သင့်သားများအတွက်
Vol. 53 Ch. 794
“မစ္စတာ ယိုကို.. ခင်ဗျားဟာ တစ်ချိန်က ဂျပန်နိုင်ငံရဲ့ အကြီးကျယ်ဆုံး အိမ်ခြံမြေ သူဌေး ဖြစ်တဲ့အပြင် ကမ္ဘာတစ်ဝှမ်းလုံးမှာ အကောင်းဆုံး အိမ်ယာတွေ ပိုင်ထားတဲ့သူပါ.. ခင်ဗျား မိသားစုလဲ တစ်ချိန်က လျှမ်းလျှမ်းတောက် ဖြစ်ခဲ့ဖူးတာပဲ.. ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဂျပန်ရဲ့ စီးပွားရေး ပြိုကျသွားတယ်.. စတော့နဲ့ အိမ်ခြံမြေဈေးကွက် အကြီးအကျယ် ထိခိုက်ပြီး ဈေးတွေ ထိုးကျသွားတယ်.. (၁၀၀)ရာခိုင်နှုန်းကျော်ကို ကျသွားတဲ့အတွကပ် ခင်ဗျား ချမ်းသာလေလေ ဆုံးရှုံးမှု ပိုများလေလေ ဖြစ်သွားတာပေါ့..”
ခါမီဒါမာဆောင် အပြုံးဖြင့် ပြောလိုက်သည်။
ဟီဒီခီယိုကိုသည် တစ်ချိန်က ထိပ်ဆုံးတွင် ရပ်ခဲ့ဖူးပြီး ခါမီဒါ မာဆောင်နှင့် အလှမ်းဝေးလှပေသည်။ ယခုမူ သူသည် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသည့် အဘိုးအို တစ်ယောက် ဖြစ်နေပေပြီ။ ဒေဝါလီခံရခြင်း မရှိသော်လည်း မိသာစု ပိုင်ဆိုင်မှုမှာ ကျဆင်းသွားပေသည်။ အခြားတစ်ဖက်တွင် ခါမီဒါ မာဆောင်သည် သန်းကြွယ်သူဌေး ဖြစ်လာပြီး လုပ်ငန်း ခေါင်းဆောင် ဖြစ်ပေသည်။
“မင်း ငါ့ကို လှောင်ချင်လို့ ရောက်လာတာလား..”
မိသားစုအတွက် တစ်ဦးတည်း ထောက်ကန်ထားရသည့်အတွက် သူသည် မိသားစု ကံကြမ္မာ ဖြစ်သည်။ မိသားစုကို ခွန်အားဖြစ်စေရန်အတွက် ဟီဒီခီယိုကိုသည် သူ့ဆွေမျိုးများအားလုံးကို ပေါင်းစည်းထားသည်။ သို့ရာတွင် နောက်ဆုံး၌ မိသားစုအပေါ် ထိန်းချုပ်မှုသည် အခြားလူလက်အတွင်း ရောက်သွားနိုင်ပေသည်။
“ငါ့မိသားစု အဆင်မပြေတာ မင်းသိရဲ့သားနဲ့ ငါနဲ့ ဘာလို့ စီးပွားရေး လုပ်ချင်သေးတာလဲ.. ငါ အမြတ်ရမယ်ဆို ရင်တောင် ဘဏ်တွေက သိမ်းမှာပဲလေ.. ငါ့သားတွေအတွက် ဘာသွား ချန်ထားနိုင်မှာလဲ..”
“ခီခ်ကိုနာကာဟာရာက မင်းသမီးမို့လား.. ယိုကိုဆိုတဲ့ မင်းနာမည် ဆက်ခံမထားတာ သနားစရာပဲ.. မင်းရဲ့ ပြည်ပ ပိုင်ဆိုင်မှုတွေအားလုံး သူ့ဆီလွှဲပေးထားပေမယ့် မင်းသားတွေ ခံစားချက်ကိုရော စဉ်းစားဖူးရဲ့လား.. မင်းသားတွေ ပြန်ခေါင်းထောင်နိုင်အောင် မင်းပိုင်ဆိုင်မှု တစ်ချို့တစ်ဝက် ထားခဲ့ချင်လိမ့်မယ်လို့ ငါထင်တယ်.. ဒါပေမယ့် ခီခ်ကိုနာကာဟာရာကတော့ မင်းသားတွေကို ငွေနည်းနည်းမှ မပေးချင်ဘူး ဆိုရင်ရော..”
