မသူတော်
Vol. 018 Ch. 1729
ရီဝူချင်းက ရှေ့ကို တက်သွားကာ မြစ်ဝါမြစ်ပေါ်သို့ ပျံသန်းသွားသည်။ သူက တုယွင်နှင့် မျက်နှာချင်းဆိုင်၌ ရပ်၏။
မြစ်ဝါမြစ်ပြင်ကား ကျယ်ပြောလွန်းလှသည်။ သို့သော်လည်း အကယ်၍ ရန်ဟောင်နှစ်ပါးသည်သာ တိုက်ခိုက်ပါက မြစ်ဝါမြစ်ကမ်းနံဘေးမှ လူအများကို ထိခိုက်နိုင်ပေသေးသည်။ ထို့ကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်တစ်ဦး ထွက်လာကာ သူ၏စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် မြစ်ဝါမြစ်ပေါ်၌ တိုက်ခိုက်ရေးနေရာအကန့်အသတ်တစ်ခုဖြစ်ပေါ်လာသည်။ သူက ပတ်ပတ်လည်ကို မထိခိုက်စေရန် ထိုနေရာအားပိတ်ဆို့ပေးထားခြင်းဖြစ်သည်။
“မင်းတို့ လွတ်လွတ်လပ်လပ်တိုက်ခိုက်လို့ရပြီ...” ထိုအကြီးအကဲက ပြောသည်။ ရီဝူချင်းနှင့် တုယွင်တို့ကလည်း သူတို့၏စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။
အနက်ရောင်မုန်တိုင်းသည် မြစ်ဝါမြစ်ကောင်းကင်ထက်၌ ဖြစ်ပေါ်လာ၏။ အဆုံးမဲ့သော လေလှိုင်းများသည် ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။
ဝုန်း...
အနက်ရောင်မုန်တိုင်းထဲ၌ မီးတောက်များ ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် အနက်ရောင်ငရဲမီးတောက်များအဖြစ် ပြင်းထန်စွာ လောင်ကျွမ်းကြ၏။
လမ်းစဉ်မီးတောက်များသည် ရီဝူချင်းကို တိုက်ရိုက်ဝါးမျိုလာကြသည်။ လမ်းစဉ်မီးတောက်ထဲတွင် ပုံရိပ်ယောင်တစ်ခုဖြစ်ပေါ်လာ၏။ ထိုအရာသည် နတ်ဘုရားတစ်ပါးအလား ရီဝူချင်းကို ဝါးမျိုလိုသည်။
သို့သော်လည်း တချိန်တည်းတွင် ရီဝူချင်းထံမှ ငွေရောင်အလင်းတစ်ချက် လက်သွားသည်။ သူ့ဘေးတွင် ကြောက်မက်ဖွယ် နတ်ဓားများ အဆက်မပြတ် ဖြစ်ပေါ်လာ၏။ သူ့ကို ဗဟိုပြုကာ ဓားများသည် လည်ပတ်ကြ၏။
ချက်ချင်းပင် မရေမတွက်နိုင်သော နတ်ဓားများ ကောင်းကင်ထက်ကို ပျံတက်သွားကြသည်။ ရီဝူချင်းအနီးမှ မီးတောက်များအားလုံး တခဏချင်း ပျောက်ကွယ်သွား၏။
ဟူး...
စူးရှလင်းလက်သော နတ်ဓားသည် တုယွင်နှင့် သူ၏ပုံရိပ်ယောင်ထံသို့ ပျံသန်းသွားသည်။ ချက်ချင်းပင် အရာအားလုံးမှာ ပျယ်လွင့်ပျက်စီးသွား၏။
မဟာလမ်းစဉ်၏ပျက်စီးခြင်း....
