← Chapters

ပြတိုက်တစ်ခု တည်ဆောက်မည်လော

Vol. 53 Ch. 781

ပြတိုက်တစ်ခု တည်ဆောက်မည်လော

Vol. 53 Ch. 781

နံနက်စာ စားပြီးနောက် ဖုန်းယွီသည် အယ်လီနာအား အပြင်သို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ ယခင်က အယ်လီနာကို တစ်ကြိမ်မှ အပြင်မခေါ်ခဲ့ဖူးပေ။ အပြင်သွားရန် ပြောသည့်အခါ အယ်လီနာ အလွန် စိတ်လှုပ်ရှားနေ တော့သည်။

ကီရီလန်ကိုသည် နယူးယောက်သို့ ပြန်သွားပေသည်။ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခု တည်ထောင်ရန် ထိုနေရာသို့ သွားခြင်းဖြစ်သည်။ အမေရိကန်များ ဂုဏ်ယူသည့် ကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံချင်ကြောင်း ပြောလိုက်သည်။ သူသည် ရုရှား၏ ဂုဏ်ကို အမေရိကန်သို့ ယူလာချင်ပေသည်။

ဖုန်းယွီလည်း မတားခဲ့ချေ။ အမှတ်တကယ်တွင် ဤသည်က အကြံကောင်းတစ်ခုဟု ထင်မိ၍ ဖြစ်သည်။ အမေရိကန်သည် နည်းပညာများတွင် အကောင်းဆုံးဟု ပြောတတ်ကြသည်။ သူသည် ထိုနယ်ပယ်တွင်ပင် အမေရိကန်ကို ဖိနှိပ်ချင်နေခြင်းဖြစ်သည်။

နည်းပညာသည် ကုန်ထုတ် စွမ်းအား တိုးစေသည်မှာ အမှန်တရား ဖြစ်သည်။ မည်သည့် စက်ပစ္စည်း၊ ကွန်ပျူတာမဆို ထိရောက်မှု သိသိသာသာ တိုးမြင့်လာပြီး လူအင်အား လျှော့ပေးပေလိမ့်မည်။ အကယ်၍ လူဖြင့် တစ်နာရီလျှင် ပစ္စည်းတစ်ခု ထုတ်လုပ်နိုင်ပါက စက်ယန္တရားဖြင့် အခု(၁၀၀)ထုတ်လုပ်နိုင်သည်အထိ တွေ့မြင်ရပေလိမ့်မည်။

ကွန်ပျူတာများသည် နည်းပညာ အမြင့်မားဆုံး စက်မှုလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ ကွန်ပျူတာ လုပ်ငန်းကို ထိန်းချုပ်နိုင်ပါက အနာဂတ်ကို ထိန်းချုပ်နိုင်မည်ပင်။

ကီရီလန်ကိုသည် ဆော့ဖ်တြနှင့် ဆက်စပ်ပစ္စည်း အင်ဂျင်နီယာများ စတင်ခေါ်ယူရန်အတွက် ရုရှားဝန်ထမ်းများကို ဆက်သွယ်ရန် လိုနေပေသည်။

ဆက်စပ်ပစ္စည်း အင်ဂျင်နီယာများသည် လီနိုဗိုတွင် ပါဝင်ခြင်း၊ သို့တည်းမဟုတ် ပင်မထိန်းချုပ်ချီစ်ပြား အသစ်တစ်မျိုး ဖန်တီးနိုင်ပေသည်။ ထိုရုရှားများသည် အာကာသ စခန်းကိုပင် တည်ဆောက်နိုင်ကြသည်။ ၎င်းတို့အတွက် ပင်မထိန်းချုပ် ချိစ်ပြား ဆိုသည်မှာ မည်သို့နည်း။

ဖုန်းယွီသည် ရုရှားတွင် ရွက်ပုန်းသီးများ ရှိနေသေးကြောင်း သတိပြုမိလိုက်သည်။ သူ့အနေဖြင့် မစည်းရုံးနိုင်သူ များမှာ ကီရီလန်ကို အတွက် ပြဿနာမရှိချေ။ ရုရှားတွင် မည်သည့်အရာမဆို ငွေဖြင့် ဖြေရှင်းနိုင်ပေသည်။

ဖုန်းယွီသည် ယခင်က ရှေးရိုးဆန်ခဲ့လွန်းသည်ဟု ခံစားမိပေသည်။ သူသည် နောက်ခရီးစဉ်၌ ရုရှားမှ ခေါ်ယူနိုင်သည့် အရည်အချင်းမျိုးများကို သုတေသနပြုရန် ရည်ရွယ်ထားပေသည်။

************

“ဘယ်သွားချင်လဲ.. ဒီမှာက ရုရှားထက် ရာသီဥတု ပိုမူတယ်.. ရာသီ မရောက်သေးပေမယ့် ဆန္ဒရှိရင် ရွက်လွှင့်လို့ရတယ်..”

