( ကြောင်မဲရဲ့ လျှို့ဝှက်ချက်…. မင်းက စိတ်ဝိညာဥ်သားရဲ တစ်ကောင်လား?!)
Vol. 3 Ch. 39
ကုန်းရှောက်ယန် ချက်ချင်းပဲ ပြောမဲ့စကားတွေကို မြိုချလိုက်သည်။ မိုရှီရှီက အခုတင် အဖေဖြစ်သူကို အမှိုက်တစ်စလို တွန်းပစ်ခဲ့တာ။ သူက အခုမှ သိုင်းသူတော်စင် စဦးနယ်ပယ်ပဲ ရှိသေးတာကို ချက်ချင်းသတိရသွားသည်။
“ အာ..အမ်.. အဖေ အဆင်ပြေလား?”
ကုန်းရှောက်ယန်သည် အနေခက်စွာ ကုန်းကြွယ်ယုံရဲ့ ပုခုံးကိုသာ ပုတ်ပေးလိုက်ပြီး ဘယ်တုန်းကမှ မအော်ခဲ့ဖူးသလို ဟန်ဆောင် လိုက်သည်။
ကုန်းကြွယ်ယုံသည် မနည်ထိုင်ဖို့ ကြိုးစားရင်း ညည်းတွားနေရ၏။ အစောက နံရံနဲ့ ဝင်ရိုက်ခံရမှုကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနေခဲ့ပြီ။
ကုန်းရှောက်ယန် စိတ်လှုပ်ရှားစွာ တစ်ချက်ရယ်လိုက်ပြီးမှ
“ အဖေ ဘာဖြစ်ခဲ့တာလဲ? အဖေက..”
“ ပိတ်ထားစမ်း!”
ကုန်းကြွယ်ယုံ သူ့ရဲ့လက်ကောက်ဝတ်တွေကို ပွတ်သပ်နေခဲ့သည်။
“ ဒါမင်းအမှားပဲ! မင်းငါ့ကိုသေချာရှင်းပြထားရင် ငါ…”
ကုန်းရှောက်ယန် အလွန်အမင်း မှားယွင်းစွတ်စွဲခံရသည့်နှယ် ကိုယ့်ကိုယ်ကို လက်ညိုးပြန်ထိုးလိုက်သည်။
“ ကျွန်တော့်အမှား?”
“ အဖေ ကျွန်တော်က အပြင်မှာလေဗျာ! အဖေက တာဝန်ရှိတဲ့သူပဲ”
“ မင်း!!”
ကုန်းကြွယ်ယုံရဲ့ မျက်နှာက ဒေါကကြောင့် အနီရောင်ပြောင်းသွားသည်။ သားဖြစ်သူကို တုန်ယင်နေတဲ့လက်နဲ့ လက်ညိုးထိုးနေရင်း သူ့ရဲ့ရင်ဘတ်ကပါ နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။
အသုံးမကျတဲ့သားဖြစ်သူကို ပိုကြည့်မိလေလေ၊ ပိုခေါင်းကိုက်လေလေပဲ။
သူနဖူးပေါ်ကိုသာ လက်တင်လိုက်သည်။
“ ငါမင်းကို အရမ်းအလိုလိုက်မိခဲ့တယ်.. ငါမင်းရဲ့ အမေကို ဆုံးမခိုင်းခဲ့ရမှာ”
ကုန်းရှောက်ယန် မျက်လုံးတစ်ဖြတ်ဖြတ် ခတ်သွားပြီး
“ နေအုံး ဒါက အမေနဲ့ ဘာဆိုင်လို့လဲဗျာ?”
“ တိတ်စမ်း!”
ကုန်းကြွယ်ယုံရဲ့ဦးနှောက်က ထိုးကိုက်လာပြီပင်။ သူ့သားက အစောတည်းက သူ့ကိုခေါင်းကိုက်စရာတွေ ပေးရုံတင်မကပဲ နာကျင်မှုတွေ တောက်လျှောက် ပေါင်းထည့်ပေးနေတာပဲ!
မိုရှီရှီ ရပ်ကြည့်နေပြီး ခေါင်းအရှုတ်မခံတော့ပေ။ အနောက်လှည့်ကာ ဆိုင်ထဲ ပြန်ဝင်သွားလိုက်၏။
အပြင်ဘက်မှာ ဘယ်လိုပဲ သားအဖ ဒရာမာ ရိုက်နေနေ၊ သူမနဲ့မဆိုင်ဘူးလေ။
တံခါးချပ်ရဲ့ ဒုန်းခနဲပိတ်သံအပြီးမှာ ကုန်းကြွယ်ယုံတစ်ကိုယ်လုံး တုန်ယင် သွားပြီး အစောက အဖြစ်အပျက်ကို ပြန်မြင်သွားသည်။
သူ့ရဲ့မျက်နှာက ဖြူလျော့သွားလေ၏။
“ ဖုံးကွယ်ထားတဲ့ မကောင်းဆိုးဝါးတစ်ကောင် ဆိုင်ထဲမှာရှိမှန်းမင်းငါ့ကို ဘာလို့မပြောခဲ့တာလဲ?”
