ခါမီဒါ မာဆောင်
Vol. 53 Ch. 793
ဖုန်းယွီ အလျင်စလို မရှိချေ။ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ကာ ဒေါ်နယ်ထရန့် ဆုံးဖြတ်ချက် ချနိုင်အောင် စောင့်နေပေသည်။ ဖုန်းယွီ စိတ်လောကြောင်း ပြမိပါက ဈေးပိုပေးရပေတော့မည်။
ဒေါ်နယ်သည် ထက်မြက်သည့် စီးပွားရေးသမား ဖြစ်ပြီး ဖုန်းယွီသည်လည်း သူ့ထံမှ သင်ယူလိုပေသည်။ ယခုအချိန်တွင် မိတ်ဆွေ မဖြစ်နိုင်လျှင်ပင် နောင်တွင် ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အရေး ရှိပေသေးသည်။
ဖုန်းယွီသည် ပစ္စည်းများကို စီမံခန့်ခွဲရာ၌ အတွေ့အကြုံမရှိချေ။ အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ယူပြီးပါက စီမံခန့်ခွဲရန် လူတစ်ယောက် ငှားရပေလိမ့်မည်။ ဒေါ်နယ်ထရမ့်မှာ အိမ်ခြံမြေ လုပ်ငန်းတွင် နှစ်ပေါင်း များစွာ လုပ်ကိုင်လာသဖြင့် သူ့ကို ထိုအဆောက်အဦး စီမံခန့်ခွဲခွင့် ပေးလိုက်သည်က မဆိုလှချေ။
“မင်းဘယ်လောက် ပေးမှာလဲ.. ငါ့မှာ ရှယ်ယာ (၅၀)ရာခိုင်နှုန်းပဲ ရှိတယ်.. ကျန်တဲ့ (၅၀)ရာခိုင်နှုန်း ဘယ်လိုဝယ်မှာလဲ..”
ထရမ့် မေးလိုက်သည်။ ဖုန်းယွီ ရယ်မောရင်းဖြင့်ပင်..
“ဒါက ကျုပ်ပြဿနာပါဗျာ.. စီမံခန့်ခွဲပိုင်ခွင့်ကတော့ ခင်ဗျားအတွက်ပဲ.. ဒါဆို ခင်ဗျားလဲ ဒီအဆောက်အဦးကို ပိုင်ရသလိုပဲ မဟုတ်ဘူးလား..”
ဒေါ်နယ်ထရမ့် ခေါင်းယမ်းကာ..
“မင်း နားမလည်သေးဘူး.. အင်ပါယာစတိတ် အဆောက်အုံ အများစုကို အိမ်ခြံမြေ ကုမ္ပဏီ (၂)ခုကို ငှားထားတယ်.. အင်ပါယာစတိတ် အဆောက်အဦးကို စီမံခန့်ခွဲဖို့အတွက် စီမံခန့်ခွဲရေး ကုမ္ပဏီ တစ်ခု ထူထောင်ထားတယ်.. သူတို့ဆီက စီမံခန့်ခွဲခွင့်တွေ ပြန်ရဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး..”
“ခင်ဗျားမှာ ဒါတွေကို ဖယ်ထုတ်ပစ်နိုင်တဲ့ နည်းလမ်းရှိတယ်ဆိုတာ ကျုပ်သိပါတယ်ဗျာ.. ဒီနည်းနဲ့ ခင်ဗျားရဲ့ ရှယ်ယာ တန်ဖိုးတွေ တက်လာမယ်.. ပြီးတော့ အဆောက်အဦးကို ဝယ်ပြီးရင် အတွင်းပိုင်းရော အပြင်ပိုင်းပါ ပြန်ပြင်ရမယ်.. အရင်ကထက် စီမံခန့်ခွဲရတာ ပိုလွယ်သွားလိမ့်မယ်.. ခင်ဗျားလဲ ငွေအများကြီး ဝင်ပြီပေါ့..”
