← Chapters

ကမ္ဘာ့ကုန်သွယ်ရေး၏ ဝံပုလွေ

Vol. 53 Ch. 795

ကမ္ဘာ့ကုန်သွယ်ရေး၏ ဝံပုလွေ

Vol. 53 Ch. 795

“ဖုန်း.. အရမ်းနာမည်ကြီးတဲ့ စတော့ရှယ်ယာ ကုမ္ပဏီတစ်ခုက ပူးပေါင်းဆောင်ရွက်ဖို့ ငါဆီလာတယ်ကွ..”

ကီရီလန်ကိုသည် ဖုန်းယွီအား စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဘယ်ကုမ္ပဏီများလဲ..”

ဖုန်းယွီသည် ငွေကြေးအဖွဲ့အစည်းနှင့် ကုမ္ပဏီအများစု အကြောင်း ကြားဖူးထားပေသည်။ ကီရီလန်ကိုထံ ချဉ်းကပ်လာသည့် ကုမ္ပဏီကို သူလည်း သိချင်ပေသည်။

“Stratton Oakmont ကွ.. သူတို့ သူဌေးက မဂ္ဂဇင်းမှာ ပါတယ်လေ..”

ကီရီလန်ကို ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။ သင်တွေ့ပြီလော။ ဤအမေရိကန်သည် ငွေရမည်ကို သိသဖြင့် ရည်ရွယ်ချက် ရှိရှိ အလုပ်တွဲလုပ်ချင်လာပေပြီ။

Stratton Oakmont လော။ ဖုန်းယွီ စိတ်ရှုတ်သွားသည်။ သူ့ယခင်ဘဝက ထိုကုမ္ပဏီ အကြောင်း မကြားဖူးချေ။ ဆိုလိုသည်မှာ ထိုကုမ္ပဏီသည် လက်ရှိတွင် အရေးပါသည့် ကုမ္ပဏီ တစ်ခုမဟုတ်ဘဲ နောင်တွင် ကြီးကြီးမားမား ကြီးထွားလာမည် မဟုတ်ဟု ဆိုလိုပေသည်။ ထိုကုမ္ပဏီသည် ဖြတ်လမ်းမှ ဈေးကြီးကြီးပေး၍ လုပ်ထားမှန်း မသိသေးသည့် ကုမ္ပဏီငယ်လေးများထဲမှ တစ်ခု ဖြစ်နိုင်သည်လော။

“သူတို့ သူဌေးက ဘယ်သူလဲ..”

ကုမ္ပဏီသူဌေးသည် မဂ္ဂဇင်းတါင် ပါလာသည် ဆိုသည့်အတွက် နာမည်ကြီးဖြစ်လောက်ပေသည်။

“ဂျော်ဒန်တဲ့..”

ကီရီလန်ကို အင်္ဂလိပ်လိုသာ ပြောလိုက်သည်။

“ဘယ်သူ.. ဂျော်ဒန်လား.. ဟို ဘတ်စကက်ဘော ကစားသမားလား..”

ဈေးအကြီးဆုံး ဘတ်စကက်ဘော ကစားသမားကို မဂ္ဂဇင်း၌ ဖော်ပြပေလိမ့်မည်။ သို့ရာတွင် ဂျော်ဒန်သည် စတော့ရှယ်ယာ လုပ်ငန်းတစ်ခုကို မည်သည့်အချိန်က စတင်ခဲ့သနည်း။ သူသည် စတော့ရှယ်ယာ လုပ်ငန်းတစ်ခု ထူထောင်ထားသော်လည်း တစ်ချိန်တွင် လုံးဝ ပိတ်သွားမည်မျာ သေချာပေသည်။

“မဟုတ်ဘူးကွ.. အဲ့ ဘတ်စကက်ဘောသမားကို ငါလဲ ကြားဖူးပါတယ်.. ဒီဂျော်ဒန်က ဂျော်ဒန် ဘယ်လ်ဖော့.. မဂ္ဂဇင်ကတောင် သူ့ကို နာမည်ပြောင် ပေးထားသေးတယ်.. ကမ္ဘာ့ကုန်သွယ်ရေး ဝံပုလွေတဲ့.. လန်နွန်ကတော့ အဲ့လူ တော်တော် အရည်အချင်းရှိပြီး (၃)မိနစ်အတွင်း ဒေါ်လာ (၁၂)သန်း ရသွားတယ်တဲ့..”