တုယွင်က ရီဝူချင်းကို ကြည့်လိုက်သည်။ တစ်ဘက်လူသည် မဟာလမ်းစဉ်၏ပျက်စီးခြင်းစွမ်းအားကို ကျွမ်းကျင်ကြောင်း သူသိလိုက်သည်။ မဟာလမ်းစဉ်၏လွှမ်းမိုးမှုအောက်တွင် သူ၏ငရဲမီးတောက်များသည် အစအနမကျန်အောင် ပျက်စီးပျောက်ကွယ်သွားရသည်။
ထိုအခိုက်တွင် နတ်ဓားများကား နေရာတိုင်းတွင် ရှိသည်။ အလင်းတန်းများသည် ကောင်းကင်တစ်ခုလုံးကို ဝင်းလက်စေကာ ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ဖြန့်ကျက်ထား၏။
တုယွင်သည် အလွန်ကြီးမားသော ဖိအားကို ခံစားမိသည်။ ထို့ကြောင့် သူကလည်း အစွမ်းကုန်ထုတ်သုံးရန်ဖြစ်လာ၏။ ချက်ချင်းပင် အနက်ရောင်နတ်ဆိုးတစ်ပါး ပေါ်လာသည်။ ထိုအရာသည် ငရဲမီးတောက်များဖြင့် ဖန်ဆင်းထားဟန်ရ၏။ မီးတောက်များ ဝန်းရံလျှက် ထိုပုံရိပ်သည် ရီဝူချင်းထံသို့ ပြေးဝင်လာခဲ့သည်။
တုယွင်၏မီးတောက်သည် သေဆုံးခြင်းစွမ်းအားပါဝင်ကာ အလွန်အန္တရာယ်များသည်။ ထိုအရာက လူတစ်ယောက်ကို တခဏချင်း လောင်ကျွမ်းပြာကျသွားစေသည်။
သို့သော်လည်း တစ်ဘက်လူ၏ဓားစွမ်းအားသည် သူ၏သေဆုံးခြင်းစွမ်းအားကို ဖိနှိပ်ထားနိုင်အောင် တုယွင် ခံစားမိသည်။ သူ့မီးတောက်များက တစ်ဘက်လူကို ထိခိုက်အောင် မလုပ်နိုင်ပေ။
ထိုအရာက နတ်ဝင်ရိုး၏ဖိနှိပ်ခြင်းကြောင့်လား...။
သူသည် ရီဖူရှင်းနှင့် တိုက်ခိုက်လိုခြင်းမှာ အက်ကြောင်းမဲ့ဝင်ရိုး၏စွမ်းအားကို ခံစားလို၍ ဖြစ်သည်။ ယခု သူသည် ရီဖူရှင်းမဟုတ်သော တခြားတစ်ယောက်ထံတွင် တူညီသော စွမ်းအားကို ခံစားနေရ၏။
အက်ကြောင်းမဲ့ဝင်ရိုးရှေ့တွင် တုယွင်ကား မည်သည့်အခွင့်အရေးမှ မရှိပေ။
“မဟာလမ်းစဉ်ရဲ့ ဖိနှိပ်မှုအောက်မှာ မင်းက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး...” ရီဝူချင်းက တုယွင်ကို ပြောသည်။ သူက တိုက်ခိုက်ခြင်းမပြုပေ။
ဓားသမားတစ်ဦး၏ဓားသည် အလွန်အန္တရာယ်များ၏။ သူ့အနေဖြင့် လက်ရည်စမ်းပွဲတွင် တစ်ဘက်လူထံသို့ ဓားဖြင့် ချိန်ရွယ်မည်မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ်...” မီးတောက်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။ အရာအားလုံး ပုံမှန်ဖြစ်သွား၏။ အဆုံးတွင် တုယွင် မတိုက်ခိုက်ရန် ဆုံးဖြစ်ခဲ့၏။ ရီဝူချင်းပြောသကဲ့သို့ သူ၏အစွမ်းမှာ ဖိနှိပ်ခံထားရရာ ဆက်လက်တိုက်ခိုက်ရန် အဓိပ္ပာယ်မဲ့၏။
သို့တိုင်အောင် သူသည် အက်ကြောင်းမဲ့ဝင်ရိုး၏အစွမ်းကို ကိုယ်တိုင်ခံစားသိရှိခဲ့ရသည်။
ရီဝူချင်းခန္ဓာကိုယ်မှ ဓားအသိသည်လည်း ပျောက်ကွယ်သွားသည်။
“အခုလို ညွန်ကြားပြသပေးတာ ကျေးဇူးတင်ပါတယ်...” တုယွင်က ရီဝူချင်းက အနည်းငယ် ဦးညွတ်ကာ ဆိုသည်။
ရီဝူချင်းက ခေါင်းညိတ်ကာ တည်းခိုခန်းသို့ ပြန်လာခဲ့သည်။ ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ မသက်မသာပြုံးလျှက် ခေါင်းယမ်းသည်။
ရီဖူရှင်းက ရီဝူချင်းကို တိုက်ပွဲအတွေ့အကြုံရစေရန် တိုက်ခိုက်စေခဲ့သော်လည်း နှစ်ဦးသား၏အစွမ်းက ကွာဟလွန်းသည်။ သူတို့နှစ်ယောက်ကား အဆင့်တူတွင် ရှိမနေ။
“ရန်ဟောင်ရီကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်..” တုယွင်က ရီဖူရှင်းကိုလည်း လက်နှစ်ဘက်ဆုပ်ကာ ပြောသည်။ သူ၏အပြုအမူကား တစ်ဘက်သားကို အပြည့်အဝလေးစားမှုပေးသည်။