အင်ပါယာစတိတ် အဆောက်အဦးကို ကုမ္ပဏီ (၂)ခုအား နှစ်ရှည်ငှားရမ်းခြင်းဖြင့် ချုပ်နှောင်ထားမည် ဆိုပါက ဖုန်းယွီသည် ၎င်းကို ဝယ်ယူခြင်းသည် အသုံးမဝင်ပေ။ ဖုန်းယွီသည် အဆောက်အဦးမှ ငွေမရှာနိုင်ဘဲ တရုတ်စတိတ် အဆောက်အဦး အမည်သို့ ပြောင်း၍မရချေ။ ဖုန်းယွီသည် ဒေါ်နယ်အား အဆောက်အဦး နေ့စဉ်လုပ်ငန်း တာဝန်များကို စီမံခန့်ခွဲစေမည် ဖြစ်သော်လည်း ကီရီလန်ကိုနှင့်သူသည် အဆောက်အဦး တစ်ခုလုံးကို ထိန်းချုပ် နိုင်ပေလိမ့်မည်။
ဤသည်မျာ အင်ပါယာစတိတ် အဆောက်အဦး ဝယ်ယူမှု ဈေးနှုန်း တိုးစေနိုင်သော်လည်း ရေရှည်တွင် ငွေပိုရနိုင်ပေသည်။ အမေရိကန် အိမ်ခြံမြေဈေးကွက် ပြန်လည် ဦးမော့လာမှုသည် နောင် (၁)နှစ် (၂)နှစ်အတွင်း ဖြစ်လာပေမည်။ ဤရင်းနှီးမြုပ်နှံမှုမှ အရှုံးပေါ်စေမည် မဟုတ်ချေ။
“အဲ့ပြဿနာဖြစ်ရင် ကျုပ်မင်းကို ကူညီနိုင်တယ်.. မင်းငါ့ကို ပြားတိုးနဲ့ ငွေချေးပေးမယ်လို့ ပြောထားတယ်နော်..”
ဒေါ်နယ်သည် ဖုန်းယွီအား လေးလေးနက်နက် ကြည့်လိုက်သည်။
“ဟုတ်တယ်လေ.. ကျုပ် ခင်ဗျားကို ပြောလို့ရပါတယ်.. ကျုပ်က ဘီလ်နှင့် ပေါလ်ပြီးရင် မိုက္ခရိုဆော့ဖ်ရဲ့ တတိယ အကြီးဆုံး ရှယ်ယာရှင်ပါ.. ခင်ဗျား စုံစမ်းလို့ရတယ်..”
ဖုန်းယွီသည် ဒေါ်နယ်အား စည်းရုံးနိုင်ရန် မိုက္ခရိုဆော့ဖ် ရှယ်ယာရှင်ဖြစ်သည့် သူ့အဆင့်အတန်းကို အသုံးချလိုက်သည်။
ထရမ့် အံ့ဩသါားမိသည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်၏ တတိယအကြီးဆုံး ရှယ်ယာရှင်လော။ ဆိုလိုသည်မှာ အသားတင် ပိုင်ဆိုင်မျုသည် ကန်ဒေါ်လာ (၂)ဘီလီယံ ကျော်ပေသည်။
ထိုဖုန်းယွီသည် အင်ပါယာ စတိတ် အဆောက်အဦးဝယ်ယူရာတွင် ပြဿနာ မရှိလောက်ချေ။
“မင်း ငါ့ကို ဘယ်လောက်ထိ ချေးပေးနိုင်မလဲ..”
ဒေါ်နယ်ထရန့် အလွန်စိတ်လှုပ်ရှားနေသော်လည်း အသံမှာမူ တည်ငြိမ်နေပေသည်။
“ဘယ်လောက်လိုချင်လို့လဲ..”