ဂျော်ဒန် ဘယ်လ်ဖော့ ကဲ့သို့သော တစ်ယောက်သည် သူနှင့် လက်တွဲလိုသဖြင့် ကီရီလန်ကို ဂုဏ်ယူမိသည်။ သူ့ကို စည်းရုံးရန် သို့တည်းမဟုတ် လက်တွဲဖော်အဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။ နောင်တွင် မဂ္ဂဇင်းမှ သူ့ကို ‘ကမ္ဘာ့ကုန်သွယ်ရေး ဝက်ဝံကြီး’ အဖြစ် သရုပ်ဖော်လိမ့်မည်ဟု မျှော်လင့်ထားမိသည်။

ဖုန်းယွီ အံ့ဩသွားမိသည်။ ကမ္ဘာ့ကုန်သွယ်ရေး ဝံပုလွေလော။

ထိုလူသည် နာမည်ဆိုးရှိပေသည်။ ဖုန်းယွီ ယခင်ဘဝက ရုပ်ရှင်အဖြစ်ပင် ဖန်တီးခဲ့ကြသည်။

ထိုလူမှာ လူကောင်းတစ်ယောက် ဖြစ်သော်လည်း သူ့ငွေများအားလုံးကို တရားမဝင် နည်းလမ်းဖြင့် ရလာခဲ့ခြင်း ဖြစ်သည်။

သူ့ကုမ္ပဏီသည် အမည်မရှိသေးသော၊ ဈေးပေါသော ရှယ်ယာများကို အကြံပေးမည် ဖြစ်ပြီး ထိုရှယ်ယာများကို ဝယ်ယူရန် လူအများအပြားကို ဂျင်းထည့်သည့် နည်းလမ်းများကို အသုံးပြုမည် ဖြစ်ပေသည်။

ဂျော်ဒန် ဘယ်လ်ဖော့ သည် ဥပဒေဘောင် ကျော်ခဲ့သည်။ ဂျင်းထည့် ခံရသူများမှ ရဲကို အကြောင်းကြားထားသည်။ စုံစမ်းစစ်ဆေးခံနေရချိန်တွင်ပင် ဖိနပ်ကုမ္ပဏီ စာရင်းဝင်ကာ အမြတ်ငွေ ကန်ဒေါ်လာ (၂)ဘီလီယံကျော် ရအောင် ဂျင်းထည့်သည့် နည်းလမ်းများ သုံးမြဲသုံးလျှက်ပင်။

ဂျော်ဒန် ဘယ်လ်ဖော့သည် မူးယစ်ဆေးနှင့် အမျိုးသမီး စွဲလမ်းသူလည်း ဖြစ်ပေသည်။ အလုပ်ချိန်အတွင်း မိန်းမပျက်များသည် သူ့ရုံးခန်းအတွင်း ဝင်လိုက်ထွက်လိုက် လုပ်နေကြသည်ကို မြင်တွေ့နိုင်ကြပေသည်။

နောက်ဆုံး၌ ဂျော်ဒန် ဘယ်ဖော့သည် ဥပဒေအရ ဖမ်းမိခဲ့ပြီး ငွေကြေးခဝါချမှု၊ လိမ်လည်မှုနှင့် စတော့ရှယ်ယာ ဈေးကွက် ခြယ်လှယ်မှုများဖြင့် တရားစွဲဆို ခံခဲ့ရပေသည်။ သူဂျင်းထည့် ယူထားသည့် ငွေများအားလုံး ပြန်ပေးရန် လိုနေပေသည်။

ဂျော်ဒန် ဘဘ်လ်ဖော့သည် ထက်မြက်သော်လည်း အရည်အချင်းများကို တလွဲ အသုံးချခဲ့ပေသည်။

ဂျော်ဒန် ဘယ်လ်ဖော့အား အရည်အချင်းရှိသူတစ်ယောက်ဟု ယူဆရမည်ဖြစ်ပြီး ကီရီလန်ကိုသည် ဂျော်ဒန် ဘယ်လ်ဖော့နှင့် လက်တွဲလုပ်ဆောင်ပါက အမြတ်အစွန်း ကြီးကြီးမားမား ရလိမ့်မည်ဟု ဖုန်းယွီယုံကြည်ပေသည်။ သို့ရာတွင် ထိုအမြတ်အစွန်းအားလုံးမျာ တရားမဝင်သော နည်းလမ်းများမှ ရရှိခြင်း ဖြစ်ပေလိမ့်မည်။

ဖုန်းယွီသည် ကီရီလန်ကိုအား ကြည့်ကာ..