“ဒါက မပြောပလောက်ပါဘူး...” ရီဖူရှင်းက ခေါင်းညိတ်သည်။ တုယွင်က လာရောက်စိန်ခေါ်ခြင်းကို သူက စိတ်ထဲမထားပေ။ တစ်ဘက်လူက ကောင်းမွန်စွာ ပြောဆိုစိန်ခေါ်ခြင်းဖြစ်ကာ သူ့အနေဖြင့်လည်း ထိုသို့သော လူမျိုးကို ပြန်လည်၍ လေးစားမှုထားပေသည်။
တုယွင် နောက်လှည့် ထွက်ခွာသွားသည်။ ထိုအဖြစ်က မြစ်ဝါမြစ်နံဘေးမှ တန်ခိုးရှင်များအားလုံးကို အထိတ်တလန့်ဖြစ်စေသည်။
သူသည် မိစ္ဆာအင်ပါယာ၏တပည့်ဖြစ်၏။ သူကား ရီဖူရှင်း၏နောက်လိုက်နှင့်ပင် မယှဉ်နိုင်။
သို့တိုင်အောင် ထိုဝတ်စုံဖြူဓားသမားကိုယ်တိုင်ကလည်း ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်လှသည်။
တစ်ဘက်တွင် ထိုဓားသမားသည်လည်း အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်ကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်တွင် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် မည်မျှများသနည်း။ ထိုအဖြစ်က ထိပ်သီးအင်အားစုများကို နာကျင်စေသည်။
ရှန်ကလန်မှ လူများအတွက်မူ သူတို့မည်သို့ ခံစားရမည်ကို တွေးကြည့်နိုင်သည်။
နန်လော့ရှန်းသည်ပင် စိတ်လှုပ်ရှားရ၏။
နန်လော့ရှန်းကား မာနကြီးသူတစ်ဦးဖြစ်သည်။
အတိတ်တွင် သူမကဲ့သို့ ပါရမီမြင့်သူတစ်ဦးပင် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းရန် များပြားလှသော အထောက်အပံ့နှင့် အရင်းအမြစ်များကို အသုံးပြုခဲ့ရသည်။
ယခုတွင် ရီဖူရှင်းဘေး၌ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များ တစ်ဦးပြီးတစ်ဦး ပေါ်လာ၏။ ထိုအဖြစ်က သူမကို မသက်မသာဖြစ်စေသည်။
မြစ်ဝါမြစ်နံဘေးမှ လူများအားလုံးက ရီဖူရှင်းကို စိတ်ဝင်တစား လှမ်းကြည့်ကြသည်။ ယခင်က သူတို့သည် သူ့အား နာမည်ဖြင့်သာ ကြားဖူးကြ၏။
ယခု သူတို့သည် ကိုယ်တိုင် တွေ့ကြုံရပြီဖြစ်သည်။ တုယွင်ကဲ့သို့ နာမည်ကျော်တစ်ဦးသည်ပင် ရီဖူရှင်း၏နောက်လိုက်ကို မယှဉ်နိုင်။
ထိုအဖြစ်က ရီဖူရှင်းသည် လက်ရှိမျိုးဆက်မှ မဟုတ်ဘဲ လူကြီးမျိုးဆက်ထဲမှ တစ်ဦးဟုပင် ခံစားရစေသည်။
“ဘုံကိုးခုမှာ လူအများက ရန်ဟောင်ရီကို လက်ရှိမျိုးဆက်ရဲ့ သရဖူပိုင်ရှင် အတောက်ဆုံး တန်ခိုးရှင်အဖြစ် သတ်မှတ်ထားကြတယ်။ ဒီအပေါ် ရန်ဟောင်ရီ ဘယ်လိုထင်လဲ...”
မြစ်ဝါမြစ်ကမ်းဘေးမှ လူတစ်ယောက်က ရုတ်တရက်ပြောသည်။ သူသည်လည်း ရန်ဟောင်အဆင့်တွင်ဖြစ်သည်။
သူက ထိုသို့ပြောလျှင် အားလုံးက သူ့ကို လှမ်းကြည့်ကြသည်။ သူကား အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးဖြစ်သည်။
ရီဖူရှင်းက လက်ထဲမှ သေရည်ခွက်ကို ချလိုက်သည်။ သူက ထိုလူရှိရာသို့ လှမ်းကြည့်ကာ ပြောသည် “ကျုပ်ရှေ့မှာ နတ်မိမယ်ချန်းချီရှိတယ်။ မြစ်တစ်ဘက်ကမ်းမှာ မင်းသမီးနန်လော့ရှန်းရှိတယ်။ ဘယ်သူက လက်ရှိမျိုးဆက်ရဲ့အကောင်းဆုံးလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ...” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည် “ဘုံကိုးခုမှာ နာမည်ကျော်ပါရမီရှင်တွေ အများအပြားရှိတယ်။ ဒါပေမဲ့ ကျုပ်က သူတို့ထဲက တစ်ယောက်သာဖြစ်တယ်...”