ဖုန်းယွီ ပြန်မေးလိုက်သည်။
ဒေါ်နယ်ထရမ့် မျက်လုံးများ ပြူးကျယ်သွားသည်။ ဖုန်းယွီမှ လိုချင်သလောက် ချေးပေးမည်ဟု ပြောနေသည်လော။
“ဒေါ်လာ သန်း(၅၀)..”
ဒေါ်နယ်ထရမ့်မှလည်း သိသိသာသာပင် ပြောလိုက်သည်။ အင်ပါယာစတိတ် အဆောက်အဦး၏ ပေါက်ဈေးမှာ ကန်ဒေါ်လာ သန်း(၅၀)ကျော်ဖြစ်သည်။ ထို အငှားကုမ္ပဏီ(၂)ခု မရှိတော့ပါက ပြုပြင်ပြီး တန်ဖိုးသည် (၂)ဆ တက်သွား ပေလိမ့်မည်။ တစ်နှစ်အကြာ၌ အင်ပါယာစတိတ် အဆောက်အဦး၏ တန်ဖိုးသည် သန်း(၁၀၀)ကျော်အထိ တိုးလာမည်ဟု ထရမ့် ယုံကြည်ထားသည်။
ဖုန်းယွီသည် ဒေါ်နယ် ထရန့်ကို ကြည့်လိုက်စဉ် မျက်မှောင်ကြုတ်ထားကြောင်း တွေ့လိုက်ရသည်။ ထို့နောက် အပြုံးဖြင့်ပင်..
“ဟုတ်ပြီလေ..”
“တကယ်လား.. ဒါ အရမ်းကောင်းတယ်..”
ဖုန်းယွီ ငြင်းဆန်မည်ဟု ထင်ထားခြင်း ဖြစ်သည်။ ချက်ချင်း သဘောတူလိမ့်မည်ဟု မျှော်လင့်မထားချေ။
“ဒါပေမယ့်.. ဒါက ပမာဏ တော်တော်များတယ်လေ.. ခင်ဗျားကို လက်ရှိ ဘဏ်အတိုးနဲ့ ကျုပ်ပေးလိုက်ရင် အရမ်းများနေလိမ့်မယ်.. နောက်တစ်နည်းနဲ့ ပေးမယ်.. ခင်းဗျားကို ဒေါ်လာသန်း(၅၀)ကို (၅)နှစ် ချေးမယ်.. အဲ့ လိုချေးထားတဲ့အတွက် (၅)နှစ်အတွင်း ခင်ဗျားကုမ္ပဏီက အတိုးအနေနဲ့ အင်ပါယာစတိတ် အဆောက်အဦးကို စီမံခန့်ခွဲပေးရမယ်.. သဘောတူလား..”
ဖုန်းယွီအတွက် လူတစ်ယောက်အား အိမ်ခြံမြေ စီမံခန့်ခွဲမှုအတွက် လေ့ကျင့်ရန် (၅)နှစ်ဆိုသည်မှာ လုံလောက်ပေသည်။ ဘွဲ့ရပြီးသား ဖြစ်လျှင်ပင် အတွေ့အကြုံ လုံလုံလောက်လောက် ရှိရပေလိမ့်မည်။
ဒေါ်နယ်ထရမ့်သည် အင်ပါယာစတိတ် အဆောက်အဦးကို စီမံခန့်ခွဲမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ နောင်အခါ၌ ပိုင်ဆိုင်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။
ဒေါ်နယ်ထရမ့် ဖုန်းယွီအား ခေတ္တကြည့်ကာ..
“ငါ ဒီအဆောက်အုံရဲ့ ရှယ်ယာ (၅)ရာခိုင်နှုန်း သိမ်းထားချင်တယ်..”