ဟီဒီခီယိုကို၏ ပိန်လှီလှီလက်များသည် အဖြူရောင် အိပ်ယာခင်းများကို တင်းနေအောင် ဆုပ်ထားပေသည်။ ဤသည်မှာ သူ့အတွက် အကြီးမားဆုံး စိုးရိမ်မှုဖြစ်သည်။ သို့ရာတွင် သူမသေသေးချေ။ သူ့ငွေများကို မည်သူမှ ယူသွား၍မရချေ။
“ဒါဆိုရင် မင်းမှာ ငါ့သားတွေအတွက် ငါ့ပိုင်ဆိုင်မှုတွေ ထားခဲ့နိုင်အောင် ကူညီနိုင်မယ့် နည်းလမ်း ရှိလို့လား..”
“ဒါပေါ့… ဘဏ်တွေနဲ့ မင်းပေါင်နှံထားတဲ့ သဘောတူချက်တွေအရ မင်းရဲ့ ပိုင်ဆိုင်မှုတွေ၊ ကုမ္ပဏီတွေနဲ့ တစ်ကိုယ်ရေ ပိုင်ဆိုင်မှုအားလုံး ဘဏ်တွေက သိမ်းလိုက်တာလေ.. မင်းပိုင်ဆိုင်မှု တစ်ချို့ တရားမဝင် လွှဲပြောင်းလိုက်ပြီ ဆိုတာနဲ့ ဘဏ်တွေ သိသွားလိမ့်မယ်.. မင်းသားနှစ်ယောက်ကို တရားမဝင် ဝင်ငွေတွေ အများကြီး ထားခဲ့နိုင်ဖို့ နည်းလမ်းတွေ ရှိတယ်.. ဒါပေမယ့် မင်း ခီခ်ကိုနာကာဟာရာက မင်းကို အင်ပါယာစတိတ် အဆောက်အဦးပိုင်ဆိုင်မှုကို တရားမဝင် လွှဲပြောင်းရောင်းချအောင် စည်းရုံးနိုင်ဖို့လိုတယ်..”
ခါမီဒါ မာဆောင် ပြောလိုက်သည်။
“အို့.. ဘယ်လိုများလဲ..”
“မင်းကို စကားပြောခိုင်လိုက်တာက ငါ့လုပ်ဖော်ကိုင်ဖက်ပဲ.. ငါတို့မှာ ဆဋ္ဌမအာရုံ လို့ခေါ်တဲ့ ကုမ္ပဏီ တစ်ခုရှိတယ်.. အခုလောလောဆယ်တော့ ကုမ္ပဏီကို Nasdaq မှာ စာရင်းသွင်းထားတယ်.. မနေ့ကဆို ငါတို့ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ (၂)ဘီလီယံ ကျော်နေပြီ..”
ခါမီဒါ မာဆောင်ကိုယ်တိုင်လည်း ဆဋ္ဌမအာရုံ၏ ရှယ်ယာများ ဤမျှအထိ တက်လာလိမ့်မည်ဟု မျှော်လင့်မထားချေ။ တိုးတက်မှုနှုန်းသည် အင်တာနက်နှင့် နည်းပညာ ဖြန့်ဝေသူများထက်ပင် ပိုများပေသည်။ ဖုန်းယွီပြောဖူးသည့် စာရင်းသွင်းခြင်းမှ သူတို့မည်သည့်အတွက် ဆုံးရှုံးခဲ့ရကြောင်းကို နောက်ဆုံးတော့ နားလည်သွား တော့သည်။ စတင်ရောင်းချစဉ်အတွင်း အစုရှယ်ယာများ အနည်းငယ်သာ ထုတ်ပေးပြီး၊ ဈေးတက်လာမှ အစုရှယ်ယာ အများအပြား ထုတ်ပေးပါက ကုမ္ပဏီ၏ ရန်ပုံငွေ ပိုမို ရရှိမည် ဖြစ်သည်။
ဟီဒီခီ ယိုကို အံ့သွားသည်။ ဆဋ္ဌမအာရုံ ကုမ္ပဏီကို ယခင်က မကြားဖူးချေ။ ထိုကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ (၂)ဘီလီယံကျော်လော..”
“မစ္စတာဖုန်းက ကုမ္ပဏီမှာ မင်းသား(၂)ယောက်စလုံးကို ထိပ်တန်း စီမံခန့်ခွဲရေး ဝန်ထမ်းအဖြစ် ခန့်ထားပေးနိုင်တယ်.. တစ်ယောက်က ဥရောပဈေးကွက်ကို ကြီးကြပ်ရမယ်.. နောက်တစ်ယောက်က အမေရိကန် ဈေးကွက်ကို ကြီးကြပ်ရမယ်.. သူတို့က ထိပ်တန်း စီမံခန့်ခွဲသူဖြစ်တဲ့အတွက် ရှယ်ယာနည်းနည်း ငါတို့က ဆုချမယ်.. မင်းသားတွေကို တစ်သက်လုံး အဆင်ပြေပြေ နေနိုင်အောင်ကိုပဲ အဲ့အစုရှယ်ယာ တန်ဖိုးက လုံလောက်လိမ့်မယ်.. သူတို့ဘဝတစ်လျှောက်လုံး အတိုင်းအတာ တစ်ခုအထိ မဟုတ်ပေမယ့် မင်းတွေ့ရတဲ့ အခက်အခဲတွေနဲ့ စာရင် အသေးအဖွဲပါ..”
