ထရမ့်၏ ဆုံးဖြတ်ချက်
Vol. 53 Ch. 792
ဒေါ်နယ်ထရမ့်သည် အင်ပါယာစတိတ်ရှိ ခီခ်ကို နာကာဟာရာ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အဆောက်အုံကို ပိုင်ဆိုင်ခွင့်ရခဲ့ပေသည်။
ဒေါ်နယ်ထရမ့်သည် အင်ပါယာစတိတ် အဆောက်အဦးကို အလွန်ကြိုက်ပေသည်။ ထိုအဆောက်အဦးကို ပိုင်ဆိုင်ရန်မှာ သူ့အိပ်မက် ဖြစ်ပေသည်။ အထူးသဖြင့် ဤအဆောက်အုံအတွက် စီမံခန့်ခွဲရေး ကုမ္ပဏီ တစ်ခု တည်ထောင်ခဲ့ပြီး အဆောက်အုံ၏ ရှယ်ယာ (၅၀)ရာခိုင်နှုန်းကို ခီခ်ကို နာကာဟာရာထံမှ ဝယ်ယူခဲ့သည်။ ခီခ်ကို နာကာဟာရာမှ သူ့ကို နှစ်ရှည် ငှားရမ်းထားသူ (၂)ယောက်အား ဖယ်ထုတ်ပစ်စေလိုပြီး ထိုနေရာမှ အမြတ်အစွန်းများ ရရန် နည်းလမ်းများ စဉ်းစားနေခြင်း ဖြစ်သည်။
“သူဌေး.. လူတစ်ယောက် မင်းကိုလာတွေ့တယ်.. မိုက္ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာ ဖုန်းယွီလို့ ပြောတယ်..”
အတွင်းရေးမှူးမှ သတင်းပို့လာပေသည်။
မိုက္ခရိုဆော့ ဒါရိုက်တာသည် မည်သည့်အတွက်မိမိအား ရှာနေရသနည်း။ ဒေါနယ်ထရမ့်သည် လက်ကာပြရင်း ဖုန်းယွီအား ဝင်ခွင့်ပေးလိုက်ရန် အတွင်းရေးမှူးအား ပြောလိုက်သည်။
လူငယ်တစ်ယောက် သူ့ရုံးခန်းအတွင်းသို့ ဝင်လာကာ ဒေါ်နယ်ထရမ့် ကျော်ကြည့်လိုကည်။ အခြားမည်သူမှ မတွေ့ရချေ။ ထိုလူငယ်သည် မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာလော။ မိုက္ခရိုဆော့ဖ်တွင် ထိုသို့ လူငယ်ဒါရိုက်တာမျိုး မည်သည့်အချိန်က ရှိခဲ့သနည်း။
“ဒေါ်နယ်.. တွေ့ရတာ ဝမ်းသာပါတယ်.. ကျုပ် တရုတ်နိုင်ငံက ဖုန်းယွီပါ.. ကျုပ်မှာ မိုက္ခရိုဆော့ ရှယ်ယာ နည်းနည်း ရှိနေတဲ့ ဒါရိုက်တာ တစ်ယောက် ဆိုပါတော့..”
ဒေါ်နယ်ထရမ်းအား နှုတ်ဆက်စကား ဆိုသော်လည်း လက်ကမ်းမပေးလိုက်ချေ။
ဒေါ်နယ်သည် သူစိမ်းများနှင့် လက်ဆွဲနှုတ်ဆက်ရခြင်းကို မကြိုက်ကြောင်း ဖုန်းယွီ ကြားသိထားပေသည်။ ထို အိမ်ခြံမြေသူဌေးကြီးသည် (၂၀၀၀)ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတလောင်း တစ်ယောက် ဖြစ်ပေသည်။ သို့ရာတွင် သူစိမ်းများနှင့် လက်ဆွဲမနှုတ်ဆက်ချင်သဖြင့် နုတ်ထွက်သွားခဲ့သည်။
သို့အတွက် ဖုန်းယွီ လက်ဆွဲနှုတ်ဆက်ရန် အမူအရာ မပြခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်၏ အမြင်မကြည်မှုကို မလိုချင်ချေ။
“တွေ့ရတာ ဝမ်းသာပါတယ်ဖုန်း.. လက်ဖက်ရည်သောက်ရတာ တရုတ်တွေ ကြိုက်တယ် ကြားဖူးတယ်.. ဒီမှာက အနောက်တိုင်း လက်ဖက်ရည်ပဲ ရှိတယ်ကွာ.. အဆင်ပြေရဲ့လား..”