သူ့အနေဖြင့် ထိုအဆောက်အဦးကို လက်မလျှော့လိုချေ။ ဤသည်က သူ့အိပ်မက် ဖြစ်ပေသည်။ သို့ရာတွင် ဖုန်းယွီထံမှ သန်း(၅၀)ချေးပေးမည်ဖြစ်၍ ဤအဆောက်အဦးရှိ သူ့ရှယ်ယာများအားလုံး ရောင်းထုတ်ပစ်ရန် မလိုတော့ချေ။
“ကိစ္စမရှိပါဘူး.. ဒါပေမယ့် အဆောက်အဦး မွမ်းမံဖို့အတွက်တော့ ခင်ဗျား ဝေစုပေးရလိမ့်မယ်..”
အစုရှယ်ယာ အချို့ သိမ်းဆည်းထားချင်ပါက တန်ဖိုးတစ်ခု ပေးဆောင်ရပေမည်။ ဖုန်းယွီသည် သူ့ကို (၅)ရာခိုင်နှုန်း မပေးနိုင်ချေ။ မည်သို့ပင်ဖြစ်စေ (၅)ရာခိုင်နှုန်း ဖြစ်၍ ထိုရှယ်ယာများကို နောင်တွင် စွတ်အတင်း ပြန်ဝယ်နိုင်ပေသည်။
“အဆင်ပြေတယ်.. ဒါဆို ဆုံးဖြတ်ပြီးပြီပေါ့.. ဒုက္ခပေးနေတဲ့ (၂)ယောက် (၃)လအတွင်း ရွှေ့သွားစေရမယ်.. ဒါပေမယ့် ဒီသဘောတူညီချက်ကို လျှိုက်ဝှက် လက်မှတ်ရေးထိုးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..”
“ကျုပ်လဲ အဲ့လိုပဲ လုပ်ချင်တာပါ.. ခင်ဗျားရှယ်ယာတွေကို ကျုပ်ဝယ်ပြီး (၃)လကြာရင် ခင်ဗျားအကောင့်ထဲကို သန်း(၅၀) လွှဲပေးလိုက်မယ်..”
*********
ခါမီဒါ မာဆောင်သည် ယနေ့ တိုကျိုရှိ အကျဉ်းထောင်တစ်ခုသို့ ရောက်နေပေသည်။ သူ့အနေဖြင့်မူ မည်သည့် သူငယ်ချင်းကိုမှ လာတွေ့ရန် မရှိချေ။ ဖုန်းယွီမှ အကျဉ်းထောင် ဆေးရုံရှိ လူတစ်ယောက်ထံ အကြောင်းကြားချက် ပေးပို့ခိုင်သဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။
ဟိဒီခီ ယိုကိုသည် ဆေးရုံ ကုတင်ပေါ်တွင် ရှိနေပေသည်။ သူသည် ပြစ်ဒဏ်ကျခံနေရသော်လည်း အခြားသူများနှင့် အတူ အချုပ်ခန်းအတွင်း နေထိုင်ရန် မလိုချေ။ သို့ရာတွင် သူ့အနေဖြင့် ဆေးရုံဝန်းအတွင်း၌သာ သွာလာပိုင်ခွင့် ရှိပေသည်။ ထောင်(၁)နှစ်ကျော်ကျော် ကျခံရန် လိုသေးသည်။
“ဟီဒီခီ ယိုကို….. ဧည့်တွေ့လာတယ်…”
အကျဉ်းဦးစီး ဝန်ထမ်းတစ်ယောက် ဝင်လာရင်း အော်လိုက်သည်။
ဟီဒီခီယိုကို မျက်မျောင်ကြုတ်လိုက်သည်။ သူ့ကုမ္ပဏီတွင် ပြဿနာ တက်နေသဖြင့် မိသားစုဝင် တစ်ယောက် လာသည်ထင်နေပေသည်။