ကုန်းရှောက်ယန် မျက်တောင် ထပ်ခတ်လိုက်သည်။
“ ဟမ်?”.
ကုန်းကြွယ်ယုံတစ်ချက် တုန်သွားသည်။ သူ့ရဲ့တစ်ကိုယ်လုံးကို ကြက်သီးမွှေးညှင်းများ ထလာရ၏။ အဲ့ဒီမိန်းကလေး… အဲ့ဒီ မိန်းကလေးက ကျိန်စာတွေမှာ ဆရာတစ်ဆူပဲ!
‘ သူမက ကလေးမဖြစ်နိုင်ဘူး..ဒါမဖြစ် နိုင်ဘူး!’
‘ ငါသူမအရှေ့မှာတုန်းက ပုရွက်ဆိတ်တစ်ကောင်ထပ် မပိုခဲ့ဘူး.. ကိုလာရဲ့ အစွမ်းတိုးတာရှိခဲ့တာတောင် ငါဘာမှ မလုပ်နိုင်ခဲ့ဘူး!’
မိုရှီရှီက ကုန်းကြွယ်ယုံထပ် အစွမ်းသာရုံတင် မဟုတ်ဘူး။ ကုန်းကြွယ်ယုံကို လုံးဝ ကူကယ်ရာမဲ့သွားသည်အထိ ခံစားစေခဲ့တာပဲ။
ပြီး အဆိုးဆုံးအရာက သူမရဲ့ ပုံစံက သူ့ကို တိုက်ပြီးတာတောင်မှ မောပန်းပုံ တစ်စက် မပြဘူး? သူမက လူသားမဖြစ်နိုင်ဘူး!
သူမက နတ်ဆိုးပဲ!
ပြီးတော့ အဲ့ဒီဆိုင်ရှင်.. သူ့မှာ ချီစွမ်းအင် တစ်စက်တောင် မရှိပေမဲ့ တစ်လျှောက်လုံးမှာ ကြောက်ရွံ့မှုလုံးဝ မပြခဲ့ဘူး။
ဖြစ်နိုင်တာက..?
သူက မသေမျိုးများလား?
သူထပ်ပြီး မတွေးရဲတော့ဘူး။ သူပိုပြီး တွေးမိလေလေ၊ ပိုကြောက်လာလေလေပဲ။
သူဒီမှာ တစ်စက္ကန့်တောင် ထပ်နေလို့ မဖြစ်တော့ဘူး။
ကုန်းကြွယ်ယုံ သားဖြစ်သူရဲ့ အင်္ကျီလက်ကို ဆွဲလိုက်ပြီး
“ ငါတို့သွားမှဖြစ်မယ်”
“အခု”
“အာ?” ကုန်းရှောက်ယန် သူ့အဖေကို ရှုတ်ထွေးစွာ ကြည့်လိုက်သည်။
“ အသုံးမကျတဲ့သား! ငါ့ကို ကူထူပေးစမ်း!”
ကုန်းကြွယ်ယုံ အော်ဟစ်လိုက်သည်။ သူ တစ်ယောက်ထဲ ထသွားဖို့ အလွန်အားနည်းနေခဲ့သည်လေ။
ကုန်းရှောက်ယန် အမြန်ပဲ အဖေဆီ အပြေးသွားပြီး တစ်ဝက်မှ ဆွဲမလိုက်သည်။
“ ကျွန်တော်တို့ဘာလို့ပြေးနေတာလဲ? အဖေ သွားပြီးသင်ခန်းစာ ပေးမှာမဟုတ်ဘူးလား?”
“ သင်ခန်းစာ? မင်းခေါင်းကိုပဲ ပေးလိုက်ကွ!”
ကုန်းကြွယ်ယုံရဲ့ အက်ကွဲနေတဲ့ အသံထွက်လာပြီးမှာ သူ စတိုးဆိုင်ကို တုန်လှုပ်စွာ စိုက်ကြည့်လိုက်သည်။
“ ငါအခုတင် လွင့်ပျံပြီးထွက်လာတာ မတွေ့ဘူးလား?!”
အဲ့ဒီမကောင်းဆိုးဝါးမလေးသာ စိတ်ပြောင်းပြီး သူမ စခဲ့တဲ့ ကိစ္စကို အဆုံးသတ်ဖို့ လုပ်လာရင် သူကျန်ခဲ့မှာပဲ ရုပ်အလောင်းပဲ!