ဖုန်းယွီ လက်ဆွဲနှုတ်ဆက်ခြင်းမ လုပ်ခဲ့သည့်အတါက် ဒေါ်နယ် သက်တောင့်သက်သာ ဖြစ်လာပေသည်။
“ကျုပ်အတွက်တော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်..”
“အာ.. ငါသိပါတယ်.. မင်းက တရုတ်ကဆိုတော့ ကျန်းလီပေါင် ကြိုက်တယ်မို့လား.. ငါလဲ အဲ့အရက် ကြိုက်တယ်ကွ.. ခွန်အားလဲ တိုးစေတယ်လေ..”
ဒေါ်နယ်ထရမ့်သည် သူ့အတွင်းရေးမှူးအား ကျန်းလီပေါင် (၂)ပုလင်း ယူလာခိုင်းလိုက်သည်။
ဖုန်းယွီ အံ့ဩသွားမိသည်။ ကျန်းလီပေါင်သီ အမေရိကန်၌ သူမျှော်လင့်ထားသည်ထက်ပင် ပိုမို အောင်မြင်နေပေသည်။ ဒေါ်နယ်ပင် ဤအမှတ်တံဆိပ်အား သိနေပေသည်။
ကျန်းလီပေါင်၏ အောင်မြင်မှုသည် ပြဿနာများစွာကို ဖုံးကွယ်ထားပေသည်။ လူကြိုက်များသည့် တရုတ်အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး ဖုန်းယွီ မရနိုင်သေးချေ။ အင်ပါယာစတိတ် အဆောက်အဦး ဝယ်ပြီးပါက ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်း ရှိမရှိ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
ကျန်းလီပေါင် တစ်ငုံသောက်ပြီးနောက် ဒေါနယ်ထရမ့် မေးလိုက်သည်။
“ဖုန်း.. ငါ့ဆီက တစ်ခုခုလိုတာများ ရှိလား..”
ဒေါ်နယ်ထရမ့်မှာ ဖုန်းယွီ လာရောက်သည့် ကိစ္စအား သိချင်နေပေသည်။ သူသည် ယခင်က အောင်မြင်သည့် သူဌေးကြီး တစ်ယောက်ဖြစ်ခဲ့ပြီး ယခုအခါ နိမ့်ပါးနေပေသည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ထုတ်ကုန်များ ရောင်းချရန် ဤနေရာသို့ ရောက်ရှိနေသည်လော။ မိုက္ခရိုဆော့ဖ်သည် ပိုင်ဆိုင်မှု စီမံခန့်ခွဲရေး ဆော့ဖ်ဝဲ တီထွင်ခဲ့သည်လော။
“ဒေါ်နယ်.. ခင်ဗျား ဒီအင်ပါယာစတိတ် အဆောက်အဦးကို စီမံခန့်ခွဲနေတယ်လို့ ကျုပ်ကြားထားတယ်ဗျ..”
ဖုန်းယွီ အပြုံးနှင့် ပြောလိုက်သည်။
ခီခ်ကို နာကာဟာရာသည် အင်ပါယာစတိတ် အဆောက်အုံ၏ စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်များကို ဒေါ်နယ်ထရမ့်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းမှာ ရေရှည် အိမ်ခြံမြေကုမ္ပဏီ (၂)ခုအား အဆောက်အဦးမှ နှင်ထုတ်ရန် အကူအညီ ယူလိုခြင်း ကြောင့်ဖြစ်သည်။ ထိုနည်းဖြင့် အဆောက်အဦးကို အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ဒေါ်နယ် မျက်လုံးများ မှိတ်ထားပြီး ဖုန်းယွီကို ကြည့်ကာ..
