← Chapters

ကမ္ဘာလောကတစ်သောင်း၏ အခြေအနေအရပ်ရပ်

Vol. 122 Ch. 1587

ကမ္ဘာလောကတစ်သောင်း၏ အခြေအနေအရပ်ရပ်

Vol. 122 Ch. 1587

ချင်မူနှင့် နဂါးချီလင်တို့သည် ချင်းယန်ကမ္ဘာသို့ ရောက်လာကြ၏။ ချင်းယန်ကမ္ဘာက ကမ္ဘာလောကတစ်သောင်းအနက် အရွယ်အစားကြီးမားသော ကမ္ဘာဖြစ်ကာ အလွန်တရာ ကြွယ်ဝချမ်းသာသည်။

အမှန်တကယ်တွင် ချင်းယန်ကမ္ဘာသို့ တိုက်ရိုက်ရောက်လာရန် စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းသာ ဖြတ်စရာ လိုအပ်သည်။ သို့သော် ချင်မူနှင့် နဂါးချီလင်က စွမ်းအင်အကူးအပြောင်းတံတားဖြင့် ဝမ်ပုကမ္ဘာသို့ ဦးစွာသွားရောက်ခဲ့ကြပြီးနောက်မှ လမ်းကြောင်း ပြောင်းကာ ယိုဟယ်ကမ္ဘာမှ ဖြတ်၍ ချင်းယန်ကမ္ဘာသို့ လာခဲ့ကြ၏။

“ဘာလို့ ခဏခဏ လမ်းကြောင်း ပြောင်းနေရတာလဲ”

ချင်မူမှာ စိတ်ရှုပ်ထွေးနေမိသည်။ “ကုန်သင်္ဘောတစ်စီး ကမ္ဘာလောကတစ်ခုကို ဖြတ်သွားတိုင်း အခွန်ပေးရတယ်… သင်္ဘောပေါ်က နတ်ဘုရားတွေလည်း တစ်ယောက်ချင်းစီ ဆင်းပြီး စစ်ဆေးခံရသေးတယ်… အချိန်ရော လူပါ ပင်ပန်းတယ်… ချင်းယန်ကမ္ဘာကို တိုက်ရိုက်ဆက်သွယ်ပြီး အသွားအပြန် အလွယ်တကူ လုပ်လို့ရမယ့် စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း ဆောက်လို့မရဘူးလား”

နဂါးချီလင်က ရှင်းပြ၏။ “ကမ္ဘာလောကတစ်သောင်းလုံးကို ကောင်းကင်နတ်ဘုံက အုပ်ချုပ်တယ်ဗျ…. ကောင်းကင်နတ်ဘုံပဲ ကမ္ဘာလောကအားလုံးကို ဆက်သွယ်ထားတဲ့ စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း ဆောက်ခွင့် ရှိတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကုန်သွယ်တဲ့ ကမ္ဘာလောကအများစုက အခုလို ဝမ်ပုကမ္ဘာနဲ့ ယိုဟယ်ကမ္ဘာလို ကမ္ဘာလောကတွေကို ဖြတ်သွားရတယ်… စွမ်းအင်အကူးအပြောင်းတံတားနားမှာ စစ်တပ်တစ်တပ်ကို အခုလေးတင် ဂိုဏ်းသခင် တွေ့ခဲ့ရတယ်မလား… အဲဒါက ကောင်းကင်နတ်ဘုံရဲ့ မဟာစစ်တပ်ကနေ တပ်တစ်ဖွဲ့ ချထားတာပဲ…. ဒီနေရာက အခွန်တစ်ဝက်ကို ကောင်းကင်နတ်ဘုံဆီ ပေးရတယ်လေ”

ချင်မူ ပြန်တွေးကြည့်လိုက်ရာ အမှန်တကယ်ပင် စွမ်းအင်အစကူးအပြောင်းတံတား၏ ဘေးတစ်ဖက်တွင် စစ်သားတချို့ စောင့်ကြပ်နေသည်ကို မှတ်မိသွား၏။

“ကုန်ပစ္စည်းတွေကို ကောင်းကင်နတ်ဘုံက အဆင့်တိုင်းမှာ ဖြတ်ယူနေတာ… ကောင်းကင်နတ်ဘုံက ဒီနေရာကနေ အကျိုးအမြတ်အများကြီး ရနေပေမယ့် ဒီနေရာမှာ လုပ်ကိုင်စားသောက်နေတဲ့သူတွေကတော့ အမြတ်များများစားစား မရကြဘူး”