“ရန်ဟောင်ရီက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဦးဆောင်ပြီးတော့ ရှန်ကလန်ကို တိုက်ခိုက်ရဲတယ်။ ဒါက ဘယ်လူငယ်မျိုးဆက်မှ မလုပ်နိုင်တဲ့ အောင်မြင်မှုပဲ။ ဒီ့အပြင် ရန်ဟောင်ရီကို ယှဉ်နိုင်တဲ့သူရှိမယ်လို့ ကျုပ်တော့ မထင်ဘူး။ ခင်ဗျားက လက်ရှိမျိုးဆက်မှာ လောလောဆယ် ပြိုင်ဘက်ကင်းပဲ...”
တစ်ဘက်လူက သူ့ကို ထပ်မံ၍ ချီးကျူးသည်ကို ကြားလျှင် ရီဖူရှင်းက ဘေးနားမှ ခွန်ပန်အင်ပါယာကို စိတ်ဖြင့် လှမ်းပြောသည် “စီနီယာ... အဲဒီလူကို ဖမ်းလို့ရမလား...”
“ကောင်းပြီ...” ခွန်ပန်အင်ပါယာက ခေါင်းညိတ်ကာ မူလနေရာမှ ရုတ်တရက်ပျောက်ကွယ်သွား၏။ သူက ရီဖူရှင်းကို ချီးကျူးသူထံသို့ တိုက်ရိုက်ရောက်သွားသည်။
လူအုပ်ကား မှင်တက်သွားသည်။ မည်သူမှ မထင်ထား။
ရီဖူရှင်းကို ချီးကျူးသောသူအား ရီဖူရှင်းက တိုက်ခိုက်ရန် ကြံရွယ်သည်။ ဘာဖြစ်နေသနည်း။
ဟူး...
သို့သော်လည်း ခွန်ပန်အင်ပါယာ ရောက်သွားသည်နှင့် ထိုလူသည် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူသည် လေဟာနယ်ထဲ ပျော်ဝင်ကာ ထိုနေရာ၌ မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့သည်။
ထိုအဖြစ်က လူအများကို ထူးဆန်းသော အမူအရာဖြစ်လာသည်။ ထိပ်သီးတန်ခိုးရှင်များ တစ်ဦးပြီးတစ်ဦး ထရပ်ကြသည်။
ထိုလူသည် ငရဲတံခါးမှလော။
ခွန်ပန်အင်ပါယာထံမှ အလင်းတစ်ချက် လက်သွားကာ အတောင်ပံများဖြန့်လျှက် အဝေးသို့ ပျံသန်းသွားသည်။ သူက စွမ်းအားလှုပ်ခတ်မှုကို အခြေခံကာ တစ်ဘက်လူထွက်ပြေးသွားရာနောက်သို့ လိုက်ရန် ကြိုးစား၏။ သူသည်လည်း တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။
ရီဖူရှင်းကား ထိုနေရာတွင်ပင် ထူးမခြားနားစွာ ထိုင်နေ၏။
“ရှင်ဘယ်လိုသိတာလဲ...” ချန်းချီက ပြုံးလျှက်မေးသည်။
“ဟင့်အင်း...” ရီဖူရှင်းက ခေါင်းယမ်းသည်။
“ဒါပေမဲ့ ကျုပ်တို့ တိုက်ခိုက်လိုက်တော့ မသိသွားဘူးလား...” ရီဖူရှင်းက ပြုံးသည်။ သူက ဆက်ပြောသည် “ငရဲတံခါးက ကျုပ်တို့ကို လျို့ဝှက်နယ်မြေဘုံသို့ ခေါ်လာတယ်။ သူတို့က နောက်ကွယ်က ပဋိပက္ခတွေ ဖန်တီးဖို့ ကြိုးစားနေတာ သေချာတယ်။ ခုနက လူက ကျုပ်ကို တမင်မြှောက်ပင့်ပြီးတော့ လူအများအာရုံစိုက်အောင်လုပ်နေတာ သေချာတယ်။ အလယ်အလတ်ရန်ဟောင်တစ်ပါးက ဒီလို အရေးမပါတာတွေကို ဂရုစိုက်နေမယ်လို့ ကျုပ်မယုံဘူး...”
ချန်းချီက ပြုံးလိုက်သည်။ ရီဖူရှင်းပြောသည်မှာ မှန်ပေသည်။
***