“ဖုန်း.. မိုက္ခရိုဆော့က အင်ပါယာစတိတ် အဆောက်အဦးမှာ ရုံးခန်းနေရာ ငှားချင်လို့လား..”
မိုက္ခရိုဆော့ဖ် ရုံးချုပ်သည် ဝါရှင်တန်တွင် ရှိပေသည်။ နယူးယောက်သို့ ပြောင်းရွှေ့ချင်နေကြသည်လော။ မည်သည့်အတွက် ထိုသို့ လုပ်ရသနည်း။ ၎င်းတို့သည် လုပ်ငန်းအတွက် အကျိုးမရှိပါက ဤနေရာအတွက် အကုန်ခံမည် မဟုတ်ချေ။
“ဒါက မိုက္ခရိုဆော့ဖ်နဲ့ မဆိုင်ဘူး.. ကျုပ် အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ချင်လို့ပါ..”
အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်လိုသည်လော။
ဒေါ်နယ်ထရမ့် ဖုန်းယွီကို သေချာ စိုက်ကြည့်လိုက်စဉ် ဖုန်းယွီ အလေးအနက် ထားကြောင်း သဘောပေါက် လိုက်သည်။
“မစ္စတာဖုန်း.. မင်းမှားနေပြီထင်တယ်.. ငါ အင်ပါယာစတိတ် အဆောက်အဦးကို မပိုင်ဘူးကွ.. ဂျပန်လူမျိုး ဟီဒီခီ ယိုကို ပိုင်တာ..”
ဒေါနယ်ထရမ့် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ဖုန်းယွီ ရယ်မောရင်းဖြင့်..
“မစ္စတာ ဒေါ်နယ်.. ကျုပ် ခင်ဗျားနဲ့ တွေ့ရအောင် ဒီကို ဘာလို့လာတာလဲဆိုတော့ ဒီအဆောက်အဦးက ဟီဒီခီ ယိုကို ပိုင်တာမဟုတ်ဘူးဆိုတာ ကျုပ်သိထားတယ်.. ခင်ဗျားလဲ ဒီအဆောက်အဦးကို ကြိုက်နေတယ် ဆိုတာလဲ သိတယ်.. ရိုးရိုးသားသား ပြောရရင် ဒီအဆောက်အဦးက ဟောင်းနေပြီလို့ မထင်ဘူးလား.. ဈေးလဲ အရမ်းကြီးတယ်.. ခင်ဗျား တခြားအဆောက်အဦးတွေကိုပဲ ကြည့်နေမိလို့ ဖြစ်မယ်ထင်တယ်..”
ဒေါ်နယ် ပြန်လည်၍..
“ဒါဆို မင်းဘာလို့ အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ချင်တာလဲ.. အမွှာ မျှော်စင်က ပိုမကောင်းဘူးလား..”
မိုက္ခရိုဆော့ဖ် ဒါရိုက်တာတစ်ယောက်ဖြစ်သဖြင့် ချမ်းသာသည် မဟုတ်ပေလော။ မည်သည့်အတွက် ပိုဈေးကြီးသည်ကို မဝယ်သနည်း။
“အမွှာမျှော်စင်ရဲ့ ပုံစံကို မကြိုက်လို့လေ.. အင်ပါယာစတိတ် အဆောက်အဦးက ပိုကြည့်ကောင်းတယ်ဗျ..”