ချင်မူက ပြော၏။ “ရေတိုတော့ ဘာမှမဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကောင်းကင်ဒင်္ဂါးတွေက ကောင်းကင်နတ်ဘုံဆီ ပြန်စီးဆင်းသွားလိမ့်မယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကုန်ပစ္စည်းတွေအပေါ်တော့ ထိခိုက်မှုရှိမှာ မဟုတ်ဘူး… ဒါပေမဲ့ တခြားကောင်းကင်ဘုံတွေကတော့ ဆင်းရဲသထက် ဆင်းရဲလာမှာ…. ကမ္ဘာလောကတစ်ခုချင်းစီတိုင်းမှာ ကောင်းကင်နတ်ဘုံကို ကျော်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ တိုက်ရိုက်ဆက်သွယ်ထားတဲ့ စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းစီ ရှိနေမယ်ဆိုရင်တော့…”

“ကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အမြစ်ဖြတ်ချေမှုန်းပစ်မှာပေါ့ဗျာ” နဂါးချီလင်က ပြုံးလျက် ဆက်ပြောလိုက်၏။

ချင်မူ ရယ်မောလိုက်မိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ဆက်သွယ်ထားသော စွမ်းအင်အကူးအပြောင်းတံတားများသာ ရှိပါက ကောင်းကင်နတ်ဘုံသည် သေချာပေါက် ထာဝရငြိမ်းချမ်းရေးအင်ပါယာအား အသေအကြေ တိုက်ခိုက်ပေလိမ့်မည်။ သို့သော် ဤကိစ္စသည် အနာဂတ်တွင် အကောင်အထည် ဖော်ရမည့် အရာတစ်ခု ဖြစ်နေသေး၏။

ချင်မူက ချင်းယန်ကမ္ဘာထဲတွင် လျှောက်သွားနေသည်။ ဤကမ္ဘာကား နတ်ဘုရားတစ်ပိုင်းများ အုပ်စိုးသည့် ကမ္ဘာလောကတစ်ခု ဖြစ်သည့်အလျောက် နတ်ဘုရားတစ်ပိုင်းများက အဆင့်အတန်းမြင့်မား၍ အာဏာရှိကြသည်။ အခြားမျိုးနွယ်များကတော့ အလုပ်ကြမ်းများသာ လုပ်ကြရလေသည်။

သူက ခြေဦးတည့်ရာ လျှောက်သွားနေရင်း ကသောင်းကနင်း အဖြစ်အပျက်အား စတင်နေပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။ အဆင့်အတန်း မြင့်မားသည့် နတ်ဘုရားတစ်ပိုင်းများက တစ်လောကလုံးရှိ အရင်းအမြစ်တို့အား လက်ဝါးကြီးအုပ်၍ စည်းစိမ်ကြွယ်ဝချမ်းသာစွာ နေထိုင်နေကြသည်။ အခြားတစ်ဖက်တွင် အဆင့်နိမ့်ကျသော နတ်ဘုရားတစ်ပိုင်းများက အခြားမျိုးနွယ်များကဲ့သို့ ဆင်းရဲနေ၏။ သူတို့၏ လူနေမှုအဆင့်အတန်းများက နိမ့်ကျနေသဖြင့် မကျေနပ်ချက်များစွာ ရှိကြလေသည်။

အဆင့်အတန်းမြင့် နတ်ဘုရားတစ်ပိုင်းများသည် ဘိုးဘေးတို့၏ စည်းစိမ်တို့ကို ခံစားရင်း ပျင်းရိနေသောကြောင့် အဆင့်နိမ့်နတ်ဘုရားတစ်ပိုင်းတို့၏ ကိစ္စရေးရာများကို ဖြေရှင်းပေးခြင်းမပြုကြပေ။ ထို့ကြောင့် အဆင့်နိမ့် နတ်ဘုရားတစ်ပိုင်းတို့မှာ ပိုမိုစိုးရိမ်သောကရောက်နေကြရသည်။

လမ်းတစ်လျှောက်တွင် ဓားပြတိုက် လုယက်နေသူများစွာ ရှိ၏။ ချင်းယန်ကမ္ဘာ၏ အုပ်ချုပ်သူများက ၎င်းတို့ကို နှိမ်နင်းရန် စစ်တပ်များ စေလွှတ်ခဲ့သော်လည်း တစ်ဖွဲ့ပျောက်ကွယ်သွားလျှင် နောက်တစ်ဖွဲ့က အခြားတစ်နေရာ၌ ပြန်လည်ထကြွတတ်သည်။