ခါမီဒါ မာဆောင်သည် ထိုစကားများကို ဂုဏ်ယူစွာ ပြောလိုက်သည်။ ယခင် နံပတ်(၁) မဟာသူဌေးကြီးအတွက် ပရဟိတ တစ်ခု လုပ်ပေးနေရသလို ခံစားရပေသည်။ အလွန်ကောင်းသည့် ခံစားချက်ဖြစ်သည်။
ဟီဒီခီယိုကို မျက်လုံးမှိတ်ထားပြီး စကားတစ်ခွန်းမှ မပြောချေ။ ခါမီဒါ မာဆောင်သည် ထိုင်ခုံပေါ်တွင် စိတ်ရှည် လက်ရှည် ထိုင်စောင့်နေပေသည်။ ဟီဒီခီယိုကိုသည် သူ့သားမြေများကို ဂရုမစိုက်ကြောင်း သိထားပေသည်။ ဤအခြေအနေကို လက်ခံမည်မှာ မလွဲချေ။
ခေတ္တကြာမှသာ ဟီဒီခီယိုကို မျက်လုံးများ ဖွင့်လာပြီး..
“မင်းတို့က ငါ့သားတွေကို ရှယ်ယာ ဘယ်လောက် ပေးနိုင်မလဲဆိုတာ ငါအတိအကျ သိချင်တယ်..”
ခါမီဒါမာဆောင် လက်တစ်ချောင်းထောင်ပြလိုက်ကာ..
“သူတို့ တစ်ယောက်ချင်းစီကို ဒေါ်လာ (၁၀)သန်း တန်ဖိုးရှိတဲ့ ရှယ်ယာတွေ ရလိမ့်မယ်.. ဈေးကွက်တန်ဖိုးအပေါ် မူတည်ပြီး အင်ပါယာစတိတ် အဆောက်အဦးရဲ့ ရှယ်ယာတွေ ဝယ်သွားမှာပါ..”
ခါမီဒါမာဆောင်သည် သူ၏ အင်ပါယာစတိတ် အဆောက်အဦးရှယ်ယာများ ဝယ်ယူခြင်းအပြင် နောက်ထပ် အကျိုးခံစားခွင့် ပေးမည်ဖြစ်ကြောင်း ဟီဒီခီယိုကိုအား ပြောနေခြင်းပင်။
“အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ဖို့ ငွေနည်းနည်းပဲ သုံးနိုင်အောင် ငါခွင့်ပြုပေးရင် မစ္စတာဖုန်းအနေနဲ့ ငါ့သားတွေကို ရှယ်ယာပိုပေးလို့ရမလား..”
ခီခ်ကို နာကာဟာရာနှင့် ခင်ပွန်းတို့သည် ဟီဒီခီယိုကို၏ ပိုင်ဆိုင်မှုများကို ၎င်းတို့အမည်သို့ လွှဲပြောင်းရန် ဟာကွက် များစွာ ဖန်တီးခဲ့မိကြသည်။ သို့ရာတွင် ဟီဒီခီယိုကိုသည် သူ့အတွက် အကာအကွယ် ယူမထားတတ်သူလော။ ခီခ်ကို နာကာဟာရာသည် သူ့သမီးဖြစ်သော်လည်း သူ့နာမည် ခံမထားချေ။ သူ့သားမက်ကိုလည်း မကြိုက်ချေ။ ၎င်းတို့ကို စောင့်မကြည့်ဘဲ မည်သို့နေနိုင်မည်နည်း။
ခါမီဒါ မာဆောင်သည် ဟီဒီခီယိုကို သူ့အား ထိုမေးခွန်း မေးလာမည်ဟု မျှော်လင့်မထားချေ။ ဖုန်းယွီသည် လွန်ခဲ့သော တစ်ရက်က သူ့ကို ဖုန်းဆက်စဉ်က ဟီဒီခီယိုကို၏ သားများထံ ဆွဇ်ဘဏ်အကောင့် တစ်ခုမှ ငွေလွှဲရန် စီစဉ်ထားပေသည်။ ဟီဒီခီယိုကို၏ သားများအား ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ ရှယ်ယာများ မျှဝေပေးရန် သူအကြံပေးခဲ့သည်။