“ညီနောင်ကီ.. မင်းငါ့ကိုယုံရင် အဲ့လူနဲ့ ဆက်ဆံစရာတောင် မလိုဘူး.. သူ့စကားတွေ သွားနားမယောင်နဲ့.. အဲ့လူ ငွေရှာမြန်နိုင်ပေမယ့် သူသုံးတဲ့နည်းလမ်းတွေက တရားမဝင်ဘူး.. မင်းဘယ်အချိန် ဂျင်းမိမယ်ဆိုတာ သိနိုင်မှာ မဟုတ်ဘူး.. ဥပဒေဘောင်ထဲကနေ ငါတို့ ဒီကောင်မပါဘဲ ငွေရှာလို့ရနိုင်ပါတယ်ဟ..”

“အမေရိကန်ကောင်တွေကရော ရုရှားမှာ ရင်းနှီးမြုပ်နှံဖို့ တရားဝင်နည်းလမ်းတွေ သုံးခဲ့လို့လား..”

“ညီနောင်ကီ.. လူတစ်ယောက်က မင်းကို လက်သီးနဲ့ လာထိုးရင်း မင်း ပြန်ထိုးမှာလား..”

“ဘယ်ဟုတ်မလဲကွ..”

ကီရီလန်ကို၏ အဖြေစကားကြောင့် ဖုန်းယွီ စိတ်သက်သာရာ ရသွားသည်။ ထိုအချိန်တွင် ကီရီလန်ကို၏ နှုတ်မှ ထပ်မံ ထွက်ပေါ်လာသည့် စကားမှာ..

“ခွင့်လွှတ်ပါလို့ မတောင်းပန်မချင်း ငါတွယ်မှာ..”

ဖုန်းယွီ စွံ့အသွားမိသည်။ ထိုလူကို ရုရှားလူမျိုး ဖြစ်သည့်အကြောင်း မေ့သွားမိသည်။

“ညီနောင်ကီ.. မင်း လူမိုက်ဖြစ်ချင်နေတာလား.. ရုရှားကနေ ငွေရှာဖို့ တရားမဝင်နည်းလမ်းသုံးတဲ့ အမေရိကန် တွေကို တွယ်မယ်ပေါ့.. မင်းလဲ သူတို့လိုဆိုရင် နောင်တချိန်ကျ မင်းသားသမီးတွေ မင်းအကြောင်းမေးရင် ဘယ်လို ဖြေမလဲ.. ပုံမှန်နည်းလမ်းနဲ့ အမေရိကန်ငွေကြေးဈေးကွက်ကို ငါတို့ သိမ်းပိုက်နိုင်တာပဲလေ.. မင်းဘာလို့ ကိုယ့် ပြဿနာ ကိုယ် ရှာချင်နေရတာလဲ..”

ဖုန်းယွီမှာ ကီရီလန်ကိုအား ရုရှားတွင် ငွေရှာရန် တရားမဝင်နည်းလမ်း သုံးခြင်းများ ရပ်တန့်သွားမည် မဟုတ်ကြောင်း ပြောချင်နေပေသည်။ သူ့ဖခင် အဆက်အသွယ်များဖြင် အကာအကွယ် ပေးနိုင်ပေလိမ့်မည်။ သို့ရာတွင် အမေရိကန်၌ သူဒုက္ခရောက်ရပေမည်။ အမေရိကန်မှ ရုန်းထွက်သွားနိုင်မည် ဖြစ်သော်လည်း နောင်တွင် အမေရိကန်သို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။

“ငါ ဂျော်ဒန် ဘယ်လ်ဖော့ကို ငှားလို့မဖြစ်ရင် လက်တွဲလုပ်လို့ရော ရမလား..”

“လုံးဝ မရဘူး.. မင်း အရမ်းလုပ်ချင်ရင်တော့ ငါစွတ်တားမှာမဟုတ်ဘူး.. ဒါနဲ့ မင်းဘာလို့ အဲ့ကောင်နဲ့ အလုပ် လုပ်ချင် နေရတာလဲ..”

ကီရီလန်ကို သက်ပြင်းချကာ..

“ကောင်းပြီလေ.. မင်းစကား နားထောင်လိုက်မယ်.. ဗဟိုငွေကြေး ဈေးကွက်ရဲ့ ပွဲစာတွေလဲ မခေါ်ချင်ဘူး.. ပွဲစား ကောင်းကောင်းတွေ ငှားရတာ မလွယ်ဘူးကွ..”

“မင်း အထူးစတော့ပွဲစားတွေ ငှားလို့ရတယ်လေ.. ကုန်စည်၊ နိုင်ငံခြားငွေ၊ ရွှေ အဲ့လိုဟာတွေမှာ ရင်းနှီးမြုပ်နှံမှာ မဟုတ်ဘူး..”