ချင်မူနှင့် နဂါးချီလင် ချင်းယန်ကမ္ဘာ၏ အာဏာ ဗဟိုပြုရာနေရာသို့ ရောက်လာ၏။ အာဏာအခြေစိုက်ရာ မြို့သည် ကျောက်စိမ်းများ၊ ရွှေများဖြင့် တည်ဆောက်ထားသော ဧရာမနတ်ဘုရားမြို့ကြီးတစ်မျိုး ဖြစ်သည်။ နတ်ဘုရားများ စည်ကားသိုက်မြိုက်စွာ သွားလာနေကြပြီး အလွန်တရာ ကြွယ်ဝချမ်းသာကြသည်။ ချင်မူ လမ်းတစ်လျှောက်တွင် တွေ့မြင်ခဲ့ရသော အခြေအနေများနှင့် လုံးဝမတူပေ။

နတ်ဘုရားများသည် အရက်သေစာ သောက်စား၍ မူးယစ်ကခုန်နေကြပြီး စစ်တပ်သည်လည်း ရေသာခို အချောင်လိုက်နေကြသည်။

ချင်မူက နဂါးချီလင်နှင့်အတူ ချင်းယန်ကမ္ဘာမှ ထွက်ခွာလာခဲ့ပြီး အလယ်အလတ် အရွယ်ရှိသော ဖုန်းရှောင်ကမ္ဘာသို့ ရောက်လာခဲ့ကြသည်။

သူတို့ ဖုန်းရှောင်ကမ္ဘာသို့ ရောက်သည့်အချိန်မှာပင် စစ်တပ်နှစ်တပ် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရကြလေသည်။ ဖုန်းရှောင်ကမ္ဘာ၏ အရှင်သခင်မှာ ခုခံတော်လှန်သော စစ်တပ်ကြောင့် ရှုံးနိမ့်နေသည်။ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက ဖုန်းရှောင်ကမ္ဘာကို ခုခံတွန်းလှန်ခဲ့ကြသောကြောင့် တော်လှန်ရေးတိုက်ပွဲများ ပျံ့နှံ့လာခဲ့သည်။

ဖုန်းရှောင်ကမ္ဘာ၏ အရှင်သခင်သည် ရန်သူကို အနိုင်မယူနိုင်သောကြောင့် ကောင်းကင်နတ်ဘုံသို့ အကူအညီတောင်းခဲ့သည်။ ကောင်းကင်နတ်ဘုံက တော်လှန်ရေးကို ဖိနှိပ်ရန် စစ်တပ်တစ်တပ် စေလွှတ်လိုက်သောကြောင့် စစ်ပွဲမီးတောက်များက ပိုမိုပြင်းထန်စွာ တောက်လောင်နေတော့သည်။

ချင်မူနှင့် နဂါးချီလင်က ကဲထိုက်ကမ္ဘာသို့ ရောက်လာကြပြန်၏။

ကဲထိုက်ကမ္ဘာမှာ တည်ငြိမ်အေးချမ်းနေသော်လည်း မမြင်ရနိုင်သော လှိုင်းဂယက်များ လှုပ်ရှားနေသည်ကို ခံစားရနိုင်သည်။ ပြည်သူပြည်သားများထံမှ မကျေနပ်ချက်များစွာ ဖြစ်ပေါ်နေသည့်အတွက် ကပ်ဘေးတစ်ခု အစပျိုးနေသည်။

ချင်မူက ကောင်းကင်ဘုံ တစ်ခုပြီးတစ်ခုအား ဖြတ်သန်းသွားလာနေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် စွမ်းအင်အကူးအပြောင်းတံတား ဖြစ်တည်လာခဲ့သည့်အလျောက် ဤကမ္ဘာလောကများ၏ အဆင့်အတန်းမှာလည်း မသိလိုက်ဘာသာ ပြောင်းလဲလာသည်ကို တွေ့မြင်နေရ၏။

အချို့ကောင်းကင်ဘုံတချို့မှာ ကောင်းကင်ဒင်္ဂါးများ ကုန်ဆုံးသွားမှုကြောင့် တဖြည်းဖြည်း နိမ့်ကျလာပြီး ပြည်သူပြည်သားများ အလုပ်လက်မဲ့ဖြစ်လာကြသည်။ သူတို့သည် သတ္တုများ ရောင်းရင်း ရှင်သန်စားသောက်နေကြသော်လည်း ချမ်းသာကြွယ်ဝမှုက အာဏာချုပ်ကိုင်ထားသော နတ်ဘုရားမိစ္ဆာများလက်ထဲတွင် စုပြုံနေကြသည်။