ဖုန်းယွီသည် အယ်လီနာ၏ လက်ကိုကိုင်ကာ မေးလိုက်ခြင်း ဖြစ်သည်။

ဖုန်းယွီသည် အယ်လီနာမှာ ကခုန်ခြင်းကို ကြိုက်ကြောင်း ရုတ်တရက် သတိရလိုက်သည်။ သူ့အကြောင်း တခြား ဘာမှမသိသဖြင့် မည်သည့်နေရာသို့ ခေါ်သွားရမည်မှန်း မသိတော့ချေ။

“ပြတိုက်ကိုလား..”

ဖုန်းယွီ ထပ်မေးလိုက်သည်။

“ကောင်းသားပဲ..”

အယ်လီနာ ခေါင်းညိတ်လိုက်သည်။ ဖုန်းယွီနှင့် အတူရှိနေရသရွေ့ မည်သည့်နေရာဖြစ်သည်ကို စိတ်မဝင်စားချေ။

“ရီလ်ဖာ.. ဆီးယက်တဲလ် ခရီးသွားမြေပုံ ဝယ်ပြီးပြီလား..”

ဖုန်းယွီ ရီလ်ဖာအား လှမ်းခေါ်လိုက်သည်။ စိတ်မရှည်တတ်သော်လည်း အယ်လီနာကဲ့သို့ ချစ်စရာ မိန်းကလေး တစ်ယောက်အပေါ် စိတ်ပျက်မသွားစေလိုပေ။ သို့အတွက် ရီဖာကိုသာ ဖိဟောက်ရ ပေတော့မည်။

“ဟုတ်ကဲ့ ဆရာ.. ကျုပ် အခုပဲ ဝယ်လာပေးပါ့မယ်..”

ရီလ်ဖာ သက်ပြင်းချလိုက်သည်။ သူသည့် လစာနှင့် အခွင့်အာဏာ မြင့်မြင့်မားမား ရထားသည့်အလျှောက် လုပ်စရာ အလွန်များပေသည်။ ယခုမူ ဖုန်းယွီ၏ ကိုယ်ပိုင် ဘဏ္ဍာစိုး ကဲ့သို့ ခံစားနေရပေသည်။

သိပ်မကြာမီ ရီလ်ဖာသည် ဖုန်းယွီနေအိမ်သို့ ရောက်လာခဲ့သည်။

ဖုန်းယွီသည် ရီလ်ဖာထံမှ ခရီးသွား လမ်းညွှန်စာအုပ် ယူကာ ရီလ်ဖာအား..

“ဘာလို့ အင်္ဂလိပ်လို ဖြစ်နေတာလဲ..”

ရီလ်ဖာ စိတ်ရှုတ်သွားသည်။ ဖုန်းယွီ၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုသည် အလွန်ကောင်းသဖြင့် အလွယ်တကူ ဖတ်နိုင် သင့်ပေသည်။ ထို့အပြင် ဤသည်က အမေရိကန် ဖြစ်သည်။ အင်္ဂလိပ်လို မဟုတ်ပါက မည်သည့် ဘာသာစကား ဖြစ်ရအုံးမည်နည်း။

ရီလ်ဖာသည် ဖုန်းယွီ ဘေးရှိ အယ်လီနာကို သတိပြုမိကာ ဖုန်းယွီသည် မည်သည့်အတွက် ဒေါသထွက်နေကြောင်း သိလိုက်ရသည်။

“သူဌေး.. ဒီမှာက ရုရှားဘာသာစကားနဲ့ ခရီးသွား လမ်းညွှန်ရဖို့ မလွယ်လို့ပါ..”

ဖုန်းယွီ လက်ကာပြကာ..

“ဘာမှ ပြောမနေနဲ့.. ဒီလို အလုပ်ရိုးရိုးလေးတစ်ခုတောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး..”

ရီလ်ဖာ ငိုချင်ချင် ဖြစ်သွားသည်။ ရုရှား စကားပြောတတ်သူများသည် အားလပ်ရက်များ၌ အမေရိကန်သို့ လာရောက်လေ့ရှိသည်။ ၎င်းတို့ ရောက်ရှိလာလျှင်ပင် လော့စ်အိန်ဂျလိစ် ကဲ့သို့သော မြို့ကြီးများကိုသာ သွားတတ်ကြသည်။

ဖုန်းယွီသည် ခရီးသွားလမ်းညွှန်စာအုပ်ကို ပြကာ အယ်လီနာအား ရုရှားလို ရှင်းပြလိုက်သည်။

“ဒါက ဟန်ရီ အနုပညာပြတိုက်.. ဝါရှင်တန်ရဲ့ ပထမဆုံး အနုပညာ ပြတိုက်ပေါ့.. ဒါက ကလွန်ဒိုက် ရွှေပြတိုက်ပေါ့.. ဒါက သမိုင်းနဲ့ စက်မှု ပြတိုက်.. ဒါက ပျံသန်းရေး ပြတိုက်………….”