ဒေါ်နယ်ထရမ့် မည်သည့်စကားမှ မပြောနိုင်တော့ချေ။ ထိုအကြောင်းပြချက်မှာ ရယ်စရာ ကောင်းနေပေသည်။
ဒေါ်နယ်သည် တစွတ်ထိုးစရိုက် ရှိသူဖြစ်သည်။ လုပ်ငန်းရှင် တော်တော်များများသည် ၎င်းတို့ အမူအကျင့်အတိုင်း ကြိုက်နှစ်သက်ရာ လုပ်ငန်း လုပ်မည်ဖြစ်ကြောင်း သိပေသည်။ တစ်ခုခု မကြိုက်ပါက အမြတ်အစွန်း များစွာ ရမည် ဆိုသည့်တိုင် ရင်းနှီးမြုပ်နှံမည် မဟုတ်ချေ။ ဥပမာအားဖြင့် မိုက္ခရိုဆော့ နှင့် နည်းပညာ ကုမ္ပဏီများသည် အမြတ်အစွန်း ရလိမ့်မည်ကို ဝါရန်ဘတ်ဖက် သိပေသည်။ သို့ရာတွင် အားလုံး၌ ရင်းနှီးမြုပ်နှံမည် မဟုတ်ချေ။
“စိတ်မကောင်းစရာပဲ.. ကျုပ်ကလဲ ဒီအဆောက်အဦးကို တော်တော် ကြိုက်တယ်.. ဒီအဆောက်အဦးရဲ့ ရှယ်ယာ (၅၀)ရာခိုင်နှုန်းတောင် ကျုပ်ဝယ်ထားတာ သိပြီးလောက်ပြီဆိုတော့ ရောင်းမှာမဟုတ်ဘူးဆိုတာ သိထားလောက်မျာပါ..”
ဒေါ်နယ်ထရန့် ပြန်ပြောလိုက်သည်။
ဖုန်းယွီ ခေါင်းခါရင်း..
“ပြန်ရောင်းသည် ဖြစ်စေ၊ မရောင်းသည်ဖြစ်စေ ဈေးနှုန်းအပေါ် မူတည်ပါတယ်လေ. အိမ်ခြံမြေဈေးကွက်က အခုဆို တော်တော်လေး ဆိုးရွားနေတာ.. အိမ်ခြံမြေဈေးနှုန်းတွေ ပြန်မကောင်းသေးဘူး.. မန်ဟက်တန်က တခြားအိမ်ခြံမြေတွေ ဝယ်ဖို့အတွက် ခင်ဗျားရှယ်ယာတွေ ပြန်ရောင်းရငွေ သုံးလို့ရနိုင်တယ်.. စီးပွားရေး မျှော်စင် အထပ်(၄၀)လိုပဲ အဆောက်အအုံကို ထရမ့် အဆောက်အဦးလို့ နာမည်ပြောင်းဖို့ ပိုကောင်းတယ် ထင်တယ်..”
ဒေါနယ်ထရမ့်သည် ထိုအဆောက်အဦးကို ဝယ်ရန် ညှိနှိုင်းနေကြောင်း ဖုန်းယွီသိထားပေသည်။ ဤသည်ကို ဝယ်ယူပြီး နောင်အခါ ထရိမ့်အဆောက်အဦးအဖြစ် အမည်ပြောင်းမည် ဖြစ်သည်။
ဒေါ်နယ်ထရမ့်သည် နာမည် ပေါ်လွင်သည်ကို ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်သည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် ဒေါ်နယ်ထရမ့်သည် (၂၀၀၀)ခုနှစ် နောက်ပိုင်းတွင် တစ်ကျော့ပြန် ခေါင်းမော့လာပေသည်။ သူ့ပိုင်ဆိုင်မှု အများစုကို သူ့နာမည်များ ပေးခဲ့ပေသည်။ ဖျော်ဖြေရေး နယ်ပယ်အတွင်း စွန့်စားကာ အလှမယ်ပြိုင်ပွဲ အချို့၏ လုပ်ပိုင်ခွင့်များ ကိုပင် ဝယ်ယူခဲ့ပေသည်။
ဒေါ်နယ်ထရမ့်သည် အရောင်းရဆုံး စာအုပ်(၂)အုပ် ရေးသားပြီး ရုပ်မြင်သံကြားတွင် ဖော်ပြခံရခြင်းအား ကြိုက်နှစ် သက်ပေသည်။