အချို့သော ကောင်းကင်ဘုံများကတော့ ယခင်ကြွယ်ဝချမ်းသာမှုကို ထိန်းသိမ်းထားနိုင်သေးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကြောင့် မပြိုလဲကြသေးပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ စီးပွားရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသော ကောင်းကင်ဘုံအချို့ပင် ရှိကြသည်။ ထိုကမ္ဘာသည် တဖြည်းဖြည်း ချမ်းသာကြွယ်ဝ၍ အင်အားကြီးလာသည့်အလျောက် ပိုမိုများပြားသော အကျိုးအမြတ်များကို ရယူလိုကြ၏။

ချွတ်ခြုံကျသွားသော ကမ္ဘာလောကများတွင် ပဋိပက္ခပြည်တွင်းစစ်များ ဖြစ်ပွားနေကြပြီး ချမ်းသာကြွယ်ဝလာသော ကမ္ဘာလောကများကတော့ ပိုမို အင်အားကြီးလာချင်ကြသည်။

ဤအရာအားလုံး၏ တရားခံမှာ ကောင်းကင်ဒင်္ဂါးများသာ ဖြစ်၏။

“ကောင်းကင်နတ်ဘုံက ကောင်းကင်ဒင်္ဂါးတွေကို အဆုံးမရှိအောင် ထုတ်လုပ်နိုင်တယ်... ဒါပေမဲ့ အဲဒီဒင်္ဂါးတွေ အသုံးဝင်နေတာက ကောင်းကင်နတ်ဘုံရဲ့ ယုံကြည်မှုကို ရထားလို့ပဲ… ကောင်းကင်ဒင်္ဂါးတွေကိုသာ တကယ်ပဲ အဆုံးမရှိအောင် ထုတ်လုပ်လိုက်ရင် တန်ဖိုးမဲ့သွားလိမ့်မယ်”

ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်ဒင်္ဂါးကို အဆုံးမရှိအောင် ထုတ်လုပ်လို့ မရတဲ့အတွက် ရှိနေတဲ့ ပမာဏက ကန့်သတ်ချက် ရှိနေတယ်…. ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ တခြားကောင်းကင်ဘုံတချို့ အင်အားကြီးလာတဲ့အခါ ပတ်ပတ်လည်မှာရှိတဲ့ ကောင်းကင်ဘုံတွေရဲ့ ကြွယ်ဝမှုကို လျော့ကျသွားစေတယ်…. ကောင်းကင်နတ်ဘုံ ပိုင်ဆိုင်ထားတဲ့ ကောင်းကင်ဒင်္ဂါးပမာဏကလည်း ကုန်သွယ်နေရတဲ့အတွက်ကြောင့် လျော့ကျလာတယ်… အာဏာစတ်ကို ဆက်ပြီး ထိန်းချုပ်ထားနိုင်ဖို့အတွက် ကောင်းကင်နတ်ဘုံမှာ ကောင်းကင်ဒင်္ဂါးပမာဏတစ်ခုအထိ ရှိနေဖို့ လိုအပ်တယ်… ဒါကြောင့် တခြားကောင်းကင်ဘုံတွေဆီကနေ ဂုတ်သွေးစုပ်နေတာပဲ…. ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီကနေ ကုန်ပစ္စည်းတွေ ဝယ်ဖို့အတွက် ကောင်းကင်ဒင်္ဂါးတွေလည်း လိုအပ်သေးတာဆိုတော့ သူတို့ အသက်ရှည်အောင် ဆက်ပြီး ဂုတ်သွေးစုပ်နေဦးမှာပဲ”

နဂါးချီလင်က ပြောသည်။ “သူတို့ ဆက်ပြီး ဂုတ်သွေးစုပ်နေတာနဲ့အမျှ တခြားကောင်းကင်ဘုံတွေလည်း ချွတ်ခြုံကျပြီး ကသောင်းကနင် ဖြစ်ကုန်ကြလိမ့်မယ်… တောင်မခံနိုင်တော့တဲ့ ကောင်းကင်ဘုံတချို့ ဆိုရင် ကောင်းကင်နတ်ဘုံကို ဆန့်ကျင်ချင်တဲ့ အရိပ်အယောင်တွေ တွေ့မြင်နေရပြီ”