နယ်ပယ်စုံ ပွဲစားတစ်ယောက် ငှားရမ်းရန် မလွယ်ကူချေ။ သို့ရာတွင် စတော့ဈေးကွက်အတွင်း၌ အထူးပွဲစားများ ငှားရမ်းခြင်းသည် ပြဿနာမရှိလောက်ချေ။

“ကောင်းပြီလေ.. အင်ပါယာစတိတ် အဆောက်အဦးရော အခြေအနေဘယ်လိုလဲ.. မင်း အဆင်ပြေအောင်လုပ်မယ် ဆို..”

“အားလုံး အေးဆေးပါ.. သတင်းကောင်းသာ စောင့်နေ.. ငါတို့တွေ အင်ပါယာစတိတ် အဆောက်အဦးကို (၃)လအတွင်း ဝယ်နိုင်လိမ့်မယ်.. အဆောက်အဦး မွမ်းမံပြုပြင်ပြီးရင် နယူးယောက်ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်လာဖို့ပဲ လိုလိမ့်မယ်..”

ဤသည်မှာ နယူးယောက်၏ ထင်ရှားသော အထင်ကရ အဆောက်အဦးဖြစ်ပြီး တရုတ်နှင့် ရုရှားနိုင်ငံသားများ ပိုင်ဆိုင်မည်ဖြစ်သည်။ ဖုန်းယွီသည် အမေရိကန် မီဒီယာများ မည်သို့ တအံ့တအော သတင်းတင်မည်ကို ကြည့်ချင်မိသည်။ တရုတ်စီးပွားရေး သမားတစ်ယောက်သည် အမေရိကန်အား ကျူးကျော်နေသည်လော၊ သို့တည်းမဟုတ် ရုရှားမှ အမေရိကန်နှင့် စီးပွားရေး စစ်ပွဲ စနေပြီလော။

“ဘယ်လောက်ပေးရမှာလဲ..”

ဖုန်းယွီသည် ကီရီလန်ကို၏ မျက်နှာတွင် စိုးရိမ်သည့် အကြည့်ကို မြင်လိုက်ရသည့်အခါ ..

“မင်းမှာ ရန်ပုံငွေ မလုံလောက်ဘူးလား..”

“ငါ ဒေါ်လာ သန်းရာဂဏန်းလောက်ပဲ ယူလာတာ.. အဲ့ငွေတွေအားလုံး စတော့ဈေးကွက်မှာ မြုပ်နှံမလို့လေ.. ဒီအဆောက်အအုံအတွက် သီးသန့် ဖယ်ထားသင့်လားလို့ တွေးနေတာ..”

“မင်းအတွက်ပါ ငါစိုက်ပေးထားမယ်.. မင်းရှယ်ယာတွေ ပြန်ရောင်းပြီးမှ ငွေပြန်ဆပ်ပေါ့..”

“ဖုန်း.. မင်းငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပဲ.. ဒီစတော့ရှယ်ယာ ဈေးကွက် ခွဲခြမ်းစိတ်ဖြာရေး ဆော့ဖ်ဝဲကို တရုတ်မှာ ရှိတဲ့ ငါတို့ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်လိုက်ပြီ.. ငါတို့အတူတူ ငွေရှာကြမယ်..”

ဖုန်းယွီ ရယ်မောလိုက်သည်။ ကီရီလန်ကို၏ ဆော့ဖ်ဝဲ အင်ဂျင်နီယာ အများစုကို တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ပြီး လက်ရှိဝန်ထမ်းများမှ ထိုဆော့ဖ်ဝဲကို ဆက်လက် မမွမ်းမံနိုင်ချေ။ မည်သို့ပင် ဆိုစေကာမူ ဤဆော့ဖ်ဝဲသည် အမြတ်အစွန်းရှိသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

“ကောင်းပြီလေ.. မင်းအပေါ် အခွင့်အရေး မယူပါဘူးကွာ.. ဒီဆော့ဖ်ဝဲအတွက် သင့်တင့်တဲ့ တန်ဖိုး ငါပေးမယ်.. အာ.. မင်းဘယ်သွားမလို့လဲ..”

“မဟုတ်ပါဘူးကွာ.. ဟိုကောင် ဂျော်ဒန် ငါ့ကိုကပ်ဖို့ တော်တော် ကြိုးစားနေတယ်.. ငါသူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်မှာ မဟုတ်ဘူး.. လူတွေကို သင်ခန်းစာ ပေးဖို့ ငါလုပ်ရမယ်..”

ကီရီလန်ကို ရုံးခန်းအတွင်းမှ ထွက်လာသည်။ ဖုန်းယွီသည် ဂျော်ဒန် ဘယ်လ်ဖော့၌ အဆုံးသတ်ကောင်း လိမ့်မည်ဟု ခံစားနေရသည်။

--------**$$^$$**--------

All Chapters