ဖုန်းယွီအနေဖြင့် သူသည် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ခြင်းသည် ထိုအတွက်ဖြစ်ကြောင်း သံသယ ရှိနေပေသည်။
ဒေါ်နယ်ထရမ့် အံ့ဩသွားသည်။ ထိုအဆောက်အဦးအား ဝယ်ယူလိုချင်သည်မှာ လျှို့ဝှက်ချက် မဟုတ်သော်လည်း ဤသတင်းအား ဖုန်းယွီ သိထားသည်မှာ ထူးဆန်းပေသည်။ ဖုန်းယွီသည် အဆောက်အဦးကို နာမည်ပြောင်းရန်ပင် ပြောနေသေးသည်။ ထိုအကြောင်း လူတော်တော်များများ မပြောကြချေ။ ဖုန်းယွီ မည်သူ့ထံမှ ကြားခဲ့သနည်း။
“ဒေါနယ်.. အခု ခင်ဗျား ငွေတော်တော်လေး ကြပ်နေတယ်မို့လား.. ဘဏ်တွေ အကျိုးဖြစ်အောင် လုပ်ပေး နေရတုန်းပဲ.. ဒီပုံစံအတိုင်း ဆက်မှားနေရင် ခင်ဗျား ဒေဝါလီခံရလိမ့်မယ်.. ဒါပေမယ့် ဒီနေ့ ခင်ဗျားအတွက် ကံကောင်းတဲ့ နေ့ပါ.. ကျုပ်ခင်ဗျားကို ကူညီနိုင်တယ်..”
ဖုန်းယွီ ပြုံးရင်း ပြောလိုက်သည်.
“မင်း ငါ့ကို ဘယ်လို ကူညီနိုင်တာလဲ..”
ဒေါ်နယ်ထရမ့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ခင်ဗျားပိုင် အင်ပါယာစတိတ် အဆောက်အဦးရဲ့ အစုရှယ်ယာတွေ ကျုပ်ကိုရောင်းလိုက်.. ခင်ဗျားကို စီမံပိုင်ခွင့်တွေ ကျုပ်ပေးမယ်.. ပြိးတော့ ခင်ဗျားကို ပြားတိုးနဲ့ ငွေချေးပေးလို့ရတယ်.. အခုက ခင်ဗျားမှာ အကြွေးတွေ ရှိနေတော့ ဘဏ်တွေကနေ ချေးငွေ ထပ်မရနိုင်တော့ဘူးလေ..”
ဖုန်းယွီ ထပ်ပြောလိုက်သည်။
ဒေါ်နယ်ထရမ့် အသံတိတ်နေပေသည်။ အမေရိကန် စီးပွားရေး တိုးတက်လာသည်ကို သူသိပေသည်။ စတော့ရှယ်ယာ ဈေးကွက်ကိုကြည့်၍ ပြောနိုင်ပေသည်။ မကြာမီ အိမ်ခြံမြေ ဈေးများ ပြန်တက်လာပေလိမ့်မည်။ ဤသည်မှာ အိမ်ခြံမြေဈေးကွက်သို့ ဝင်ရောက်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
သူ့ထံ၌ ငွေမရှိချေ။
ဒေါ်နယ်သည် သူ့ရှယ်ယာများ ပြန်လည်ရောင်းချလိုက်ပါက အခြားအိမ်ခြံမြေများတွင် ရင်းနှီးမြုပ်နှံပြီး ပြန်လည် ဦးမော့လာနိုင်ရန် ရန်ပုံငွေများ ရရှိပေလိမ့်မည်။ အခြားတစ်ဖက်တွင် အင်ပါယာစတိတ် အဆောက်အဦး ပိုင်ဆိုင်ရန်မှာ သူ့အိပ်မက် ဖြစ်ပေသည်။ ဤသည်က အလွန်ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ဖြစ်ချေပြီ။
--------**$$^$$**--------