ချင်မူသည် ယွီဟူကမ္ဘာထဲတွင် လျှောက်သွား၍ လှည့်ပတ်ကြည့်ရှုနေသည်။ စစ်ပွဲမီးတောက်များက ကောင်းကင်အထိ တဟုန်းဟုန်း တောက်လောင်နေကြ၏။ “ကောင်းကင်နတ်ဘုံက ဧရာမစနစ်ကြီးတစ်ခု ဖန်တီးထားတဲ့အတွက် ကောင်းကင်ဘုံတွေနဲ့ ကမ္ဘာလောကတွေအားလုံးက ကောင်းကင်နတ်ဘုံကို ကာကွယ်ကြတယ်… စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကောင်းကင်ဘုံတွေနဲ့ ကမ္ဘာလောကတွေအားလုံးက ကောင်းကင်နတ်ဘုံအပေါ် သစ္စာရှိရတယ်… ကောင်းကင်နတ်ဘုံက ချိုးဖျက်လို့မရတဲ့ မဟာမိတ်ကြီးတစ်ခုကို ဖန်တီးထားခဲ့တာပဲ”

“မဟာမိတ်ကို ဦးဆောင်နေတဲ့အတွက် ကောင်းကင်နတ်ဘုံကနေ ချမှတ်သမျှ အမိန့်အားလုံးကို ကောင်းကင်ဘုံတွေနဲ့ ကမ္ဘာလောကအားလုံး နာခံရပြီး အရင်းအမြစ်တွေ၊ လူအင်အားတွေကို ကောင်းကင်နတ်ဘုံဆီ ပေးပို့ဆက်သရတယ်…. ကမ္ဘာလောကတစ်သောင်းက အထူးချွန်ဆုံး ဉာဏ်ကြီးရှင်တွေအားလုံးက ကောင်းကင်နတ်ဘုံဆီ သွားလို့ သင်ယူကြပြီး အခြားသူတွေထက် အစွမ်းထက်လာကြတယ် … ဒီလိုအခြေအနေတွေကြောင့် ကောင်းကင်နတ်ဘုံက အင်အားကြီးသထက် ကြီးလာမှာပဲ… ဉာဏ်ကြီးရှင် တစ်ယောက်နှစ်ယောက်ပဲ ရှိတဲ့ ကမ္ဘာလောကတွေအနေနဲ့ ဒီမဟာမိတ်ကို ရင်ဆိုင်ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ဒီလိုအခြေအနေအောက်မှာ အင်အားကြီးမားလာဖို့ မဖြစ်နိုင်လုနီးပါးပဲ…. ဉာဏ်ကြီးရှင်တွေ ဘယ်လောက်ပဲပေါ်လာပါစေ ကမ္ဘာလောကတစ်သောင်းကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး… ဒီမဟာမိတ်ကို မချိုးဖျက်သရွေ့ပေါ့”

“အလွယ်ကူဆုံးနည်းလမ်းက စီးပွားရေးကနေ စဖို့… ဒါက လျှို့ဝှက်ကြံစည်မှု မဟုတ်ဘူး… ထင်ရှားတဲ့ နည်းဗျူဟာတစ်ခု”

သူက အပျက်အစီးများကို ဖြတ်သန်းသွားနေရင်း ပြောလိုက်သည်။ “ နည်းဗျူဟာက တရားမျှတတယ်…. ကောင်းကင်နတ်ဘုံရဲ့ စီးပွားရေးအခြေအနေကို တာဝန်ယူထားရတဲ့ ကောင်းကင်ဆရာသခင်ကတော့ အခုအချိန်ဆို တော်တော်လေး ခေါင်းခြောက်နေလောက်ပြီ”

နဂါးချီလင်က သူ့အနောက်မှ လိုက်လာပြီး ပြောသည်။ “ကောင်းကင်နတ်ဘုံက ကောင်းကင်ဒင်္ဂါးကို ဖျက်သိမ်းပြီး နောက်ထပ်ကောင်းကင်ဒင်္ဂါးအသစ်တစ်ခုနဲ့ လဲလိုက်ရင်ရော’’

“ကောင်းကင်နတ်ဘုံက ကောင်းကင်ဒင်္ဂါးကို ဖျက်သိမ်းလိုက်ရင် သူတို့ရဲ့ အားသာချက်ကို ကိုယ်တိုင်ဖျက်ဆီးမိသွားလိမ့်မယ်”