ရီလ်ဖာ သဘောကျသွားသည်။ ဖုန်းယွီသည် သူ့အသက်အရွယ်တွင် ဤမျှအောင်မြင်နေသည်မှာ အံ့ဩစရာ မရှိတော့ချေ။ နိုင်ငံခြား ဘာသာစကား (၂)မျိုးကို အလွန်ကျွမ်းကျင်စွာ ပြောနိုင်ပေသည်။

ဖုန်းယွီသည် အယ်လီနာ စိတ်ဝင်စားသည့် နေရာများကို စိတ်အားထက်သန်စွာ ရှင်ပြနေသည်ကို ကြည့်ရင်း ရီလ်ဖာသည် ဖုန်းယွီအား ယခင်က လိင်တူ ချစ်သူဟု ထင်မှတ်ခဲ့ခြင်းအပေါ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဖုန်းယွီသည်ထံ၌ အချိန်အတော်ကြာအောင် အလုပ်လုပ်ခဲ့သော်လည်း ဖုန်းယွီအနားတွင် မည်သည့် အမျိုးသမီးမှ မတွေ့ဖူးခဲ့ချေ။

ဖုန်းယွီ၏ အဆင့်အတန်းနှင့် ကြွယ်ဝမှုကြောင့် လှပသည့် ရုပ်ရှင် သရုပ်ဆောင်များ အပါအဝင် သူလိုချင်သည့် အမျိုးသမီးတိုင်းကို ရနိုင်ပေသည်။ သို့ရာတွင် ဖုန်းယွီသည် သူ့ထံချဉ်းကပ်ရန် ကြိုးစားသည့် အမျိုးသမီးအားလုံးကို ခါချခဲ့သည်။ ရီလ်ဖာအနေဖြင့် ထိုအမျိုးသမီး တော်တော်များများသည် လှပကြောင်း ခံစားခဲ့ရသည်။

သို့ရာတွင် ယခု သူ့သူဌေးဘေးတွင် ထိုင်နေသည့် အမျိုးသမီးကို မြင်လိုက်ရသည့် အခါတွင်မှ ထိုအမျိုးသမီးများကို မည်သည့်အတွက် အကပ်မခံကြောင်း နားလည်သွားတော့သည်။ ထိုအမျိုးသမီးများသည် အယ်လီနာနှင့် ယှဉ်၍ မရချေ။ မိမိသည်ပင် အယ်လီနာကဲ့သို့သော ချစ်သူရှိနေပါက ထိုအမျိုးသမီးများအပေါ် စိတ်ဝင်စားမှု လျော့သွား ပေလိမ့်မည်။

ဆီးယက်တဲလ်ရှိ နေရာအသီးသီးမှ ခရီးသွားများကို ဆွဲဆောင်နိုင်သည် အားလုံးကို ဖုန်းယွီရှင်းပြနေခြင်းအား နားထောင်နေစဉ်အတွင်း အယ်လီနာ၏ မျက်နှာပေါ်တွင် အပြုံးများ ဝေနေပေသည်။ ဖုန်းယွီသည် သူ့အား မည်သည့်နေရာ သွားချင်ကြောင်း ထပ်မေးသည့်အခါ တိုးတိုးလေးဖြင့်..

“အနုပညာ ပြတိုက်ကို သွားလို့ရမလား..”

“ရတာပေါ့.. ဘာလို့ မရမှာလဲ.. ရီလ်ဖာရေ ယာဉ်မောင်း ခေါ်ပြီး အကားအသင့်ပြင်ခိုင်းလိုက်.. ဟန်ရီ အနုပညာ ပြတိုက်ကိုသွားမယ်.. ဒီနေ့ ပြတိုက် တစ်ခုလုံး ဘိုကင်ချိတ်ဖို့ ဖုန်းဆက်လိုက်..”

အယ်လီနာသည် ဖုန်းယွီ၏ လက်ကို အမြတ်ဆွဲကာ..

“လူတွေအများကြီးနဲ့ ပန်းချီကားတွေ ကြည့်ရတာ ပိုပြီး သဘောကျဖို့ ကောင်းပါတယ်..”