ငွေလွှဲခြင်းကို ခါမီဒါမာဆောင်သည် ဤသည်ကို လုံခြုံမည်မဟုတ်ဟု ယူဆရသည့်အတွက် ပယ်ချလိုက်သည်။ ဟီဒီခီယိုကို၏ သားများကို ဆဋ္ဌမအာရုံ ကုမ္ပဏီအတွင်း ခန့်အပ်လိုက်ခြင်းက ပိုကောင်းပေသည်။ ဟီဒီခီယိုကို၏ သားများသည် စီမံခန့်ခွဲမှု အတွေ့အကြုံများနှင့် အဆက်အသွယ်ပေါများပေသည်။ ဤသည်က ၎င်းတို့ကို ငွေပေးချေလိုက်သည်ထက် ပို၍ ဆွဲဆောင်မှု ရှိပေလိမ့်မည်။ ဤတို့သည် ဆဋ္ဌမအာရုံ ကုမ္ပဏီကို ကူညီရန်အတွက် ယိုကိုမိသားစုကိုလည်း အသုံးချနိုင်ပေသည်။
ခါမီဒါမာဆောင်က ဖုန်းယွီကို အခြားအကျိုးကျေးဇူးများ ထည့်မပြောခဲ့ချေ။ နောင်တွင် သူ့မိသားစုသည် နိုင်ငံရေး လောကအတွင်း ဝင်ရောက်လိုပါက ယိုကို၏ အစိုးရအဖွဲ့ဝင်များကို အသုံးချနိုင်ပေလိမ့်မည်။
ဖုန်းယွီသည် ခါမီဒါမာဆောင်၏ အကြံပြုချက်ကို သဘောတူကာ ချီးကျူးခဲ့သေးသည်။ အကယ်၍ ခါမီဒါမာဆောင် သည် ဖုန်းယွီအတွက် အင်ပါယာစတိတ် အဆောက်အဦး ဝယ်ယူရာတွင် ငွေချွေတာနိုင်ပါက ဖုန်းယွီသည် သူ့ကို ဆုချီးမြှင့်မည် ဖြစ်သည်။
“မစ္စတာ ယိုကို.. ခင်ဗျားသာ လုပ်နိုင်ရင် မစ္စတာဖုန်း သေချာပေါက် သဘောတူလိမ့်မယ်.. ဒီကြားထဲ ဆဋ္ဌမအာရုံ ကုမ္ပဏီအကြောင်း မင်းဆုံစမ်းထားသင့်တယ်.. ဒါ ကျုပ်ရဲ့ နာမည်ကဒ်ပါ.. ခင်ဗျား ဖုန်းခေါ်တာ စောင့်နေပါ့မယ်..”
ထောင်မှ ထွက်လာပြီးနောက် ခါမီဒါမာဆောင်သည် ဖုန်းယွီထံ ချက်ချင်း ဖုန်းဆက်လိုက်သည်။ ဖုန်းယွီ အလွန်ဝမ်းသာသွားသည်။ အင်ပါယာစတိတ် အဆောက်အုံကို အောင်မြင်စွာ ဝယ်ယူနိုင်ပါက ဆဋ္ဌမအာရုံ၏ ဂျပန်ရုံးချုပ်ကို ခါမီဒါ အဆောက်အဦးအဖြစ် အမည်ပြောင်းပစ်မည်ဟု ကတိပေးလိုက်သည်။
ခါမီဒါမာဆောင် စိတ်လှုပ်ရှားနေပေသည်။ သူ့မိသားစု၏ မျိုးရိုးအမည်ဖြင့် အဆောက်အုံတစ်ခုကို အမည် ပေးခြင်းသည် အလွန်ဂုဏ်ယူစာပင်။ သူ့ဘိုးဘေးများပင် ဂုဏ်ယူနေပေလိမ့်မည်။
ခါမီဒါ မာဆောင်သည် ဖုန်းယွီအား ယခင်က အဆောက်အဦး၏ အမည်ကို ပြောင်းလိုကြောင်း အရိပ်အမြွက် ပြောခဲ့ဖူးသည်။ ဖုန်းယွီသည်လည်း သူဘာကို တွေးနေကြောင်း သိပေသည်။ သို့ရာတွင် ဖုန်းယွီမှာ လွယ်လွယ်ကူကူဖြင့် မလိုက်လျောချင်ပေ။ သူသည် ခါမီဒါမာဆောင်အတွက် အဆောက်အဦးအမည်ကို ဆုကြေးအဖြစ် အသုံးချရန် ကြိုးစားခဲ့ပြီး ဤသည်က အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်ပေသည်။ နောက်ဆုံး အနေဖြင့် ထိုအဆောက်အဦးသည် ဆဋ္ဌမအာရုံ ကုမ္ပဏီအပိုင်ဖြစ်ပြီး ဖုန်းယွီ အလိုရှိသည့် အချိန်တိုင်း အဆောက်အဦးအမည်ကို ပြောင်းပစ်နိုင်ပေသည်။
--------**$$^$$**--------