ချင်မူက အေးဆေးစွာ ရှင်းပြသည်။ “တဖုန်းကြေးပြားက အဲဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်ဒင်္ဂါးလှည့်ပတ်နေတဲ့ ကောင်ကင်းဘုံတွေမှာ ကောင်းကင်ဒင်္ဂါးအသစ် ဖြစ်လာလိမ့်မယ်… ဒါကြောင့် ကောင်းကင်နတ်ဘုံအနေနဲ့ ကောင်းကင်ဒင်္ဂါးကို ပယ်ဖျက်ပြီး အသစ်ပေါ်လာစေလို့မရဘူး”

နဂါးချီလင်က အချိန်အတော်ကြာ တွေးနေပြီးနောက် ပြော၏။ “ဒါဆို ကောင်းကင်နတ်ဘုံက စွမ်းအင်အကူးအပြောင်းတံတားကို ဖျက်ဆီးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကောင်းကင်ဘုံတွေကြားက ကုန်သွယ်ရေးကို ဖြတ်တောက်ပစ်လို့ရတာပဲလေ”

ချင်မူက ပြုံး၏။ “ကောင်းကင်နတ်ဘုံသာ ကမ္ဘာလောကတစ်သောင်းရဲ့ ကသောင်းကနင်းအခြေအနေတွေကို ဖိနှိပ်ချင်တယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ကုန်ပစ္စည်းတွေ ဆက်၀ယ်နေဖို့ လိုတယ်… ဘယ်လိုလုပ် ကုန်သွယ်လမ်းကြောင်းကို အလွယ်တကူ ဖြတ်တောက်ပစ်မှာလဲ… သခင်မယွမ်မု စွမ်းအင်အကူးအပြောင်းတံတားကို ကောင်းကင်နတ်ဘုံမှာ တည်ဆောက်လိုက်တဲ့ အခိုက်အတန့်ကစလို့ ကမ္ဘာလောကတစ်သောင်းမှာ ဖြစ်လာမယ့် ကသောင်းကနင်းအခြေအနေတွေက ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေပြီ”

နဂါးချီလင်၏ မျက်နှာအမူအရာတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။ စွမ်းအင်အကူးအပြောင်းတံတားမှာ ချင်မူ အကြံရခဲ့သော ဖန်တီးမှုတစ်ခုဖြစ်ပြီး ကျားနက်နတ်မင်းနှင့်အတူ ပြီးပြည့်စုံစေခဲ့ခြင်း ဖြစ်သည်။ စွမ်းအင်အကူးအပြောင်းတံတားကို တစ်ချိန်က ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင်၏ ဆရာသခင် ဖြစ်ခဲ့သော သခင်မယွမ်မုထံ ပို့ဆောင်၍ ကမ္ဘာလောကအားလုံးနှင့် ဆက်သွယ်စေခဲ့သူမှာလည်း ချင်မူပင် ဖြစ်သည်။

သခင်မယွမ်မုအနေဖြင့် ဤစွမ်းအင်အကူးအပြောင်းတံတားသည် ကောင်းကင်နတ်ဘုံ၏ အာဏာအုတ်မြစ်ကို ကိုင်လှုပ်နိုင်မည့် အရာဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့မည် မဟုတ်ပေ။

ထိုအချိန်တုန်းက ကောင်းကင်နတ်ဘုံသည် စကြ၀ဠာရှိ ကမ္ဘာလောကအားလုံးအပေါ် ပိုမိုထိန်းချုပ်နိုင်ရန်အတွက် စွမ်းအင်အကူးအပြောင်းတံတားကို အင်တိုက်အားတိုက် တည်ဆောက်ခဲ့၏။

“ဒါဆိုရင် ကောင်းကင်နတ်ဘုံအနေနဲ့ ဂုတ်သွေးစုပရင်း သက်ဆိုးရှည်နေရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပေါ့”

နဂါးချီလင်က စဉ်းစားနေပြီးနောက် ပြောသည်။ “ကောင်းကင်နတ်ဘုံမှာ မဟာစစ်တပ် ရှိတဲ့အပြင် စကြ၀ဠာက ကမ္ဘာလောကတွေအားလုံးမှာ တပ်ဖွဲ့တွေ ချထားတယ်… အခုအချိန်မှာ သူတို့က စကြ၀ဠာတစ်ခုလုံးကို အုပ်ချုပ်နေတဲ့ အသန်မာဆုံး အင်အားစုတစ်စု ဖြစ်နေတုန်းပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုသာ အင်အားသုံးပြီး တိုက်ခိုက်လာခဲ့ရင်…”

