲ့’

မဖြေမြဲမဖြေဆဲပင်။

‘ဟေ့ယောင် ဘရိုရေ’

‘ စောက်ကြီးစောက်ကျယ် လုပ်နေပြန်ပြီ’

ဟောင်ရဲ့ စကားတွေ ပြီးတာနဲ့ မိုရှီရှီ ထိုဘုတ်ပြားနားသွားကာ စည်းကမ်းတွေကို အလွတ်မှတ်လိုက်သည်။ တစ်ချို့က အဓိပ္ပါယ်ကောင်းကောင်းရှိပေမဲ့ တစ်ချို့ထူးဆန်းတာတွေလဲရှိသည်။

ဒါပေမဲ့ သူဋ္ဌေးပြောသလို စည်းကမ်းက လိုက်ကိုလိုက်နာရမည်။ ကျိုးကြောင်းသင့်တာ မသင့်တာ အရေးမကြီးဘူး။ သူမ အကုန်လုံးကို မှတ်မိဖို့ပဲ လိုသည်။

သူမ အကုန်လုံးကို မှတ်မိဖို့ သိပ်မကြာခဲ့ချေ။ ဒီလိုနဲ့ သူမရဲ့အလုပ်ချိန်က စလာခဲ့သည်။

မနေ့က အချိန်က ဒီတိုင်း အလုပ်စစ် မစခင် အစမ်းလုပ်ရတဲ့သဘောပဲ။

ဒီနေ့မှာတော့ ဘာမှ ဝင်မပြောပေးဘဲ မိုရှီရှီ တစ်ယောက်ထဲ အကုန်ကိုင်တွယ်နိုင်မလား ဘေးကရပ်ကြည့်ဖို့ရန် ဟောင် ဆုံးဖြတ်လိုက်သည်။ သူမ ကောင်းကောင်း လုပ်နိုင်မယ်လို့ ဟောင် ယုံကြည်သည်။ ဒါပေမဲ့ သူမ အမှား လုပ်မိရင်တောင်မှ သူမစိတ်ထဲ စွဲနေအောင်မှတ်ထားဖို့ပဲ မျှော်လင့်ပါ၏။

ဒီလိုတစ်ယောက်ထဲ လုပ်ခိုင်းမှပဲ သူမ ကောင်းကောင်း သင်ယူနိုင်လိမ့်မည်။

မိုရှီရှီကို ကြည့်နေရင်း ဟောင် အတိတ်ကိုပင် သတိရမိသွား၏။

သူ ပထမဆုံး စတိုးဆိုင်မှာ လုပ်တုန်းကဆိုရင် အမှားအများကြီးလုပ်ခဲ့ဖူးသည်။ စာရင်းသွင်းတဲ့အချိန်မှာ မှားဖူးသလို ပစ္စည်းနေရာတွေလဲ မသိတာမျိုး ဖြစ်ခဲ့သေးသည်။ စိတ်မရှည်တဲ့ ဈေးဝယ်တစ်ချို့ဆီက အငေါက်ပင် ခံရသေး၏။

ဒါပေမဲ့ သူနဲ့အတူလုပ်တဲ့သူတွေက အမြဲတမ်း စိတ်ရှည်ပေးကြသည်။ မှားနေတိုင်းပြင်ပေးသလို သူ ရှုတ်နေတာမျိုး ရှိလဲ လမ်းပြပေးသည်။ အချိန်တစ်ခုကြာလာတော့ သူ့အတွက် သဘာဝတစ်ခုလို ကျွမ်းကျင်လာ၏။

မထင်ထားပေမဲ့ အရောင်းသမားဘဝကို သူတစ်ကယ် ကြိုက်သည်။ မတူညီတဲ့ ဈေးဝယ်တွေနဲ့ ပြောဆိုဆက်ဆံရပြီး သူတို့ရဲ့ ပင်ကိုယ်စရိုက်ကို လေ့လာရင်း စကားပြောရတာမှာလဲ ကိုယ်ပိုင် ဆွဲဆောင်မှုတစ်ခုရှိသည် ပြောရမည်ပင်။

စတိုးဆိုင်မှာအလုပ်လုပ်ရတာ ရိုးရှင်းတယ်လို့ မြင်ကောင်းမြင်နိုင်ပါသည်။ ဒါပေမဲ့ ဈေးဝယ်တွေရဲ့ ရောင်းကုန်တွေအပေါ် တုံ့ပြန်မှုကိုကြည့်ရတာတွေ၊ မကြာခဏဆိုသလို ထူးဆန်းတဲ့အမေးတွေကို ဖြေရတာတွေက ကြာလာတော့ အံ့သြဖို့ကောင်းအောင် စွဲလန်းလာခဲ့၏။

မိုရှီရှီလဲ သူ့လိုမျိုး ကြိုက်လာမလားကို သိချင်မိသည်။

နာရီဝက်ကြာသည်အထိ ဆိုင်က ဒီအတိုင်းပင်။

တိတ်ဆိတ်မှုက အဆုံးမရှိတော့ဘူးလို့ ထင်စပြုလာချိန်မှာပဲ ဆိုင်တံခါးပွင့်လာ၏။

တံခါးကနေ အရိပ်တစ်ခုအရင်ဆုံးဝင်လာသည်။

ဟောင်နဲ့ မိုရှီရှီ မြင်လိုက်တာနဲ့ ထူးထူးဆန်းဆန်း ရင်းနီးတဲ့ခံစားချက် ရလိုက်သည်။

ထိုလူက…ဝသည်။ သာမာန် ဝရုံလောက်မဟုတ်ဘူး။ တစ်ကယ် ဝတဲ့ပုံမျိုးပဲ။

သူ့ရဲ့တစ်ကိုယ်လုံးမှာ ချွေးတွေရွှဲနေပြီး ချွေးစက်တွေပင် တစ်စက်စက်ကျနေသေးသည်။ မသိလျှင် မာရသွန် ဝင်ပြိုင်လာတဲ့အတိုင်းပဲ။ မဟုတ်ဘူး။ သားရဲကောင်တွေဆီက အသက်လုပြီးပြေးလာတာ ဖြစ်လောက်သည်။

ထိုသူသည် အသက်ပြင်းပြင်း ရှုသွင်းလိုက်၏။ သူ့ရဲ့ရင်ဘတ်ကြီးက ဖောင်းလိုက် ပိန်လိုက်နဲ့ မသိရင် မောပန်းမှုနဲ့ အသက်ရှုမှုက တိုက်ပွဲဝင်နေပုံရှိသည်။

မူလက ဈေးကြီးပုံပေါက်လောက်သော အမဲခံပေါ်မှာ ရွှေရောင်နဂါးရုပ်ပါ ဝတ်ရုံသည် အခုတော့ချွေးများဖြင့် စေးကပ်နေခဲ့ပြီ။

ဒါပေမဲ့ ထိုလူ ဘယ်လိုပဲ ဖရိုဖရဲ ဖြစ်နေပါစေ ဂုဏ်မောက်တဲ့အရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။

All Chapters