ဟီဒီခီယိုကို ခေါင်းညိတ်ပြီးနောက် ခါမီဒါမာဆောင်သည် ဝန်ထမ်းနှင့်အတူ ဝင်လာသည်။ ဟီဒီခီယိုကိုသည် သူ့မိသားစုနှင့် အဆက်အသွယ်မပြတ်သဖြင့် ထောင်ထဲတွင် ကောင်းကောင်း နေခဲ့ရသည်။ ထွက်ပြေးရန် တစ်ကြိမ်မှ မတွေးဖူးချေ။ အကယ်၍ လွတ်မြောက်ခဲ့လျှင်ပင် အသက်အရွယ် ကြီးရင့်နေပြီ မဟုတ်ပေလော။ ဤနေရာတွင် သူ့အတွက် ပိုမို လွတ်လပ်နေပေသည်။
ဟီဒီခီယိုကိုသည် ဝင်လာသူကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ သူစိမ်းတစ်ယောက် မဟုတ်ပေလော။ သူ့သား အကွက်ဆန်းထွင်ပြန်ပြီလော။ ခွေးကောင်။ ကုမ္ပဏီ ပိတ်လုနီးနီးတွင်ပင် ငွေအများအပြား ပေးနေရသည်။ ဝန်ထမ်းများ လျော့ချရမည်ဖြစ်ပြီး အထပ်ထပ်၍ ခန့်မထားသင့်တော့ချေ။
“မစ္စတာ ဟီဒီခီ ယိုကို.. ကျုပ်နာမည် ခါမီဒါမာဆောင်ပါ.. စီးပွားရေးစကား ပြောစရာရှိလို့ မစ္စတာဖုန်းယွီ ကိုယ်စား လာတာပါ..”
ဟီဒီခီ ယိုကို အံ့ဩသွားသည်။ ခါမီဒါမာဆောင်နှင့် ဖုန်းယွီကား မည်သူနည်း။ မည်သည့် စီးပွားရေး ကိစ္စ ပြောနေသနည်း။ လက်ရှိအခြေအနေတွင် သူလိုလူမျိုးနှင့် မည်သူ စီးပွားရေး လုပ်ချင်နေသနည်း။
“မစ္စတာ ဟီခီဒီယိုကို.. ကျုပ်တို့နဲ့ စီးပွားရေး လုပ်မယ်ဆိုရင် ခင်ဗျားမိသားစုအတွက် ပိုပြီး အကျိုးရှိပါလိမ့်မယ်.. ခင်ဗျား ခန္ဓာကိုယ်ကလဲ ကြာကြာခံတော့မှာ မဟုတ်ဘူး… ခင်းဗျားအကြံ မအောင်ခင် ခင်ဗျားသာ ကွယ်လွန်သွား မယ်ဆိုရင် မိသားစု ဂုဏ်သိက္ခာ ပြန်ရနိုင်တော့မှာ မဟုတ်ဘူး.. ခင်ဗျားသား (၂)ယောက်လဲ သေချာပေါက် အခွင့်အရေး မရှိတော့ဘူး..”
ခါမီဒါမာဆောင် ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ဟီဒီခီယိုကို၏ မျက်လုံးများ တောက်ပလာသည်။ ထိုလူ မည်သည်ကို ဆိုလိုသနည်း။ တစ်ခုခု သိထားသည်လော။
“ဒီလူကြီးမင်းနဲ့ သီးသန့်စကားပြောချင်တယ်..”
ဟီဒီခီ ယိုကို ပြောလိုက်သည်။
ဝန်ထမ်းမှာ ခေတ္တစဉ်းစားပြီး ထွက်သွားသည်။ ဟီဒီခီ ယိုကို သည်သူဌေးကြီး တစ်ယောက်ဖြစ်ပြီး ထောင်ဈေးရုံ အတွင်း ဆေးရုံတက်နေရသော်လည်း အထူးအခွင့်အရေးများ ရှိနေပေသည်။
“မစ္စတာ ခါမီဒါ မင်းဘာပြောချင်တာလဲ..”
--------**$$^$$**--------