“ငါ စိုးရိမ်နေတာ အဲ့ဒါပဲ…”

ချင်မူက စွမ်းအင်အကူးအပြောင်တံတားထဲသို့ ဝင်ရောက်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ပြန်လာသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ရွှင်ပျော်ပျော်ကျေးရွာနဲ့ အင်အားကြီးလာတဲ့ ကောင်းကင်ဘုံတွေက ပူးပေါင်းထားပြီ… အတိုက်အခိုက်စွမ်းရည်က ကောင်းကင်နတ်ဘုံအောက် နိမ့်ကျပေမယ့် ခြိမ်းခြောက်ထားနိုင်တဲ့ အခြေအနေတော့ ရှိတယ်… ခိုင်ဧကရာဇ်၊ နတ်ဘုရင်လန်ဝူ၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ယွင်နဲ့ ငါအပြင် ကောင်းကင်ယင်နတ်ဘုရားမ၊ နဂါးစိမ်း၊ လိပ်နက်၊ ကျားဖြူ၊ ကုန်းစွန်းယန်နဲ့ ချိမင်ဧကရာဇ်တို့လို ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ အတိုက်အခိုက်အင်အားက ကောင်းကင်နတ်ဘုံကို ခြိမ်းခြောက်နိုင်တယ်… ဒါပေမဲ့ အလယ်အလတ်နဲ့ အောက်ဆုံးအဆင့်တွေကတော့ ကောင်းကင်နတ်ဘုံအောက် အများကြီး နိမ့်ကျနေတုန်းပဲ… ငါတို့ တစ်ချက်ကလေး လွဲမှားသွားတာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အလွယ်တကူ ဖျက်ဆီးခံရလိမ့်မယ်… ကောင်းကင်နတ်ဘုံနဲ့ ကမ္ဘာလောကတစ်သောင်းရဲ့ မဟာမိတ် ပျက်စီးသွားတဲ့အခါမှ ကောင်းကင်နတ်ဘုံကို တွန်းလှန်နိုင်တဲ့ အခွင့်အရေး ရှိမှာ… ဒါပေမဲ့ ယိုတုက ကောင်းကင်နတ်ဘုံလက်ထဲ ရောက်တော့မယ်…”

သူက မျက်မှောင်ကြုတ်သွားပြန်သည်။ ယိုတုသာ ကောင်းကင်နတ်ဘုံလက်ထဲ ကျရောက်သွားသည်နှင့် အဖတ်ဆယ်နိုင်မည့် နည်းလမ်း မရှိတော့ပေ။

မြေအောက်ဘုံအရှင်သခင်အနေဖြင့် သူ့အား နောက်ထပ်နှစ်တရာမျှ အချိန်ပေးခဲ့ပါက ဤမျှ ကျဉ်းထဲကြပ်ထဲ ရောက်လိမ့်မည် မဟုတ်ချေ။

ကံမကောင်းပါတကား…

“ဖက်တီးနဂါး၊ မင်း သားရဲကမ္ဘာဆီ ပြန်တော့..”

ချင်မူက စွမ်းအင်အကူးပြောင်းတံတားထဲမှ ထွက်လာသည်။ “သားရဲကမ္ဘာဆီ ပြန်ရောက်ရင် ကိစ္စတွေကို သေချာကိုင်တွယ်… မင်းရဲ့ မွေးစားအဖေ လုံရှောင်ကိုလည်း သတိထားဦး… လုံရှောင်က ယုံကြည်လို့ရတဲ့သူ မဟုတ်ဘူး… ငါတို့ကြားက သဘောတူညီချက်ကို ချိုးဖောက်လာခဲ့တဲ့အချိန်ကျရင် မင်းအနေနဲ့ ဘယ်လိုအမှားမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အခြေအနေ ဖြစ်နေရမယ်”

“မစိုးရိမ်ပါနဲ့ ဂိုဏ်းသခင်… ကျွန်တော် ဒီနေ့ဒီချိန်အထိ ဂိုဏ်းသခင်နဲ့အတူ ကျင့်ကြံလာတဲ့တစ်လျှောက်မှာ အများကြီး သင်ယူခဲ့ရပါတယ်… ဂိုဏ်းသခင် နာမည်မပျက်စေရပါဘူး” နဂါးချီလင်က လူငယ်အသွင်ပြောင်းကာ လက်ယှက်အရိုအသေပေးလိုက်သည်။