“ကောင်းပြီလေ.. မင်းကြိုက်တယ်ဆို ပြီးရော.. ရီလ်ဖာရေ လက်မှတ်တွေ သွားဝယ်လိုက်.. ငါတို့ ရောက်ရောက်ချင်း ပြတိုက်ထဲ ဝင်ချင်တယ်..”

“ဟုတ်ကဲ့ သူဌေး.. ကျုပ် စီစဉ်လိုက်ပါမယ်..”

ရီလ်ဖာသည် အမြန်ဆုံး ပြေးထွက်ကာ ပြတိုက်သို့ ချီတက်သွားလိုက်တော့သည်။

ဖုန်းယွီသည် ပန်းချီပြခန်းများသို့ လည်ပတ်ရသည်ကို မကြိုက်ချေ။ ထိုအနုပညာ လက်ရာများသည် ဈေးအလွန်ကြီး ကာ ဈေးကစားသူများကြောင့် ပိုမို ဖောင်းပွလာသည်ဟု သူခံစားရ၍ ဖြစ်သည်။ ပန်းချီလက်ရာများကို ဈေးနှုန်းတစ်ခုဖြင့် တန်ဖိုးဖြတ်မထားသင့်ချေ။ ပန်းချီ ကြိုက်နှစ်သက်သူများအတွက် အဖိုးမဖြတ်နိုင်ချေ။ သို့ရာတွင် အခြားသူများအတွက်မူ သာမန်ပစ္စည်းတစ်သာပင်။

လုပ်ငန်းရှင်တစ်ယောက်အနေဖြင့် အနုပညာလက်ရာများမှာ ထုတ်ကုန်တစ်ခုသာပင်။ အနုပညာပစ္စည်း တန်ဖိုး မြှင့်တင်ရန်နှင့် ထိုပစ္စည်းမှ အမြတ်အစွန်းရရှိရေးသာ ရည်ရွယ်ကြပေသည်။

မိမိအိမ်တွင် ပြန်လည်နိုးထခြင်း အချိန်ကာလမှ ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားယုံဖြင့် မိမိသည် အနုပညာ ဆန်သည်ဟု သတ်မှတ်နိုင်မည်လော။ လူသား(၉၉)ရာခိုင်နှုန်းကျော်သည် ထိုပန်းချီကားကို ကြွားလုံးထုတ်နိုင်ရေး အတွက် မဏ္ဍပ်တိုင် တက်ပြပေလိမ့်မည်။

ဖုန်းယွီသည်လည်း ထိုသို့ လုပ်ချင်ပေသည်။ သို့ရာတွင် သူသည် ဆီဆေးပန်းချီများ မဝယ်လိုချေ။ တရုတ်ပန်းချီနှင့် မြေအိုးများသာ လိုချင်ပေသည်။ တရုတ်ပန်းချီကား အနည်းငယ် သို့တည်းမဟုတ် အမေရိကန်ရှိ အမျိုးသားအဆင့် တရုတ်ပန်းချီလက်ရာ အနည်းငယ် ဝယ်ယူကာ တရုတ်ပြည်ရှိ ပြတိုက်များသို့ ပြန်လည် လှူဒါန်းရန် ဆုံးဖြတ်ထားပေသည်။ ဤအနုပညာ လက်ရာများသည် ကျွမ်းကျင်မှုကို အထူးဂရုစိုက်ရန် လိုအပ်ပြီး ဖုန်းယွီအနေဖြင့် မည်သို့ ထိန်းသိမ်းရမည်ကို မသိချေ။

ကိုယ်ပိုင် ပြခန်း ဆောက်နိုင်လျှင်…။

မှန်ပေ၏။ မိမိ ကိုယ်ပိုင် ပြခန်း တည်ဆောက်ပြီး ထိုအနုပညာ လက်ရာများကို ထိန်းသိမ်းပြုပြင်ရန်အတွက် ပညာရှင်များကို မည်သည့်အတွက် မငှားရမ်းနိုင်ရမည်နည်း။

လေနှင့်မိုး ပြတိုက်။ ထိုအတွေးမှာ လူများကို စိတ်လှုပ်ရှားစေလိမ့်မည်။ ဖုန်းယွီသည် သူ့လူများကို အမေရိကန်ရှိ တရုတ် အနုပညာလက်ရာများ ရှာဖွေခိုင်းရန် ဆုံးဖြတ်လိုက်သည်။ ယနေ့ခေတ်၌ တရုတ်ပန်းချီကားများ ဈေးမကြီးသေးသဖြင့် ဈေးနှုန်းကို စိတ်ထဲမထားချေ။

--------**$$^$$**--------

All Chapters