လက်စားချေမှာတွေ မေ့ထားလိုက်၊ မာနတွေလဲ မေ့လိုက်တော့။ သူ ဒီဆိုင်ထဲ ထပ်ချေချဖို့ အကြောင်းအရင်းကို မရှိတော့ဘူး။
လမ်းကြားအပေါက်ဆီကို သွားနေတဲ့ တစ်လျှောက်လုံးမှာ ကုန်းကြွယ်ယုံသည် မိုရှီရှီ ပေါ်လာမလား စိုးထိတ်စွာ ပုခုံးနောက်ကို တကြည့်ကြည့်ဖြစ်နေ၏။
ဆိုင်ထဲမှာ မိုရှီရှီကို ဟောင် လက်မ ထောင်ပြလိုက်ရင်း
“ တော်တယ်”
မိုရှီရှီ ခေါင်းညိတ်လိုက်သည်။ ပထမဆုံး ပန်းကန်ဆေးတတ်လို့ ချီးကျူးခံရတဲ့ ကလေး တစ်ယောက်လိုမျိုး ချီးကျူးမှုကို ခံယူလိုက်၏။
ဆိုင်ထဲ ထပ်မံတိတ်ဆိတ်သွားပေမဲ့ ဟောင် အသားကျနေပြီပင်။ မိုရှီရှီကလဲ ဂရုစိုက်ပုံ မပေါ်ချေ။
ဒီလိုနဲ့ တစ်ဆိုင်လုံး တိတ်ဆိတ်နေလေ၏။
ကိစ္စတွေ ပုံမှန်အတိုင်း ဖြစ်နေစဥ်မှာပဲ တံခါးက နောက်တစ်ကြိမ် ထပ်ပွင့်လာပြန်သည်။
ဘယ်သူမှ မဝင်လာခဲ့ဘူး။
ဟောင် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ ဒါ လေတိုက်လို့လား?
ထို့နောက်မှာ သူအောက်ကို ငုံ့ကြည့်လိုက်၏။
ကြောင်မဲတစ်ကောင် အထဲဝင်လာ၏။ သူ့ရဲ့ အရွယ်အစားက သာမာန်အိမ်မွေးကြောင်နဲ့ မကွာခြားပေ။
ထိုကြောင်ရဲ့အနောက်မှာ နောက်ထပ် ကြောင်မဲသေးသေးလေး နှစ်ကောင် ပါလာသေးသည်။ ကြောင်မဲလေးတွေရဲ့ နူးညံ့တဲ့လက်သည်းလေးတွေက လမ်းလျှောက်တိုင်း ကြမ်းပြင်မှာ တစ်တပ်တပ် မြည်နေ၏။
ဟောင် ခဏလောက်ရပ်သွားပြီးမှ သူ့ရဲ့မျက်လုံးတွေ လင်းသွားကာ!
“ အိုး ဒါကြောင်မဲတွေပဲ?”
သူ့ရဲ့ကိုယ်ကို မတ်လိုက်ပြီး အရှေ့မှ သတ္တဝါလေးတွေကို အံ့သြစွာစိုက်ကြည့် လိုက်သည်။
ဒီကြောင်မဲက သူ ဒီကျင့်ကြံရေးလောကထဲ ရောက်စက လှည့်ပတ်သွားလာနေတဲ့ ကြောင်မဲလေးနဲ့ အတူတူပဲ။
ထိုတုန်းက သူ ခေါက်ဆွဲပါပြုတ်ကျွေးပြီး အိမ်မွေးကြောင်အဖြစ် ခေါ်ထားဖို့ တွေးခဲ့သေးသည်။ ဒါပေမဲ့ ထိုကြောင်မဲ က ခေါက်ဆွဲစားပြီးတာနဲ့ ချက်ချင်းပျောက်သွားခဲ့သည်။
အခုတော့ ပြန်ရောက်လာပြီပေါ့။
ဒါပေမဲ့ နေပါအုံး။
သူ့ရဲ့မျက်လုံးတွေကို ကျဥ်းမြောင်းလိုက်သည်။
ဒါတစ်ကယ်ပဲ အရင်က ကြောင်မဲ ဟုတ်ရဲ့လား?
နက်တောက်နေတဲ့ အနက်ရောင်ကြောင်မွှေးက အရင်အတိုင်း အမှားအယွင်းမရှိ ဖြစ်ဆဲအပြင် တောက်ပတဲ့အပြာရောင် မျက်လုံးကလဲ အရင်တိုင်းပဲ။
ဒါပေမဲ့… ဘာလို့ အရမ်းပိန်နေတာလဲ?