ချင်မူက သူ့ကို တင်းကြပ်စွာ ဖက်လိုက်၏။

မှော်အလင်းတန်း ဝဲဂယက်တစ်ခုက ကောင်းကင်တွင် ထွက်ပေါ်လာပြီး သားရဲကမ္ဘာ၏ အဆုံးမရှိသော တောင်တန်းမြစ်ချောင်းများကို မြင်လိုက်ရစေသည်။ နဂါးချီလင်က တဖြည်းဖြည်း မြောက်တတ်သွားပြီး ဝဲဂယက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။

ဝဲဂယက် ပျောက်ကွယ်သွားလျှင် ချင်မူက အကြည့်ရုတ်ကာ ကုန်းစွန်းယန်၏ မြေကမ္ဘာကောင်းမှုနန်းတော်သို့ သွားသည်။

မြေကမ္ဘာကောင်းမှုနန်းတော်ထဲရှိ တာအိုဒဿနတက္ကသိုလ်တွင် နတ်ဘုရင်လန်ဝူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့က စောင့်နေကြပြီး ဖြစ်၏။ သူတို့က စကားစမြည်ပြောနေကြပြီး ကောင်းကင်နတ်အရှင်လင်ကတော့ ဘေးတွင် ထိုင်ကာ ကျန်သူအားလုံးကို လျစ်လျူရှု၍ တာအိုဒဿနတက္ကသိုလ်၏ မှတ်တမ်းများကိုသာ ဖတ်ရှုနေလေသည်။

ခိုင်ဧကရာဇ်က ရွာလူကြီးနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားလမ်းစဉ်သိုင်းပညာရှင်များ ပြုစုထားသည့် ဓားကျမ်းစာအား လှန်လှောဖတ်နေသည်။ ရွာလူကြီးက ဘေးတွင် ထိုင်နေပြီး သူ၏ သင်ကြားပြသမှုကို စောင့်စားနေသည်။

ချင်မူက ရောက်လာသည့်အချိန်တွင် ခိုင်ဧကရာဇ်က မျက်ခုံးပင့်လာ၏။ သူ့အကြည့်က ဓားကျမ်းစာမှ ဖယ်ခွာသွားပြီး ချင်မူ့မျက်နှာအပေါ် ကျရောက်လာသည်။

ချင်မူက သူ့မျက်နှာသူ ထိကြည့်ပြီး အံ့ဩမှင်သက်စွာ မေးလိုက်၏။ “ကျွန်တော် အရင်ကထက် ပိုချောလာလို့လားဗျ”

“ဟေ့အေး… ရုပ်ဆိုးနေတုန်းပဲ”

ခိုင်ဧကရာဇ်က ခေါင်းငုံ့၍ ဓားကျမ်းစာအား ပြန်ဖတ်နေသော်လည်း သူ၏နှုတ်ခမ်းထောင့်များက တုန်ရီနေလေသည်။

သူ၏အကြည့်သည် ဓားကျမ်းစာ၌ ပါဝင်သည့် ဓားလမ်းစဉ် အန္တိမသိုင်းကွက်ကို ဖတ်ရှုနေသော်လည်း သူ၏စိတ်ထဲတွင်တော့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည်တွေးနေမိသည်။

ထိုနေ့တုန်းက သူသည် အဘွားအိုတစ်ယောက်နှင့်အတူ ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်းအား ဖြတ်သန်းကာ ပထမဦးဆုံး စကြ၀ဠာ၏ မဟာပျက်စီးခြင်းကပ်‌ဘေးကြီးပေါ်တွင် မားမားမတ်မတ် တည်ရှိနေသော မီလော့နန်းတော်သို့ ရောက်သွားခဲ့သည်။ ထို့နောက် ဖရိုဖရဲခန်းမထဲသို့ ဝင်ရောက်သွားခဲ့၏။

ထိုနေရာတွင် ဉာဏ်ပညာကြီးမား၍ အတွေ့အကြုံ ရင့်သန်နေသော သခင်လေးခုနစ်ကို တွေ့ခဲ့ရသည်။ သခင်လေးခုနစ်က သူ့အား စကားမပြောနိုင်သည်အထိ အံ့သြမှင်သက်စေခဲ့၏။

သခင်လေးခုနစ် ချင်မူ…

All Chapters