သူ့ရဲ့မျက်လုံးက အနောက်က ကြောင်မဲလေး နှစ်ကောင်ပေါ်ကို ကျသွားသည်။
“ အာ”
ဒီတော့မင်းက အရင်က ဝနေတာ မဟုတ်ဘူးပဲ။
မင်းအရင်က ကိုယ်ဝန်လေးနဲ့ကိုး!
သူအရင်က ကြောင်မဲရဲ့ မွှေးပွပွ အမဲရောင် ဗိုက်လုံးလေးကို မြင်တော့ ဒီကြောင်လေးက ကြီးမားပြီး သာမာန်ကြောင်တွေထက် သာတဲ့ ရှားပါးကြောင်လေးလို ထင်ခဲ့မိသည်။
အခုမှ ကလေးတွေကို.သယ်ထားမှန်း သိသွားတော့သည်။
ဟောင် ကြောင်မဲကို စိုက်ကြည့်လိုက်သည်။ ကြောင်မဲကလဲ ဟောင်ကို ပြန်စိုက်ကြည့်လာသည်။
ချက်ချင်းပဲ မိုရှီရှီ တောင့်တင်းသွားသည်။ သူမရဲ့ အန္တရာယ်အသိစိတ်က အချက်ပြနေပြီ.. ဒီကြောင်က အန္တရာယ်ရှိတယ်!
သူမ အများကြီးမတွေးတော့ဘဲ ဟောင်ရဲ့ အရှေ့မှာ ပိတ်ရပ်ဖို့ပြင်လိုက်သည်။ ဒါပေမဲ့ ထိုအချိန်မှာပဲ သူမခေါင်းထဲကို တည်ငြိမ်တဲ့အသံတစ်ခု ရောက်လာသည်။
‘ မကြောက်ပါနဲ့ကလေး၊ ငါ အန္တရာယ် မပေးပါဘူး’
‘ ငါ့ကလေးတွေအတွက် နားခိုဖို့အရိပ်လာရှာတာပါ။ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီနေရာမှာ ပြဿနာရှာရဲပါ့မလား?’
မိုရှီရှီရဲ့ မျက်လုံးတွေ လက်သွားသည်။ အသံလှိုင်းသည် တည်ငြိမ်ပြီး သတ်ဖြတ်လိုစိတ် မရှိဘူး။
“ ရှီရှီလေး တစ်ခုခုမှားလို့လား?” ဟောင် မေးလိုက်သည်။
မိုရှီရှီ ကြောင်မဲကို စိုက်ကြည့်ရင်း သတိတော့ ထားနေဆဲပင်။
“ ဘာမှမဟုတ်ပါဘူး သူဋ္ဌေး”
ဒါ သာမာန် သတ္တဝါမဟုတ်မှန်း သူမသိ၏။ ဒါက စိတ်ဝိညာဥ်သားရဲပဲ!
အစောက သူမကို လွှမ်းမိုးနိုင်တဲ့ ဖိအားကို ကြည့်ရလျှင် သူမထက် အများကြီး ပိုသန်မာမှုမြင့်တယ် ပြောရမှာပင်!
ကြောင်မဲသာ သူမတို့ကို သေစေချင်ရင် သူမအနေနဲ့ ဘယ်လိုမှ မတားနိုင်ဘူး။ သူမရဲ့ အင်အားတစ်စက်မကျန် သုံးရင်တောင်မှ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့စွမ်းနိုင်မှာ မဟုတ်ဘူး!
ဒါပေမဲ့ ကြောင်မဲက သေချာပြောထားခဲ့သည်။ အကယ်လို့ ကြောင်မဲက ရန်လိုနေရင်လဲ အလကားနေ စကားပြောပြီးအချိန်ဖြုန်းမှာ မဟုတ်ဘူး။ စစ်မှန်တဲ့သားရဲက တိုက်ခိုက်လိုပြီဆိုရင် အသိတောင်မပေးဘဲ တိုက်ခိုက်တတ်ကြသည်။
ဟောင် အနီးကပ်လျှောက်သွားရင်း ကြောင်မဲအနား ကိုယ်ကိုငုံ့လိုက်သည်။ သူ လက်လှမ်းလိုက်ပြီး ညင်သာစွာ ပုတ်ပေးလိုက်၏။
“ မင်းတစ်ကယ် ပြန်ရောက်လာတာပေါ့။ ဟမ်?”
ဟောင် နားရွက်လေးတွေကို ပွတ်ပေးနေရင်း ပြုံးပြလိုက်သည်။
ကြောင်မဲက မျက်လုံးများမှေးစင်းကာ ညင်သာတဲ့ညည်းသံလေး ထုတ်ပေးလာ၏။